← Chapters

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 3 Ch. 59-60

အပိုင်း (၅၉) လူတိုင်းကို လက်ခံလို့ မဖြစ်ဘူး

ဤအဖြစ်အပျက်ကြောင့် လင်းယွမ်က သန္ဓေပြောင်းလဲခြင်း ကိစ္စနှင့် ပတ်သက်၍ နောက်ထပ် ထင်မြင်ယူဆချက် အသစ်တစ်ခုကို ရရှိလိုက်၏။

ထိုအချိန်၌ အခန်းတံခါးဝရှိ ဝမ်ယန်မေမှာမူ စိတ်ဖောက်ပြန်နေသူတစ်ဦးအလား တံခါးကို အဆက်မပြတ် ထုရိုက်ကန်ကျောက်ကာ တိုက်ခိုက်နေလေသည်။

တံခါး၏ အရည်အသွေးမှာ ကောင်းမွန်လှသည်ဟု ဆိုရမည်ဖြစ်သော်လည်း ယခုအချိန်တွင်မူ လက်သည်းရာ၊ ခြစ်ရာဗရပွဖြင့် ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။

လင်းယွမ်က အချိန်ကြာကြာ နေရဲတော့သဖြင့် အခန်းထဲတွင် တစ်ချက် ဝေ့ဝဲကြည့်ရှုလိုက်သည်။

သို့သော် ဤအခန်းထဲတွင် အစားအသောက်ဟူ၍ မည်မည်ရရ မရှိလှပေ။ ရေခဲသေတ္တာထဲ၌သာ စားစရာ အနည်းငယ် ရှိနေခြင်း ဖြစ်သည်။

လင်းယွမ်က ချက်ချင်းပင် အခြေအနေကို သဘောပေါက်လိုက်၏။ "ကြည့်ရတာ လျှိုအားလုံက ဒီသားအမိနှစ်ယောက်ကို မယုံကြည်တာ သေချာတယ်... ဒါကြောင့် စားစရာကိုတောင် ဒီမှာ အများကြီး ထားမသွားခဲ့ဘူးပဲ"

လျှိုအားလုံကဲ့သို့ လူစားမျိုးသည် မည်သူ့ကိုမျှ ယုံကြည်မည့်သူ မဟုတ်ချေ။

ထို့နောက် လင်းယွမ်က ဝရံတာဘက်သို့ အမြန်ပြေးသွားလိုက်သည်။ ဝရံတာကို သံတိုင်များဖြင့် ပိတ်ဆို့ကာရံထားခြင်း မရှိသဖြင့် သူသည် ဝရံတာလက်ရန်းပေါ်သို့ လျင်မြန်စွာ တက်လိုက်၏။

အပြင်ဘက်တွင်ကား မိုးသက်လေပြင်းများ ကျရောက်နေပြီး မိုးကြိုးပစ်သံများက ဆူညံလျက်ရှိသည်။

လျှပ်စီးလက်လိုက်သော အလင်းရောင်ကို အားပြုလျက် လင်းယွမ်က ၁၃ ထပ်ရှိ အဲကွန်း ကွန်ပရက်ဆာပုံး ကို လှမ်းကြည့်လိုက်သည်။

သူက လေတစ်ချက်ကို ဝဝရှူသွင်းလိုက်ပြီး ကိုယ်ကို လှမ်းပစ်လိုက်လေသည်။

"ဘုန်း"

သူ့ခန္ဓာကိုယ်က ကွန်ပရက်ဆာပုံးပေါ်သို့ တိကျသေချာစွာ ကျရောက်သွားသည်။

တစ်ချိန်တည်းမှာပင် ၁၄ ထပ်ဆီမှ "ဝုန်း" ခနဲ တံခါးပွင့်ထွက်သွားသံကြီးကို သူ ကြားလိုက်ရ၏။

ဝမ်ယန်မေ တံခါးကို ဖျက်ဆီးဝင်ရောက်သွားချေပြီ။

သူမသည် ဧည့်ခန်းစားပွဲဘေးရှိ သမီးဖြစ်သူ၏ အနားသို့ တဟုန်ထိုး ပြေးသွားလိုက်သည်။ သမီးဖြစ်သူ၏ အလောင်းကို မြင်လိုက်ရသောအခါ နာကျည်းမှုနှင့် ဝမ်းနည်းပူဆွေးမှုတို့က သူမ၏ ရင်ထဲသို့ တလိပ်လိပ် တိုးဝင်လာတော့သည်။

သူမက ရူးသွပ်မတတ် အော်ဟစ်လိုက်လေသည်။

"ထွက်ခဲ့စမ်း... နင် ထွက်ခဲ့စမ်း"

"ငါ့အိမ်ထဲကနေ အခုချက်ချင်း ထွက်သွားစမ်း"

သူမသည် လျှပ်စီးကြောင်းတစ်ခုအလား လျင်မြန်သော အဟုန်ဖြင့် အခန်းအနှံ့ လိုက်လံရှာဖွေနေတော့၏။

လင်းယွမ်က အသံမထွက်ရဲဘဲ ၁၃ ထပ်ရှိ ဝရံတာအတွင်းသို့ သတိထားကာ ဝင်ရောက်ပုန်းခိုလိုက်သည်။

၁၃ ထပ်သည် ၁၁ ထပ်အထိ တက်လာသော ရေမျက်နှာပြင်နှင့် အလွန်နီးကပ်နေပြီ ဖြစ်သည်။

ဤနေရာသည် ယခင်က လျှိုအားလုံနှင့် သူ့လူများ အခြေချနေထိုင်ခဲ့သော နေရာဖြစ်၏။

ဝရံတာထဲသို့ ဝင်လိုက်သည်နှင့် လက်ရန်းပေါ်တွင် တပ်ဆင်ထားသော ငါးမျှားတံ လေးငါးချောင်းခန့်ကို တွေ့လိုက်ရသည်။

ဧည့်ခန်းထဲတွင်လည်း ရေပုံးကဲ့သို့သော ပစ္စည်းကိရိယာများ ပြည့်နှက်နေပြီး ထိုရေပုံးများထဲ၌ သန္ဓေပြောင်း ငါးတချို့ကိုပင် တွေ့ရလေသည်။

ဤနေရာသည် လျှိုအားလုံတို့အဖွဲ့ ငါးဖမ်းသောနေရာဖြစ်ကြောင်း လင်းယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။

သူ့စိတ်ထဲတွင် သတိပေးခေါင်းလောင်းသံ မြည်သွား၏။ ဤအခန်းထဲတွင် လူရှိနေလောက်သည်။

ထင်သည့်အတိုင်းပင် သူ ဧည့်ခန်းထဲသို့ ခြေချလိုက်သည်နှင့် အိပ်ခန်းဘက်ဆီမှ အသံများ ကြားလိုက်ရသည်။

"ဦးလေးစွန်း... မြန်မြန်လုပ်စမ်းပါ... အိတ်ထဲ မြန်မြန်ထည့်စမ်းပါဗျ"

"လျှိုအားလုံ သေပြီ... အခု ဒီငါးတွေ... ဒီစားစရာတွေအကုန်လုံး ကျုပ်တို့အပိုင်ပဲ"

"ဒီမှာ ဆက်နေလို့ မဖြစ်တော့ဘူး... ပစ္စည်းကောင်းတွေ ယူပြီး မြန်မြန်လစ်မှ ဖြစ်မယ်"

တစ်ယောက်က အခြားတစ်ယောက်ကို အလောတကြီး တိုက်တွန်းနေပြီး ကျန်တစ်ယောက်က စိုးရိမ်တကြီး ပြန်ပြောနေ၏။ "ဒီလောက်အများကြီး ငါ ဘယ်လိုလုပ် သယ်နိုင်မှာလဲကွ"

"စားစရာတွေကို အရင်ထည့်... ငါးတွေကို ပစ်ထားခဲ့လိုက်... ကျုပ်တော့ ငါးစားရတာ အီနေပြီ"

လင်းယွမ်က ခြေသံလုံလုံဖြင့် အိပ်ခန်းတံခါးဝသို့ တိုးကပ်သွားပြီး အသာအယာ ချောင်းကြည့်လိုက်သည်။

အိပ်ခန်းထဲတွင် လူသုံးယောက် ရှိနေသည်ကို တွေ့လိုက်ရ၏။

အဘိုးကြီးတစ်ယောက်၊ လူငယ်တစ်ယောက်နှင့် ကုတင်ခေါင်းရင်းဘက်ရှိ စားပွဲပုလေးဘေးတွင် ဒူးပိုက်ထိုင်နေသော လူတစ်ယောက်... ထိုသူက ခေါင်းငုံ့ထားသဖြင့် ရုပ်ကို သေချာမမြင်ရပေ။

အဘိုးကြီးက အိတ်ထဲသို့ အစားအသောက်များကို အသည်းအသန် ထည့်ရင်း မေးလိုက်သည်။ "ဒီမိန်းမကို ဘယ်လိုလုပ်မလဲ"

လူငယ်က ကုတင်ဘေးတွင် ထိုင်နေသော အမျိုးသမီးကို တစ်ချက်လှမ်းကြည့်ပြီး အနည်းငယ် တွန့်ဆုတ်သွားသော်လည်း "သူ့ကို ဂရုစိုက်မနေနဲ့... ထားခဲ့လိုက်" ဟု ပြောလိုက်၏။

ထိုစကားကို ကြားသောအခါ အမျိုးသမီး၏ ကိုယ်လုံးလေးမှာ တုန်ယင်သွားပြီး ခေါင်းမော့ကာ ငိုယိုတောင်းပန်လေတော့သည်။ "လီကန်း... အစ်ကိုကန်း... ကျွန်မကိုပါ ခေါ်သွားပါနော်... ဦးလေးစွန်း... တောင်းပန်ပါတယ်ရှင်... ကျွန်မ တောင်းပန်ပါတယ်... ဟင့်... ဟင့်"

အဘိုးကြီးစွန်းက ထိုအမျိုးသမီး၏ လှစ်ဟာပြနေသော ဖြူဖွေးနုဖတ်သည့် အသားအရည်ကို ကြည့်ရင်း တံတွေးမြိုချလိုက်မိသည်။ ထို့နောက် လီကန်းဘက်သို့ လှည့်ကာ "ဒီလောက် လှတဲ့ကောင်မလေးကို ဒီအတိုင်း ပစ်ထားခဲ့ရမှာ နှမြောစရာ မကောင်းဘူးလားကွ"

လီကန်းက ရွံရှာသော မျက်နှာထားဖြင့် ပြောလိုက်၏။ "ဦးလေးစွန်း... ခင်ဗျားက အသက်ကြီးပြီး ခေါင်းတောင်ဖြူနေပြီကို... အခုထိ နုနုထွတ်ထွတ်လေးတွေ စားချင်နေတုန်းလား"

အဘိုးကြီးစွန်းက ရှက်ကိုးရှက်ကန်းဖြင့် "မဟုတ်ပါဘူးကွာ... မဟုတ်ပါဘူး" ဟု ငြင်းသည်။

လီကန်းက ဆက်လက်တိုက်တွန်းလိုက်သည်။ "ခင်ဗျား သေချာ စဉ်းစားနော်... သူ့ကို ခေါ်သွားရင် ခင်ဗျားပဲ သူ့ကို ရှာကျွေးရမှာ... ဒီစားစရာတွေကို ကျုပ်တို့ လေးပုံခြောက်ပုံ ခွဲမယ်လို့ ပြောပြီးသား... ခင်ဗျား ခေါ်ချင်ရင် ခင်ဗျားဝေစုထဲကပဲ သူ့ကို ကျွေးရမယ်"

ထိုစကားကြောင့် အဘိုးကြီးစွန်းမှာ တွေဝေသွား၏။

အမျိုးသမီးက ချက်ချင်း ဒူးထောက်လိုက်ပြီး တောင်းပန်လေသည်။ "ဦးလေးစွန်းရယ်... ကျွန်မ... ကျွန်မ ဒီအစားအစာတွေကို မစားပါဘူး... ကျွန်မ ငါးပဲ စားပါ့မယ်... ငါးစားရရင်ကို ကျေနပ်ပါပြီရှင်"

အမျိုးသမီးက အဘိုးကြီးစွန်း၏ ပေါင်ကို လာရောက်ထိတွေ့ ကိုင်တွယ်ကာ ပြောလိုက်ရာ အဘိုးကြီးမှာ သူမ၏ နုပျိုသော ခန္ဓာကိုယ်အထိအတွေ့ကြောင့် ရင်ထဲတွင် မီးတောက်တစ်ခု ထတောက်သကဲ့သို့ ဖြစ်သွားရသည်။

ဒီကောင်မလေးက အရင်တုန်းက ဝမ်မုံနဲ့ တွဲနေစဉ်တုန်းကတော့ ဘဝင်မြင့်ပြီး သူ့လို အဘိုးကြီးကို နှိမ်ခဲ့တာ မဟုတ်လား။

အခုတော့ သူက သခင်ဖြစ်လာမည့် အလှည့်ရောက်ပြီ။ ဒီကောင်မလေးကို ကောင်းကောင်း ပညာမပေးရရင် သူ ကျေနပ်နိုင်မည် မဟုတ်။

ထို့ကြောင့် လီကန်းကို ပြောလိုက်၏။ "အေးကွာ... ငါပဲ ကျွေးထားလိုက်ပါ့မယ်"

ထို့နောက် အမျိုးသမီးဘက်သို့ လှည့်ကာ "အဝတ်အစား မြန်မြန်ဝတ်... သွားကြမယ်" ဟု ပြောလိုက်သည်။

အမျိုးသမီးမှာ ကျေးဇူးတင်လွန်းသဖြင့် အဝတ်တစ်ထည်ကို အမြန်ဆွဲယူကာ အတွင်းခံပင် ဝတ်ဆင်ချိန်မရဘဲ ခန္ဓာကိုယ်ပေါ်သို့ စွပ်ချလိုက်သည်။

သူမ၏ ဖွံ့ထွားမို့မောက်သော ရွှေရင်အစုံက လှုပ်ခါသွားသည်ကို မြင်လိုက်ရသောအခါ လူငယ်ပီပီ သွေးသားဆူဖြိုးသော လီကန်းတစ်ယောက် စိတ်လှုပ်ရှားသွားပြီး တံတွေးမြိုချလိုက်မိသည်။

သူက မနေနိုင်ဘဲ ပြောလိုက်၏။ "ဦးလေးစွန်း... ခင်ဗျား တော်တော်တုံးတာပဲ... လက်ထဲမှာ စားစရာရှိနေမှတော့ အပြင်မှာ ဘယ်လိုမိန်းမမျိုးမဆို ရနိုင်တာပဲ... လူဘယ်နှယောက် စားပြီးသားမှန်းမသိတဲ့ ဒီလိုအကျန်ကိုမှ လိုချင်ရတယ်လို့"

အမျိုးသမီးမှာ ပြန်မပြောရဲဘဲ "ဟင့်အင်း... မဟုတ်ပါဘူး... ဝမ်မုံ... ကျွန်မ ယောကျာ်းဆိုလို့ ဝမ်မုံ တစ်ယောက်ပဲ ထိဖူးတာပါ..." ဟု တိုးတိုးလေး ငြင်းရှာသည်။

အဘိုးကြီးစွန်းက လီကန်းကို ကြည့်ကာ "ပစ္စည်းတွေ အကုန်ထည့်ပြီးပြီမလား... သွားကြစို့... အပြင်ကလူတွေ ခဏနေရင် အခန်းတွေကို လိုက်စစ်တော့မှာ" ဟု ပြောလိုက်သည်။

လီကန်းက ခေါင်းညိတ်ပြီး ဆာလာအိတ်ကို ကျောပိုးလိုက်သည်။ အဘိုးကြီးစွန်းကလည်း ဂုန်နီအိတ်တစ်လုံးကို လွယ်လိုက်၏။

နှစ်ယောက်သား ရှေ့ဆင့်နောက်ဆင့်ဖြင့် အိပ်ခန်းတံခါးပေါက်ဆီသို့ လျှောက်လာကြသည်။

လင်းယွမ်က တံခါးအပြင်ဘက်တွင် ပုန်းနေရင်း လက်ထဲမှ သံတူရွင်းကို တင်းတင်းဆုပ်ကိုင်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

ထိုစဉ် မထင်မှတ်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့လေသည်။

လီကန်း၏ နောက်မှ လိုက်လာသော အဘိုးကြီးစွန်းက ရုတ်တရက် ညာလက်ကို မြှောက်ကာ လီကန်း၏ ကျောပေါ်သို့ ခုန်အုပ်လိုက်ခြင်း ဖြစ်၏။

နောက်တစ်စက္ကန့်တွင် လီကန်း၏ ထိတ်လန့်တကြား အော်သံ ထွက်ပေါ်လာသည်။ "ဦးလေးစွန်း... ခင်ဗျား... အား"

သူ့လည်ပင်းတွင် ကျိုးပဲ့နေသော ဒယ်အိုးမွှေသည့် ယောက်မရိုးတစ်ချောင်း စိုက်ဝင်နေလေပြီ။

အဘိုးကြီးစွန်း၏ မျက်နှာကြီးမှာ မဲမှောင်ရုပ်ဆိုးနေပြီး အော်ဟစ်လိုက်သည်။ "လေးပုံ ခြောက်ပုံ ဟုတ်လား... ခွေးမသားလေး... ငါ့မှာ ပင်ပင်ပန်းပန်းနဲ့ ဒီလောက်ငါးတွေ အများကြီး ရအောင် မျှားပေးခဲ့ရတာ... ဝမ်မုံတောင် ငါ့ကို အားကိုးခဲ့ရတာကွ... မင်းက ဘာကောင်မို့လို့ ငါ့ဝေစုကို ယူချင်ရတာလဲ"

"မင်းက ငယ်ပြီး သန်မာတယ်ဆိုတာနဲ့ ငါ့ကို အနိုင်ကျင့်လို့ ရမယ်ထင်နေလား... သေစမ်းကွာ... သေစမ်း"

သူက ဟိန်းဟောက်ရင်း လက်ထဲမှ ယောက်မရိုးဖြင့် အချက်ပေါင်းများစွာ ထိုးစိုက်လိုက်တော့သည်။

"ရွှစ်... ရွှစ်... ရွှစ်"

လီကန်းက လည်ပင်းကို လက်ဖြင့် အုပ်ကာ အဘိုးကြီးကို တွန်းထုတ်ရန် ကြိုးစားသော်လည်း အားအင်များ ဆုတ်ယုတ်လာကာ နောက်ဆုံးတွင် နံရံထောင့်သို့ လဲကျသွားလေသည်။

အဘိုးကြီးစွန်းက မောဟိုက်နေသော အသက်ရှူသံပြင်းပြင်းဖြင့် ပြန်ထလာသည်။

သူ့နောက်မှ အမျိုးသမီးမှာမူ ကြောက်လန့်လွန်းသဖြင့် မျက်နှာတွင် သွေးဆုတ်ကာ ဖြူဖျော့နေတော့၏။

"ဦး... ဦးလေးစွန်း..."

အဘိုးကြီးစွန်းက အမျိုးသမီးကို လှည့်ကြည့်ကာ ရုတ်တရက် တဟဲဟဲ ရယ်မောလိုက်လေသည်။ "စိတ်ချပါ... အဘိုးက မြေးမလေးကို အချစ်ဆုံးပါကွ"

"လာပါဦး... အဘိုးကို လာတွဲပါဦး"

အမျိုးသမီးမှာ တုန်ယင်နေပြီး ငြင်းဆန်ရဲခြင်း မရှိပေ။ အဘိုးကြီး၏ စူးစိုက်ကြည့်နေသော မျက်လုံးများအောက်တွင် ဖြည်းညှင်းစွာ တိုးကပ်သွားရှာသည်။

အဘိုးကြီးစွန်းက အမျိုးသမီးကို ဆွဲဖက်လိုက်ပြီး သစ်ပင်အခေါက်ကဲ့သို့ ကြမ်းတမ်းနေသော လက်ကြီးဖြင့် အမျိုးသမီး၏ အင်္ကျီရင်ဘတ်ထဲသို့ နှိုက်လိုက်လေသည်။

"ဟားဟား... လိမ်မာတဲ့ မြေးမလေး... အဘိုးကို ကိုင်ခွင့်ပေးစမ်း... မြန်မြန်... မြန်မြန်"

အမျိုးသမီးမှာ လန့်ဖျပ်သွားပြီး "ဦးလေးစွန်း... ဒီ... ဒီမှာ မဖြစ်ဘူးလေ... အပြင်က လူတွေ ရောက်လာလိမ့်မယ်... တို့... တို့တွေ ဒီကနေ အရင် ထွက်သွားရအောင်နော်"

သို့သော် အဘိုးကြီးစွန်းက နားမထောင်တော့ပေ။ အမျိုးသမီးကို တွန်းလှဲလိုက်ပြီး သူမကိုယ်ပေါ်သို့ ခွလိုက်လေသည်။ "လိမ်မာပါတယ် မြေးမလေးရယ်... အဘိုးက ခဏလေးပါ..."

အမျိုးသမီးမှာ ဘာမှမပြောနိုင်တော့ဘဲ ပြန်လည်း မခုခံရဲသဖြင့် မျက်လုံးကိုသာ မှိတ်ထားလိုက်ရပြီး ထိုအဘိုးကြီး တိရစ္ဆာန် စိတ်ကြိုက်ပြုသမျှ နုရတော့မည့် အခြေအနေသို့ ဆိုက်ရောက်သွားသည်။

သို့သော် အိပ်ခန်းတံခါးဝမှ အရိပ်တစ်ခုက အဘိုးကြီးစွန်း၏ နောက်ကျောဘက်သို့ ရောက်ရှိနေသည်ကို မည်သူမျှ သတိမထားမိလိုက်ကြပေ။

လင်းယွမ်က လက်ထဲမှ သံတူရွင်းကို မြှောက်လိုက်ပြီး အားကုန် လွှဲရိုက်ချလိုက်တော့သည်။

"ခွပ်"

သွေးများ ပေကျံလွင့်စဉ်သွား၏။ အမျိုးသမီးမှာ လန့်ဖျပ်ပြီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် အော်ဟစ်ရန် ပြင်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်မှာပင် လင်းယွမ်၏ သံတူရွင်းက သူမထံသို့ ကျရောက်လာလေသည်။

"ဒုန်း"

နောက်ထပ် လေးလံသောအသံတစ်ချက် ထွက်ပေါ်လာပြီးနောက် အမျိုးသမီး၏ အသံမှာ တိခနဲ ပြတ်တောက်သွားသည်။ သူမ၏ ခန္ဓာကိုယ်မှာ နှစ်ချက်ခန့် ဆတ်ခနဲ တုန်ခါသွားပြီး ဦးခေါင်းမှ သွေးများ စီးကျလာလေတော့သည်။

လင်းယွမ်က ခါးကိုင်းလိုက်ပြီး ကျောပိုးအိတ်နှစ်လုံးထဲမှ အစားအသောက်အားလုံးကို သူ၏ "ပစ္စည်းသိုလှောင်ခန်း" အတွင်းသို့ သိမ်းဆည်းလိုက်သည်။

"လူတွေရဲ့ စိတ်ဓာတ်တွေ ပျက်စီးကုန်ပြီ... ကိုယ်ကျင့်တရား စည်းကမ်းဆိုတာလည်း မရှိတော့ဘူး... ဒီလိုလူတွေကို ငါ့အဖွဲ့ထဲ လက်ခံဖို့ လိုလို့လား"

သူက မျက်မှောင်ကြုတ်လိုက်မိသည်။ ယခင်က ဦးလေးမာ ပြောခဲ့သလို သူက ဤတိုက်တစ်ခုလုံးကို အုပ်ချုပ်ကာ လူတွေကို စုစည်းဦးဆောင်မည်ဆိုသော အကြံအစည်သည် အနည်းငယ် စိတ်ကူးယဉ်ဆန်လွန်းနေပြီဟု ခံစားလိုက်ရသည်။

ဤလူတွေထဲမှာ လူကောင်းဟူ၍ ဘယ်နှယောက်များ ရှိနိုင်မည်နည်း။

သူ့လက်ထဲတွင် ရှိသော အစားအစာပမာဏက အကန့်အသတ်နှင့်သာ ဖြစ်သည်။ ထိုအစားအစာများကို ဒီလောက်လူအများကြီးနှင့် ခွဲဝေစားသောက်ရန် လိုအပ်ပါသလား။

"ကိုယ်ပိုင်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းတာကတော့ ပြဿနာမရှိဘူး... ဒါပေမဲ့... လူတိုင်းကိုတော့ လက်ခံလို့ မဖြစ်ဘူး"

လင်းယွမ်က စိတ်ထဲ၌ တေးမှတ်လိုက်လေသည်။

ဆက်ရန်...

အပိုင်း (၆၀) အမှတ် ၁၀၀ တန် ကံစမ်းမဲ

အင်အားစုတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို တည်ထောင်တော့မည်ဆိုလျှင် အဖွဲ့ဝင်များ၏ ကိုယ်ကျင့်တရား စံနှုန်းကို အနည်းဆုံးတော့ ထည့်သွင်းစဉ်းစားရမည်ဟု လင်းယွမ် ယူဆထား၏။

လူစိတ်မရှိသော လူတစ်ယောက်၏ လက်ထဲသို့ မိမိ၏ နောက်ကျောကို မည်သူကမျှ ပုံအပ်ထားရဲကြမည် မဟုတ်ပေ။

ထိုသို့သော လူစားမျိုးကို မဟာမိတ်ဖွဲ့မိပါက တစ်နေ့နေ့တွင် မိမိအပြင်ထွက်ပြီး အလုပ်လုပ်နေချိန်၌ နောက်ကွယ်မှ မိမိပိုင်ဆိုင်သမျှကို ပြောင်သလင်းခါအောင် ခိုးယူသွားနိုင်ပေသည်။

ထို့ပြင် အစားအသောက် ရှားပါးပြတ်လပ်နေချိန်ဖြစ်၍ အဖွဲ့ဖွဲ့မည်ဆိုလျှင် အရည်အတွက်ကို တတ်နိုင်သမျှ လျှော့ချပြီး အရည်အသွေးကို ဦးစားပေးသင့်သည်ဟု လင်းယွမ် တွေးမိသည်။

လက်ရှိ သူ၏အဖွဲ့လေးတွင် မာကောချိုင်၊ ချိုင်ကြည်၊ တင်းယန်နှင့် ကျောက်ခိုင်ဟူ၍ လူလေးယောက် ရှိနေပြီး ထိုပမာဏက မနည်းလှတော့ပေ။

ထို့ပြင် ရန်မေ၊ လီလန်ဟွာ၊ ဝူချင်းနှင့် ချိုင်ယောင် ဆိုသည့် အမျိုးသမီးလေးယောက်လည်း ရှိနေသေးသည်။

ဤမျှ လူဦးရေများနေခြင်းက ရိက္ခာအတော်များများကို ကုန်ကျစေလိမ့်မည်။

ထို့ကြောင့် လောလောဆယ်တွင် အဖွဲ့ကို ထပ်မံချဲ့ထွင်ရန် မလိုသေးပေ။

ယနေ့ ဝမ်မုံနှင့် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်ပွဲက လင်းယွမ်ကို သင်ခန်းစာတစ်ခု ပေးလိုက်သည်။

လူများတိုင်း အသုံးမဝင်ပေ။ အကယ်၍ ထိုအချိန်က သူသာ ရက်စက်ပြတ်သားမှု မရှိခဲ့လျှင်၊ ဆုံးဖြတ်ချက် ခိုင်မာမှု မရှိခဲ့လျှင် အခြေအနေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်သည်။

ဝမ်မုံက ခြိမ်းခြောက်လိုက်ရုံဖြင့် တိုက်ခန်းပိုင်ရှင် အတော်များများက နောက်ဆုတ်သွားခဲ့ကြသည်။

ထို့ကြောင့် လူအင်အား များနေရုံဖြင့် အရာမရောက်ဘဲ စည်းလုံးညီညွတ်မှု ရှိရန်နှင့် ခေါင်းဆောင်စကား နားထောင်ရန်က ပို၍ အရေးကြီးပေသည်။

လင်းယွမ်က ၁၃ လွှာတွင် တစ်ပတ်မျှ လှည့်ကြည့်လိုက်ပြီး အသုံးဝင်မည့် ပစ္စည်းမှန်သမျှကို စနစ် ၏ ပစ္စည်းသိုလှောင်ရုံထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်သည်။

စားစရာတင်မကဘဲ အိုးခွက်ပန်းကန်၊ စားပွဲကုလားထိုင် အစရှိသည်တို့ကိုပါ မကျန် သယ်ယူလိုက်၏။

ရေကြီးနေချိန်ဖြစ်၍ အပြင်လောကတွင် ခြေချစရာ မြေနေရာပင် မရှိတော့ကြောင်း သိထားရမည်။

သစ်သားဆိုသည်မှာလည်း ရှားပါးသော အရင်းအမြစ်တစ်ခု ဖြစ်လာတော့မည်။

နောင်တွင် မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေပြီး ဤ ၃၂ ထပ်မြင့်သော အဆောက်အအုံကြီးပါ ရေမြုပ်သွားခဲ့လျှင် ဘယ်လိုလုပ်ကြမည်နည်း။

ထိုအချိန်ကျလျှင် လှေများ လိုအပ်လာမည် မဟုတ်ပါလော။

လှေဆောက်မည်ဆိုလျှင် သစ်သား လိုအပ်ပေမည်။

အမြော်အမြင်မရှိသောသူသည် မကြာမီ ဘေးဒုက္ခနှင့် ကြုံတွေ့ရတတ်စမြဲ ဖြစ်သဖြင့် သူသည် ယခုကတည်းက ကြိုတင်ပြင်ဆင်ထားရမည် ဖြစ်သည်။

ဤ မိန်တုဥယျာဉ်မှ တစ်နေ့နေ့တွင် စွန့်ခွာရမည်မှာ မလွဲဧကန်ပင်။

လူဟူသည် ကုန်းမြေနှင့် ထာဝရ ကင်းကွာပြီး မနေနိုင်ပေ။ ထိုသို့နေရန်မှာ လက်တွေ့မကျချေ။

ဟင်းသီးဟင်းရွက် မပါဘဲ ငါးကြီးပဲ စားနေရလျှင်လည်း ရောဂါရလာနိုင်သည်။

ထို့ကြောင့် တစ်နေ့နေ့တွင် ရှင်သန်နေထိုင်နိုင်မည့် ကုန်းမြေတစ်ခုကို မဖြစ်မနေ ရှာဖွေရပေလိမ့်မည်။

လှေတစ်စင်း၊ သို့မဟုတ် သစ်ဖောင်တစ်စင်း ဖန်တီးနိုင်မည့် နည်းလမ်းကို ရှာဖွေထားရမည်။

လင်းယွမ်က ခေါက်ဆွဲခြောက်တစ်ထုပ်ကို ဖောက်လိုက်ပြီး ခပ်သွက်သွက် ဝါးစားကာ အားဖြည့်ရင်း ဤပြဿနာများကို စဉ်းစားနေမိသည်။

သူသည် အပြင်ထွက်ရန် လောလောဆယ် မလောသေးပေ။ ဝမ်ယန်မေ သန္ဓေပြောင်းလဲသွားခြင်းက သူ့အစီအစဉ်များကို ဖရိုဖရဲ ဖြစ်စေခဲ့သည်။

"နောက်ဆို လူတွေ ပိုပိုပြီး သန္ဓေပြောင်း လာကြလိမ့်မယ်... ငါက ဒီမှာ စည်းကမ်းတွေ သတ်မှတ်ပြီး ပင်ပင်ပန်းပန်း တည်ဆောက်နေပေမယ့် အဲဒီ သန္ဓေပြောင်းလူတွေ အစွမ်းထက်လာတာနဲ့ အားလုံးက ချက်ချင်း ပျက်စီးသွားနိုင်တယ်"

"အခု အရေးအကြီးဆုံးက အချိန်မဆွဲဘဲ ငါ့ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ပဲ"

"အကြွင်းမဲ့စွမ်းအားနဲ့မှပဲ အကြွင်းမဲ့ အုပ်ချုပ်နိုင်မှာ"

သူက စနစ်၏ မျက်နှာပြင်ကို တစ်ချက် ကြည့်လိုက်သည်။

"ကံစမ်းမဲ နှိုက်ဖို့ အချိန်ပဲ"

အမည် - လင်းယွမ်

ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈

ခွန်အား - ၁.၉

အလျင် - ဝ.၈

စိတ်စွမ်းအား - ဝ.၇

သန္ဓေပြောင်းလဲနှုန်း - ၁%

အမှတ် - ၁၄၉ မှတ်

ပစ္စည်းသိုလှောင်ခန်း

-----------------------

လောင်ကန်းမားငရုပ်ဆီ

ဖီလေမီညွန် အမဲသားကင် (၁၀)

ခေါက်ဆွဲခြောက်ထုပ် (၁၃)

၁၀ကီလို ဆန်အိပ် (၂)

တစ်ရှူးလိပ်

ဆပ်ပြာ

........

.......

......

"၁၄၉ မှတ်တောင် ရှိနေပြီပဲ"

လင်းယွမ်က မျက်နှာပြင်ပေါ်ရှိ အမှတ်များကို ကြည့်လိုက်သည်။ စောစောက လှေကားထစ်များပေါ်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအတွင်း လျှိုအားလုံ၏ လူအချို့ကို သူ သတ်ဖြတ်ခဲ့သေးသည်။

မူလက ၁၀၉ မှတ်သာ ရှိရာမှ ၁၄၉ မှတ်အထိ တိုးလာခြင်း ဖြစ်သည်။

လင်းယွမ်က သူ့ကိုယ်သူ သန္ဓေပြောင်းလဲမှု အဆင့်ကို ပြန်ကြည့်လိုက်သည်။

၁% သာ ရှိနေသေး၏။

"စွမ်းရည် အမှတ်တွေနဲ့ ကိုယ့်ခွန်အားကို မြှင့်တင်နေတာက သန္ဓေပြောင်းလဲတဲ့နှုန်းကို နှေးကွေးစေတဲ့ပုံပဲ"

လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။ လျှိုအားလုံ ဖြစ်စေ၊ ဝမ်ယန်မေ ဖြစ်စေ ထိုသူများ၏ သန္ဓေပြောင်းလဲမှု အဆင့်သည် သူ့ထက် များစွာ သာလွန်နေမည်မှာ သေချာသည်။

သန္ဓေပြောင်းလဲပြီးနောက် တစ်ဦးချင်းစီ၏ ပြောင်းလဲမှု လမ်းကြောင်းနှင့် ရရှိလာမည့် စွမ်းရည်များကို မည်သည့်အရာက ဆုံးဖြတ်ပေးသည်ကို သူ မသိရှိသေးပေ။

လောလောဆယ်တွင် စွမ်းအားမြှင့်တင်ရန် အခြားနည်းလမ်းများ ရှိနေသေးသဖြင့် သန္ဓေပြောင်းလဲမှု အဆင့်ကို မြှင့်တင်ရန် အလောတကြီး မလိုအပ်သေးဟု သူ ယူဆသည်။

အဘယ်ကြောင့်ဆိုသော် သန္ဓေပြောင်းလဲခြင်းက ဖြစ်ချင်ရာဖြစ် သဘောဆောင်ပြီး အသက်အန္တရာယ်နှင့် ရင်ဆိုင်ရချိန်မှသာ နိုးထလာတတ်သောကြောင့် ဖြစ်သည်။

"အဆင့်မြင့် ကံစမ်းမဲက ဘာတွေကွာလဲဆိုတာ အရင် ကြည့်လိုက်ဦးမယ်"

လင်းယွမ်က စနစ်ကို ချက်ချင်း ခေါ်လိုက်သည်။ "စနစ်... ၁၀၀ မှတ်တန် ကံစမ်းမဲကို ပြပါ"

[ဒင်... အောက်ပါတို့သည် ၁၀၀ မှတ်တန် ကံစမ်းမဲ စက်ဝိုင်း ဖြစ်ပါသည်]

လင်းယွမ်၏ မျက်စိရှေ့တွင် ဘီးဝိုင်းအသစ်တစ်ခု ပေါ်လာသည်။

ဘီးဝိုင်းပေါ်တွင် ဆုမဲအမျိုးအစားများစွာ ပူးကပ်လျက် ပါရှိနေဆဲ ဖြစ်သည်။

လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံး ပရိဘောဂများ၊ လက်နက် ကိရိယာများနှင့် လင်းယွမ် အမျှော်လင့်ဆုံး ဖြစ်သော စွမ်းရည်အမှတ် ကဏ္ဍဟူ၍ အကွက်များ ခွဲခြားထားသည်။

၁၀၀ မှတ်တန် ကံစမ်းမဲ ဘီးဝိုင်းတွင်မူ စွမ်းရည်အမှတ် ကဏ္ဍ၏ နေရာယူထားမှုက ပိုမိုကျယ်ပြန့်လာပြီး ၂၀ မှတ်တန် ဘီးဝိုင်းထက် ငါးဆခန့် ပိုကြီးနေသည်ကို တွေ့ရသည်။

ဤအချက်က သူ့အတွက် ပေါက်မဲရနိုင်ခြေကို များစွာ မြင့်တက်စေမည်မှာ သေချာသည်။

ထို့ပြင် ဤစွမ်းရည်အမှတ် ကဏ္ဍတွင် ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ ခွန်အား၊ သွက်လက်မှု၊ စိတ်စွမ်းအားဟူ၍ ခွဲခြားမထားဘဲ တစ်စုတစ်စည်းတည်း ပေါင်းစည်းထားသည်။

လင်းယွမ်က ထိုနေရာကို အာရုံစိုက်လိုက်သောအခါ [ဘုံစွမ်းရည်အမှတ်များ] ဟူသည့် စာတန်းကို တွေ့လိုက်ရသည်။

လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ထို [ဘုံစွမ်းရည်အမှတ်များ] ၏ အဓိပ္ပာယ်ကို ချက်ချင်း သဘောပေါက်လိုက်သည်။

အကယ်၍ ဤစွမ်းရည်အမှတ်ကိုသာ ကံထူးခဲ့လျှင် မိမိစိတ်ကြိုက် မည်သည့် စွမ်းရည်ကဏ္ဍတွင်မဆို ပေါင်းထည့်နိုင်မည် ဖြစ်သည်။

သူ ချက်ချင်း စိတ်လှုပ်ရှားသွားပြီး "ဒါက သီးသန့်သတ်မှတ်ထားတဲ့ စွမ်းရည်အမှတ်တွေထက် ပိုကောင်းတာပဲ" ဟု တွေးလိုက်မိသည်။

"ဒါပေမဲ့ ပေါက်နိုင်ခြေက..."

သူ ဘီးဝိုင်းတစ်ခုလုံးကို ခြုံငုံကြည့်လိုက်ရာ စွမ်းရည်အမှတ် ကဏ္ဍသည် ၂ ရာခိုင်နှုန်းခန့်သာ နေရာယူထားသည်ကို တွေ့ရသည်။

ဆိုလိုသည်မှာ ပေါက်နိုင်ခြေသည် ၂ ရာခိုင်နှုန်းသာ ရှိသည်။

၎င်းက ၁၀၀ မှတ်ပေးပြီး နှိုက်ရမည့် မဲဖြစ်သည်။

သူ အနည်းငယ် တုံ့ဆိုင်းသွားသည်။

"တကယ်လို့ မပေါက်ခဲ့ရင် အမှတ် ၁၀၀လုံး အလကား ဖြစ်သွားမှာ"

သူက အခြား ဆုမဲများကို လိုက်ကြည့်လိုက်သည်။

စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများ၏ ပမာဏ အတိုင်းအတာသည် တန် ယူနစ်သို့ ပြောင်းလဲသွားသည်ကို တွေ့ရသည်။

ထိုအချက်က သူ့ကို သက်ပြင်းချနိုင်စေခဲ့သည်။ ကံအဆိုးဆုံး ဆိုလျှင်တောင် အနည်းဆုံး ပစ္စည်း တစ်တန် ခန့်တော့ ရရှိနိုင်မည် ဖြစ်သည်။

လျှိုအားလုံထံမှ သူ သိမ်းဆည်းရမိသော ပစ္စည်းများမှာ စုစုပေါင်း တစ်တန် ပြည့်မည်မထင်ပေ။

ထို့ကြောင့် ပစ္စည်း လိုအပ်ချက်မှာလည်း သူ့အတွက် မသေးလှချေ။

လင်းယွမ်က အခြား ဆုမဲများကို လှည့်ကြည့်လိုက်ပြန်သည်။

လက်နက်ကိရိယာ ကဏ္ဍတွင် ဓားလှံလက်နက်များက အများစု ဖြစ်သော်လည်း သေနတ်နှင့် ကျည်ဆန်များလည်း ပါဝင်နေသည်။

ထိုအရာများက လင်းယွမ်ကို သွားရည်ကျစေသည်။ အကယ်၍ သေနတ်တစ်လက်သာ ကံထူးခဲ့လျှင် သန္ဓေပြောင်းနေသော ဝမ်ယန်မေကို ရင်ဆိုင်ရပါက ကျည်တစ်တောင့်ဖြင့်ပင် အဆုံးသတ်ပေးနိုင်မည် ဖြစ်သည်။

ဝမ်ယန်မေ၏ သန္ဓေပြောင်းလဲမှုမှာ လက်ဖဝါးတွင်သာ ဖြစ်ပြီး ထက်ရှမှုနှင့် လျင်မြန်မှုဘက်သို့ ဦးတည်နေပုံရသည်။

ကာကွယ်ရေးပိုင်းတွင်မူ ထူးထူးခြားခြား တိုးတက်လာပုံ မရပေ။

အနည်းဆုံးတော့ သူ သံတူရွင်းဖြင့် ရိုက်လိုက်စဉ်က သူမ နာကျင်စွာ အော်ဟစ်ခဲ့ရသည် မဟုတ်ပါလော။

လင်းယွမ်က ဘီးဝိုင်းကို တစ်ပတ် လှည့်ကြည့်လိုက်ရာ ရုတ်တရက် အလွန်သေးငယ်သော နေရာကွက်လပ်လေးတစ်ခုကို အာရုံစိုက်မိသွားသည်။

ထိုနေရာလေးသည် ဆံခြည်မျှင်ခန့်သာ ရှိပြီး ၂၀ မှတ်တန် ဘီးဝိုင်းတွင် ပါရှိသော စွမ်းရည်အမှတ် ကဏ္ဍ၏ အရွယ်အစားခန့်သာ ရှိသည်။

ထိုနေရာတွင် အဖြူရောင် စတော်ဘယ်ရီသီးပုံစံ ပစ္စည်းတစ်ခု ရှိနေသည်။

လင်းယွမ်က ထိုပစ္စည်းကို စိုက်ကြည့်လိုက်သည်နှင့် စနစ်က အချက်အလက်များကို အလိုအလျောက် ပြသပေးလာသည်။

[သန္ဓေပြောင်း စတော်ဘယ်ရီ] - ထူးခြားဆန်းကြယ်သော စွမ်းအင်များ ပြည့်ဝနေသည့် အသီးအနှံ။

အရည်အသွေး - အဖြူရောင်

သန့်စင်မှုနှုန်း - ၁၀%

အာနိသင် - သန္ဓေပြောင်းလဲမှု အဆင့်ကို မြှင့်တင်ပေးခြင်း၊ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အားဖြည့်ပေးခြင်း၊ သန္ဓေပြောင်း စွမ်းရည်များကို နိုးထလာစေရန် အခွင့်အလမ်း တစ်စုံတစ်ရာ ရှိခြင်း။

လင်းယွမ်၏ မျက်လုံးအိမ် ကျဉ်းမြောင်းသွားပြီး မျက်နှာတွင် မယုံနိုင်သည့် အမူအရာများ ပေါ်လာသည်။

"ဒါ... ဒါက..."

"သန္ဓေပြောင်း... စတော်ဘယ်ရီသီး..."

"ဒီလို ပစ္စည်းမျိုးတောင် ရှိတာလား"

သူ၏ ဦးနှောက်ထဲတွင် သန္ဓေပြောင်း သတ္တဝါများ၊ လျှိုအားလုံနှင့် ဝမ်ယန်မေတို့ကို ချက်ချင်း ပြေးမြင်လိုက်မိသည်။

သူတို့ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် သန္ဓေပြောင်း စွမ်းရည်များကို တွေးမိသွားသည်။

လင်းယွမ်၏ ရင်ထဲတွင် စိတ်ခံစားမှုများ ရှုပ်ထွေးသွားပြီး စိတ်လှုပ်ရှားမှုနှင့်အတူ စိုးရိမ်စိတ်များလည်း ရောပြွမ်းလာသည်။

ဤကမ္ဘာကြီးသည် နားလည်ရန်ခက်ခဲသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီမှာ အမှန်ပင်။

သူက ထို သန္ဓေပြောင်း စတော်ဘယ်ရီသီးကို စိုက်ကြည့်ရင်း အရည်အသွေးနှင့် သန့်စင်မှုနှုန်း ဆိုသည့် အချက်နှစ်ချက်ကို စဉ်းစားနေမိသည်။

"ဒီထက် ပိုမြင့်တဲ့ အရည်အသွေးရှိတဲ့ သန္ဓေပြောင်း အသီးတွေ ရှိဦးမှာလား"

"အရည်အသွေးက ဘယ်လို အကျိုးသက်ရောက်တာလဲ မသိဘူး... သန္ဓေပြောင်းလဲနှုန်း အဆင့်ကို ပိုမြှင့်ပေးနိုင်တာများလား... ဒါမှမဟုတ် စွမ်းရည်နိုးထနိုင်ခြေကို ပိုများစေတာများလား"

"ပြီးတော့ သန့်စင်မှုနှုန်း ဆိုတာကရော ဘာကိုပြောတာလဲ... အဖြူရောင်အဆင့် သန္ဓေပြောင်း အသီးရဲ့ သန့်စင်မှုနှုန်းက ၁၀% ပဲ ရှိတယ်ဆိုတော့... ဒီပမာဏက နည်းတာလား... များတာလား"

"သန့်စင်မှုနှုန်း အရမ်းနည်းတဲ့ သန္ဓေပြောင်း အသီးတွေက ဘေးထွက်ဆိုးကျိုး ရှိနိုင်မလား..."

မျက်တောင်တစ်ခတ် အတွင်းမှာပင် မေးခွန်းပေါင်းများစွာက တရစပ် ထွက်ပေါ်လာသည်။

သို့သော် သူ့ကို မည်သူကမျှ အဖြေပေးနိုင်မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် သူက လူတိုင်း၏ ရှေ့ကို ရောက်နှင့်နေသောကြောင့် ဖြစ်သည်။

ဆက်ရန်...

All Chapters