← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

Chapter 71

ကျောက်စိမ်းတောအုပ်အတွင်း၌ ကျင်းကန်းပေါင်မှာ ကြေးညိုရုပ်သေးရုပ်ညီအစ်ကို ကိုးရုပ်၏ချည်နှောင်ခြင်းကို လျင်မြန်စွာ ခံလိုက်ရသည်။

ဝှီးချဲပေါ်ထိုင်နေသော စုကျိုကမူ ကျင်းကန်းပေါင်၏ ‘နောက်စေ့’ ကို ကောင်းကင်လက်နက်အသင်းမှ လုပ်ကြံသူကို ဖမ်းဆီးထားသည့် ချန်ယွမ်ထံသို့ပစ်ပေးလိုက်ပြီး - “ငါ့အတွက် ဆော့ပေးစမ်းပါဦး၊” ဟု ပြောလိုက်သည်။

ကျင်းကန်းပေါင်: “???”

စုကျို လက်များမှာ သူ့ ပဲနောက်စိမ်းရောင်လက်ဝများအတွင်းသို့ ဝှက်ထားပြီးဖြစ်ကာ တိတ်တဆိတ်တုန်ရင်နေသည်။

ယာယီ ‘အခြေခံအဆင့်’ ရောက်နေသော်လည်း၊ ကျင်းကန်းပေါင်ကို သုံးကြိမ်တိုင်တိုင် ကူးယူပွားများခဲ့သောကြေးညို ရုပ်သေးရုပ်၏နောက်ဆုံးအကြိမ် အောင်မြင်စွာ ကူးယူနိုင်မှုမှာ သူမ၏ ဝိညာဉ်စွမ်းအင် အားလုံးကို ကုန်ခမ်းသွားစေခဲ့သည်။ သူမသည် အပြင်မှ ဝယ်လာခဲ့သော ဒုတိယအဆင့် အားအင်ပြန်ပြည့်ဆေးတစ်ပုလင်းကို မော့ချလိုက်ပြီးမှသာ အနည်းငယ် ပြန်လည်သက်သာလာခြင်းဖြစ်သည်။

သို့သော် သူမ၏စွမ်းအင်ကြောများအတွင်းမှ နာကျင်မှုကိုမူ သူ မနှိမ်နင်းနိုင်သေးချေ။

ဒါ ဖြတ်လမ်းနည်းသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးပင်။

စုကျိုသည် သူ့ကိုယ်ပိုင်နုနယ်မှုကို ညည်းတွားရင်း ကျင်းကန်းပေါင်ကိုပြောလိုက်သည်။

“နှမြောစရာပဲ၊ နင်က နောက်ထပ် နည်းနည်းလေးလောက်သာ ပိုနီးစပ်ခဲ့ရင် အနိုင်ရနိုင်မှာပါ”

ကျင်းကန်းပေါင် သူ့အားို ဝိုင်းရံထားသော ရုပ်သေးရုပ်ညီအစ်ကို ကိုးရုပ်ကိုကြည့်လိုက်သည်။

“???”

ဟုတ်ပါတယ်၊ အခုတော့ သူ မြင်နိုင်ပါပြီ။

သူတို့တွေက နည်းနည်းတော့ အားနည်းကြသည်။ သူ့အခြေခံအဆင့် ရုပ်သေးထက် ၂၀ ရာခိုင်နှုန်းလောက်ပိုပြီး အားနည်းနေသည်။

ဒါပေမဲ့ သူတို့က ကိုးရုပ်တောင် ရှိနေတာလေ!

ဒီကျင့်ကြံသူမက တိရစ္ဆာန်လား ?

သူ့ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားပြီး ရုပ်သေးရုပ် ကိုးရုပ်ဝိုင်းပြီး ကန်ကျောက်တွန်းထိုးနေတာကို ကံကောင်းတယ်လို့ ခေါ်တာလား?

သူ အနိုင်ရဖို့ နီးစပ်ခဲ့တယ် ဟုတ်လား!

ကျင်းကန်းပေါင် နှုတ်ခမ်းများ တဆတ်ဆတ်တုန်ယင်လာသည်၊ အထူးသဖြင့် သူ့ဘေးတွင် ဝတ်ရုံနီနှင့် အေးစက်သော မျက်ဝန်းရှိသည့် ကြယ်ငါးပွင့်ကြမ်းကြုတ်သော မိစ္ဆာကြီးကို လှမ်းမြင်လိုက်ရချိန်တွင် ပိုဆိုးသွားသည်!

၎င်း လက်ချောင်းငါးချောင်းမှ ချွန်ထက်သော လက်သည်းများကိုထုတ်ကာ ကျင်းကန်းပေါင် နောက်စေထံ ချိန်ရွယ်နေပြီး သူ့လက်သည်းများကို ဘယ်နေရာမှာ သွေးရမလဲဟု စဉ်းစားနေပုံရသည်။

“???”

ကျင်းကန်းပေါင် မျက်လုံးပြူးသွားပြီး လုံးဝ ဇဝေဇဝါဖြစ်သွားရသည်။ သူ့ရဲ့ နောက်စေ့?!

ဒါ ဘာကြီးလဲ?!

ဒါ ဘယ်လိုမျိုး မွေးရာပါဝိညာဉ်စွမ်းအားလဲ?

ဟူကျဲကျင့်ကော အဆင်ပြေရဲ့လား? ဝိညာဉ်ကျောက်တုံး ငါးထောင်နဲ့ သူရောင်းလိုက်တဲ့ သတင်းတွေက အတုတွေ လား?

အထွက်နှုန်းက လေးဆ ဟုတ်လား?!

ကျင်းကန်းပေါင် သူ့ပတ်ပတ်လည်ရှိ ရုပ်သေးရုပ် ကိုးရုပ်၊ ရုပ်သေးကုန်ကြမ်းပုံ ကိုးပုံ၊ သံမဏိတူ ကိုးခု၊ ထို့နောက် ကြမ်းကြုတ်သော မိစ္ဆာလက်ထဲရှိ ဦးခေါင်းခွံတစ်ခုကို ကြည့်လိုက်သည်။

သူ မတုန်လှုပ်ဘဲ မနေနိုင်တော့ပေ။

“စုကျို၊ ငါ့ခေါင်းက... နောက်ထပ်... ရှစ်ခုတောင် မရှိနိုင်တော့ဘူး မဟုတ်လား?”

ဘယ်မှာလဲ အဲဒါတွေ ?

စုကျို ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကို အာရုံစိုက်လုပ်ဆောင်နေပြီး သူ့ကို ပေါ့ပေါ့ပါးပါးလှမ်းကြည့်လိုက်သည်။

“ဒါပေါ့၊ ငါ့ရဲ့ အောက်ခြေအသင်းက ကျန်တဲ့ အသင်းခေါင်းဆောင် ခြောက်ယောက်ရဲ့လက်ထဲမှာ ရှိတာပေါ့”

သောက်ကျိုးနည်း! ကျင်းကန်းပေါင် မှင်သက်သွားသည်။

ဘယ်လိုလုပ် အသင်းခေါင်းဆောင်ခြောက်ယောက် ရှိနေတာလဲ ? မဟုတ်ဘူး၊ အဲဒါက အဓိကမဟုတ်သေးဘူး၊ အောက်ခြေအသင်းက လူတိုင်းမှာ သူ့ရဲ့ နောက်စေ့ ကော်ပီတစ်ခုစီ ရှိနေတာလား?

ဒေါက်

ဒေါက် ဒေါက် ဒေါက်

ကျင်းကန်းပေါင်၏ဦးခေါင်းမှာ စိတ်မရှည်သော ချန်ယွမ်ထံမှ ဖမ်းဆုပ်ခြင်းကို ချက်ချင်း ခံလိုက်ရပြီး တင်းနစ်ရက်ကတ် လိုမျိုး အထုခံလိုက်ရသည်!

ထို့နောက် ၎င်းသည် လုပ်ကြံမှုပါရမီရှိသော အမှောင်ပုံရိပ်ထံသို့ ပစ်ပေါက်ခြင်း ခံလိုက်ရပြန်သည်!

ကျင်းကန်းပေါင်မှာ နာကျင်လွန်းသဖြင့် အကြိမ်ပေါင်းများစွာညည်းတွားနေရတော့သည်။

[ ဘာလဲ? သူ ဘာလုပ်နေတာလဲ? ]

[ အံ့ဩစရာပဲ၊ အဆင့် ၃၀ က ညီအစ်ကိုတို့ရေ၊ ကျင်းကန်းပေါင် ရှုံးသွားပြီလား? ]

[ ကျင်းကန်းပေါင်က ဘာတွေကို ညည်းတွားနေတာလဲ?! သူက ဘာလို့ ရုပ်သေးရုပ် ဆယ်ရုပ်ဖန်တီးပြီး၊ အဲဒီထဲက ကိုးရုပ်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် ပြန်တိုက်ခိုက်နေရတာလဲ?? ]

[ ကောင်းတယ်၊ ကောင်းတယ်၊ အဆင့် ၃၀ က နောက်ထပ် ကျင့်ကြံသူတစ်ယောက် ရူးသွားပြန်ပြီ! ]

[ ဒါက လက်သမားပါရမီရဲ့ အားနည်းချက်လား? ]

[ ဒါက မိစ္ဆာပူးကပ်တဲ့ အပြင်ကမ္ဘာ ဗားရှင်းလား? ]

‘ကျင်းကန်းပေါင် ကွင်းထဲမှာ လက်နက်လုပ်တဲ့ ကိရိယာတွေ ပစ်ပေါက်နေတယ်’ ဆိုသည့် အကြောင်းအရာမှာ ‘မိစ္ဆာပူးကပ်ခြင်း’ အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး တပည့်အားလုံး ထိတ်လန့်သွားကြသည်။ ထိုအတောအတွင်း ပုံရိပ်ယောင်ပြကွက်ထဲတွင် စုကျိုသည် ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကိုအသုံးပြု၍ အလားအလာ အလွန်ကောင်းသော ခုနစ်ရောင်ခြည် ပိုးဥတစ်ဥကိုရရှိသွားခဲ့ပြီ ဖြစ်သည်!

ကျင်းကန်းပေါင်နှင့် အရိပ်အဖွဲ့ဝင်များမှာမူ ဘာမှမရရှိခဲ့ကြချေ။

အခြားအုပ်စု နှစ်စုတွင်လည်း၊ တစ်ဖွဲ့မှာ အောက်ခြေအသင်းဖြစ်ပြီး အခြားတစ်ဖွဲ့မှာ ထိပ်တန်းအသင်းဖြစ်သော်လည်း သူတို့၏အနိုင်အရှုံးမှာ လျင်မြန်စွာပေါ်ထွက်လာခဲ့သည်။

ယင်လီနှင့် လျို့ကျားတို့သည် ၎င်းတို့ ပါရမီများကို အသီးသီးပြသကြပြီး၊ ဆန့်ကျင်ဘက် ကောင်းကင်လက်နက် သင်းမှ အဖွဲ့ဝင်နှစ်ဦးကို အပြတ်အသတ်အနိုင်ယူကာ ဆုတ်ခွာသွားစေခဲ့သည်!

စုကျီကျီ၊ စုရှင်းချန်နှင့် ကျူးပိုင်ယွီတို့လည်း အနိုင်ရရှိခဲ့ကြသည်။

ကလေးနှစ်ယောက်မှာ ကောင်းကင်လက်နက်အသင်းမှ အခြေခံအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ “နီးနီးမလာနဲ့နော်၊ သားတို့ ကြောက်တယ်—” ဟု အော်ဟစ်ခဲ့ကြသည်။

သူတို့သည် သူတို့လက်ထဲရှိစက်လုံးများဖြင့် သူတို့ မျက်နှာများကို အုပ်ထားကြသည်... တစ်ခဏအတွင်းမှာပင် ဆန့်ကျင်ဘက် ကောင်းကင်လက်နက်အသင်းသားမှာ လုံးဝဆွံ့အသွားတော့သည်၊ ကျူးပိုင်ယွီနှင့် ကလေးနှစ်ယောက် သည် နွယ်ပင်များနှင့် ခိုင်ခံ့သော သစ်ကိုင်းများကိုအသုံးပြု၍ သူတို့အားတုတ်နှောင်လိုက်သောကြောင့်ပင်!

၎င်းသည် လွှမ်းမိုးချုပ်ကိုင်နိုင်သော အောင်ပွဲကြီးသာဖြစ်ပေတော့သည်!

[ သူတို့လက်ထဲက ဟာတွေက ဘာတွေလဲ? ] ပုံရိပ်ယောင်ပြကွက်က ဝေဝါးနေတယ်၊ ကြည့်ရတာ ဆံပင်အလှဆင် ပစ္စည်းနဲ့ တူသလိုပဲ။

ကောင်းကင်လက်နက်အသင်း သားတွေကတော့ ထိတ်လန့်နေတဲ့ပုံပဲ။

ပုံရိပ်ယောင်က ရုပ်ပုံပဲပြပြီး အသံမပါဘူး၊ တကယ် အချိန်ဖြုန်းတာပဲ။

ဘေးမှကြည့်နေသူတွေအားလုံး အရမ်းကို စပ်စုချင်နေကြသည်။

အဆင့် ၃၂ ရှိ ‘သခင်တစ်ရာခန်းမ’ ထဲတွင်လည်း အုပ်ချုပ်ရေးမှူးအဆင့်ရှိသူ အတော်များများက အသင်းနှစ်သင်း ကြားက ဒီလိုထူးဆန်းအံ့ဩဖွယ်ကောင်းတဲ့ စိန်ခေါ်ပွဲကိုသတိထားမိသွားကြသည်။

“ဟင်?”

တောက်ရန်သည် ညဂျူတီဆင်းပြီးကာစဖြစ်ပြီး ‘ပွားများခြင်းကျင့်စဉ်လမ်းညွှန်’ကိုဖတ်ရှုနေစဉ် မော့ကြည့်လိုက်ရာ မှင်သက်သွားတော့သည်။

နေဦး၊ ခုနစ်ရောင်ခြည်ပိုးဥကိုရသွားတဲ့ ကျင့်ကြံသူမလေးက ပထမထပ်က စုကျိုနဲ့ အတော်လေး တူတာပဲ!

တောက်ရန် ပုံရိပ်ယောင်ပြကွက်ကို မျက်လုံးပြူးပြီးကြည့်လိုက်သော်လည်း တိုက်ပွဲမှာ ချက်ချင်းပြီးဆုံးသွားကာ စုကျိုနှင့်တူသော ပုံရိပ်မှာလည်း တစ်ခဏချင်း ပျောက်ကွယ်သွားသည်။

“ငါ ကြည့်တာ မှားသွားတာလား ?”

“ဟူး... ဒီရက်ပိုင်း ညဂျူတီတွေ အရမ်းများသွားလို့ ငါ့မျက်လုံးတွေ ဝါးနေပြီထင်တယ်...”

တောက်ရန် သူ့မျက်လုံးများထဲသို့ ဝိညာဉ်စွမ်းအင်များပို့လွှတ်ကာ ခေတ္တအနားယူလိုက်သည်။

သူသည် ရှေ့တွင်ဖြန့်ထားသော ‘ပွားများခြင်းကျင့်စဉ်လမ်းညွှန်’ ကို ဂရုတစိုက် ပြန်သိမ်းလိုက်သည်။

“နောက်လ ၁ ရက်နေ့ကျရင် ငါ ပထမထပ်ကို ပြန်သွားပြီး စုကျိုဆိုတဲ့ ကလေးမလေးကို ဒီပါရမီနဲ့ပတ်သက်လို့ ဘယ်လိုကျင့်ကြံရမလဲဆိုတာ လမ်းညွှန်ချက်တွေ ပေးလို့ရပြီ”

ငါ့ကို စောင့်နေနော်~

တောက်ရန် သက်ပြင်းချရင်း လက်ချောင်းလေးတွေနဲ့ ရေတွက်လိုက်သည်၊ နောက်လ ၁ ရက်နေ့ရောက်ဖို့ ရှစ်ရက်တောင် လိုပါသေးလား ?

“အင်း...”

တောက်ရန်က စဉ်းစားလိုက်သည်၊ သူသည် နောက်ထပ်အဆင့်သို့ ခိုးယူသွားမည့် လျှို့ဝှက်ကျင့်စဉ်စာအုပ်ကို သူ့လက်ဝထဲ ဝှက်ထားရင်း မော့ကြည့်လိုက်ရာ တစ်ခုကိုသတိရသွားသည်။

“ငါမှတ်မိသလောက်ဆိုရင် ဒီကောင်းကင်လက်နက်အသင်းမှာ ပိုးချည်မျှင် ရှစ်ဆ ထုတ်ပေးနိုင်တဲ့ စံပြအဆင့်ပါရမီရှင် တစ်ယောက် ရှိတယ်လေ”

သူ့မျက်လုံးများ တောက်ပသွားသည်။ သူသည် ဤတိုက်ပွဲပုံရိပ်ယောင်ကို တိတ်တဆိတ် ဝယ်ယူပြီး စုကျိုအား ပြသလို့ရသည်ပင်!

အဆင့် ၃၀ မှာရှိတဲ့ စီနီယာအစ်ကိုက ဒီပါရမီကို တိုက်ပွဲမှာ ဘယ်လိုသုံးသလဲဆိုတာ သူ့ကို သိစေရမည်!

တောက်ရန် သူ့ကိုယ်ပိုင်ငွေကို ထုတ်ယူကာ တိုက်ပွဲဗီဒီယိုအားချက်ချင်းဝယ်ယူလိုက်ပြီး စုကျိုထံသို့ တိတ်တဆိတ် ပေးပို့ရန် ပြင်ဆင်လိုက်သည်။

“အာ... ငါ နည်းနည်းတော့ ပင်ပန်းနေပြီ၊ အုပ်ချုပ်ရေးမှူးဟူ၊ ခင်ဗျား လာတာ အချိန်ကိုက်ပဲ၊ ဒါဆို ဒီအဖိုးကြီး ဂျူတီဆင်းပြီး သွားနားတော့မယ်”

တောက်ရန်သည် ဂျူတီချိန်းချိန်ထက် အတော်လေးနောက်ကျမှ ရောက်လာသည့် အုပ်ချုပ်ရေးမှူးဟူကျဲကျင့်အား တွေ့လိုက်ရသည်။ ဟူကျဲကျင့် တမင်အပျင်းထူနေသည်ကို သူ အပြစ်တင်မနေတော့ဘဲ လွှဲပြောင်းရမယ့်စာရွက်စာ တမ်းတွေကို သူ့ဆီမှာထားခဲ့ကာ အလျှင်အမြန်ထွက်ခွာသွားတော့သည်။

“ဟမ်... အုပ်ချုပ်ရေးမှူးတောက်ရန်?”

ဟူကျဲကျင့် တောက်ရန်ကို လှမ်းခေါ်လိုက်ပြီး သူ၏အမူအရာမှာ ထူးဆန်းနေသည် - “ဒီမနက် ‘ကောင်းမှုဆိုးမှုခန်းမ’ က ခင်ဗျားကို ခေါ်တွေ့သေးလား?”

“ဘာလို့ ငါ့ကို ခေါ်တွေ့ရမှာလဲ? မတွေ့ပါဘူး” တောက်ရန် ခေါင်းခါလိုက်သည်။

ဟူကျဲကျင့် မျက်ခုံးပင့်လိုက်သည်။ ‘သေချာတာပေါ့၊ ခင်ဗျား အမှားကြီး ကျူးလွန်ထားတာကိုး!’

ကြည့်ရတာ ကောင်းမှုဆိုးမှုခန်းမက အဆင့်နိမ့်တပည့်တွေ အဆင့် ၃၀ အထိ အကြောင်းပြချက်မရှိဘဲ တက်လာတဲ့ အမှားအယွင်းကို အခုထိ ရှာမတွေ့သေးဘူးထင်တယ်။

“ဘာမှမဟုတ်ပါဘူး၊ သွားနားတော့”

ဟူကျဲကျင့် တောက်ရန်အား အပြစ်ဖို့ခံရမည့် ‘ဆိတ်သိုး’ တစ်ကောင်လို ကြည့်လိုက်သည်။

သူ ခေါင်းကို အမြန်ခါလိုက်ပြီး ထိုနေ့အတွက် ဂျူတီကျရာ ကျင့်စဉ်အတိုင်ပင်ခံရုံးခန်းသို့ သွားလိုက်သည်။

သူသာ ကံကောင်းရင် အဆင့်နိမ့်ကျင့်ကြံသူ အချို့က ဒီအဆင့်ကို လာပြီး တိတ်တဆိတ် ကျင့်ကြံကြလိမ့်မည်၊ သူတို့ ပြန်ထွက်လာချိန်တွင် အခြေခံအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤအမှားကို မည်သူမှ သတိထားမိမည်မဟုတ်ပေ။

ဟူကျဲကျင့် ထိုသို့တွေးနေစဉ်မှာပင် ဖြတ်သွားဖြတ်လာ တပည့်များ၏ပြောဆိုသံများကို ကြားလိုက်ရသည်။

“ဝိညာဉ်သန့်စင်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်က ကောင်းကင်လက်နက်အသင်းကို တကယ် အနိုင်ယူသွား လိမ့်မယ်လို့ ငါ ထင်မထားဘူး”

“တကယ် မယုံနိုင်စရာပဲ”

“သူတို့တွေက ဒီအပေါ်ကို ဘယ်လိုတက်လာတာလဲ?”

ဟူကျဲကျင့်: “!!!”

“ဒီစုမျိုးရိုးနဲ့ ကျင့်ကြံသူမလေးကတော့ တကယ့်ကို ကံကောင်းတာပဲ၊ သူ ‘သွေးလေချောက်ချား’ဖြစ်ပြီး ကိုယ့်ရုပ်သေးနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်သတ်နေတဲ့ ကျင်းကန်းပေါင်နဲ့တွေ့သွားတာလေ၊ အဲဒီလိုနဲ့ပဲ သူမ အနိုင်ရသွားတာ၊ တကယ့်ကို မယုံနိုင်စရာပဲ”

“ဟုတ်ပါ့ကွာ”

“နောက်ရက်အနည်းငယ်ကြာရင် ငါတို့လည်း အဲဒီ ‘အောက်ခြေအသင်း’ ကို စိန်ခေါ်ရမယ်၊ ဒီနေ့တော့ မဟုတ် သေးဘူး၊ ဒီကျင့်ကြံသူမလေးရဲ့ ‘ကံဇာတာဆိုး’ တွေ ကုန်သွားတဲ့အထိ စောင့်ရမယ်”

“အတိအကျပဲ!”

ဟူကျဲကျင့်မှာ အသက်ရှူပင် ကျပ်သွားရသလို ခံစားလိုက်ရသည်။

ဒီဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေးက တကယ် ‘သိပ်သတိထားတာပဲ’!

သူ တစ်ညပဲ နားလိုက်ရတာကို လူတိုင်းက သူ့အကြောင်းပြောနေကြပြီလား?

သူက ကံတောင် ကောင်းသွားသေးတယ်ပေါ့?

ဟူကျဲကျင့်မှာ အားကိုးရာမဲ့စွာ ထိုင်ချလိုက်ရသည်။

ကျင်းကန်းပေါင်နှင့် ကောင်းကင်လက်နက်အသင်းသားများလည်း အသက်ရှူကျပ်သလို ခံစားနေရတော့သည်။

သူတို့အားလုံး ကျောက်စိမ်းတောအုပ်၏ထွက်ပေါက်သို့ တယ်လီပို့လုပ်ပြီး ရောက်ရှိလာချိန်တွင် အောက်ခြေအသင်း နှင့် တည့်တည့်တိုးတော့သည်။ အသင်းဝင်တိုင်းသည် ‘အသင်းခေါင်းဆောင်၏နောက်စေ့’ တစ်ခုစီကို ကိုင်ထားကြ သည်!

ကျင်းကန်းပေါင်: "!"

တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်!

တကယ် တစ်ခုတည်း မဟုတ်ပါလား!

ဝတ်ရုံနီနှင့် မိစ္ဆာကျွန်မှာ နောက်ထပ် နှစ်ခုကိုကိုင်ထားရင်း စုကျို နောက်တွင်ရပ်ကာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေ သည်။

ကယ်ကြပါဦး။

ဒေါက်

“ခေါင်းဆောင်... အဆင်ပြေရဲ့လား?” ကောင်းကင်လက်နက်အသင်း မှ ကျန်အဖွဲ့ဝင်များသည် မူးမေ့လဲတော့မည့် ကျင်းကန်းပေါင်ကို အလျှင်အမြန်တွဲကူလိုက်ကြသည်။

တစ်ခဏအတွင်းမှာပင် သူတို့နဖူးပေါ်ရှိ ဝိညာဉ်အမှတ်အသားများမှ အနက်ရောင်ချည်မျှင်တစ်ခုထွက်ပေါ်လာပြီး စုကျိုနှင့် အခြားသူများ၏မျက်မှောင်ကြားသို့ စီးဝင်သွားတော့သည်။

ဤစိန်ခေါ်ပွဲ၏ဆုကြေးမှာ ဝိညာဉ်ကျောက်တုံး တစ်သောင်းဖြစ်သည်!

“ဟင်? ကျွန်မကို သခင်တစ်ရာခန်းမကိုသွားပြီး ဝိညာဉ်ကျောက်တုံး ငါးထောင် သွားထုတ်လို့ရတယ်လို့ ပြောနေ တယ် ?” စုကျို အံ့ဩတကြီး မေးလိုက်သည်။

“ငါးထောင်လား? ငါက တစ်ထောင်ပဲ” ယင်လီနှင့် လျို့ကျားတို့က စစ်ဆေးကြည့်ပြီး တစ်ပြိုင်နက် ပြောလိုက်ကြသည်။

ကျူးပိုင်ယွီ မျက်ခုံးပင့်လိုက်သည် - “ငါလည်း တစ်ထောင်ပဲ”

“ဝိညာဉ်ကျောက်တုံး လေးရာပါ” စုကျီကျီနှင့် စုရှင်းချန်တို့က စစ်ဆေးပြီးပြောသည်။

ပိုင်ယို့လုကမူ ရှက်ကိုးရှက်ကန်းဖြင့် လက်ထောင်ပြသည် - “ငါကတော့ နှစ်ရာပဲ ရတယ်”

နိုင်ရရှိသော ဝိညာဉ်ကျောက်တုံးများကို တိုက်ပွဲအတွင်း တစ်ဦးချင်းစီ၏စွမ်းဆောင်ရည်အလိုက် ခွဲဝေပေးခြင်းဖြစ် သည်။

စုကျို ခေါင်းငြိမ့်လိုက်သည် - “ဪ... ဒီလိုကိုး၊ အသင်းခေါင်းဆောင် လုပ်ရတာက တကယ်တော့ ဘာအားသာချက်မှ မရှိပါလား”

သူမသည် မေးစေ့ကိုပွတ်သပ်ရင်း ကျောက်စိမ်းတောအုပ်ထဲမှ ဖြည်းညင်းစွာထွက်လာခဲ့သည်။

“...အားကျို၊ နင် တစ်ခုခု ထပ်ကြံစည်ပြန်ပြီလား?”

“ညီမလေးစု၊ နင့်ရဲ့ ပါရမီကိုသုံးပြီး အသင်းခေါင်းဆောင်မဲနှိုက်တာမျိုး လုပ်တာကို တားမြစ်ထားတယ်နော်!”

ယင်လီနှင့် အခြားသူများက သူမနောက်သို့ အမြန်လိုက်သွားကြသည်။

ကျူးပိုင်ယွီ တစ်ယောက်သာ သတိလစ်နေသော ကျင်းကန်းပေါင်အားကြည့်ရန် ပျော်ရွှင်စွာပြေးသွားသည်။

“ဟေ့၊ ခင်ဗျား တကယ်ပဲ သတိလစ်နေတာလား? ကျွန်တော် ခင်ဗျားရဲ့ နောက်စေ့ကို ရိုက်လိုက်တာလေ”

မြေပြင်ပေါ်တွင် လဲလျောင်းနေသော ကျင်းကန်းပေါင်မှာ ချက်ချင်းမျက်နှာနီမြန်းသွားပြီး မျက်လုံးဖွင့်လိုက်သည်။

“မဟုတ်ဘူး!”

ဘာလဲ? အသင်းခေါင်းဆောင်က ဟန်ဆောင်နေတာလား!

ကောင်းကင်လက်နက်အသင်းမှ ကျန်လူများမှာ ဆွံ့အသွားကြသည်။

“ဒါကို နောက်မှ ပြောလို့မရဘူးလား?”

ကျင်းကန်းပေါင်မှာ ဒီနေ့ စဉ်းစားရမှာကို အရမ်းပျင်းရိနေသည်။ သူ့ နောက်စေ့ကလည်း တဆစ်ဆစ် နာနေတုန်းပင်။

သို့သော် သူ အလွန်အရေးကြီးသော တစ်စုံတစ်ခုအား မေ့နေသလိုခံစားနေရသည်။

ဒါပေမဲ့ သူ သတိလစ်ချင်ယောင်ဆောင်နေတုန်းကတော့ အဲ့ဒါကို မစဉ်းစားမိခဲ့ဘူး။

“ဟင်း” ကျူးပိုင်ယွီက ခေါင်းငုံ့ပြီး ကျင်းကန်းပေါင်ကိုပြုံးပြလိုက်သည်။

“ခန္ဓာကိုယ် ထုံကျဉ်ဆေးလေ... အစ်ကိုကြီး၊ တကယ်ပဲ မလိုချင်ဘူးလား?”

ကျင်းကန်းပေါင်: “!”

ဒါပဲ! သူ မှတ်မိသွားပြီ!

ကျင်းကန်းပေါင်သည် အခုမှ ရောက်လာသော ဤချောမောသည့် ကောင်လေးမှာ တကယ်တော့ လူကောင်းတစ် ယောက်ဖြစ်ကြောင်း သဘောပေါက်သွားရသည်။

တစ်ခါ တိုက်ပွဲမတိုင်မီ အကြံပေးချက်တစ်ခု သူ့ရှေ့သို့ရောက်လာခဲ့ဖူးသည်၊ ထိုကျင့်ကြံသူမလေး၏ ထူးဆန်းသော ပါရမီလျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ လက်တစ်ကမ်းအလိုမှာတင် သူ ငြင်းပယ်ခဲ့မိတာ...

“ငါ လိုချင်တယ်!”

ကျူးပိုင်ယွီ တဟားဟား ရယ်မောလိုက်ပြီး သူ့ ဘယ်ဘက်လက်ဝါးကို လက်ချောင်းများဖြန့်၍ ဆန့်ထုတ်လိုက်သည်။

“ငါးရာလား? ပေးမယ်! ဆယ်လုံး၊ မဟုတ်ဘူး... မင်းဆီမှာ ရှိသမျှ အကုန်ယူမယ်!”

ကျင်းကန်းပေါင်က ဆယ်လုံးဆိုတာ မလုံလောက်ဘူးဟု ခံစားနေရသည်။ အခြားသူများ၏လက်ထဲ သူ့ဦးခေါင်း ကိုးလုံး ရှိနေသလို သူ ခံစားနေရသည်။

လူတိုင်း သူ့အားို ဝိုင်းပြီး ပါးရိုက်နေကြရင် သူ ဘယ်လိုလုပ်ကျင့်ကြံနိုင်တော့မှာလဲ!

ကျူးပိုင်ယွီ ပြုံးလိုက်ပြီး ဆန့်ထုတ်ထားသော ဘယ်ဘက်လက်ကိုပြန်ရုပ်သိမ်းလိုက်သည်။

“ဘာ ငါးရာလဲ?”

“အစ်ကိုကျင်း... ငါးရာဆိုတာက တိုက်ပွဲမတိုင်ခင်က ဈေးလေ”

“အခုကတော့ တစ်လုံးကို ငါးထောင်”

ကျင်းကန်းပေါင်: “?”

“ဪ... ပြောဖို့ မေ့သွားလို့၊ ဒီလ ငါ့ရဲ့ အားလပ်ရက်မှာအပြင်ထွက်ပြီး ‘ကျင်းကျီ’ မြို့နဲ့ ‘ဝိညာဉ်ပိုးဖလံဂေဟာ’ အနီးက ရွာ ၁၂ ရွာမှာရှိတဲ့ ခန္ဓာကိုယ်ထုံကျဉ်ဆေးတွေ အကုန်လုံးကို ငါ ဝယ်လိုက်ပြီ”

“???”

ကျူးပိုင်ယွီ ပြုံးလိုက်ပြီး တစ်ခဏအတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။

“ခင်ဗျား မဝယ်လည်း ရပါတယ်”

“ကျွန်တော် ဘယ်သူ့ကိုမှ အတင်းမဝယ်ခိုင်းပါဘူး”

“…………”

ကျင်းကန်းပေါင်မှာ မယုံနိုင်စွာငေးကြည့်နေရတော့သည်။

ငါးရာကနေ အခု ငါးထောင်တဲ့လား ?

အောက်ခြေခြံဝင်းသို့ ပြန်ရောက်သောအခါ စုကျိုသည် သူ့ အခန်းသန့်ရှင်းမှုကို ချက်ချင်းစစ်ဆေးတော့သည်!

ဝိညာဉ်ပိုးဖလံဂေဟာ၏သန့်ရှင်းမှုမှာ တကယ့်ကိုစိတ်ပျက်စရာကောင်းလှသည်။

လွန်ခဲ့သော တစ်နှစ်ခန့်ကသေဆုံးသွားသော သားရဲဖြစ်သည့် ဖုရှင်း၏ဆံပင်များမှာ သူ့ ကုတင်ပေါ်ရှိနေသေးလိမ့် မည်ဟု မည်သူက ထင်ထားမည်နည်း?

အကယ်၍ ချန်ယွမ်သာ အဲဒါကို ရှာမတွေ့ပါက သူမအနေဖြင့် သခင်တစ်ရာခန်းမထံမှ သန့်ရှင်းရေးခအား တောင်းခံနိုင်မည်မဟုတ်ပေ။

“ဒါကို ကြည့်ပါဦး၊ အုပ်ချုပ်ရေးမှူးဟူ!”

စုကျိုသည် သခင်တစ်ရာခန်းမမှ ဖိတ်ခေါ်လာသော ဟူကျဲကျင့်အား ဖြူဖွေးသော ဆံပင်နှစ်ပင်ကိုဒေါသတကြီး ပြလိုက်သည်။

“ဒီအခန်းက သန့်ရှင်းရေးခအတွက် အနည်းဆုံး ဝိညာဉ်ကျောက်တုံးငါးရာတော့ တန်သင့်တယ်”

ဟူကျဲကျင့်သည် သူမ ဆံပင်အနက်ရောင်ကိုတစ်ချက်၊ ထိုဆံပင်အဖြူရောင်ကို တစ်ချက် ကြည့်လိုက်ပြီး ဘာဆင်ခြေမှ ပေးစရာ ရှာမတွေ့တော့ချေ။

Chapter 72

“နင့်ရဲ့ တိုင်ကြားချက်ကို မှတ်တမ်းတင်ထားလိုက်ပြီ၊ အထက်ကိုတင်ပြပြီး အကြောင်းပြန်ပေးမယ်”

ဒါကတော့ ပုံစံခွက်အတိုင်း ငြင်းပယ်တာမျိုးပဲ။

အချိန်ဆွဲပြီး တာဝန်ရှောင်တာပေါ့။

စုကျိုကတော့ ဒါကို လုံးဝသဘောမတူဘူး - “ဒါဆိုရင်တော့ ကျွန်မ တခြားဝင်း ၃၀ လောက်ကို လမ်းလျှောက်ထွက် ကြည့်ရတော့မှာပေါ့”

ဟူကျဲကျင့်: “...”

သူသည် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေး၏အခန်းဝတွင် တင်ပျဉ်ခွေထိုင်နေသော ဝတ်ရုံနီနှင့် မိစ္ဆာကြီးကို မကြည့်ဘဲမနေနိုင်တော့ချေ။

အနံ့ခံအာရုံ တကယ့်ကို ထက်မြက်တာပဲ။

လျှော့တွက်လို့မရဘူး။

ဒီအဆင့်မှာရှိတဲ့ သန့်ရှင်းရေး အစီရင်စုများမှာ ဆယ်နှစ်လောက်ထိ ပြုပြင်ထိန်းသိမ်းမှု မလုပ်ထားရသေးပေ။

အကယ်၍ အဆင့် ၃၀ မှာ ဘယ်သူမှ သန့်ရှင်းရေးမလုပ်ဘူးဆိုတာ တပည့်တွေ သိသွားရင်၊ ဖုန်သုတ်အစီရင်စုတွေက လည်း တစ်နှစ်ပတ်လုံး တစ်ခါမှအသက်မသွင်းထားရတဲ့ အသုံးမကျတဲ့ဟာတွေမှန်း သိသွားရင်တော့ ပြဿနာကြီးသွားရလိမ့်မည်။

“ကောင်းပြီ၊ ကောင်းပြီ... အခု ပိုက်ဆံပေးမယ်” ဟူကျဲကျင့် မလိုလားသလိုနှင့် ဝိညာဉ်ကျောက်တုံး ငါးရာ ထုတ်ပေး လိုက်ရသည်။

ထို့နောက် သူသည် သူမ အခန်းထဲတွင် ခေါင်မိုးအထိ တောင်ပုံရာပုံ စုပုံနေသော အနက်ရောင် သံသစ်သားများနှင့် ကြေးညိုသလင်းခဲပုံကြီးကိုကြည့်ကာ ခေတ္တရပ်တန့်သွားသည်။

“စုကျို၊ နင်လည်း သတိထားဖို့တော့ လိုမယ်နော်”

“နင် ကျင်းမိသားစုနဲ့ ရင်းနှီးတဲ့ပတ်သက်မှု ရှိနေတာပဲ၊ သူတို့အဖွဲ့တွေနဲ့ ဒီလောက်ကြီးဗြောင်ကျကျ... ပွဲအတုတွေ မဖန်တီးနဲ့လေ”

ဟူကျဲကျင့်မှာ အတွေ့အကြုံမရှိသော ကျင့်ကြံသူမလေး၏လုပ်ရပ်ကို ကြည့်ပြီး အတော်လေးအထင်ကြီးသွားမိသည်။ ဒါတကယ့်ကို အတုကြီးလေ။

အတုမှ... အကြီးကြီးပဲ။

“တိုက်ပွဲအတွင်းမှာ ကျင်းမိသားစုက နင့်ဆီကိုကြေးညိုသလင်းခဲတွေနဲ့ အနက်ရောင် သံသစ်သားတွေ တမင်ပစ်ပေး တာမျိုး၊ ပြီးတော့ ကျင့်စဉ်ချောက်ချားသလိုလိုနဲ့ ဟန်ဆောင်တာမျိုးကတော့ တကယ့်ကို...”

ဟူကျဲကျင့် စုကျို၏ တပည့်အမှတ်အသားကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

【 စံပြအဆင့်ပါရမီ- အထွက်နှုန်း ၄ ဆ 】

“နင် အရမ်းကို ထင်ထင်ရှားရှား လုပ်လွန်းလို့ ငါတောင် ဖုံးကွယ်ပေးဖို့ ခက်နေပြီ”

ဟူကျဲကျင့်မှ စုကျိုအား သိနားလည်သည့် အကြည့်မျိုးပေးရင်း “အရမ်းကြီး သိသာအောင်မလုပ်ပါနဲ့”

“ဒီအဆင့်မှာ တိုက်ပွဲတွေက နေ့တိုင်းရှိတယ်၊ အရေအတွက်လည်း မနည်းဘူး၊ ဒါပေမဲ့ ‘ကောင်းမှုဆိုးမှုခန်းမ’ က တိုက်ပွဲဗီဒီယိုတွေကို နေ့တိုင်း စစ်ဆေးတယ်၊ မှန်ကန်မျှတမှု ရှိ၊ မရှိဆိုတာကိုပေါ့။ အကယ်၍ သူတို့ တစ်ခုခု သံသယဖြစ်စရာ တွေ့သွားရင် ငါတောင် နင့်ကို မကာကွယ်နိုင်ဘူး”

ဟူကျဲကျင့်က စုကျိုကို ကြည့်ပြီး လက်မနှင့် လက်ညှိုးကို ပွတ်ပြကာ ငွေတောင်းသည့် အမူအရာ လုပ်ပြလိုက်သည်။

“ဒီနေ့ နင်နဲ့ ကျင်းကန်းပေါင် လုပ်ခဲ့တဲ့ ပွဲအတု ပြဿနာကို ငါကပဲ တစ်နည်းနည်းနဲ့ ဖြေရှင်းပေးရမှာလေ”

“နားလည်တယ်မလား?”

စုကျို မျက်ခုံးပင့်လိုက်ပြီး၊ ပိုက်ဆံတောင်းနေသော ဟူကျဲကျင့်၏လက်ဟန်ကို ကြည့်ကာ ပြုံးလိုက်သည်။

“နားမလည်ပါဘူး”

“!”

ဟူကျဲကျင့်မှာ နောက်သို့ လန်ကျမတတ်ဖြစ်သွားသည်။ ဒီအဆင့်က ဝိညာဉ်သန့်စင်ခြင်း တပည့်တွေက ဒီလောက် တောင် အူကြောင်ကြောင်နိုင်လိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး။

ဒါတွေအားလုံးက ဟိုလူပြိန်းတောက်ရန်ရဲ့ သွန်သင်မှုတွေကြောင့်ပဲ ဖြစ်ရမယ်။

“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ ဘာမှမပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်”

ဟူကျဲကျင့်သည် သူ့လက်အား ခါယမ်းကာထွက်ခွာသွားတော့သည်။ သူ ကျင်းကန်းပေါင်ထံ သွားရှာဖို့ဆုံးဖြတ်လိုက် သည်။

[ ခေါင်းဆောငကျင်း၊ ခင်ဗျား တမင်ရှုံးပေးလိုက်တာလား? ]

[ ကျင်းကန်းပေါင်၊ ခင်ဗျား အဆင်ပြေရဲ့လား? အဆင်မပြေရင်လည်း တံခါးပိတ်ကျင့်ကြံနေပါ၊ ငါတို့ကို အရှက်မခွဲပါနဲ့တော့ ]

[ အစ်ကိုချန်၊ ခင်ဗျားရဲ့ ရှုံးနိမ့်မှုက တကယ့်ကို ရယ်စရာကြီးပဲ ]

[ ကျင့်စဉ်ချောက်ချားနေရင်လည်း အိမ်မှာပဲ အေးအေးဆေးဆေးနားနေပါ၊ ဘာလို့ ဒီလိုမျိုး အရှက်လာခွဲနေရတာလဲ? ]

[ ကျင်းကန်းပေါင်၊ ခုနက ဘာလို့ ဒီလောက် အရှက်တကွဲ ရှုံးခဲ့ရသလဲဆိုတာ သခင်တစ်ရာခန်းမကို လာပြီး ရှင်းပြစမ်း — အုပ်ချုပ်ရေးမှူး ဟူကျဲကျင့် ]

ကျင်းကန်းပေါင်: “...”

ကယ်... ကြ... ပါ... ဦး~

ဝင်းခြံလေးအတွင်း၌

စုကျိုသည် နောက်ဆုံးတွင် ကျောက်စိမ်းတောအုပ်မှရရှိခဲ့သော ခုနစ်ရောင်ခြည် ဝိညာဉ်ပိုးဥကို သေချာကြည့်ရန် အချိန်ရသွားတော့သည်။

ယခုအချိန်တွင် ထိုပိုးကောင်လေးမှာ ခုနစ်ရောင်ခြည် အလင်းတန်းများ လွှမ်းခြုံထားပြီး လင်းလက်နေသော ဂွမ်းလုံးလေးနှင့် တူလှသည်။ ၎င်းသည် ရွှေအိမ်လေးထဲရှိ ကျောက်စိမ်းရွက်လေးငါးရွက်ပေါ်တွင် ငြိမ်သက်စွာ နားနေသည်။

နေဦး~

အရွက် လေးငါးရွက် မကျန်တော့ဘူး၊ ကျောက်စိမ်းရွက် နှစ်ရွက်ပဲ ကျန်တော့တာ။

စုကျို ထိတ်လန့်သွားသည်။ ပြန်လာတဲ့ လမ်းခရီးတစ်နာရီတောင် မပြည့်သေးတဲ့ အချိန်တိုလေးအတွင်းမှာတင် အိမ်ထဲရှိ ခုနစ်ရောင်ခြည်ပိုးကောင်လေးသည် ကျောက်စိမ်းရွက် နှစ်ရွက်အား စားပစ်လိုက်လေပြီ။

ကျောက်စိမ်းရွက် တစ်ရွက်က ဝိညာဉ်ကျောက်တုံး တစ်ရာလေ။

စုကျို: “?”

ဒါ အကောင်ပေါက်လေးပဲ ရှိသေးတာလေ။ ဒီနှုန်းအတိုင်းဆို တစ်နေ့ကို ကျောက်စိမ်းရွက် တစ်ရာလောက်စားမှာ မဟုတ်လား? တစ်နေ့ကို ဝိညာဉ်ကျောက်တုံး တစ်သောင်းလား?

“...ဒါဘယ်လိုမျိုး ဘိုးတော်ကြီးလဲ ?”

စုကျို ထိုရွှေအိမ်ထဲရှိ အကောင်ကို ချက်ချင်းဆိုသလို လွှတ်ပစ်ချင်စိတ်ပေါက်သွားရတော့သည်။

“ဟေ့... စိတ်မမြန်ပါနဲ့ဦး၊ ဒါက ခုနစ်ရောင်ခြည်လေ၊ သူထုတ်မယ့် ခုနစ်ရောင်ခြည် ပိုးချည်မျှင်တွေက ဈေးအကြီး ဆုံးပဲ၊ တစ်လိပ်ကို နှစ်သောင်း၊ သုံးသောင်းလောက်အထိ ရောင်းရမှာ”

ယင်လီ သူ့လက်ထဲရှိ ခုနစ်ရောင်ခြည် ဂွမ်းလုံးလေးအား အလျှင်အမြန်လှမ်းတားကာ ကယ်တင်လိုက်ရတော့သည်။

“ဒါကြောင့်ကိုး၊ ဝိညာဉ်ပိုးဖလံဂေဟာက ငါတို့ရှာနိုင်တဲ့ ဝိညာဉ်ကျောက်တုံးပမာဏပေါ် မူတည်ပြီးတော့မှ အဆင့်တက်တာတွေကို အမြဲစီစဉ်ပေးနေတာပဲ” စုကျီကျီက နာကျင်သောအမူအရာဖြင့် ရုတ်တရက် သဘောပေါက် သွားသည်။ အကယ်၍ ဝိညာဉ်ကျောက်တုံးနည်းနည်းပဲရှာနိုင်ပါက် ကျင့်စဉ်အဆင့် ဘယ်လောက်မြင့်မြင့် ပိုးကောင်များအား ကျွေးဖို့ရာတတ်နိုင်မည်မဟုတ်ဘူးပေ။

ကျူးပိုင်ယွီ မေးစေ့ကို ပွတ်သပ်ရင်း - “အစောပိုင်းအဆင့်မှာ ပိုးမွေးရတာက ဝိညာဉ်ကျောက်တုံး တော်တော်ကုန် မယ့်ပုံပဲ၊ မနေ့ညက ငါဘေးဝင်းက တပည့်တွေကိုသွားပြီး စိန်ခေါ်ရင်းကြည့်မိတာ... သူတို့အခန်း လေးခန်းမှာ ကျောက်စိမ်းကုတင် တစ်လုံးပဲရှိတော့တယ်၊ ရွှေအိမ်ထဲက ရောင်စုံပိုးကောင်တွေက ကုတင်ပေါ်မှာ အိပ်နေပြီး လူတွေကတော့ ကြမ်းပြင်ပေါ်မှာ အိပ်နေကြတာ”

“???”

“အခု ပြန်စဉ်းစားကြည့်တော့ သူတို့တွေ ပိုးကောင်ကျွေးဖို့အတွက် အခန်းထဲက ကျောက်စိမ်းကုတင်တွေကို ရောင်းပစ်လိုက်ကြတာ ထင်တယ်”

“ဒီအဆင့်က အသင်းတွေက အမြဲတမ်း ဝိညာဉ်ကျောက်တုံးတွေနဲ့လောင်းကြေးထပ်ပြီး ပြိုင်ဆိုင်နေကြတာ... ပိုးမွေးဖို့ အတင်းအကျပ်အခြေအနေတွေကြောင့် ဖြစ်မယ်ထင်တယ်”

“...”

စုကျီကျီနှင့် စုရှင်းချန်တို့ နှစ်ဦးစလုံးမှာ အသက်ရှူကျပ်သလို ခံစားနေရသည်။

ဒီနေ့ ကျောက်စိမ်းတောအုပ်သို့ သွားစဉ် သူတို့နှင့် ကျူးပိုင်ယွီတို့ သုံးယောက်စလုံး ရောင်စုံဝိညာဉ်ပိုးဥများ အသီးသီး ရရှိခဲ့ကြသည်။ မူလကတော့ ကျောက်စိမ်းတောအုပ်ကိုထပ်သွားပြီး ပိုကောင်းတဲ့ ခုနစ်ရောင်ခြည် ဝိညာဉ်ပိုးဥတွေ ရှာချင်ကြတာဖြစ်သည်။

အခုတော့ လက်လျှော့လိုက်သင့်ပြီမှတ်လား ?

“အဲဒီလောက်ကြီးတော့ မဆိုးပါဘူး” စီနီယာအစ်မ ပိုင်ယို့လုက ချိုသာစွာ ပြုံးပြရင်း သူတို့ကို နှစ်သိမ့်ပေးသည်။

“ငါ ဒီအဆင့်မှာ နေတာ အနှစ်ငါးဆယ် ရှိပြီ၊ ပိုးကောင်ပေါက်လေး ငါးဆယ်လောက် ရခဲ့ဖူးတယ်၊ ဒီနှစ်မှာတော့ ချည်မျှင်ထုတ်နိုင်တဲ့ ရောင်စုံပိုးကောင် သုံးကောင်ကို မွေးထားနိုင်ပြီ”

စုကျို: “...”

မောင်နှမ နှစ်ယောက်နှင့် ကျူးပိုင်ယွီတို့မှာ ဆွံ့အသွားကြသည်။

“ချည်မျှင်မထုတ်နိုင်ခင် အနှစ်ငါးဆယ်တောင်မွေးရတယ်ဆိုတာ... တကယ် ကြောက်စရာကြီး မဟုတ်ဘူးလား?”

လျို့ကျား မျက်လုံးမှိတ်လျက် ပြုံးလိုက်သည် - “အစိမ်းလေးရေ... သူတို့ကို မခြောက်ပါနဲ့ဦး”

သူက သူ၏လက်စွပ်ထဲမှ ရွှေအိမ်လေးကို ထုတ်ယူကာ စုကျိုနှင့် အခြားသူများကို ပြလိုက်သည်။

သူက လက်ဝါးဖြင့် ထိလိုက်ရာ အိမ်လေး၏ ဝိညာဉ်အလင်းတန်းများ ကွယ်ပျောက်သွားပြီး အတွင်း၌ ကျောက်စိမ်း ကဲ့သို့ ဖြူစင်သော ဝိညာဉ်ပိုးကောင်လေးတစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်းသည် သင်္ကန်းငယ်လေးတစ်ခု ဝတ်ဆင်ထားပြီး ၎င်းနဖူးပေါ်တွင် လျို့ကျား၏အမှတ်အသားနှင့် ဆင်တူသော ဗုဒ္ဓဘာသာ တံဆိပ်တော်တစ်ခု ရှိနေသည်။

၎င်းထံမှ ရောင်စုံအလင်းတန်းများ ဖြာထွက်နေသည်။

စုကျိုမှာ မနေနိုင်ဘဲ အနားသို့ တိုး၍သေချာကြည့်လိုက်သည်။

“ပိုးကောင်ဖိတ်ခေါ်ကျင့်စဉ်ကိုသုံးလိုက်ရင် ပိုးကောင်ပေါက်လေးတွေက ငါတို့ရဲ့ခေါ်သံကို လိုလိုလားလား တုံ့ပြန်ကြတယ်၊ တစ်ကြိမ်ကနေ လေးကြိမ်အထိ အရေခွံလဲပြီးရင်တော့ သူတို့တွေ ချည်မျှင် စထုတ်နိုင်ကြပြီ”

“ဒီအတောအတွင်းမှာ ‘ပိုးမွေးမြူခြင်းဆိုင်ရာ စိတ်အခြေခံမူ’ မှာ ဖော်ပြထားတဲ့ ဒုတိယအဆင့် ပိုးမွေးမြူခြင်း ကျင့်စဉ်ကို သုံးပြီး အစားအစာ လုံလုံလောက်လောက် ကျွေးမယ်ဆိုရင်... ငါတို့ မွေးတဲ့ ဝိညာဉ်ပိုးကောင်တွေက ငါတို့ရဲ့ ပါရမီတွေနဲ့ ကိုက်ညီတဲ့ ထူးခြားတဲ့ ချည်မျှင်တွေထုတ်ပေးနိုင်တတ်တယ်၊” ဟု လျို့ကျား ရှင်းပြရင်း သူ့အိမ်ထဲမှာ ချည်မျှင်ထုတ်နေသော ရောင်စုံလုံးလေးကို ညွှန်ပြလိုက်သည်။

“ငါမွေးတဲ့ ပိုးချည်က ငါ့ရဲ့ ‘ဓားသတ်ကျင့်စဉ်’ နဲ့ ကိုက်ညီတယ်၊ ဝတ်ဆင်ထားတဲ့သူရဲ့ စိတ်ကို တည်ငြိမ်စေသလို၊ ရန်ငြိုးအာဃာတတွေကို ပယ်ဖျောက်ပေးနိုင်တဲ့ ဝိညာဉ်လက်နက်တွေအဖြစ်လည်း ဖန်တီးလို့ရတယ်”

“ဘုရားကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာအတော်များများက ဒါကို ဝယ်ယူဖို့ စိတ်အားထက်သန်ကြတယ်”

ပိုင်ယို့လု ခေါင်းငြိမ့်ပြကာ သူ့ ခါးမှ ရွှေအိမ်လေးကို ဖြုတ်ယူလိုက်သည်။

သူမ လက်ဖြင့် တို့လိုက်ရာ ပိုးကောင်လေးတွေ အေးအေးဆေးဆေးချည်ထုတ်နိုင်ရန် အိမ်ကို အုပ်ထားသော အဝတ်မှာ ဖြည်းဖြည်းချင်း ပွင့်သွားပြီး အတွင်းမှ ရောင်စုံပိုးကောင် သုံးကောင်ပေါ်လာသည်။

တစ်ကောင်က အနက်ရောင်၊ တစ်ကောင်က အဖြူရောင်နှင့် နောက်တစ်ကောင်က အနီရောင် ချည်မျှင်များကို အသီးသီး ထုတ်နေကြသည်။

“ငါကတော့ တစ်ခါမွေးရင် အနည်းဆုံး ဝိညာဉ်ပိုး သုံးကောင်မွေးတယ်၊ သူတို့ထုတ်တဲ့ ချည်တွေက ငါ့ရဲ့ ကံဇာတာ သုံးမျိုးဖြစ်တဲ့ ကောင်းသောကံ၊ ကြားနေကံနဲ့ ဆိုးသောကံတွေကို ကိုယ်စားပြုတာ”

စုကျို မျက်လုံးပြူးသွားသည် - “ဒီပိုးချည်တွေက ဝတ်ဆင်တဲ့သူရဲ့ ကံဇာတာကို တကယ်ပဲ သက်ရောက်မှု ရှိစေတာ လား ?”

“ဟုတ်တယ်၊ အစိမ်းလေးရဲ့ ပိုးချည်တွေက ဝိညာဉ်ပိုးဖလံဂေဟာ အထက်ထပ်တွေမှာရှိတဲ့ ပန်းထိုးပညာရှင်တွေနဲ့ ဝိညာဉ်ထည်ရက်လုပ်သူတွေကြားမှာ အရမ်းနာမည်ကြီးတာ”

“အဲဒီကနေ ရက်လုပ်ထားတဲ့ အဆင့်မြင့်အထည်တွေက ကျိန်စာစွမ်းအား၊ ကံကောင်းခြင်းစွမ်းအားနဲ့ ကံဇာတာကို မျှခြေဖြစ်စေတဲ့ အာနိသင်တွေ ရှိကြတယ်”

“...ကျိန်စာစွမ်းအားပါတဲ့ အထည်တွေကို ဝယ်တဲ့သူ ရှိလို့လား?”

“ အစိမ်းလေးက ‘တစ်ခုဝယ် တစ်ခုလက်ဆောင်’ ပေးတတ်တယ်လေ”

“...”

လျို့ကျား မျက်လုံးမှိတ်လျက် စုကျိုနှင့် အခြားသူများကိုပြုံးပြလိုက်သည်။

“စိတ်မလောပါနဲ့ဦး၊ သုံးလကြာရင် သူတို့တွေ ပိုးကောင်အဆင့်ကို ကျော်လွန်ပြီး ချည်မျှင်တွေ စထုတ်ပါလိမ့်မယ်”

“ရှောင်ကျိုရဲ့ ဝိညာဉ်ပိုးချည်ကတော့ ထူးခြားတဲ့ အာနိသင်တွေ ရှိမှာ သေချာတယ်၊ ဘယ်လိုမျိုး ဖြစ်လာမလဲဆိုတာ တကယ်ကို စိတ်ဝင်စားစရာပဲ”

ယင်လီက သိမ်မွေ့သော်လည်း မျှော်လင့်ချက်အပြည့်ရှိသော အမူအရာမျိုး ပြသလိုက်သည်။

“ကျီကျီနဲ့ ရှောင်ချန်း... မင်းတို့ရဲ့ ပိုးချည်တွေက အဆင့် ၃၀ အောက်မှာရှိတဲ့ ဝိညာဉ်စိုက်ပျိုးရေးသမားတွေ အကြိုက်ဆုံး အထည်တွေ ဖြစ်လာမှာ သေချာတယ်”

ယင်လီက ရယ်မောရင်း ပြောသည်။

“ပိုးစာပင်စိုက်တဲ့သူတွေထဲမှာ အရွက်တွေ ပိုထွက်စေပြီး အပင်ကိုသန်မာစေမယ့် အဝတ်အစားမျိုးကို မကြိုက်တဲ့သူ ဘယ်သူရှိမှာလဲ?”

စုကျီကျီနှင့် စုရှင်းချန်တို့ မျက်လုံးများ တောက်ပသွားကြသည်။

အဆင့်မြင့်မြင့်နေရာကို တက်လှမ်းပြီး ပိုးမွေးမြူရေးနှင့် ပိုးချည်ထုတ်လုပ်ရေးကိုစတင်နိုင်ပြီဆိုလျှင် သူတို့သည် မူလပထမထပ်မှ ကျင့်ကြံသူများကိုပင် အထောက်အပံ့ပြန်ပေးနိုင်မည် မဟုတ်ပါလား ?

သူတို့ ပထမထပ်မှာ ရှိစဉ်က ဝိညာဉ်ပိုးဖလံဂေဟာမှ ဝေဖန်ပေးသည့် ပထမအဆင့် အထည်စလေးတွေကိုပင် တန်ဖိုးထားခဲ့ရသည်ကို ပြန်သတိရမိသည်။

အပေါက်လေးတွေ ပါနေရင်တောင် အလဟဿမဖြစ်စေဘဲ မြတ်နိုးခဲ့ရသည်။

၎င်းမှာ သူတို့ခန္ဓာကိုယ်အား ဖုံးကွယ်ရန်အတွက်သာမက၊ ဝိညာဉ်စိုက်ပျိုးရေးသမားများအဖြစ် သူတို့၏ ကျင့်ကြံမှု အတွက်ပါ လိုအပ်သောအရာဖြစ်ခဲ့သည်။

တစ်ခဏအတွင်းမှာပင် စုကျီကျီနှင့် စုရှင်းချန်တို့သည် ပိုးမွေးမြူခြင်း၏အရေးပါမှုနှင့် သူတို့၏ ကျင့်ကြံခြင်းလမ်းစဉ် ပေါ်ရှိ တာဝန်ဝတ္တရားများကိုနားလည်သွားကြတော့သည်။

“ဒါဆိုရင်တော့ ငါလည်း စမ်းကြည့်ရမှာပေါ့”

ကျူးပိုင်ယွီလည်း စိတ်ဝင်စားလာသည်။ ပိုးကောင်လေးတွေသာ သူ၏ ‘သစ်ပင်များကို စေခိုင်းနိုင်စွမ်း’ ပါရမီနှင့် အနည်းငယ်မျှ ထိတွေ့ခွင့်ရလျှင်ပင် ထူးခြားဆန်းပြားသော ပိုးချည်များကို ထုတ်ပေးနိုင်လိမ့်မည်။

သစ်သားဓာတ်ပါရမီရှိသည့် ကျင့်ကြံသူတိုင်း ထိုကဲ့သို့သော ဝတ်ရုံမျိုးကိုလိုချင်ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

“သိချင်တာရှိရင် ငါနဲ့ အစိမ်းလေးကို မေးလို့ရတယ်နော်” လျို့ကျား မျက်လုံးမှိတ်လျက်ပင် မတ်တပ်ရပ်လိုက်သည်။

“‘ပိုးမွေးမြူခြင်းကျင့်စဉ်’ အတိုင်း တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားကြပါ၊ စိတ်မလောကြနဲ့ဦး”

လူတိုင်း အသီးသီးအခန်းထဲသို့ ပြန်ဝင်သွားကြပြီး ထိုနေ့အတွက် ပိုးမွေးမြူရေး အစီအစဉ်ကိုစတင်လိုက်ကြသည်။

လျို့ကျားနှင့် စီနီယာအစ်မယို့လုတို့မှာ အဆုံးသတ်တွင် အလျှင်အမြန်ပင် ထွက်သွားကြသလို စုကျို ခံစားလိုက်ရပြီး၊ ယင်လီမှာလည်း တစ်စုံတစ်ခုကို ပြောရန်တွန့်ဆုတ်နေပုံရသည်။

သို့သော် သူမလက်ထဲရှိ ဝိညာဉ်စစ်ဆေးရေးလက်ပတ်တွင် ကျင့်ကြံမှုလမ်းညွှန်ချက်များ ပေါ်လာပြီဖြစ်ရာ သူမ အများကြီး မစဉ်းစားတော့ချေ။

【 ယနေ့ ညနေခင်းသင်ခန်းစာ- ပိုးမွေးမြူခြင်းကျင့်စဉ်ကို အသုံးပြု၍ အစာကျွေးခြင်းနှင့်အတူ ပိုးကောင်လေးများကို ပထမဆုံး အိပ်စက်သည့်ကာလသို့ အမြန်ဆုံး ရောက်ရှိအောင် ပြုလုပ်ပါ။ 】

စုကျိုသည် “ပိုးမွေးမြူခြင်းကျင့်စဉ်” စာအုပ်ကို ဖွင့်ကာ ဒုတိယအဆင့်ကို စတင်ဖတ်ရှုတော့သည်။

“ပိုးမွေးမြူခြင်းကျင့်စဉ်အရ ပိုးကောင်ငယ်လေးများကို ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းပေးရန်အတွက် ကျောက်စိမ်း ရွက်များကို အမြဲမပြတ် ကျွေးမွေးသည့်အပြင် တစ်နေ့လျှင် ၁၂ ကြိမ် အစာကျွေးရန် လိုအပ်သည်”

“ဤကျင့်စဉ်၏ သော့ချက်မှာ ပိုးကောင်လေး၏ ကိုယ်ထည်ကို လက်ထိပ်ဖြင့် ညင်သာစွာ ပွတ်သပ်ပေးရန်ဖြစ်သည်။ ၎င်းမှာ ကျောက်စိမ်းရွက်၏ အဆီအနှစ်များကို လျင်မြန်စွာ စုပ်ယူနိုင်စေရန်နှင့် နေ့စဉ် အစာစားနှုန်းကို မြှင့်တင်ပေး ရန်ဖြစ်သည်”

စုကျိုသည် တတိယမြောက် ကျောက်စိမ်းရွက်ကိုစားနေပြီဖြစ်သော ပိုးကောင်လေးကို သေချာကြည့်လိုက်သည်။

“ပိုးမွေးမြူခြင်းကျင့်စဉ် အထွတ်အထိပ်သို့ ရောက်သောအခါ ကျင့်ကြံသူသည် မိမိ၏ဝိညာဉ်စွမ်းအင်ကို အသုံးပြု၍ ပိုးကောင်၏ကြီးထွားမှုကို ကူညီပေးနိုင်သော်လည်း... အခြားသော ‘ကောင်းကင်ဘုံရတနာများ’ ကို ကျွေးမွေးရန်မှာ မရှိမဖြစ်လိုအပ်သည်”

စုကျို: “?”

ဘာရတနာတွေလဲ?

သူ လမ်းညွှန်စာအုပ်ကို ဆက်ဖတ်လိုက်ရာ ချက်ချင်းဆွံ့အသွားတော့သည်။

မကြာမီ ‘ပိုးမွေးမြူခြင်းကျင့်စဉ်’ ဒုတိယအဆင့်၏သင်ကြားပြသမှု ပုံရိပ်လေးပေါ်လာသည်။

ပြသပေးသူမှာ ရင်းနှီးပြီးသားဖြစ်သော အုပ်ချုပ်ရေးမှူးတောက်ရန် ဖြစ်သည်။ စာမျက်နှာပေါ်ရှိ သူ၏ အိုမင်းသော မျက်နှာတွင် နာကျင်သောအမူအရာဖြစ်နေပြီး သူ့လက်စွပ်ထဲမှ ပထမအဆင့် ဝိညာဉ်လက်နက်တစ်ခုကို တုန်တုန်ရင် ရင်ဖြင့် ထုတ်ယူလိုက်သည်။

စုကျို: “?”

တောက်ရန်က တည်ကြည်စွာပြောသည် - “တပည့်တို့... ပိုးကောင်လေးတွေ ပထမဆုံး အရေခွံမလဲခင် အစောပိုင်း ကာလမှာ ကျောက်စိမ်းရွက်တွေအပြင်၊ နှစ်ရက်တစ်ကြိမ်မှာ ပထမအဆင့် ဝိညာဉ်လက်နက် ဒါမှမဟုတ် အဲဒီထက် မြင့်တာတစ်ခုခုကို ကျွေးဖို့လိုအပ်တယ်”

စုကျို: “...?”

စီနီယာအစ်ကို လျို့ကျားတို့ ဘာလို့ ဒီလောက်မြန်မြန်ပြေးသွားကြသလဲဆိုတာ အခုမှ သိတော့တယ်!

‘ပိုးလောင်းဘဝ ပထမအဆင့်နဲ့ ဒုတိယအဆင့် အရေခွံလဲချိန်တွေမှာ ကျောက်စိမ်းရွက်တွေအပြင်၊ နှစ်ရက် တစ်ကြိမ်မှာ ဒုတိယအဆင့် ဝိညာဉ်လက်နက် ဒါမှမဟုတ် အဲဒီထက် မြင့်တာတွေကို ကျွေးဖို့လိုအပ်ပြီး...’

ထို့နောက် စာမျက်နှာပေါ်ရှိ တောက်ရန်မှာ ရင်ကွဲမတတ် ခံစားချက်ဖြင့် ပျံလွှားဓားတစ်လက်အား ချိုးဖဲ့ကာ ပိုးအိမ်ထဲသို့ထည့်ပေးနေသည်ကို သူ မြင်လိုက်ရသည်။

“...”

‘မှတ်ချက်- ပိုးလောင်းလေးများသည် မှော်ရတနာ အပိုင်းအစကြီးများကို မဝါးမျိုနိုင်ပါ။ ကျင့်ကြံသူများသည် ၎င်းတို့ကို ဂရုတစိုက် ချိုးဖဲ့ပေးရန်လိုအပ်သည်။ ထို့ပြင် ဆူးပါသော အရာများကို လုံးဝ မကျွေးပါနှင့်’

စုကျို ခေါင်းမူးသွားသည်။

“ချန်ယွမ်... နင်ကတော့ အကောင်းဆုံးပဲ”

သူမသည် ဤဖြုန်းတီးလွန်းသော ကျင့်စဉ်စာအုပ်ကိုဆုပ်ကိုင်ရင်း ဘေးသို့လှည့်ကြည့်ကာ အခန်းထဲရှိ ကြေးညို သလင်းခဲ တောင်ပုံပေါ်သို့ခုန်တက်လိုက်သည်။ ထို့နောက် ဝတ်ရုံနီနှင့် မိစ္ဆာကြီးကိုဖက်ထားရင်း ပင်ပန်းနွမ်း နယ်နေသော သူမ၏ကိုယ်စိတ်နှစ်ပါးအား သူ့ ပုခုံးထက်ဝယ် မှီတွယ်လိုက်တော့သည်။

All Chapters