← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

Chapter 75

[အဆင့် ၃၀ ကို ရောက်တဲ့အခါမှာတော့ သူဟာ မီးဓာတ်ဝိညာဉ်ပိုးတွေကို မွေးမြူခဲ့တယ်၊ အဲဒီပိုးတွေက ဝိညာဉ်ပိုးချည် ကို မထုတ်ဘူး၊ ဒါပေမဲ့ သူတို့ရဲ့ပါးစပ်ကနေ ပူလောင်ပြီး ထက်မြက်တဲ့ မြားတွေကိုထွေးထုတ်တတ်ကြတယ်။]

စုကျို အကြွေးစာရင်းကို ဆုပ်ကိုင်ထားရင်း သူ့ ရှေ့က ချန်ကန်းပေါင်ကိုကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

တစ်ခဏအတွင်းမှာတင် ချန်ကန်းပေါင်၏လက်နှစ်ဖက်နှင့် ခြေနှစ်ဖက်ဟာ နောက်ထပ်ပူလောင်သည့် မီးတောက်မြား သုံးစင်းဖြင့် ထိုးဖောက်ခြင်းကို ခံလိုက်ရပြန်သည်!

“အသုံးမကျလိုက်တာ!”

ကျင်းချန်အသံဟာ တဖြည်းဖြည်း သေးငယ်သွားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ထဲကနေ တကယ်ထွက်ပေါ်လာခဲ့သည်။

“မင်းက ပွားများခြင်းပါရမီပဲရှိတဲ့ အောက်တန်းစားကျင့်ကြံသူမလေးကိုတောင် မနှိမ်နင်းနိုင်ဘူးဆိုရင် ဘာအတွက် အသုံးကျမှာလဲ?”

ကျင်းချန် ဒီလောက်အထိ ရက်စက်လိမ့်မယ်လို့ ချန်ကန်းပေါင် ထင်မထားခဲ့ချေ။

သူ ဘာစကားမှမဆိုဘဲ သူ့ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်လိုက်ခြင်းပင်!

လူငယ်လေးရဲ့ မောက်မာတဲ့အသံက ရပ်မသွားသေးပေ။

“အဆင့် ၃၀ မှာ ကျင်းမိသားစုဝင်ဆိုလို့ မင်းတစ်ယောက်တည်း ရှိနေလို့သာပေါ့၊ မဟုတ်ရင် ငါက ဘာလို့ မင်းကို အသုံးချနေရမှာလဲ?”

ထို့နောက် သေးငယ်သွားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ထဲကနေ ဆေးပုလင်းတစ်လုံးနဲ့ စာတိုတစ်စောင်ကို သူ ပစ်ချပေးလိုက်သည်။

“ဒီနေ့ ခံရတဲ့ ပြစ်ဒဏ်ရဲ့နာကျင်မှုကို မှတ်ထား!”

“ဒဏ်ရာတွေ ပျောက်သွားရင် ငါ့ရဲ့ မီးပိုးကောင် မြားသုံးစင်းရဲ့ စွမ်းအားတွေပါတဲ့ ဒီ ‘နတ်ဘုရားသတ်မြား’ စာတိုကို သုံးပြီး စုကျိုကိုဆုံးမလိုက်! ငါ အဆင့် ၃၀ က ‘ရင်းမြောင်’ ကိုလည်း မင်းကို ကူညီဖို့ ရှာပေးထားပြီးပြီ၊ မင်းတို့ နှစ်ယောက်ပေါင်းရင်—”

ဒါပေမဲ့ ဒီနေရာမှာတင် ကျင်းချန်ရဲ့ အသံဟာ အံ့ဩသွားပုံနှင့် တုံ့ခနဲ ရပ်သွားသည်။ သူ အံ့ဩမှုကို မဖုံးကွယ်နိုင ်တော့ဘဲ ချက်ချင်းဆိုသလို ဒေါသနှင့် အရှက်တရားတွေ ပြည့်နှက်သွားတော့သည်။

“ဟမ်? ချန်ကန်းပေါင်... မင်း ဘာလို့ ငါ့လက်ချောင်းတွေကို လာဆွဲနေတာလဲ?”

ချွန်ထက်တဲ့ မြားတွေနဲ့သုံးနေရာမှာ ထိုးဖောက်ခံထားရတဲ့ ချန်ကန်းပေါင်: “???”

သူ မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ သူ့ရဲ့သွေးထွက်သံယို ခန္ဓာကိုယ်ကို ကြည့်လိုက်သည်၊ သူ့လက်မောင်းတွေနဲ့ ပုခုံးတွေက ထိုးဖောက်ခံထားရလို့ မ,မနိုင်တော့ဘူးလေ။

ဘယ်သူက ဘယ်ကအားရှိလို့ အစ်ကို့လက်ကို သွားဆွဲမှာလဲ!

ဒါပေမဲ့ ချန်ကန်းပေါင် ပြန်ပြောဖို့ မော့ကြည့်လိုက်တဲ့အခါမှာတော့ သူ မှင်သက်သွားတော့သည်။

သူ့ရှေ့မှာ၊ မမြင်ရတော့လုနီးပါး သေးငယ်သွားတဲ့ ဝိညာဉ်စွမ်းအင် ဝဲဂယက်ရဲ့ အရှေ့မှာ စုကျို ဆိုတဲ့ ဝိညာဉ်သန့် စင်ခြင်းအဆင့်က အောက်တန်းစားကျင့်ကြံသူမလေးဟာ ဘယ်အချိန်ကတည်းက ဘေးကိုရောက်သွားမှန်းမသိပေ။

သူမက ဝဲဂယက်ထဲကို လက်တစ်ဖက်လှမ်းနှိုက်ထားတာပဲ!

“မင်း… လူယုတ်မာ၊ အခုချက်ချင်း လွှတ်စမ်း!”

“မင်းက ဘယ်လိုသတ္တိနဲ့ တယ်လီပို့ အာကာသထဲကို ဝင်လာရတာလဲ? မင်း ရူးနေတာလား? ငါ့လက်ကို ဘာလို့ အဲဒီလိုမျိုး လာကိုင်နေတာလဲ!” ကျင်းချန် ဒေါသတကြီး အော်ဟစ်လိုက်သည်။

ချန်ကန်းပေါင်: “???”

ပိုင်ယို့လု၊ လျို့ကျားနဲ့ ကျန်တဲ့သူတွေ: “...”

စုကျို ဝဲဂယက်ထဲကနေ သူ့လက်ကို အမြန်ပြန်ထုတ်လိုက်ပြီး သူတို့ကို သွားအဖြူလေးတွေ ပေါ်အောင် ပြုံးပြလိုက်သည်။

ကောင်းကင်ယံ အထက်ထပ်နဲ့ အောက်ထပ်ကြားက တယ်လီပို့ ဝဲဂယက်ဟာ လေထုထဲမှာ ကွယ်ပျောက်သွားတော့ သည်။

ချန်ကန်းပေါင် မှင်သက်နေတုန်းမှာပဲ ကျင်းချန်၏ကြိမ်းမောင်းသံက ထပ်ပြီး ပဲ့တင်ထပ်လာပြန်သည်။

“ချန်ကန်းပေါင်၊ ဒီနေ့ ငါ့အပေါ် မင်း လုပ်ခဲ့တဲ့ မရိုသေမှုကို ငါ မှတ်ထားလိုက်ပြီ”

“အကယ်၍ မင်းနဲ့ ရင်းမြောင်တို့ဟာ ငါ့ရဲ့ ရွှေပိုးကောင်ရဲ့ စွမ်းအားတွေပါတဲ့ ‘နတ်ဘုရားသတ်မြား’ စာတိုကို သုံးပြီးတောင် ဒီဝိညာဉ်သန့်စင်ခြင်း ကျင့်ကြံသူမကို မနိုင်ဘူးဆိုရင်တော့... မင်းနဲ့ ငါ စာရင်းရှင်းကြတာပေါ့”

ချန်ကန်းပေါင်: “...” အာ

ကျင်းချန်ရဲ့အသံဟာ လုံးဝ ကွယ်ပျောက်သွားတော့သည်။

အခု ချန်ကန်းပေါင်ကို ပိုပြီး စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ စုကျို ယင်လီတို့ဘက် လှည့်ပြီး နှမြောတသဟန် နှင့် ခေါင်းခါပြနေသည်အား မြင်လိုက်ရသောကြောင့်ပင်။

“ဘာမှ အကောင်းစားမရလိုက်ဘူး”

“နည်းနည်းပဲ ရလိုက်တယ်”

“?”

ချန်ကန်းပေါင် မြေပြင်ကနေ ခက်ခက်ခဲခဲ ထလိုက်ပြီး၊ ကျင်းချန် လှမ်းပစ်ပေးလိုက်တဲ့ တတိယအဆင့် ဆေးလုံးကို အမြန်ကောက်ယူကာ မြိုချလိုက်၏။

အံ့ဩဖို့ကောင်းတာက အောက်ခြေအသင်းသားတွေဟာ သူ ဆေးသောက်ပြီး ဒဏ်ရာကုနေတာကို ဘယ်သူမှ ဂရုမစိုက်ကြတာပဲ။

ဒီအချိန်မှာ လူတိုင်းက စုကျိုထံ စပ်စုချင်စိတ်နဲ့ ဝိုင်းအုံနေကြသည်ပင်!

“ဘာ ရခဲ့တာလဲ?”

“မြန်မြန် ပြစမ်းပါ”

“မတွန်းနဲ့လေ”

“လမ်းပိတ်နေပြီ၊ ကျီကျီ မမြင်ရတော့ဘူး”

“ကျွန်တော့်ကိုလည်း ပေးကြည့်ဦး”

ချန်ကန်းပေါင် ဆေးကို မြိုချလိုက်ပြီး၊ ခန္ဓာကိုယ်ရှိ အပေါက်တွေ လုံးဝ မကျက်သေးခင်မှာတင် သွေးသံရဲရဲနဲ့ စုကျိုတို့နားကို လျှောက်သွားလိုက်သည်။

သူ ခြေဖျားထောက်ပြီး ငုံ့ကြည့်လိုက်ရာ သူ မြင်လိုက်ရချိန်မှာပင် သူရော ကျန်တဲ့လူတွေပါ တစ်ပြိုင်နက်တည်း နောက်ကို လန်ကျသွားတော့သည်။

စုကျိုရဲ့ အမူအရာကမူ့ အေးဆေးပဲ၊ မဟုတ်ဘူး... သူက တကယ့်ကို မကျေမနပ်ဖြစ်နေတယ်လို့ ပြောရမှာပဲ။

“ငါတို့ရဲ့ ကျင့်ကြံမှုအဆင့် ကွာခြားချက်က အရမ်းကြီးနေလို့ထင်တယ်”

“ငါ အနည်းနည်းပဲရခဲ့တာ”

သူ ပြောပြောဆိုဆိုနှင့် သူ့ ညာဘက်လက်အင်္ကျီထဲကနေ ဆွဲထုတ်ပြလိုက်သည်မှာ —

မညီမညာ ပြန့်ကျဲနေတဲ့ ‘ရွှေရောင်လက်ညှိုး ၁ ကနေ ၉’ အထိ ဖြစ်ပြီး၊ တစ်ခုချင်းစီမှာ ဟိုက်ဒြာသိုလှောင်လက်စွပ် တစ်ကွင်းစီ ဝတ်ဆင်ထားတယ်!

ထိုလက်ညှိုး ကိုးချောင်းမှာ အစစ်နှင့်တူလွန်းလှသဖြင့် အသက်ဝင်နေသကဲ့သို့ပင် ရှိတော့သည်။

ဤအောက်တန်းစားကျင့်ကြံသူမသည် ဤမျှအထိ ခေါင်းမာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူမသည် အဆင့် ၃၀ ရှိ ဒေသခံများကိုအသုံးချကာ ပွဲညှိကစားရန် မကြာခဏဝံ့ရဲနေခဲ့သည်။

ထို့ထက် ပိုအံ့ဩဖို့ကောင်းသည်မှာ စုကျိုသည် မသိနားမလည်နိုင်အောင် ဖြစ်နေသလို၊ သူ့ တပည့် ချန်ကန်းပေါင်မှာ လည်းအလားတူပင် ထုံအလှပေသည်။

၎င်းတို့သည် သူ့အား အကျိုးအမြတ်တစ်စုံတစ်ရာ မပေးရုံသာမက သူတို့၏ပွဲညှိကစားမှုများကိုပါ သူ့အား အကာအ ကွယ်ပေးရန် မျှော်လင့်နေကြသည်။

“ကောင်းပြီ... ကောင်းပြီလေ”

ဟူကျဲကျင့် မျက်နှာမှာ မည်းမှောင်သွားသည်။ သူသည် ပုံရိပ်ယောင်မှတစ်ဆင့် ချန်ကန်းပေါင်အား နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ဒီနေ့တော့ ငါ့ရဲ့ ထက်မြက်တဲ့မျက်လုံးတွေနဲ့ မင်းတို့ကို သေသေချာချာ စောင့်ကြည့်နေမယ်”

“သေသေချာချာ တိုက်ကြစမ်း၊ အစွမ်းကုန် ကြိုးစားကြ၊ ခိုးတာဝှက်တာတွေ လုံးဝ ခွင့်မပြုဘူး”

ချန်ကန်းပေါင် : “?”

ဟူကျဲကျင့်သည် သခင်တစ်ရာခန်းမမှ ဖြစ်သည်မှာ ထင်ရှားလှသည်။ ကွင်းပြင်ရှိ သူ့ပုံရိပ်ယောင်နောက်ကွယ်တွင် တပည့်များ မှတ်ပုံတင်သည့် စာအုပ်စင်ကိုမြင်တွေ့နေရသည်။

သူ လက်ကို ဝှေ့ယမ်းလိုက်ရာ ပုံရိပ်ယောင်အတွင်းမှ ကျောက်စိမ်းပိုးကောင်တစ်ကောင်ထွက်ပေါ်လာပြီး ကျောက်စိမ်း သေတ္တာတစ်ခုအတွင်းသို့ ကျရောက်သွားသည်။

“ဒီပွဲရဲ့ အချိန်ကန့်သတ်ချက်ကတော့ ဒီကျောက်စိမ်းပိုးကောင်က ကျောက်စိမ်းသေတ္တာထဲမှာ ပိုးချည်တွေ အပြည့်ငင်ပြီးတဲ့အထိပဲ”

ခန့်မှန်းခြေအားဖြင့် အမွှေးတိုင်တစ်တိုင်စာခန့် အချိန်ရှိသည်။

ဂလောက်

ဂလောက်

အချိန်တွေ အများကြီးပါလား ?

ချန်ကန်းပေါင် ပျာယာခတ်သွားသည်။ အမွှေးတိုင်တစ်တိုင်စာ အချိန်အတွင်း စုကျို၏အထိအတွေ့မှ သူ မည်သို့ လွတ်အောင်ရှောင်နိုင်ပါမည်နည်း။

“ပွဲစစေ”

ဟူကျဲကျင့်က ကျောက်စိမ်းပိုးကောင်ကို တစ်ချက်တောက်လိုက်ရာ ၎င်းသည် သေတ္တာအတွင်း ပိုးချည်များ ချက်ချင်း စတင်ငင်လေတော့သည်။

“မလုပ်နဲ့... မလုပ်နဲ့... မလုပ်နဲ့... စိတ်မလောပါနဲ့ဦး—”

ဟူကျဲကျင့် မျက်ခွံများ လှုပ်ခတ်သွားသည်။ လက်ရှိတွင် သူနှင့်တစ်ဖက်တည်းဖြစ်သော ရင်းမြောင်သည် ရေအိုးကြီးကို ထမ်းလျက်ရှိသည်။ ရင်းမြောင်သည် သူ့ခါးရှိ ဝိညာဉ်ပိုးအိမ်ကို ဘယ်ဘက်လက်ဖြင့် ပုတ်လိုက်ရာ ဝိညာဉ်ပိုးကောင် သည် ကျင်းချန်ပေးသနားထားသော ‘နတ်ဘုရားသတ်မြား’ စာတိုကို ဆန့်ကျင်ဘက်ရှိ စုကျိုထံသို့ ထွေးထုတ်လိုက် လေပြီ။

“...အာ”

ချန်ကန်းပေါင် ညည်းတွားလိုက်မိသည်။

“ချန်ကန်းပေါင်... မင်း ဘာကို ကြောက်နေတာလဲ?”

ရင်းမြောင်သည် သူ့သူငယ်ချင်းဟောင်းမှာ အဘယ်ကြောင့် ဤမျှ သူရဲဘောကြောင်ကာ ကြောင်တောင်တောင် ဖြစ်နေရသည်ကို တကယ်နားမလည်နိုင်တော့ပေ။

“ဟိုကလေးမလေးကိုတော့ မင်းတာဝန်ယူလိုက်! သူက ဝိညာဉ်သန့်စင်ခြင်းအဆင့် အလယ်နဲ့ အနှောင်းပိုင်း လောက်ပဲ ရှိတာ၊ ကလေးလေးတစ်ယောက်ပဲလေ၊ မင်း မကြောက်ပါဘူး ဟုတ်တယ် မှတ်လား?”

ချန်ကန်းပေါင်သည် စုကျိုနှင့် အတန်ငယ်ဝေးသော ကွင်းပြင်၏အရှေ့တောင်ဘက်ထောင့်တွင် ရပ်နေသည့် ဆယ်ကျော်သက်အရွယ် စုကျီကျီကိုကြည့်လိုက်သည်။

“ဒါပေါ့... ငါ မကြောက်ပါဘူး”

သူ စုကျီကျီထံသို့ ခြေတစ်လှမ်းလှမ်းလိုက်ပြီးမှ ဝေခွဲမရသော အမူအရာ ပေါ်လာသည်။

စုကျီကျီ... စုကျို...

သူတို့၏အမည်များကို ကြည့်ခြင်းအားဖြင့် ၎င်းတို့နှစ်ဦးမှာ တော်စပ်မှုရှိနေကြသည်။

စုကျီကျီထံသို့ စာတိုလက်နက် ပစ်လွှတ်မည့် ချန်ကန်းပေါင်၏လှုပ်ရှားမှုမှာ တစ်ချက်နှေးကွေးသွားသည်။

ပါရမီရှိသော ဝိညာဉ်စွမ်းအင်ဟူသည်မှာ များသောအားဖြင့် သွေးမျိုးဆက်ဆက်ခံမှုနှင့် သက်ဆိုင်တတ်သည်။

မိသားစုတစ်ခုတည်းမှ တိုက်ရိုက်ဆင်းသက်လာသူများသည် များသောအားဖြင့် တူညီသော ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်တတ်ကြသည်။

“ညီမလေး... နင့်မှာလည်း နင့်ကျဲလို စွမ်းအားမျိုးမရှိဘူး မဟုတ်လား?”

ချန်ကန်းပေါင်က သတိထား၍ မေးလိုက်သည်။

“အစ်ကိုက နင့်လက်ထဲမှာ အပိုပစ္စည်းတစ်ခု ထပ်ပါသွားမှာမျိုးကို မလိုချင်ဘူး၊ နားလည်တယ်မလား?”

ရင်းမြောင်သည် ‘နတ်ဘုရားသတ်မြား’ စာတိုကို စုကျိုထံသို့ ပစ်လွှတ်လိုက်ပြီးနောက် ရေအိုးကို ထမ်းလျက် စုကျိုထံသို့ ကိုယ်တိုင်ပြေးဝင်သွားတော့သည်။

သို့သော် သူ ပြေးထွက်သွားချိန်မှာပင် ဘေးပတ်ဝန်းကျင်မှ လူများ၏စကားပြောသံများကို ကြားလိုက်ရသည်။

ရင်းမြောင် ဆွံ့အသွားသည်။

ကောင်းပြီလေ... ဒါဆိုရင်လည်း သူတစ်ယောက်တည်းကပဲ နှစ်ယောက်လုံးကိုရင်ဆိုင်လိုက်တာပေါ့။

“စုကျို... သေဖို့သာ ပြင်ထားတော့!”

Chapter 76

“ခေါင်းဆောင်ချန်ရဲ့နတ်ဘုရားသတ်မြှားကို ရှောင်ဖို့ ကြိုးစားနေတာလား? နုသေးတယ်! နင့်မှာ ထွက်ပြေးစရာလမ်းမရှိတော့ဘူး”

ရင်းမြောင်သည် ရေစည်ကြီးကိုမလျက်၊ နတ်ဘုရားသတ်မြားအား ရှောင်တိမ်းရန်ကြိုးစားနေသော စုကျိုထံသို့ ဆယ်လှမ်းအကွာမှနေ၍ စည်ထဲရှိ ဝိညာဉ်ရေများကိုလောင်းချလိုက်တော့သည်!

‘ဝေါ’ ခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ကျသွားသော ဝိညာဉ်ရေများသည် မြူခိုးများကိုထုတ်လွှတ်လိုက်ပြီး စုကျို၏ပတ်ပတ်လည်တွင် စက်ဝိုင်းတစ်ခုရေးဆွဲလိုက်သည်။ ရေငွေ့နှင့် မြူခိုးများတစ်ပြိုင်နက်တည်းထွက်ပေါ်လာပြီးနောက် သစ်ပင်များသည် ချက်ချင်းမြင့်မားစွာ ပေါက်ရောက်လာကြပြီး စုကျိုမြင်ကွင်းနှင့် ထွက်ပြေးလမ်းကြောင်းအားလုံးကို ပိတ်ဆို့လိုက်တော့သည်။

“နောက်ကျသွားပြီ၊ နင် ခေါင်းဆောင်ချန်ရဲ့မြှားလောက်တောင်မမြန်ဘူး၊ ငါ့ရဲ့ ‘ရေက သစ်သားကို အာဟာရဖြစ်စေခြင်း’ ဆိုတဲ့ ပါရမီကိုလည်း ခုခံနိုင်မှာမဟုတ်ဘူး!”

-

【 ရင်းမြောင်ရဲ့စွမ်းရည်က တကယ်စိတ်အနှောင့်အယှက် ဖြစ်စရာပဲ၊ ရေရှိတဲ့ ဘယ်နေရာမှာမဆို သစ်သားနံရံကြီး တစ်ခုလုံးကို ဖန်တီးနိုင်တာကိုး၊ တော်သေးတာက သူ ပြိုင်ပွဲကွင်းထဲကို ယူလာနိုင်တဲ့ ရေပမာဏက ကန့်သတ်ချက်ရှိနေလို့ပေါ့】

【 ဟုတ်တယ်၊ အမွှေးတိုင် တစ်ဝက်စာလောက် ကြာရင် သူ့မှာ ရေကုန်သွားလိမ့်မယ်၊ သူ့မှာ ဝိညာဉ်အိတ် ၁၂ အိတ်နဲ့ အပြင်ဘက် ရေကန်တစ်ခု ပါပေမဲ့၊ သူ့ရဲ့ ရေကိုသုံးတဲ့ ပါရမီကို အများဆုံး အမွှေးတိုင်တစ်ဝက်စာပဲ ထောက်ပံ့ပေးနိုင်တာ】

【 သူ တောင့်ခံထားရမယ်၊ ဒီအမျိုးသမီး ကျင့်ကြံသူက ဝိညာဉ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတာလေ! 】

【ဟုတ်တယ်၊ ပြီးခဲ့တဲ့တစ်ခေါက်က ငါအခြေခံအဆင့် ၅ မှာ ရှိနေတုန်းကတောင် ရင်းမြောင်ကို မနည်းတောင့်ခံခဲ့ရတာ】

【နှုတ်ဆက်ပါတယ်၊ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေးရေ】

【သူမ ထွက်လို့မရတော့ဘူး... နောက်ဆုတ်စရာ လမ်းလည်းမရှိတော့ဘူး၊ သူမက မြှားရဲ့တိုက်ခိုက်မှုအကွာအဝေးထဲကို ရောက်နေပြီ!】

ဤဝိညာဉ်စာသားများသည် လျင်မြန်စွာပျံတက်လာကြပြီး အချို့မှာ သိသိသာသာပင် အခပေး VIP မှတ်ချက်များ ဖြစ်ကြသည်။ ၎င်းတို့အား လုံးသည် ပြိုင်ပွဲကွင်းဆီသို့ပျံတက်လာကြပြီး လက်ရှိတွင် ရေမြူခိုးများနှင့်သစ်သားနံရံများဝန်းရံခြင်းခံထားရသော စုကျိုပုံရိပ်ပေါ်တွင် တညီတညွတ်တည်းရွေ့လျားနေကြသည်။

【နှုတ်ဆက်ပါတယ်၊ ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေးရေ】

“နှုတ်ဆက်ပါတယ်...”

ရင်းမြောင် နှုတ်ခမ်းများက အပြုံးတစ်ခုအဖြစ်တွန့်ကွေးသွားပြီး သူ၏ညိုမည်းသန်မာသော မျက်နှာထက်ယုံကြည်ချက်များ ပြည့်နှက်နေသည်။

သို့သော် ခဏချင်းမှာပင် ‘ဖလပ်’ ခနဲ အသံအေးအေးလေးနှင့်အတူ စက်ဝိုင်းပုံစံ အစီအရင်အတွင်းရှိ မြူခိုးများနှင့် သစ်သားများကြားမှ ဝတ်ရုံနီဝတ်ဆင်ထားသောပုံရိပ်တစ်ခုသည် အစိမ်းနုရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦးကို ပွေ့ချီလျက်ခုန်ထွက်လာသည်။

မြူခိုးများနှင့် သစ်သားများအားလုံး တစစီကြေမွသွားတော့သည်။

ဝတ်ရုံနီကြီးမှာလေထဲ တဖျတ်ဖျတ်လွင့်နေပြီး နေမင်းကိုပင် ကွယ်လိုက်သယောင်ရှိနေသည်။

ရင်းမြောင်မှာ “ဟင်” ဟုသာ ရေရွတ်နိုင်တော့သည်။

ထိုသူသည် မြေပြင်ပေါ်သို့ ခြေဗလာဖြင့် ‘ဒုန်း’ ခနဲ မြည်အောင် ဆင်းသက်လိုက်သည်။

သူ့မျက်လုံးထောင့်ရှိ အနီရောင် ကင်းမြီးကောက်အမြီးပုံ အမှတ်အသားများက သူ့ ကြည်လင်တောက်ပသော မြရောင်မျက်လုံးများကို ပိုမိုပေါ်လွင်စေပြီး သူ့အားအေးစက်လှပသော အသွင်ကို ဆောင်စေသည်။

သူသည် အမျိုးသမီးအား သူ့ရင်ခွင်ထဲတွင် ပွေ့ချီထားသည်။

“ကျေးဇူးပဲ ချန်ယွမ်”

စုကျို ချီးကျူးသည့်အနေဖြင့် သူ့ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။

ချန်ယွမ် ခေါင်းငုံ့လိုက်ပြီး သူမက သူ့ဆံပင်ကို ပွတ်သပ်ပေးနေစဉ် မျက်လုံးများကို သက်သောင့်သက်သာဖြင့် မှေးစက်ထားသည်။

ရင်းမြောင်မှာ မှင်သက်သွားပြီးနောက် ရုတ်တရက်သတိပြန်ဝင်လာသည်။ သူသည် ရေစည်ထဲမှရေများကို စုကျိုနှင့် ချန်ယွမ်ထံသို့ ဆက်လက် လောင်းချရင်း ရွတ်ဆိုလိုက်သည်။

“ရေက သစ်သားကို အာဟာရဖြစ်စေတယ်!”

“ရေက သစ်သားကို အာဟာရဖြစ်စေတယ်!”

တစ်ပြိုင်နက်တည်းမှာပင် သူ့ လက်ချောင်းများဖြင့် အစီအရင်ပြုလုပ်ကာ အစအနရှာမရအောင် ပျောက်ကွယ်သွားသော ဒုတိယအဆင့် နတ်ဘုရားသတ်မြှားကို ရူးသွပ်စွာဆင့်ခေါ်လိုက်ပြန်သည်။

“ဟင်၊ ဒါက လှုပ်နေတာလား?”

“နင် ဒါကို ဆင့်ခေါ်နေတာလား?”

စုကျိုပြုံးလိုက်ပြီး ချန်ယွမ့်ရင်ခွင်ထဲမှနေ၍ သူ့ ညာဘက်လက်ကို ရင်းမြောင်ထံသို့မြှောက်ပြလိုက်သည်။

ရင်းမြောင် မျက်မှောင်ကြုတ်သွားပြီးနောက် ခဏချင်းမှာပင် သူ့မျက်လုံးများ ပြူးကျယ်သွားရသည်။

သူမ ညာဘက်လက်ထဲ အမျိုးသားတစ်ဦး၏လက်ချောင်းနှစ်ချောင်း (တစ်ခုကရှည်ပြီး တစ်ခုကမူ တိုသည်) ကို တူတစ်စုံကဲ့သို့ ကိုင်ထားခြင်းကြောင့်ပင်!

၎င်းမှာ တူတစ်စုံကဲ့သို့ပင် သူအစောပိုင်း ပစ်လွှတ်လိုက်သော နတ်ဘုရားသတ်မြှားအားညှပ်ထားခြင်းဖြစ်သည်!

တစ်ချိန်တည်းမှာပင် ရင်းမြောင်လောင်းချလိုက်သော ဝိညာဉ်ရေများသည် သူ့ ‘ရေက သစ်သားကို ပေါက်စေသည်’ ဆိုသော ပါရမီ၏ အကူအညီဖြင့် စုကျိုထံသို့ကျဆင်းလာသည်။

သို့သော် ချန်ယွမ် ရင်ခွင်ထဲရှိနေဆဲဖြစ်သော စုကျိုမှာ သူ့ဘယ်ဘက်လက်ကိုလည်း မြှောက်လိုက်ပြီး တူတစ်စုံကိုကိုင်လိုက်ပြန်သည်။

နောက်တစ်ကြိမ်တွင်လည်း အမျိုးသားလက်ချောင်းနှစ်ချောင်းသည် တူတစ်စုံကဲ့သို့ပင် သူမ ခေါင်းပေါ်သို့ ကျလာသော ရေများကို ဟင်းရွက်တစ်ရွက်ကို ဖမ်းညှပ်လိုက်သကဲ့သို့ ‘တပ်’ ခနဲဖမ်းချုပ်လိုက်သည်!!!

ရင်းမြောင်မှာ “???” ဟုသာ ဆိုနိုင်သည်။

【 ??? 】

【 !! 】

【 ?????? 】

【 သောက်ကျိုးနည်း!!! 】

စုကျိုအားို ဝန်းရံထားသော ‘နှုတ်ဆက်ပါတယ် ဝိညာဉ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမလေးရေ’ ဆိုသည့် စာတန်းများမှာ ရေစက်များကဲ့သို့ ပျောက်ကွယ်သွားပြီး အံ့အားသင့်ကြောင်း ဖော်ပြသည့် မှတ်ချက်များစွာကျန်ရစ်ခဲ့သည်။

စုကျို ရင်းမြောင်ကိုကြည့်ကာ ပြုံးလိုက်ပြီး သူ့ သိုလှောင်အိတ်ထဲရှိ ပစ္စည်းများကိုစစ်ဆေးလိုက်သည်။

【 ဝိညာဉ်သန့်စင်ခြင်းအဆင့် ချန်ကန်းဘယ်ဘက်လက်ခလယ်: ဝိညာဉ်သန့်စင်ခြင်းအဆင့် အထွတ်အထိပ် စွမ်းအားရှိသည်။ ဒုတိယအဆင့် မှော်လက်နက်နှင့် ဆင်တူပြီး မီးဓာတ်ရှိသည်။ 】

【 မှော်လက်နက်အဖြစ် အသုံးပြုနိုင်သလို ချန်ကန်းမူလခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်၍ ချန်ကန်း၏မှော်လက်နက်များကိုလည်း စေခိုင်းနိုင်သည်။ 】

【 ဝိညာဉ်သန့်စင်ခြင်းအဆင့် ချန်ကန်းဘယ်ဘက်လက်ညှိုး: ဝိညာဉ်သန့်စင်ခြင်းအဆင့် အထွတ်အထိပ်စွမ်းအားရှိသည်။ ဒုတိယအဆင့်မှော် လက်နက်နှင့် ဆင်တူပြီး မီးဓာတ်ရှိသည်။ 】

【 မှော်လက်နက်အဖြစ် အသုံးပြုနိုင်သလို ချန်ကန်း မူလခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်၍ ချန်ကန်း၏ မှော်လက်နက်များကိုလည်း စေခိုင်းနိုင်သည်။ 】

ဤမိတ္တူကူးယူမှု အမှားကို မည်သို့ဖော်ပြရမည်နည်း?

စုကျိုမှာ ယခင်က ဤသို့ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူ ချန်ကန်းကိုထိတွေ့ခဲ့သော်လည်း သူတို့၏စွမ်းအားကွာခြားချက်ကြောင့် သူ့အနေဖြင့် ၎င်း၏လက်ချောင်းနှစ်ချောင်းကိုသာ ရရှိခဲ့သည်။

သို့သော် သူ့ ရှေ့တွင်ရှိနေသော သရဲတစ္ဆေအလားဖြစ်နေသည့် ရင်းမြောင်ကိုကြည့်ကာ သူမ ပြုံးလိုက်သည်။

“အတင်းအဓမ္မ မရုန်းကန်ပါနဲ့တော”

“အရှုံးပေးလိုက်စမ်းပါ”

“ငါတို့နှစ်ယောက်လုံး အခြေခံအဆင့်မှာပဲ ရှိကြပေမဲ့၊ နင့်ရဲ့ ရေနဲ့ သစ်သားပါရမီတွေက ငါ့ရဲ့ ရွှေရောင် အခြေခံအဆင့် အထွတ်အထိပ် မီးဓာတ်လက်ချောင်း နှစ်ချောင်းရှေ့မှာ လုံးဝကို အရှုံးပေးလိုက်ရပြီ”

ရင်းမြောင်မှာ “???” ဟုသာ ဖြစ်နေပြီး ဘာဖြစ်သွားမှန်း မသိတော့ပေ။

“သစ်သားက မီးကိုပိုတောက်စေတယ်ဆိုတာ နင် နားလည်တယ်မလား?”

“နင် သစ်သားတွေကို ပိုပြီး ဖန်တီးလေလေ၊ ငါ့ရဲ့ ရွှေရောင် မီးဓာတ်လက်ချောင်းတွေက ပိုပြီးတော့ အားကောင်းလာလေလေပဲ” စုကျို ပြတ်သားစွာပြောလိုက်သည်။

ရင်းမြောင်မျက်နှာပေါ်ရှိ အားကြီးသော ကင်းခြေများပုံသဏ္ဌာန် အမာရွတ်ကြီးမှာ ခဏမျှ တွန့်လိမ်သွားတော့သည်။

သူသည် ကြောက်မက်ဖွယ်ကောင်းသော ငါးပွင့်ဆိုင် မိစ္ဆာတစ်ကောင် ရုတ်တရက်ပေါ်လာချိန်ထက်ပင် ယခု စုကျိုလုပ်ရပ်ကြောင့် ပိုထိတ်လန့် တုန်လှုပ်သွားရသည်။

“ဘာ... ဘာ... ရွှေရောင်... ဘယ်သူ့လက်ချောင်းတွေအကြောင်း ပြောနေတာလဲ...”

ရင်းမြောင် လက်ချောင်းများဖြင့် မည်သို့ပင် အစီအရင်ပြုလုပ်စေကာမူ စုကျိုက သူမ ညှပ်ထားသော နတ်ဘုရားသတ်မြှားကို လုံးဝလှုပ်မရအောင် ထိန်းချုပ်ထားပြီး ရင်းမြောင်ဘက်သို့ပြန်လည်ချိန်ရွယ်လိုက်သည်။

“ပြီးတော့... တိတ်တဆိတ် အစီအရင်တွေ လုပ်နေတာကို ရပ်လိုက်လို့ရမလား၊ ဟင်?”

“ခဏခဏလှုပ်နေတာ တကယ်စိတ်အနှောင့်အယှက်ဖြစ်စရာကြီး”

ရင်းမြောင်သည် သူ့ လက်ထဲမှ လက်ချောင်းကြီးများကိုစိုက်ကြည့်နေမိသည်။

သူ့လက်ချောင်းကြီးနှစ်ခုကြားတွင် ညှပ်ထားသော နတ်ဘုရားသတ်မြှားပေါ်ရှိ ဝိညာဉ်ပိုးဖလံအမှတ်အသားမှာ ချက်ချင်းမှိန်ဖျော့သွားတော့သည်။

စုကျို ချန်ယွမ် ရင်ခွင်ထဲမှနေ၍ ရင်းမြောင်ကိုကြည့်ကာ ခေါင်းခါပြလိုက်သည်။

“နင် တကယ်နုသေးတာပဲ၊ ချန်ကန်းရေးထားတဲ့ ဂါထာကိုသုံးပြီး ငါ့ဆီက ချန်ကန်းရဲ့လက်ချောင်းတွေကို တိုက်ခိုက်ဖို့ ကြိုးစားနေတာလား...”

“ချန်ကန်းက သူဖန်တီးထားတဲ့ မှော်ပစ္စည်းတွေအားလုံးကိုစေခိုင်းနိုင်တယ်ဆိုတာ နင် မသိဘူးလား? မီးဓာတ်ဂါထာက မီးဓာတ်လက်ချောင်းကို အနိုင်ရလိမ့်မယ်လို့ နင် တကယ်ထင်နေတာလား?”

“!”

ရင်းမြောင်သည် စုကျို လက်များကို စိုက်ကြည့်လိုက်သည်။

ဒါကြောင့်ကိုး... သူ ချန်ကန်းရဲ့ဂါထာကိုသုံးပြီး ချန်ကန်းရဲ့လက်ချောင်းကို သွားတိုက်မိတာကိုး!

ဒါကြောင့်လည်း တိုက်ခိုက်မှုကအလုပ်မဖြစ်ခဲ့တာကိုး!

ဒါကြောင့်ကိုး...

ရင်းမြောင်ချက်ချင်းအခြေအနေကို သဘောပေါက်သွားပြီး ခေါင်းညိတ်လိုက်မိသည်။ သူ အဆုံးသတ်လှည့်ကွက်ဖြစ်သော ‘ရေက သစ်သားကို ပေါက်စေသည့် စက်ဝိုင်းချုပ်နှောင်မှုအစီအရင်’ ဘာကြောင့် မအောင်မြင်ခဲ့သနည်း ? ချန်ကန်းပေးထားသော ‘နတ်ဘုရားသတ်မြှား’ အဘယ့်ကြောင့် အလုပ်မဖြစ်ခဲ့သနည်းဆိုသည်မှာ ယခုမူ ရှင်းသွားပြီဖြစ်သည်။

ဒီစုကျိုဆီမှာ ချန်ကန်းရဲ့ အခြေခံအဆင့် အထွတ်အထိပ် မီးဓာတ်လက်ချောင်းကြီးတွေရှိနေတာကိုး!

ရင်းမြောင် ခေါင်းညိတ်နေရင်းမှ တစ်ဝက်မှာတင် ရုတ်တရက်တောင့်ခဲသွားသည်။

သူ့ထိတ်လန့်တုန်လှုပ်နေသော အကြည့်များသည် သူမ လက်ထဲရှိ တူအလားဖြစ်နေသော လက်ချောင်းကြီးနှစ်ခုဆီမှ စုကျို၏ နုနယ်တည် ငြိမ်သော မျက်နှာထံသို့ ပြောင်းလဲသွားသည်။

ဟင် !?

“ဘယ်... ဘယ်လိုလုပ်ပြီး... အား... ဒါတွေက ဘယ်ကနေ ရောက်လာတာလဲ?!”

All Chapters