← Chapters

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

အခန်း (၇၇-၇၈)

Vol. 8 Ch. 77-78

Chapter 77

ကွင်းပြင်ပေါ်ရှိ လေးယောက်ယှဉ်ပြိုင်သည့် တိုက်ပွဲမှာ အဆုံးသတ်ရန် နီးကပ်လာခဲ့ပြီ ဖြစ်သည်။

ရင်းမြောင်တစ်ယောက် အံ့ဩမှင်သက်နေစဉ်မှာပင် စုကျိုသည် ရွှေရောင်လက်ညှိုးလေးချောင်းကို အသုံးပြုကာ ‘နတ်ဘုရားသတ်မြား’ စာတိုကို သူ့ထံသို့ ပြန်လည်ပစ်လွှတ်လိုက်သည်။

“ငါ့ရဲ့ ရွှေရောင်အမိန့်တော်ကို နာခံစမ်း... သွားစမ်း၊ နတ်ဘုရားသတ်မြား!” စုကျို အားပါပါ အော်ဟစ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ‘နတ်ဘုရားသတ်မြား’ စာတိုသည် ၎င်း၏ တကယ့်သခင်က စေခိုင်းလိုက်သကဲ့သို့ပင် အရှိန်အဟုန်ပြင်းစွာဖြင့် လေထုကို ဖြတ်သန်းကာ ရင်းမြောင်အား ‘ဒိုင်း’ ခနဲ ထိမှန်သွားပြီး... ကွင်းပြင်ကြမ်းပြင်ပေါ်သို့ တစ်ပါတည်း ရိုက်နှက်ကပ်လိုက်လေတော့သည်။

“ကျင်းချန်ကိုလည်း ပြောပေးဦး၊ ငါ စုကျိုက အဆင့် ၃၀ မှာ သူလာမှာကို စောင့်နေမယ်လို့”

စုကျို ပြုံးလျက်ပြောလိုက်သည်။

ထိုအချိန်တွင် စုကျီကျီနှင့် ဟန်ပြတိုက်ခိုက်ရင်း အချိန်ဆွဲနေသော ကျင်းကန်းပေါင်သည်လည်း လှုပ်ရှားမှုများကိုအလျှင်အမြန် ရပ်တန့်လိုက်ရသည်။

“ပြီးပြီလား?” စုကျို လက်နှစ်ဖက်ကို နောက်ပစ်ကာ မေးလိုက်သည်။

“ဆက်တိုက်ချင်သေးလို့လား?”

ကွင်းပြင်ပေါ်တွင် မြားဖြင့် အသားကျနေသော ရင်းမြောင် “...”

သူ့ဘေးတွင် သေချင်ယောင်ဆောင်လဲနေသော ကျင်းကန်းပေါင်ကမူ ခေါင်းထောင်လာခဲ့သည်။

“ပြီးပါပြီ၊ ငါတို့ ရှုံးပြီ”

[...]

[ အို... ဘုရားရေ ]

[ငါတော့ တကယ်ကို သွေးအန်ချင်တော့တာပဲ! ဒီပွဲနှစ်ပွဲကို ကြည့်ဖို့ ဝိညာဉ်ကျောက်တုံး တစ်ရာတောင် အကုန်ခံထားရတာ၊ အခုတော့ ငိုချင်လာပြီ]

[ ငါ ခဏလေး အပြင်ထွက်သွားတဲ့အချိန်မှာ ဘယ်လိုဖြစ်ပြီး ပွဲက ပြီးသွားရတာလဲ? ဘာတွေဖြစ်သွားတာလဲ? သိတဲ့ ညီငယ်လေးတွေရှိရင် ပြောပြပေးကြပါဦး]

[ ...ရင်းမြောင်က ကျင့်ကြံသူမလေးကို ‘နတ်ဘုရားသတ်မြား’စာတိုနဲ့ပစ်လိုက်တာလေ၊ ဒါပေမဲ့ သူကိုယ်တိုင် အဲဒါကိုအသက်မသွင်းနိုင်ဘူး! အဲဒါနဲ့ ကျင့်ကြံသူမလေးက ပြန်ပစ်လိုက်တာ သူ ထိသွားတာပဲ ]

[ ကျင်းကန်းပေါင်ကတော့ ဘာမှတောင် မလုပ်ရသေးဘဲ ရှုံးသွားတာ ]

[...]

[...]

[ ဒီပွဲကို ဆုံးဖြတ်တဲ့ အုပ်ချုပ်ရေးမှုးက မျက်စိကန်းနေတာလား?! ]

စုကျို မှတ်ချက်များကိုကြည့်ကာ ရယ်ချင်သွားမိသည်။

“ဟမ်၊ သူတို့က ငါ့ရဲ့ ရွှေရောင်လက်မကို မမြင်ကြဘူးလား? ငါတို့ပြောနေတာတွေကိုကော မကြားကြဘူးလား ?”

စုကျီကျီကမူ ဝိညာဉ်စစ်ဆေးရေးလက်ပတ်ကို တစ်ချက်ကြည့်ပြီး ချက်ချင်းနားလည်သွားသည်။ “

ကျဲ... ဒီပြသမှုကို ကြည့်ဖို့ ဝိညာဉ်ကျောက်တုံးဝယ်တဲ့နေရာမှာ ရေးထားတာက၊ ဝိညာဉ်ကျောက်တုံး ၅၀ ပေးရင် ပွဲကိုကြည့်လို့ရပေမဲ့ ဝါးတားတားပုံရိပ်ပဲ မြင်ရမှာတဲ့”

“တစ်နှစ်စာ ကြေး ဝိညာဉ်ကျောက်တုံး ၁ သိန်းသွင်းမှသာ ကြည်လင်ပြတ်သားတဲ့ ဗားရှင်းကိုကြည့်လို့ရမှာ”

“တကယ်လို့... ဝိညာဉ်ကျောက်တုံး ၁ သန်းလောက်သွင်းမယ်ဆိုရင်တော့ ‘အစစ်အမှန် ခံစားမှုဗားရှင်း’ ကို ကြည့်လို့ရမယ်၊ အဲဒါက ကွင်းထဲမှာ ကိုယ်တိုင်ရှိနေသလိုခံစားရမယ့် အိမ်မက်ဆန်ဆန်မြင်ကွင်းမျိုးတဲ့”

စုကျိုသည် ဝိညာဉ်ပိုးဖလံဂေဟာကိုအထင်ကြီးသွားမိသည်။ အဆင့် ၃၀ သည် ပထမထပ်ထက်စာလျှင် ပိုက်ဆံရှာနည်းများ ပိုမိုစုံလင်လှ ပေသည်။

သို့သော် စိတ်ဝင်စားစရာတော့ ကောင်းလှသည်။

သူမသာ ဤမျှအထိ ကပ်စေးမနှဲပါက ‘အစစ်အမှန် ခံစားမှုဗားရှင်း’ ကို စမ်းကြည့်မိမှာ သေချာသည်။

“ဒါပေမဲ့ အသံတော့ မပါဘူး၊ ပုံရိပ်ပဲပါတာ” စုကျီကျီက ခဏကြာ ကြည့်ပြီးနောက် စိတ်မကောင်းစွာဖြင့်ပြောပြလာသည်။

“ဘာလို့လဲဆိုတော့ အရင်တုန်းက ပွဲတွေကို ထုတ်လွှင့်တဲ့အခါ တပည့်တွေရဲ့စကားပြောသံတွေ ပါသွားလို့ အဓိက မိသားစုကြီးအချို့ရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကြားကုန်ဖူးလို့တဲ့၊ အဲဒါကြောင့် မိသားစုကြီးတွေ အတူတူကန့်ကွက်လို့ အသံလွှင့်တာကို ဖြုတ်လိုက်တာ”

ထိုစကားကို ကြားလိုက်ရသောအခါ စုကျိုမှာ နှမြောတသသော အမူအရာပေါ်လာသည်။ “

အသံလည်း မပါဘဲနဲ့ ‘အစစ်အမှန် ခံစားမှုဗားရှင်း’ လို့ ခေါ်ရဲသေးတယ်၊ တကယ့် အလိမ်အညာတွေပဲ”

ကံကောင်းစွာဖြင့် သူမထံ ဝိညာဉ်ကျောက်တုံး ၁ သန်း မရှိပေ။

မဟုတ်လျှင် သူမ စိတ်လိုက်မာန်ပါ သွင်းမိပြီး ချက်ချင်းနောင်တရနေလောက်ပြီဖြစ်သည်။ အဘယ်ကြောင့် ပိုးချည်ငင်သည့် အလုပ်ကို လုပ်နေရမည်နည်း ? လူလိမ်စားရခြင်းမှာ ပိုမြန်ဆန်လှပေသည်။

“ဟမ်၊ မပြီးသေးဘူးလား?”

စုကျိုသည် ထုတ်လွှင့်ပြသမှုကို လေ့လာကြည့်ရာ ရလဒ်ကြေညာခြင်း မရှိသေးသဖြင့် ချန်ယွမ်ပေါ်မှ ဆင်းကာ မြေပြင်ပေါ်ရှိ အလောင်းနှစ်လောင်းကို စပ်စုချင်စိတ်ဖြင့် သွားကြည့်လိုက်သည်။

သူမ ချဉ်းကပ်လာသည်ကို မြင်သောအခါ ကျင်းကန်းပေါင်မှာ ဝုန်းခနဲထရပ်လိုက်သည်။

“မဟုတ်ဘူး၊ ထပ်ပြီး အနားမတိုးပါနဲ့တော့! ငါတို့ အေးအေးဆေးဆေး စကားပြောကြရအောင်လေ... လက်ကြီးနဲ့တော့ လှမ်းမကိုင်ပါနဲ့!”

စုကျို တစ်လှမ်းတိုးတိုင်း သူ သုံးလှမ်းခန့်ဆုတ်လေသည်။

မြေပြင်ပေါ်တွင်လဲနေသော ရင်းမြောင်မှာလည်း ကျင်းကန်းပေါင် တစ်ခုခုကို မိမိထက်ပိုသိနေမှန်း ချက်ချင်းရိပ်မိသွားသည်။

သူ ဘာကို စောင့်နေရဦးမည်နည်း?!

သူသည် ချက်ချင်းပင် ဆေးလုံးတစ်လုံးကိုမျိုချလိုက်ပြီး သွေးသံရဲရဲဖြင့် မြေပြင်ပေါ် နောက်သို့တွားသွားရင်း

“အနားမလာနဲ့... လာချင်လာ၊ ဒါပေမဲ့ ငါ့လက်ချောင်းတွေနားကိုတော့ အနားမလာနဲ့ဦး...”

တစ်ယောက်က ပြေး၊ တစ်ယောက်က တွားရင်း သူတို့နှစ်ဦးမှာ အသည်းအသန်ထွက်ပြေးကြလေတော့သည်။

တစ်ယောက်ထက် တစ်ယောက် ပိုသနားစရာကောင်းနေတော့သည်။

[ ??? ]

[ ...အုပ်ချုပ်ရေးမှုးဟူ ဘယ်ရောက်နေတာလဲ? မြန်မြန်လုပ်ပြီး ပွဲပြီးကြောင်းကြေညာပေးပါတော့! ငါတော့ ဆက်ကြည့်ဖို့ အားမရှိတော့ဘူး! ] “

ငါတို့ အဆင့် ၃၀ အခြေခံအဆင့်က တပည့်တွေရဲ့ သိက္ခာတော့ ကျင်းကန်းပေါင်နဲ့ရင်းမြောင်လက်ထဲ အကုန်ပြောင်ပြီ”

“နောက်တစ်ခါကျရင် အရည်အချင်းမရှိတဲ့သူတွေ တခြားသူကိုလိုက်မစိန်ခေါ်နဲ့ဦး၊ ဟုတ်ပြီလား?!”

“အုပ်ချုပ်ရေးမှုးဟူ၊ သူတို့ကို တိုင်ပေးပါ! ကျွန်တော် တိုင်မှာနော်!”

“အုပ်ချုပ်ရေးမှုးဟူ! သူတို့ ဘယ်မှာလဲ?!”

ပုံရိပ်ယောင်ထဲရှိ ဒိုင်လူကြီးဟူကျဲကျင့်မှာ မျက်နှာပျက်နေသည်။

သူသည် အမြဲတမ်းလိမ်လည်လှည့်ဖြားတတ်သူ တစ်ဦးဖြစ်သည်။ ပြိုင်ပွဲအတွင်း အရည်အသွေးမြင့်ပုံရိပ်များကြည့်ရှုရန် အသုံးပြုရမည့် အများပိုင်ရန်ပုံငွေများကို သူ့ကိုယ်ပိုင်မှော်လက်နက်များ ဝယ်ယူရန်အတွက် အလွဲသုံးစားလုပ်ထားသည်မှာကြာပြီဖြစ်သည်။

ယခုမူ ဟူကျဲကျင့်သည် သူကိုယ်တိုင်ပင်လျှင် (သူ့ဘိုးဘေးများပင် သိနိုင်မည်မဟုတ်သကဲ့သို့) ဤပြိုင်ပွဲကို နားမလည်နိုင်တော့ကြောင်း သိလိုက်ရသည်။

စုကျိုက မှော်လက်နက်နှစ်ခုတည်းနဲ့ အနိုင်ရသွားတာလား?

မယုံနိုင်စရာပင်!

သူ သေသေချာချာ မမြင်လိုက်ရပေ!

မှော်လက်နက်နှစ်ခုတည်းနှင့် အနိုင်ရသည်ဆိုသည်မှာ ဟူကျဲကျင့်အတွက်တော့ အဓိပ္ပာယ်မရှိလွန်းလှချေ။

ထို့အပြင် ကျင်းကန်းပေါင်မှာလည်း တိုက်ပွဲတွင် အလွန်ပင် မတက်မကြွဖြစ်နေကာ စုကျီကျီအားလက်ဖျားနှင့်ပင် မထိခဲ့ပေ။ ဤသည်မှာ ပွဲညှိကစားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

ဟူကျဲကျင့်သည် မျက်နှာပျက်ပျက်ဖြင့် ပိုးအိမ်သေတ္တာကို ဘန်းခနဲ ဆွဲပိတ်လိုက်ပြီး ပြိုင်ပွဲပြီးဆုံးကြောင်း ချက်ချင်းကြေညာလိုက်တော့သည်။

ကွင်းပြင်တိုက်ပွဲ၏ရလဒ်များမှာ လေထုထဲတွင် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

[ အောက်ခြေအသင်း၊ စုကျိုနှင့် စုကျီကျီ အနိုင်ရသည်! ]

[ စုကျို ဝိညာဉ်ကျောက်တုံး ၂၈,၀၀၀ ရရှိသည်! ]

[ စုကျီကျီ ဝိညာဉ်ကျောက်တုံး ၂,၀၀၀ ရရှိသည်! ]

စုကျိုနှင့် စုကျီကျီတို့မှာ အလွန်ဝမ်းသာသွားကြသည်။

ချက်ချင်းဆိုသလိုပင် ရင်းမြောင်နှင့် ကျင်းကန်းပေါင်၏နဖူးပေါ်ရှိ နံပါတ်ဝိညာဉ်အမှတ်အသားများမှ အနက်ရောင်ဝိညာဉ်စွမ်းအင် တစ်မျှင်စီ ထွက်ပေါ်လာပြီး စုကျိုနှင့် စုကျီကျီမျက်ခုံးကြားရှိ နံပါတ်များအတွင်းသို့ စီးဝင်သွားတော့သည်။

[ အောက်ခြေအသင်း: ၃၇၉ → ၃၃၃ ]

[ ကောင်းကင်လက်နက်အသင်း: ၃၇၃ → ၃၉၉ ]

[ အထီးကျန်အသင်း: ၃၀၀ → ၃၁၂ ]

သို့သော် မကြာမီမှာပင် ဟူကျဲကျင့်၏အေးစက်သောအသံ ထွက်ပေါ်လာသည် - “ရင်းမြောင်၊ ကျင်းကန်းပေါင်... မင်းတို့နှစ်ယောက် သခင်တစ်ရာခန်းမကို ချက်ချင်းလာခဲ့ကြစမ်း၊ တပည့်တွေက မင်းတို့ ပွဲညှိကစားတယ်လို့ သံသယရှိနေကြပြီ လာဖြေရှင်းကြဦး”

ရင်းမြောင်နှင့် ကျင်းကန်းပေါင် - “?”

စုကျိုနှင့် စုကျီကျီတို့မှာမူ စင်ပေါ်မှ ဆင်းလာခဲ့ပြီး ယင်လီတို့နှင့် လက်သီးချင်းတိုက်ကာ အောင်ပွဲခံလိုက်ကြသည်။

ယင်လီသည် ကျူးပိုင်ယွီကျောက်စိမ်းခါးပတ်ကို လက်တစ်ဖက်ဖြင့်ကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် လိုကျားး၏ဘုန်းကြီးသုံးတောင်ဝှေးကို ဖိထားသည်။

“အားကျို... စီနီယာအစ်ကိုလိုကျားး ပြောတယ်၊ နင် တကယ်မိုက်တာပဲတဲ့၊ သူတောင် နင့်ကို တော်တော်သဘောကျသွားပြီတဲ့”

“ကျူးပိုင်ယွီလည်း ကြည့်ရတာ တကယ်ကျေနပ်စရာကောင်းတယ်တဲ့၊ တစ်နေ့လုံး စိတ်တိုနေသမျှတွေ အကုန်ပျောက်သွားပြီတဲ့၊ သူ နင့်ဘေးမှာပဲ ထာဝရ နေချင်တော့တယ်တဲ့”

လိုကျားး : “...”

“ဂျူနီယာညီမ၊ လျှောက်မပြောနဲ့” သူ မျက်နှာလွှဲလိုက်သော်လည်း နားရွက်များမှာ နီရဲနေသည်။

ကျူးပိုင်ယွီ : “...မဟုတ်ဘူး၊ ငါက တခြားသူ ဒုက္ခရောက်တာကို ကြည့်ပြီး ပျော်နေတဲ့လူမျိုးလား?”

သူတို့စကားပြောပြီးသည်နှင့် သုံးယောက်လုံးမှာ မိမိတို့အားစိုက်ကြည့်နေသော အေးစက်သည့် အကြည့်တစ်ချက်ကို ခံစားလိုက်ရသည်။

မော့ကြည့်လိုက်သောအခါ စုကျိုနှင့် စုကျီကျီတို့ အတူတူ ရပ်နေသည်ကိုတွေ့လိုက်ရသည်။

စုကျိုနောက်မှ နီရဲသောဝတ်ရုံနှင့် မိစ္ဆာကောင်လေးမှာ သိသိသာသာချောမောလှပနေသဖြင့် သူတို့ အံ့ဩသွားကြသည်။

ထို့နောက် စုကျိုစကားကြောင့် သူတို့ကိုစိုက်ကြည့်နေသော အေးစက်သည့်အကြည့်မှာ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။

“ဒါနဲ့... နင်တို့ ပိုးကောင်တွေကိုကျွေးဖို့ ဒါတွေ လိုချင်လား?”

စုကျိုသည် သူ့လက်ကို ဖြန့်ပြလိုက်ရာ အရောင်အနည်းငယ် မှေးမှိန်နေသော ရွှေရောင်လက်ညှိုးလေးချောင်းကိုတွေ့လိုက်ရသည်။

သို့သော် ၎င်းတို့သည် ဒုတိယအဆင့် ဝိညာဉ်လက်နက်၏နှစ်ရောင်ခြည်တောက်ပမှုကို မငြင်းနိုင်လောက်အောင် ပိုင်ဆိုင်ထားဆဲဖြစ်သည်။

“အခြေခံအဆင့် အထွတ်အထိပ်ရောက်နေတဲ့ ဒီတိရစ္ဆာန်ရဲ့လက်ချောင်းတွေက ဒီလောက်အထိ ကျိုးလွယ်မယ်လို့ ဘယ်သူ သိမှာလဲ?”

စုကျို နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ကျင့်ကြံလို့မရတော့တဲ့ ချန်ယွမ်တောင်မှ ဒဏ်ရာအပြင်းအထန်ရနေတဲ့ကြားက ငါ့ကို ကာကွယ်ပေးနိုင်သေးတယ”

“ဒီအမှိုက်ကတော့... လက်ချောင်းတွေက တစ်ခါသုံးပြီးတာနဲ့တန်းကျိုးကုန်တာပဲ!”

“ပြီးတော့ အဲဒါတွေက သူ့အလိုလို ပြန်လည်း မပေါက်နိုင်ဘူး”

ကွင်းပြင်ပေါ်တွင် ရင်းမြောင်အားထူပေးနေသော ကျင်းကန်းပေါင်မှာ ဟူကျဲကျင့်ကိုသွားတွေ့ရန် အချင်းချင်း ကူညီနေစဉ် စုကျိုစကားကို ကြားလိုက်ရသဖြင့် တုံ့ခနဲဖြစ်သွားကြရသည်။

သူတို့ ခိုးကြည့်လိုက်သောအခါ စုကျိုလက်ထဲတွင် လက်ဆစ်များမှပြတ်ထွက်နေသော ရွှေရောင်လက်ညှိုးကြီးနှစ်ချောင်းကို အမှန်တကယ်ပင် မြင်လိုက်ရသည်။

“အာ... ပိုးကောင်တွေကို ကျွေးမလို့လား ?”

ယင်လီသည် ထိုအမျိုးသား၏လက်ချောင်းများကို ကြည့်ကာ ခေါင်းလေးကိုနောက်လှန်လျက်ဝေခွဲမရ မြေပဲမ ဖြစ်နေသည်။

“အဲဒါကျွေးရင် ပေါက်လာတဲ့ ပိုးကောင်တွေက လူပုံစံဖြစ်လာမှာလား?”

စုကျီကျီနှင့် ပိုင်ယို့လုတို့မှာမူ တိတ်တဆိတ် နောက်ဆုတ်သွားကြသည်။

“ရပါတယ်၊ ငါတို့ဘာသာ ငါတို့ပဲ ကိုင်တွယ်လိုက်ပါ့မယ်၊ ကွင်းထဲမှာ တိုက်ခိုက်ပြီး ဝိညာဉ်ကျောက်တုံးတွေ ရှာမယ်လေ၊ ပိုးကောင်ကျွေးဖို့ ဝိညာဉ်ကိရိယာတွေ မရှားပါဘူး~”

ယင်လီသည် တခြားသူများ၏တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ရှေ့ဆုံးသို့ရောက်လာခဲ့သည် - “ငါ... ငါ ကျင်းချန်ရဲ့လက်ချောင်းတွေကို ပြင်ပေးနိုင်တယ်!”

စုကျို သူမထံသို့ ချက်ချင်းလှမ်းပစ်ပေးလိုက်သည်။

“အိုကေ၊ ဒါဆိုရင်လည်း ကြည့်ပေးဦး၊ တကယ်လို့ ပြင်ခက တစ်ထောင်ထက်ကျော်မယ်ဆိုရင်တော့ ပိုးကောင်တွေကိုပဲ ကျွေးလိုက်တော့မယ်”

“!”

“...”

“ခဏနေဦး လောင်ချန်... ငါ့ကိုပြောစမ်းပါဦး၊ ဒီကျင့်ကြံသူမရဲ့ပါရမီက အတိအကျ ဘာလဲဟင် ?”

ရင်းမြောင်သည် နောက်ဆုံးတွင် တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။

ယင်လီသည် သူ့သိုလှောင်အိတ်ထဲမှ လက်သမားစားပွဲတစ်ခုကို အမှန်တကယ်ဆွဲထုတ်ကာ ရင်ပြင်ပြင်ပတွင် ချထားသည်ကို သူ မြင်လိုက်ရ သည်။ ထို့နောက် သူမသည် သူ့ညာဘက်ခြေထောက်မှ ထွင်းထုဓားငယ်နှစ်လက်ကို ထုတ်ယူကာ ကျင်းချန်လက်ချောင်းများကို စတင်ပြုပြင် လေတော့သည်။

“စုကျိုရဲ့ စွမ်းရည်က သစ်သားရုပ်သေးလား?”

ကျင်းကန်းပေါင် ပါးစပ်အဟောင်းသား ဖြစ်သွားပြီးနောက် အသက်ကို ပြင်းပြင်းရှူကာ စုကျိုဝင်သွားနှင့်ပြီဖြစ်သော ညာဘက် ပထမဆုံး အခန်းဆီသို့ ထူးဆန်းစွာညွှန်ပြလိုက်သည်။

“မင်း သူ့စွမ်းရည်ကို မသိဘူးလား? အပေါ်ကို မော့ကြည့်လိုက်ဦး”

ရင်းမြောင်သည် ကျင်းကန်းပေါင် စိတ်မချမ်းမသာဖြစ်နေသည်ဟု ခံစားရသော်လည်း သူ ညွှန်ပြရာသို့ လိုက်ကြည့်လိုက်သောအခါ မှင်သက်သွားတော့သည်။

တံခါးဝတွင် ‘ကျင်းကန်းပေါင်၏ ဦးခေါင်းခွံနောက်စိများ’ဟူ၍ တစ်တန်းလုံး ချိတ်ဆွဲထားလေသည်။

စုကျို အထဲသို့ဝင်သွားသည့် အခိုက်အတန့်တွင် ‘ချန်’ခနဲ အသံတစ်ချက်ထွက်ပေါ်လာသည်။

သူမ တံခါးဝတွင် သူ ယခုလေးတင်မှ သတိထားမိသည့် ကျင်းကန်းပေါင် ကြေးရုပ်သေး သုံးတန်းမှာ အစောင့်များသဖွယ်ရပ်နေကြလေသည်။

ကျင်းကန်းပေါင်သည် တံတွေးကို ခက်ခက်ခဲခဲမျိုချလိုက်သည် - “သူ ပြောတာတော့ သူ့စွမ်းရည်က ထွက်နှုန်းလေးဆတဲ့”

“...”

ရင်းမြောင် စကားပြောမည်အပြုတွင် သူ့ ညာဘက်ပုခုံးကို တစ်စုံတစ်ယောက်က လာထိသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

သူ လန့်ဖျတ်ကာ အနောက်သို့ အမြန်လှည့်ကြည့်လိုက်သည်။

“မင်း ငါ့ကို ဘာလို့လာထိတာလဲ?”

“! ငါ မထိဘူး!” ကျင်းကန်းပေါင်မှာ ရူးမတတ် ဖြစ်သွားရသည်။

“ငါ ပြောသားပဲ၊ တော်ပြီ! အဲဒါ သူ့ရဲ့ မွေးရာပါ ဝိညာဉ်စွမ်းအင်ပဲ!”

နောက်ထပ် ‘ချန်’ ခနဲ အသံတစ်ချက် ထပ်ထွက်လာပြန်သည်။

သူတို့နှစ်ဦးစလုံးသည် အသံလာရာသို့ ဗီဇအရလှည့်ကြည့်လိုက်ရာ စောစောက နီရဲသောဝတ်ရုံနှင့် ချောမောသော လူငယ်လေးမှာ စုကျို အခန်းထဲမှခြေဗလာဖြင့် လျှောက်ထွက်လာသည်ကိုတွေ့လိုက်ရသည်။

သူသည် သူတို့အား အေးစက်စွာ တစ်ချက်ကြည့်ကာ သူ သယ်လာသော ‘အနည်းငယ် ချိုင့်ဝင်နေသည့် အမျိုးသား ညာဘက်ပုခုံးများ’ ကို ‘ဦးခေါင်းနောက်စိ’ လိုက်ကာဘေးတွင် ချိတ်ဆွဲလိုက်သည်။

“!”

“!!!”

“ချန်ယွမ်... အဲ့ဒါတွေကို တစ်ခုကျော်စီ ချိတ်လိုက်ပါ”

“ခေါင်းတစ်ခု၊ ပုခုံးတစ်ခုစီပေါ့”

“ဒီလိုဆိုရင် ကြည့်လို့ ပိုကောင်းတယ်၊ ပိုပြီး စနစ်တကျ ရှိတာပေါ့”

မိစ္ဆာလူငယ်လေးသည် သူတို့ထံမှ အေးစက်သောအကြည့်ကို ချက်ချင်းပြန်ရုပ်သိမ်းလိုက်ပြီး သူ့ အမူအရာမှာ အနည်းငယ်ပျော့ပြောင်းသွား သည်။ သူသည် စုကျို စိတ်တိုင်းကျ ‘ချိုင့်ဝင်နေသော ညာဘက်ပုခုံး’ ကိုးခုကိုအလျှင်အမြန် ပြန်လည်စီစဉ်၍ချိတ်ဆွဲလိုက်သည်။

“ဟေး... အဲဒီ အသစ်ချိတ်လိုက်တဲ့ ညာဘက်ပုခုံးက မင်းဟာ မဟုတ်လား?” ကျင်းကန်းပေါင် ရင်းမြောင် ညာဘက်ပုခုံးကို တို့လိုက်သည်။

ကယ်ကြပါဦး!

ရင်းမြောင် မျက်နှာမှာ ဖြူလျော်သွားတော့သည်။

ဤညာဘက်ပုခုံးမှာ အနည်းငယ်ကျဉ်းမြောင်းနေပုံရပြီး ၎င်းပေါ်တွင် သိသာထင်ရှားသော ချိုင့်ဝင်မှုအမှတ်အသားတစ်ခုရှိနေသည်။ အကြောင်း မှာ ရင်းမြောင်သည် ဆယ်ကျော်သက်အရွယ်ကတည်းက ‘ရေက သစ်ပင်ကို မွေးမြူခြင်း’ ပါရမီကို ရရှိခဲ့ပြီး ထိုအချိန်မှစ၍ သူသည် ကျောပေါ် တွင်ရေအိုးကြီးကို အမြဲတမ်း ထမ်းထားခဲ့သောကြောင့် ဖြစ်သည်။

လူငယ်လေး၏ ခန္ဓာကိုယ်အရိုးအဆစ်များမှာ တဖြည်းဖြည်း ပုံပျက်လာကာ သိသာသော ချိုင့်ဝင်မှုအမှတ်အသားများ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

သူသည် နောင်တစ်ချိန်တွင် ဘေးဒုက္ခကိုကျော်ဖြတ်ရသည့်အခါမှသာ သူ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ပြန်လည်ပုံဖော်မည်ဟု တွေးထားခဲ့သည်၊ မဟုတ်ပါက ကြည့်ရသည်မှာ အလွန်ရုပ်ဆိုးလွန်းလှပေသည်။

သူ များသောအားဖြင့် အင်္ကျီချွတ်၍ အမျိုးသမီးကျင့်ကြံသူများအားပြသရန် ရှက်ရွံ့တတ်သူ ဖြစ်သည်။

ယခုမူ စင်္ကြန်လမ်းမှာ တိုက်ရိုက်ကြီးချိတ်ဆွဲခံထားရသတဲ့လား?

“သူမ ဘာလုပ်မလို့လဲ...”

ရင်းမြောင်သည် သူ့ညာဘက်ပုခုံးကို အားကိုးရာမဲ့စွာ ပိုက်ထားမိသည်။ သူ မေးပြီးသည်နှင့် အဖြေကို ချက်ချင်းတွေ့လိုက်ရသည်။

မကြာမီမှာပင် နီရဲသော ဝတ်ရုံနှင့် မိစ္ဆာလေး ပြန်ထွက်လာပြီး အမျိုးသမီးဝတ် အစိမ်းနုရောင်ဝတ်ရုံအချို့ကို သယ်လာကာ ၎င်းတို့ကို ပုခုံးရိုးချိုင့်ခွက်များပေါ်တွင် တင်၍အခြောက်လှမ်းလေတော့သည်။

“!”

“!!!”

“ဟေး... ရင်းမြောင်၊ သတိမလစ်နဲ့ဦး! အုပ်ချုပ်ရေးမှုးဟူကျဲကျင့်က ငါတို့ကို စကားပြောချင်နေတာ!”

“ဟေး... ပြီးတော့ အစ်ကိုကျင်းချန်ကိုလည်း မင်း ရှုံးသွားပြီဆိုတာ ပြောပြရဦးမယ်လေ... သတိမလစ်နဲ့ဦး!”

အခန်းအတွင်း၌ စုကျိုသည် အပြင်ဘက်မှ ဆူညံသံများကို ကြားသဖြင့် မော့ကြည့်လိုက်သည်။

နီရဲသော ဝတ်ရုံနှင့် ချောမောသော လူငယ်လေးချန်ယွမ်က သူတို့အားမတင်ကာ ရင်ပြင်ပြင်ပသို့ ပစ်ထုတ်လိုက်သည်ကို သူမ အမြန်ပင် မြင်လိုက်ရသည်။

နောက်ဆုံးတော့ ငြိမ်သက်သွားချေပြီ။

စုကျိုသည် အခန်းထဲသို့ဝင်လာသော ချန်ယွမ်ကို ကြည့်နေရင်း နောက်ဆုံးတွင် သူ့ခြေဗလာများကို ကြည့်ကာ မမေးဘဲမနေနိုင်တော့ပေ။

“မြေကြီးပေါ်မှာ လမ်းလျှောက်ရတာ နင့်အတွက် နေရခက်မနေဘူးလား?”

သူသည် တကယ့် ဇွန်ဘီတစ်ကောင် မဟုတ်ပေ၊ သူ့ထံ အာရုံခံစားမှုများ ရှိသင့်သည်။

အရင်ကတော့ သူ၏ ဒဏ်ရာများမှာ အလွန်ပြင်းထန်သဖြင့် ခြေထောက်နှင့် ကျောက်ခဲများ ပွတ်တိုက်မိခြင်းကို မခံစားနိုင်ခြင်းဟု သူမ တွေးခဲ့သည်။

သို့သော် ယခုအခါ သူ၏ ပြင်ပဒဏ်ရာ အများစုမှာ ဖုရှင်း၏ ဂူဗိမာန်မှတ်တိုင်ကြောင့် တဖြည်းဖြည်း ပျောက်ကင်းသွားခဲ့ပြီ ဖြစ်သည်။

“ဒီကို လာခဲ့”

ချန်ယွမ်သည် သူ့မှောင်မှောင်ပျပျ မျက်တောင်များကို ခတ်လိုက်ရာ သူ့ မျက်ခွံများမှာ လိပ်ပြာတောင်ပံများကဲ့သို့တွဲကျနေပြီး သူမထံသို့ လျှောက်လာခဲ့သည်။

သူ ဒူးတစ်ဖက် ထောက်လိုက်သည်။

စုကျို လန့်သွားပြီးနောက် သူ့ကိုယ် သူ ချန်ယွမ်ထံမှ မတင်ခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။ သူ ခုန်တက်လိုက်ကာ ကြေးဝါပုံ ဆောင်ခဲတောင်ကုန်းပေါ်ရှိ ဂူဗိမာန်မှတ်တိုင်အချို့ဖြင့်ပြုလုပ်ထားသော ‘ခုတင်’ ပေါ်သို့ သူမအား ပွေ့ချီသွားလေတော့သည်။

Chapter 78

သူသည် ဆောင့်ကြောင့်ထိုင်ချကာ သူမအား အောက်သို့အသာအယာချပေးလိုက်သည်။ သူ၏လက်များမှာ အနည်းငယ်တုန်ရီနေပြီး သူမ၏ညာဘက်လက်ချောင်းများကို သူ့လက်ဖဝါးဖြင့် အုပ်မိုးကိုင်ဆုပ်လျက် ဂူဗိမာန်မှတ်တိုင်တစ်ခုပေါ်သို့ တင်ပေးလိုက်သည်။

“ကျေးဇူးပြုပြီး... ဒဏ်ရာကိုကုသပါဦး”

ထိုအခါမှသာ စုကျိုသည် ‘ရွှေရောင်လက်မ’ ကိုကိုင်ထားခဲ့သော သူ့ဘယ်ဘက်လက်ပေါ်တွင် ဒုတိယအဆင့်ဝိညာဉ်လက်နက်ဖြစ်သည့် လက်ညှိုးရုပ်သေးကျိုးကြောင့် ဖြစ်ပေါ်သွားသော နီမြန်းသည့်ခြစ်ရာလေးတစ်ခု ရှိနေသည်ကို သတိထားမိတော့သည်။

စုကျိုကိုယ်တိုင်ပင် သတိမထားမိခဲ့သော ဒဏ်ရာလေးပင်။

သို့သော် သူ့လက်ချောင်းကို မှတ်တိုင်ပေါ်သို့တင်လိုက်သည်နှင့် ဒဏ်ရာမှာ အလျှင်အမြန်ပင် ပျောက်ကွယ်သွားပြီး ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့သည်။

ချန်ယွမ်မျက်ဝန်းများမှာ အရောင်ပြောင်းသွားပြီး သူမအား စားပွဲဆီသို့အမြန်ပြန်လည်ပွေ့ချီသွားတော့သည်။

“နောက်ဆိုရင် ဒီလိုဒဏ်ရာအသေးအဖွဲလေးတွေကို စိတ်မပူပါနဲ့၊ ခဏနေရင် ပျောက်သွားလိမ့်မယ်”

ချန်ယွမ်၏ မျက်တောင်ရှည်ကြီးများမှာ မှေးစက်ကျနေသည်။

သို့သော် သူသည် သူမကို ကူညီချင်ခဲ့သည်။

အရင်တုန်းက သူမ သူ့ဒဏ်ရာများကို ကူညီပေးသကဲ့သို့ပင်။

သူမ အဘယ်ကြောင့်ထိုသို့လုပ်ခဲ့သည်ကို သူ မသိခဲ့ပေ။

သို့သော် ယခုမူ သူသည် ထိုနေ့ကကဲ့သို့ပင် သူမ သူ့အားတစ်ဖက်သို့ခေါ်သွားပြီး ဒဏ်ရာများကိုကုသပေးစေချင်သည့်စိတ်မျိုး တကယ်ဖြစ်ပေါ် နေမိသည်။ အဘယ်ကြောင့် ထိုသို့ဖြစ်ရသည်ကို သူ မသိပေ။

ထိုသို့လုပ်ချင်သည့် စိတ်ဆန္ဒတစ်ခုသာ ပြင်းပြနေမိသည်။

သို့သော် မကြာသေးမီက သူ နောက်ထပ်ဒဏ်ရာ ထပ်မရခဲ့ပေ။

သူ့ တိတ်ဆိတ်နေသော အပြာရောင်မျက်ဝန်းများက တံခါးပြင်ပရှိလိုက်ကာနောက်ကွယ်သို့ စိုက်ကြည့်နေပြီး ထိုအရာများကို အလွန် စိတ်အနှောင့်အယှက်ဖြစ်စရာကောင်းသည်ဟု ခံစားနေရသည်။

သို့သော်... သူ့ထံ မျှော်လင့်ချက်တစ်ခုလည်း ရှိနေပြန်သည်။

တကယ်လို့ တခြားတစ်ယောက်ယောက်က လာစိန်ခေါ်ရင် သူ ထပ်ပြီး ဒဏ်ရာရနိုင်မလား၊ ဒါဆိုရင် သူမရဲ့ဂရုစိုက်မှုကို ခံရနိုင်မလား?

သို့သော် ယနေ့တွင်မူ သူ့အားအန္တရာယ်ပြုနိုင်သည့် တစ်ခုတည်းသော စာတိုလက်နက်ကိုပင် သူမက ကာကွယ်ပေးခဲ့သည်။

ချန်ယွမ်မှာ တိတ်ဆိတ်နေဆဲဖြစ်သည်။ သူသည် ပိုးကောင်မွေးမြူရေးလမ်းညွှန်ကို အာရုံစိုက်လေ့လာနေသော စုကျိုမျက်နှာဘေးအလှကို ပိုလို့ပင် အလေးအနက်ထားကာစိုက်ကြည့်နေမိသည်။

“ချန်ယွမ်... နင်ပြောတာက ငါက ဝိညာဉ်စွမ်းအင်ကို ပွားယူနေတာဆိုတော့ နေ့တိုင်း အပြစ်အနာအဆာပါတဲ့ ပစ္စည်းတွေအများကြီး ထွက်နေတယ်ပေါ့၊ အဲဒါတွေကို ပိုးကောင်တွေကို ကျွေးဖို့သုံးလို့ရလား ?”

စွန့်ပစ်လိုက်ရသည့် ပစ္စည်းများမှာ အတော်လေးများလှသည်။

ချန်ကျိုး၏ညာဘက်ခြေထောက် စသည်တို့မှာ ဝိညာဉ်သန့်စင်ခြင်း အဆင့် ၅ သာ ရှိသဖြင့် ပြုပြင်လျှင်ပင် အသုံးဝင်လှသည်မဟုတ်ပေ။

“သူတို့ကို ပိုးကောင်ကျွေးဖို့ သုံးတာနှမြောစရာတော့ မဟုတ်ပါဘူး”

“သူတို့ကိုလည်း ပထမအဆင့် ဝိညာဉ်လက်နက်တွေလို့ သတ်မှတ်လို့ရတာပဲ၊ အများကြီးရှိတော့ ဗိုက်ဝတာပေါ့”

ဂျွတ်~

စုကျို အသံကြားရာသို့ မော့ကြည့်လိုက်ရာ ချန်ယွမ်က ‘ချန်ကျိုး၏ ညာဘက်ခြေထောက်’ တစ်ခုကိုလက်ဗလာဖြင့် ချိုးခြေလိုက်သည်ကို တွေ့လိုက်ရသည်။

သူ့ဟာ

သူမ သူ့အား ပေးထားသောတစ်ခု

“မကောင်းဘူး...”

ချန်ယွမ်၏မြစိမ်းရောင်မျက်ဝန်းများက တောက်ပသွားပြီး စားပွဲပေါ်ရှိ တတိယအဆင့် မျက်နှာသော့ခလောက်များကို ဝါးမြိုနေသည့် ဝိညာဉ်ပိုးကောင်များကို တစ်ချက်ကြည့်လိုက်သည်။

စုကျို ခဏမျှစဉ်းစားပြီးနောက်ခေါင်းညိတ်လိုက်သည် ။

“ဒီသစ်သားခြေထောက်က လမ်းလျှောက်ရင် သွေးထွက်တဲ့ ဘေးထွက်ဆိုးကျိုး ရှိတယ်၊ သွေးထွက်စေတဲ့ ပိုးကောင်တွေကိုတော့ မကျွေး ချင်ပါဘူး၊ နင်ပြောတာ မှန်တယ်၊ တကယ် မကောင်းဘူး”

“ငါ့ဟာ”

မိစ္ဆာလူငယ်လေး၏ပြတ်သားကာ အတည်ပြုလာသော၊ ခေါင်းမာလသည့် ကျောက်စိမ်းကဲ့သို့ အသံလေးထွက်ပေါ်လာသည်။

စုကျို လန့်သွားသည်။

“ဒါက နင် ငါ့ကို ပေးထားတာ၊ တစ်နေ့ တစ်ခုလေ”

“ဟဲဟဲ” စုကျိုက မရယ်ဘဲ မနေနိုင်တော့ပေ။ သူမ မည်သူမဆိုဒူးပျော့သွားနိုင်လောက်အောင် လှပဆွဲဆောင်မှုရှိသော မိစ္ဆာလူငယ်လေး၏ မျက်နှာကိုမော့ကြည့်လိုက်သည်။

“ချန်ယွမ်... နင် ငါနဲ့ တော်တော်တူတာပဲ”

“ကောင်းပြီ၊ ငါ့ အမှားပါ”

“ငါ နင့်ပစ္စည်းတွေကို မယူသင့်ဘူး”

သူမ သိုလှောင်အိတ်ထဲမှ စွန့်ပစ်ထားသောပစ္စည်းများကို ထုတ်ယူကာ သူ့အားရွေးချယ်နိုင်ရန် တစ်ခုချင်းစီဖြန့်ပြလိုက်သည်။

“နင်ဘာသာ နင်ပဲ ကြည့်လိုက်တော့၊ နောက်ထပ် ဘာလိုချင်သေးလဲ? နင်မလိုချင်ဘူးဆိုရင်တော့ ငါ ပိုးကောင်တွေကိုကျွေးလိုက်တော့မယ်”

ချန်ယွမ် မျက်ဝန်းများမှာ ပင်လယ်ပြင်ကဲ့သို့ပြာလဲ့နေပြီး မုန်တိုင်းတစ်ခု စတင်နေသည့်အလားရှိနေသည်။

ဒါ သူက သူမအတွက် ဟိုအသုံးမကျတဲ့ ပိုးကောင်တွေထက် ပိုအရေးကြီးတယ်လို့ဆိုလိုတာလား?

မိစ္ဆာလူငယ်လေး၏ မျက်လုံးထောင့်ရှိ နီရဲသော ကင်းမြီးကောက် အမှတ်အသားများမှာ ဖြည်းဖြည်းချင်း လှုပ်ခတ်နေသကဲ့သို့ ရှိသည်။

ခဏအကြာတွင် သူသည် စားပွဲပေါ်ရှိ ပစ္စည်းအားလုံးကို သူမထံသို့ ပြန်တိုးပေးလိုက်သည်။

သူ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။

စုကျို - “...နင်က နင့်ရဲ့ ဦးခေါင်းနောက်စိနဲ့ ပုခုံးရိုးတွေကိုပဲ ကြိုက်တာလား? ကောင်းပြီလေ၊ ဒါဆိုရင်လည်း နင် နေ့တိုင်း အဲဒါတွေနဲ့ပဲ ဆော့နေတော့”

“အင်း”

“ဟတ်ချိုး!”

ကျွမ်းကျင်သူတစ်ရာခန်းမအတွင်း၌

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ တစ်ပြိုင်နက်တည်း အေးစိမ့်သွားကြရသည်။

သူတို့ရှေ့တွင် စိတ်မရှည်ဖြစ်နေသော ဟူကျဲကျင့် ရပ်နေသည် - “မင်းတို့ အခုထိ ဝန်မခံသေးဘူးလား? ဝိညာဉ်သန့်စင်ခြင်းအဆင့်ကျင့်ကြံ သူမတွေကို လျှော့ပေးခဲ့ကြတယ်ပေါ့ ? ဒါဆိုရင်တော့ ပြောစရာမရှိတော့ဘူး၊ နောင်တရခြင်းကမ်းပါးကိုသွားပြီးတော့ မင်းတို့လုပ်ရပ်တွေကို ပြန်ဆင်ခြင်ကြပေတော့!”

နောင်တရခြင်းကမ်းပါးတွင် ခုနစ်ရက်ကြာဆင်ခြင်ရမည်ဖြစ်သည်။ တကယ်လို့ အချိန်မတိုင်ခင် ပြန်ထွက်ချင်ပါက ပြင်ပတွင် သွားလာခွင့်ရရှိ နိုင်ရန်အတွက် တစ်ရက်လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်းပေးဆောင်ရမည်ဖြစ်သည်။

ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့မှာ ငိုချင်စိတ်ကို အောင့်ထားကြရသည်။

ထို့နောက် သူတို့သည် အမှောင်ခန်းလေးတစ်ခုအတွင်း ပိတ်လှောင်ခြင်းခံလိုက်ရလေတော့သည်။

“ဘာလဲ? နောင်တရခြင်းကမ်းပါးမှာ အပိတ်ခံထားရတာတောင် ငါ့ကိုလာဘ်ထိုးပြီး ပါးစပ်ပိတ်ခိုင်းဖို့ ပိုက်ဆံမသုံးကြဘူးပေါ့လေ?”

ဟူကျဲကျင့်မှာ ဒေါသထွက်နေတော့သည်။

မကြာမီမှာပင် သူ အဆက်အသွယ်လုပ်သည့် ကျောက်တုံးကိုကောက်ကိုင်လိုက်ကာ - “နေ့တိုင်း မင်းတို့လုပ်ရပ်တွေကိုပြန်ဆင်ခြင်ပြီး နောင်တရလွှာ ရေးထားကြ၊ မင်းတို့ အသိတရားဝင်လာပြီဆိုရင် ခေါင်းလောင်းတီးပြီး ငါ့ကို လှမ်းခေါ်လိုက်”

ဝိညာဉ်ပိုးဖလံဂေဟာမှ တပည့်များမှာ တစ်မျိုးဆက်ထက် တစ်မျိုးဆက် ပိုညံ့ဖျင်းလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ အောက်ခြေမှ တက်လာသည့် တောသားမလေး စုကျိုမှာ သူ့အားလာဘ်ထိုးရကောင်းမှန်း မသိသလိုပင်။

အဆင့် ၃၀ မှ တပည့်များမှာလည်း လူအတုယောင်ဆောင်နေကြပြီး ကိစ္စရပ်များ ‘အဆင်ပြေစေရန်’ ပိုက်ဆံသုံးရန်ဝန်လေးနေကြသည်။

ဟူကျဲကျင့်သည် ၎င်းတို့အားသင်ခန်းစာရစေရန် ခုနစ်ရက်တိတိ ပိတ်လှောင်ထားရန်ဆုံးဖြတ်လိုက်သည်။

နေ့တိုင်း သူသည် ၎င်းတို့၏ဝန်ခံချက်များကို ဖတ်ရှုကာ တိုးတက်မှု ရှိ၊ မရှိ စစ်ဆေးလေသည်။

နောင်တရလွှာ ပထမနေ့ - ကျင်းကန်းပေါင်

“ကျွန်တော် မှားသွားပါပြီ၊ ဒီလောက်ထိ နှေးကွေးမနေသင့်ဘူး၊ စုကျို ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ရင်းမြောင်ကို စောစောစီးစီး ပြောပြခဲ့သင့်တာ”

“လေးဆ ထွက်နှုန်းဆိုတာ ဘာကို ဆိုလိုတာလဲ? ကျွန်တော် တကယ်ပြောဖို့ နှေးသွားခဲ့တာပဲ”

“တကယ်လို့ ကျွန်တော်သာ စောစောပြောခဲ့ရင် ကျွန်တော့်ရဲ့ဦးခေါင်းနောက်စိက အခု စုကျိုလက်ထဲရောက်နေမှာဖြစ်သလို၊ ရင်းမြောင်လည်း သူ့ရဲ့ပုခုံးရိုးကို ဆုံးရှုံးရမှာမဟုတ်ဘူး”

တစ်နေ့တာ တကိုယ်တော်အကျဉ်းချထားခြင်းက သူတို့အား ပိုအသိတရားဝင်လာစေမည်ဟု ထင်မှတ်ခဲ့သော ဟူကျဲကျင့်မှာ ညနေပိုင်း အလုပ်ဆင်းချိန်တွင် ထိုစာကိုဖတ်ပြီးနောက် ဆွံ့အသွားရလေသည်။

နောင်တရလွှာ ဒုတိယနေ့ - ရင်းမြောင်

“ကျွန်တော် နောင်တရတယ်၊ စိတ်လိုက်မာန်ပါ မလုပ်သင့်ဘူး၊ ကျင်းကန်းပေါင်ရဲ့ စကားကို နားထောင်သင့်တာ”

“ဒါတွေ အားလုံးက ကျွန်တော့်ရဲ့ ‘ရေက သစ်ပင်ကို မွေးမြူခြင်း’ ဆိုတဲ့ ပါရမီကြောင့်ပဲ၊ ဦးနှောက်ထဲမှာ ရေတွေပြည့်ပြီး အရမ်း မောက်မာနေခဲ့တာ”

“အဝေးက အဆင့် ၃၅ အသင်းခေါင်းဆောင် ကျင်းချန်ရဲ့စာတိုထက် ကျွန်တော့်ရဲ့ သူငယ်ချင်းဟောင်းကိုပိုယုံကြည်ခဲ့ရင်၊ အခုလို စင်္ကြန်လမ်းမှာ အင်္ကျီလှမ်းစင်လိုမျိုး အချိတ်ခံနေရမှာ မဟုတ်ဘူး...”

“ဟူး~”

ဟူကျဲကျင့် - “???”

နောင်တရလွှာ ဒုတိယနေ့ - ကျင်းကန်းပေါင်

“ဒီလို အချုပ်ခန်းထဲမှာ နေရတာက ကျွန်တော့်အတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်၊ အပြင်ထွက်ရင် ဟိုကျင့်ကြံသူမ စုကျိုရဲ့ ပစ်မှတ်ထား တာထပ်ခံနေရရင် ဘယ်လိုလုပ်မလဲ? သူက အစ်ကိုကျင်းချန်အကြွေးဆပ်ဖို့ ကျွန်တော့်ကိုကူညီခိုင်းချင်နေတဲ့ပုံပဲ”

“နောက်တာလား? လုံးဝ မဖြစ်နိုင်တာ”

“ကျေးဇူးတင်ပါတယ် အုပ်ချုပ်ရေးမှုးဟူ”

နောင်တရလွှာ တတိယနေ့ - ရင်းမြောင်

“သောက်ပဲ... ကျွန်တော် အပြင်ထွက်ချင်ပြီ! ကျွန်တော့် ပုခုံးပေါ်မှာ အသားခြောက်တစ်ဖတ် ချိတ်ထားသလိုမျိုး ခံစားနေရတယ်၊ အားးးး!”

“ဒီ ခံစားချက်ကြီးက၊ ကယ်ကြပါဦး! အခုမှ အပြင်ထွက်ပြီး စုကျိုကို သွားတောင်းပန်ရင် နောက်ကျသွားပြီလား?”

“အုပ်ချုပ်ရေးမှုးဟူ... ကျွန်တော် မှားသွားပါပြီ!”

...

နောင်တရလွှာ သတ္တမနေ့ - ကျင်းကန်းပေါင်

“ဘာ ? ခုနစ်ရက်တောင် ရှိသွားပြီလား? ကျွန်တော် ဒီနေ့ ပြန်လွတ်တော့မယ်၊ နည်းနည်းတော့ ကြောက်မိသား၊ အစ်ကိုကျင်းချန်က ကျွန်တော့်ကို စုကျိုဆီသွားပြီး စာရင်းရှင်းခိုင်းဦးမှာလား ?”

“ကျွန်တော့်ရဲ့နောင်တရလွှာမှာ အုပ်ချုပ်ရေးမှုးဟူကိုဆဲဆိုပြီး အချုပ်ရက်ထပ်တိုးလို့ရမလား ? ဒီအမှောင်ခန်းလေးက တကယ်ကောင်းတာပဲ၊ လူတိုင်းနဲ့အဆက်အသွယ် ဖြတ်ပေးထားတယ်”

“အုပ်ချုပ်ရေးမှုးဟူ... ခင်ဗျားက လူအ၊ သူရဲဘောကြောင်တဲ့ သူ၊ အမှိုက်... ဝိညာဉ်ပိုးဖလံဂေဟာရဲ့အကြီးဆုံး လောက်ကောင်ပဲ!!! ခင်ဗျားရဲ့ ဘိုးဘွား ၁၇-၁၈ ဆက်ကိုပါ ကျိန်စာတိုက်တယ်!”

“ဟူကျဲကျင့် တစ်ယောက် အသေဆိုးနဲ့ သေပါစေ! စုကျိုရဲ့ ပါရမီက လေးဆ ထွက်နှုန်းဆိုတဲ့ သတင်းအမှားကို ကျွန်တော့်ဆီ ရောင်းပြီး ကျွန်တော့်ဘဝကို ဖျက်ဆီးခဲ့တာ! အဲဒီ ဟူကျဲကျင့်ကို...”

ဟူကျဲကျင့် - “?!?!”

ခုနစ်ရက်အကြာတွင် ကျင်းကန်းပေါင်နှင့် ရင်းမြောင်တို့သည် ဟူကျဲကျင့်၏ ပြင်းထန်သော အပြစ်ပေးခြင်းကိုခံရကာ အန္တရာယ်အရှိဆုံး ဖြစ်သည့် မိစ္ဆာသားရဲတောအုပ်သို့ သန့်ရှင်းရေးလုပ်ရန်အပို့ခံလိုက်ရလေတော့သည်။

ထိုအချိန်တွင် အင်အားကြီးသူများကို အန်တုခဲ့သည့် အောက်ခြေအသင်း၏ ရင်ပြင်အတွင်း၌ စုကျိုသည် သူ့ ပိုးကောင်များကို တတိယအဆင့် မျက်နှာဖုံးအပိုင်းအစနောက်ဆုံးတစ်ခုကို ကျွေးမွေးရင်း စိတ်လက်ပေါ့ပါးနေခဲ့သည်။

လွန်ခဲ့သောနှစ်ရက်ခန့်က သူမသည် ချန်ယွမ်အတွက် မျက်နှာဖုံးအသစ်တစ်ခုသွားယူရန် အဆင့် ၃၀ ရှိ မိစ္ဆာကျွန်ခန်းမသို့ သွားရာ တယ်လီပို့အစီရင်စုကို အသုံးပြုခဲ့သည်။

ပိုးကောင်တွေကို ဆက်ကျွေးရအောင်၊ ဟဲဟဲ~

ယခုအခါ သူမသည် နေ့တိုင်းနိုးလာလျှင် ပိုးကောင်များ အစာကြေညက်စေရန် ‘မွေးမြူရေးပညာ’ဖြင့် နှိပ်နယ်ပေးပြီး ‘ပိုးအိမ်ပညာ’ ဟုခေါ်သော ခုခံရေးပညာရပ်ကိုလေ့ကျင့်လေသည်။

အပြင်ဘက်ရင်ပြင်အတွင်းသို့ စုကျီကျီ၊ စုရှင်းချန်၊ ယင်လီနှင့် လိုကျားးတို့သည် ကျပန်းစိန်ခေါ်ပွဲတစ်ခုကို ဆင်နွှဲပြီးနောက် ဒဏ်ရာကိုယ်စီဖြင့် ပြန်ရောက်လာကြသည်။

သူတို့လေးဦးမှာ ရင်ပြင်အတွင်းရှိ အမိုးမပါသော ဂူဗိမာန်မှတ်တိုင်လေးခုပေါ်တွင် အမြန်လဲလျောင်းလိုက်ကြသည်။

ခုနစ်ရက်တာကြိုးစားအားထုတ်မှုအပြီးတွင် အောက်ခြေအသင်းဝင်ခုနစ်ဦးစလုံးသည် ကျပန်းစိန်ခေါ်ပွဲပေါင်း ၂၀ ကျော်စီတွင် ပါဝင်ခဲ့ကြပြီး အနိုင်အရှုံးရောထွေးနေသော်လည်း ၎င်းတို့၏ကျင့်ကြံမှုအဆင့်နှင့် တိုက်ခိုက်ရေးစွမ်းရည်များမှာမူ သိသိသာသာတိုးတက်လာခဲ့လေသည်။

နောက်ဆုံးတွင် စုကျိုသည် တတိယအဆင့် မျက်နှာဖုံး၏နောက်ဆုံးအပိုင်းအစကို ဝိညာဉ်ပိုးကောင်ပါးစပ်အတွင်းသို့ ခွံ့ကျွေးလိုက်သောအခါ -

၎င်းတို့၏ ပိုးမွေးမြူရေးလူသစ်တာဝန်မှာ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီဖြစ်သည်။

All Chapters