← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

အဘွားစွင်းမှာ ကသိကအောက်ဟန်ဖြင့်မျက်နှာပျက်သွားတော့၏။လူအများကြီးရှေ့တွင် ထိုကိစ္စအားအသေအချာပြောပြနိုင်မည်မဟုတ်ပေ။

သူမအသံကိုနှိမ့်ကာပြောလိုက်၏။

"ထောင်ဟွား အဘွားကသမီးကိုတစ်ကယ်ပြောစရာရှိလို့ပါ"

"လူကြားထဲမှာမပြောနိုင်တဲ့ကိစ္စက ဘာများမလို့လဲ"

ကျိုးထောင်ဟွားမှပက်ကနဲပြန်မေးလိုက်၏။

အဘွားစွင်းသည် သက်ပြင်းချလိုက်ပြီး အခြားရွေးချယ်စရာမရှိတော့သဖြင့် လူအများရှေ့မှာပင်ဖွင့်ပြောလိုက်ရတော့သည်။

"ထောင်ဟွားရေ လျန်ဟွားမှာနတ်ဆိုးတစ်ကောင်ကပ်နေပုံရတယ် သမီးသွားကြည့်ပေးပါဦး"

အနားတွင်ရပ်နေသော ကျိုးရှန်းရှန့်သည် ထိုစကားကိုကြားသည်နှင့် ချက်ချင်းနားစွင့်ထားလိုက်၏။ကျိုးလျန်ဟွားက နတ်ဆိုးကပ်နေတယ်ပေါ့လေ ဟုတ်လား။သူမမှာ အဘွားစွင်းအားမေးလိုက်သည်။

"အဘွားစွင်း လျန်ဟွားမှာမကောင်းတဲ့စိတ်တွေရှိနေလို့ နတ်ဆိုးဝင်ပူးတာများလား"

ကျိုးမိသားစုအိမ်တွင်ကူညီပေးနေကြသော အခြားရွာသားများလည်းအံ့သြတကြီးမေးလာကြသည်။

"လျန်ဟွားက ပုံမှန်ဆိုရင်အပြစ်ကင်းပြီး လိမ္မာမယ့်ပုံလေးပါ၊ဘယ်လိုလုပ်ပြီး မကောင်းတဲ့စိတ်တွေထားနိုင်မှာလဲ"

တစ်ယောက်မှာ တိုးတိုးလေးကပ်ပြောလိုက်သည်။

"နင်ကလည်း လျန်ဟွားကဘယ်မိသားစုကလဲဆိုတာ မသိဘူးလား။ကျိုးအိမ်ဟောင်းက ဘယ်လိုကလေးမျိုးပျိုးထောင်ပေးနိုင်မှာမလို့လဲ"

အဘွားစွင်းသည် ထိုစကားများအားကြားသည်နှင့် အလွန်ဒေါသထွက်သွားပြီးပြန်ပြောလိုက်၏။

"ငါ့ရဲ့လျန်ဟွားက အဲဒီလိုမဟုတ်ပါဘူး၊သူမက တောင်ပေါ်မှာဆေးမြစ်တူးရင်း ဗိုက်ဆာလို့တောထဲကသစ်သီးတစ်လုံးကောက်စားမိရင်းကနေ နတ်ဆိုးဝင်ပူးခံရတာပါ"

အဘွားစွင်းမှ လူတိုင်းကိုထိုသို့ရှင်းပြလိုက်ခြင်းမှာ မည်သို့ပင်ဆိုစေကာမူ လျန်ဟွားထံ၌မကောင်းသောစိတ်ရှိသည်ဟု လူပြောမခံလို၍ပင်။ထိုသို့မဟုတ်ပါက လျန်ဟွားမှာစိတ်ထားမကောင်းကြောင်း လူတိုင်းသိသွားပေလိမ့်မည်။

ကျိုးထောင်ဟွားမှာ မျက်ခုံးတစ်ချက်ပင့်၍ မေးလိုက်သည်။

"ဪ အဲဒီလိုလား၊အစ်မလျန်ဟွားက ဘယ်လိုသစ်သီးရိုင်းမျိုးကို စားမိတာပါလိမ့်"

ကျိုးလျန်ဟွားတစ်ယောက်မှာ မည်းနက်ပြီးအဖုအထစ်များပါသည့်အရာတစ်ခုကို စားမိလိမ့်မည်ဟုတော့ သူမ,မယုံကြည်‌ပေးနိုင်ပေ။

"တည်သီးလား"

"သစ်တော်သီးလား"

"လိမ္မော်သီးဖြစ်နိုင်တယ်"

ရွာသားများမှာ ဝိုင်းခန့်မှန်းကုန်ကြ၏။

"အဘွား ကျွန်မရဲ့စည်းကမ်းကို အဘွားသိပါတယ်၊နတ်ဆိုးနှင်ထုတ်ခ တစ်ကြိမ်ကို၁၀တေးပါ"

"ပြီးတော့အရင်အခေါက်က ကြွေးကျန်၁၈တေးကိုပါ တစ်ခါတည်းပြန်ဆပ်ပေးပါ"

ကျိုးထောင်ဟွားမှ အဘွားစွင်းထံသို့ လက်ဖြန့်လိုက်ရာ အဘွားစွင်းခမျာအသက်ရှူပင်ရပ်သွားမတတ်ခံစားလိုက်ရ၏။သူမတို့တစ်မိသားစုလုံး ရက်ပေါင်း၂၀နီးပါး ဆေးမြစ်တူးခဲ့ရာမှ၁၀တေးခန့်သာရရှိခဲ့ခြင်းပင်။ထောင်ဟွားမှာတော့ တစ်ကြိမ်တည်းဖြင့်၂၈တေးတောင်းနေသည်မှာ မည်ကဲ့သို့ဖြစ်နိုင်ပါမည်နည်း။

"ထောင်ဟွား စိတ်မပူပါနဲ့၊အဘွားကငွေလိမ်မသွားပါဘူး၊လျန်ဟွားက မကြာခင်လက်ထပ်တော့မှာလေ၊ရန်မိသားစုကလဲ တင်တောင်းငွေတွေအများကြီးပေးမှာပါ"

အဘွားစွင်း ပြောလာ၏။မူလကသူမသည် ရန်မိသားစုထံမှတင်တောင်းငွေ၁၀ တေးတောင်းရန် စီစဉ်ထားသော်လည်း ယခုတော့အနည်းဆုံး၁၅တေးလောက် တောင်းရတော့မည်ဟု တွေးလိုက်သည်။ကျိုးထောင်ဟွားမှာမူ ပြုံးရုံသာပြုံးကာပြောလာ၏။

"အဘွားက ကျွန်မကိုလေကတိတွေနဲ့ပဲ အလုပ်ခိုင်းတော့မလို့လား"

အဘွားစွင်းမှာ အလွန်စိုးရိမ်နေသော်လည်း ငွေကိုတော့မပေးချင်ဘဲဖြစ်နေ၏။

"ထောင်ဟွား အဘွားချေးငွေစာချုပ်ရေးပေးမယ်လေ"

အဘွားစွင်းပြောလာ၏။သူမမှာတစ်ကယ်ကို ငွေမပေးချင်ပါပေ။

"အဘွား ကျွန်မအဘွားကိုရွေးစရာနှစ်ခုပေးမယ်။အရင်အခေါက်က ၁၈တေးအကြွေးကို ပြန်ဆပ်မလား ဒါမှမဟုတ် ဒီတစ်ခါအတွက် ၁၀တေးအရင်ပေးမလား၊ဘာပဲဖြစ်ဖြစ် ကျွန်မကတော့အဘွားကို အကြွေးစာချုပ်နှစ်စောင်အရေးမခံနိုင်ဘူး"

အဘွားစွင်းမျက်နှာမှာ ချက်ချင်းပင်မဲမှောင်သွားတော့၏။တစ်မိသားစုလုံး အပင်ပန်းခံရှာထားရသည့် ၁၀တေးမှာသုံးပင်မသုံးရသေးဘဲကုန်တော့မည်ပင်။ဤလျန်ဟွားမှာ မိသားစုအတွက်ငွေရှာမပေးသည့်အပြင် ဒုက္ခသာလိုက်ပေးနေသည်ဟု သူမတွေးနေမိ၏။

ကျိုးထောင်ဟွားသည် ၁၀တေးကိုယူ၍ သူမအင်္ကျီရင်ဘတ်ထဲသို့ ကျေနပ်စွာဖြင့်ထည့်လိုက်သည်။သူမနှင့်အဘွားစွင်းတို့သည် ကျိုးအိမ်ဟောင်းဘက်သို့ အတူလျှောက်သွားကြပြီး ချမ်ရှီလည်းစိုးရိမ်စိတ်ဖြင့် နောက်မှလိုက်ပါလာ၏။ကျန်းရှီနှင့်ကျိုးရှန်းရှန့်တို့သည်လည်း စိတ်ပူသလိုလိုနှင့်စပ်စုချင်သဖြင့် လိုက်လာကြသည်။အမှန်တော့သူတို့နှစ်ဦးမှာ ကျိုးလျန်ဟွားတွင် ဘယ်လိုနတ်ဆိုးမျိုးကပ်နေသည်အားသိချင်နေကြ၍ပင်။ကျိုးရှန်းရှန့်မှာ ဒူးရင်းသီးစားမိခဲ့၍နတ်ဆိုးကပ်ခဲ့သည်ဆိုလျှင် လျန်ဟွားမှာတော့မည်သည်အားစားခဲ့မိပါသနည်း။

အဘွားစွင်းလှည့်ကြည့်လိုက်သောအခါ ရွာသားအများအပြားလိုက်လာသည်ကိုတွေ့ရသဖြင့် မျက်နှာပျက်သွားပြီး အော်ငေါက်လိုက်၏။

"နင်တို့ကဘာလာလုပ်ကြတာလဲ၊အာ့ရှုတို့အိမ်မှာ ကူညီနေကြတာမဟုတ်ဘူးလား"

ရွာသားတစ်ယောက်မှပြန်ပြောလာသည်။

"အာ့ရှုတို့အိမ်က အုတ်ကြွပ်တွေလဲတင်ပြီးခါနီးပြီလေ၊ခြံစည်းရိုးကလဲ ဒီနေ့ အပြီးသတ်မှာပဲ၊လူတွေအများကြီးရှိနေတာပဲကို ကျွန်တော်တို့မရှိလို့လဲဘာမှမဖြစ်ပါဘူး"

"ဟုတ်တယ်လေ ပြီးတော့ထောင်ဟွားနတ်ဆိုးဖမ်းတာက မြန်ပါတယ်၊အချိန်အကြာကြီးယူမှာ မဟုတ်ပါဘူး"

နောက်တစ်ယောက်မှာလည်း ဝင်ပြောလာ၏။

ကျိုးရှန့်လင်တစ်ယောက်ရွာထဲဝင်လာစဉ် အဘွားစွင်းနောက်သို့လူအုပ်ကြီးလိုက်သွားသည်ကိုမြင်သဖြင့် ဘာဖြစ်သည်ကိုသိလို၍ လူအုပ်ထဲသို့ဝင်ရောလာလိုက်သည်။

ကျိုးအိမ်ဟောင်း၏အကြီးဆုံးမြေးမဖြစ်သူကျိုးလျန်ဟွားတွင် နတ်ဆိုးဝင်ပူးနေသဖြင့် ကျိုးထောင်ဟွားကိုလာရောက်နှင်ခိုင်းခြင်းဖြစ်ကြောင်း ကျိုးရှန့်လင်သိသွားတော့၏။လျန်ဟွားသည် တောင်ပေါ်မှသစ်သီးရိုင်းတစ်မျိုးကို မတော်တဆစားမိသွား၍ နတ်ဆိုးကပ်သွားခြင်းဖြစ်သည်ဟု လူတိုင်းပြောနေကြသည်။

ကျိုးရှန့်လင်မှာတော့ သူမဘာကြောင့်နတ်ဆိုးကပ်ရသည်ကို ဂရုမစိုက်ပေ။သူ သိသည်မှာ သူ့အခွင့်အရေးပြန်ရောက်လာပြီဆိုသည်ကိုပင်။အကယ်၍ ကျိုးလျန်ဟွားသာ ရှက်စရာကိစ္စတစ်ခုခုလုပ်ခဲ့ခြင်းကြောင့် နတ်ဆိုးကပ်ခံရခြင်းဖြစ်ပြီးဂုဏ်သိက္ခာညှိုးနွမ်းသွားခဲ့လျှင် သူအနေဖြင့်သူမကိုဇနီးအဖြစ် အချောင်ရနိုင်မည်မဟုတ်ပါလား။ကျိုးလျန်ဟွားမှာ ကျိုးရှန်းရှန့်ထက်ပင် ပိုချောသေး၏။

အကယ်၍ယနေ့ညတွင်ပင် သူမနှင့်အတူအိပ်စက်ခွင့်ရပါက အိမ်မက်ထဲ၌ပင်သူရယ်မောနေမိပေလိမ့်မည်။

အဘွားစွင်းသည် သူမတို့နောက်သို့လူအများကြီးလိုက်လာသည်ကိုမြင်၍ အလွန်ဒေါသထွက်နေသော်လည်း တားဆီးရန်မဖြစ်နိုင်တော့သဖြင့် ကျိုးအိမ်ဟောင်း၏တံခါးဝတွင်သာ ပိတ်ထားလိုက်ရတော့သည်။ကျိုးရှီသည် လူအများကြီးရောက်လာသည်ကိုမြင်သောအခါ အိုးပူပူထဲမှပုရွက်ဆိတ်တစ်ကောင်အလား စိုးရိမ်တကြီးဖြစ်သွားရတော့၏။

"အမေ လူတွေအကုန်သိကုန်ကြပြီလား၊နောက်ကျရင် လျန်ဟွားကဘယ်လိုလုပ် အိမ်ထောင်ပြုနိုင်တော့မှာလဲ၊လျန်ဟွားနဲ့ရန်မိသားစုရဲ့လက်ထပ်ပွဲကလဲအတည်ပြုခါနီးနေပြီကို နောက်ထပ်အပြောင်းအလဲတွေအဖြစ်မခံနိုင်ဘူးနော်၊မဟုတ်လို့ကတော့ လျန်ဟွားကိုယ်ပေါ်က နတ်ဆိုးကိုနှင်ထုတ်နိုင်ရင်တောင် ရန်မိသားစုနဲ့လက်ထပ်ပွဲက ပျက်သွားနိုင်တယ်၊ပိုဆိုးတာက လျန်ဟွားရဲ့ဂုဏ်သိက္ခာသာပျက်သွားရင် ရန်မိသားစုနဲ့တင်မကဘူး နောက်ပိုင်းကျရင်လဲအိမ်ထောင်ဖက်ရှာဖို့ခက်ခဲသွားလိမ့်မယ်"

အဘွားစွင်းမှာ ခြံဝင်းတံခါးကိုပိတ်လိုက်ရင်း ကျိုးရှီကိုပြောလိုက်သည်။

"ချွေးမကြီး စိတ်မပူပါနဲ့၊လျန်ဟွားက တောင်ပေါ်မှာဆေးမြစ်တူးရင်း

ဗိုက်ဆာလို့ သစ်သီးရိုင်းစားမိရာကနေ နတ်ဆိုးကပ်သွားတာလို့ ငါသူတို့ကိုပြောထားပြီးပြီ"

ထိုစကားကိုကြားမှသာ ကျိုးရှီလည်းသက်ပြင်းချနိုင်တော့ကာ ကျိုးထောင်ဟွားတို့သားအမိကို လျန်ဟွားအခန်းဆီသို့ချက်ချင်းခေါ်သွားတော့၏။

ခြံဝင်းတံခါးအပြင်ဘက်ရှိ ကျန်းရှီ၊ကျိုးရှန်းရှန့်နှင့်အခြားသူများမှာလည်း အလွန်ပင်စပ်စုချင်နေကြသည်။ကံဆိုးစွာပင် အဘွားစွင်းမှတံခါးပိတ်လိုက်သဖြင့် သူတို့မှာတံခါးအပြင်ဘက်တွင်သာရပ်ပြီး အတွင်းရှိအသံများကိုအာရုံစိုက်နားစွင့်နေကြရတော့၏။

ယခင်နှစ်များတွင် ကျိုးအာ့ရှုတို့မိသားစုခွဲထွက်သွားစဉ်၌ ကျိုးအိမ်ဟောင်းတွင် အခန်းတစ်ခန်းလစ်လပ်သွားခဲ့သည်။နောက်ပိုင်းတွင် အဘွားစွင်းမှာထိုအခန်းအား အကြီးဆုံးနှင့်တတိယသားတို့၏ ကလေးများအတွက်ပေးခဲ့၏။အသက်၃နှစ်ကျော်သောကလေးများကို ထိုအခန်းတွင်ထားခြင်းဖြင့် လူကြီးများအတွက်လည်းနေရာပိုရကာ ကျိုးမိသားစုအတွက် မြေးများပိုတိုးလာစေဖို့ရည်ရွယ်ခြင်းပင်။

ကျိုးထောင်ဟွားအခန်းထဲသို့ဝင်လိုက်သည်နှင့် ကျိုးလျန်ဟွားပါးစပ်မှာအဝတ်ဖြင့်စို့ခံထားရပြီး ခြေလက်များကိုလည်း တုပ်နှောင်ထားသည်ကိုမြင်လိုက်ရ၏။ချမ်ရှီမှာထိတ်လန့်သွားပြီး ပြောလိုက်သည်။

"လျန်ဟွားကို ဘယ်လိုနတ်ဆိုးကပ်နေလို့ ဒီလောက်ထိလုပ်ထားရတာလဲ၊ကြည့်ပါဦး လျန်ဟွားရဲ့လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်တွေမှာ လျှော်ကြိုးတွေကြောင့် အရေပြားတွေပွန်းနေပြီ!"

ချမ်ရှီသည် လျန်ဟွားမိခင်ရင်းမဟုတ်သော်လည်း လူကြီးတစ်ယောက်ဖြစ်သဖြင့် ကလေးတစ်ယောက်မှဤကဲ့သို့ချုပ်နှောင်ခံထားရသည်ကို မကြည့်ရက်ပေ။

သူမသည် ကျိုးလျန်ဟွားပါးစပ်မှ အဝတ်ကိုဖယ်ပေးရန် ရှေ့တိုးလိုက်စဉ်မှာပင် အဘွားစွင်းနှင့်ကျိုးရှီတို့မှာ တားဆီးလိုက်ကြ၏။ယခုအချိန်တွင် ခြံဝင်းတံခါးအပြင်ဘက်၌လူအများကြီးရှိနေကြသည် မဟုတ်ပါလား။လျန်ဟွားပါးစပ်မှ အဝတ်ကိုဖယ်လိုက်သည်နှင့် သူမသည်အရိုးကိုကုတ်ခြစ်နေသကဲ့သို့ စူးရှရှအသံမျိုးဖြင့် ကျိန်းသေအော်ဟစ်တော့မည်ဖြစ်ကြောင်း ချမ်ရှီသိမထားပေ။သူတို့နားမခံသာဖြစ်ရသည်မှာ အရေးမကြီးသော်လည်း တံခါးအပြင်ဘက်ရှိလူများသာကြားသွားပါက အခြေအနေဆိုးရွားသွားပေလိမ့်မည်။

အဘွားစွင်းမှာ ကျိုးထောင်ဟွားအားပြောလိုက်သည်။

"ထောင်ဟွား လျန်ဟွားကိုယ်ပေါ်မှာဘယ်လိုနတ်ဆိုးမျိုးရှိနေတာလဲဆိုတာ သမီးသိနိုင်မှာပါ၊လျန်ဟွားကိုအမြန်ကယ်ပေးပါဦး"

ထိုအချိန်တွင် ကျိုးလျန်ဟွားတစ်ယောက် သူမမေးရိုးကိုလှုပ်ရှားကာ ပါးစပ်ထဲမှအဝတ်အားထွေးထုတ်ရန်လုပ်နေသည်ကို ကျိုးထောင်ဟွားမြင်လိုက်ရ၏။ကျိုးထောင်ဟွားမှာ ထိုအခွင့်အရေးအားပေးမည်မဟုတ်ပေ။ဤအသံနတ်ဆိုး၏အသံသည်အလွန်နားမခံသာအောင်ဆိုးလှပေသည်။သူမသည် ကျိုးလျန်ဟွားပါးစပ်ပေါ်သို့ တိုက်ရိုက်ပင်လက်ဖြင့်ဖိချလိုက်ပြီး ဝိညာဉ်စွမ်းအင်များကိုစီးဆင်းစေကာ အသံနတ်ဆိုးကိုချက်ချင်းဆွဲထုတ်ရန်လုပ်လိုက်တော့၏။

"!!!"

အသံနတ်ဆိုးသည် အန္တရာယ်ကိုအာရုံခံမိသွားပြီး သူ့သူငယ်အိမ်များပင်ကျုံ့သွားတော့၏။ဤကဲ့သို့ ဝေးလံသီခေါင်ခိုက်ပြီးဆင်းရဲနွမ်းပါးသောနေရာတွင် ကောင်းကင်ဘုံဆရာသခင်တစ်ဦးရှိနေလိမ့်မည်ဟု သူလုံးဝထင်မထားခဲ့ပေ။

ခဏချင်းမှာပင်် အဘွားစွင်း၊ကျိုးရှီနှင့်ချမ်ရှီတို့သည် ကျိုးလျန်ဟွားခန္ဓာကိုယ်ထဲမှ ရှည်လျားပြီးမည်းနက်နေသောတုတ်ချောင်းတစ်ခုထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏။ထိုတုတ်ချောင်းမှ‌နေအလွန်အေးစက်သောအငွေ့အသက်များ ထွက်ပေါ်နေသဖြင့် သူတို့အားလုံးမှာကြောက်လန့်တကြားဖြင့်တုန်ရီသွားကြပြီး နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ကြရသည်။

ထိုတုတ်ချောင်းမှထွက်ပြေးလွတ်မြောက်တော့မည်ကိုမြင်သောအခါ အမျိုးသမီးသုံးဦးစလုံး၏စိတ်ထဲတွင်ထိတ်လန့်သွားရတော့၏။ကံကောင်းထောက်မစွာဖြင့် နောက်တစ်ခဏမှာပင် ကျိုးထောင်ဟွားသည်ထိုအရာကိုသူမလက်ဖြင့်မြဲမြံစွာ ဖမ်းချုပ်လိုက်နိုင်သည်။

၎င်းသည်အပြင်းအထန်ရုန်းကန်နေပြီး ကျိုးထောင်ဟွားအား ဆိုးဝါးသောအသံဆိုးကြီးများဖြင့် တိုက်ခိုက်လေတော့၏။ထိတ်လန့်တုန်လှုပ်နေသော ချမ်ရှီ၊အဘွားစွင်းနှင့်ကျိုးရှီတို့သည် ထိုအသံ၏လွှမ်းမိုးမှုကြောင့် စိတ်ရိုင်းများဝင်လာကာ ကျိုးထောင်ဟွားလက်ထဲမှ ထိုတုတ်ချောင်းမည်းမည်းကြီးကို လုယူရန် အတင်းပြေးဝင်လာကြတော့သည်။

သူတို့တင်မကဘဲ ခြံဝင်းတံခါးအပြင်ဘက်ရှိရွာသားများသည်လည်းထိုအသံ၏လှုံ့ဆော်မှုကြောင့် နတ်ဆိုးဝင်ပူးခံရသူများကဲ့သို့ပင် တံခါးကို အသည်းအသန်ထုရိုက်နေကြတော့၏။သူတို့စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။၎င်းမှာ အထဲသို့အတင်းဝင်ပြီးကျိုးထောင်ဟွားလက်ထဲမှ ထိုတုတ်ချောင်းမည်းမည်းကြီးကို လုယူရန်ဖြစ်၏။

*ဒုန်း*

ကျယ်လောင်သောအသံကြီးနှင့်အတူ ခြံဝင်းတံခါးကြီးပြိုလဲသွားတော့သည်။ရွာသားများသည်လည်း ပြိုလဲသွားသော တံခါးချပ်များပေါ်မှကျော်တက်ကာ ခြံဝင်းထဲသို့ ဝရောသောပါးပြေးဝင်လာကြတော့၏။

All Chapters