သူမသည် ၂၁ ရာစု ရုပ်လွန်ပညာရှင်တစ်ဦးဖြစ်ကာ ရှေ့ဖြစ်ဟောခြင်း၊ သရဲဖမ်းခြင်း၊ ဖုန်းရွှေပညာ၊ အဆောင်ရေးဆွဲခြင်းနှင့် ဆေးဝါးဖော်စပ်ခြင်းတို့၌ ကျွမ်းကျင်လေ၏။ သို့သော်လည်း ပျော်ရွှင်ဖွယ် အခိုက်အတန့်တစ်ခုအတွက် အဘွားဖြစ်သူနှင့် အဒေါ်တို့မှတစ်ဆင့် လူအိုကြီးတစ်ဦးထံ ကိုယ်လုပ်တော်အဖြစ် ရောင်းစားခံခဲ့ရသည်။ သားသမီးများကိုသာ ဂရုစိုက်သော အဘွားဖြစ်သူနှင့် လောဘကြီး၍ မကောင်းကြံတတ်သည့် အဒေါ်တို့သည် သူမအား ကပ်ဆိုးကြယ်နှင့် ခိုးရာလိုက်ပြေးသည်ဟု စွပ်စွဲကာ ဂုဏ်သိက္ခာကျဆင်းစေရန် လုပ်ကြံပြောဆိုလေ၏။ သေစမ်း! အဘွားဖြစ်တော့ရော ဘာလုပ်ရမှာလဲ? သူ့ကို ပါးအရင်နှစ်ချက်လောက်ရိုက်ပစ်လိုက်! အဒေါ်ကို မကောင်းဆိုးဝါးဝိညာဉ်က ဒုက္ခပေးနေတာလား။ သူ့ကိုကယ်စေချင်ရင် ငွေတေးနှစ်ဆယ် ယူလာခဲ့လေ! သူမက ပကာသနတွေရဲ့ ချည်နှောင်မှုကို မခံတဲ့အပြင် သူမရဲ့စွမ်းရည်တွေက အရမ်းဩချရလောက်တယ်။ ကျိုးထောင်ဟွာမှာ လက်ချောင်းများဖြင့် တွက်ချက်ကြည့်လိုက်၏။ သုံးနှစ်အတွင်း ကျိုးကျားရွာကို ဖျက်ဆီးမယ့် ဘေးအန္တရာယ်ကြီး ကျရောက်လာမှာလား? ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲရှိတယ်၊သဘာဝဘေးအန္တရာယ်ပဲဖြစ်ဖြစ် လူတွေဖန်တီးတဲ့ဘေးအန္တရာယ်ပဲဖြစ်ဖြစ် ဘာမှဂရုမစိုက်ဘူး လာခဲ့စမ်းပါ! ငါက ရွာသူရွာသားတွေကို ဦးဆောင်ပြီး အခြေခံတည်ဆောက်မှု (အဆောက်အဦး၊လမ်း၊ လျှပ်စစ်စသဖြင့်)တွေလုပ်မယ်၊ ငှက်ပစ်သေနတ်တွေကို အမြောက်ကြီးတွေနဲ့ အစားထိုးမယ်၊ ဗုံးခိုကျင်းတွေ တည်ဆောက်ပြီး ကာကွယ်မယ်၊ မကောင်းဆိုးဝါးတွေကို စစ်သားတွေအဖြစ် လေ့ကျင့်ပေးမယ်၊ သဘာဝတရားရဲ့ နိယာမတွေနဲ့ ကြံစည်မှုတွေကလား အဝေးမှာရှိနေပါစေတော့!!!

