← Chapters

အခန်း (၁၁၆)

Vol. 12 Ch. 116

အခန်း (၁၁၆)

Vol. 12 Ch. 116

116

သူ့​ခြင်းတောင်းထဲတွင် အသားခြောက်များ အပြည့်ပါနေ၏။

​"ဒေါ်လေးချမ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မအမှားလုပ်မိပါတယ်၊စိတ်ထဲမထားလိုက်ပါနဲ့နော်၊ဒါတွေက ကျွန်မကိုယ်တိုင် အခြောက်လှန်းထားတဲ့ ဝက်သားနဲ့ကြက်သားတွေပါ၊ထောင်ဟွားက ပိန်လွန်းတော့ သူ့ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မှာပါ"

​ကျိုးမိသားစုဝင်သုံးဦးစလုံးသည် မုဆိုးမဖန်း၏ရိုးသားမှုကြောင့် အံ့သြသွားကြသည်။​ဆိုရိုးစကားအတိုင်းပင် ပြုံးနေသောမျက်နှာကို ဘယ်သူမှပါးမရိုက်တတ်ကြပေ။အထူးသဖြင့် မုဆိုးမဖန်း၏သဘောထားကို မြင်လိုက်ရသောအခါ သူတို့မကျေမနပ်သိပ်မဖြစ်ကြတော့ပေ။​မုဆိုးမဖန်းသည် သူမအင်္ကျီရင်ဘတ်ထဲမှ တစ်ခုခုကိုထုတ်ယူလိုက်သည်။၎င်းကို အဝတ်စဖြင့်ထုပ်ပိုးထားသဖြင့် ဘာမှန်းမသိရပေ။

​"ပြီးတော့ ထောင်ဟွားကမကြာခင် မင်္ဂလာဆောင်တော့မှာဆိုတော့ သူ့အတွက်လက်ဆောင်လေးတွေရှိတယ်"

​ကျိုးထောင်ဟွားသည် တင်းတင်းကြပ်ကြပ်ထုပ်ပိုးထားသော ပစ္စည်းကိုကြည့်ပြီး သတိထားနေမိသည်။​သို့သော် အဝတ်စပေါ်တွင် ပုံမှန်မဟုတ်သောအရာ တစ်စုံတစ်ရာမှမတွေ့ရပေ။​

တစ်ယောက်ယောက်ကများ အကာအကွယ်အစီအရင်တွေချထားတာဖြစ်နိုင်မလား။

​"ဒေါ်လေးချမ် နောက်မှထောင်ဟွားကို ဒီစာအုပ်သူ့ဘာသာဖတ်ခိုင်းလိုက်နော်၊တစ်ကယ်လို့ သူလေ့လာမယ်ဆိုရင် နောက်ကျရှန်းမင်နဲ့ ဆက်ဆံရေးပိုအဆင်ပြေသွားမှာ သေချာပါတယ်"

​မုဆိုးမဖန်း ထိုသို့ပြောလိုက်သည်နှင့် ဤသည်မှာမည်သည့်စာအုပ်မျိုးဆိုသည်ကို ချမ်ရှီ ချက်ချင်းနားလည်လိုက်သည်။​ထောင်ဟွားမှာ သုံးလနေလျှင်မင်္ဂလာဆောင်တော့မည်ဖြစ်၍ ဤကဲ့သို့ဗဟုသုတမျိုးကို ယခုကတည်းမှလေ့လာထားဖို့လိုအပ်၏။သို့မှသာ မင်္ဂလာဦးည၌ ဘာမှနားမလည်ဘဲဖြစ်မနေတော့မည်ပင်။​ချမ်ရှီ ချက်ချင်းလက်ခံလိုက်သည်။​ကျိုးထောင်ဟွား ချမ်ရှီထံနားမလည်နိုင်ဟန်ဖြင့်ကြည့်လိုက်မိ၏။

ဘာလို့ လက်ခံလိုက်ရတာလဲ။​မုဆိုးမဖန်းကဖြင့် စာဖတ်ဝါသနာပါတဲ့ပုံလဲမပေါက်ပါဘူး။သူမက ဘယ်လိုစာအုပ်မျိုးပေးနိုင်မှာမလို့လဲ။

​"ထောင်ဟွား နောက်မှအခန်းထဲရောက်ရင် သမီးဘာသာဖတ်ကြည့်လိုက်နော်"

ထိုသို့ပြောပြီး ချမ်ရှီမှာထိုထူးဆန်းသောစာအုပ်ကို ကျိုးထောင်ဟွားလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။​ကျိုးထောင်ဟွား လုံးဝဇဝေဇဝါ ဖြစ်သွားရ၏။​သို့သော် စာအုပ်အားထိကြည့်ပြီးပါမှ မကောင်းသောအငွေ့အသက်မရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။​မုဆိုးမဖန်းအပေါ်ထားသော ဒေါ်လေးချမ်ရှီ၏သဘောထားမှာ ပျော့ပျောင်းသွားတော့၏။

"ချိုက်လင်ရေ ထောင်ဟွားကိုစာအုပ်ပေးလို့ ကျေးဇူးတင်တယ်နော်၊အသားခြောက်တွေကိုတော့ ပြန်ယူသွားလိုက်ပါ"

​"ဒေါ်လေးချမ် ပြီးခဲ့တဲ့တစ်ခေါက်က ကျွန်မပြောခဲ့တဲ့ ပေါက်ကရစကား‌တွေအတွက် ခွင့်မလွှတ်နိုင်သေးလို့ဒီလိုပြောနေတာလား၊တစ်ကယ်လို့ ခွင့်လွှတ်တယ်ဆိုရင် အသားခြောက်တွေကိုလက်ခံပေးပါနော် မဟုတ်ရင် ကျွန်မဒေါ်လေးတို့မိသားစုနဲ့ မျက်နှာချင်းမဆိုင်ရဲတော့ဘူး"

​မုဆိုးမဖန်းမှာ ဇွတ်အတင်းပြောဆိုနေသည်။​မတတ်သာသည့်အဆုံး ချမ်ရှီလည်းလက်ခံလိုက်ရတော့၏။​အခွင့်ကောင်းကိုအသုံးချပြီး မုဆိုးမဖန်းသည် သူမ၏လာရင်းရည်ရွယ်ချက်ကို ထုတ်ဖော်ပြောကြားလိုက်သည်။

"ဒေါ်လေးချမ် ထောင်ဟွား ကျွန်မနဲ့ ကျွန်မယောက္ခမတို့ ထောင်ဟွားရဲ့ပန်းထိုးအလုပ်ရုံမှာ ပန်းထိုးသင်တန်းလာတက်ချင်လို့ပါ အဆင်ပြေလားဟင်"

​ကျိုးထောင်ဟွား ပြုံးလိုက်မိသည်။

စကားတွေ အများကြီးဝိုက်ပြောနေတာ ဒါကြောင့်ကိုး။

​"ရပါတယ် အစ်မနဲ့အဒေါ်ခယ့်ရှီတို့အတူတူလာခဲ့ကြပါ"

​မုဆိုးမဖန်းသည် ကျိုးထောင်ဟွား၏ကမ်းလှမ်းမှုကို ဝမ်းသာအားရလက်ခံလိုက်ပြီး အကြိမ်ကြိမ်ကျေးဇူးတင်စကားဆိုလာလေသည်။ပြန်ခါနီးတွင်ပင် သူမပေးခဲ့သောစာအုပ်ကိုလေ့လာဖို့ ကျိုးထောင်ဟွားကိုသတိပေးလိုက်သေး၏။​ကျိုးထောင်ဟွားသည် စာအုပ်၏အကြောင်းအရာကို ပို၍စူးစမ်းချင်လာသည်။အခန်းထဲသို့ ပြန်ရောက်သောအခါ သူမသည် စာအုပ်အားဖုံးအုပ်ထားသော အဝတ်စကိုဖြည်လိုက်၏။

စာအုပ်​မျက်နှာဖုံးမှာ ဗလာဖြစ်နေသည်။ပထမစာမျက်နှာကို ဖွင့်လိုက်သောအခါ ကျိုးထောင်ဟွားမြင်လိုက်ရသော အရာကြောင့်ထိတ်လန့်သွားရ၏။​သူမမျက်နှာမှာ နီရဲလာပြီး စာအုပ်ကိုအမြန်ပိတ်ချလိုက်မိသည်။​အခန်းထဲတွင် မည်သူမှမရှိသော်လည်း ညစ်ညမ်းစာပေဖတ်နေသည်ကို တစ်ယောက်ယောက်တွေ့သွားမည်စိုးသဖြင့် ဘေးဘီဝဲယာကို ကြောက်လန့်တကြားဖြင့် စစ်ဆေးကြည့်ရှုလိုက်မိ၏။​တစ်ချက်သာဖြတ်ကနဲကြည့်လိုက်ရသော်လည်း ပထမစာမျက်နှာရှိပုံများသည် ကျိုးထောင်ဟွားစိတ်ထဲတွင် စွဲထင်ကျန်ရစ်နေသည်။​သူမခေါင်းထဲမှနေ ထုတ်ပစ်၍မရတော့ပေ။​ကျိုးထောင်ဟွား တံတွေးမြိုချလိုက်မိသည်။

နောက်တစ်ခေါက်လောက် ထပ်ကြည့်သင့်လား။​ဒါက အိမ်ထောင်ပြုခါနီး လေ့လာရမယ့်စာအုပ်ဆိုတာ အမေသိမှာပဲလေ။အဲ့ဒါကြောင့် အခုသူမဖတ်နေတာက လုံးဝအကြောင်းအကျိုးခိုင်လုံပါတယ်။

​ကိုယ့်ကိုယ်ကိုယ် နားချပြီးနောက် ကျိုးထောင်ဟွားသည် စာအုပ်ကိုပြန်ဖွင့်လိုက်ပြီး စိတ်ဝင်တစားဖတ်ရှုလေတော့သည်။သူမတစ်ကိုယ်လုံး ပူလောင်လာလေ၏။

​"ညီမထောင်ဟွား ဘာဖြစ်လို့လဲ"

​ကျိုးထောင်ဟွား စာအုပ်ဖတ်ကောင်းနေစဉ်မှာပင် ရှန်းမင်အသံသည် ရုတ်တရက်သူမခေါင်းထက်မှထွက်ပေါ်လာလေသည်။​သူမ သတိပြန်ဝင်လာသောအခါ ရှန်းမင်သည် လက်လှမ်းပြီး သူမနှာခေါင်းကို သုတ်ပေးနေသည်အားတွေ့လိုက်ရ၏။သူ့လက်ချောင်းထိပ်တွင် အနီရောင်တောက်တောက်သွေးစက်များ ချက်ချင်းစွန်းထင်းသွားလေသည်။​ထိုအနီရောင်အစွန်းအထင်းကိုမြင်လိုက်ပါမှ သူမနှာခေါင်းသွေးယိုနေကြောင်း ကျိုးထောင်ဟွားသတိထားမိလိုက်၏။

​ရှန်းမင် ရုတ်တရက်ပေါ်လာသဖြင့် လန့်ဖြန့်သွားပြီး ကျိုးထောင်ဟွားသည် စာအုပ်ကိုအမြန်ပိတ်လိုက်သည်။ရှန်းမင် တစ်ခုခုမြင်သွားမည်အား စိုးရိမ်နေမိ၏။​ရှန်းမင်သည် ကျိုးထောင်ဟွားမေးကိုကိုင်ကာ ခေါင်းမော့စေလိုက်ပြီး သူ့အိတ်ကပ်ထဲမှ မီးခိုးရောင်လက်ကိုင်ပုဝါတစ်ထည်ကို ထုတ်ယူလိုက်သည်။​ပန်းနုရောင်မက်မွန်ပွင့်များထိုးထားပုံရသော အဖြူရောင်လက်ကိုင်ပုဝါလေးတစ်ထည်သည် သူ့အိတ်ကပ်ထဲမှနေ အသာပြုတ်ကျသွားလေ၏။

​သူသည် ကျိုးထောင်ဟွားမျက်နှာပေါ်မှ သွေးစွန်းနေသောနေရာများကို ဖွဖွလေး သုတ်ပေးနေသည်။သူတို့နှစ်ယောက်မှာ အလွန်နီးကပ်နေသဖြင့် ရှန်းမင်မျက်နှာပေါ်ရှိအမွှေးအမျှင်လေးများကိုပင် ကျိုးထောင်ဟွားမြင်နေရ၏။​ရှန်းမင်၏ကိုယ်သင်းနံ့ဖျော့ဖျော့လေးသည် ကျိုးထောင်ဟွားနှလုံးခုန်သံများကို အကြောင်းပြချက်မရှိဘဲ မြန်ဆန်လာစေသည်။​ရှန်းမင်သည် လက်ရှည်အင်္ကျီကိုဝတ်ဆင်ထားသော်လည်း အင်္ကျီစသည်သန်မာသော သူ့လက်မောင်းကြွက်သားများကို ဖုံးကွယ်မထားနိုင်ပေ။

​သူမအကြည့်များသည် ရှန်းမင်လက်မောင်းများပေါ်တွင် မသိစိတ်ဖြင့်ရောက်ရှိသွားပြီးနောက် ကြံ့ခိုင်သောသူ့ရင်အုပ်ဆီသို့ရွေ့လျားသွားရာ ခုနကသူမမြင်ခဲ့ရသောပုံလေးတစ်ပုံ ခေါင်းထဲဖြတ်ကနဲပေါ်လာလေသည်။ပုံထဲတွင် အမျိုးသားနှင့်အမျိုးသမီးတို့၏ ရင်းရင်းနှီးနှီးပွေ့ဖက်နေသောပုံရိပ်သည် သူမရှေ့ရှိရှန်းမင်၏ပုံရိပ်နှင့် ထပ်တူကျသွားတော့၏။​ရှန်းမင်၏လှုပ်ရှားမှုတိုင်းသည် ဆန်းကြယ်သောဆွဲဆောင်မှုတစ်ခုရှိနေသည်ဟု ကျိုးထောင်ဟွားခံစားနေရသည်။ငါတော့ရူးတော့မှာပဲ။

​"ညီမထောင်ဟွား အဆင်ပြေရဲ့လား"

​ရေနွေးပွက်ပွက်ဆူနေသကဲ့သို့ ပူလောင်နေသော ကျိုးထောင်ဟွား၏မျက်နှာရဲရဲလေးကို သတိထားမိသဖြင့် ရှန်းမင်မေးလိုက်သည်။​ကျိုးထောင်ဟွားသည် ရှန်းမင်ဘာပြောလိုက်သည်ကိုမကြားရတော့ဘဲ သူမအကြည့်များသည် သူ့နှုတ်ခမ်းများအပေါ်တွင်သာ စူးစိုက်ကြည့်နေမိ၏။သူမမတ်မတ်ထိုင်လိုက်ပြီး ရုတ်ချည်းရှေ့တိုးကာ သူမနှုတ်ခမ်းများကို အချိုးအစားကျနပြီး လှပသောပုံသဏ္ဍာန်ရှိသည့် သူ့နှုတ်ခမ်းများနှင့်ဖိကပ်လိုက်တော့သည်။

​ထိုအခိုက်အတန့်တွင် အချိန်များရပ်တန့်သွားသကဲ့သို့ပင်။​ရှန်းမင်သည် ကျိုးထောင်ဟွား၏ရုတ်တရက်အနမ်းကြောင့် မှင်သက်သွားပြီး သူ့ခန္ဓာကိုယ်မှာတောင့်တင်းသွားတော့သည်။​သူသတိပြန်ဝင်လာဖို့ အချိန်အတော်ကြာလိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြည်းဖြည်းချင်းပေါ်လာလေ၏။

ထောင်ဟွားက သူ့ကိုနမ်းလိုက်တာပဲ။

​သူမခန္ဓာကိုယ်ထဲသို့ မကြုံစဖူးများပြားလှသော ဝိညာဉ်စွမ်းအင်များစီးဝင်လာသည်ကိုခံစားလိုက်ရမှသာ ကျိုးထောင်ဟွား သတိပြန်ဝင်လာတော့သည်။​သူမ၏ ရဲတင်းသောလုပ်ရပ်ကို သတိပြုမိလိုက်ပြီး ပါးစပ်ကိုအမြန်အုပ်လိုက်ကာ ရှန်းမင်ထံသို့ ပေကလပ်ပေကလပ်ဖြင့်ကြည့်၍ ဗလုံးဗထွေးပြောလာ၏။

​"အစ်ကိုရှန်းမင် တောင်းပန်ပါတယ်၊ညီမ......ညီမ ဘယ်လိုဖြစ်ပြီး......"

​"ညီမနမ်းချင်တဲ့အချိန်တိုင်း ကိုယ့်ကိုနမ်းလို့ရပါတယ်၊ကိုယ်စိတ်မရှိပါဘူး"

ရှန်းမင် သူ့အပြုံးကိုထိန်းရင်းပြောလိုက်သည်။​သူ့ဘက်မှ ဤကဲ့သို့ပြောလေလေ ကျိုးထောင်ဟွားမှာ ပိုပြီးရှက်ရွံ့လာလေလေဖြစ်ပြီး ထူးဆန်းသောပုံရိပ်များ သူမခေါင်းထဲအလိုလိုပေါ်လာပြန်တော့၏။​ရှန်းမင်အားနမ်းလိုက်ရုံဖြင့် ရရှိလိုက်သော ဝိညာဉ်စွမ်းအင်ပမာဏမှာ သူမကိုအံ့သြသွားစေသည်။

​ဒီလိုဆို ရှန်းမင်ကိုမကြာမကြာနမ်းတာက မကောင်းတဲ့ကိစ္စတော့ မဟုတ်ဘူးပဲ။​ဘာပဲဖြစ်ဖြစ် သူတို့ကစေ့စပ်ထားကြတာပဲလေ နမ်းတာကတရားဝင်တယ်မလား။

​"ရှန်းမင် ထောင်ဟွား ထမင်းစားရအောင်"

​မီးဖိုချောင်ထဲမှ ချမ်ရှီ၏အသံထွက်ပေါ်လာသည်။​ကျိုးထောင်ဟွား ချက်ချင်းပြောလိုက်၏။

"အစ်ကိုရှန်းမင် အမေ့ကိုဟင်းပွဲတွေအရင်သွားကူသယ်ပေးလိုက်ပါ၊ညီမ အခုပဲလိုက်ခဲ့မယ်"

​ရှန်းမင်မှာ ဘာမှထွေထွေထူးထူးမစဉ်းစားဘဲထွက်သွားလိုက်သည်။​သူတစ်ကယ်ထွက်သွားပြီဖြစ်ကြောင်းသေချာပါမှ ကျိုးထောင်ဟွားသည် သူမနောက်ကျော၌ဖွက်ထားသောရုပ်ပြစာအုပ်ကို ဂရုတစိုက်ပြန်ထုတ်လိုက်၏။

​ဒီစာအုပ်ကို အစ်ကိုရှန်းမင်လုံးဝတွေ့လို့မဖြစ်ဘူး။

​သူမသည် ကုတင်ဘေးသို့လျှောက်သွားပြီး စာအုပ်ကိုခေါင်းအုံးအောက်တွင်ကပျာကယာဖွက်လိုက်သည်။​ထမင်းစားရန် ထွက်သွားဖို့လှည့်လိုက်စဉ်မှာပင် တံခါးဝ၌ ရှန်းမင်ရပ်နေသည်ကို တွေ့လိုက်ရသည်။ကျိုးထောင်ဟွား ထိတ်လန့်သွားရ၏။

​"အစ်ကို ဘာလို့ပြန်လာတာလဲ"

​ရှန်းမင်သည် ခုနကသူမထိုင်ခဲ့သော ခုံပုလေးနားတစ်ချက်ကြည့်လိုက်ရာ ခုံခြေထောက်ဘေးတွင် အဖြူရောင်လက်ကိုင်ပုဝါတစ်ထည်ကျနေသည်ကို သေချာတွေ့လိုက်ရသည်။​သူမမေးခွန်းကို ကြားလိုက်ရသောအခါ ရှန်းမင်၏မျက်နှာထားသည် အနည်းငယ်မူမမှန်ဖြစ်သွားရ၏။

​"မြန်မြန်လာစားဖို့ ပြောတာပါ၊ဟင်းတွေ အေးကုန်တော့မယ်"

သူ ရှင်းပြလိုက်သည်။​ကျိုးထောင်ဟွား အသာမျက်မှောင်ကြုံ့လိုက်မိ၏။

ဟင်းတွေက ဘယ်လိုလုပ်ဒီလောက်မြန်မြန်အေးသွားမှာလဲ။

​သံသယဝင်သွားသော်လည်း ကျိုးထောင်ဟွားအပြင်သို့ ထွက်လာခဲ့သည်။​သို့သော် သူမမှသူ့ကိုကျော်ပြီးလျှောက်သွားလိုက်သော်လည်း အနောက်မှလိုက်လာသော ခြေသံကိုမကြားရပေ။ဆတ်ကနဲ သူမလှည့်ကြည့်လိုက်ရာ ရှန်းမင်သည်ဒူးထောက်ထိုင်ချပြီး မြေကြီးပေါ်မှတစ်စုံတစ်ခုကိုကောက်ယူနေသည်အား တွေ့လိုက်ရသည်။ထိုလက်ကိုင်ပုဝါအား သူမအလွန်ရင်းနှီးနေသလိုပင်။

​"အဲ့ဒါ အဲ့ဒါရာသီသွေးမိစ္ဆာနဲ့ ညီမအတူတူထိုးထားတဲ့ မက်မွန်ပွင့်လက်ကိုင်ပုဝါမလား"

​ကျိုးထောင်ဟွား သူ့ထံသို့လျှောက်သွားရင်းပြောလိုက်သည်။​လက်ကိုင်ပုဝါကို ကောက်ယူနေသော ရှန်းမင်၏လှုပ်ရှားမှုမှာ တောင့်တင်းသွားပြီး သူမထံကသိကအောက်ဖြစ်‌နေသောအမူအယာဖြင့် လှည့်ကြည့်လာ၏။

​"ညီမဖြင့်မတွေ့တော့လို့ ရှာနေတာအတော်ကြာပြီ၊ပျောက်သွားပြီပဲထင်နေတာ ဒီမှာကျနေတာကိုး"

​"ဟုတ်တယ် အစ်ကိုကောက်လိုက်တာ"

ရှန်းမင် ဘာသိဘာသာဟန်ဖြင့်ပြန်ဖြေပြီး အိတ်ကပ်ထဲထိုးထည့်လိုက်သည်။​မီးဖိုချောင်သို့သွားနေစဉ်မှာပင် လက်ကိုင်ပုဝါပျောက်နေသည်ကို ရုတ်တရက်သတိထားမိလိုက်ပြီး ချက်ချင်းပြန်လာရှာခြင်းပင်။ကံကောင်းထောက်မစွာပင် သူပြန်ရှာတွေ့ခဲ့သည်။​သို့သော် ဤသည်ကပင် ကျိုးထောင်ဟွားအား သူ့လျှို့ဝှက်ချက်ကိုသိသွားစေခဲ့၏။

​"အဲဒါက အရမ်းရုပ်ဆိုးတယ်လေ၊နောက်တစ်ခါကျမှ ညီမပိုလှတဲ့တစ်ထည်ထိုးပေးမယ်"

​ရှန်းမင်မှာ ပြန်ပေးရန်ငြင်းဆန်လိုက်သည်။

"ဒီတစ်ထည်ကို အစ်ကို့ဆီမှာပဲအရင်ထားလိုက်ပါ၊ညီမဘာသာ အသစ်တစ်ထည်ထိုးပြီးမှ အစ်ကို့ကိုပြန်ပေးပေါ့"

All Chapters