← Chapters

မူလစတင်ခြင်းအဆင့် ၆

Vol. 6 Ch. 56

မူလစတင်ခြင်းအဆင့် ၆

Vol. 6 Ch. 56

ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့မယ် ဟုတ်လား...

လီစီဖုန်းနှင့် ချန်ချန်းဟိုင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသော်လည်း သူတို့၏ မျက်နှာထားများမှာ ပြောင်းလဲခြင်း မရှိသလောက်ပင်။ အခြားတပည့်များက ထိတ်လန့်သွားကြသော်လည်း ထုတ်မပြကြဘဲ လီစီဖုန်းနှင့် ချန်ချန်းဟိုင်ကိုသာ အာရုံစိုက်ထားကြသည်။

ဝူမန်အာကတော့ အသားဟင်းစားရန် အလုပ်ရှုပ်နေပြီး ခေါင်းမော့မကြည့်ပေ။

ချန်ချန်းဟိုင်က တဖက်ကိုလှည့်ကြည့်လိုက်ပြီး ပြုံးကာ မေးကြည့်လိုက်သည်။

"ညီအစ်ကိုတို့... ဘာလို့ ချင်းရှောင်ဂိုဏ်းကို ဝိုင်းရံပိတ်ဆို့ကြမှာလဲ... အကြောင်းရင်း ရှိလို့လား..."

သိုင်းသမားများက စားပွဲများ ရှာဖွေ၍ ထိုင်လိုက်ကြရင်း သူတို့ထဲမှ တစ်ယောက်က လှည့်ကြည့်ပြီး ရယ်မောကာ ပြန်ဖြေလိုက်သည်။

"တခြား ဘာဖြစ်နိုင်ဦးမှာလဲ... နတ်ဘုရားသိုင်းကျမ်းကြောင့်ပေါ့... နဂါးနိုင်သူရဲကောင်းက အတိတ်က ဒဏ္ဍာရီလာ သိုင်းပညာကို ချင်းရှောင်ဂိုဏ်းဆီ ယူလာခဲ့တာ... သိုင်းလောကရဲ့ ဒုတိယအသန်မာဆုံးလို့ လူသိများတဲ့ ကျန်းကျောက်ရှားက ဒီနတ်ဘုရားသိုင်းကျမ်းကို သင်ယူထားလို့ အဲဒီလောက် စွမ်းနေတာ..."

လီစီဖုန်းကလည်း ခေါင်းလှည့်ကြည့်လိုက်ပြီး စိတ်ဝင်တစား မေးလိုက်သည်။

"သိုင်းလောက ဒဏ္ဍာရီ ဟုတ်လား... ဘယ်လို နတ်ဘုရားသိုင်းကျမ်းမျိုးလဲ..."

အရိုးသံမဏိဂိုဏ်းမှ အခြား သိုင်းသမားတစ်ဦးက တဟားဟား ရယ်မောပြီး ..

"လွန်ခဲ့တဲ့ နှစ်တစ်ရာက သိုင်းလောက ဒဏ္ဍာရီလေ... သူ ဘယ်လို နတ်ဘုရားသိုင်းကျမ်းမျိုး ပိုင်ဆိုင်ခဲ့လဲ ဆိုတာတော့ ငါတို့ မသိဘူး... ဒါပေမဲ့ နဂါးနိုင်သူရဲကောင်းက ဖူယန်ရေကန်ကို အမှန်တကယ် သွားခဲ့တယ်... ဖူယန်ရေကန် အောက်ခြေမှာ သိုင်းလောက ဒဏ္ဍာရီတစ်ဦး တည်ဆောက်ခဲ့တဲ့ နန်းတော်တစ်ခု ရှိတယ်... သူ နတ်ဘုရားသိုင်းကျမ်း စာအုပ်ကို ရယူတာကို ချင်းဂိုဏ်းက ကျွမ်းကျင်သူတွေ မြင်ခဲ့ကြတယ်... ဒါပေမဲ့ နဂါးနိုင်သူရဲကောင်းရဲ့ ဂုဏ်သတင်းကြောင့် အတင်းအကျပ် မလုရဲခဲ့ကြဘူး... အခု ချင်းဂိုဏ်း၊ ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့နဲ့တိုင်ယွဲ့တောင်ထွတ်တို့အပြင် ဒါဇင်နဲ့ချီတဲ့ ဂိုဏ်းငယ်လေးတွေပါ ချင်းရှောင်ဂိုဏ်းဆီ ဦးတည်သွားနေကြပြီ... ငါတို့ အရိုးသံမဏိဂိုဏ်းက သူတို့နဲ့ မပတ်သက်ပေမဲ့ အပျော်သဘော ဝင်ပါချင်လို့..."

တည်းခိုခန်းထဲသို့ ဦးဆုံး ဝင်လာသော သက်လတ်ပိုင်း အမျိုးသားက လီစီဖုန်းနှင့် အခြားသူများကို လှည့်ကြည့်ပြီး အေးစက်သော အသံဖြင့် မေးလိုက်သည်။

"မင်းတို့က ဘယ်ဂိုဏ်း ဘယ်အဖွဲ့ကလဲ..."

သူ့အကြည့်က ဝူမန်အာအပေါ် မကျရောက်ဘဲ မနေနိုင်ပေ။ ဝူမန်အာ၏ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် လျစ်လျူရှုထားရန် ခက်ခဲလှသည်။

ချန်ချန်းဟိုင်က ဦးအောင်ပြန်ဖြေလိုက်သည်။

"ဂိုဏ်းသေးသေးလေး တစ်ခုပါ... ခင်ဗျားတို့ ကြားဖူးမှာ မဟုတ်ပါဘူး... ပိုက်ဆံရှာဖို့အတွက် အစိုးရရဲ့ ခေါ်ယူမှုကြောင့် ဓားပြနှိမ်နင်းဖို့ ပြင်ဆင်နေတာပါ..."

"ဓားပြနှိမ်နင်းလို့ ဘာပိုက်ဆံ ရှာလို့ရမှာလဲ... သိုင်းလောကမှာ စွမ်းရည်ကသာ အရေးအကြီးဆုံးပဲ... မင်းမှာသာ လုံလောက်တဲ့ စွမ်းရည် ရှိရင် ပိုက်ဆံ ပြတ်လပ်မှာ မဟုတ်ဘူး... ငါတို့နဲ့အတူ ချင်းရှောင်ဂိုဏ်းကို လိုက်ပြီး ကံစမ်းကြည့်ပါလား... ဒဏ္ဍာရီလာ သိုင်းပညာတွေအပြင် ချင်းရှောင်လူကြီးမင်းရဲ့ အထွတ်အထိပ် နည်းစနစ်တွေကိုတောင် ခိုးယူနိုင်ကောင်း ခိုးယူနိုင်မှာ..."

မုတ်ဆိတ်မွေးများနှင့် အရပ်ရှည်ရှည် လူငယ်တစ်ဦးက ရယ်မောလိုက်သည်။ စားပွဲထိုးက သူတို့အနား ရောက်လာပြီး မကြားချင်ယောင် ဆောင်ကာ မှာကြားသည်များကို မှတ်သားပြီး စားပွဲကို သုတ်ပေးနေသည်။

လီစီဖုန်းက သူ့ကို ကြည့်ပြီး စိတ်ဝင်တစား မေးလိုက်သည်က…

"လင်းရွှန်းဖုန်း သိုင်းလောက ကနေ အနားမယူခင်တုန်းက ဘာလို့ ဘယ်သူမှ ချင်းရှောင်ဂိုဏ်းကို ပြဿနာ မရှာခဲ့ကြတာလဲ..."

အရိုးသံမဏိဂိုဏ်းမှ မျက်လုံးတစ်ဖက်လပ် အဘိုးအိုတစ်ဦးက နှာမှုတ်လိုက်ပြီး .

"အဲဒီတုန်းက ချင်းရှောင်ဂိုဏ်းမှာ လင်းရွှန်းဖုန်းပဲ ရှိတာ... ချင်းရှောင်ဂိုဏ်းမှာ ဘာမှ မရှိဘူး... ဒဏ္ဍာရီလာ သိုင်းပညာဆိုတာ ဝေလာဝေး... ပြောစမ်းပါ... ဘယ်သူက ကျန်းကျောက်ရှားလို အစွမ်းမထက်ချင်ဘဲ နေမှာလဲ..."

အခြား သိုင်းသမားများကလည်း ထောက်ခံကြပြီး စကားဝိုင်းက သိုင်းလောက ဒဏ္ဍာရီများဘက်သို့ မလွဲမသွေ ရောက်ရှိသွားကာ ဒဏ္ဍာရီများကိုပင် ဆွေးနွေးလာကြတော့သည်။

လီစီဖုန်း မေးခွန်းထုတ်တာ ရပ်လိုက်ပြီး ဝိုင် ဆက်သောက်ရန် ပြန်လှည့်လိုက်သည်။

ဤနေရာက ချင်းရှောင်ဂိုဏ်းနှင့် မိုင်ပေါင်းရာချီ ဝေးကွာနေသေးသည်။ အရိုးသံမဏိဂိုဏ်းသားများ အနေဖြင့် သူတို့ကို ချင်းရှောင်ဂိုဏ်းမှ လာကြသည်ဟု ထင်မှတ်ထားမည် မဟုတ်ပေ။ထို့ကြောင့် သူတို့အားလုံး လှပသော စိတ်ကူးယဉ် အိပ်မက်များထဲတွင် နစ်မြောနေကြသည်။ သူတို့က ဖရိုဖရဲ အခြေအနေကို အခွင့်ကောင်းယူ၍ ပြိုင်ဘက်ကင်း နတ်ဘုရားသိုင်းကျမ်းကို ရယူပြီး အရိုးသံမဏိဂိုဏ်းကို ပြန်လည် အသက်သွင်းရန် မျှော်လင့်နေကြသေးသည်။

ချန်ချန်းဟိုင် ခေါင်းအနည်းငယ် ခါလိုက်မိသည်။ ဤလူများက ရယ်စရာကောင်းပြီး သိုင်းလောကကို အလွယ်တွေးနေကြသည်ဟု သူ မြင်မိသည်။

ခဏကြာပြီးနောက်…

လီစီဖုန်းက ဝိုင်ပန်းကန်လုံးကို ချလိုက်ပြီး မျက်နှာချင်းဆိုင်ရှိ ချင်းရှောင်ဂိုဏ်းသားကို ကြည့်ကာ မေးလိုက်သည်။

"မင်း ဗိုက်ဝပြီလား..."

ထိုဂိုဏ်းသားက ခေါင်းညိတ်လိုက်ပြီး မျက်နှာထား တင်းမာနေသည်။ အရိုးသံမဏိဂိုဏ်းသားများ၏ စကားများက ပိုမို ရိုင်းစိုင်းလာပြီး၊ ချင်းရှောင်ဂိုဏ်းကို သားသတ်ရုံရောက်နေသော သိုးသူငယ်များကဲ့သို့ သဘောထားကာ ချင်းရှောင်ဂိုဏ်းမှ အမျိုးသမီး တပည့်များကိုပင် ရွံရှာဖွယ်ကောင်းသော နည်းလမ်းဖြင့် ထည့်သွင်း ပြောဆိုလာကြသည်။

"သွားပြီး တံခါး ပိတ်လိုက်..."

လီစီဖုန်း အမိန့်ပေးလိုက်ရာ ထိုစကားကို ကြားသည်နှင့် ဂိုဏ်းသားများ၏ မျက်လုံးများ အရောင်လက်သွားကြသည်။ သူ့ရှေ့တွင် ထိုင်နေသော ဂိုဏ်းသားက ချက်ချင်း မတ်တတ်ရပ်ပြီး တည်းခိုခန်း တံခါးပေါက်ဆီသို့ လျှောက်သွားလေသည်။

...

ယန်လန်တို့တွေ ချင်းရှောင်ဂိုဏ်းတွင် ယာယီ တည်းခိုနေကြသည်။ လီချင်းချိုးနှင့် ချင်ယဲ့တို့က သူတို့၏ အထောက်အထားကို မဖော်ပြဘဲ သာမန် ဧည့်သည်များကဲ့သို့ နေခွင့်ပေးထားသည်။ ချင်ယဲ့က စိတ်ပူနေပြီး ယန်လန်၏ ခြံဝန်းသို့ မကြာခဏ သွားရောက်လေ့ ရှိသည်။

လီချင်းချိုးကတော့ ယန်လန်နှင့် အခြားနှစ်ဦးကို တိတ်တဆိတ် စောင့်ကြည့်ရန် ရွှီနင်းးကို ညွှန်ကြားထားသည်။ ထို့နောက် ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် ယန်ကျွယ်တိန်တို့ထံ သွားရောက်ပြီး ဂိုဏ်းတစ်ခုက ချင်းရှောင်ဂိုဏ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေကြောင်း ပြောပြလိုက်သည်။

"ဒါက ချင်းဂိုဏ်းရဲ့ လက်ချက်ပဲ ဖြစ်ရမယ်... အခု သတင်းပြန့်သွားပြီ ဆိုတော့ ဂိုဏ်းတွေ အများကြီး ပြဿနာ လာရှာကြမှာကို ကျွန်တော် စိုးရိမ်တယ်... ဒဏ္ဍာရီလာ သိုင်းပညာရဲ့ ဆွဲဆောင်မှုက အရမ်း ကြီးမားတယ်... ကျွန်တော်သာ ဆိုရင်လည်း အပျော်သဘော ဝင်ပါတာကို တားဆီးနိုင်မှာ မဟုတ်ဘူး... ကျွန်တော် တပည့်တစ်စုကို ခေါ်ပြီး တောင်အောက်မှာ သွားနေလိုက်မယ်... တစ်ခုခု ဖြစ်လာရင် ကျွန်တော်တို့ အငိုက်မိမှာ မဟုတ်ဘူး..."

ယန်ကျွယ်တိန်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ လီချင်းချိုးနှင့် အချိန်ကြာမြင့်စွာ နေထိုင်ပြီးနောက် သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေး ပြောင်းလဲလာခဲ့ပြီဖြစ်ကာ ကိုယ့်ကိုယ်ကိုယ် သနားနေမည့်အစား ဖြေရှင်းနည်းကို ချက်ချင်း စတင် စဉ်းစားတတ်လာပြီဖြစ်သည်။

လီချင်းချိုးက…

" အရမ်း ဖိအားများနေစရာ မလိုပါဘူး... ချင်းရှောင်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူး... မင်းဆက်ကို မယှဉ်နိုင်ပေမဲ့ ဘယ် သိုင်းဂိုဏ်းကမှ အလွယ်တကူ ကစားလို့ ရတဲ့ အရာ မဟုတ်တော့ဘူး... ဟွမ်ယွမ်ကျမ်းရဲ့ စွမ်းအားကို မင်း ကောင်းကောင်း သိပါတယ်..."

ယန်လန်ဆီမှ ဒီအကြောင်း ကြားရပြီးနောက် လီချင်းချိုး အနေဖြင့် ဖိအား လုံးဝ မရှိတော့ပေ။

မူလစတင်ခြင်းအဆင့် ၅ ရှိသော ရွှီနင်းး၊ အဆင့် ၂ ရှိသော ကျန်းယွီချွန်း၊ လီတုန်းယွဲ့နှင့် လီစီကျင်တို့အပြင် အဆင့် ၁ ရှိသော ယန်ကျွယ်တိန်၊ ချင်ယဲ့နှင့် လျူယန်တို့ရှိနေသဖြင့် ကုကျိုးပြည်နယ်မှ ကျွမ်းကျင်သူ အားလုံးကို ဖြေရှင်းရန် လုံလောက်ပေသည်။

ထို့ပြင် လီချင်းချိုးလည်း ရှိနေသေးသည်။ သူသည် မူလစတင်ခြင်းအဆင့် ၆ သို့ မကြာမီ ရောက်ရှိတော့မည် ဖြစ်သည်။

အကယ်၍ သူသာ ယခုအချိန် ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့သို့ သွားမည် ဆိုပါက၊ ရောက်သည်နှင့် သူတို့ ဒူးထောက် အသနားခံသည်အထိ လူတိုင်းကို သတ်ပစ်နိုင်မည်ဟု ယုံကြည်ချက် ရှိသည်။

မူလစတင်ခြင်းအဆင့် ၆ သို့ ရောက်ရှိသွားသည်နှင့် သူ့ကိုယ်ပိုင် အင်အားက ပို၍ ကြောက်မက်ဖွယ် ကောင်းလာပေလိမ့်မည်။

ထို့အပြင် ရှောင်ပါးနှင့် ရှောင်ကျိုတို့ကိုလည်း တိုက်ခိုက်ရေး အင်အားစုများအဖြစ် အသုံးပြုနိုင်သည်။ နတ်ဆိုးအဆင့်သို့ ဝင်ရောက်နေပြီ ဖြစ်သော ဤလင်းယုန်နက် နှစ်ကောင်က ရိုးရိုးသားသား ပြောရလျှင် သာမန်ဂိုဏ်းများကို ခေါင်းကိုက်စေရန် လုံလောက်ပေသည်။

ကျန်းယွီချွန်းနှင့် လီတုန်းယွဲ့တို့က အနည်းငယ် စိုးရိမ်နေကြသော်လည်း ကြောက်ရွံ့ထိတ်လန့်ခြင်း မရှိကြပေ။ သိုင်းလောက (ကျန်းဟူ)ဟု ခေါ်ဆိုကြသော အရာသည် မည်မျှပင် သန်မာပါစေ၊ ရှေ့တန်းမတင်နိုင်သော သာမန် လူအုပ်စု ဂိုဏ်းများသာ ဖြစ်ပြီး၊ ထောင်ချီသော စစ်တပ်အစစ်နှင့် မယှဉ်နိုင်ပေ။

ယန်ကျွယ်တိန် ထွက်ခွာသွားပြီးနောက် လီချင်းချိုးက ကျန်းယွီချွန်းနှင့် ဂိုဏ်းတည်ဆောက်ရေး ကိစ္စများကို ဆက်လက် ဆွေးနွေးသည်။

လက်ရှိ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းအရ လာမည့်နှစ်တွင် တပည့်အရေအတွက် သိသိသာသာ တိုးတက်လာမည် ဖြစ်ပြီး ဂိုဏ်း၏ ပုံရိပ်ကို တည်ဆောက်ရမည် ဖြစ်သည်။ ကျန်းယွီချွန်းက တပည့်များ စိတ်ဓာတ်တက်ကြွစေရန် သိုင်းပညာ လက်စွဲစာအုပ်များ ရေးသားထားရှိမည့် ကျမ်းစာကြည့်တိုက် အပါအဝင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများစွာကို တည်ဆောက်လိုသည်။

လီချင်းချိုးက ကျန်းယွီချွန်း၏ စီမံကိန်းကို နားထောင်ပြီး အသေးစား အကြံပြုချက်များသာ ပေးကာ အဟန့်အတား မလုပ်ဘဲ ကြီးမားသော ထောက်ခံမှုကို ပေးလိုက်သည်။

နောက်တစ်နေ့ နံနက်တွင် ကျန်းယွီချွန်းက စီနီယာ တပည့်တစ်စုကို ရွေးချယ်ပြီး တောင်ပေါ် ကင်းလှည့်ရန် တာဝန်ပေးလိုက်သည်။

ထို့နောက် လီချင်းချိုးက ယွမ်ချီနှင့် ယွမ်လီတို့ကို ဦးဆောင်၍ တောင်အောက်သို့ ဆင်းလာခဲ့သည်။

သစ်တောအုပ်ထဲတွင် ၁၂ နှစ်အရွယ် ယွမ်ချီက ၄ နှစ်အရွယ် ညီလေး ယွမ်လီ၏ လက်ကို ဆွဲထားသည်။ သူက လီချင်းချိုးကို ကြည့်ပြီး….

"ဂိုဏ်းချုပ်... ကျွန်တော်တို့ကို ဘယ်ခေါ်သွားမလို့လဲ..."

သူ့ကို ခုနှစ်စဉ်တောင်ထွတ် မဟာမိတ်အဖွဲ့ လက်ထဲမှ လီချင်းချိုး ကယ်တင်ခဲ့ခြင်း ဖြစ်သည်။ထို့ကြောင့် လီချင်းချိုးကို အမြဲတစေ လေးစားခဲ့သည်။ လီချင်းချိုးက သူ့ကို တပည့်အဖြစ် လက်မခံခဲ့သော်လည်း လီချင်းချိုးအပေါ် သူ့ရဲ့ သစ္စာရှိမှုက ၉၁ မှတ်အထိ ရောက်ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် ကြောက်ရွံ့ခြင်း မရှိဘဲ သိချင်စိတ်သာ ဖြစ်ပေါ်နေသည်။

"မင်းတို့ကို ဟွမ်ယွမ်ကျမ်း သင်ပေးဖို့ နေရာတစ်ခု ရှာမလို့..."

လီချင်းချိုး ရှေ့မှ လျှောက်ရင်း ပေါ့ပါးစွာ ပြန်ဖြေလိုက်သည်။

"ဟင်... ကျွန်တော် သင်ဖို့ အရည်အချင်း ပြည့်မီလို့လား..."

ယွမ်ချီ ချက်ချင်း စိတ်လှုပ်ရှားသွားကာ ဝမ်းသာစိတ်များ ဖြစ်ပေါ်လာသော်လည်း ထုတ်မပြရဲပေ။

မင်း မပြည့်မီဘူး... ဒါပေမဲ့ မင်းညီလေးရဲ့ ဂုဏ်ကြောင့် မင်း အကျိုးခံစားခွင့် ရတာ……

လီချင်းချိုး စိတ်ထဲတွင် တွေးလိုက်သော်လည်း အသံထွက်၍ ပြောလိုက်သည်က….

"မင်းက ငယ်ပေမဲ့ ဘယ်တော့မှ အပျင်းမကြီးဘူး... မင်း လုပ်သမျှ အကုန် ငါ မြင်ပါတယ်... ငါက တပည့်အားလုံးကို တန်းတူ ဆက်ဆံပေမဲ့ ဂိုဏ်းက ကြီးမားတော့ စီမံခန့်ခွဲဖို့ လူအင်အား လိုအပ်တယ်... မင်း ပိုသန်မာလာပြီး အနာဂတ်မှာ ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုး တချို့ကို မျှဝေထမ်းဆောင်နိုင်မယ်လို့ ငါ မျှော်လင့်တယ်..."

ယွမ်ချီ ထိုစကားများကြောင့် လွန်စွာ စိတ်လှုပ်ရှားသွားပြီး၊ ကြိုးစားအားထုတ်ပါ့မည်ဟု ချက်ချင်း ကတိပေးကာ သူ့ကို စိတ်ပျက်အောင် မလုပ်မိစေရန် အစွမ်းကုန် ကြိုးစားမည်ဟု ပြောလိုက်သည်။

လီချင်းချိုး အပြုံးဖြင့် တုံ့ပြန်လိုက်သော်လည်း သူ့ အတွေးများက ယွမ်လီ၏ မပျက်စီးနိုင်သော ခန္ဓာကိုယ်ဆီသို့သာ ရောက်သွားသည်။

သူ ၄ နှစ်သား အရွယ်ကတည်းက အင်မော်တယ် ကျင့်စဉ်ကို စတင် ကျင့်ကြံခဲ့တာ... ယွမ်လီရဲ့ မပျက်စီးနိုင်သော ခန္ဓာကိုယ်ကို မကြာခင် နိုးထလာစေနိုင်မလား မသိဘူး…….

အကယ်၍ သူ မကြာမီ နိုးထမလာနိုင်လျှင် ဖုန်းတိုင်၏ အသက်ကြီးမှ အောင်မြင်မည့်ကံ အောင်မြင်မှုကို အရင် ပုံတူကူးယူရမည်။ ဤကံတရား၏ နောက်ကွယ်တွင် အကြောင်းရင်း တစ်ခုခု ရှိနေသည်ဟု သူ အမြဲ ခံစားနေရသည်။

…….

နှစ်ကုန်ခါနီးတွင် လီချင်းချိုးတယောက် မြေအောက် ဝိညာဉ်ရေကန်၌ မူလစတင်ခြင်းအဆင့် ၆ သို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်နိုင်ခဲ့သည်။ အဆင့် ၅ မှ အဆင့် ၆ သို့ ရောက်သောအခါ မူလချီ နှစ်ဆ တိုးလာပြီး ကိုယ်ခန္ဓာလည်း သန်မာလာသည်။ သို့သော် အကြီးမားဆုံး ပြောင်းလဲမှုမှာ မူလချီပင် ဖြစ်သည်။

သူ့ရဲ့ မူလစွမ်းအင် ပိုမို အားကောင်းလာပြီး ထိုးဖောက်နိုင်စွမ်း ပိုကောင်းလာသည်ကို ခံစားလိုက်ရသည်။ ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်က သူ့ရဲ့ မူလစွမ်းအင်ကို ကိုယ်ပိုင် လျှပ်စီးဓာတ် ပေးစွမ်းသည်။ အဆင့်တစ်ခု ထိုးဖောက်တိုင်း ကောင်းကင်လျှပ်စီး ဝိညာဉ်အရင်းမြစ်၏ ဝိသေသလက္ခဏာများ အားကောင်းလာမည် ဖြစ်သော်လည်း ရှားရှားပါးပါးမှသာ ထုတ်ဖော်ပြသလေ့ ရှိသည်။

ကျင့်ကြံခြင်း တိုးတက်မှုအတွက် လီချင်းချိုး အလွန် ဝမ်းသာနေသည်။ ယနေ့ မြေအောက် ဝိညာဉ်ရေကန်တွင် သူတစ်ယောက်တည်းသာ ရှိသည်။ ကျင့်ကြံမှုကို ခိုင်မာအောင် ပြုလုပ်ပြီးနောက် ထွက်ခွာလာပြီး တောင်တန်းများနှင့် လယ်ကွင်းများတလျှောက် လမ်းလျှောက်ကာ အလုပ်လုပ်နေသော တပည့်များကို စစ်ဆေးရင်း အနားယူလိုက်သည်။

ချင်းရှောင်ဂိုဏ်းတွင် ယခုအခါ တပည့် ၁၂၆ ဦး ရှိသည်။ ကျန်းကျောက်ရှားနှင့် လီစီဖုန်းတို့က ကိုယ်ပိုင်အဖွဲ့များကို ဦးဆောင်၍ တောင်အောက် ဆင်းသွားကြသော်လည်း တောင်ပေါ်တွင် လူအတော်များများ ကျန်ရှိနေသေးသည်။

မွန်းတည့်ချိန် နီးကပ်လာသောအခါ တောင်တန်းများနှင့် လယ်ကွင်းများ နှင်းဖုံးနေသော်လည်း နေရောင်ခြည် တောက်ပစွာ ထွန်းလင်းနေသည်။

လီချင်းချိုး သစ်တောအုပ်တစ်ခုသို့ ရောက်ရှိလာပြီး သစ်ပင်အောက်တွင် တရားထိုင်နေသော ချင်းရှောင်၏နတ်ဘုရားခုနစ်ပါးအဖွဲ့ ခေါင်းဆောင် ဟွမ်ရှန်ကို တွေ့လိုက်ရသည်။

"ဟင်... မူလစတင်ခြင်းအဆင့် ၁ ပါလား..."

အဝေးမှနေ၍ ဟွမ်ရှန်၏ ကျင့်ကြံခြင်းအဆင့်ကို မြင်လိုက်ရသောအခါ လီချင်းချိုး အံ့သြသွားသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က ဟွမ်ယွမ်ကျမ်းကို ချင်းရှောင်၏ နတ်ဘုရားခုနှစ်ပါးကို သင်ပေးခဲ့သော်လည်း၊ ကံဆိုးစွာဖြင့် သူတို့ ၇ ဦးမှာ ပါရမီ ညံ့ဖျင်းလွန်းသဖြင့် မတတ်မြောက်နိုင်ခဲ့ကြပေ။

နောက်ပိုင်းတွင် သူတို့ သိုင်းပညာဘက်သို့ ကူးပြောင်းသွားကြသည်။ထိုခုနှစ်ယောက်လုံး အင်မော်တယ် ကျင့်ကြံခြင်းကို လက်လျော့လိုက်ပြီဟု သူ ထင်မှတ်ခဲ့သော်လည်း ဟွမ်ရှန်က တိတ်တဆိတ် ကြိုးစားအားထုတ်နေပြီး အောင်မြင်သွားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

မူလစတင်ခြင်းအဆင့် ၁ ရှိသော တပည့်တစ်ယောက် တိုးလာခြင်းက ချင်းရှောင်ဂိုဏ်းအတွက် ထိပ်တန်း ကျွမ်းကျင်သူ တစ်ယောက် တိုးလာခြင်း ဖြစ်သဖြင့် လီချင်းချိုး ဝမ်းသာမိသည်။

မူလစတင်ခြင်းအဆင့် ၁ ၏ စွမ်းအင်နှင့် ပြင်ပသိုင်းပညာ စွမ်းရည်များကို ပေါင်းစပ်လိုက်လျှင် သိုင်းလောကမှ ထိပ်တန်း ကျွမ်းကျင်သူ တစ်ဦးကို သတ်ဖြတ်နိုင်မည့် အခွင့်အရေး ရှိသည်။ ဤသည်မှာ အင်မော်တယ် ကျင့်ကြံခြင်းနှင့် သိုင်းပညာ လေ့ကျင့်ခြင်းကြားက ကြီးမားသော ကွာခြားချက် ဖြစ်သည်။

မူလစတင်ခြင်းအဆင့် ၁ ၏ တံခါးပေါက်သည် သိုင်းပညာရှင် အများစု သူတို့၏ တစ်ဘဝလုံး မရောက်ရှိနိုင်သော တောင်ထိပ်တစ်ခု ဖြစ်ပေသည်။

"ဒီကောင်လေး... ဒီနေ့တော့ တကယ့်ကို နှစ်ထပ်ကွမ်း မင်္ဂလာပဲ..."

လီချင်းချိုး ပြုံးလိုက်ကာ ဟွမ်ရှန်ကို မနှောင့်ယှက်တော့ပေ။ ဦးတည်ချက်ကို တိတ်တဆိတ် ပြောင်းလိုက်ပြီး တောင်ပေါ်သို့ ဆက်လက် တက်သွားလေသည်။

တောင်ပေါ်သို့ တက်ရာလမ်းတစ်လျှောက်တွင် အင်မော်တယ် ကျင့်စဉ်ကို တိတ်တဆိတ် ကျင့်ကြံနေကြသူများနှင့် သိုင်းပညာ လေ့ကျင့်နေကြသော တပည့်အများအပြားကို တွေ့ရပြီး၊ ထိုအထဲမှ နှစ်ဦးမှာ ယခုနှစ်တွင် သူ ကိုယ်တိုင် သင်ကြားပေးခဲ့သော တပည့်များ ဖြစ်ကြသည်။

ယခုနှစ်တွင် လီချင်းချိုးက ယမန်နှစ်ကလို အထူးချွန်ဆုံး တပည့် ၉ ဦးကို ဟွမ်ယွမ်ကျမ်း လက်ဆင့်ကမ်း သင်ကြားပေးခဲ့သည်။ သူတို့ထဲမှ ၃ ဦးသာ မူလချီကို စတင် ကျင့်ကြံနိုင်ပြီး တပည့်ရင်းများအဖြစ် တရားဝင် ဖြစ်လာခဲ့ကြသည်။ ဤအချက်က အခြားတပည့်များ၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးခဲ့သဖြင့် ယခုအခါ ပျင်းရိနေသော တပည့် အလွန် နည်းပါးလှသည်။

လာမည့်နှစ်မှ စတင်၍ တပည့်ရင်းများကို ဝိညာဉ်ကျောက်တုံးများနှင့် ဝိညာဉ်တစ်ထောင် ကောင်းချီနယ်မြေတွင် ကျင့်ကြံခွင့်များ စတင် ပေးအပ်ရန် လီချင်းချိုး ဆုံးဖြတ်ထားပြီး၊ ဂိုဏ်းကို သိုင်းဂိုဏ်းအဆင့်မှ ကျင့်ကြံခြင်းဂိုဏ်း အဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားမည် ဖြစ်သည်။

တပည့်ရင်းများကတော့ ကျင့်ကြံခြင်းဂိုဏ်းဖြစ်လာမည့် ချင်းရှောင်ဂိုဏ်း၏ အခြေခံအုတ်မြစ်များ ဖြစ်ကြသည်။

လောကီရေးရာသိုင်းဂိုဏ်းများက ဘယ်သောအခါမျှ ချင်းရှောင်ဂိုဏ်း၏ပြိုက်ဘက်မဟုတ်ခဲ့ဘဲ၊ သူတို့ ကိုယ်ပိုင် အကန့်အသတ်များသာ ဖြစ်သည်။ချင်းရှောင်ဂိုဏ်းက သိုင်းလောက နံပါတ်တစ် နေရာအတွက် ယှဉ်ပြိုင်နေကြခြင်း မဟုတ်ဘဲ အင်မော်တယ် လမ်းစဉ်အတွက် ယှဉ်ပြိုင်နေကြခြင်း ဖြစ်သည်။

နာရီဝက်ခန့် ကြာပြီးနောက် လီချင်းချိုး ခြံဝန်းသစ် အောက်ဘက်ရှိ ဧည့်သည်ဆောင်သို့ ရောက်ရှိလာသည်။ သူ လှည့်ကြည့်လိုက်ရာ စစ်သည်တစ်သောင်း နတ်ဆိုးနှိမ်နှင်းတုတ်သိုင်းကို မည်သို့ ကျင့်ကြံရမည် ဆိုသည်ကို ခုရီက ချင်ယဲ့အား ညွှန်ကြားပြသနေသည်ကို တွေ့လိုက်ရသည်။

ယန်လန်နှင့် ကျူးယန်တို့က မလှမ်းမကမ်းရှိ စားပွဲတစ်ခုတွင် ထိုင်၍ စကားစမြည် ပြောဆိုနေကြပြီး၊ ဆုရှီးလင်နှင့် ခုအာတို့က သူတို့၏ နောက်တွင် အစောင့်အဖြစ် ရပ်နေကြသည်။

ကျူးယန် လီချင်းချိုးကိုလှမ်း မြင်လိုက်သော်လည်း မျက်နှာဖုံးပဝါ အုပ်ထားသဖြင့် နှုတ်ဆက်သင့် မသင့် တွန့်ဆုတ်နေစဉ်မှာပင် လီချင်းချိုးက တောင်ပေါ်သို့ ဆက်တက်သွားပြီး သူမ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

ယန်လန်က သူမ၏ ပုံမှန်မဟုတ်သော အပြုအမူကို သတိပြုမိပြီး လှည့်ကြည့်လိုက်သော်လည်း လီချင်းချိုးကို မတွေ့ရပေ။

"ကျူးမိန်းကလေး... ဘာကို ကြည့်နေတာလဲ..."

ထိုအခါမှသာ ကျူးယန် သတိပြန်ဝင်လာပြီး…

"ဘာမှ မမြင်ပါဘူး အိမ်ရှေ့စံ... လောကမှာ ချီလင်တစ်ကောင် ရှိတယ်လို့ အိမ်ရှေ့စံ ပြောလိုက်တာ... အဲဒီ ချီလင်က ဘယ်မှာလဲ... ဘာလို့ ကျုံးထျန်းဧကရာဇ်က အဲဒါကို ရှာချင်နေတာလဲ..."

All Chapters