အသက်အဆိပ် ဖယ်ရှားခြင်း၊ အင်မော်တယ် ဂိုဏ်း ထူထောင်ခြင်း နှင့် အင်မော်တယ် လမ်းစဉ် ခေတ်သစ် စတင်ခြင်း
Vol. 32 Ch. 472
~ခမ်းနားထည်ဝါသော အသံ ကောင်းကင်အနှံ့ ပဲ့တင်ထပ်သွားပြီး၊ စွမ်းအားရှင် အားလုံး ခေါင်းငုံ့ ရိုသေလိုက်ကြ၏။
နင်ချီသည် ထိုမြင်ကွင်းကို ကြည့်ရင်း၊ ရင်ထဲတွင် လွမ်းမောဖွယ်ရာ ခံစားချက်လေး တစ်ခု ဖြစ်ပေါ်လာမိ၏။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုကျော်က၊ သူသည် ဤကမ္ဘာသို့ သေလုမျောပါး ကလေးငယ် တစ်ဦး အနေဖြင့် ရောက်ရှိလာခဲ့သည်။ အကယ်၍ စစ်မှန်သူ လုံရှန်း ဖြတ်သွားရင်း မကယ်တင်ခဲ့ပါက၊ သူသည် နောက်တစ်ကြိမ် ဝင်စားနေရပြီ ဖြစ်ပေလိမ့်မည်။ သို့သော် ယခုမူ မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် သိုင်းကမ္ဘာ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး၊ သက်ရှိ ကုဋေပေါင်းများစွာ၏ ကိုးကွယ်မှုကို ခံယူနေရတော့၏။
ပြောရမည် ဆိုလျှင် ဤခံစားချက်သည် ကောင်းမွန်လှပြီး၊ သာယာယစ်မူးလွယ်လှပေသည်။
..ဒါပေမယ့်.. ဒါ မလုံလောက်သေးဘူး... ထာဝရ တည်တံ့ခြင်းကို မရရှိဘဲ၊ အင်မော်တယ် အဆင့်ကို မတက်လှမ်းနိုင်ဘဲနဲ့... နောက်ဆုံးတော့ တိမ်တိုက်လို လွင့်ပါးသွားမှာပဲလေ..
နင်ချီသည် အာဏာမက်မောမှုနောက်သို့ ပါမသွားခဲ့ပေ။ သူသည် ယခုအခါ နယ်မြေ အရှင်သခင် ဖြစ်နေပြီး၊ နှစ်သန်းပေါင်းများစွာ အလွယ်တကူ အသက်ရှင်နိုင်သော်လည်း၊ စစ်မှန်သော ထာဝရ အသက်ရှင်ခြင်းနှင့် အင်မော်တယ် ဖြစ်ခြင်းတို့နှင့်မူ ဝေးကွာနေသေးသည်။
သူ ပိုမို ကြိုးစားရပေဦးမည်။
"အားလုံးပဲ... ထိုင်ကြပါ"
နင်ချီက ပေါ့ပါးစွာ ပြောလိုက်ပြီး၊ ကြိုတင် ပြင်ဆင်ထားသော ကျောက်စိမ်းဖြူ တရားထိုင်ဖျာ ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လိုက်၏။
လူအများ ရိုသေစွာ နေရာယူလိုက်ကြသည်။ လူနည်းစုသာ ထိုင်ခုံများ ရရှိပြီး၊ ကျန်လူများမှာ မြေကြီးပေါ်တွင် ထိုင်ကြရ၏။
ဖျော့တော့သော အလင်းရောင် တစ်ခု နင်ချီ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားရာ၊ အားလုံးအတွက်.. တည့်တည့် ကြည့်ရန် ခက်ခဲနေသည်။
သူ၏ အသံသည် ကျယ်ပြောလှ၏။
"ကမ္ဘာ့ စစ်ပွဲကြီးမှာ... ခင်ဗျားတို့ အားလုံး ကောင်းကောင်း လုပ်ခဲ့ကြပါတယ်"
လူအုပ်ကြီးက အလျင်အမြန် ရိုသေစွာ တုံ့ပြန်လိုက်ကြသည်။
"နယ်မြေ အရှင်သခင်ရဲ့ မဟာစွမ်းအားကြောင့်ပါ... ကျွန်တော်တို့ အကျိုးပြုခွင့် မယူရဲပါဘူး"
နင်ချီ တစ်ယောက်တည်းဖြင့် ကမ္ဘာ့လမ်းကြောင်းကို ဖျက်ဆီးပြီး၊ မူလဝိညာဉ် နယ်ပယ် အစစ်အမှန် ဧကရာဇ် အများအပြားကို သတ်ဖြတ်ခဲ့ခြင်းသာ မရှိပါက၊ သူတို့တွင် အသက် ဆယ်ချောင်း ရှိလျှင်ပင် မိစ္ဆာနက်ဂိုဏ်း လက်မှ လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း လူတိုင်း သိကြပေသည်။
နင်ချီက ဆက်ပြောလိုက်သည်။
"ခင်ဗျားတို့ရဲ့ ပံ့ပိုးမှုတွေကို ဆုချဖို့အတွက်... ကျွန်တော် အင်မော်တယ် လမ်းစဉ်ကို လက်ဆင့်ကမ်းပေးချင်တယ်"
“ဝုန်း..”
ထိုစကားလုံးများနှင့် အတူ၊ ကန်ရေပြင်ထဲသို့ ကျောက်တုံးကြီး ပစ်ချလိုက်သကဲ့သို့ လှိုင်းတံပိုး ထောင်ပေါင်းများစွာ ထသွားစေခဲ့၏။ သူတို့ မျှော်လင့်ထားပြီး ဖြစ်သော်လည်း၊ နင်ချီ ကိုယ်တိုင် ပြောလာသည်ကို ကြားလိုက်ရသောအခါ၊ လူတိုင်း စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ကြတော့ချေ။
အင်မော်တယ် လမ်းစဉ်၏ စွမ်းအားကို မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူများမှတစ်ဆင့် သူတို့ တွေ့ကြုံ ခံစားခဲ့ရပြီး ဖြစ်သည်။
အထွတ်အထိပ် အဆင့်တွင် ဖြစ်စေ၊ တူညီသော အဆင့်တွင် ဖြစ်စေ၊ သိုင်းပညာ လမ်းစဉ်ထက် သာလွန်သည်ဟု ဆိုနိုင်ပေသည်။ ထိုစဉ်က ကမ္ဘာ့စွမ်းအားနှင့် ကြယ်တာရာ အခင်းအကျင်း၏ ပံ့ပိုးမှုသာ မရှိပါက၊ သူတို့သည် သတ်ဖြတ်ခံရမည့် ပစ်မှတ်များ ဖြစ်သွားကြပေလိမ့်မည်။
ယခု အင်မော်တယ် လမ်းစဉ်ကို လေ့လာခွင့် ရရှိတော့မည် ဖြစ်ရာ၊ သဘာဝကျကျပင် သူတို့ ဝမ်းသာအားရ ဖြစ်နေကြ၏။
"တာအို လက်ဆင့်ကမ်းပေးမယ့် နယ်မြေ အရှင်သခင်ကို ကျေးဇူးတင်ပါတယ်"
လူအုပ်ကြီးသည် ရိုသေစွာ နားထောင်နေကြ၏။
နင်ချီသည် ဖြည်းညှင်းစွာ စတင် ဟောကြားလိုက်၏။
"အင်မော်တယ် လမ်းစဉ် ဆိုတာ... အင်မော်တယ် စစ်စစ် အဆင့်ကို ရောက်ရှိဖို့ ရည်ရွယ်တဲ့... ထာဝရ အသက်ရှင်ခြင်း လမ်းစဉ်ပဲ"
"နယ်ပယ် လေးခု နဲ့ အဆင့် ရှစ်ဆင့် ရှိတယ်"
"နယ်ပယ် လေးခု ကတော့... ဝိညာဉ်ကို ချီအဖြစ် သန့်စင်ခြင်း ၊ ချီကို ဝိညာဉ်အဖြစ် သန့်စင်ခြင်း ၊ ဝိညာဉ်ကို သန့်စင်ပြီး ဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိခြင်း ၊ ဟင်းလင်းပြင်ကို သန့်စင်ပြီး သဟဇာတဖြစ်ခြင်း တို့ ဖြစ်တယ်"
"အဆင့် ရှစ်ဆင့် ကတော့... နောက်ပိုင်းဖြစ်တည်ခြင်း ၊သိမြင်ခြင်း ၊ မှော်စွမ်းအင် ၊ ခရမ်းရောင် နန်းတော်၊ မူလဝိညာဉ်၊ ဟင်းလင်းပြင် လမ်းစဉ် ၊ ပေါင်းစည်းခြင်း၊ သဟဇာတဖြစ်ခြင်းတို့ ဖြစ်ကြတယ်"
"..."
သူ၏ အသံသည် ခေါင်းလောင်းကြီး ထိုးနှက်လိုက်သကဲ့သို့ ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး အကန့်အသတ်မဲ့ အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ ရှိ၏။ ရွှေရောင် ကြာပန်းများသည် ဟင်းလင်းပြင်ထဲမှ ပွင့်လန်းလာပြီး၊ ရောင်စုံ ကိုးမျိုး သက်တန့်များသည် ကောင်းကင်မှ ကျဆင်းလာကာ၊ တောင်များနှင့် မြစ်များကို တုန်ခါစေပြီး ဆန်းကြယ်ဖြစ်ရပ် အမျိုးမျိုးကို ဆက်တိုက် ဖန်တီးပေးနေ၏။ ဒါက အခြေခံများကို ရှင်းလင်းခြင်း၊ မူလအစကို ဖော်ထုတ်ခြင်း၊ နယ်ပယ် တစ်ခုစီကို ရှင်းပြခြင်း နှင့် သိုင်းပညာ လမ်းစဉ်နှင့် နှိုင်းယှဉ်ပြခြင်း တို့ ဖြစ်ပြီး၊ ကမ္ဘာလောကကြီးကလည်း တုံ့ပြန်နေ၏။
ဤ တစ်လ အတွင်း...
နင်ချီသည် အင်မော်တယ် လမ်းစဉ်၏ နယ်ပယ်များကို နားလည်သဘောပေါက်ရန် အချိန်ယူခဲ့ပြီး၊ အင်မော်တယ် လမ်းစဉ်၏ ပထမ နယ်ပယ် သုံးခုကို သိုင်းကမ္ဘာ၏ သိုင်းပညာ လမ်းစဉ်နှင့် ပေါင်းစပ်ကာ တိုးတက်မှု အချို့ ပြုလုပ်ခဲ့သဖြင့်၊ သိုင်းကမ္ဘာ့ သက်ရှိများ ပိုမို လွယ်ကူစွာ ကျင့်ကြံနိုင်စေရန် စီစဉ်ထား၏။
ဟောကြားမှုသည် ထက်မြက်ပြီး ဉာဏ်အလင်း ပွင့်စေကာ၊ ဉာဏ်ပညာ ရေစင်များ သွန်းလောင်းပေးလိုက်သကဲ့သို့ ရှိ၏။
အစစ်အမှန်သိုင်းတောင် ပေါ်တွင် "ဉာဏ်အလင်း လက်ဖက်ပင်" သည် ညင်သာစွာ ယိမ်းနွဲ့နေပြီး၊ အလင်းတန်းများ အောက်သို့ ဖြာကျနေ၏။
သိုင်းကမ္ဘာ့ စွမ်းအားရှင် အားလုံးသည် ဈာန်ဝင်စားနေသကဲ့သို့ ဖြစ်နေကြပြီး၊ ဉာဏ်အလင်း နယ်ပယ်ထဲတွင် နစ်မြုပ်နေကြ၏။
ကမ္ဘာသစ် တစ်ခု၏ တံခါးပေါက်သည် သူတို့ ရှေ့တွင် ပွင့်ဟလာသကဲ့သို့ ခံစားလိုက်ကြရပြီး၊ တစ်ကိုယ်လုံး ကြောင်အ သွားကြရ၏။
ပထမဆုံး အကြိမ် အဖြစ်၊ အင်မော်တယ် လမ်းစဉ်၏ ကျယ်ပြောနက်ရှိုင်းမှုသည် သိုင်းကမ္ဘာ့ သက်ရှိများ၏ မျက်စိရှေ့မှောက်တွင် ညင်သာစွာ ဖွင့်ဟပြသလိုက်တော့၏။
အမှန်စင်စစ်...၊
ဤ ဖွင့်ဟပြသမှုသည် အစစ်အမှန်သိုင်းတောင် ပေါ်ရှိ စွမ်းအားရှင်များ အပေါ်တွင်သာ သက်ရောက်မှု ရှိသည် မဟုတ်ဘဲ၊ နင်ချီ၏ တာအို အသံတော် သည် သိုင်းကမ္ဘာ့ သက်ရှိတိုင်း၏ စိတ်အာရုံထဲတွင် ပဲ့တင်ထပ်နေ၏။
တစ်ခဏချင်းမှာပင်...
သက်ရှိ ကုဋေပေါင်းများစွာသည် စိတ်လှုပ်ရှားမှုကြောင့် ဆူပွက်သွားကြပြီး၊ အဆုံးမဲ့ ကိုးကွယ်မှုနှင့် ကျေးဇူးတင်မှုများ ဆက်တိုက် ဖြစ်ပေါ်လာကြ၏။
သူတို့ထဲမှ အများစုသည် နယ်မြေ အရှင်သခင်က အင်မော်တယ် လမ်းစဉ်ကို လက်ဆင့်ကမ်းမည် ဆိုသည်ကို သိရှိထားကြသော်လည်း၊ သိုင်းကမ္ဘာ့ စွမ်းအားရှင်များအတွက်သာ ဆုလာဘ် ဖြစ်မည်ဟု ထင်မှတ်ထားခဲ့ကြ၏။ မမျှော်လင့်ဘဲ လူတိုင်း ပါဝင်ခွင့် ရရှိခဲ့သည် မဟုတ်ပါလော။
ထိုအချိန်၌ သိုင်းကမ္ဘာသည် တစ်ခါမှ မရှိဖူးလောက်အောင် တိတ်ဆိတ် ငြိမ်သက်သွားပြီး၊ ဘာလုပ်နေသည် ဖြစ်စေ ချက်ချင်း ရပ်တန့်လိုက်ကြသည်။ လွန်ခဲ့သော စက္ကန့်ပိုင်း အလိုက ရန်သူ ဖြစ်နေသူများပင် တိတ်တဆိတ် လူစုခွဲလိုက်ကြပြီး၊ တာအို အသံတော်ကို လေးလေးနက်နက် နားထောင်လိုက်ကြ၏။
ကမ္ဘာအနှံ့အပြားတွင် အဆုံးမဲ့ ဆန်းကြယ်ဖြစ်ရပ်များ ပေါ်ထွက်လာကြသည်။
အင်မော်တယ် တံခါးပေါက်များ ပွင့်ဟလာသကဲ့သို့၊ အင်မော်တယ်များ ကခုန်နေသကဲ့သို့၊ သောင်းနှင့်ချီသော အလင်းတန်းများ ကျဆင်းလာသကဲ့သို့ ရှိ၏။
"အင်မော်တယ် လမ်းစဉ်ရဲ့ အခြေခံအုတ်မြစ်က ဝိညာဉ်စွမ်းအင်မှာ တည်ရှိတယ်"
"နောက်ပိုင်းဖြစ်တည်ခြင်း နယ်ပယ် က ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး၊ လူသား ခန္ဓာရဲ့ ကန့်သတ်ချက်ကို ရောက်ရှိစေတယ်... သိမြင်ခြင်း နယ်ပယ် က ဝိညာဉ်စွမ်းအင်ကို အာရုံခံပြီး၊ ဝိညာဉ် အိုးအိမ်ကို မြှင့်တင်ပေးတာပေါ့၊ သူက နောက်ဆုံးမှာ ဝိညာဉ်စွမ်းအင်ကို သန့်စင်ပြီး နက်ရှိုင်းတဲ့ မှော်စွမ်းအင်ကို ဆောင်ကြဉ်းပေးတယ်..."
"သိုင်းကမ္ဘာမှာ ကြီးမားတဲ့ ဝိညာဉ်စွမ်းအင်တွေ ရှိပေမဲ့... ကာလကြာရှည်စွာ အသက်အဆိပ် ရဲ့ နှောင့်ယှက်မှုကို ခံခဲ့ရလို့... အပြည့်အဝ အကောင်အထည် မဖော်နိုင်ခဲ့ဘူး"
လူတိုင်း အကြီးအကျယ် တုန်လှုပ်သွားကြ၏။
အသက်အဆိပ် အကြောင်း သိထားပြီးသော သိုင်းသူတော်စင်များက မတုန်လှုပ်ကြသော်လည်း၊ အခြားသူများကမူ ဘေးအန္တရာယ် ကျရောက်တော့မည့်အလား ကြီးမားသော ကြောက်ရွံ့မှုကို စိတ်ထဲတွင် ခံစားလိုက်ကြရသည်။
ကံကောင်းထောက်မစွာပင်၊ ကမ္ဘာ့စွမ်းအား ကြိုးမျှင်များ ကျဆင်းလာပြီး၊ ဝိညာဉ်စွမ်းအင် အတွင်းရှိ မမြင်နိုင်သော အမှတ်အသားများနှင့် အနှောင်အဖွဲ့များသည် အချင်းချင်း ပဲ့တင်ထပ်ကာ၊ ထိုးဖောက်၍ မရနိုင်သော အကာအကွယ် တစ်ခုကို ဖန်တီးလိုက်ပြီး၊ အသက်အဆိပ်၏ ဆိုးကျိုးများကို အပြည့်အဝ ပိတ်ဆို့လိုက်၏။
နင်ချီ မျက်လုံးဖွင့်လိုက်သည်။
သက်ရှိ ကုဋေပေါင်းများစွာကို ကြည့်ရှုနေသကဲ့သို့ ရှိ၏။
သူသည် တရားထိုင်ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသော်လည်း၊ သူ၏ ဟန်ပန်မှာ ခမ်းနားထည်ဝါနေပြီး၊ မရေမတွက်နိုင်သော စိတ်အာရုံများထဲတွင် တောက်ပသော ပုံရိပ်များ ပေါ်လာကာ၊ သူ၏ စွမ်းအားကြီးမားပြီး အာဏာစက် ပြင်းထန်သော အသံကို ကြားလိုက်ကြရ၏။
“ကျွန်တော်..ဒီနေ့…အသက်အဆိပ်ကို ဖယ်ရှားပြီး... သိုင်းကမ္ဘာ့ သက်ရှိတွေအတွက် လမ်းသစ် ဖောက်ပေးမယ်..”
ဒါက နင်ချီ ကြာမြင့်စွာ ကတည်းက စီစဉ်ထားသော ကိစ္စ ဖြစ်သည်။
အသက်အဆိပ်ကို မဖယ်ရှားဘဲနှင့်၊ သိုင်းကမ္ဘာ့ သက်ရှိများသည် သိသာထင်ရှားသော တိုးတက်မှုကို ဘယ်တော့မှ ရရှိနိုင်မည် မဟုတ်ချေ။ အတားအဆီးများ ရှိနေပေလိမ့်မည်။
မူလက အသက်အဆိပ်ကို ဖယ်ရှားရန် အချိန် အတော်ကြာမည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း၊ မကြာသေးမီက မိစ္ဆာနက်ဂိုဏ်း ကျူးကျော်မှုသည် အားသာချက်များစွာကို ယူဆောင်လာပေးခဲ့သည်။
ပထမ အချက်မှာ ကမ္ဘာ့လမ်းကြောင်း တည်ဆောက်မှုက အသက်အဆိပ် တာအို အမှတ်အသား အများအပြားကို ကုန်ဆုံးစေခဲ့ပြီး၊ စည်းမျဉ်း စွမ်းအားကို သိသိသာသာ အားနည်းသွားစေခဲ့သည်။
ဒုတိယ အချက်မှာ မိစ္ဆာနက်ဂိုဏ်း ကျင့်ကြံသူ အများ အပြား ကျဆုံးမှုက ပြင်ပ ဝိညာဉ်စွမ်းအင်များကို ယူဆောင်လာပေးခဲ့ပြီး၊ သိုင်းကမ္ဘာ့ ဝိညာဉ်စွမ်းအင် အတွင်းရှိ အသက်အဆိပ်ကို နောက်တစ်ကြိမ် အားပျော့သွားစေခဲ့သည်။
တတိယ အချက်မှာ မူလဝိညာဉ် နယ်ပယ် ကျင့်ကြံသူ ၁၂ ဦး၏ မူလဝိညာဉ် စွမ်းအားများသည် အသက် အဆိပ်ကို အတိုင်းအတာ တစ်ခုအထိ ပိတ်ဆို့ပေးနိုင် ခြင်း ဖြစ်သည်။
ထို့အပြင် နင်ချီ၏ တိုးတက်လာသော စွမ်းအားများ နှင့် ပေါင်းစပ်လိုက်သောအခါ၊ ဤတာဝန်ကို မျှော်မှန်းထားသည်ထက် စောစီးစွာ ပြီးမြောက်နိုင် တော့မည် ဖြစ်သည်။
အကြိမ်ကြိမ် တွက်ချက်မှုများ ပြုလုပ်ပြီးနောက်၊
ထို့အပြင် နင်ချီ၏ တိုးတက်လာသော စွမ်းအားများ နှင့် ပေါင်းစပ်လိုက်သောအခါ၊ ဤတာဝန်ကို မျှော်မှန်းထားသည်ထက် စောစီးစွာ ပြီးမြောက်နိုင် တော့မည် ဖြစ်သည်။
အကြိမ်ကြိမ် တွက်ချက်မှုများ ပြုလုပ်ပြီးနောက်၊ ယခင်က "လမ်းစဉ်တစ်သောင်း နိဗ္ဗာန် နည်းစနစ်"အား ပေါင်းစပ်လိုက်သောအခါ၊ နောက်ဆုံးတွင် ဖြစ်နိုင် ချေရှိသော နည်းလမ်းတစ်ခုကို သူ ရှာဖွေတွေ့ရှိခဲ့လေ သည်။