← Chapters

ယွီမိသားစု (၄)

Vol. 7 Ch. 92

ယွီမိသားစု (၄)

Vol. 7 Ch. 92

~သို့သော် စုမိသားစုသည် ပိုင်မိသားစုနှင့် အစကတည်းက ရန်စများ ရှိခဲ့၏။ ထို့ပြင် ဟွမ်မိသားစု၊ ကျန်းမိသားစုတို့နှင့်လည်း အဆင်မပြေလှပေ။

ယခု အခြေအနေတွင် စုမိသားစု အနေဖြင့် တုံ့ဆိုင်းနေ၍ မဖြစ်ပေ။ မိသားစု၏ အင်အားနှင့် အခြေခံအုတ်မြစ်ကို အစွမ်းကုန် မြှင့်တင်ရန်သာ အာရုံစိုက်ရတော့မည် ဖြစ်သည်။

မိသားစု ကြီးပွားတိုးတက်ရန်အတွက် ပိုင်မိသားစုထံမှ ရရှိလိုက်သော အရင်းအမြစ် နယ်မြေများသည် စုမိသားစုအတွက် အလွန် အရေးပါလှ၏။

ယွီမိသားစုကဲ့သို့သော အင်အားကြီး မိသားစုများ အဘယ်ကြောင့် ဤမျှ များပြားသော ကျင့်ကြံသူများ၊ မိသားစုဝင်များနှင့် သားရဲထိန်းကျောင်းသူများကို ထောက်ပံ့ထားနိုင်သနည်း။

အဖြေမှာ ရှင်းရှင်းလေးပင်။ ယွီမိသားစုသည် မရေမတွက်နိုင်သော အရင်းအမြစ်များကို ထိန်းချုပ်ထားပြီး ခိုင်မာသော အခြေခံအုတ်မြစ်နှင့် လုံလောက်သော ထောက်ပံ့မှုများ ရှိနေသောကြောင့် ဖြစ်ပေသည်။

ကျင့်ကြံသူ မိသားစုတစ်ခု ကြီးပွားတိုးတက်လာရန်မှာ မလွယ်ကူလှပေ။ အဆင့်တိုင်း၊ ခြေလှမ်းတိုင်းတွင် အခက်အခဲပေါင်း သောင်းခြောက်ထောင်ကို ကျော်ဖြတ်ခဲ့ရခြင်း ဖြစ်သည်။

အတိတ်က စုမိသားစုနှင့် လင်းမိသားစုတို့၏ ပဋိပက္ခကို ပြန်ကြည့်လျှင် သိသာပေ၏။ ချန်တောင်တန်းရှိ ပထမအဆင့် ဝိညာဉ်သွေးကြောလေး တစ်ခုအတွက် လင်းမိသားစုသည် စုမိသားစုကို ဘယ်နှစ်ကြိမ်တိုင်တိုင် ဒုက္ခပေးခဲ့ဖူးသနည်း။ သို့သော် ထို ဝိညာဉ်သွေးကြောလေးကြောင့်ပင် စုမိသားစုသည် ယခုအခါ အခြေခံ တည်ဆောက်ခြင်း အဆင့် မိသားစု တစ်ခု ဖြစ်လာခဲ့လေ၏။

လင်းမိသားစုမှာမူ အချိန်၏ ရေစီးကြောင်းထဲတွင် ဝေဝါးသော မှတ်ဉာဏ်တစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့ပြီး နောက်ဆုံးတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ရရှာသည်။

ယခု စုမိသားစု ဆက်လက် ဖွံ့ဖြိုးတိုးတက်လိုလျှင် အရင်းအမြစ် အသစ်များ မဖြစ်မနေ လိုအပ်လာပြီ ဖြစ်သည်။

ထို့ပြင် စုမိသားစုအတွက် ကြီးမားသော အကျိုးအမြတ်များ ဖန်တီးပေးနိုင်မည့် အဓိက စီးပွားရေး လုပ်ငန်းတစ်ခုကိုလည်း ရှာဖွေ တည်ထောင်ရပေမည်။

ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ အဓိက ကျင့်ကြံသူ မိသားစုကြီးများကို လေ့လာကြည့်လိုက်ပါ။ ယွီမိသားစု၊ ဟွမ်မိသားစုနှင့် ကျန်းမိသားစု... သူတို့အားလုံးတွင် တူညီသော အချက်တစ်ခု ရှိသည်။ ထိုအချက်မှာ သူတို့ တစ်မိသားစုစီတွင် အခြားသူများ အစားထိုး၍ မရနိုင်သော "ထူးခြားသည့် စွမ်းရည်" တစ်ခုစီ ပိုင်ဆိုင်ထားခြင်းပင် ဖြစ်၏။

ဥပမာအားဖြင့်...

ယွီမိသားစု ဆိုလျှင် 'သားရဲထိန်းကျောင်းခြင်း' အတတ်ပညာ။

ဟွမ်မိသားစု ဆိုလျှင် 'အခင်းအကျင်း' အတတ်ပညာ။

ကျန်းမိသားစု ဆိုလျှင် 'ရုပ်သေး' အတတ်ပညာ ကျွမ်းကျင်ကြသည်။

ယခုည၊ စုမိသားစု၏ နောက်ဖေးဥယျာဉ်ထဲ၌...

စုယွီ၊ စုပင်း၊ စုဖုန်း၊ စုယွင်နှင့် စုရွီအန်းတို့သည် မီးဖိုလေးနံဘေး၌၊ ဝိုင်းဖွဲ့ထိုင်ကာ လက်ဖက်ရည် သောက်ရင်း မိသားစု၏ အနာဂတ် အစီအစဉ်များကို ဆွေးနွေးနေကြ၏။

စုယွီ၏ သုံးသပ်ချက်များကို နားထောင်ပြီးနောက် စုပင်း၊ စုဖုန်းနှင့် စုယွင်တို့သည် အတွေးနက်သွားကြ၏။ စုရွီအန်း ကဲ့သို့သော လူငယ်လေးများ၏ မျက်လုံးများမှာမူ တောက်ပနေပြီး သူတို့၏ တတိယ ဘိုးဘေးဖြစ်သူ စုယွီကို လေးစားသော အကြည့်များဖြင့် ငေးကြည့်နေကြ၏။

ယခင်က သူတို့၏ အနာဂတ်နှင့် ပတ်သက်ပြီး ဝေဝါးနေခဲ့သော်လည်း၊ ယခုတွင်မူ လမ်းစနှင့် ပန်းတိုင်ကို တွေ့ရှိသွားသကဲ့သို့ ခံစားလိုက်ကြရပါသည်။

စုဖုန်းသည် စုယွီကို တွေးတောဆင်ခြင်ဟန်ဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဒါဆို... မင်း ဆိုလိုချင်တာက... ငါတို့ စုမိသားစုကို 'ဆေးပညာရှင် မိသားစု' အဖြစ် ပြောင်းလဲ ပျိုးထောင်သင့်တယ် ဆိုတဲ့ သဘောလား..."

စုယွီ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပါတယ်... ဆေးပညာရှင် မိသားစု အဖြစ် ရပ်တည်ပြီး တခြား အင်အားစုတွေနဲ့ မဟာမိတ် ဖွဲ့တာက အကောင်းဆုံးပါပဲ... ဂိုဏ်းဂဏတွေကြားက ပဋိပက္ခတွေ၊ အားပြိုင်မှုတွေကိုတော့ တတ်နိုင်သမျှ ရှောင်ရှားရပါမယ်..."

"ဒီနည်းနဲ့... ကျွန်တော်တို့ စုမိသားစုက တခြား အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ကွန်ရက်တစ်ခု တည်ဆောက်နိုင်ပြီ ဆိုရင်... နှစ်ပေါင်း ထောင်ချီတဲ့အထိ တည်တံ့နိုင်မယ့် မိသားစု စီးပွားရေးတစ်ခုကို လက်ဆင့်ကမ်း ပေးနိုင်ပါလိမ့်မယ်..."

"ဝိညာဉ် သတ္တုတွင်းတွေ၊ ဆေးခင်းတွေ၊ ဝိညာဉ် စိုက်ခင်းတွေကိုပဲ အားကိုးနေမယ် ဆိုရင်တော့... မိသားစုက ရေရှည် ခံမှာ မဟုတ်ပါဘူး..."

ဒါက ယွီမိသားစုဆီ သွားရောက် လည်ပတ်ပြီးနောက် စုယွီ ရရှိခဲ့သော အသိဉာဏ်အလင်းပင် ဖြစ်ပေသည်။

စုမိသားစုတွင် ဆေးပညာ အခြေခံ ရှိပြီးသား ဖြစ်သည်။ ယွင်ရှန်း ဈေးမြို့တော်တွင် ဆေးလုံးမျှော်စင် တစ်ခုပင် ပိုင်ဆိုင်ထားသေးသည်။

အကယ်၍ သူတို့သာ ဆေးပညာရှင် မိသားစုအဖြစ် နှစ်ပေါင်း ရာချီ၊ ထောင်ချီ ရပ်တည်ရန် အမှန်တကယ် ဆုံးဖြတ်လိုက်ပါက တာ့ယွဲ့ နယ်မြေတွင် ထိပ်တန်း ဆေးပညာရှင် မိသားစုကြီး တစ်ခု ဖြစ်လာရန် ဖြစ်နိုင်ချေ ရှိပေသည်။

သေချာတာပေါ့...

အဓိက အချက်ကတော့ စုယွီ ထပ်ခါတလဲလဲ သတိပေးခဲ့သလို ပဋိပက္ခများနှင့် အငြင်းပွားမှုများကို တတ်နိုင်သမျှ ရှောင်ရှားရန်ပင် ဖြစ်သည်။

တိတ်ဆိတ်စွာ နေနိုင်မှသာ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည် ရပ်တည်နိုင်မည်။

မိမိကိုယ်ကို နှိမ့်ချပြီး သဘာဝအတိုင်း ကြီးထွားခွင့် ပေးမှသာ အနာဂတ်ကို အာမခံနိုင်ပေလိမ့်မည်။

စုယွီသည် စုရွီအန်း ဘက်သို့ လှည့်ကာ မေးလိုက်၏။

"ရွေ့အန်း... မင်း ဆေးပညာကို ဆက်ပြီး လိုက်စားချင်သေးလား... တကယ်လို့ စိတ်ဝင်စားတယ် ဆိုရင် ငါ ပြန်သွားတဲ့အခါ လိုက်ခဲ့လို့ ရတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ စုဖုန်း၏ မျက်နှာ ပျက်သွားတော့သည်။ သူသည် စုယွီကို ဒေါသထွက်သလိုလို၊ ဘာလုပ်ရမှန်း မသိသလိုလို အကြည့်ဖြင့် ကြည့်လိုက်မိ၏။

ဒါက ငါ ရွေးချယ်ထားတဲ့ အနာဂတ် မိသားစု ခေါင်းဆောင်လောင်းလေကွာ။

အခုမှ လာပြီး လူဆွဲနေတာလား။

စုရွီအန်းမှာမူ ဝမ်းသာလွန်း၍ ချက်ချင်းပင် ခေါင်းညိတ် လက်ခံလိုက်ချင်စိတ် ပေါက်သွားရှာသည်။

စုပင်း၊ စုယွင်နှင့် အခြားသူများမှာ အံ့ဩသွားကြပြီး ကြိတ်၍ ပြုံးနေလိုက်ကြ၏။ ဒီကိစ္စကိုတော့ သေချာ ပြန်ဆွေးနွေးရပေဦးမည်။ သို့သော် စုမိသားစုကို ဆေးပညာရှင် မိသားစုအဖြစ် ပြောင်းလဲမည့် အကြံဉာဏ်ကို ကြားလိုက်ရသောအခါ သူတို့အားလုံး စိတ်လှုပ်ရှား သွားကြသည်မှာတော့ အမှန်ပင်။

ဘာပဲပြောပြော... ပါရမီရှင် ဒုတိယအဆင့် ဆေးပညာရှင် စုယွီ ရှိနေသမျှ ကာလပတ်လုံး သူတို့တွင် ဆေးပညာရှင် မိသားစု ဖြစ်လာရန် အခြေခံအုတ်မြစ် ရှိနေပြီ မဟုတ်ပါလော။

သို့သော် စုယွီထံတွင် မည်သူက လိုက်ပါပြီး ဆေးပညာ သင်ယူသင့်သလဲ ဆိုတာကိုတော့ သေချာ စဉ်းစားရပေမည်။

အချိန်များ ဖြည်းညှင်းစွာ ကုန်ဆုံးသွားခဲ့၏။

ချန်တောင်တန်းတွင် နေထိုင်စဉ် ကာလအတွင်း စုယွီသည် နေ့စဉ် ကျင့်ကြံအားထုတ်ရင်း ယွီချန်ချင်းနှင့် စုရွီအန်း အပါအဝင် မိသားစုဝင် ဆေးပညာရှင်များကို ဆေးပညာ လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့၏။

တစ်ယောက်တည်းကို သင်ပေးရသည် ဖြစ်စေ၊ လူအများကြီးကို သင်ပေးရသည် ဖြစ်စေ၊ စုယွီအတွက် သိပ်ပြီး ပင်ပန်းမှု မရှိလှပေ။

တစ်လခန့် ကြာပြီးနောက်၊

စုယွီ၏ နတ်ဘုရားအာရုံ ဖိအားပေးမှုအောက်တွင် ယွီချန်ချင်း၏ နတ်ဘုရားအာရုံ စွမ်းအားသည် နောက်ဆုံး၌ အဆင့်မြင့်တက်သွားခဲ့၏။

ထို့ကြောင့် (၃) ရက်အကြာတွင် ယွီချန်ချင်းသည် သူမ၏ ပထမဆုံး ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးကို စတင် ဖော်စပ်ရန် ကြိုးစားလေတော့သည်။

လဝက်ခန့် ကြာသောအခါ ယွီချန်ချင်းသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံး တစ်အိုးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ပြီး ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် အဖြစ်သို့ ကပ်သီးကပ်သတ် တက်လှမ်းနိုင်ခဲ့၏။

စုယွီသည် မိသားစုမှ ရှာဖွေပေးမည့် ရုပ်သေး ကုန်ကြမ်းပစ္စည်းများကို စောင့်ဆိုင်းနေရင်း တာ့ယွဲ့ မှောင်ခိုဈေးသို့ သွားရောက်ရန် ပြင်ဆင်နေ၏။

တစ်ချိန်တည်းမှာပင် သူ၏ တာအို ကိုယ်ပွား ရုပ်သေးသည် 'မိစ္ဆာတောင်ထွတ် ရှစ်ခု' သို့ တိတ်တဆိတ် ရောက်ရှိနေပြီ ဖြစ်၏။ တိတိကျကျ ပြောရလျှင် ထိုနေရာရှိ ယာယီ ဈေးတန်းသို့ ရောက်ရှိနေခြင်း ဖြစ်ပါသည်။

စုယွီသည် မိစ္ဆာတောင်ထွတ် ရှစ်ခု အကြောင်းကို ကြားဖူးသည်မှာ ကြာခဲ့ပြီ။ ယွင်ကျန်းဂိုဏ်း နယ်မြေအတွင်းရှိ မိစ္ဆာသားရဲများ စုဝေးရာ အန္တရာယ်များသော အရပ်ဒေသ တစ်ခု ဖြစ်သည်။

ယခင်ကဆိုလျှင် စုယွီသည် ဤနေရာကို အမြဲ ရှောင်ရှားခဲ့ပြီး အတတ်နိုင်ဆုံး မသွားဘဲ နေခဲ့၏။

သို့သော် ယခုတစ်ကြိမ်တွင်မူ...၊

ပထမ အချက် အနေဖြင့် စုယွီသည် ပိုင်မိသားစု၏ အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) ဘိုးဘေးကြီးကို ရှင်းပစ်ချင်နေသည်။ ပိုင်မိသားစု၏ ရန်စွယ်များကို အမြစ်ဖြတ်ပစ်ရန် ရည်ရွယ်ချက် ရှိသည်။

ဒုတိယ အချက် အနေဖြင့်မူ၊ လာရောက်သူမှာ သူ၏ တာအို ကိုယ်ပွား ရုပ်သေးသာ ဖြစ်သဖြင့် အန္တရာယ် ကြုံတွေ့ရလျှင်လည်း ခံနိုင်ရည် ရှိပေသည်။

နောက်ဆုံး အချက် အနေဖြင့် မိစ္ဆာတောင်ထွတ် ရှစ်ခု အတွင်းရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးထဲတွင် 'အလင်းအရိပ်ကျောက်' နှင့် 'လက်ရှစ်ဖက် ဓားသွား နှံကောင်' ၏ ပစ္စည်းများ ရှိမရှိ စုံစမ်းချင်သောကြောင့် ဖြစ်သည်။ ဒုတိယအဆင့် အဆင့်မြင့် အထွတ်အထိပ် ရုပ်သေးကို ဖန်တီးရန် ပြင်ဆင်ခြင်း ဖြစ်၏။

မိစ္ဆာတောင်ထွတ် ရှစ်ခု၏ အစွန်အဖျားသို့ ရောက်ရှိသောအခါ လွန်ခဲ့သော နှစ်အနည်းငယ်က စတင် ဖြစ်ပေါ်လာသော ယာယီ ကျင့်ကြံသူ ဈေးတန်းတစ်ခုကို တွေ့လိုက်ရ၏။ ဤဈေးတန်းကိုတာ့ယွဲ့ နန်းတော် မှ အစွမ်းထက် ကျင့်ကြံသူများက တည်ထောင် ထိန်းချုပ်ထားခြင်း ဖြစ်သည်။

ဝင်ကြေး အဖြစ် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ပေးဆောင်ပြီး ဈေးတန်း တိုကင်ပြားကို ရယူကာ စုယွီ (ရုပ်သေး) သည် အခင်းအကျင်းကို ဖြတ်ကျော်ပြီး ဈေးတန်းထဲသို့ ဝင်ရောက်သွားတော့သည်။

"လတ်လတ်ဆတ်ဆတ် မိစ္ဆာသားရဲ ပစ္စည်းတွေ ရမယ်ဗျို့... ပထမအဆင့်၊ ဒုတိယအဆင့် ပစ္စည်းတွေ အကုန် ရတယ်... မိတ်ဆွေ... လာကြည့်ပါဦးလား…”

All Chapters