← Chapters

တာ့ယွဲ့ မှောင်ခိုဈေးနှင့် သိုင်းကျမ်းတိုက်

Vol. 7 Ch. 94

တာ့ယွဲ့ မှောင်ခိုဈေးနှင့် သိုင်းကျမ်းတိုက်

Vol. 7 Ch. 94

~ထိုအချိန်တွင် ပိုင်မိသားစု ဘိုးဘေးသည် လူအုပ်ကြားမှနေ၍ ဆိုင်ခန်းပေါ်ရှိ ဒုတိယအဆင့် ဆေးလုံးတစ်လုံးကို လှမ်းမြင်လိုက်ရ၏။ သူ၏ နှလုံးသားသည် အနည်းငယ် လှုပ်ရှားသွားပြီး အခြေခံ တည်ဆောက်ခြင်း အဆင့်၏ အရှိန်အဝါကို မသိမသာ ထုတ်လွှတ်လိုက်ကာ ရှေ့ရှိ လူအုပ်ကို တွန်းဖယ်၍ လျှောက်လာခဲ့၏။

"မိတ်ဆွေ... ဒီမှာ အသားပြန်တက်စေတဲ့ ဆေးလုံးရှိလား... ဒါမှမဟုတ် အဲ့ဒီဆေး ဖော်စပ်ဖို့ ကုန်ကြမ်းပစ္စည်းတွေ ရှိလား..."

ရုပ်သေးရုပ်သည် သူ၏ ပြတ်တောက်နေသော လက်ကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်၏။

"အသားပြန်တက်စေတဲ့ ဆေးလုံး ဆိုတာ ဒုတိယအဆင့် အဆင့်မြင့် ဆေးလုံးပါ... သူ့ရဲ့ ကုန်ကြမ်းတွေက တန်ဖိုး ဖြတ်မရနိုင်အောင် ရှားပါးတယ်... ဘယ်သူမဆို ဖော်စပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး..."

"တကယ်လို့ မိတ်ဆွေ လိုချင်တယ် ဆိုရင်... ဝူယန်တောင်တန်းကို သွားပြီး ဆေးပညာရှင် ပိုင်ယန်ကို အကူအညီ တောင်းကြည့်ပါလား..."

ပိုင်မိသားစု ဘိုးဘေး၏ မျက်ခွံများ တုန်ခါသွား၏။ သူသည် ခေါင်းကို အနည်းငယ် ပြန်ငုံ့လိုက်ပြီး ဘာမှ ပြန်မပြောတော့ဘဲ မျက်နှာထား မှုန်မှိုင်းစွာဖြင့် လှည့်ထွက်သွားတော့သည်။

ရုပ်သေးရုပ်သည် သူ့ကို လိုက်မကြည့်တော့ဘဲ အခြားသော ဈေးဝယ်သူများကို ဆက်လက် ဧည့်ခံလိုက်၏။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားပြီး စိတ်အားထက်သန်သော ဈေးသည် တစ်ဦးအသွင် ဆောင်နေ၏။

ဤနေရာရှိ အခြားသော တစ်သီးပုဂ္ဂလ ဈေးသည်များနှင့် ဘာမှ ကွာခြားခြင်း မရှိပေ။

သို့သော် ပိုင်မိသားစု ဘိုးဘေး မသိလိုက်သည်မှာ ရုပ်သေးရုပ်၏ မျက်လုံးမှ ရွှေရောင် အလင်းတန်း တစ်ချက် လက်သွားသည်နှင့် အတူ မသိမသာ နတ်ဘုရားအာရုံ အမှတ်အသား တစ်ခုသည် သူ၏ ကိုယ်ပေါ်တွင် တွယ်ကပ် ပါသွားခဲ့ပြီ ဆိုသည့် အချက်ပင်။

နတ်ဘုရားအာရုံ အသုံးပြုမှုနှင့် ပတ်သက်လာလျှင် အခြေခံ တည်ဆောက်ခြင်း အဆင့်တွင် သူ့ကို ယှဉ်နိုင်သူ ရှားပါးလှသည်ဟု စုယွီ ယုံကြည်ထား၏။ အထူးသဖြင့် ရွှေပုစဉ်းရင်ကွဲ ကျင့်စဉ် ဒုတိယ အဆင့်သို့ ရောက်ရှိပြီးနောက် သူ၏ နတ်ဘုရားအာရုံ နားလည်သဘောပေါက်မှုသည် နေ့စဉ်နှင့်အမျှ တိုးတက်လျက် ရှိပေသည်။

အမြုတေ ဖွဲ့စည်းခြင်း အဆင့် သို့မဟုတ် တုပ အမြုတေ အဆင့်သို့ မရောက်သေးသမျှ ကာလပတ်လုံး သူ၏ နတ်ဘုရားအာရုံ အမှတ်အသားကို ရှာဖွေတွေ့ရှိရန် ခက်ခဲလှပေလိမ့်မည်။

ပိုင်မိသားစု ဘိုးဘေးသည် လူနှစ်ဦးနောက်မှ လိုက်ပါရင်း ဈေးတန်း၏ အတွင်းပိုင်းရှိ ခြံဝင်းငယ်လေး တစ်ခုဆီသို့ ရောက်ရှိသွား၏။

ထိုလူနှစ်ဦးအနက် တစ်ဦးက ဘိုးဘေး၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။

"အစ်ကိုချန်... စိတ်မပျက်ပါနဲ့ဗျာ... ပိုင်မိသားစု ကံဆိုးမိုးမှောင် ကျသွားခဲ့ပေမဲ့... ခင်ဗျား အသက်ရှင်နေသရွေ့ ပိုင်မိသားစု မပျောက်ကွယ်သွားပါဘူး..."

"ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်နဲ့ဆိုရင် မျိုးဆက်သစ် ပြန်မွေးထုတ်ဖို့ မိန်းမယူလိုက်ရုံပါပဲ... ငယ်ရွယ်လှပတဲ့ အမျိုးသမီး ကျင့်ကြံသူတွေ အများကြီး ရှိပါတယ်..."

"ဒါမှမဟုတ် ခင်ဗျား ခဏလောက် အနားယူချင်တယ် ဆိုရင်လည်း ရပါတယ်... ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲမှာ အခွင့်အရေးတွေ အများကြီး ရှိသေးတာပဲ..."

"ကျွန်တော်တို့ ဟွမ်မိသားစုနဲ့ လက်တွဲနေသရွေ့... ပိုင်မိသားစုရဲ့ ရန်ကြွေးကို တစ်နေ့ ကျိန်းသေ ပြန်ဆပ်နိုင်မှာပါ..."

ထိုသူ့အားဘဘိုးဘေး ပိုင်ချန်သည် အတင်းဟန်လုပ် ပြုံးပြလိုက်၏။

"နှစ်သိမ့်ပေးတာ ကျေးဇူးပါပဲဗျာ... ကျွန်တော် အဆင်ပြေပါတယ်..."

ထိုလူနှစ်ဦးကို နှုတ်ဆက်ပြီးနောက် ပိုင်ချန်သည် အခန်းထဲသို့ ဝင်ကာ ဒုတိယအဆင့် အဆင့်နိမ့် ကုသရေး ဆေးလုံး တစ်လုံးကို ထုတ်ယူပြီး ဒဏ်ရာကို ဆက်လက် ကုသနေလိုက်တော့သည်။

တစ်လခန့် ကြာမြင့်သွားခဲ့၏။ ပိုင်ချန်သည် ဒဏ်ရာကုသရန် အာရုံစိုက်နေပြီး အိမ်ထဲမှ တစ်ဖဝါးမျှ အပြင်မထွက်ခဲ့ပေ။

ထိုကာလအတွင်း သူသည် ဝိညာဉ်ကျောက်တုံး အနည်းငယ် ပေးပြီး သတင်းအချက်အလက် ဝယ်ယူကာ မေပယ်မြို့ရှိ ပိုင်မိသားစု၏ လက်ရှိ အခြေအနေကို စုံစမ်းခဲ့ကာ ကြားခဲ့ရသည်က၊

ထန်တောင်တန်း တစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြီ။

အရင်းအမြစ် နယ်မြေများကို စုမိသားစုနှင့် ချန်မိသားစုတို့ ခွဲဝေ သိမ်းပိုက်လိုက်ကြပြီ ဟူ၍။

မေပယ်မြို့ အနီးတစ်ဝိုက်တွင် ပိုင်မိသားစုဝင် ကျင့်ကြံသူ တစ်ဦးတစ်ယောက်မျှ အသက်ရှင် မကျန်ရစ်ခဲ့ပေ။

အခြားနေရာများသို့ ရောက်ရှိနေသော ကျင့်ကြံသူ (၁၀) ဦးခန့်မှ လွဲ၍ ပိုင်မိသားစု တစ်ခုလုံးတွင် ဘိုးဘေး ဖြစ်သူ သူတစ်ဦးတည်းသာ ကျန်ရစ်တော့ခြင်း ဖြစ်ပေသည်။

တံခါးပိတ် ကုသမှု ပြီးဆုံး၍ ထွက်လာသောအခါ ထိုသတင်းများကို ကြားသိလိုက်ရသဖြင့် ပိုင်ချန်သည် ဒေါသတကြီး ဖြစ်သွားပြီး မျက်လုံးများ သွေးရောင် လွှမ်းသွားတော့သည်။

"စုမိသားစု... ချန်မိသားစု... ဒီဘဝမှာ မင်းတို့ မိသားစု နှစ်ခုလုံးကို မျိုးမဖြုတ်နိုင်ရင်... ငါ ပိုင်ချန် လူမဖြစ်စေရဘူး..."

ပိုင်မိသားစုကို မည်သူ မျိုးဖြုတ်သတ်ဖြတ်သွားသည်ကို အတိအကျ မသိရသော်လည်း၊ လူသတ်သမားသည် သဲလွန်စ အနည်းငယ်သာ ချန်ထားခဲ့ကြောင်း သတင်းရရှိ၏။ လူသတ်သမားသည် အနည်းဆုံး အခြေခံ တည်ဆောက်ခြင်း အလယ်အလတ် အဆင့် ရှိမည်ဟု ခန့်မှန်းရ၏။

ထိုအချက် တစ်ချက်တည်းနှင့်ပင် လုံလောက်နေပေပြီ။

ပိုင်ချန်သည် လူသတ်သမားကို ရှာဖွေပြီး လက်စားချေမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်တော့သည်။

သူသည် မေပယ်မြို့သို့ ပြန်ရန်ပင် မစဉ်းစားရဲတော့ပေ။

ကျန်ရစ်ခဲ့သော ပိုင်မိသားစုဝင် အနည်းငယ်ကို လိုက်ရှာရန်လည်း အစီအစဉ် မရှိတော့ချေ။

"ငါ စိတ်မြန်လက်မြန် လုပ်လို့ မဖြစ်ဘူး..."

"ရန်သူက အမှောင်ထဲမှာ... ငါက အလင်းထဲမှာ... ငါ့မှာ ရှိတဲ့ တစ်ခုတည်းသော အခွင့်အရေးက ဟွမ်မိသားစု နောက်ကို လိုက်ပြီး ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီးထဲက အခွင့်အရေးတွေကို ရှာဖွေဖို့ပဲ..."

"တကယ်လို့ ငါသာ အခြေခံ တည်ဆောက်ခြင်း အဆင့် (၄) ကို ရောက်သွားခဲ့ရင်... အနည်းဆုံးတော့ စုမိသားစုနဲ့ ချန်မိသားစုကို လက်စားချေနိုင်မယ့် အင်အား ရှိလာလိမ့်မယ်..."

"တကယ်လို့များ..."

ပိုင်ချန် တွေးတောနေမိ၏။ သူ၏ အကြီးမားဆုံး မျှော်လင့်ချက်မှာ ဟွမ်မိသားစုကို အကူအညီတောင်းပြီး လက်စားချေရန် ဖြစ်သော်လည်း၊ ထိုကိစ္စမှာ မလွယ်ကူကြောင်း သူ နားလည်ထားသည်။

ဟွမ်မိသားစု၏ မျက်လုံးထဲတွင် သူသည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) သာ ရှိသော ခွေးအိုကြီး တစ်ကောင် အဆင့်သာ ရှိတော့သည် မဟုတ်ပါလော။

ဒီအမှန်တရားကို သူ လက်ခံရပေမည်။

လွန်ခဲ့သော ရက်ပိုင်းက ဝိညာဉ် သတ္တုတွင်းမှ သားရဲများကို ရှင်းလင်းရာတွင် ဟွမ်မိသားစုက သူ့ကို မြားစာ အဖြစ် အသုံးပြုခဲ့ခြင်းကို ကြည့်လျှင် သိသာလှပေသည်။

သူ့လက် တစ်ဖက် ပြတ်တောက်သွားရခြင်းမှာ ထိုကိစ္စကြောင့်ပင် ဖြစ်၏။

"ဟူး..."

ထိုအကြောင်းများကို တွေးမိပြီး ပိုင်ချန်သည် မျက်လုံးများကို မှိတ်ကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိ၏။ ပြန်ဖွင့်လိုက်သောအခါ သူ၏ မျက်နှာထားသည် တည်ငြိမ်သွားပြီး ပုံမှန် အတိုင်း ပြန်ဖြစ်သွားတော့သည်။

ရက်အနည်းငယ် ကြာပြီးနောက် ပိုင်ချန်သည် အပြင်သို့ ထွက်လာခဲ့၏။ သူနှင့် အတူ ဟွမ်မိသားစုမှ အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) နှင့် (၃) ရှိသော ကျင့်ကြံသူ နှစ်ဦး ပါလာကြ၏။ သူတို့သည်လည်း ဒဏ်ရာကုသရန် ဈေးတန်းတွင် ခေတ္တ နားခိုနေကြခြင်း ဖြစ်သည်။

သူတို့ သုံးဦးသည် ဈေးတန်းမှ ထွက်ခွာပြီး မိစ္ဆာတောင်ထွတ် ရှစ်ခု အတွင်းရှိ ရွှေကျောက်စိမ်း နတ်ဘုရားဂိတ်တံခါး အပျက်အစီးများ ရှိရာသို့ ဦးတည် ထွက်ခွာသွားကြတော့သည်။

ဈေးတန်းထဲ၌၊

ရုပ်သေးရုပ်သည် ပိုင်ချန်၏ ကိုယ်ပေါ်ရှိ နတ်ဘုရားအာရုံ အမှတ်အသား လှုပ်ရှားမှုကို စောင့်ကြည့်ရင်း စဉ်းစားခန်း ဝင်နေမိ၏။ နောက်ဆုံးတွင် သူသည် လှုပ်ရှားမှု မပြုလုပ်ရန် ဆုံးဖြတ်လိုက်၏။ ပိုင်ချန်သည် လက်တစ်ဖက် ပြတ်တောက်သွားပြီ ဖြစ်သဖြင့် ပြန်လည် ကောင်းမွန်လာရန် အလားအလာ နည်းပါးလှသည်။

ယခု ပိုင်ချန်၏ အင်အားသည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၂)၊ သို့မဟုတ် အဆင့် (၁) ခန့်သာ ရှိတော့မည် ဖြစ်သည်။

လက်ကျန် သက်တမ်း ဆယ်စုနှစ် အနည်းငယ်သာ ကျန်တော့သော ပိုင်ချန် အနေဖြင့် စိတ်လိုက်မာန်ပါ မလုပ်ဘဲ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ ဆိုတာကို စုယွီ စောင့်ကြည့်ချင်နေမိ၏။

အကယ်၍ ပိုင်ချန်က မနေနိုင်ဘဲ တစ်ခုခု ထလုပ်လျှင် ထိုအချိန်ကျမှ ရှင်းပစ်လိုက်ရုံသာ။

အကယ်၍ သူက ဘာမှ မလုပ်ဘဲ ငြိမ်နေမယ် ဆိုရင်လည်း... နောက်ထပ် ဆယ်စုနှစ် အနည်းငယ် ကြာရင် သဘာဝအတိုင်း သေဆုံးပြီး သင်္ချိုင်းကုန်း ရောက်သွားမှာပါပဲလေ။

"မိတ်ဆွေ... ဒီမှာ အဆင့်မြင့် ပထမအဆင့် နတ်ဘုရား မြန်နှုန်းမြင့် အဆောင် ရှိတယ်ဗျ... အရည်အသွေး ရှယ်ပဲ... အသက်အန္တရာယ် ကြုံလာရင် သုံးဖို့ အကောင်းဆုံးပဲနော်... ပိုဝယ်ထားဦးမလားဗျ..."

ရုပ်သေးရုပ်သည် ဆိုင်ခန်းရှေ့သို့ ရောက်လာသော ဈေးဝယ်သူများကို စိတ်ပါလက်ပါ ဈေးရောင်းနေလိုက်တော့သည်။

မိစ္ဆာတောင်ထွတ် ရှစ်ခု ယာယီ ဈေးတန်း၏ စည်ကားမှုသည် သူ ထင်ထားသည်ထက် များစွာ သာလွန်နေ၏။

ကျင့်ကြံသူ အများအပြားသည် အခွင့်အရေး ရှာဖွေရန် ဤနေရာသို့ ဝင်ရောက်လာကြ၏။ သူသည် ဆိုင်ခန်းဖွင့်ပြီး လအနည်းငယ် အတွင်းမှာပင် ပထမအဆင့် ဆေးလုံးများ၊ အဆောင်များနှင့် ရုပ်သေးရုပ်များ ရောင်းချခြင်းဖြင့် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်သောင်းနီးပါး ရှာဖွေနိုင်ခဲ့၏။

ထို့ပြင် သူသည် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများနှင့် အဆောင်များကိုပါ ရောင်းချသဖြင့် ကျင့်ကြံသူ မိသားစု အများအပြားကိုပင် ဆွဲဆောင်နိုင်ခဲ့၏။

အချို့လူများက မကောင်းကြံပြီး ရုပ်သေးရုပ်ကို လျှို့ဝှက် ဒုက္ခပေးရန် ကြံစည်ကြသေးသည်။

သို့သော် ရုပ်သေးရုပ်က အခြေခံ တည်ဆောက်ခြင်း အလယ်အလတ် အဆင့် မိစ္ဆာ အရှိန်အဝါ အနည်းငယ် ထုတ်ပြလိုက်သောအခါ... ထိုလူများသည် ချက်ချင်းပင် ဒူးထောက်ကျသွားကြပြီး ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် တောင်းပန်ကြတော့သည်။

"အသက်ချမ်းသာပေးပါ စီနီယာ…”

All Chapters