← Chapters

စူးစမ်းခြင်း

Vol. 7 Ch. 97

စူးစမ်းခြင်း

Vol. 7 Ch. 97

~စုချီ၊ စုဝင်းနင်းနှင့် စုယီ တို့သည် (၁၂) နှစ်မှ (၁၅) နှစ် ဝန်းကျင် အရွယ် လူငယ်များ ဖြစ်ကြပြီး ကျင့်ကြံခြင်း အဆင့်မှာ ချီစွမ်းအင် စုစည်းခြင်း အဆင့် (၂) မှ (၄) ကြားတွင် ရှိကြ၏။ စုချီသည် အသက် (၁၂) နှစ်သာ ရှိသေးပြီး အငယ်ဆုံး ဖြစ်၏။

သူတို့ သုံးဦးသည် လူငယ်ပီပီ တက်ကြွ လှုပ်ရှားနေကြပြီး၊ အထူးသဖြင့် စုချီသည် သိမ်းငှက်ကြီး၏ ဘေးဘက်သို့ ကပ်ကာ အောက်ဘက်ရှိ ရှုခင်းများကို စိတ်လှုပ်ရှားစွာ ငုံ့ကြည့်နေမိ၏။

သူတို့ (၅) ဦးစလုံးသည် စုယွီ၏ မျိုးဆက်သစ် လူငယ်များ ဖြစ်ကြပြီး၊ စုချီဆိုလျှင် သူ့အတွက် မြေးမလေး အရွယ်ပင် ဖြစ်နေပြီ။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ နီးကပ်လာသောအခါ စုယွီသည် လူငယ် (၅) ဦးကို အနားသို့ ခေါ်လိုက်ပြီး သတိပေးလိုက်၏။

"ဒီကို ရောက်ရင်... စုချီနဲ့ ကျန်တဲ့နှစ်ယောက်က ချန်ချင်း ဆီမှာ ဆေးပညာ အခြေခံတွေကို အလုပ်သင် အနေနဲ့ စတင် လေ့လာရမယ်..."

"ရွေ့အန်းနဲ့ တိမ်းပေါင်... မင်းတို့ နှစ်ယောက်က ပထမအဆင့် အလယ်အလတ် ဆေးပညာရှင်တွေ ဖြစ်နေပြီ ဆိုတော့... ငါ့ဆီမှာ တိုက်ရိုက် လေ့လာခွင့် ရမယ်..."

စုယွီသည် သူတို့ လိုက်နာရမည့် စည်းကမ်းချက်များကို အသေးစိတ် မှာကြားလိုက်၏။

ယွီခယ်အာက သူ့ဘေးနားသို့ ကပ်လာပြီး တိုးတိုးလေး မေးလိုက်သည်။

"နောက်ထပ် ဘာဆက်လုပ်ဖို့ အစီအစဉ် ရှိလဲဟင်..."

စုယွီက ပြန်ဖြေလိုက်၏။

"အရင်ဆုံး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ကို သွားပြီး ကုန်ကြမ်းပစ္စည်းတွေ စုဆောင်းမယ်... အဲ့ဒီမှာ ခဏလောက် နေပြီးမှ တာ့ယွဲ့ မှောင်ခိုဈေးကို ဆက်သွားမယ်... ဟိုရောက်လို့ အခြေကျပြီ ဆိုမှ အေးအေးဆေးဆေး ပြန်ကျင့်ကြံကြတာပေါ့..."

"ငါတို့ အပြင်ထွက်နေတာ ကြာလှပြီ... ပြန်ပြီး အာရုံစိုက်ဖို့ အချိန်တန်ပြီလေ..."

သူသည် ဆေးပညာ စွမ်းရည်ကို မြှင့်တင်ရန် လိုအပ်နေပြီ ဖြစ်၏။ ယခု သူ့လက်ထဲတွင် ဒုတိယအဆင့် အဆင့်မြင့် ဆေးပညာ အမွေအနှစ် ရှိနေပြီ ဖြစ်ရာ၊ ဒုတိယအဆင့် အလယ်အလတ် ဆေးလုံးများကို စတင် ဖော်စပ်ပြီး အဆင့်တက်လှမ်းရန် ကြိုးစားရပေတော့မည်။

ထို့ပြင် ရုပ်သေးပညာ အမွေအနှစ်လည်း ရှိသေးသည်။

သူ၏ တာအို ကိုယ်ပွား ရုပ်သေးသည် ဒုတိယအဆင့် အလယ်အလတ် အဆင့်သို့ ရောက်ရှိနေပြီ ဆိုသော်လည်း၊ ၎င်းမှာ 'ရုပ်သေး ဝိညာဉ်' ၏ အစွမ်းကြောင့်သာ ဖြစ်၏။

စုယွီကိုယ်တိုင် ဒုတိယအဆင့် အလယ်အလတ် ရုပ်သေးတစ်ရုပ်ကို ဖန်တီးနိုင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများကို ဆက်လက် ရှာဖွေရဦးမည် ဖြစ်သည်။

ဒါတင် မကသေးပေ။ ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေး ပညာရှင် အဖြစ် ကျွမ်းကျင်မှု တိုးတက်လာစေရန်အတွက် အဆင့်နိမ့် ရုပ်သေးများကိုလည်း အများအပြား ဖန်တီးလေ့ကျင့်ရန် လိုအပ်သေး၏။

သင်္ကေတ အဆောင် ရေးဆွဲခြင်းတွင်လည်း ဝိညာဉ် ငြိမ်သက်ခြင်း၊ ချပ်ဝတ်နှင့် နဂါးသတ် အဆောင် (၃) မျိုးအပြင် အခြားသော ဒုတိယအဆင့် အဆောင်များကိုပါ ရေးဆွဲ လေ့ကျင့်ရမည် ဖြစ်သည်။

ဤအရာများသည် စုယွီ အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) သို့ ရောက်ရှိပြီးနောက် တစ်ခုပြီးတစ်ခု လုပ်ဆောင်ရမည့် တာဝန်များပင် ဖြစ်၏။

စုယွီသည် လူငယ်များကို ခေါ်ဆောင်ပြီး ပိုင်ယွဲ့ အင်မော်တယ် မြို့တော်သို့ ပြန်ရောက်လာခဲ့၏။ သူ၏ တာအို ကိုယ်ပွား ရုပ်သေးမှာမူ မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းတွင် ဆက်လက် ကျန်ရစ်ခဲ့ပြီး လစဉ် ကုန်ပစ္စည်းများ ရောင်းချနေခဲ့သည်။ ဤနည်းဖြင့် တစ်လလျှင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် ဝင်ငွေ ရရှိနေ၏။

ထိုပမာဏသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရှိ ဝူထုံ ဆေးလုံးမျှော်စင်၏ တစ်နှစ်စာ ဝင်ငွေနှင့် ညီမျှနေပြီ ဖြစ်၏။

အကယ်၍ ရွှေကျောက်စိမ်း ဂိတ်တံခါး အပျက်အစီး နယ်မြေသာ ဆက်လက် ပွင့်လင်းနေပါက ဝင်ငွေမှာ မှန်းဆ၍ပင် ရနိုင်မည် မဟုတ်ချေ။

ပိုင်ယွဲ့ အင်မော်တယ် မြို့တော်။

အတွင်းစည်း နယ်မြေ၊ ဝူထုံ ဆေးလုံးမျှော်စင်၌၊

"မျှော်စင်သခင်၊ သခင်မလေး ခယ်အာ၊ မိတ်ဆွေယွီ... လက်ဖက်ရည် သောက်ပါဦး..."

လီပင်ချန်းသည် လူတိုင်းအတွက် ဝိညာဉ် လက်ဖက်ရည် ငှဲ့ပေးပြီးနောက် သက်ပြင်းချလိုက်၏။

"မျှော်စင်သခင်... အခုတလော အင်မော်တယ် မြို့တော်မှာ လူတွေ နည်းသထက် နည်းလာပြီ... တော်တော်များများက မိစ္ဆာတောင်ထွတ် ရှစ်ခုဘက်ကို ကူးကုန်ကြပြီလို့ သတင်းကြားတယ်..."

"ပြီးတော့... အခု အမှန်တရား ခန်းမဆောင် က ဆေးလုံး စီးပွားရေးဘက်ကို ဝင် စွက်ဖက်လာတော့... ကျင့်ကြံသူ မိသားစု အများစုက သူတို့နဲ့ပဲ တိုက်ရိုက် ဆက်ဆံနေကြတယ်... ကျွန်တော်တို့ဆီ သိပ်မလာကြတော့ပါဘူး..."

"လွန်ခဲ့တဲ့ နှစ်ဝက်လောက် အတွင်းမှာ... မျှော်စင်ရဲ့ ဝင်ငွေက ဝိညာဉ်ကျောက်တုံး သုံးထောင်ကျော်လောက်ပဲ ရပါတော့တယ်... စရိတ်စကတွေ နုတ်လိုက်ရင် အမြတ်က တစ်ထောင်ကျော်လောက်ပဲ ကျန်တော့တာပါ..."

"ဒါကြောင့်... မျှော်စင်သခင်... ကျွန်တော်တို့ ဒီဆိုင်ကို ခဏ ပိတ်ထားပြီး မိစ္ဆာတောင်ထွတ် ရှစ်ခုဘက်ကို ပြောင်းဖွင့်ရင် မကောင်းဘူးလား..."

စုယွီ ခေတ္တမျှ စဉ်းစားလိုက်၏။

"ခင်ဗျား သွားချင်ရင်တော့ မဆိုးပါဘူး... ဒါပေမဲ့ ဟိုမှာ အန္တရာယ် ရှိမရှိ ဆိုတာက မသေချာသေးဘူး... ပြီးတော့ နေရာကောင်း ရဖို့ကလည်း ပြဿနာ ရှိသေးတယ်..."

"ခင်ဗျား တကယ် သွားချင်ရင်တော့... အရင်ဆုံး သွားပြီး အခြေအနေ ကြည့်ကြည့်ပေါ့... ပြီးမှ ဆက်ဆွေးနွေးကြတာပေါ့လေ..."

"အင်း..." လီပင်ချန်းက ခေါင်းညိတ်လိုက်သည်။

"အန္တရာယ်က ဘာရှိမှာမို့လို့လဲဗျာ... ကျွန်တော်တို့က ဆိုင်သွားဖွင့်ရုံပဲလေ... အပျက်အစီး နယ်မြေထဲ ဝင်ပြီး အခွင့်အရေး လုမှာမှ မဟုတ်တာ..."

"တကယ်တော့... ကျွန်တော် သတိထားမိတာ တစ်ခု ရှိတယ်... မျှော်စင်သခင်နဲ့ ကျွန်တော်နဲ့က တူတဲ့အချက် တစ်ခု ရှိတယ်ဗျ..."

"ကျွန်တော်တို့ နှစ်ယောက်စလုံးက သေမှာ ကြောက်ကြတယ်... အဲ... မဟုတ်ပါဘူး... အသက်ကို တန်ဖိုးထားကြတယ်လို့ ပြောချင်တာပါ..."

"ဒါကြောင့် မျှော်စင်သခင် စိတ်ချပါ... ဟိုမှာ အန္တရာယ် တစ်ခုခု ရှိတယ် ဆိုတာနဲ့... ကျွန်တော်က ပထမဆုံး ထွက်ပြေးမယ့်သူပါ..."

စုယွီသည် သူ့ကို စူးစမ်းစွာ ကြည့်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။

"တကယ်လား... ခင်ဗျား.. ဆေးပညာရှင် ပိုင်ယန် ဆီကနေ အထုတ်ခံလိုက်ရတာ... ဒီလို အကြောင်းကြောင့်တော့ မဟုတ်လောက်ပါဘူးနော်..."

လီပင်ချန်း၏ မျက်နှာ ညှိုးငယ်သွားပြီး သက်ပြင်းချလိုက်၏။

"မဟုတ်ရင်... ကျွန်တော် ဘာလို့ ဝူယန်တောင်တန်းကနေ ထွက်လာမှာလဲဗျာ... ဟိုမှာ နေရင် အနည်းဆုံးတော့ ဘာမှ ပူစရာ မလိုဘူးလေ..."

သို့သော် စုယွီ စိတ်ထဲတွင် တစ်ခုခု လွဲနေသလို ခံစားရ၏။

သို့ရာတွင်၊ လီပင်ချန်း မပြောချင်မှတော့ သူလည်း အလိုက်မသိ မမေးတော့ပေ။

—----------

လမ်းကြားလေးထဲရှိ ခြံဝင်းငယ်၊

လျှို့ဝှက်ခန်း အတွင်း၌၊

စုယွီသည် ကျန်းမိသားစုထံမှ ရရှိထားသော ဒုတိယအဆင့် အဆင့်နိမ့် ရုပ်သေးရုပ်ကို ထုတ်ယူလိုက်ပြီး ကျန်းမိသားစု ရုပ်သေး ပညာရှင်၏ အမှတ်အသားကို ဖျက်ဆီးပစ်လိုက်၏။ ထို့နောက် (၇) ရက်ခန့် အချိန်ယူပြီး ရုပ်သေး၏ ပုံပန်းသဏ္ဌာန်ကို ပြုပြင် ပြောင်းလဲလိုက်၏။

"တာ့ယွဲ့ မှောင်ခိုဈေး ရောက်မှပဲ... ဒီကောင်ကို တိတ်တဆိတ် ရောင်းထုတ်ဖို့ ကြိုးစားကြည့်ရမယ်..."

တာ့ယွဲ့ မှောင်ခိုဈေး ဆိုသည်မှာ နာမည်နှင့် လိုက်ဖက်စွာပင် လူပေါင်းစုံ၊ ဇာတ်ပေါင်းစုံ စုဝေးရာ နေရာ ဖြစ်ပေသည်။

ထိုနေရာတွင် မည်သူကမျှ ပစ္စည်း၏ ဇာစ်မြစ်ကို မေးမြန်းခြင်း မရှိကြပေ။ ဈေးနှုန်းကိုသာ ဂရုစိုက်ကြ၏။ တာ့ယွဲ့ နယ်မြေ၏ အကြီးဆုံး မှောင်ခိုဈေးကြီး ဖြစ်ပေသည်။

ရောင်းဈေးက နည်းနည်း နှိမ်ခံရနိုင်ပေမဲ့... လက်ခံနိုင်စရာပါပဲ။

ဘာပဲပြောပြော သူ့လက်ထဲမှာ ရောင်းထုတ်စရာ ပစ္စည်းတွေ အများကြီး ရှိနေသေးတာကိုး။

အဲ့ဒီပစ္စည်းတွေ အကုန် ရောင်းထုတ်နိုင်ရင်... အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး သုံးလေးသောင်းလောက်တော့ ရနိုင်ခြေ ရှိသည်။

ပြုပြင်ထားသော ရုပ်သေးရုပ်ကို သိမ်းဆည်းလိုက်ပြီးနောက် စုယွီသည် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရှိ ဝူထုံ ဆေးလုံးမျှော်စင်အတွက် ဆေးလုံးအချို့ကို စတင် ဖော်စပ်ပေးလိုက်၏။ အဓိကအားဖြင့် ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများကိုသာ ဖော်စပ်ခြင်း ဖြစ်သည်။

တစ်လ အတွင်းမှာပင် နေ့စဉ် (၄) အိုးနှုန်း၊ တစ်အိုးလျှင် (၅) လုံးနှုန်းဖြင့် ဖော်စပ်လိုက်ရာ... ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးပေါင်း (၆၀၀) နီးပါး လီပင်ချန်းအတွက် စုဆောင်းပေးနိုင်ခဲ့၏။ လစဉ် ခွဲပြီး ထုတ်ရောင်းမည် ဆိုပါက ဝူထုံ မျှော်စင်၏ တစ်နှစ်စာ လိုအပ်ချက်ကို ဖူလုံစေနိုင်မည် ဖြစ်သည်။

အများစုမှာ သာမန် အရည်အသွေး ဖြစ်သော်လည်း၊ အချို့မှာမူ ထိပ်တန်း အရည်အသွေးများ ဖြစ်ကြပါ၏။

All Chapters