← Chapters

ဆေးလုံး အရောင်းအဝယ်

Vol. 7 Ch. 98

ဆေးလုံး အရောင်းအဝယ်

Vol. 7 Ch. 98

~ဒါက ပုံမှန် ဆေးပညာရှင် တစ်ယောက်ရဲ့ စံချိန်စံညွှန်းပါပဲ။

စုယွီက တမင်တကာ ဒီလိုလုပ်တာ ဖြစ်၏။

မဟုတ်ရင်... ပြီးပြည့်စုံသော အရည်အသွေး ရှိတဲ့ ဆေးလုံးတွေချည်းပဲ ဖော်စပ်နေမယ် ဆိုရင်တော့...

မကြာခင်မှာ သူဟာ ဆေးဖော်စပ်တဲ့ စက်ရုံ ကျွန်တစ်ယောက် ဘဝကို ရောက်သွားလိမ့်မယ်။

ဒုတိယအဆင့် အဆင့်နိမ့် ဆေးလုံးများကို လုံလောက်အောင် ဖော်စပ်ပြီးနောက် စုယွီသည် ကြိုတင် ပြင်ဆင်ထားသော ဒုတိယအဆင့် အလယ်အလတ် ' ခိုင်ယွမ် (ကိုယ်ထည် ဖွင့်လှစ်ခြင်း) ဆေးလုံး' ကုန်ကြမ်းများကို ထုတ်ယူလိုက်၏။

အဆင့်နိမ့်နှင့် ယှဉ်လိုက်လျှင် အလယ်အလတ်အဆင့် ဆေးလုံးအတွက် ကုန်ကြမ်းများသည် ပိုမို အရည်အသွေး မြင့်မားရန် လိုအပ်ပြီး၊ သက်တမ်းလည်း ပိုရင့်ရမည် ဖြစ်သလို၊ ပမာဏနှင့် အမျိုးအစားလည်း နှစ်ဆခန့် ပိုများပြား၏။

ထို့ကြောင့် အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) သို့ ရောက်ရှိကာစသာ ရှိသေးသော စုယွီအတွက် ဒုတိယအဆင့် အလယ်အလတ် ဆေးလုံးကို ဖော်စပ်ရခြင်းမှာ အတော်လေး ခက်ခဲသော စိန်ခေါ်မှုကြီး တစ်ခု ဖြစ်နေ၏။

(၃) ရက် ဆက်တိုက် ကုန်ဆုံးသွားခဲ့သည်။

စုယွီသည် (၆) ကြိမ်တိုင်တိုင် ကျရှုံးခဲ့ရပြီး၊ ရရှိလာသော ဆေးလုံးများမှာ အရည်အသွေး မမီသောကြောင့် 'အမှိုက် ဆေးလုံး' အဖြစ်သာ သတ်မှတ်ရပေတော့သည်။

ယခင်က ယွင်ရှန်း ဈေးမြို့တော် လေလံပွဲတွင် စုမိသားစု ရောင်းချခဲ့သော အပြစ်အနာအဆာပါသည့် အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို ယဉ်ကျေးစွာဖြင့် 'အပြစ်ပါသော ဆေးလုံး' ဟု ခေါ်ဆိုခဲ့ကြသော်လည်း... ရိုင်းရိုင်းပြောရလျှင် အရည်အချင်း မမီသော အမှိုက် ဆေးလုံးသာ ဖြစ်ပေသည်။

သို့သော် ထိုအမှိုက် ဆေးလုံးများသည် လုံးဝ အသုံးမဝင်သည်တော့ မဟုတ်ပေ။ အညစ်အကြေးများ လွန်ကဲစွာ ပါဝင်နေပြီး ဆေးအဆိပ်သင့်မှု ပိုများနိုင်သည် ဆိုရုံသာ။

အချို့ ဆေးပညာရှင်များသည် ထိုအမှိုက် ဆေးလုံးများကို ဈေးပေါပေါဖြင့် ရောင်းချတတ်ကြသော်လည်း၊ စုယွီကမူ အရည်အသွေးကို အလေးထားသူ ဖြစ်သဖြင့် ထိုဆေးလုံးများကို လွှင့်ပစ်လိုက်၏။

နောက်ထပ် (၅) ရက် ကြာမြင့်ပြီးနောက်၊

ကုန်ကြမ်းပစ္စည်း (၁၀) စုံကျော် ဖြုန်းတီးပစ်လိုက်ပြီးမှသာ စုယွီသည် ဒုတိယအဆင့် အလယ်အလတ် ကိုယ်ထည် ဖွင့်လှစ်ခြင်း ဆေးလုံးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့၏။

ပထမဆုံး အသုတ်တွင် ဆေးလုံး (၃) လုံး ရရှိပြီး အားလုံးမှာ သာမန် အရည်အသွေးများသာ ဖြစ်ကြ၏။

တစ်လခန့် ကြာသောအခါ စုယွီသည် လက်ရာမြောက်သော အရည်အသွေး ရှိသည့် ဒုတိယအဆင့် အလယ်အလတ် ဆေးလုံး (၅) လုံးကို တစ်သုတ်တည်းနှင့် ဖော်စပ်နိုင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့၏။

"နောက်တစ်ဆင့် အနေနဲ့... တခြား ဒုတိယအဆင့် အလယ်အလတ် ဆေးလုံးတွေအတွက် ကုန်ကြမ်းတွေ စုဆောင်းရမယ်..."

စုယွီသည် အပြင်ထွက်ရန် ပြင်ဆင်လိုက်၏။

လီပင်ချန်းသည် မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းသို့ သွားရောက် လေ့လာရန် ပိုင်ယွဲ့ အင်မော်တယ် မြို့တော်မှ ထွက်ခွာသွားပြီ ဖြစ်သည်။

မူလက စုယွီသည် တာ့ယွဲ့ မှောင်ခိုဈေးသို့ သွားရန် စီစဉ်ထားသော်လည်း ဝူထုံ ဆေးလုံးမျှော်စင်သို့ ရောက်သောအခါ မမျှော်လင့်ထားသော ဧည့်သည်များနှင့် တွေ့ဆုံလိုက်ရ၏။

စုယွီ အံ့အားသင့်သွားပြီး စုဇီနှင့် လော့ချန်ယွီ အပါအဝင် အခြား အမျိုးသမီး (၄) ဦးကို ကြည့်လိုက်မိ၏။

"အစ်မဇီအာ... ပြီးတော့ မိတ်ဆွေလော့..."

စုဇီသည် မိသားစုထဲတွင် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ အစောဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။ ယခု နှစ်ပေါင်း (၂၀) ကြာပြီးနောက် သူမ၏ ကျင့်ကြံခြင်း အဆင့်သည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) သို့ ရောက်ရှိနေပြီ ဖြစ်၏။

စုဇီသည် စုယွီထံမှ အခြေခံ တည်ဆောက်ခြင်း အဆင့် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ဝမ်းသာအားရ ပြုံးလိုက်၏။

"နင် ပို့လိုက်တဲ့ စာကို ရတုန်းက မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရတယ်... ဒီလောက် မြန်မြန်ဆန်ဆန် အောင်မြင်သွားမယ်လို့ ငါ ထင်မထားခဲ့ဘူးကိုး..."

"ကောင်းလိုက်တာ...နင့်ရဲ့ ဆေးပညာ ပါရမီရယ်... အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်သွားတာရယ် ပေါင်းလိုက်ရင်...နင်က ဒုတိယအဆင့် အလယ်အလတ်၊ ဒါမှမဟုတ် အဆင့်မြင့် ဆေးပညာရှင်တောင် ဖြစ်လာနိုင်တယ်..." စုဇီသည် စိတ်အားတက်ကြွသော မျက်ဝန်းများဖြင့် ပြောလိုက်၏။

စုယွီက ခါးသက်သက် ရယ်မောလိုက်သည်။

"အစ်မရာ... ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ... အဆင့်နိမ့် ဝိညာဉ်အမြစ်လေးနဲ့ အခြေခံ တည်ဆောက်ခြင်း အဆင့် ရောက်လာတာကိုက ကံကောင်းလွန်းလို့ပါ..."

ဘာပဲဖြစ်ဖြစ် ပြင်ပလူတွေ ရှိနေသညါလေ။

မြှောက်ပင့်တာတွေ မလိုပါဘူး... နှိမ့်ချဖို့ပဲ လိုပါသည်။

‘ဒါနဲ့ စကားမစပ်…’

စုယွီသည် လော့ချန်ယွီနှင့် အခြား အမျိုးသမီး သုံးဦးကို လှမ်းကြည့်လိုက်မိ၏။ အားလုံးက အလှပဂေးလေးတွေချည်း ဖြစ်နေသည်။

လော့ချန်ယွီက ရေခဲတောင်ကြီး တစ်လုံးလို အေးစက်စက် နိုင်လှသည်။

နောက်တစ်ယောက်က အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) ရှိပြီး တည်ငြိမ်အေးဆေးကာ စကားနည်းမည့်ပုံ ပေါက်သည်။

နောက်တစ်ယောက်ကတော့ ညှို့ဓာတ်ပြင်းပြင်းနှင့် ဆွဲဆောင်မှု ရှိသည်။

နောက်ဆုံး တစ်ယောက်ကတော့ အရပ်ပုပု၊ မျက်လုံး ဝိုင်းဝိုင်းလေးနှင့် ချစ်စရာ ကောင်းသော ကောင်မလေး ဖြစ်၏။ သူမနှင့် ဆွဲဆောင်မှု ရှိသော အမျိုးသမီးတို့သည် ချီစွမ်းအင် စုစည်းခြင်း (၉) ဆင့်တွင် ရှိနေကြ၏။

စရိုက်လက္ခဏာ ကွဲပြားသော အမျိုးသမီး ကျင့်ကြံသူ တစ်သိုက် စုဝေးနေကြသည်မှာ အနည်းငယ် ထူးဆန်းနေသလိုပင်။

စုယွီ တွန့်ဆုတ်စွာဖြင့် လော့ချန်ယွီကို မေးလိုက်သည်။

"မိတ်ဆွေလော့... ဒီကို လာတာ အရေးကြီး ကိစ္စများ ရှိလို့လား ခင်ဗျာ..."

လော့ချန်ယွီက ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။

"ရှင်က လက်ရာမြောက်တဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးတွေ ဖော်စပ်နိုင်တယ်လို့ ကြားတယ်... ကျွန်မ တစ်လုံး လိုချင်လို့ပါ..."

"ကုန်ကြမ်းပစ္စည်း တစ်စုံတော့ ရှာလာတယ်... ရှင်သာ အောင်မြင်အောင် ဖော်စပ်ပေးနိုင်ရင်... ကျွန်မ ရှင့်ကို အကြွေးတစ်ခါ တင်သွားပါပြီ..."

ခဏမျှ ရပ်တန့်လိုက်ပြီးနောက် လော့ချန်ယွီသည် စုယွီကို လေးနက်စွာ စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။

"တာ့ယွဲ့ နယ်မြေက လော့မိသားစု ကလည်း...ကျေးဇူးကြွေး တစ်ခု တင်သွားပါလိမ့်မယ်..."

ထို့နောက် လော့ချန်ယွီသည် ဘေးနားရှိ ခယ်အာကို လှည့်ကြည့်လိုက်၏။

"ဒီကိစ္စကို... ခယ်အာ အာမခံပေးနိုင်ပါတယ်..."

စုယွီ အနည်းငယ် အံ့သြသွားမိသည်။ လော့မိသားစု အကြောင်း သူ သိပ်မသိပေ။

ခယ်အာက အသံလှိုင်းဖြင့် စိတ်ချင်းဆက်သွယ်ပြီး ရှင်းပြလိုက်သည်။

'ငါ့အမေက လော့မိသားစုကလေ... ဆိုတော့ သူက ငါ့ရဲ့ အစ်မ ဝမ်းကွဲ တော်တာပေါ့... ဒါပေမဲ့ ငါတို့က သိပ်မတွေ့ဖူးကြပါဘူး...'

'ငါ သိသလောက်တော့ အစ်မချန်ယွီက ပါရမီ အရမ်းကောင်းတယ်... မြေကမ္ဘာ ဝိညာဉ်အမြစ် ပိုင်ရှင်လေ... လော့မိသားစုမှာ သူ့ရဲ့ အဆင့်အတန်းက ယွင်ကျန်းဂိုဏ်းကို ထည့်မတွက်ရင်တောင် ဘိုးဘေး ပြီးရင် ဒုတိယ နေရာမှာ ရှိတယ်...'

'လော့မိသားစု ဆိုတာ တာ့ယွဲ့ နန်းတော် နယ်မြေထဲက အင်အားကြီး ကျင့်ကြံသူ မိသားစု တစ်ခုပါ... သူတို့ ဘိုးဘေးက အရင်တုန်းက တာ့ယွဲ့ နန်းတော်ရဲ့ အတွင်းစည်း တပည့် ဖြစ်ခဲ့ဖူးတယ်... အခုတော့ တုပ အမြုတေ အဆင့်ကို ရောက်နေပြီ...'

ခယ်အာက ခဏမျှ စဉ်းစားပြီး ဆက်ပြောလိုက်သည်။

'သူ ဘာလို့ လက်ရာမြောက်တဲ့ အခြေခံ တည်ဆောက်ခြင်း ဆေးလုံးကို လိုချင်နေတာလဲ ဆိုတာတော့ ငါလည်း မသိဘူး...'

စုယွီက ပြန်မေးလိုက်၏။

'မင်းအမေမှာ လက်ရာမြောက်တဲ့ ဆေးလုံး ရှိတယ် မဟုတ်လား... ဘာလို့...'

'အဲ့ဒါတော့ ငါလည်း မသိဘူး...' ခယ်အာ ပြန်ဖြေလိုက်သည်။

'ဒါပေမဲ့ လော့မိသားစု ဆိုတာ တာ့ယွဲ့ နန်းတော်ဘက်က အင်အားကြီး မိသားစုပဲ... ငါတို့ တာ့ယွဲ့ မှောင်ခိုဈေးကို သွားမယ်ဆိုရင် သူတို့နဲ့ ဆက်ဆံရေး ကောင်းထားတာ အကျိုးရှိနိုင်တယ်...'

စုယွီ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် လော့ချန်ယွီကို ကြည့်ကာ ခေါင်းညိတ်လိုက်၏။

"ကောင်းပါပြီ... ကျွန်တော် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်သုတ် ဖော်စပ်ပေးပါ့မယ်... ဒါပေမဲ့ လက်ရာမြောက်တဲ့ အဆင့် ရမယ်လို့တော့ အာမခံချက် မပေးနိုင်ပါဘူး..."

လော့ချန်ယွီ၏ မျက်နှာထား ပြောင်းလဲခြင်း မရှိပေ။ တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။

"ကိစ္စမရှိပါဘူး... ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မိတ်ဆွေစု..."

စုယွီသည် လော့ချန်ယွီထံမှ ကုန်ကြမ်းပစ္စည်း တစ်စုံကို လက်ခံယူလိုက်ပြီး ဆေးဖော်စပ်ခန်းထဲသို့ ဝင်ကာ အခင်းအကျင်းများကို ဖွင့်လိုက်၏။

ထိုအခိုက်အတန့်၌ စုယွီ၏ နှလုံးခုန်သံများ အနည်းငယ် မြန်ဆန်လာပြီး လေအေးတစ်ချက်ကို တိတ်တဆိတ် ရှူရှိုက်လိုက်မိ၏။

'လော့ချန်ယွီရဲ့ အရှိန်အဝါက ကြောက်စရာ ကောင်းလိုက်တာ... သူ ဘယ်အဆင့် ရောက်နေပြီလဲ... အခြေခံ တည်ဆောက်ခြင်း နှောင်းပိုင်း အဆင့်လား...'

'လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ အဆင့်တက်ခဲ့တာ မဟုတ်လား... တိုးတက်တာ မြန်လိုက်တာ...'

လော့ချန်ယွီ၏ အကြည့်အောက်တွင် ရှိနေစဉ် စုယွီ

. ကျောရိုးတစ်လျှောက် ကြက်သီးထသွားသလို ခံစားခဲ့ရ၏။

ဖိအားက ပြင်းထန်လွန်းလှသည်။

'တကယ့်ကို ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါတယ်...'

စုယွီ တွေးလိုက်မိ၏။

သူမ၏ မျက်နှာသာပေးမှုနှင့် နောက်ကွယ်ရှိ လော့မိသားစု၏ ကျေးဇူးကြွေးကို ရယူရန်အတွက် အခြေခံ တည်ဆောက်ခြင်း ဆေးလုံး တစ်သုတ် ဖော်စပ်ပေးရခြင်းသည် တန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှု တစ်ခုပင် ဖြစ်ပေသည်။

All Chapters