← Chapters

ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် (၈) နှစ်တာ ခရီး

Vol. 7 Ch. 100

ဝိညာဉ်ကျောက်တုံး တစ်သိန်းနှင့် (၈) နှစ်တာ ခရီး

Vol. 7 Ch. 100

~သူ၏ အခြေခံ တည်ဆောက်ခြင်း အဆင့် (၁) ဆိုသော စွမ်းအားသည် အားနည်းလွန်းနေသေး၏။

ယွင်ကျန်းဂိုဏ်း နယ်မြေ အတွင်းမှာတော့ ခြေကုပ်ယူလို့ ရနိုင်ပေမဲ့၊ တာ့ယွဲ့ မှောင်ခိုဈေးမှာတော့ အတော်လေး ရုန်းကန်ရမည့် ပုံပေါက်သည်။

စောစောက မြင်လိုက်ရသော ကောင်းကင် အပျက်အစီး ကျောင်းတော်မှ 'တာအိုဆရာ ရှုယွီ' ၏ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှ၏။ အထူးသဖြင့် သူ၏ လျင်မြန်သော အမြန်နှုန်းသည် သာမန် အခြေခံ တည်ဆောက်ခြင်း အဆင့် (၃) ကျင့်ကြံသူများ ယှဉ်ပြိုင်နိုင်သော အရာ မဟုတ်ပေ။

'ဒီလောကကြီးမှာ ထူးခြားထက်မြက်တဲ့ လူတွေ အများကြီး ရှိပါလား...'

'ကိုယ့်ထက် တော်တဲ့သူတွေ၊ ပါရမီရှင်တွေလည်း ဒုနဲ့ဒေးပဲ...'

'ဘယ်တော့မှ မာနမထောင်သင့်ဘူး... ကိုယ့်ကိုယ်ကို အထင်မကြီးသင့်ဘူး...'

ခဏမျှ စဉ်းစားပြီးနောက် စုယွီ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်၏။

'နောက်ပိုင်းကျရင် ကျင့်ကြံခြင်းကိုပဲ အဓိက အာရုံစိုက်တော့မယ်... ဆေးဆိုင် ဖွင့်မယ့် ကိစ္စကို ခဏ ဆိုင်းငံ့ထားတာ ပိုကောင်းမယ်... မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းက ရတဲ့ အမြတ်ငွေနဲ့တင် ကျင့်ကြံဖို့ အရင်းအမြစ်က လုံလောက်နေပြီပဲ...'

'ငါ့ရဲ့ အားသာချက်က အနာဂတ်မှာ ရှိတယ်... ငါ့ရဲ့ သက်တမ်းမှာ ရှိတယ်... ငါ စောင့်နိုင်ပါတယ်...'

'ဒါကြောင့် စိတ်မလောသင့်ဘူး... ကိုယ့်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့ အရင် ကြိုးစားရမယ်...'

ပြတ်သားသော ဆုံးဖြတ်ချက်နှင့် အတူ ယွင်ရှန်း ဈေးမြို့တော်တွင် ရှိခဲ့ဖူးသော တည်ငြိမ်အေးဆေးသည့် စိတ်ထားကို ပြန်လည် မွေးမြူလိုက်၏။

ထို့နောက် သူ၏ လက်ထဲမှ ကျောက်စိမ်းပြားကို နတ်ဘုရားအာရုံဖြင့် စစ်ဆေးကြည့်လိုက်ရာ အချက်အလက် အတော်များများ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။

ဥပမာအားဖြင့်...

တာ့ယွဲ့ မှောင်ခိုဈေးကို ကြီးကြပ်နေသော တာ့ယွဲ့ နန်းတော်မှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျွမ်းကျင်သူကို 'အရက်ကြမ်း တာအိုဆရာ'ဟု လူသိများကြသည်။ သူသည် အရက်ကို အလွန်အမင်း ကြိုက်နှစ်သက်သူ ဖြစ်၏။ စိတ်ငြိမ်နေချိန်တွင် ရေတွင်းဟောင်းကြီး တစ်ခုအလား နက်ရှိုင်းတည်ငြိမ်သော်လည်း၊ ဒေါသထွက်လာလျှင်မူ တောမီးလောင်သကဲ့သို့ ပြင်းထန်တတ်၏။ သူသည် မှောင်ခိုဈေးကို ကြီးကြပ်လာခဲ့သည်မှာ (၈) နှစ် ရှိနေပြီ ဖြစ်၏။

တာဝန်ကျချိန် (၂၀) နှစ် ပြည့်မှ အလှည့်ကျ ပြောင်းလဲမည် ဖြစ်သောကြောင့် သူသည် နောက်ထပ် (၁၂) နှစ်တိတိ မှောင်ခိုဈေးကို ဆက်လက် ကြီးကြပ်ဦးမည် ဖြစ်သည်။

အဓိက အင်အားကြီးဖြစ်သော တာ့ယွဲ့ နန်းတော် အပြင် အခြားသော အင်အားကြီး (၁၀) ခုလည်း ရှိသေးသည်။ ၎င်းတို့သည် မှောင်ခိုဈေး၏ အချက်အချာကျသော တတိယအဆင့် ဝိညာဉ်သွေးကြောမကြီး ပေါ်ရှိ ဂူစံအိမ်များကို သိမ်းပိုက်ထားကြ၏။

ထိုအင်အားစုများမှာ ခိုင်ယန် နန်းတော် ၊ ဓားမြို့တော် ချင်မိသားစု၊ ရွှမ်ကျန်း အင်မော်တယ် ဂိုဏ်း၊ သားရဲထိန်း လီမိသားစု၊ မြေဆရာ မာမိသားစု၊ ဆေးပညာရှင် လီမိသားစု စသည်တို့ ဖြစ်ကြသည်။ ထိုအင်အားစု တိုင်းတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျွမ်းကျင်သူ တစ်ဦးစီ ရှိကြ၏။

ပို၍ အရေးကြီးသော အချက်မှာ...

တာ့ယွဲ့ မှောင်ခိုဈေးကို 'အတွင်းဈေး' နှင့် 'အပြင်ဈေး' ဟူ၍ နှစ်ပိုင်း ခွဲခြားထားခြင်း ဖြစ်သည်။

အပြင်ဈေးသည် အတော်လေး ရှုပ်ထွေးပွေလီပြီး မည်သူမဆို ဆိုင်ခန်းခင်း၍ ရောင်းချနိုင်သည်။ ဆူညံပွက်လောရိုက်ခြင်း၊ ပစ္စည်းလုခြင်း၊ ရန်ဖြစ်ခြင်းများကို စိတ်ကြိုက် ပြုလုပ်နိုင်သည်။

အတွင်းဈေးကိုမူ တာ့ယွဲ့ နန်းတော်နှင့် အခြား အင်အားကြီးများက ထိန်းချုပ်ထားပြီး စည်းကမ်းသေဝပ်မှု ရှိစေရန် စီမံထားသည်။ ပြဿနာရှာသူ မည်သူ့ကိုမဆို သတ်ဖြတ်ပစ်လေ့ ရှိသည်။ သေချာတာကတော့ သူတို့က စည်းကမ်း ထိန်းသိမ်းရေးကိုသာ အဓိကထားပြီး အခြား ကိစ္စများကို ဝင်ရောက် စွက်ဖက်လေ့ မရှိပေ။

ယွီမိသားစု၏ ဂူစံအိမ်သည် အတွင်းဈေးနှင့် အတော်လေး နီးကပ်သော နေရာတွင် တည်ရှိ၏။ အမွှေးနက် သိမ်းငှက်ကြီး ဂူစံအိမ် အပေါ်သို့ ရောက်ရှိလာချိန်တွင် ယွီမိသားစုမှ ချီစွမ်းအင် စုစည်းခြင်း အဆင့် ကျင့်ကြံသူ တစ်သိုက်သည် ကြိုဆိုရန် ထွက်လာနှင့်နေပြီ ဖြစ်၏။

ဂူစံအိမ်၏ ဧရိယာသည် သိပ်မကျယ်ဝန်းလှပေ။ ဝိညာဉ်တောင်တန်းနှင့် ဘေးနားရှိ ရေကန်ငယ်လေး အပါအဝင် အချင်း (၅) မိုင်ခန့်သာ ရှိ၏။

ဂူစံအိမ် အတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် ဝိညာဉ်တောင်တန်း အောက်ခြေတွင် ကောင်းမွန်စွာ ပြုပြင်ထားသော ဝိညာဉ် စိုက်ခင်းများကို တွေ့လိုက်ရ၏။

ဤနေရာတွင် တာဝန်ကျနေသည်မှာ ကြာမြင့်ပြီ ဖြစ်သော ယွီမိသားစုမှ ချီစွမ်းအင် စုစည်းခြင်း အဆင့် အကြီးအကဲ ယွီလင်းဖုန်းသည် စုယွီနှင့် ယွီခယ်အာတို့၏ နောက်မှ ရိုသေစွာ လိုက်ပါလာပြီး ဂူစံအိမ်၏ အခြေအနေကို ရှင်းပြ၏။

"ဂူစံအိမ်ထဲမှာ ဝိညာဉ် စိုက်ခင်း (၂၆) ကွက် ရှိပါတယ်... အဲ့ဒီမှာ ဝိညာဉ်ဆန် စိုက်ပျိုးလေ့ ရှိပြီး ဒီမှာ နေထိုင်သူတွေရဲ့ နေ့စဉ် စားသောက်မှုအတွက် လုံလောက်ပါတယ်..."

"တောင်ပေါ်မှာတော့ ဆေးခင်း (၁၂) ကွက် ရှိပါတယ်... အဲ့ဒီအထဲက တစ်ကွက်က မြေဆီလွှာ အရမ်းကောင်းမွန်တဲ့အတွက် ဒုတိယအဆင့် ထိပ်တန်း အရည်အသွေး ဆေးမြစ်တွေကို စိုက်ပျိုးနိုင်ပါတယ်..."

"လောလောဆယ် ဒီမှာ လူ (၂၃) ယောက် နေထိုင်ပြီး အားလုံးက ချီစွမ်းအင် စုစည်းခြင်း အဆင့်တွေပါ... ကျွန်တော် တစ်ယောက်တည်းပဲ အဆင့် (၉) ရှိတာပါ... ပြီးတော့ အားလုံးက အသက်မငယ်ကြတော့ပါဘူး... ကျွန်တော်ဆိုရင် (၈၄) နှစ် ရှိနေပြီ... ကျန်တဲ့သူတွေထဲမှာ အငယ်ဆုံးက (၅၀) ကျော်တွေပါ..."

"ဪ... ဒါနဲ့... ဟို ရေကန်ငယ်လေးထဲမှာ ရေခဲကြေးခွံငါး တွေ ရှိတယ်... အရသာ အရမ်းကောင်းတဲ့ ဝိညာဉ်ငါးမျိုးပါ... သခင်မလေးနဲ့ သခင်လေးတို့ စိတ်ဝင်စားရင် အားလပ်ချိန်မှာ ငါးသွားမျှားလို့ ရပါတယ်... အဲ့ဒီမှာ လုပ်စရာ ဆိုလို့ ဒါပဲ ရှိတာပါ... ရေကန်က အရမ်းနက်လွန်းလို့ အောက်ခြေကို ဘယ်သူမှ မရောက်ဖူးပါဘူး..."

ဝိညာဉ်တောင်တန်း၏ ထိပ်ဆုံးသို့ ရောက်သောအခါ ဝိညာဉ်သွေးကြောမကြီး၏ အချက်အချာ နေရာတွင် တည်ဆောက်ထားသော ခြံဝင်းငယ်လေး တစ်ခုကို တွေ့လိုက်ရ၏။

ယွီလင်းဖုန်းသည် သတိကြီးစွာဖြင့် စုယွီကို ကြည့်ကာ မေးလိုက်၏။

"သခင်လေး... ဒီတစ်ခေါက် လာတာ... ဒီမှာ ဆေးဆိုင် ဖွင့်ဖို့ ရည်ရွယ်ချက်နဲ့လား ခင်ဗျာ..."

"တကယ်လို့ ဟုတ်တယ် ဆိုရင်တော့... ကျွန်တော့် အမြင်အရ အတွင်းဈေးမှာ ဆိုင်ခန်း ငှားဖွင့်တာ ပိုကောင်းပါလိမ့်မယ်... အတွင်းဈေးက တာ့ယွဲ့ နန်းတော်ရဲ့ စောင့်ရှောက်မှုအောက်မှာ ရှိတော့ အမြဲတမ်း လုံခြုံပါတယ်... အပြင်ဈေးလိုမျိုး ဖရိုဖရဲ မဖြစ်ပါဘူး..."

စုယွီ ခေါင်းခါလိုက်သည်။

"လောလောဆယ်တော့ မဖွင့်သေးပါဘူး... ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားဖို့ စိတ်ကူးထားတယ်ဗျ..."

ဤသို့ဖြင့် စုယွီ၊ ယွီခယ်အာ၊ ယွီချန်ချင်းနှင့် အခြားသူများသည် ဂူစံအိမ်တွင် ယာယီ အခြေချ နေထိုင်လိုက်ကြတော့သည်။

ကျင့်ကြံခြင်းမှ လွဲ၍ စုယွီသည် အချိန်အများစုကို ယွီချန်ချင်း၊ စုရွီအန်းနှင့် အခြားသူများကို ဆေးပညာ သင်ကြားပြသပေးခြင်းဖြင့် ကုန်ဆုံးစေ၏။ ရံဖန်ရံခါတွင် ဂူစံအိမ် ပတ်ဝန်းကျင်နှင့် အပြင်ဘက် မှောင်ခိုဈေးသို့ သွားရောက် လည်ပတ်ပြီး နေရာဒေသကို ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်၏။

ယွီမိသားစု၏ ဂူစံအိမ်နှင့် မနီးမဝေးတွင် အခြား ဂူစံအိမ်တစ်ခု ရှိ၏။ အိမ်နီးချင်းသည် ကျင့်ကြံသူ မိသားစု သို့မဟုတ် အင်အားစု မဟုတ်ဘဲ ဒုတိယအဆင့် ကျင့်ကြံသူ (၆) ဦး စုပေါင်း ငှားရမ်းထားသော နေရာ ဖြစ်၏။

ထို (၆) ဦးတွင် ဆေးပညာရှင်၊ လက်နက် ပန်းပဲဆရာ၊ အဆောင်လက်ဖွဲ့ ပညာရှင်၊ ရုပ်သေး ပညာရှင်၊ အခင်းအကျင်း ပညာရှင်နှင့် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေးသမားတို့ ပါဝင်ကြသည်။ သူတို့သည် သူတို့၏ ဂူစံအိမ်ကို 'ရတနာတစ်ရာ တောင်တန်း'ဟု အမည်ပေးထားကြ၏။

ရတနာတစ်ရာ တောင်တန်း၏ ခေါင်းဆောင်မှာ ဒုတိယအဆင့် ထိပ်တန်း အရည်အသွေး ရှိသော အခင်းအကျင်း ပညာရှင် ဖြစ်၏။

ကျန်ရှိသော ဆေးပညာရှင်၊ အဆောင်လက်ဖွဲ့ ပညာရှင်နှင့် စိုက်ပျိုးရေးသမားတို့မှာ ဒုတိယအဆင့် အလယ်အလတ် အဆင့် ရှိကြပြီး၊ လက်နက် ပန်းပဲဆရာနှင့် ရုပ်သေး ပညာရှင်တို့မှာ ဒုတိယအဆင့် အဆင့်နိမ့် အဆင့်သာ ရှိကြ၏။

တာ့ယွဲ့ မှောင်ခိုဈေး ဂူစံအိမ်သို့ ပြောင်းရွှေ့ပြီး တစ်လအကြာတွင် စုယွီသည် ယွီခယ်အာနှင့် အတူ လက်ဆောင်ပစ္စည်းများ ယူဆောင်ကာ အိမ်နီးချင်း ရတနာတစ်ရာ တောင်တန်းသို့ သွားရောက် လည်ပတ်ခဲ့၏။

တကယ်တော့ စုယွီ၏ အဓိက ရည်ရွယ်ချက်မှာ ထို ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်း ပညာရှင်နှင့် တွေ့ဆုံလိုခြင်း ဖြစ်သည်။

သူတို့ ဂူစံအိမ်၏ ကာကွယ်ရေး အခင်းအကျင်းမှာ ဒုတိယအဆင့် အလယ်အလတ်သာ ရှိသေးသည်။ အကယ်၍ ဖြစ်နိုင်လျှင် ဒုတိယအဆင့် ထိပ်တန်း အခင်းအကျင်းဖြင့် အစားထိုး တပ်ဆင်ချင်နေမိသည်။ သို့သော် အလျင်လိုစရာ မရှိသေးပေ။ ထို အခင်းအကျင်း ပညာရှင်၏ ဂုဏ်သတင်းကို စုံစမ်းပြီးမှ ဆုံးဖြတ်ရပေမည်။

ဂူစံအိမ်သို့ ပြန်ရောက်ပြီးနောက် စုယွီသည် အပြင်မထွက်တော့ဘဲ တံခါးပိတ် ကျင့်ကြံခြင်းကိုသာ အာရုံစိုက် လုပ်ဆောင်နေလိုက်တော့သည်။

အချိန်များ ကုန်ဆုံးသွားခဲ့ပြီး... တစ်နှစ်ကျော် ကြာမြင့်သွားခဲ့၏။

“ဝူး…”

လျှို့ဝှက်ခန်း အတွင်း၌၊

စုယွီသည် တင်ပျဉ်ခွေ ထိုင်လျက် 'ရွှမ်မင် ဆန်းကြယ် မြေကမ္ဘာ သိုင်းကျမ်း' ကို ကျင့်ကြံနေ၏။ အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်ဖြင့် အခြေခံ တည်ဆောက်ခြင်း အဆင့်သို့ ရောက်ရှိပြီးနောက် မြေကမ္ဘာ သိုင်းကျမ်း၏ တိုးတက်မှုနှုန်းမှာ ယခင်ကထက် အဆပေါင်းများစွာ မြန်ဆန်လာခဲ့၏။

ယခုအခါ သူ၏ မြေကမ္ဘာ သိုင်းကျမ်း ကျွမ်းကျင်မှု အဆင့်သည် (၁၀) ဆင့်သို့ ချိုးဖြတ် ဝင်ရောက်ရန် အစွန်းအဖျားသို့ ရောက်ရှိနေပြီ ဖြစ်၏။

စုယွီသည် ပြီးပြည့်စုံသော အရည်အသွေး ရှိသည့် ချီစွမ်းအင် စုစည်းခြင်း ဆေးလုံး တစ်လုံးကို မျိုချလိုက်သည်။

ဒုတိယအဆင့် ဝိညာဉ်သွေးကြောမကြီးမှ ပံ့ပိုးပေးသော ကြွယ်ဝလှသည့် သဘာဝ စွမ်းအင်များနှင့် ပေါင်းစပ်လိုက်သောအခါ…

All Chapters