← Chapters

ဟွာယွမ်ဆေးလုံးနှင့် လေလံပွဲ (၁)

Vol. 7 Ch. 104

ဟွာယွမ်ဆေးလုံးနှင့် လေလံပွဲ (၁)

Vol. 7 Ch. 104

~တာအို ကိုယ်ပွား ရုပ်သေးသည် ဒုတိယအဆင့် အလယ်အလတ် တိမ်ကျားမကြီးကို အလွယ်တကူပင် အရှင်ဖမ်းဆီးနိုင်ခဲ့၏။

ထို့နောက် ရုပ်သေးရုပ်သည် ဒုတိယအဆင့် အိပ်ဆေးပင်များကို အစွမ်းကုန် ကျွေးမွေးလိုက်ပြီး တိမ်ကျားမကြီးနှင့် သူမ၏ ကလေးနှစ်ကောင်ကို သားရဲလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် လှည့်ထွက်သွားတော့သည်။

သို့သော် ရုပ်သေးရုပ်သည် ဂူ၏ အဆုံးတွင် ပေါက်ရောက်နေသော သွေးရောင်အဆင်းရှိသည့် အပင်တစ်ပင်ကို သတိမပြုမိခဲ့ချေ။

(၂) ရက် ကြာမြင့်ပြီးနောက် ရုပ်သေးရုပ်သည် သားရဲလှောင်အိတ်ကို စုယွီလက်ထဲသို့ အပ်နှံလိုက်ပြီး အပြင်သို့ ပြန်မထွက်တော့ဘဲ စုယွီ၏ ဒန်တျန် အတွင်း၌ ပြန်လည် ဝင်ရောက် အနားယူကာ အားဖြည့်နေလိုက်တော့သည်။

မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးတန်းတွင် စီးပွားရေးသည် တဖြည်းဖြည်း ကျဆင်းလာနေ၏။ ဆိုင်ခန်းများနှင့် ဈေးသည်များ ပိုများလာသဖြင့် ဝင်ငွေမှာ (၁၀) ဆခန့် လျော့ကျသွား၏။ ထို့ကြောင့် လီပင်ချန်း တစ်ယောက်တည်း စီမံခန့်ခွဲလျှင် လုံလောက်နေပြီ ဖြစ်သည်။

ရုပ်သေးရုပ် အနေဖြင့်လည်း တာ့ယွဲ့ မှောင်ခိုဈေးမှ ရရှိလာသော ကုန်ကြမ်းပစ္စည်းများကို အသုံးပြုပြီး ကိုယ်ထည် အဆင့်မြှင့်တင်ရန် တံခါးပိတ် ကျင့်ကြံမည့် အချိန်ကောင်းပင် ဖြစ်၏။

စုယွီသည် တိမ်ကျားမကြီးနှင့် ကလေးများကို ယွီခယ်အာထံသို့ လွှဲပြောင်းပေးပြီး (၇) ရက်အကြာတွင် သူမသည် တိမ်ကျားမကြီးကို အောင်မြင်စွာ ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့ပြီး ဒုတိယအဆင့် အလယ်အလတ် သားရဲထိန်းကျောင်းသူ အဖြစ်သို့ တက်လှမ်းနိုင်ခဲ့၏။

နောက်တစ်နေ့တွင် ယွီခယ်အာသည် တိမ်ကျားမကြီး၏ ထူးခြားချက် တစ်ခုကို သတိထားမိလိုက်၏။ ၎င်း၏ ဉာဏ်ရည်ဉာဏ်သွေးသည် ပုံမှန်ထက် ထူးကဲစွာ မြင့်မားနေပြီး ကျင့်ကြံခြင်း သဘောတရားများကို နားလည်နိုင်စွမ်း ရှိနေ၏။ လူစကား နားမလည်သည်က လွဲလျှင် လူသားတစ်ယောက်နှင့် မခြားနားသလောက်ပင်။

ဤအချက်က စုယွီ၊ ယွီခယ်အာနှင့် ယွီချန်ချင်းတို့ သုံးဦးစလုံးကို အံ့သြသွားစေခဲ့သည်။

အကယ်၍သာ စကားပြောတတ်လျှင် မိစ္ဆာမျိုးနွယ်ဝင် တစ်ကောင် ဖြစ်သွားပြီ မဟုတ်ပါလော။

အလိုအလျောက် ကျင့်ကြံတတ်သော သာမန် မိစ္ဆာသားရဲများနှင့် စာလျှင်၊ ကိုယ်ပိုင် အသိစိတ်ဖြင့် တက်ကြွစွာ ကျင့်ကြံသော မိစ္ဆာမျိုးနွယ်ဝင် တစ်ဦးသည် ကွာခြားချက် ကြီးမားလှပေသည်။

ထို့ပြင် မိစ္ဆာမျိုးနွယ်ဝင်များ၏ သွေးမျိုးဆက်သည် သာမန် မိစ္ဆာသားရဲများထက် များစွာ သာလွန်မြင့်မြတ်ကြသည်။

လူသားတွေထဲမှာ မြေကမ္ဘာ ဝိညာဉ်အမြစ် ပါရမီရှင်နဲ့ အဆင့်နိမ့် ဝိညာဉ်အမြစ် ပိုင်ရှင်တို့ ကွာခြားသလိုမျိုးပေါ့။

စုယွီသည် ယွီခယ်အာကို ကြည့်ပြီး ဝမ်းသာအားရ ပြောလိုက်၏။

"ကြည့်ရတာ မင်း မကြာခင် ဒုတိယအဆင့် ထိပ်တန်း သားရဲထိန်းကျောင်းသူ ဖြစ်လာတော့မယ် ထင်တယ်..."

ယွီခယ်အာ အဆင့်တက်သွားပြီးနောက် စုယွီသည် 'အတောင်ပံနှစ်ဖက် မိုးကြိုးမြွေ' ရုပ်သေးရုပ်ကို ဖန်တီးရန် စိတ်နှစ်ထားလိုက်၏။ အားလပ်ချိန်များတွင် ဒုတိယအဆင့် အလယ်အလတ် ဆေးလုံးများနှင့် အဆောင်များကို သုတေသန ပြုလုပ်လေ့လာပြီး ဘဝကို အဓိပ္ပာယ်ရှိစွာ ဖြတ်သန်းနေ၏။

နှစ်ဝက်ခန့် ကြာပြီးနောက်၊

စုယွီ၏ မိုးကြိုးမြွေ ရုပ်သေးရုပ် ပြီးစီးခါနီး အချိန်တွင် အိမ်နီးချင်း ဖြစ်သော ရတနာတစ်ရာ ဂူစံအိမ်မှ ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး ပညာရှင် 'ဆေးဆရာမ ဇီယန်' ရောက်ရှိလာခဲ့၏။

ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး ပညာရှင် ဆိုသည်မှာ ကျင့်ကြံသူများကြားတွင် လူသိနည်းသော အသက်မွေးဝမ်းကျောင်း ပညာရပ် တစ်ခု ဖြစ်၏။ စုယွီ အစောပိုင်း ကာလက လေ့လာခဲ့ဖူးသော ဆေးခင်း စောင့်ရှောက်မှုသည် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး အလုပ်သင် အဆင့်မျှသာ ရှိပေသည်။

သို့သော် ထိုစဉ်က သူ လေ့လာခဲ့သည်မှာ ဆေးပညာရှင် ဖြစ်လာရန် အခြေခံ အုတ်မြစ်များသာ ဖြစ်သည်။

ဒုတိယအဆင့် အလယ်အလတ် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး ပညာရှင် တစ်ဦးသည် အတော်လေး အစွမ်းထက်သော ပုဂ္ဂိုလ်ဟု သတ်မှတ်၍ ရ၏။

မျိုးစေ့သာ ရှိပါစေ... သူမသည် ဒုတိယအဆင့် အလယ်အလတ် အောက်ရှိ မည်သည့် ဝိညာဉ် အပင်မျိုးကိုမဆို စိုက်ပျိုးနိုင်စွမ်း ရှိသည်။ ရှားပါးသော ဝိညာဉ် အပင်အချို့ကို 'ကြီးထွားနှုန်း မြန်အောင်'လုပ်ဆောင်နိုင်သော နည်းလမ်းများပင် ပိုင်ဆိုင်ထားတတ်သည်။

သေချာတာကတော့... ဒီလို ကြီးထွားနှုန်း မြန်အောင် လုပ်တာက အကန့်အသတ် ရှိသလို၊ တော်တော်လေး ကြိုးစားအားထုတ်ရသော ကိစ္စပါ။ လွယ်လွယ်ကူကူ လုပ်၍ ရခြင်း မဟုတ်ပါ။

ဆေးဆရာမ ဇီယန်သည် သာမန် ရုပ်ရည်ရှိသော လူလတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်သည်။ အလှအပ အဆင့်သတ်မှတ်ရလျှင် (၆) မှတ်၊ (၇) မှတ်ခန့်သာ ရှိမည်။ ယွီခယ်အာလောက် မလှပသော်လည်း သူမတွင် တည်ငြိမ်အေးဆေးသော အငွေ့အသက်နှင့် ရင့်ကျက်သော အမျိုးသမီး တစ်ဦး၏ ဆွဲဆောင်မှုမျိုး ရှိနေ၏။

ဒါက စုယွီ အနေဖြင့် ဝိညာဉ်ဆေးပင် စိုက်ပျိုးရေး ပညာရှင် တစ်ဦးနှင့် ပထမဆုံး အကြိမ် တွေ့ဆုံဖူးခြင်း ဖြစ်၏။

ဂူစံအိမ်၏ ပင်မ ခန်းမဆောင် အတွင်း၌၊

စုယွီနှင့် ယွီခယ်အာတို့သည် ဆေးဆရာမ ဇီယန်ကို ဧည့်ခံနေကြ၏။ အိမ်တော်ထိန်း ယွီလင်းဖုန်းက ဝိညာဉ် လက်ဖက်ရည် လာချပေးပြီး ရိုသေစွာ ထွက်ခွာသွား၏။

ဆေးဆရာမ ဇီယန်သည် လက်ဖက်ရည်ကို မသောက်ဘဲ ယွီခယ်အာကို ကြည့်ကာ ပြုံးပြီး နှုတ်ဆက်လိုက်သည်။

"နတ်မိမယ်ယွီက ဒုတိယအဆင့် အလယ်အလတ် သားရဲထိန်းကျောင်းသူ ဖြစ်သွားပြီလို့ ကြားတယ်... ဂုဏ်ပြုပါတယ် မိတ်ဆွေ..."

စုယွီနှင့် ယွီခယ်အာတို့ မျက်မှောင်ကြုတ်သွားကြ၏။ ခယ်အာ အဆင့်တက်သွားသည့် ကိစ္စကို သူတို့ ဘယ်သူ့ကိုမှ ထုတ်မပြောခဲ့ကြပေ။

သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ဇီယန်က ပြုံးပြီး ရှင်းပြလိုက်သည်။

"ကောင်းကင် အပျက်အစီး ကျောင်းတော်က သတင်းပါ... ကျွန်မက သင့်တော်တဲ့ သားရဲထိန်းကျောင်းသူ လိုချင်လို့ စုံစမ်းကြည့်တော့ သူတို့က နတ်မိမယ်ယွီကို ညွှန်းလိုက်တာလေ... တိုက်တိုက်ဆိုင်ဆိုင် ကျွန်မတို့က အိမ်နီးချင်းတွေလည်း ဖြစ်နေတော့ လာလည်လိုက်တာပါ..."

စုယွီက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။

"မိတ်ဆွေဇီယန်မှာ ဘာကိစ္စများ ရှိလို့ပါလဲဗျ..."

ဇီယန်က ခေါင်းညိတ်ပြီး ပြော၏။

"တာ့ယွဲ့ မှောင်ခိုဈေးရဲ့ (၈) နှစ်မှ တစ်ကြိမ် ကျင်းပတဲ့ လေလံပွဲကြီးက နောက်ထပ် နှစ်ဝက်လောက် နေရင် စတော့မယ်... ဒီတစ်ခေါက် လေလံပွဲက အရင်ကနဲ့ မတူဘူး... အကြီးအကျယ် ကျင်းပမှာ... ရတနာတွေ အများကြီး ပါလာဖို့ ရှိတယ်လို့ သတင်းကြားတယ်..."

"ဒါကြောင့်... လေလံပွဲ မစခင်မှာ... ကျွန်မက ရတနာတစ်ရာ တောင်တန်းက မိတ်ဆွေ နှစ်ယောက်နဲ့ အဖွဲ့ဖွဲ့ပြီး တာ့ယွဲ့ တောင်တန်း ထဲကို ခရီးတစ်ခေါက် သွားမလို့ စိတ်ကူးထားတယ်..."

"မိတ်ဆွေတို့ 'လျှို့ဝှက် အင်မော်တယ် နွယ်ပင်' အကြောင်း ကြားဖူးကြလား... အဲ့ဒါက ဟွာယွမ်ဆေးလုံး ဖော်စပ်ရာမှာ သုံးတဲ့ အထောက်အကူပြု ပစ္စည်းလေ... တိုက်ဆိုင်စွာနဲ့ပဲ ကျွန်မ အဲ့ဒီ နွယ်ပင် ပေါက်တဲ့ နေရာတစ်ခုကို သိထားတယ်..."

ပြောရင်းဆိုရင်း ဆေးဆရာမ ဇီယန်သည် စုယွီနှင့် ယွီခယ်အာတို့၏ မျက်နှာထားကို အကဲခတ်နေ၏။ သူတို့ မျက်နှာပေါ်တွင် အံ့သြရိပ်များ ဖြတ်သန်းသွားသည်ကို မြင်လိုက်ရသောအခါ သူမ ကျေနပ်စွာ ပြုံးလိုက်မိ၏။

ဇီယန်က ဆက်ပြောလိုက်သည်။

"တကယ်လို့ ကျွန်မတို့သာ အဲ့ဒီ နွယ်ပင်ကို ရခဲ့ရင်... နောက်ထပ် နှစ်ဝက်နေရင် ကျင်းပမယ့် လေလံပွဲကြီးမှာ လိုချင်တာတွေ ဝင်ပြိုင်ပြီး ဝယ်လို့ ရပြီပေါ့... မဟုတ်ဘူးလား..."

"ဒါကြောင့်... နတ်မိမယ်ယွီ..."

စုယွီက ဖြတ်ပြောလိုက်သည်။

"တောင်းပန်ပါတယ် မိတ်ဆွေဇီယန်... ကျွန်တော်တို့က အဲ့ဒီ နွယ်ပင်ကို စိတ်ဝင်စားပေမဲ့... လောလောဆယ် အချိန်မပေးနိုင်လို့ပါ... မိတ်ဆွေရဲ့ စေတနာကိုတော့ ကျေးဇူးတင်ပါတယ်..."

စကားဖြတ်ပြောခံလိုက်ရသဖြင့် ဇီယန် မျက်မှောင်ကြုတ်သွား၏။ သူမက စုယွီကို ပြန်မပြောဘဲ ယွီခယ်အာ ဘက်သို့ လှည့်ကြည့်လိုက်သည်။

သူမ၏ အမြင်တွင် စုယွီသည် အခြေခံ တည်ဆောက်ခြင်း အဆင့် (၂) နှင့် ဒုတိယအဆင့် အဆင့်နိမ့် ဆေးပညာရှင် တစ်ယောက်သာ ဖြစ်သဖြင့် သိပ်ပြီး အရေးမပါလှပေ။ ထို့ကြောင့် သူမသည် ဒုတိယအဆင့် အလယ်အလတ် သားရဲထိန်းကျောင်းသူ ဖြစ်သော ယွီခယ်အာကိုသာ အဓိကထား ပြောဆိုနေခြင်း ဖြစ်သည်။

သို့သော် သူမ၏ အကြည့်ကို ရင်ဆိုင်ရင်း ယွီခယ်အာက ပြုံးပြီး ပြောလိုက်၏။

"သူ ဆုံးဖြတ်ပါလိမ့်မယ်..."

ဇီယန်၏ မျက်ခုံးများ လှုပ်ရှားသွားပြီး စုယွီ၏ နှုတ်ခမ်းထောင့်မှ လှောင်ပြုံးကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် မသက်မသာ ဖြစ်သွားရ၏။ ခဏမျှ စဉ်းစားပြီးနောက် သူမသည် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်၏။

"နတ်မိမယ်ယွီ... သေချာ ပြန်စဉ်းစားပါဦး... ကျွန်မရဲ့ ကမ်းလှမ်းမှုက (၁၀) ရက် သက်တမ်း ရှိပါသေးတယ်..."

"တကယ်လို့သာ အဲ့ဒီ နွယ်ပင်ကို ရခဲ့ရင်... အကျိုးအမြတ်က မနည်းဘူးနော့..."

All Chapters