ဝမ်းဗိုက်ကြွက်သား ဓာတ်ပုံများ
Vol. 20 Ch. 193
"ဒီနေ့ညနေတော့ ဒီမှာပဲ ထမင်းစားပြီးမှ ပြန်ပါလား"
မင်ယွဲ့သည် သူမ၏ ဖုန်းမျက်နှာပြင်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။ အချိန်မှာ ညနေလေးနာရီ ကျော်နေပြီ ဖြစ်သည်။
"မလိုပါဘူး၊ ကိုယ်ပဲ မင်းကို ညစာ လိုက်ကျွေးပါရစေ"
မိုဟန်ကျီသည် မင်ယွဲ့ကို ထပ်မံပင်ပန်းခံ၍ ဟင်းချက်မခိုင်းလိုတော့သလို၊ သူမနှင့်လည်း ဤမျှစောစော မခွဲခွာလိုသေးပေ။
"ကောင်းပါပြီလေ"
သူတို့နှစ်ဦးစလုံးမှာ ငွေကြေးချမ်းသာကြသူများ ဖြစ်သဖြင့် အပြင်ထွက်စားရန်မှာ ခက်ခဲသောအရာ မဟုတ်ပေ။
မင်ယွဲ့သည် ပြင်ဆင်ရန် အခန်းထဲသို့ ခဏဝင်သွားပြီးနောက် မိုဟန်ကျီနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။
မိုဟန်ကျီသည် ယွမ်ပေါ့ကို ပွေ့ချီလာပြီး ကားပေါ်ရောက်မှသာ မင်ယွဲ့၏ ပေါင်ပေါ်သို့ အသာအယာ တင်ပေးလိုက်သည်။
သူတို့သည် အဝေးကြီးသို့ မသွားဘဲ ရပ်ကွက်နှင့် နီးစပ်ရာ စားသောက်ဆိုင်တစ်ခုတွင်သာ နေရာယူလိုက်ကြသည်။ ဟင်းပွဲများ မှာယူနေစဉ် မင်ယွဲ့၏ ဖုန်းမြည်လာသည်။
"မစ္စမင်... ရှင်းယောင်လုပ်ငန်းစုက လူတွေ ပူးပေါင်းဆောင်ရွက်ဖို့ ရောက်နေကြပြီ
ခင်ဗျား တကယ်ပဲ လာမှာမဟုတ်ဘူးလား"
ကျန်ဟင်သည် အစည်းအဝေးခန်းမထဲတွင် စောင့်ဆိုင်းနေသော ရှင်းယောင်၏ ကိုယ်စားလှယ်များကို ကြည့်ကာ ပျင်းရိလွန်းသော သူ၏ အထက်လူကြီးကို အားမလိုအားမရ ဖြစ်နေမိသည်။
မင်ယွဲ့သည် သူမရှေ့တွင် ထိုင်နေသော မိုဟန်ကျီကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ရှင်းယောင်၏ ဝန်ထမ်းများမှာ ဤမျှအလုပ်ကြိုးစားကြပါသလား။ သူတို့၏ အကြီးအကဲဖြစ်သူမှာမူ ဤနေရာတွင် အေးဆေးနားနေသည်ကို သူတို့ သိကြပါမည်လော။
"ငါမလာတော့ဘူး၊ နင်ပဲ အကုန်တာဝန်ယူပြီး ဧည့်ခံလိုက်ပါ စိတ်ဓာတ်ပိုင်းဆိုင်ရာအရတော့ ငါ နင့်ဘေးမှာ ရှိနေပေးမယ်"
မင်ယွဲ့သည် ပြုံးလျက် ငြင်းပယ်လိုက်သည်။
ရှင်းယောင်၏ ဥက္ကဋ္ဌကြီးမှာ သူမရှေ့မှောက်တွင် ရှိနေပါလျက်နှင့် အခြားသူများကို သွားရောက်ဧည့်ခံနေခြင်းမှာ အဓိပ္ပာယ်မရှိဟု သူမ တွေးမိသည်။
မိုဟန်ကျီသည် သူမ ဖုန်းပြောပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ဘာဖြစ်လို့လဲ"
"ရှင့်ကုမ္ပဏီက လူတွေ ကျွန်မဆီ ရောက်နေလို့လေ၊ ပြန်လာဖို့ အတင်းခေါ်နေကြတာ"
ဟု မင်ယွဲ့က ရယ်မောရင်း ပြောလိုက်သည်။
"ဥက္ကဋ္ဌကြီးကတော့ အလုပ်မဆင်းဘဲ ဒီမှာ လာနားနေတယ်၊ ဒါ ရှင့်စရိုက်နဲ့ မတူဘူးနော်"
"ဒါက အလုပ်ပျက်တာ မဟုတ်ပါဘူး၊ ပုံမှန် အနားယူတာပါ"
ဟု မိုဟန်ကျီက တည်ကြည်စွာ ရှင်းပြသည်။
သူ၏ တည်တံ့လွန်းသော မျက်နှာပေးကြောင့် မင်ယွဲ့မှာ ပို၍ပင် ရယ်မောမိတော့သည်။
"သိပါပြီရှင်... ဒါဆိုလည်း မပြန်တော့ဘဲ ကျွန်မကိုပဲ ကောင်းကောင်း ပြုစုပေးပါတော့"
"ဟုတ်ကဲ့ပါ... ကျွန်တော့်ရဲ့ အရှင်သခင်မလေးခင်ဗျာ"
မိုဟန်ကျီသည် မှိုစွပ်ပြုတ်တစ်ခွက်ကို ခပ်ပေးရင်း ခပ်နောက်နောက် ပြန်ပြောလိုက်သည်။
မင်ယွဲ့က "ကျွန်မရဲ့ ဥက္ကဋ္ဌကြီး" ဟု ခေါ်လိုက်သဖြင့် သူ၏ နားရွက်ဖျားများမှာ သိသိသာသာ နီရဲသွားရသည်။
သူမက သူ့ကို "သူမပိုင်ဆိုင်သူ" အဖြစ် သတ်မှတ်လိုက်သည်ဟု သူက အဓိပ္ပာယ်
ကောက်ယူလိုက်ခြင်း ဖြစ်သည်။
ညနေပိုင်းတွင် မိုဟန်ကျီ အိမ်ပြန်ရောက်သောအခါ မိသားစုဝင်အားလုံး စုံစုံလင်လင် ရှိနေကြသည်။
"ဘာလို့ ဒီလောက်စောစော ပြန်လာတာလဲ၊ တကယ်ကို အသုံးမကျတဲ့ကောင်"
ဟု မိုဟန်ကျီ၏ ဖခင်က ဆီးကြိုပြောဆိုလိုက်
သည်။
မိုဟန်ကျီ၏ မိခင်နှင့် အဘွားမှာလည်း စပ်စုချင်သော မျက်ဝန်းများဖြင့် စောင့်ကြည့်နေကြသည်။
"ဘယ်လိုလဲ... ဒီနေ့ အခြေအနေ အဆင်ပြေရဲ့လား"
ဟု မိခင်ဖြစ်သူက မေးမြန်းသော်လည်း မိုဟန်ကျီက
“အဆင်ပြေပါတယ်"
ဟုသာ အတိုချုံး ဖြေကြားသည်။
"ဒီလို စကားနှစ်ခွန်းတည်း ပြောနေရင် မိန်းကလေးတွေ စိတ်ဝင်စားအောင် ဘယ်လိုလုပ်မလဲ"
ဟု မိခင်ဖြစ်သူက ခေါင်းခါလိုက်သည်။
အဘွားဖြစ်သူကလည်း မျက်နှာထားတင်းတင်းဖြင့်
“ဟန်ကျီ... မင်းကို လမ်းခင်းပေးထားပြီးသားကို အောင်မြင်အောင် မလုပ်နိုင်ရင် အဘွားကတော့ စိတ်ဆိုးမှာနော်"
ဟု သတိပေးလေသည်။
ဖခင်ဖြစ်သူကမူ သားဖြစ်သူကို အားမလိုအားမရ ကြည့်ရင်း သူ၏ လူပျိုဘဝ စွမ်းဆောင်ချက်များကို ကြွားဝါရန် ပြင်လိုက်သည်။
“မင်းအဖေ ငါ့တုန်းကတော့ ကောင်မလေးတွေဆိုတာ ပေကျင်းပတ်လမ်းကနေ စီနေတာပဲ... အား... အား... ကျွတ်စ်... ဟုတ်ပါပြီ မိန်းမရယ်၊ ငါက မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ"
ဇနီးသည်၏ လက်ဆွဲလိမ်မှုကို ခံလိုက်ရသဖြင့် မိုဟန်ကျီ၏ ဖခင်မှာ စကားလမ်းကြောင်း ချက်ချင်း ပြောင်းသွားရသည်။
မိုဟန်ကျီသည် သူ၏ ဖခင်ကို ကြည့်ကာ
“အဖေက ဘယ်လိုလုပ်ပြီး အမေကို ရအောင် လိုက်ခဲ့တာလဲ"
ဟု မေးလိုက်သည်။
"ဒါကတော့ ကိုယ့်ရဲ့ စိတ်ရင်းစေတနာနဲ့ လိုက်ခဲ့တာပေါ့ မိုးရွာရွာ နေပူပူ ကိုယ်ကတော့ အမြဲတမ်း သူ့ဘေးမှာ ရှိနေပေးခဲ့တာ"
ဟု ဖခင်ဖြစ်သူက ဂုဏ်ယူစွာ ပြောသော်လည်း မိခင်ဖြစ်သူက
“ဟန်ကျီ... မင်းအဖေ ပြောတာတွေ လျှောက်မယုံနဲ့ သူက ရုပ်ချောလို့သာ ငါက လက်ခံလိုက်တာ၊ ရုပ်မချောရင် လှည့်တောင် ကြည့်မှာမဟုတ်ဘူး"
ဟု အမှန်တရားကို ဖွင့်ချလိုက်တော့သည်။
မိုဟန်ကျီသည် သူ၏ မိဘများ၏ အချစ်ဇာတ်လမ်းမှာ အသုံးမဝင်ကြောင်း သိလိုက်ရသည်။
သို့သော် အချက်တစ်ခုကိုတော့ သူရလိုက်သည်—
မိန်းကလေးများသည် ရုပ်ရည်ကို ဂရုစိုက်ကြသည်ဟူသော အချက်ပင်။
သူသည် အခန်းထဲသို့ ပြန်ရောက်သောအခါ အွန်လိုင်းတွင်
“မိန်းကလေးများ မည်ကဲ့သို့သော အမျိုးသားများကို နှစ်သက်ကြသနည်း"
ဟု ရှာဖွေကြည့်သည်။
*”အရပ်ရှည်ရမယ်၊ ချမ်းသာရမယ်၊ ရုပ်ချောရမယ်”
* "ယဉ်ကျေးပျူငှာပြီး ဂရုစိုက်တတ်ရမယ်"
* "စကားပြောတိုင်း ပြန်ထူးပြီး ကိစ္စတိုင်းကို ဖြေရှင်းပေးနိုင်ရမယ်"
နောက်ဆုံး မှတ်ချက်တစ်ခုက မိုဟန်ကျီ၏ အာရုံကို ဖမ်းစားသွားသည်။
"ဝမ်းဗိုက်ကြွက်သား (Abs) ရှိတဲ့ ယောကျ်ားလေးတွေကို သဘောကျတယ်၊ ရှစ်ခုလောက်ဆိုရင်တော့ သွားရည်ကျပြီပဲ”
မိုဟန်ကျီသည် မှန်ရှေ့တွင် ရပ်ကာ သူ၏ အင်္ကျီကို မတင်လိုက်သည်။
လေ့ကျင့်ခန်း လုပ်ထားသဖြင့် ထင်းနေသော သူ၏ ဝမ်းဗိုက်ကြွက်သားများမှာ မှန်ထဲတွင် အထင်းသား ပေါ်လွင်နေသည်။
သူသည် ဓာတ်ပုံရိုက်ကာ မင်ယွဲ့ထံသို့ ပို့ရန် ပြင်လိုက်သော်လည်း တမင်သက်သက် လုပ်ဆောင်သလို ဖြစ်နေမည်ကို စိုးရိမ်သဖြင့် ပြန်ဖျက်လိုက်သည်။
ထို့နောက် သူသည် အိမ်တွင်း အားကစားခန်းမသို့ သွားကာ နာရီဝက်ခန့် ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်း လုပ်လိုက်သည်။
ချွေးစက်လေးများ စိမ့်ထွက်လာပြီး ကြွက်သားအမြောင်းမြောင်းမှာ ပိုမိုသိသာလာသောအခါမှ သူသည် အင်္ကျီချွတ်ကာ ဆဲလ်ဖီတစ်ပုံ ရိုက်လိုက်
သည်။
သူသည် ထိုဓာတ်ပုံကို WeChat Moments တွင် တင်လိုက်ပြီး
#ဒီနေ့အတွက် လေ့ကျင့်ခန်း ပြီးစီး# ဟု စာသားလေး ထည့်သွင်းလိုက်သည်။
ထို့နောက် မင်ယွဲ့ တစ်ဦးတည်းသာ မြင်နိုင်ရန် သတ်မှတ်လိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်သွားတော့သည်။
သူသည် ရေချိုးရင်း မင်ယွဲ့၏ တုံ့ပြန်မှုကို ရင်ခုန်စွာ စောင့်ဆိုင်းနေလေသည်။