← Chapters

ရှင် မျှော်လင့်ချက်ရောင်ခြည်ကို ယုံကြည်လား

Vol. 21 Ch. 202

ရှင် မျှော်လင့်ချက်ရောင်ခြည်ကို ယုံကြည်လား

Vol. 21 Ch. 202

မင်ယွဲ့သည် စုံထောက်များ စေလွှတ်ခဲ့သော်လည်း ဟယ်မြောင်ကျေးရွာ၏ ဆိုးသတင်းမှာ ကျော်ဇောလှသဖြင့် မည်သူမျှ သွားရောက်ရန် ဝံ့ရဲခြင်းမရှိကြပေ။

ထိုရွာသည် သူစိမ်းတစ်ဦးက သိုးတစ်ကောင်ကို မတော်တဆ တိုက်မိရုံမျှဖြင့် "သိုးဆိုသည်မှာ သားသမီး မြေးမြစ်များ တိုးပွားနိုင်စွမ်းရှိသည်" ဟူသော ဆင်ခြေဖြင့် ငွေသောင်းချီ၍ အဓမ္မတောင်းဆိုတတ်သည့် အရပ်မျိုးဖြစ်သည်။

နောက်ဆုံးတွင် မင်ယွဲ့က ဆုကြေးငွေ ယွမ်နှစ်သိန်းအထိ တိုးမြှင့်လိုက်မှသာ "ငွေရှိလျှင် သရဲကိုပင် ခိုင်း၍ရသည်" ဟူသော စကားအတိုင်း စုံထောက်ဖြစ်သူမှာ အသက်ဘေးကို ဂရုမထားဘဲ သွားရောက်ရန် သဘောတူခဲ့တော့သည်။

မင်ယွဲ့အတွက်မူ ငွေကြေးမှာ အဓိကမဟုတ်တော့ဘဲ လူကုန်ကူးခံထားရသော ကလေးငယ်များကို ကယ်တင်နိုင်ရေးကသာ သူမ၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ရည်မှန်းချက် ဖြစ်လာခဲ့သည်။

သူမသည် မတရားမှုကို မျက်ကွယ်မပြုနိုင်သည့်အပြင် ဤညစ်ထေးနေသော လောကကြီးထဲတွင် အလင်းတစ်ခုအဖြစ် ရပ်တည်လိုသည့် ဆန္ဒပြင်းပြနေမိသည်။

စုံထောက်ဖြစ်သူမှာ ယခင်က နာမည်ကြီး အတင်းအဖျင်းသတင်းထောက် တစ်ဦးဖြစ်ခဲ့သဖြင့် ပုန်းလျှိုးကွယ်လျှိုး ရိုက်ကူးရာတွင် ကျွမ်းကျင်လှသည်။

သူပေးပို့လာသော ဓာတ်ပုံထဲတွင် ရွှီခယ်၏ သားငယ်လေးမှာ အာဟာရချို့တဲ့ကာ ပိန်ချုံးနေသည်ကို တွေ့ရသဖြင့် ဖခင်ဖြစ်သူမှာ ရင်ကွဲမတတ် ခံစားလိုက်ရသည်။

ရွှီခယ်သည် ဝမ်းသာအားရဖြင့် ဇနီးသည်အား ဖုန်းဆက်ရန် ပြင်သော်လည်း

“တကယ်လို့များ သတင်းက မှားနေခဲ့ရင်"

ဟူသော စိုးရိမ်စိတ်ဖြင့် တုန်လှုပ်နေမိပြန်သည်။

"မစ္စတာရွှီ ဒီမှာ ကလေးရဲ့ ဆံပင်ရှိပါတယ် DNA စစ်ဆေးကြည့်လို့ ရပါတယ်"

ဟု မင်ယွဲ့က ကြိုတင်ပြင်ဆင်ထားသော အထောက်အထားကို ကမ်းပေးလိုက်သည်။

ရွှီခယ်မှာ နှုတ်ခမ်းများ တုန်ရင်လျက် ကျေးဇူးတင်စကားကို ထပ်ခါတလဲလဲ ဆိုနေတော့သည်။

“ကျေးဇူးတင်ပါတယ် မစ္စ မင် ကျနော့်သားကိုသာ ပြန်ရှာတွေ့ခဲ့ရင် ခင်ဗျားအတွက် ဘာမဆို လုပ်ပေးဖို့ အသင့်ပါပဲ”

ရက်အနည်းငယ်အကြာတွင် စစ်ဆေးချက်ရလဒ် ထွက်ပေါ်လာသည်။

မင်ယွဲ့၏ လက်ထောက် “ယွမ်ပေါ့" ရှာဖွေပေးသော အချက်အလက်မှာ ၁၀၀ ရာခိုင်နှုန်း တိကျနေခဲ့သည်။

ရွှီခယ်သည် ရလဒ်ကို မြင်လိုက်ရသည့် ခဏ၌ စိတ်လွတ်ကိုယ်လွတ် ငိုကြွေးမိတော့သည်။

နှစ်ပေါင်းများစွာ ခါးသီးခဲ့သော မျက်ရည်များမှာ ယခုမူ ဝမ်းသာကြည်နူးမှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ။

"မစ္စတာရွှီ ရှင့်ဇနီးကို အသိပေးလိုက်ပါတော့ အခုချက်ချင်း ကလေးကို သွားခေါ်ကြတာပေါ့”

ရွှီခယ်သည် တုန်ရင်နေသော လက်ချောင်းများဖြင့် ဇနီးသည်ထံ ဖုန်းခေါ်လိုက်သည်။

တစ်ဖက်မှ နူးညံ့သော အမျိုးသမီးအသံလေး ထွက်ပေါ်လာသည်နှင့် သူသည် စကားပင် မဆိုနိုင်တော့ဘဲ ရှိုက်ကြီးတငင် ငိုကြွေးလိုက်မိသည်။

"မိန်းမ... ငါတို့ သားကို ရှာတွေ့ပြီ... ငါတို့ သားကို ရှာတွေ့ပြီကွ"

ဖုန်းတစ်ဖက်မှ အရာဝတ္ထုတစ်ခုခု ပြုတ်ကျသွားသည့် အသံနှင့်အတူ အံ့ဩတုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ ရောနေသည့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ခရီးစဉ်အတွက် မင်ယွဲ့သည် သာမန်ကာလျှံကာ မသွားဘဲ သက်တော်စောင့် နှစ်ဆယ်ခန့်ကို ငှားရမ်းကာ ကားလေးစီးဖြင့် ဟယ်မြောင်ကျေးရွာသို့ ချီတက်ခဲ့သည်။

သူမသည် ဥစ္စာပစ္စည်း ကြွယ်ဝမှုကို ထုတ်ကြွားလို၍မဟုတ်ဘဲ ထိုကဲ့သို့သော အရိုင်းအစိုင်း နယ်မြေမျိုးတွင် အင်အားဖြင့် ဖိနှိပ်ရန် လိုအပ်ကြောင်း နားလည်ထားသောကြောင့် ဖြစ်သည်။

ရွာအဝင်သို့ ရောက်သောအခါ တောင်ကြားလမ်းတွင် ရွာသားများက ကျောက်တုံးကြီးများဖြင့် လမ်းပိတ်ထားသည်ကို တွေ့လိုက်ရသည်။

ဆံပင်ဖြူအဖိုးကြီးမှအစ မျက်နှာပေးကြမ်းတမ်းသော လူကြီးလူငယ်များအထိ အားလုံးမှာ လက်ထဲတွင် လယ်ယာသုံးကိရိယာများကို ကိုင်ဆောင်ကာ ရန်လိုသော အကြည့်များဖြင့် ကြည့်နေကြသည်။

မင်ယွဲ့သည် ကားမှန်ကို အသာအယာချလိုက်သည်။ သူမ၏ ပုခုံးပေါ်တွင် မမြင်နိုင်သော "ယွမ်ပေါ့" က ကင်မရာကို အသင့်ပြင်ထားပြီး ဖြစ်သည်။

"တစ်ယောက်ကို ငွေတစ်ထောင်ပေးမှ လမ်းဖြတ်ခွင့်ရမယ်"

ဟု ရွာသားတစ်ဦးက အဓမ္မတောင်းဆိုလာသည်။

"လမ်းဆိုတာ နိုင်ငံတော်ပိုင်တာပါ ခင်ဗျားတို့မှာ ငွေကောက်ခံပိုင်ခွင့် မရှိဘူး"

ဟု မင်ယွဲ့က အေးစက်စက် လေသံဖြင့် တုံ့ပြန်

လိုက်သည်။

သူမ၏ အမိန့်ပေးသံအဆုံးတွင် သက်တော်စောင့်များမှာ ကားပေါ်မှ ဆင်းလာကာ လူတံတိုင်းသဖွယ် ကာရံလိုက်ကြသည်။

ရွာသားများမှာ သက်တော်စောင့်များ၏ ခန့်ညားထည်ဝါသော အရှိန်အဝါကြောင့် နောက်သို့ တစ်လှမ်းဆုတ်သွားကြသော်လည်း ရန်လိုနေဆဲပင်။ အချို့မှာ လူခေါ်ရန်အတွက် တောလမ်းလေးများမှတစ်ဆင့် တိတ်တဆိတ် ထွက်ပြေးသွားကြသည်။

မင်ယွဲ့မှာ ထိုအခြေအနေကို စိတ်ပျက်လက်ပျက် ကြည့်နေစဉ် ဖုန်းမှ WeChat မက်ဆေ့ချ်သံ မြည်လာသည်။ မိုဟန်ကျီ ဆီမှ ဖြစ်သည်။

"အခုတလော ဘာတွေ အလုပ်ရှုပ်နေတာလဲ တစ်ရက်လောက် အတူတူ ထမင်းစားရအောင်လေ”

မင်ယွဲ့သည် ဝန်းကျင်ရှိ ရိုင်းစိုင်းသော ရွာသားများကို ကြည့်ရင်း ပြုံးလိုက်မိကာ စနောက်လိုသော စိတ်ဖြင့် ပြန်စာပို့လိုက်သည်။

"ဟန်ကျီ... ရှင် မျှော်လင့်ချက်ရောင်ခြည်ကို ယုံကြည်သလား”

စီအီးအို မိုဟန်ကျီမှာ ထိုစကား၏ ဆိုလိုရင်းကို နားမလည်ဘဲ ဖြစ်သွားသည်။

သူသည် ဘေးနားရှိ လက်ထောက်လင်အား မေးမြန်းကြည့်ရာ လက်ထောက်ဖြစ်သူကလည်း

"မျှော်လင့်ချက်ရောင်ခြည်ကို ယုံကြည်ပြီး ပိုကောင်းတဲ့ လူသားတစ်ယောက် ဖြစ်လာတာကို ဆိုလိုတာထင်တယ်"

ဟု ခပ်ဝါးဝါးပင် ဖြေကြားလိုက်သည်။

"ယုံကြည်တာပေါ့"

ဟု မိုဟန်ကျီက တိုတိုတုတ်တုတ်ပင် ပြန်စာပို့လိုက်သည်။

မင်ယွဲ့က ရယ်မောလျက် ပြန်စာတစ်စောင် ထပ်ပို့လိုက်ပြန်သည်။

"ကျွန်မကတော့ အခု လူသားမျိုးနွယ်စုကို ကယ်တင်နေတာလေ”

All Chapters