အကူအညီ လိုအပ်ပါသလား
Vol. 21 Ch. 203
မိုဟန်ကျီသည် မိမိ၏ ချစ်သူသက်ထားလေးမှာ စနောက်နေခြင်းဖြစ်သည်ဟု ယူဆသော်လည်း စိုးရိမ်စိတ်က တားမရဆီးမရ ဖြစ်ပေါ်လာကာ ချက်ချင်းပင် မေးမြန်းလိုက်သည်။
"အဲဒီသူရဲကောင်းမလေးအတွက် ကျွန်တော့်ရဲ့ အကူအညီများ လိုအပ်မလားဗျာ”
အမြဲတမ်း တည်ကြည်အေးစက်နေတတ်သော စီအီးအိုကြီး၏ နူးညံ့ပျော့ပျောင်းသော စကားသံများကို ကြားလိုက်ရသဖြင့် လက်ထောက်လင်မှာ အံ့ဩလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ ဤမျှ နူးညံ့သိမ်မွေ့သော ဥက္ကဋ္ဌကြီးကို သူတစ်ခါမျှ မမြင်ဖူးခဲ့ပေ။
"ဥက္ကဋ္ဌ... ကျွန်တော် အပြင်ခဏ သွားပါဦးမယ်တစ်ခုခုဆို ခေါ်လိုက်ပါဗျာ”
လက်ထောက်လင်မှာ အလိုက်တသိဖြင့်ပင် အခန်းထဲမှ ဆုတ်ခွာခဲ့သည်။
သူဌေး၏ အချစ်ရေးကို ဘေးမှရပ်ကြည့်နေခြင်းထက် ကော်ဖီဖျော်ရင်း မိမိ၏ ရည်စားထံ WeChat ပို့နေခြင်းက ပို၍ အကျိုးရှိမည်ဟု သူတွေးမိသည်။
မိုဟန်ကျီမှာမူ မင်ယွဲ့၏ အကြောင်းပြန်ကြားချက်ကိုသာ စိတ်မရှည်စွာ စောင့်ဆိုင်းနေမိသည်။
ဟယ်မြောင်ကျေးရွာ၏ လမ်းမထက်တွင်မူ ဆူညံသော ခြေသံများနှင့်အတူ အခြေအနေများမှာ တင်းမာနေဆဲပင်။ မင်ယွဲ့သည် ဖုန်းမျက်နှာပြင်မှ အကြည့်ကို လွှဲလိုက်ပြီး ရှေ့သို့ ကြည့်လိုက်
သည်။
ရွာသားများမှာ ပေါက်တူး၊ တံစဉ်၊ ဓားမ စသည့် လက်နက်သဖွယ် အသုံးပြု၍ရသမျှ အရာအားလုံးကို ကိုင်ဆောင်ကာ ဒေါသတကြီး ပြေးဝင်လာကြသည်။ ရွှီခယ်တို့ ဇနီးမောင်နှံမှာမူ သားဖြစ်သူကို ကယ်တင်ရန် ခရီးစဉ်မှာ ယခုကဲ့သို့ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရလိမ့်မည်ဟု ထင်မထားခဲ့ကြပေ။
"ဟယ်မြောင်ကျေးရွာ အကြောင်းကို... ရှင် သိထားတာ ရှိသလား”
မင်ယွဲ့သည် မိုဟန်ကျီ၏ မက်ဆေ့ချ်ကို အေးအေးလူလူပင် ပြန်ကြားလိုက်သည်။
ဒေသခံရဲတပ်ဖွဲ့မှာ ရောက်မလာသေးသဖြင့် သူမအနေဖြင့် အခြေအနေအရပ်ရပ်ကို ရင်ဆိုင်ရန် ပြင်ဆင်ထားရသည်။
"မင်း အခု ဘယ်မှာလဲ”
မိုဟန်ကျီ၏ စိုးရိမ်ပူပန်မှုမှာ အထွတ်အထိပ်သို့ ရောက်သွားသည်။ ဟယ်မြောင်ကျေးရွာ၏ ဆိုးဝါးလှသော နာမည်ကို သူ ကောင်းကောင်းသိထားသည်။
"ဘာမှ စိတ်လိုက်မာန်ပါ မလုပ်နဲ့နော် ကိုယ်
ရောက်လာတဲ့အထိ စောင့်နော်”
မိုဟန်ကျီသည် ထိုင်နေရာမှ ဝုန်းခနဲ ထရပ်လိုက်ကာ ကုတ်အင်္ကျီကို ဆွဲယူပြီး ကားသော့ကို ဆုပ်ကိုင်လျက် အခန်းပြင်သို့ အပြေးထွက်ခဲ့သည်။
သူသည် ကုမ္ပဏီအလုပ်များကို လက်ထောက်လင်ထံ လွှဲအပ်ခဲ့ပြီး လေဆိပ်သို့ တန်းစီဦးတည်တော့သည်။
ဖုန်းသံ မြည်လာသောအခါ မင်ယွဲ့သည် လူအများ၏ အကြည့်အောက်မှာပင် အေးဆေးစွာ ဖုန်းကိုင်လိုက်သည်။
"ဟန်ကျီ..."
သူမ၏ ဂရုမစိုက်သော အမူအရာကြောင့် ဒေါသထွက်သွားသော ရွာသားတစ်ဦးက
“ဒီကောင်မကို ရိုက်သတ်ကြစမ်း"
ဟု အော်ဟစ်ကာ ရှေ့သို့ ပြေးဝင်လာသည်။
သက်တော်စောင့်များမှာလည်း သူမကို ဝိုင်းရံကာကွယ်လိုက်ကြပြီး နှစ်ဖက်လုံးမှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားတော့သည်။
ဖုန်းထဲမှ တိုက်ခိုက်သံများကို ကြားလိုက်ရသည့် မိုဟန်ကျီမှာ ရင်ထဲတွင် မီးစနှင့် ထိုးလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
“ယွဲ့ယွဲ့... မကြောက်နဲ့နော် ငါ အခုချက်ချင်း လာခဲ့မယ်”
လေဆိပ်ရှိ ကြေညာသံများကို ဖုန်းထဲမှတစ်ဆင့် ကြားလိုက်ရသောအခါ မင်ယွဲ့၏ ရင်ထဲတွင် နွေးထွေးမှု တစ်ခု ဖြတ်သန်းသွားသည်။
တစ်စုံတစ်ယောက်၏ တန်ဖိုးထား စောင့်ရှောက်မှုကို ခံရခြင်းမှာ အမှန်တကယ်ပင် ကြည်နူးစရာ ကောင်းလှသည်။
"ကောင်းပါပြီ သတိထားလာပါဦး ကျွန်မ မစိုးရိမ်ပါဘူး”
မင်ယွဲ့မှာ အမှန်တကယ်ပင် မကြောက်ပေ။
သူမ လေ့ကျင့်ထားသော ခန္ဓာကိုယ် ကြံ့ခိုင်မှု နည်းစနစ်များဖြင့် ဤရွာသားများကို အေးဆေးစွာ ရင်ဆိုင်နိုင်သည်။
သို့သော်လည်း မိုဟန်ကျီမှာမူ စိတ်မချနိုင်ဘဲ မြို့တော်ဝန်ဟွမ်ထံသို့ ဖုန်းဆက်ကာ ဟယ်မြောင်ကျေးရွာရှိ မင်ယွဲ့၏ ဘေးကင်းရေးကို တာဝန်ယူရန် အပြင်းအထန် ဖိအားပေးလိုက်တော့သည်။
၎င်းမှာ ရှင်ယောင်လုပ်ငန်းစု၏ ဩဇာအာဏာကို အသုံးပြုကာ မင်ယွဲ့၏ လမ်းခရီးကို ဖောက်
ပေးလိုက်ခြင်းပင်။
ဟယ်မြောင်ကျေးရွာ၏ လမ်းမပေါ်တွင် တိုက်ပွဲမှာ အရှိန်တက်နေသည်။
မင်ယွဲ့သည် သူမ၏ သက်တော်စောင့်များ ထိခိုက်ဒဏ်ရာရမည်ကို မလိုလားပေ။ သူမသည် မြေပြင်မှ ကျောက်ခဲကလေး အနည်းငယ်ကို ကောက်ယူကာ လက်ထဲတွင် အသာအယာ ကစားလိုက်သည်။
ခန္ဓာကိုယ် ကြံ့ခိုင်မှု ပညာရပ်မှ "အကြောပိတ် နည်းစနစ်" ကို စမ်းသပ်ရန် အချိန်ကျပြီဖြစ်သည်။
"ဝှူး... ဝှူး..."
ကျောက်ခဲကလေးများမှာ လေထုကို ဖြတ်သန်းကာ ရွာသားများ၏ အရေးကြီးသော အကြောမှတ်များပေါ်သို့ တိကျစွာ ကျရောက်သွားသည်။
"အား... အား..."
"ဘယ်သူလဲ... ဘယ်သူ လုပ်တာလဲ”
ရွာသားအချို့မှာ ဗိုက်ကို ဆုပ်ကိုင်ကာ လဲကျသွားသလို၊ အချို့မှာလည်း ခြေထောက်များ မခိုင်တော့ဘဲ မြေပြင်ပေါ်သို့ ခွေကျသွားကြသည်။
သက်တော်စောင့်များပင် မည်သူ့လက်ချက်မှန်း မသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြရသည်။
ရွာသားများ၏ ရည်ရွယ်ချက်မှာ ငွေကြေးမှသည် အညှိုးအတေးသို့ ပြောင်းလဲသွားကာ အငြိုးတကြီးဖြင့် ပြန်လည် တိုက်ခိုက်ရန် ပြင်ဆင်နေကြတော့သည်။