← Chapters

ရိုသေမှုထက် နာခံမှုက ပိုမြင့်မြတ်သည်

Vol. 21 Ch. 208

ရိုသေမှုထက် နာခံမှုက ပိုမြင့်မြတ်သည်

Vol. 21 Ch. 208

မစ္စတာနှင့် မစ္စစ်ရွှီတို့သည် သားဖြစ်သူ၏ ကျန်းမာရေးစစ်ဆေးမှု အဆင့်ဆင့်တွင် ဘေးမှတစ်ဖဝါးမခွာ လိုက်ပါပေးခဲ့ကြသည်။

စစ်ဆေးမှုများအားလုံး ပြီးဆုံးသွားသောအခါ ဖခင်ဖြစ်သူသည် အားနည်းလှသော သားငယ်ကို ရင်ခွင်ထဲသို့ အသာအယာ မချီလိုက်၏။

"အာဟာရချို့တဲ့မှု၊ ဖွံ့ဖြိုးမှုနှေးကွေးတာအပြင် ကျောပေါ်မှာလည်း ကြာပွတ်ရာတွေ တွေ့ရတယ်..."

ဆရာဝန်၏ စကားကို မစ္စစ်ရွှီ ဆက်၍ နားမထောင်ရက်တော့ပေ။

ခုနစ်နှစ်အရွယ် ကလေးငယ်တစ်ဦး၏ ခန္ဓာကိုယ်တွင် ဤမျှလောက် ဒဏ်ရာဒဏ်ချက်များ ပြည့်နှက်နေရသလော။

ထိုဒဏ်ရာများမှာ ကုသ၍ မရနိုင်လောက်အောင် စိုးရိမ်ရသည်မျိုး မဟုတ်သော်လည်း မိခင်တစ်ဦး၏ နှလုံးသားအတွက်မူ အတိုင်းထက်အလွန် နာကျင်ရပေသည်။

သို့သော် သူမသည် ထိုစကားများကို အဆုံးထိ နားထောင်ရန် မိမိကိုယ်ကို အတင်းအကျပ် တိုက်တွန်းနေမိသည်။

ထိုယုတ်မာသူများကို သူမ ဘဝတစ်လျှောက်လုံး မှတ်မိနေစေရန်နှင့် သူတို့ ပြုသမျှ အကုသိုလ်ကံများ ပြန်လည်ပေးဆပ်ရသည်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။

"ဒါ့အပြင် ရေရှည်ညှဉ်းပန်းနှိပ်စက်ခံရတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတဲ့ ကလေးတွေက တုံ့ပြန်မှု နှေးကွေးတာ၊ ပတ်ဝန်းကျင်ကို မယုံကြည်တာနဲ့ ပတ်ဝန်းကျင်အသစ်မှာ စိတ်ဖိစီးမှု ခံစားရတာမျိုးတွေ ရှိတတ်ပါတယ် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေက အရမ်းနက်နဲလို့ မိဘတွေအနေနဲ့ အထူးဂရုစိုက်ဖို့ လိုအပ်သလို ထူးခြားတာရှိရင် ဆရာဝန်တွေနဲ့ ချက်ချင်း ဆက်သွယ်ပေးပါ"

ရွှီနော့သည် လူကုန်ကူးခံခဲ့ရသူဖြစ်ကြောင်း သိရှိထားသော ဆရာဝန်၏ မျက်ဝန်းတွင်လည်း သနားကရုဏာများ ပြည့်လျှံနေခဲ့သည်။

"ဟုတ်ကဲ့ပါ ဆရာ... ကျေးဇူးတင်ပါတယ်"

မစ္စတာရွှီက သားဖြစ်သူကို ဆေးရုံတွင် အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ကြည့်ကုသမှု ခံယူရန် ဆုံးဖြတ်လိုက်သည်။

ရွှီမိသားစုဝင်များက ထိုသတင်းကို ကြားသည်နှင့် ချက်ချင်းပင် လာရောက်တွေ့ဆုံရန် ပြင်ကြသော်လည်း ရွှီဇနီးမောင်နှံက ငြင်းပယ်လိုက်၏။

ပတ်ဝန်းကျင်သစ်တွင် သားဖြစ်သူ ကြောက်လန့်သွားမည်ကို စိုးရိမ်သောကြောင့် ကလေးဘက်မှ မိဘများကို အပြည့်အဝ လက်ခံယုံကြည်လာသည့် အချိန်ကျမှသာ ကျန်ဆွေမျိုးများနှင့် မိတ်ဆက်ပေးရန် သူတို့ စဉ်းစားထားကြသည်။

ကျန်မိသားစုဝင်များမှာ ကလေးကို မတွေ့ရသဖြင့် စိတ်မကောင်းဖြစ်ကြသော်လည်း သူတို့ တတ်နိုင်သမျှကိုမူ ပြင်ဆင်ပေးကြသည်။

စားစရာ၊ သောက်စရာများသာမက ကောင်လေးငယ်များ နှစ်သက်တတ်သည့် ရုပ်ပြစာအုပ်များ၊ ကစားစရာများနှင့် အဝတ်အထည်များစွာကို ပို့ပေးကြရာ ခဏချင်းအတွင်းမှာပင် ရွှီနော့ ဆေးရုံခန်းလေးမှာ ပစ္စည်းများနှင့် ပြည့်နှက်သွားတော့သည်။

မိုဟန်ကျီသည် မင်ယွဲ့ကို အိမ်အထိ လိုက်လံပို့ဆောင်ပေးပြီးနောက် ကားဘေးတွင် ရပ်ကာ နှုတ်ဆက်ရန် ပြင်နေသည်။

"ရည်းစားကြီးရှင်... အိမ်ထဲကို ဝင်ပြီး ခဏလောက် မထိုင်ချင်ဘူးလား ဒီတစ်ခါတော့ တရားဝင် ဖိတ်ခေါ်တာနော်”

မင်ယွဲ့၏ စကားကြောင့် မိုဟန်ကျီ ပြုံးလိုက်

မိသည်။

"ဒါဆိုရင်တော့ ရိုသေမှုထက် နာခံမှုက ပိုမြတ်တယ်ဆိုတဲ့အတိုင်း မင်းရဲ့ ဖိတ်ခေါ်မှုကို လက်ခံရမှာပေါ့"

မင်ယွဲ့က ရယ်မောလိုက်ရင်း

“ရှင်ဖြစ်ချင်တာကိုပဲ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ ကျွန်မသာ မဖိတ်ရင် ရှင်က တကယ်ပဲ ဒီအတိုင်း ပြန်သွားတော့မလို့လား"

မိုဟန်ကျီသည် ပြုံးရွှင်နေသော အမျိုးသမီးငယ်ကို ကြည့်ရင်း သူ၏ နှလုံးသားမှာ နွေဦးပေါက် ရေကန်ငယ်လေးကဲ့သို့ နူးညံ့ပျော့ပျောင်းသွားရသည်။

"မဟုတ်ပါဘူး... မင်းက စပြီး မဖိတ်ရင်တောင် ငါ့ဘက်ကနေ တစ်နည်းနည်းနဲ့ ဝင်ရအောင် ကြံစည်မှာပါ"

မိုဟန်ကျီ၏ ပွင့်လင်းလှသော အမူအရာကြောင့် မင်ယွဲ့ ပို၍ပင် သဘောကျသွားရသည်။

ဥက္ကဋ္ဌကြီး၏ အေးစက်သော မျက်နှာထက်တွင် ပေါ်ပေါက်လာသည့် နားမလည်နိုင်ဟန် အမူအရာလေးက သူမ၏ နှလုံးသားကို တစ်မျိုးတစ်ဖုံ လှုပ်ခတ်စေသည်။

"ရှင်က ပွင့်လင်းလွန်းတော့လည်း သဘောကျစရာပဲ"

သူ၏ ရိုးသားမှုနှင့် တက်ကြွမှုကို သူမ အမှန်တကယ် နှစ်သက်မိသည်။ ဤအချိန်သည် သူမအတွက် ချစ်သူဘဝကို စတင်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်ပေလိမ့်မည်။

"ကိုယ်လည်း မင်းကို အရမ်းသဘောကျတယ်"

ဟု မိုဟန်ကျီက တိုးညင်းစွာ ဆိုလိုက်သည်။

မင်ယွဲ့ ခေတ္တမျှ ဆွံ့အသွား၏။

သူမက သူ၏ ပွင့်လင်းမှုကို သဘောကျသည်ဟု ဆိုလိုခြင်း ဖြစ်သော်လည်း သူကမူ ချက်ချင်းပင် အခွင့်အရေးယူကာ ချစ်စကား ဆိုလိုက်ခြင်း ဖြစ်သည်။ သို့သော် သူမ ထိုကိစ္စကို ဆက်၍ မငြင်းခုံလိုတော့ဘဲ သူ့ကို အိမ်ထဲသို့ ခေါ်ဆောင်ခဲ့သည်။

အိမ်ထဲသို့ ရောက်သောအခါ မိုဟန်ကျီသည် ဧည့်သည်တစ်ယောက်ကဲ့သို့ မဟုတ်ဘဲ အိမ်ရှင်တစ်ယောက်ကဲ့သို့ပင် ရေခပ်ပေးခြင်း၊ ကော်ဖီဖျော်ပေးခြင်းတို့ဖြင့် မင်ယွဲ့ကို ဂရုစိုက်နေတော့သည်။

"ကျွန်မတို့ ပြောင်းပြန်ဖြစ်နေတယ်လို့ မထင်ဘူးလား"

ဟု မင်ယွဲ့က မေးလိုက်သည်။

"မင်းက ကိုယ့်ရည်းစားလေ... မင်းကို ပင်ပင်ပန်းပန်း မဖြစ်စေချင်ဘူး ပြီးတော့ ကိုယ် မင်းအနားကနေ မခွာချင်သေးလို့ ကိုယ်တိုင်ပဲ အားလုံး လုပ်ပေးနေတာ"

မိုဟန်ကျီ၏ ရိုးသားလှသော စကားများကြောင့် မင်ယွဲ့၏ ရင်ထဲတွင် နွေးထွေးသွားရသည်။

ထို့အပြင် မိုဟန်ကျီသည် မင်ယွဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ ညစာပင် ချက်ပြုတ်ပေးခဲ့သေးသည်။ သူသည် ပုစွန်သားများကို အခွံနွှာ၍ မင်ယွဲ့၏ ပန်းကန်ထဲသို့ ထည့်ပေးရင်း ပြောလိုက်သည်။

"ကိုယ့်ရဲ့ လက်ရာက မင်းလောက် မကောင်းသေးပေမဲ့ နောက်ပိုင်း ပိုကောင်းအောင် ကြိုးစားသွားမှာပါ"

"ရှင်က ကုမ္ပဏီဥက္ကဋ္ဌကြီးတစ်ယောက် ဖြစ်နေပြီး ဘာလို့ ဟင်းချက်သင်နေတာလဲ"

"လူတစ်ယောက်ရဲ့ နှလုံးသားကို သိမ်းပိုက်ချင်ရင် အရင်ဆုံး သူ့ရဲ့ အစာအိမ်ကို သိမ်းပိုက်ရမယ်တဲ့........."

မိုဟန်ကျီ၏ စကားကြောင့် မင်ယွဲ့ ရယ်မောမိတော့သည်။

ထိုစကားကို လက်ထောက်လင်ကျင်းက သင်ပေးထားခြင်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ ပို၍ပင် ရယ်ချင်သွားရသည်။

"လက်ထောက်လင်ရဲ့ ယုတ္တိအတိုင်းဆိုရင် စားဖိုမှူးတွေက လူပျိုကြီး ဖြစ်စရာ အကြောင်းမရှိတော့ဘူးပေါ့ နောက်ပြီး လူတစ်ယောက်က အမြှောင်မယားရဲ့ လက်ရာကို သဘောကျလို့ ဖောက်ပြန်တယ်ဆိုတာလည်း ငါ မကြားဖူးပါဘူး"

"ကိုယ်ကတော့ မင်းအပေါ် ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်ဘူး"

မိုဟန်ကျီက စကား၏ အဓိကအချက်ကို မိအောင်ဖမ်း၍ ကတိကဝတ်ပြုလိုက်သည်။

သူ၏ ထပ်တလဲလဲ ပြောဆိုနေသော ခံစားချက်များက မင်ယွဲ့၏ ရင်ထဲတွင် နေရာယူလာခဲ့ပြီ ဖြစ်သည်။

မင်ယွဲ့သည် စားသောက်မှုတွင် ဇီဇာကြောင်သူ မဟုတ်သော်လည်း အောင်မြင်သော လုပ်ငန်းရှင်တစ်ဦးက သူမအတွက် ဟင်းချက်ပေးနေခြင်းကို ကြည့်ကာ ကြည်နူးမိသည်။

သူတို့နှစ်ဦးသည် အတူတကွ ပန်းကန်များ ဆေးကြောပြီးနောက် မိုဟန်ကျီ၏ ဖုန်းမြည်လာခဲ့သည်။

မိုဟန်ကျီက ဖုန်းဖြေရန် ပြင်နေစဉ် မင်ယွဲ့က သူ၏ ခါးတွင် ပတ်ထားသော ဟင်းချက်အေပရွန်ကို နောက်မှနေ၍ အသာအယာ ချွတ်

ပေးလိုက်သည်။

"လက်မြှောက်ထားဦး..." "ခေါင်းလေး နည်းနည်း ငုံ့ပေး..."

မင်ယွဲ့၏ စကားအတိုင်း မိုဟန်ကျီသည် ရုပ်သေးရုပ်လေးသဖွယ် အလိုက်သင့် နာခံနေမိသည်။

မင်ယွဲ့သည် အေပရွန်ကို ချွတ်ယူကာ ကုလားထိုင်ပေါ်တွင် တင်ထားလိုက်သည်။

ဖုန်းထဲမှ မြို့တော်ဝန်ဟွမ်သည် မိုဟန်ကျီထံမှ တုံ့ပြန်မှု မရသဖြင့် စိုးရိမ်တကြီးဖြင့် အစီရင်ခံနေသည်။

"မစ္စတာမို... ဒီကိစ္စအတွက် မစိုးရိမ်ပါနဲ့ကျွန်တော်တို့ အလေးအနက် ကိုင်တွယ်ဖြေရှင်းပြီး မစ္စတာမိုတို့ ကျေနပ်အောင် အဆင့်ဆင့် ဆောင်ရွက်သွားပါ့မယ်"

မိုဟန်ကျီသည် ဆိုဖာပေါ်တွင် ထိုင်နေသော မင်ယွဲ့ကို ကြည့်ရင်း မြို့တော်ဝန်ကို အလေးအနက် ပြန်လည် ပြောကြားလိုက်သည်။

"ခင်ဗျားတို့က လူ့အဖွဲ့အစည်းကိုရော ရွှီမိသားစုကိုပါ ရှင်းလင်းတဲ့ အဖြေတစ်ခု ပေးရမယ် ကျွန်တော်နဲ့ ကျွန်တော့်ရည်းစားက ကူညီပေးရုံသက်သက်ပဲ ဆိုပေမဲ့ ခင်ဗျားတို့ဘက်က တာဝန်ပျက်ကွက်တာမျိုး မဖြစ်စေချင်ဘူး"

မိုဟန်ကျီ၏ စကားမှာ ပြတ်သားသော သတိပေးချက်ပင် ဖြစ်သည်။

အကယ်၍ ဤကိစ္စကို ထိရောက်စွာ မဖြေရှင်းနိုင်ပါက တာဝန်ရှိသူများမှာ ရာထူးမှ စုံစမ်းစစ်ဆေးခံရမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပေတော့သည်။

All Chapters