တိုက်ရိုက်ဝင်လာခဲ့ပါ
Vol. 21 Ch. 209
"ဒီတစ်ခေါက် ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်"
မိုဟန်ကျီ ဖုန်းချလိုက်သည်နှင့် မင်ယွဲ့က ကျေးဇူးစကား ဆိုလိုက်သည်။
မိုဟန်ကျီက သူမအနားသို့ တိုးကပ်လာပြီး ခပ်
တိုးတိုး ပြော၏။
"ကိုယ်က မင်းရဲ့ ရည်းစားလေ... မင်းရဲ့ ဒီလို ယဉ်ကျေးလွန်းနေတာကြီးက ငါ့ကို နည်းနည်း ဝမ်းနည်းစေတယ်"
"ကောင်းပါပြီ... ဒါဆိုရင် နောက်ဆို အားမနာတော့ဘူးနော်"
သြဇာအာဏာကြီးမားလှသော မိုဟန်ကျီကိုယ်တိုင် ပါဝင်ပတ်သက်လာသည့်အတွက် အမှုကိစ္စမှာ အလွန်လျင်မြန်စွာပင် ပြီးမြောက်သွားခဲ့သည်။
မြို့တော်ဝန်ဟွမ်သည်လည်း အကယ်၍ ဤကိစ္စကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ပါက ပြစ်ဒဏ်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် ကြိုးစားဆောင်ရွက်ခဲ့သည်။
ဟဲမြောင်ရွာသို့ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ခဲ့ရာ တုန်းကျိ (ခေါ်) ရွှီနော့သည် စုဟွာ၏ခင်ပွန်းဖြစ်သူက သားယောကျ်ားလေး မရှိသဖြင့် ပြင်ပမှ ခိုးယူလာခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
ထို့အပြင် သူသည် အခြားသော ကလေးခိုးယူမှုများတွင်လည်း ပတ်သက်နေခဲ့သည်။
ထိုစဉ်က ရွှီနော့မှာ အလွန်ငယ်ရွယ်ပြီး ချစ်စရာကောင်းသလို ဘာကိုမျှ မှတ်မိနိုင်စွမ်း မရှိသေးသဖြင့် မွေးစားရန် ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
မင်ယွဲ့၏ ဟဲမြောင်ရွာ ခရီးစဉ်အတွင်း အလိုအလျောက် ပုံရိပ်ဖမ်းယူစနစ်များမှ ရရှိသော မှတ်တမ်းများမှာ ရဲတပ်ဖွဲ့အတွက် အဖိုးတန်သော သက်သေအထောက်အထားများ ဖြစ်လာခဲ့သည်။
နောက်ဆုံးတွင် စုဟွာ၏ ခင်ပွန်းဖြစ်သူမှာ ထောင်ဒဏ် (၁၅) နှစ် ချမှတ်ခံခဲ့ရသည်။
ဇနီးဖြစ်သူ စုဟွာမှာမူ ညှဉ်းပန်းနှိပ်စက်မှုများကို မသိရှိခဲ့ဟု ဆိုသော်လည်း နှစ်ရှည်လများ ကလေးကို အနိုင်ကျင့်ခဲ့မှုကြောင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခံရသည်။
ဥပဒေ၏ ပြစ်ဒဏ်မှာ ပျော်ရွှင်စရာ မိသားစုတစ်ခုနှင့် ကလေးတစ်ယောက်၏ အနာဂတ်ကို ဖျက်ဆီးခဲ့မှုအတွက် လုံလောက်သည်ဟု မဆိုနိုင်သော်လည်း ဤဖြစ်ရပ်ကြောင့် ဟဲမြောင်ရွာမှ တာဝန်ရှိသူအများအပြား အရေးယူခံခဲ့ရသည်။
နယ်မြေခံ ရဲစခန်းမှူးနှင့် တာဝန်ကျရဲအရာရှိများအားလုံး ရာထူးမှ ထုတ်ပယ်ခံခဲ့ရပြီး အခြားဒေသမှ ရဲတပ်ဖွဲ့ဝင်များကို အစားထိုးကာ ထိုရွာရှိ ဆိုးသွမ်းမှုများကို အမြစ်ပြတ် နှိမ်နင်းခဲ့သည်။
ကလေးတစ်ယောက်ကြောင့် ဂျေမြို့တော်ရှိ ရာဇဝတ်ဂိုဏ်းကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပြီး ဂိုဏ်းဝင်ရှစ်ဦးကို ဖမ်းဆီးကာ ခိုးယူခံထားရသော ကလေးငယ်တစ်ဒါဇင်ကျော်ကို ကယ်တင်နိုင်ခဲ့သည်။
ဤသတင်းမှာ တစ်နိုင်ငံလုံးတွင် ဟိုးဟိုးကျော် သွားခဲ့တော့သည်။
"ဒီအမှုမှာ အဓိက ကျေးဇူးတင်ရမှာကတော့ အခင်းဖြစ်ပွားရာကို မိဘတွေနဲ့အတူ လိုက်ပါလာပြီး ကူညီပေးခဲ့တဲ့ စိတ်သဘောထားပြည့်ဝတဲ့ နိုင်ငံသား မစ်’မင်ပဲ ဖြစ်ပါတယ်..."
မင်ယွဲ့သည် နိုင်ငံတော်သတင်းတွင် ယခုကဲ့သို့ ပါဝင်လာမည်ဟု မထင်မှတ်ထားသော်လည်း သူမ၏ စိတ်ထဲတွင် ဂုဏ်ယူဝမ်းမြောက်မှုတစ်ခု ခံစားလိုက်ရသည်။
အိမ်ရှေ့ရှိ လူခေါ်ဘဲလ်တီးသံကြောင့် မင်ယွဲ့သည် မိုဟန်ကျီ ရောက်လာပြီဖြစ်ကြောင်း သိလိုက်
သည်။
သူတို့ ရည်းစားဖြစ်ပြီးကတည်းက မိုဟန်ကျီသည် သူမအိမ်သို့ မကြာခဏ လာတတ်သည်။
သူတို့နှစ်ဦးမှာ ထူးထူးခြားခြား ဘာမျှ မလုပ်ဖြစ်ကြသော်လည်း ဆိုဖာပေါ်တွင် အတူထိုင်ကာ တီဗွီကြည့်နေရရုံနှင့်ပင် မိုဟန်ကျီမှာ ပျော်ရွှင်နေတတ်သည်။
မင်ယွဲ့ တံခါးဖွင့်ပေးလိုက်သည်နှင့် မိုဟန်ကျီက ရင်းနှီးကျွမ်းဝင်စွာဖြင့် ဖိနပ်လဲလိုက်သည်။
"ခဏလေး... ရှင့်ရဲ့ မျက်နှာကို မှတ်တမ်းတင်
ရအောင်"
မင်ယွဲ့သည် မိုဟန်ကျီကို တံခါးဝသို့ ခေါ်သွားကာ တံခါးဖွင့်စနစ်တွင် သူ၏ မျက်နှာကို မှတ်ပုံတင်ပေးလိုက်ပြီး လျှို့ဝှက်နံပါတ်ကိုပါ ပြောပြလိုက်သည်။
"နောက်ဆိုရင် တိုက်ရိုက်ဝင်လာခဲ့ရုံပဲ"
ဟု သူမက ဆိုသည်။
သူမသည် တံခါးထဖွင့်ပေးရခြင်းကိုပင် ပျင်းရိနေခြင်း ဖြစ်သည်။
"ကောင်းပါပြီ"
မိုဟန်ကျီ အလွန် ဝမ်းသာသွားသည်။
ယွဲ့ယွဲ့က သူမ၏ ဘဝထဲသို့ သူ့ကို တဖြည်းဖြည်း ချဉ်းကပ်ခွင့် ပေးနေပြီ မဟုတ်ပါလား။
မင်ယွဲ့သည် ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ထိုင်လိုက်စဉ် မိုဟန်ကျီက သူဝယ်လာသော ပစ္စည်းများကို ချလိုက်သည်။
"မုန့်တွေ ဝယ်လာတယ် အခုတင် ဖုတ်ထားတာဆိုတော့ ပူပူနွေးနွေးလေး ရှိသေးတယ်"
သူက မုန့်ထုပ်ကို ဖွင့်ကာ မင်ယွဲ့ကို ကျွေးလိုက်
သည်။
"စားလို့ကောင်းသားပဲ... ရှင်လည်း စားဦးလေ"
မင်ယွဲ့က သူ့ကိုလည်း စားစေချင်သော်လည်း မိုဟန်ကျီမှာ သူမ၏ လက်ထဲမှ တစ်ဝက်ကျန်သော မုန့်ကိုသာ မျက်စိကျနေခဲ့သည်။
သူက ငုံ့လိုက်ပြီး မင်ယွဲ့ လက်ထဲမှ မုန့်ကို ကိုက်ယူလိုက်သည်။
မင်ယွဲ့မှာ မတတ်သာတော့ဘဲ နောက်ထပ်တစ်ပိုင်းကို ယူကာ မိုဟန်ကျီ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ရသည်။
"စားချင်ရင် ကိုယ်တိုင်ယူစားပါလား"
သူမ ကိုက်ထားသော မုန့်ကိုပင် ဘာမျှ မစဉ်းစားဘဲ စားလိုက်သော မိုဟန်ကျီကို ကြည့်ရင်း မင်ယွဲ့၏ ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်သွားရသည်။
"ကျန်ကျွင်းဆီက ကြားတယ်... ဆိုင်ကို ဝယ်လိုက်တယ်ဆို"
"ဟုတ်တယ်... အဲဒီမှာ တစ်ထပ်မှာ တရုတ်ဟင်းလျာနဲ့ နောက်တစ်ထပ်မှာတော့ သီးသန့် အပြင်အဆင်တွေပါတဲ့ စားသောက်ဆိုင် ဖွင့်ဖို့ စဉ်းစားထားတယ်"
"မင်းမှာ ကိုယ်ပိုင် စိတ်ကူးတွေ ရှိမှာပါ... ဘာလိုအပ်တာပဲဖြစ်ဖြစ် ငါ့ကို အချိန်မရွေး ပြောနော်"
သူတို့နှစ်ဦးစလုံးမှာ ငွေကြေးအတွက် ပူပန်ရန် မလိုသဖြင့် ဆိုင်မြတ်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အရေးမကြီးချေ။
"အိမ်မွေးတိရစ္ဆာန်တွေ ခွင့်ပြုတဲ့ ဆိုင်မျိုး ဖြစ်စေချင်တယ်"
ဆိုင်၏ ပထမထပ်တွင် သစ်သားဘောင်များနှင့် လိုက်ကာများဖြင့် ကာရံထားပြီး နှစ်ထပ်တွင် သီးသန့်အခန်းများ ရှိသောကြောင့် ဧည့်သည်များအတွက် လွတ်လပ်မှုကို ပေးနိုင်စွမ်း ရှိသည်။
"ကောင်းတဲ့ စိတ်ကူးပဲ"
ယွဲ့ယွဲ့ကိုယ်တိုင် တိရစ္ဆာန်လေးများကို ချစ်မြတ်နိုးသူဖြစ်သဖြင့် ဤစိတ်ကူးမှာ အံ့သြစရာ မရှိပေ။
ဆိုင်၏အမည်ကို "မင်ယွဲ့ စားသောက်ဆိုင်" ဟု ပြောင်းလဲလိုက်ပြီး ဆိုင်းဘုတ်တွင် လမင်းပုံသဏ္ဌာန်နှင့် "MOON" ဟု အင်္ဂလိပ်အက္ခရာများ ထည့်သွင်းရန် စီစဉ်ထားသည်။
မင်ယွဲ့သည် စာသင်ချိန် ပြင်ပတွင် ထိုဆိုင်သို့ မကြာခဏ သွားတတ်သည်။
ဆိုင်မန်နေဂျာမှာ အလွန် တာဝန်ကျေပွန်သူဖြစ်ပြီး စားဖိုမှူးများမှာလည်း ဟင်းချက်နည်းအသစ်များကို လေ့ကျင့်နေကြသည်။
"စူပါမားကတ် သွားမလား"
မိုဟန်ကျီ ရေခဲသေတ္တာကို ဖွင့်ကြည့်ပြီးနောက် မေးလိုက်သည်။
အထဲတွင် ပစ္စည်းများ ပြတ်လပ်နေပြီ ဖြစ်သည်။
"သွားမယ်လေ"
မင်ယွဲ့ အင်္ကျီထဝတ်လိုက်စဉ် ပစ္စည်းများဖြင့် ကစားနေသော ယွမ်ပေါ့မှာလည်း လိုက်ရန် ပြင်တော့သည်။
"ငါ ချီသွားပေးမယ်"
ယွမ်ပေါ့သည် မင်ယွဲ့၏ ရင်ခွင်ထဲသို့ ခုန်ဝင်ရန် ပြင်သော်လည်း မိုဟန်ကျီ၏ စကားကို ကြားသောအခါ လမ်းကြောင်းပြောင်းလိုက်သည်။
"အခုဆိုရင် သူက လမ်းတောင် မလျှောက်တော့ဘူး... တစ်နေရာရာ သွားမယ်ဆိုရင် အမြဲတမ်း ချီခိုင်းနေတော့တာပဲ"
ဟု မင်ယွဲ့က ယွမ်ပေါ့၏ နဖူးကို တို့ကာ ပြောလိုက်သည်။
"သူက သေးသေးလေးပဲ ရှိသေးတာပဲ... ကိုယ် ချီသွားပါ့မယ်"
မိုဟန်ကျီသည် ယွမ်ပေါ့အပေါ် အလွန်
အလိုလိုက်သော ဖခင်တစ်ဦးကဲ့သို့ ပြုမူနေသည်။
【ယွဲ့ယွဲ့... ကြားလား မင်းက ငါ့ကို အရင်ကထက် လျော့ချစ်လာပြီ။】
ယွမ်ပေါ့က စိတ်ချင်းဆက်သွယ်၍ မင်ယွဲ့ကို တိုင်တန်းလိုက်သည်။
'ငါက နင့်ကို ဘယ်တုန်းက ချစ်လို့လဲ'
မင်ယွဲ့က စိတ်ထဲမှ နောက်ပြောင်လိုက်၏။
【ငါတို့က လက်တွဲဖော်တွေလေ... ငါက နင် အချစ်ရဆုံး အိမ်မွေးတိရစ္ဆာန် မဟုတ်ဘူးလားဘယ်လိုတောင် ပြောလိုက်တာလဲ။】
ယွမ်ပေါ့၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မိုဟန်ကျီ သတိထားမိလိုက်သည်။
“သူ ဘာဖြစ်တာလဲ... အပြင်ထွက်ချင်လွန်းလို့လား"
"ဖြစ်နိုင်တာပဲ"
မင်ယွဲ့က ခပ်အေးအေးပင် ဆိုလိုက်သည်။
【ကောင်းပါပြီ... ငါ နောက်တာပါ ချီပေးမယ့်သူ ရှိနေရင် ရပါပြီ။】
သူတို့ သုံးဦးသား စူပါမားကတ်သို့ ရောက်ရှိလာကြသည်။ အရပ်ရှည်ပြီး ခန့်ညားသော အမျိုးသားတစ်ဦးက ဈေးဝယ်လှည်းကို တွန်းနေပြီး သူ၏ ပုခုံးပေါ်တွင် အမွေးဖွဖွ တိရစ္ဆာန်လေးတစ်ကောင် ရှိနေကာ ဘေးတွင် လှပသော မိန်းကလေးတစ်ဦး ရှိနေခြင်းက လူတိုင်း၏ အာရုံကို ဖမ်းစားထားတော့သည်။
"ဒါလေး စားချင်လား"
မိုဟန်ကျီသည် ဈေးဝယ်နေစဉ်အတွင်း အလွန်ပင် ကြည့်ကောင်းနေသည်။
အာဏာရှင်ဆန်သော CEO ဘဝမှ ကျွမ်းကျင်သော အိမ်ထောင်ဦးစီးတစ်ဦးအဖြစ် ပြောင်းလဲသွားသည့် ပုံရိပ်မျိုး ပေါ်လွင်နေသည်။
"နိုင်ငံခြားမှာ ကျောင်းတက်တုန်းက အစားအစာတွေနဲ့ အသားမကျလို့ ကိုယ်တိုင်ပဲ အမြဲ ချက်စားဖြစ်ခဲ့တာ"
ဟု သူက ရှင်းပြသည်။
"အင်း... ဒါကြောင့် ရှင်က ဈေးဝယ်တာရော ဟင်းချက်တာရော ကျွမ်းကျင်နေတာကိုး"
မင်ယွဲ့သည် သူရွေးပေးသော အမဲသားတုံးကို ဈေးဝယ်လှည်းထဲသို့ ထည့်လိုက်သည်။
မိုဟန်ကျီသည် မင်ယွဲ့ စိတ်တိုင်းကျ ဖြစ်နေသည်ကို မြင်ရသဖြင့် အလွန်ပင် ကျေနပ်နေမိသည်။
ယွမ်ပေါ့မှာမူ မိုဟန်ကျီ၏ ပုခုံးပေါ်မှနေ၍ စင်ပေါ်ရှိ ပစ္စည်းများကို လောဘတကြီး လိုက်
ကြည့်နေသည်။
ထိုအငမ်းမရ ဖြစ်နေသော ယွမ်ပေါ့ကို ကြည့်ရင်း မင်ယွဲ့မှာ ခေါင်းခါမိတော့သည်။
သူမသည် သူ့ကို မည်သည့်အခါမျှ အစားအသောက် မလျှော့ခဲ့သော်လည်း ယခုတော့ ဘာမျှ မစားရသေးသည့်အတိုင်း ပြုမူနေတော့သည်။