← Chapters

အခန်း (၂၁-၂၂)

Vol. 2 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 2 Ch. 21-22

အပိုင်း (၂၁) ချိုင်ကြည်နှင့် အစ်ကိုမာ

"အစ်ကိုမာ... အစ်ကိုမာ..."

(၃၁) ထပ်၏ လူကူးစင်္ကြံလမ်းတွင် မိုးသည်းထန်စွာ ရွာသွန်းနေပြီး မိုးစက်မိုးပေါက်များက စင်္ကြံထဲရှိ တဲငယ်များပေါ်သို့ တဖွားဖွား လွင့်စင်ကျနေသည်။ ချိုင်ကြည်က မာကောချိုင်၏ တဲအပြင်ဘက်တွင် ရပ်ကာ အသံတိုးတိုးဖြင့် ခေါ်လိုက်ခြင်း ဖြစ်သည်။

မာကောချိုင်က တဲဇစ်ကို ဆွဲဖွင့်လိုက်ပြီး ချိုင်ကြည်ကို မြင်သော် "ဘယ်နှစ်နာရီ ရှိပြီလဲ" ဟု မေးလိုက်သည်။

"ညရှစ်နာရီ ထိုးတော့မယ်"

မာကောချိုင်က ခေါင်းညိတ်ပြလျက် "ငါပဲ ကင်းစောင့်လိုက်မယ်... မင်း ခဏသွားနားလိုက်ဦး" ဟု ဆိုသည်။

ချိုင်ကြည်က ဝဲယာကို ဝေ့ဝဲကြည့်ရှုပြီးနောက် "မလောနဲ့ဦး... အစ်ကိုမာကို ပြောစရာ ကိစ္စလေး ရှိလို့" ဟု ပြောလိုက်၏။

မာကောချိုင်မှာ ခေတ္တမျှ ကြောင်အသွားသော်လည်း တစ်စုံတစ်ခုကို ချက်ချင်း ရိပ်မိသွားကာ တဲထဲမှ အမြန်ထွက်လာခဲ့သည်။ ထို့နောက် နှစ်ယောက်သား လှေကားခွင် အနီးသို့ ထွက်လာခဲ့ကြ၏။ သူတို့နှစ်ဦးမှာ လှေကားထောင့်ကွေ့ရှိ တင်းယန်နှင့် ဖန်းမေချင်း တို့ထံမှ မသိမသာ ခပ်လှမ်းလှမ်းတွင် နေရာယူလိုက်ကြသည်။

ထိုအခါမှ ချိုင်ကြည်က အသံကို နှိမ့်၍ "ဒီမနက်က အသံဗလံတွေကို အစ်ကိုမာ ကြားလိုက်တယ်မလား" ဟု မေးလိုက်သည်။

မာကောချိုင်က ခေါင်းညိတ်ကာ "ဒီလောက် ဆူညံနေတာကို ငါမကြားဘဲ နေမလား... လျှိုအားလုံက (၃၂) ထပ်က ကောင်လေးနဲ့ သွားငြိတာ... တကယ့်ကို အထိနာသွားတာပဲ"

ချိုင်ကြည်က ဆက်၍ "အဲ့ဒီကောင်လေးလက်ထဲမှာ ဓာတ်ဆီတွေ၊ ဂတ်စ်အိုးတွေ ရှိနေမယ်လို့ ဘယ်သူ ထင်မှာလဲ... အခုတော့ ဒီပစ္စည်းတွေကြောင့် လျှိုအားလုံလည်း သူ့ကို လောလောဆယ် သွားမထိရဲတော့ဘူး"

မာကောချိုင်က ခေါင်းညိတ်ထောက်ခံပြီး ချိုင်ကြည်ကို ကြည့်ကာ မေးလိုက်သည်။ "မင်း ဘယ်လို စဉ်းစားထားလဲ"

ချိုင်ကြည်က လေသံအေးအေးဖြင့် "အဲ့ဒီကောင်လေးဆီမှာ ဓာတ်ဆီနဲ့ ဂတ်စ်အိုးတွေ ရှိမှတော့ စားစရာတွေလည်း အများကြီး ရှိဦးမှာပဲ... ကျွန်တော့်သမီးလေးကတော့ မခံနိုင်တော့ဘူး... တစ်ခုခုသာ ထပ်မစားရရင် ကျွန်တော် စိုးရိမ်တာက..."

မာကောချိုင်၏ မျက်နှာ အနည်းငယ် ပျက်သွားပြီး "ဒါဆို အောက်ထပ်ဆင်းပြီး ငါးသွားဖမ်းကြမလား" ဟု ခပ်တိုးတိုး မေးသည်။

ချိုင်ကြည်က ခေါင်းခါလျက် "လျှိုအားလုံလူတွေက (၁၀) ထပ်မှာ စောင့်နေကြတာ... တခြားလူတွေ ငါးဖမ်းဖို့ အခွင့်အရေး မရှိဘူး... ဖမ်းမိရင်တောင် သူတို့က အတင်းလုယူမှာ"

"ဒါဆို မင်းပြောချင်တာက..."

"ကျွန်တော် (၃၂) ထပ်က လူဆီမှာ အကူအညီ သွားတောင်းချင်တယ်"

"သူက မင်းကို စားစရာ ပေးပါ့မလား" မာကောချိုင်က သက်ပြင်းချကာ မေးလိုက်သည်။

"စားစရာ တောင်းဖို့ မဟုတ်ဘူး... ကျွန်တော်က သူ့နဲ့ ပူးပေါင်းချင်တာ... ကျွန်တော်တို့တွေသာ အခုလို အခြေအနေမှာ တိုင်တိုင်ပင်ပင်နဲ့ စုစည်းမနေကြရင် လျှိုအားလုံလို လူယုတ်မာဆီမှာ အနိုင်ကျင့်ခံရပြီး သေသွားကြလိမ့်မယ်"

"ဒါက... အရင်ကလည်း ငါတို့ တခြားလူတွေကို စည်းရုံးဖူးတာပဲ... ဒါပေမဲ့ အဲ့ဒီလူတွေအကြောင်း မင်းလည်း သိသားပဲ... သူတို့ကို ယုံဖို့ ခက်တယ်... ပြီးတော့ လျှိုအားလုံက စားစရာလေး နည်းနည်း ထုတ်ပေးလိုက်တာနဲ့ ချက်ချင်း သစ္စာဖောက်ပြီး ငါတို့ကို ပြန်ရောင်းစားကြမှာ... အဲ့ဒီအခါကျရင်..."

မာကောချိုင်က သက်ပြင်းချလိုက်မိသည်။ အရင်ကလည်း သူတို့လူစုခဲ့ဖူးသော်လည်း လျှိုအားလုံ၏ ဖျက်ဆီးမှုကြောင့် တစ်ဦးချင်းစီ ပြိုကွဲခဲ့ရသည်။ အဓိကအချက်မှာ အချင်းချင်း မရင်းနှီးကြဘဲ ခိုင်မာသော ယုံကြည်မှု အခြေခံ မရှိခြင်းကြောင့်ပင်။

ချိုင်ကြည်က ခပ်တိုးတိုး ပြောလိုက်သည်။ "ဒီတစ်ခါတော့ မတူဘူး... (၃၂) ထပ်က လူနဲ့ လျှိုအားလုံကတော့ ရန်သူတွေ ဖြစ်သွားကြပြီ... သူကတော့ လုံးဝ အညံ့ခံမှာ မဟုတ်ဘူး"

"ကျွန်တော်က သူ့ဆီက စားစရာကို မလိုချင်ဘူး... ကျွန်တော်တို့ အားလုံး စုစည်းပြီး လျှိုအားလုံလို ကောင်ကို တွန်းလှန်ချင်ရုံပဲ... အောက်ဆင်းပြီး ငါးဖမ်းတာတောင် သူတို့ရဲ့..."

သူ စကားပြောနေစဉ် လှေကားခွင်အတွင်းမှ အသံတစ်ခု ကြားလိုက်ရသဖြင့် ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ မာကောချိုင်ကလည်း ချက်ချင်း တုံ့ပြန်လိုက်ပြီး ခါးကြားမှ ဓားမြှောင်ကို ဆွဲကိုင်ကာ လှေကားဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ လှေကားဝတွင် လူရိပ်တစ်ခု ခပ်ကြောက်ကြောက်ဖြင့် ဆင်းလာပြီး "ကျွန်မ... ကျွန်မရော ပါလို့ ရမလား" ဟု ဆိုလာသည်။

"တင်းယန်"

မိန်တုဥယျာဉ်၏ မှိန်ဖျဖျ အလင်းရောင်အောက်တွင် မာကောချိုင်က ထိုလူကို မှတ်မိသွားသည်။ ကျိုးကျားချောင်၏ ကစားစရာအဖြစ် သတ်မှတ်ခံထားရသော တင်းယန်ပင် ဖြစ်၏။

ချိုင်ကြည်လည်း မျက်နှာပျက်သွားကာ "မင်း... ဘယ်တုန်းက ရောက်နေတာလဲ" ဟု မေးလိုက်သည်။

တင်းယန်၏ မျက်လုံးများထဲတွင် နာကျည်းမှုများဖြင့် ပြည့်နှက်နေပြီး "အစ်ကိုချိုင်... ဦးလေးမာ... ရှင်တို့ လျှိုအားလုံကို ပြန်တိုက်ဖို့ဆိုရင် ကျွန်မကိုရော ထည့်ပေးလို့ ရမလား" ဟု ဆိုသည်။

ချိုင်ကြည်က စကားမပြောဘဲ မာကောချိုင်ကို အကြည့်ဖြင့် တိုင်ပင်လိုက်သည်။ မာကောချိုင်က ရုတ်တရက် "ဖန်းမေချင်းရော" ဟု မေးလိုက်၏။

တင်းယန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီး "သေပြီ" ဟု ဖြေသည်။

ချိုင်ကြည် မျက်မှောင်ကြုတ်သွားကာ "သေပြီ... ဘယ်လိုဖြစ်တာလဲ"

သူက စင်္ကြံလမ်းမှာ အမြဲရှိနေသော်လည်း ဘာအသံမှ မကြားလိုက်ရပေ။

တင်းယန်က ခါးသီးစွာ ပြုံးလျက် "ကျွန်မ သတ်လိုက်တာ"

"ဘာ"

ချိုင်ကြည်နှင့် မာကောချိုင်တို့ မျက်နှာများ ချက်ချင်း ပျက်သွားပြီး တင်းယန်နှင့် အလိုအလျောက် ခပ်လှမ်းလှမ်းသို့ ဆုတ်လိုက်ကြသည်။ ချိုင်ကြည်က "ဘာဖြစ်လို့လဲ" ဟု မမေးဘဲ မနေနိုင်တော့ပေ။

တင်းယန်က စက်ဆုပ်ဖွယ်ကောင်းသော အမူအရာဖြင့် "ဟက်... ကျိုးကျားချောင် သေသွားတော့ ဖန်းမေချင်းက အားကိုးစရာ မရှိတော့ဘူးလေ... ဒါနဲ့ နောက်ထပ် ယောက်ျားတစ်ယောက် သွားရှာဖို့ ပြင်တော့တာပဲ"

"သူက ကျွန်မကိုပါ သူ့နောက် လိုက်ခဲ့ဖို့ အတင်းအကျပ် ခိုင်းတာ... ဒါမှ သူက ယောက်ျားတွေနဲ့ ဈေးဆစ်လို့ ရမှာတဲ့... ဟဟ... ကျွန်မကို ကျိုးကျားချောင် မုဒိမ်းကျင့်တာတောင် ဘာမှ ပြန်မလုပ်နိုင်တဲ့ လူဖျင်းတစ်ယောက်လို့ သူက ထင်နေတာ"

"အစတုန်းက သူသာ ကျွန်မကို လိမ်ပြီး တံခါးမဖွင့်ခိုင်းခဲ့ရင် ကျိုးကျားချောင်က ကျွန်မအိမ်ထဲ ဘယ်လို ဝင်လာနိုင်မှာလဲ"

"အခုတော့ ကျိုးကျားချောင်လည်း မရှိတော့ဘူး... သူ့ကို ကာကွယ်ပေးမယ့်သူလည်း မရှိတော့ဘူးလေ... ဒါကြောင့် ကျွန်မ သူ့ကို သတ်ပစ်လိုက်တာ... ကျွန်မ သတ်တာ မှားလို့လား... ဦးလေးမာ... အစ်ကိုချိုင်... ကျွန်မ သူ့ကို သတ်ပစ်သင့်တယ် မဟုတ်လား"

ချိုင်ကြည်နှင့် မာကောချိုင်တို့ အလွန်အစ်မင်း ထိတ်လန့်သွားကြသည်။ ဖန်းမေချင်း၊ ကျိုးကျားချောင်နှင့် တင်းယန်တို့ကြားတွင် ဤကဲ့သို့ နာကျည်းချက်များ ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ခဲ့ကြပေ။

ချိုင်ကြည်သည် တင်းယန်နှင့် ဖန်းမေချင်းတို့ကို လှေကားခွင်ထဲတွင် အကြိမ်အနည်းငယ် တွေ့ဖူးသည်။ ဖန်းမေချင်းမှာ အလွန် အသားယူတတ်သူ ဖြစ်ပြီး ကျိုးကျားချောင် မရှိလျှင် စားစရာရရန်အတွက် သူ့ကိုပင် မြူဆွယ်တတ်သေးသည်။

ထိုစဉ်က တင်းယန်ကို ကြည့်ရသည်မှာ နံရံထောင့်တွင် ကုတ်ကုတ်လေး ထိုင်နေပြီး ကျိုးကျားချောင်၏ နှိပ်စက်မှုကို ခံနေရသည့် အသက်မဲ့နေသော ရုပ်အလောင်းတစ်ခုကဲ့သို့ပင်။ သူမသည် ကလဲ့စားချေရန် အခွင့်အရေးကို အမြဲ စောင့်ဆိုင်းနေခဲ့လိမ့်မည်ဟု မည်သူက ထင်ပါမည်နည်း။

အရပ် ၆ ပေ နီးပါး ရှိသော ယောက်ျားကြီး တစ်ယောက်ဖြစ်သည့် ချိုင်ကြည်ပင် ကျောချမ်းသွားရသည်။

"တင်းယန်... ငါတို့က... ခုနက စမလို့ပါ..." ချိုင်ကြည်က ဤကဲ့သို့သော အမျိုးသမီးနှင့် ဝေးဝေးနေချင်သဖြင့် အလိုအလျောက် ပြောထွက်သွားမိသည်။

တင်းယန်က ချိုင်ကြည်ကို စိုက်ကြည့်ကာ "ရှင်တို့ ကျွန်မကို မခေါ်ဘူးဆိုရင် အခုချက်ချင်း လျှိုအားလုံဆီ သွားပြောလိုက်မယ်"

ချိုင်ကြည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ကြက်သွန်လှီးဓားကို ဆွဲကိုင်လိုက်သည်။

ဘေးမှ မာကောချိုင်က ရင်တုန်သွားပြီး ချိုင်ကြည်၏ လက်မောင်းကို လှမ်းဖမ်းကာ "တင်းယန်... ဒါ နောက်စရာ မဟုတ်ဘူး... ငါတို့မှာ သေချာတဲ့ အစီအစဉ် မရှိသေးလို့ပါ... သေချာထပ်ပြီး တိုင်ပင်ရဦးမယ်" ဟု အမြန်ပြောလိုက်ရသည်။

"ဘာတိုင်ပင်စရာ ရှိလို့လဲ... အပေါ်ထပ်က လူကလည်း အခု အပြင်က အကူအညီ လိုနေမှာ သေချာတယ်... သူ့ဆီ တန်းသွားပြီး ပြောလိုက်ရုံပဲ"

"ရှင်တို့ ကြောက်နေရင် ကျွန်မ သွားမယ်... ကျွန်မပဲ သူ့ကို ပြောမယ်"

တင်းယန်က ပြတ်ပြတ်သားသား ပြောလိုက်သည်။ အစွန်းရောက်သော မျှော်လင့်ချက်မဲ့မှုကို ကြုံတွေ့ပြီးနောက် အချို့လူများသည် စိတ်ဓာတ်ကျသွားတတ်သော်လည်း အချို့မှာမူ ပို၍ ရက်စက်ပြတ်သားလာတတ်ကြသည်။ တင်းယန်မှာ ဒုတိယ အမျိုးအစားဖြစ်ကြောင်း ထင်ရှားလှသည်။ ဖန်းမေချင်းကို သတ်လိုက်ပြီးနောက် သူမသည် ရက်စက်တတ်သူ တစ်ယောက် ဖြစ်သွားခဲ့ပြီ။

မာကောချိုင်က တွေဝေနေဆဲ ဖြစ်သော်လည်း ချိုင်ကြည်ကမူ တင်းယန်ကို စိုက်ကြည့်ကာ ရုတ်တရက် ရယ်မောလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ... တင်းယန်... မင်းသာ အပေါ်ထပ်က လူကို စည်းရုံးနိုင်ရင် ငါတို့ အတူတူ ပူးပေါင်းကြတာပေါ့"

"ချိုင်ကြည်... မင်း..." မာကောချိုင်က တစ်ခုခု ပြောရန် ပြင်သော်လည်း ချိုင်ကြည်က တားလိုက်သည်။

"အစ်ကိုမာ... လူပိုရင် အင်အား ပိုတာပေါ့... တင်းယန်က မျှော်လင့်ချက်မဲ့တဲ့ အခြေအနေကနေ ပြန်ရှင်သန်လာတာလေ... ကျွန်တော်တော့ ပူးပေါင်းလို့ ရတယ် လို့ထင်တယ်"

"ရန်သူ တစ်ယောက် တိုးတာထက် မိတ်ဆွေ တစ်ယောက် တိုးတာက ပိုကောင်းပါတယ်"

"တကယ်လို့ တိုက်ပွဲဖြစ်လာရင် အစ်ကိုမာနဲ့ ကျွန်တော်က လျှိုအားလုံကို ထိန်းထားမယ်... တင်းယန်က နောက်ကနေ တစ်ချက်လောက် ဓားနဲ့ ထိုးလိုက်ရင် လျှိုအားလုံ ဘယ်လောက်တော်တော် သေရမှာပဲ"

မာကောချိုင် တိတ်ဆိတ်သွားပြီး တင်းယန်ကို ကြည့်ကာ ပြုံးလိုက်သည်။ "တင်းယန်... ကြိုဆိုပါတယ်"

တင်းယန်၏ မျက်နှာတွင် နောက်ဆုံးတော့ အပြုံးတစ်ခု ပေါ်လာပြီး "ခဏနေဦး... ကျွန်မ အပေါ်တက်ပြီး အဲ့ဒီလူကို သွားရှာလိုက်မယ်" ဟု ပြောသည်။

ချိုင်ကြည်က "နေဦး... ငါ မင်းနဲ့ လိုက်ခဲ့မယ်... အစ်ကိုမာ... ကျွန်တော့် မိန်းမနဲ့ ကလေးကို ကြည့်ထားပေးပါဦး"

"စိတ်ချ... ဒီမှာ ငါ ရှိတယ်"

ချိုင်ကြည်နှင့် တင်းယန်တို့ ချက်ချင်း အပေါ်ထပ်သို့ တက်လာကြသည်။ လှေကားထောင့်သို့ ရောက်သောအခါ ချိုင်ကြည်က စက္ကူဖာများ ပုံထားသည့် နေရာကို တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာတွင် သွေးကွက်ကြီး တစ်ခုကို တွေ့လိုက်ရသော်လည်း ဖန်းမေချင်း၏ အလောင်းကိုမူ မတွေ့ရတော့ပေ။

တင်းယန်က သူ ဘာစဉ်းစားနေသည်ကို သိသဖြင့် "အလောင်းကို ကျွန်မ အောက်ထပ် ပစ်ချလိုက်ပြီ" ဟု ဆိုသည်။

"အစ်ကိုချိုင်... ရေကြီးတာ ဒီလောက် ကြာနေပြီ... အစိုးရ ကယ်ဆယ်ရေးကလည်း ရောက်မလာသေးဘူး... ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မှာ"

"ဖန်းမေချင်းက ယောက်ျားတစ်ယောက်ကို အားကိုးချင်နေတာလေ... ဟဟ... သူ မသိတာက ကိုယ့်မှာ တန်ဖိုး မရှိရင် ယောက်ျားတွေအတွက် သူက ကစားစရာ တစ်ခုထက် မပိုဘူး ဆိုတာပဲ"

ချိုင်ကြည်က သက်ပြင်းတစ်ချက် ချလိုက်ရင်း တင်းယန်ကို အကဲခတ်လိုက်မိသည်။ ဤအမျိုးသမီးကတော့ အစွန်းတစ်ဖက်ကို ရောက်သွားခဲ့ပြီ ထင်၏။

မကြာမီ သူတို့နှစ်ဦး လင်းယွမ်၏ အိမ်တံခါးဝသို့ ရောက်ရှိလာကြတော့သည်။

ဆက်ရန်...

အပိုင်း (၂၂) ပူးပေါင်းရန် ကမ်းလှမ်းခြင်း

လင်းယွမ်၏ တိုက်ခန်းတံခါးဝတွင် ဖြစ်သည်။

တံခါးဝရှိ ကြမ်းပြင်ပေါ်တွင် သွေးကွက်များက ရှိနေဆဲ။

တင်ယန်က သွေးကွက်များကို ကြည့်ရင်း ပြောလိုက်သည်။

"ရေကြီးပြီးကတည်းက လျှိုအားလုံ တို့လူစုကလွဲရင် လူသတ်ရဲတာဆိုလို့ ဒီတစ်ယောက်ပဲ တွေ့ဖူးသေးတယ်"

"ဒါပေမဲ့ သူက လျှိုအားလုံ တို့ထက်စာရင် စည်းရှိတယ်... ဖန်းမေချင်း မြှူဆွယ်တုန်းကတောင် သူ စိတ်မယိုင်သွားဘူး"

ချိုင်ကြည်က ဝင်ထောက်ခံသည်။

"ကပ်ဘေးကြီး ဆိုက်လာတော့ ကိုယ်ကျင့်တရားတွေ ပျက်စီးကုန်ကြပြီလေ... ဒီလို သတ်ရဲဖြတ်ရဲတဲ့လူမျိုးမှပဲ အသက်ပိုရှည်ရှည် နေရမှာ"

ထိုစကားက တင်ယန်တစ်ယောက် ဖန်းမေချင်းကို သတ်ဖြတ်ခဲ့သည့် ကိစ္စအပေါ် ချိုင်ကြည်က လက်ခံပေးလိုက်သည့် သဘောပင်။

တင်ယန်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး ဘာမှပြန်မပြောတော့ဘဲ တံခါးကိုသာ ခေါက်လိုက်သည်။

..........................................................................................

ဧည့်ခန်းထဲတွင် လင်းယွမ်က ဆိုဖာပေါ်တွင် မှောက်လျက်သား ရှိနေပြီး ရင့်ကျက်သည့်အလှပိုင်ရှင် ရန်မေက သူ၏ ခါးပေါ်တွင် ခွထိုင်နေသည်။

သူမက ခါးကို အနည်းငယ် ကိုင်းညွှတ်လိုက်ရာ ပြည့်ဖြိုးသည့် ရင်အစုံက တွဲအိကျဆင်းလာသည်။ ကြာဆံကဲ့သို့ ရှည်လျားသွယ်လျသော လက်ချောင်းလေးများဖြင့် လင်းယွမ်၏ ကျောပြင်ကြွက်သားများကို ညင်သာစွာ နှိပ်နယ်ပေးရင်း အညောင်းအညာ ဖြေပေးနေသည်။

နွေရာသီဖြစ်သည့်အတွက် တစ်ယောက်က စကတ်တိုလေး ဝတ်ထားပြီး တစ်ယောက်က အပေါ်ပိုင်းဗလာကျင်း ဖြစ်နေသည်။

ဤမျှ နီးကပ်စွာ ထိကပ်နေသဖြင့် နှစ်ဦးသား၏ ကိုယ်ငွေ့အပူချိန်ကို အပြန်အလှန် ခံစားနေရသည်။

လင်းယွမ်၏ အသက်ရှူသံများ တဖြည်းဖြည်း ပြင်းထန်လာပြီး စိတ်မထိန်းနိုင်တော့ဘဲ လက်လှမ်းကာ အစ်မမေ၏ ခြေသလုံးကွေးနေရာကို ကိုင်လိုက်မိသည်။

ကြမ်းတမ်းသော လက်ဖဝါးပြင်နှင့် စုတ်ပြဲနေသော ခြေအိတ်ရှည်တို့ ထိတွေ့လိုက်မိသည့် ခဏတာတွင်... ထိုအိမ်နီးချင်း အလှပဂေးမှာ ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရပြီး တစ်ကိုယ်လုံး တုန်တက်သွားရှာသည်။

သူမ၏ ခြေထောက်နှစ်ဖက်မှာလည်း ချက်ချင်း တောင့်တင်းသွားသည်။

လင်းယွမ်က မသိချင်ယောင်ဆောင်၍ ခြေသလုံးကွေးမှတစ်ဆင့် စုတ်ပြဲနေသော ခြေအိတ်ပေါက်ထဲသို့ လက်ကို လျှိုသွင်းလိုက်သည်။

သူ့ကျောပေါ်ရှိ အမျိုးသမီး၏ အသက်ရှူသံများလည်း ပိုမိုပြင်းထန်လာသည်ကို ခံစားလိုက်ရသည်။

စောစောက တောင့်တင်းနေသော ပေါင်တံများမှာလည်း တဖြည်းဖြည်း လျော့ကျသွားလေသည်။

ထိုသို့ အရှိန်ရနေစဉ်မှာပင် တံခါးဝဆီမှ "ဒေါက် ဒေါက် ဒေါက်" ဟူသော တံခါးခေါက်သံကို ရုတ်တရက် ကြားလိုက်ရသည်။

နှစ်ယောက်စလုံး ပြိုင်တူလိုလို ကြောင်အသွားကြသည်။ ရန်မေက ဆိုဖာပေါ်မှ ပျာပျာသလဲ ဆင်းလိုက်ပြီး မတ်တတ်ရပ်လိုက်သည်။

လင်းယွမ်၏ ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ ခိုးစားနေသည်ကို လူမိသွားသကဲ့သို့ ခံစားလိုက်ရပြီး ထိတ်လန့်သွားသော်လည်း တစ်ဖက်တွင်မူ ပြောမပြတတ်အောင် စိတ်လှုပ်ရှားဖွယ် ကောင်းနေပြန်သည်။

သူလည်း ဆိုဖာပေါ်မှ အမြန်ထထိုင်လိုက်ပြီး ရန်မေကို လှမ်းကြည့်လိုက်သည်။

အစ်မမေ၏ မျက်နှာလေးမှာ ရဲရဲနီနေပြီး မျက်ဝန်းအိမ်ထဲတွင် ဆောင်းဦးရေကန်ပမာ အရည်လဲ့နေသည်။ သိသာစွာပင် စိတ်လှုပ်ရှားနေခဲ့ပုံရသော်လည်း ယခုအချိန်တွင်မူ ထိုရေကန်ထဲတွင် ထိတ်လန့်ရိပ်များ လွှမ်းခြုံနေလေသည်။

"လီကျစ်ချန် များလား..."

သူမက စိုးရိမ်တကြီး မေးလိုက်သည်။

သူမက ရှေးရိုးစွဲအမျိုးသမီးတစ်ယောက် ဖြစ်နေဆဲပင်။ ဤအချိန်မှာပင် လီကျစ်ချန်က မိသွားပြီဟု တွေးပူနေသေးသည်။

လင်းယွမ်က ရယ်ရခက် ငိုရခက်ဖြစ်သွားပြီး တံခါးဝသို့ လျှောက်သွားရင်း ပြောလိုက်သည်။

"မပူပါနဲ့... လီကျစ်ချန် ဆိုရင်တောင် သူက ဘာလုပ်ရဲမှာမို့လို့လဲ"

ထိုအခါမှ ရန်မေ၏ မျက်နှာက ပို၍ရဲခနဲ ဖြစ်သွားပြီး လက်ရှိအခြေအနေမှန်ကို သတိပြုမိသွားသည်။

တံခါးဝသို့ ရောက်သောအခါ လင်းယွမ်က သံရိုက်သေနတ်ကို ကောက်ကိုင်လိုက်ပြီး မှန်ကွဲစတစ်ခုဖြင့် တံခါးချောင်းကြည့်ပေါက်ကို ထင်ဟပ်၍ အပြင်ဘက်ကို ချောင်းကြည့်လိုက်သည်။

တံခါးဝတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ယခင်က တစ်ခေါက်ဆုံဖူးသော ချိုင်ကြည် နှင့် တင်ယန် တို့ပင်။

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။

"သူတို့က ဘာကိစ္စပါလိမ့်"

ရန်မေက တံခါးဝနှင့် မလှမ်းမကမ်း နံရံထောင့်တွင် ကပ်ရပ်ရင်း တိုးတိုးလေး မေးသည်။

"ဘယ်သူလဲဟင်"

လင်းယွမ်က လက်ကာပြပြီး စကားမပြောရန် တားလိုက်သည်။ ပြီးမှ အပြင်သို့ လှမ်းမေးလိုက်သည်။

"ဘယ်သူလဲ"

"ညီလေးရေ... အစ်ကိုက အောက်ထပ်က ချိုင်ကြည် ပါ... ဒီဘက်က နံရံထောင့်အခန်းက တင်ယန် လေ... ညီလေး အစ်ကိုတို့ကို မြင်ဖူးပါတယ်"

ချိုင်ကြည်က တံခါးတစ်ဖက်မှနေ၍ လေသံနှိမ့်ကာ ပြောလိုက်သည်။

တင်ယန်ကလည်း ဝင်ပြောသည်။

"အစ်ကို... ကျွန်မကို မှတ်မိလား... ဟိုတလောက နံရံထောင့်နားမှာ တွေ့တုန်းက လျှိုအားလုံ တို့ ဘယ်မှာနေလဲဆိုပြီး အစ်ကို မေးဖူးတယ်လေ"

လင်းယွမ်က သူတို့ကို ဘယ်လိုလုပ် အမှတ်မိဘဲ နေမည်နည်း။ သူ အပြင်ထွက်ခဲ့သည်က တစ်ကြိမ်တည်းသာရှိပြီး လူဆိုလို့လည်း ဤလူတွေကိုသာ တွေ့ဖူးခြင်းဖြစ်သည်။

ထို့ကြောင့် သူက သံသယဖြင့် မေးလိုက်သည်။

"ခင်ဗျားတို့ ဘာကိစ္စရှိလို့လဲ"

ချိုင်ကြည်က ဖြေသည်။

"နေ့လယ်က ဖြစ်ပျက်ခဲ့တာတွေကို အစ်ကိုတို့ အကုန်မြင်ပါတယ်... ညီလေး.. လျှိုအားလုံ တို့အုပ်စုက ဒီကိစ္စကို ဒီတိုင်းထားမှာ မဟုတ်ဘူး"

"အဲဒီတော့..."

တင်ယန်က ဆက်ပြောသည်။

"အဲဒါကြောင့် ကျွန်မတို့တွေ လျှိုအားလုံ ကို အတူတူ ပူးပေါင်းတိုက်ထုတ်ကြမလားလို့ လာမေးတာပါ"

"အားလုံးက လျှိုအားလုံ ရဲ့ နှိပ်စက်တာကို ခံနေရတဲ့သူတွေချည်းပဲ... ကျွန်မတို့သာ စည်းလုံးမယ်ဆိုရင် သူတို့ကို ကြောက်စရာမလိုပါဘူး"

ချိုင်ကြည်ကလည်း ဖြည့်စွက်ပြောသည်။

"ညီလေး... ဒီသံပန်းတံခါးလောက်နဲ့ လျှိုအားလုံ ကို တားလို့မရဘူးနော်... သေချာ စဉ်းစားကြည့်ပါဦး"

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြန်မေးလိုက်သည်။

"ခင်ဗျားတို့ကို ကျွန်တော် ဘယ်လို ယုံရမလဲ... စားစရာ၊ နေစရာလိုချင်လို့ ကျွန်တော့်ကို လှည့်စားပြီး တံခါးဖွင့်ခိုင်းနေတာ မဟုတ်ဘူးလို့ ဘယ်လိုပြောနိုင်မလဲ"

ချိုင်ကြည်က ရယ်လိုက်သည်။

"ညီလေးက အစ်ကိုတို့ကို အထင်သေးလွန်းတာပဲ... အခု သေတဲ့လူတွေ များလာပြီ... အခန်းလွတ်တွေမှ အများကြီးပဲ... အစ်ကိုတို့က လိမ်မယ်ဆိုရင်တောင် တခြားလူကို သွားလိမ်မှာပေါ့... ညီလေးလို ရင်ဆိုင်ရမလွယ်တဲ့သူကို ဘယ်လိုလုပ် လာလိမ်ရဲမှာလဲ"

"စားစရာကိစ္စ ပြောရရင်... ရေကြီးတာ ဒီလောက်ကြာနေပြီ... ညီလေးဆီမှာလည်း စားစရာ သိပ်ကျန်တော့မှာ မဟုတ်ဘူးလေ"

"အစ်ကိုတို့ လျှိုအားလုံ ကို တော်လှန်ဖို့ ညီလေးနဲ့ ပူးပေါင်းချင်တာကလည်း တကယ်တော့ စားစရာအတွက်ပါပဲ"

လင်းယွမ် စိတ်ဝင်စားသွားသည်။

"စားစရာအတွက် ဟုတ်လား... ဘာကိုပြောတာလဲ"

ချိုင်ကြည်က အသံကိုနှိမ့်၍ ရှင်းပြသည်။

"တကယ်တော့ ရေကြီးတာ အရမ်းကြာနေပြီဆိုပေမဲ့ ကုန်တိုက်တွေ ရေမြုပ်ကုန်တဲ့အထဲက တချို့ ပစ္စည်းတွေ ရေပေါ် ပေါလောပေါ်လာတာတွေ ရှိတယ်... အဲဒါတွေကို လျှိုအားလုံ တို့က လက်ဝါးကြီးအုပ်ထားတာ"

"နောက်ပြီး ရေထဲမှာ ငါးတွေအများကြီးပဲ... စားလို့ကုန်မှာတောင် မဟုတ်ဘူး... ဒီရက်ပိုင်း အစ်ကိုနဲ့ အစ်ကိုမာ တို့ မိသားစုနှစ်စုလုံး ငါးခိုးမျှားပြီး အသက်ဆက်နေကြတာလေ"

"ဒါပေမဲ့ အခု ရေနဲ့အနီးဆုံးဖြစ်တဲ့ ဆယ်ထပ်ကို လျှိုအားလုံ တို့က စောင့်နေကြတော့ ငါးဖမ်းဖို့ အရမ်းခက်သွားပြီ... ဖမ်းမိရင်လည်း သူတို့တွေ့တာနဲ့ အလုခံရမှာ"

"ဒါကြောင့် အစ်ကိုတို့က ညီလေးဆီက စားစရာကို လိုချင်လို့ဆိုပြီး ထင်နေရင်တော့ လုံးဝ မှားသွားလိမ့်မယ်"

လင်းယွမ်၏ ရင်ထဲတွင် သံသယများနှင့် ပြည့်နှက်သွားသည်။

"ခင်ဗျားတို့က ရေထဲကငါးကို စားတယ် ဟုတ်လား... အဆိပ်မိမှာ မကြောက်ဘူးလား"

"ဟားဟား... ငတ်သေတော့မယ့်ဟာကိုကွာ... ဘယ်သူက အဆိပ်ရှိမရှိ ဂရုစိုက်နေတော့မှာလဲ"

"အစ်ကိုတို့ စားလာတာ ဒီလောက်ကြာနေပြီ... အဆိပ်မိပြီး သေတာလည်း မတွေ့ရသေးပါဘူး"

ချိုင်ကြည်က ရယ်မောလျက် ပြောလေသည်။

လင်းယွမ် အံ့သြသွားသည်။ ရေထဲတွင်ရှိသော ငါးများမှာ သန္ဓေပြောင်းသတ္တဝါများ ဖြစ်ကြောင်း သူက တခြားသူများထက် ပိုသိသည်။

သန္ဓေပြောင်းသတ္တဝါတွေကိုလည်း စားလို့ရတာလား။

"နေဦး... အရင် ငါ လျှိုအားလုံ ရဲ့ လူကို သတ်တုန်းက စနစ်က သန္ဓေပြောင်းသတ္တဝါကို သတ်ဖြတ်လိုက်တယ်လို့ အသိပေးတယ်... ဒီလူတွေက သန္ဓေပြောင်း ငါးတွေကို စားမိလို့ ကိုယ်တိုင်လည်း သန္ဓေပြောင်းသွားကြတာလား"

လင်းယွမ်၏ စိတ်ထဲတွင် ခန့်မှန်းမိလိုက်သည်။

သူ့မျက်လုံးများ အရောင်လက်သွားသည်။ ကမ္ဘာပျက်ကပ်ဘေးကာလတွင် တစ်ကိုယ်တည်း တိုက်ခိုက်ဖို့က မဖြစ်နိုင်ပေ။

မိမိတွင် ကံစမ်းမဲစနစ် ရှိသော်လည်း မဲပေါက်သည့် ပစ္စည်းများမှာ မှန်းဆရ ခက်ခဲလွန်းသည်။

ထို့ပြင် တိုက်ခိုက်နိုင်စွမ်းရည်ကို တိုက်ရိုက်မြှင့်တင်ပေးနိုင်ခြင်း မရှိသေးသဖြင့် အနီးနားရှိလူများနှင့် စည်းလုံးရန် လိုအပ်သည်။

သူ စဉ်းစားပြီးနောက် မေးလိုက်သည်။

"ခင်ဗျားတို့ လျှိုအားလုံ ကို တိုက်ခိုက်ဖို့ ဘာအစီအစဉ် ရှိလို့လဲ"

ချိုင်ကြည်က မေးသည်။

"ညီလေး... အိမ်ထဲဝင်ပြီး ဆွေးနွေးလို့ ရမလား"

တင်ယန်ကလည်း ထောက်ခံသည်။

"ဒီလှေကားခွင်မှာက ပဲ့တင်သံ အရမ်းထွက်တယ်"

လင်းယွမ် တွက်ချက်ကြည့်လိုက်သည်။ ချိုင်ကြည် နှင့် တင်ယန် နှစ်ယောက်စလုံးက အာဟာရပြတ်လပ်နေသည်မှာ ကြာပြီ။ တကယ်တမ်း လက်ပါလာလျှင်တောင် မိမိအနေဖြင့် အလွယ်တကူ နိုင်လောက်သည်။

အဓိကက မိမိလက်ထဲတွင် သံရိုက်သေနတ်နှင့် ဓာတ်ဆီကဲ့သို့ လက်နက်ပစ္စည်းများ ရှိနေခြင်းပင်။

ခဏမျှ စဉ်းစားပြီးနောက် လင်းယွမ် ဆုံးဖြတ်ချက် ချလိုက်သည်။

သူ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"ခဏစောင့်ဦး"

ထိုသို့ပြောပြီးနောက် လင်းယွမ်သည် ဆိုင်ကယ်ဦးထုပ်ကို လျင်မြန်စွာ ဆောင်းလိုက်ပြီး ကိုယ်ပေါ်တွင် ဂျင်းကုတ်အင်္ကျီထူထူကို ဝတ်ဆင်လိုက်သည်။ ရင်ဘတ်နှင့် ဗိုက်နေရာတို့တွင် သံပြားများ ခံထားလိုက်သေးသည်။

ကာကွယ်ရေးအတွက် ပြင်ဆင်ပြီးနောက် ဆေးလိပ်တစ်လိပ်ကို မီးညှိကာ ပါးစပ်တွင် ကိုက်လိုက်သည်။ ကျန်လက်တစ်ဖက်က ဓာတ်ဆီထည့်ထားသည့် ရေပြွတ်တောင့်ကို ကိုင်ထားသည်။

လက်နက်အပြည့်အစုံ တပ်ဆင်ပြီးနောက် ဧည့်ခန်းသို့ ပြန်ဆုတ်လာပြီး ရန်မေကို ပြောလိုက်သည်။

"အစ်မမေ... တံခါးသွားဖွင့်ပေးလိုက်"

ရန်မေ ကြောင်သွားပြီး ကြောက်ရွံ့စွာ မေးသည်။

"အစ်မ... အစ်မ ကလား"

"စိတ်မပူနဲ့... ကျွန်တော် ရှိတယ်... သူတို့ ဘာမှမလုပ်ရဲဘူး"

ရန်မေ ကြောက်နေသော်လည်း လင်းယွမ်၏ ဝတ်စားဆင်ယင်ထားပုံကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အနည်းငယ် လုံခြုံသလို ခံစားလိုက်ရသည်။

စောစောက သူတို့ပြောစကားများကို သူမ ကြားလိုက်ရသဖြင့် ဝမ်းသာနေမိသည်လည်း ပါသည်။

လူတွေသာ စည်းလုံးလိုက်ကြမယ်ဆိုရင် တကယ်ပဲ အသက်ဆက်ရှင်နိုင်မလားဆိုသည့် မျှော်လင့်ချက်လေးပင်။

ထို့ကြောင့် သူမ သွားကိုကြိတ်၍ တံခါးဝဆီသို့ လျှောက်သွားလိုက်သည်။

လင်းယွမ်၏ စောင့်ကြည့်မှုအောက်တွင်ပင် သူမ တံခါးကို ဖွင့်ပေးလိုက်သည်။

တင်ယန်နှင့် ချိုင်ကြည်တို့မှာ တံခါးပွင့်လာသည်ကို မြင်သောအခါ ဝမ်းသာသွားကြသည်။

သို့သော် တံခါးလာဖွင့်သူမှာ ရန်မေ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ နှစ်ယောက်စလုံး ကြောင်အသွားကြသည်။

"ဒါ... ရန်မေ မဟုတ်လား"

"အစ်မမေ..."

နှစ်ယောက်စလုံးက ရန်မေကို သိနေကြသဖြင့် အံ့သြတကြီး ရေရွတ်လိုက်မိကြလေသည်။

ဆက်ရန်...

All Chapters