← Chapters

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 2 Ch. 23-24

အပိုင်း (၂၃) တန်ပြန်မည့် နည်းလမ်းအား ဆွေးနွေးခြင်း

ရေလွှမ်းမိုးမှုကြီး မဖြစ်ပွားခင်ကာလက ရန်မေသည် မိန်တုဥယျာဉ်တွင် နာမည်ကြီးသော အလှမယ် သူဌေးသမီးတစ်ဦး ဖြစ်ခဲ့သည်။ ထို့ကြောင့် လူတိုင်းက သူမကို ရင်းနှီးကျွမ်းဝင်ကြခြင်း ဖြစ်သည်။

ရန်မေသည် သူတို့နှစ်ဦးက မိမိကို မှတ်မိနေလိမ့်မည်ဟု ထင်မှတ်မထားခဲ့သဖြင့် မျက်နှာတွင် ရှက်ရွံ့အားနာရိပ်များ ယှက်သန်းသွားကာ...

"ဟုတ်... ဟုတ်ပါတယ်... ကျွန်မပါ... အပြင်မှာ ရပ်မနေကြပါနဲ့... အထဲဝင်ပြီး ပြောကြတာပေါ့" ဟု ဖိတ်ခေါ်လိုက်သည်။

သူမက လှေကားထစ်များဆီသို့ ဦးစွာ အကဲခတ်ကြည့်လိုက်ရာ အခြားသူစိမ်းများ မရှိသည်ကို သေချာမှ သံပန်းတံခါးကို ဖွင့်ပေးလိုက်သည်။

စိုးရိမ်ခဲ့သလို အန္တရာယ် တစ်စုံတစ်ရာ မရှိခဲ့ပေ။ တင်းယန်ရော ချိုင်ကြည်ပါ ယဉ်ကျေးစွာ ကျေးဇူးတင်စကား ဆိုကြသည်။

ရန်မေက သက်ပြင်းချလိုက်ပြီး ဧည့်ခန်းထဲသို့ သွက်လက်စွာ ပြန်ဝင်သွားလေသည်။ ချိုင်ကြည်က တံခါးကို ပြန်ပိတ်လိုက်ပြီး တင်းယန်ကမူ ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာသည်။

အခန်းထဲသို့ ရောက်သည်နှင့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော လင်းယွမ်ကို မြင်တွေ့လိုက်ရသည်။ သူ့လက်ထဲတွင် သံရိုက်သေနတ်ကို ကိုင်ဆောင်ထားပြီး သူမကို တည့်တည့်ချိန်ရွယ်ထား၏။

တင်းယန်၏ မျက်နှာထား အနည်းငယ် ပျက်သွားပြီး "ကျွန်မတို့က မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာ မဟုတ်ပါဘူး" ဟု အလျင်အမြန် ပြောလိုက်သည်။

"လက်နက်တွေကို စားပွဲပေါ် တင်လိုက်" ဟု လင်းယွမ်က အမိန့်ပေးသံဖြင့် ပြောလိုက်သည်။

တင်းယန်က ကြက်သွန်လှီးဓားကို စားပွဲခုံပေါ် တင်လိုက်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ "ကျွန်မတို့ တကယ် ပူးပေါင်းချင်လို့ လာခဲ့ကြတာပါ"

ချိုင်ကြည်ကလည်း သူ၏ မီးဖိုချောင်သုံး ဓားမကြီးကို အလိုက်တသိ ချထားလိုက်သည်။ ထို့နောက် လင်းယွမ်ကို စိတ်ဖိစီးမှု မဖြစ်စေရန်အတွက် အနီးသို့မကပ်ဘဲ တံခါးဝနံရံကိုသာ မှီကာ ရပ်နေလိုက်သည်။

ထိုအပြုအမူများကို မြင်လိုက်ရမှ လင်းယွမ်တစ်ယောက် သူတို့၏ ရိုးသားမှုကို အတော်အတန် ယုံကြည်သွားသည်။ သူက သံရိုက်သေနတ်ကို ပြန်သိမ်းလိုက်ပြီး ရန်မေကို လှမ်းပြောလိုက်သည်။

"အစ်မမေ... သူတို့ကို ရေတစ်ခွက်လောက် တိုက်လိုက်ပါဦး"

ရန်မေက ခေါင်းတညိတ်ညိတ်ဖြင့် "ဟင်... အင်း.. အင်း... သိပြီ" ဟု ပြာပြာသလဲ ပြောရှာသည်။

သူမက ရေနွေးတည်ရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။ ထိုအခါမှ လင်းယွမ်က "ထိုင်ကြပါဦး" ဟု ဖိတ်ခေါ်လိုက်သည်။

တင်းယန်နှင့် ချိုင်ကြည်တို့သည် စားပွဲခုံ၏ တစ်ဖက်ခြမ်းတွင် ဝင်ထိုင်လိုက်ကြရာ နှစ်ဖက်အဖွဲ့အစည်း ဆွေးနွေးတိုင်ပင်တော့မည့် ပုံစံ ပေါက်သွားတော့သည်။

"အကို့ကို ဘယ်လို ခေါ်ရမလဲ" ဟု တင်းယန်က မေးသည်။

လင်းယွမ်က တင်းယန်ကို တစ်ချက်ကြည့်လိုက်မိသည်။ ဤအမျိုးသမီးသည် သာမန်မဟုတ်ကြောင်း အစကတည်းက သူ ခံစားမိနေခဲ့သည်။

ယခင်က ဖန်းမေချင်းကို လျှိုအားလုံ ဘယ်မှာနေသလဲဟု မေးမြန်းခဲ့စဉ်က ဖန်းမေချင်းမှာ ဘာမှရေရေရာရာ မသိခဲ့ပေ။ သို့သော် ဤအမျိုးသမီးကမူ လျှိုအားလုံ၏ အခန်းနံပါတ်တိုင်းကို အလွတ်ရနေသည်။ သာမန်မိန်းမသားတစ်ယောက် မဟုတ်သည်မှာ သေချာသည်။

"ကျွန်တော့်နာမည် လင်းယွမ်ပါ... ခင်ဗျားက တင်းယန် မလား"

တင်းယန်က ခေါင်းညိတ်ပြလိုက်ပြီး "အစ်ကို မှတ်မိနေမယ်လို့ မထင်ထားဘူး... ဟုတ်ပါတယ်... ကျွန်မနာမည် တင်းယန်ပါ... အရင်က လေးလွှာမှာ နေတာ"

ချိုင်ကြည်ကလည်း ဝင်ပြောသည်။ "အစ်ကိုနဲ့ အစ်ကိုမာကိုတော့ ညီလေး သိမှာပါ... အစ်ကိုတို့ အရင်တုန်းက ၁၀ လွှာအောက်မှာ နေကြတာလေ... ဒါပေမဲ့ အထပ်တွေ ရေမြုပ်ကုန်လို့ အပေါ်ထပ်ကို ပြောင်းလာရတာ"

လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး "ခင်ဗျားတို့ ရေထဲက ငါးတွေကို တကယ် စားခဲ့ကြတာလား" ဟု မေးလိုက်သည်။

ချိုင်ကြည်က ခါးသက်သက် ပြုံးလိုက်ပြီး "အဲဒီငါးတွေကိုသာ မစားရင် အစ်ကိုတို့ ငတ်သေနေလောက်ပြီ" ဟု ဖြေသည်။

တင်းယန်ကလည်း ဝင်ထောက်သည်။ "တကယ်တော့ လျှိုအားလုံရဲ့လူတွေ ငါးစားတာကို ကျွန်မ မြင်ဖူးတယ်... သူတို့က ၁၀ လွှာမှာ စောင့်ပြီး ငါးဖမ်းကြတာ... ငါးတော်တော်များများ ရကြတယ်... ကျိုးကျားချောင် လာတိုင်း ကျွန်မနဲ့ ဖန်းမေချင်းအတွက် ငါးနှစ်ကောင် လာလာပေးတတ်တယ်"

လင်းယွမ်၏ မျက်ဝန်းများ အရောင်လက်သွားသည်။ "အဲဒီငါးတွေကို စားပြီးရင် ထူးထူးခြားခြား ခံစားရတာမျိုး ဖြစ်သေးလား"

ချိုင်ကြည်နှင့် တင်းယန်တို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြပြီး ခေါင်းခါပြလိုက်ကြသည်။

တင်းယန်က "ထူးခြားတယ် ဆိုရမလားတော့ မသိဘူး... အဲဒီငါးတွေက အတော်လေး အစာခံတယ်... တစ်ကောင်စားလိုက်ရင် နေ့တစ်ဝက်လောက် ဗိုက်ပြည့်နေတာ" ဟု ပြောသည်။

"ပြီးတော့ အဲဒီငါးတွေက ရေငန်ငါးတွေနဲ့ တူတယ်... စားလိုက်ရင် ငန်တဲ့အရသာ ရှိတယ်" ဟု ချိုင်ကြည်က ဖြည့်စွက်ပြောကြားသည်။

တင်းယန်က ဆက်ပြောပြန်သည်။ "ရေအောက်ထဲမှာ သတ္တဝါဆန်းတွေ ရှိတယ်လို့ လျှိုအားလုံရဲ့ လူတွေပြောတာ ကြားဖူးတယ်... ညဘက် ရေပေါ်မှာ ဖောင်ဖွဲ့ပြီး နေတဲ့လူတချို့ ခဏခဏ ပျောက်ပျောက်သွားကြတယ်တဲ့"

"အဲဒီလူတွေက ငါးဖမ်းချင်လို့ ရေပေါ်မှာ သွားနေကြတာလား" ဟု လင်းယွမ်က မေးလိုက်သည်။

"မဟုတ်ဘူး... အများစုက လျှိုအားလုံတို့ အနိုင်ကျင့် စေခိုင်းတာနဲ့ မတတ်သာဘဲ သွားနေရတာ... ပစ္စည်းတွေ ဆယ်ပေးရတယ်၊ ငါးဖမ်းပေးရတယ်လေ"

လင်းယွမ်သည် သန္ဓေပြောင်း သတ္တဝါများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အလေးထား မှတ်သားလိုက်သည်။ သာမန်လူတွေတောင် ငါးဖမ်းနိုင်တယ်ဆိုလျှင် သူလည်း မဖမ်းနိုင်စရာ အကြောင်းမရှိပေ။

ဒါမှမဟုတ် ကိုယ်တိုင်တောင် ဆင်းဖမ်းစရာ မလိုတာမျိုး ဖြစ်နိုင်သည်။ တခြားသူတွေကို စားစရာပေးပြီး သန္ဓေပြောင်းငါးတွေနှင့် လဲလှယ်ခိုင်းရင်ကော။ ဤနည်းလမ်းဖြင့် အမှတ်တွေကို လျင်လျင်မြန်မြန် စုဆောင်းနိုင်လိမ့်မည်။

သူက စိတ်ထဲမှ ဝမ်းသာမှုကို ထိန်းချုပ်ထားလိုက်သည်။ ထိုအချိန်တွင် ရန်မေက ရေနွေးခွက်များ ယူဆောင်လာပြီး သုံးဦးစလုံးကို ချပေးလေသည်။

ချိုင်ကြည်က "ရန်မေ... မင်းက ဘယ်လိုလုပ် လင်းယွမ်ရဲ့ အခန်းထဲ ရောက်နေတာလဲ" ဟု စပ်စုလိုက်သည်။

တင်းယန်ကလည်း ရန်မေကို စိတ်ဝင်တစား ကြည့်လိုက်၏။

ရန်မေ၏ မျက်နှာလေး ရဲခနဲ ဖြစ်သွားပြီး "အဲဒါက... ကျွန်မ... ကျွန်မ..." ဟု စကားများ ထစ်ငေါ့နေရှာသည်။

လင်းယွမ်က အခြေအနေကို မြင်သဖြင့် လက်လှမ်းကာ သူမ၏ ခါးသိမ်လေးကို ဖက်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ရှက်စရာ မရှိပါဘူးဗျာ... မျက်နှာချင်းဆိုင်ခန်းက လီကျစ်ချန်ကို ခင်ဗျားတို့ သိကြတယ်မလား... အဲဒီကောင်က စားစရာ မရှိတော့ အစ်မမေကို အလကား ဆန်ကုန်တယ်ဆိုပြီး လျှိုအားလုံဆီ ပို့ပြီး အစာနဲ့ လဲမလို့ ကြံစည်တာလေ"

"အစ်မမေခမျာ ဘာမှမတတ်နိုင်တော့လို့ ကျွန်တော့်ဆီ အကူအညီ လာတောင်းတာ... အဲ့တော့ အခုကစပြီး ကျွန်တော်နဲ့ပဲ အတူတူ နေတော့မှာ"

ချိုင်ကြည် အံ့အားသင့်သွားသည်။ "လီကျစ်ချန်က... အဲဒီလောက် ယုတ်မာတဲ့ လူစားမျိုးလား"

တင်းယန်ကမူ သိပ်အံ့သြပုံ မရပေ။ ရန်မေကို ကြည့်ပြီး "အစ်မမေ... လီကျစ်ချန်လို လူမျိုးနားကနေ ထွက်လာတာ မှန်တယ်... ဒီလိုခေတ်ပျက်ကြီးထဲမှာ ရဲရဲဝံ့ဝံ့ တိုက်ခိုက်ရဲတဲ့ ယောက်ျားမျိုးကပဲ ကိုယ့်မိန်းမကို ကာကွယ်ပေးနိုင်မှာ" ဟု အားပေးစကား ဆိုလိုက်သည်။

ရန်မေမှာ ရှက်လွန်းသဖြင့် ခေါင်းငုံ့ပြီး ငြိမ်နေလိုက်သည်။

လင်းယွမ်က ဤအကြောင်းကို ဆက်မပြောချင်တော့သဖြင့် "ခင်ဗျားတို့ ဘာဆက်လုပ်ဖို့ စိတ်ကူးရှိလဲ" ဟု မေးခွန်းထုတ်လိုက်သည်။

ချိုင်ကြည်က "အစ်ကို နောက်ထပ် လူနည်းနည်းလောက် ထပ်ရှာမလို့ စိတ်ကူးထားတယ်... သိပ်အများကြီးတော့ မလိုဘူး... ၁၀ ယောက်၊ အယောက် ၂၀ လောက်ဆိုရင်ပဲ လျှိုအားလုံတို့ကို မှုစရာ မလိုတော့ဘူး" ဟု ဖြေသည်။

"လျှိုအားလုံရဲ့ တကယ့်လူယုံက အယောက် ၂၀ ကျော်လောက်ပဲ ရှိတာ... ကျန်တဲ့လူတွေက အကြပ်ကိုင်ခံထားရလို့သာ နေနေကြရတာ... သူ့အတွက် တကယ် အသက်ပေးမယ့်ကောင်တွေ မဟုတ်ဘူး"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ ဤအကြံက မဆိုးပေ။

သူ အနည်းငယ် စဉ်းစားပြီးနောက် "လူအင်အား စုလို့ရပါ့မလား" ဟု မေးလိုက်သည်။

ချိုင်ကြည်က ခေါင်းညိတ်ပြီး လေးနက်သော လေသံဖြင့် ပြန်ပြောသည်။ "လွန်ခဲ့တဲ့ တစ်လလောက်ကသာဆိုရင်တော့ အစ်ကို အာမ မခံရဲဘူး... ဒါပေမဲ့ ဒီတစ်လအတွင်း ရေဘေးက ပိုဆိုးလာပြီး အစာရေစာပြတ်လပ်မှုကလည်း ဆိုးလာတော့ လူတော်တော်များများ အသက်ရှင်ဖို့ ခက်ခဲလာကြပြီ"

"ပြီးတော့ ဒီတစ်လထဲမှာ လျှိုအားလုံတို့အဖွဲ့ကလည်း ပိုဆိုးလာတယ်... အထူးသဖြင့် တစ်လွှာပြီးတစ်လွှာ တက်ပြီး ပစ္စည်းလိုက်လုနေကြတာမျိုးပဲ... လူတွေက သည်းမခံနိုင်ကြတော့ဘူး... ဦးဆောင်မယ့်သူ မရှိလို့သာ ငြိမ်နေကြတာ"

တင်းယန်က ဝင်ပြောသည်။ "ဒီတစ်လအတွင်း သူတို့လက်ချက်နဲ့ တစ်ယောက်တည်းနေတဲ့ အမျိုးသမီးတွေ ဘယ်လောက်တောင် ဒုက္ခရောက်ခဲ့ရလဲ မသိဘူး... လောလောဆယ်တော့ မိသားစုရှိတဲ့ အမျိုးသမီးတွေကို မထိရဲကြသေးပေမယ့် ဒီအတိုင်းဆက်သွားရင် သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်တော့ဘူး"

"တခြား တိုက်ခန်းပိုင်ရှင်တွေသာ တုံးအ မနေဘူးဆိုရင် ဒီကိစ္စကို ဆက်ပြီး သည်းခံနေကြမှာ မဟုတ်ဘူးလို့ ကျွန်မ ယုံတယ်"

လင်းယွမ်သည် ရှေ့မှ လူနှစ်ဦးကို ကြည့်ပြီး သူတို့၏ စိတ်ဓာတ်ခိုင်မာပြတ်သားမှုကို အံ့သြမိသွားသည်။

မြို့ပြကွန်ကရစ်တောကြီးထဲတွင် ရေကြီးမှု မဖြစ်ခင်ကတည်းက လူတို့၏ ကိုယ်ကျင့်တရား စံနှုန်းများမှာ သိပ်မြင့်မားလှသည်တော့ မဟုတ်ပေ။ လူအများစုသည် "ဘယ်သူသေသေ ငတေမာရင်ပြီးရော" ဆိုသည့် စိတ်ဓာတ်မျိုးသာ ရှိကြပြီး မျက်နှာချင်းဆိုင် အိမ်နီးချင်းချင်းတောင် သိပ်ခင်မင်လေ့ မရှိကြပေ။

လူတစ်စုကို စည်းလုံးအောင် စုစည်းဖို့ဆိုတာ ပြောသလောက် မလွယ်ကူလှပေ။ လင်းယွမ် ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်လျှင် သူက ထိုကိစ္စမျိုးကို လုပ်နိုင်မည် မဟုတ်ချေ။

ထို့ကြောင့် သူက "ကောင်းပြီလေ... ခင်ဗျားတို့နဲ့ ပူးပေါင်းဖို့ ကျွန်တော် သဘောတူတယ်... ကျွန်တော် ဘာလုပ်ပေးရမလဲ" ဟု မေးလိုက်သည်။

ချိုင်ကြည်နှင့် တင်းယန်တို့ ဝမ်းသာသွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ချိုင်ကြည်က "တကယ်တော့ အကို့အတွက် ဘာမှမလိုပါဘူး... အကို့ မိသားစုအတွက်ပဲ စိတ်ပူတာ"

"ညီလေးလင်းယွမ်... ဖြစ်နိုင်မယ်ဆိုရင် အစ်ကိုနဲ့ အစ်ကိုမာရဲ့ မိသားစုဝင်တွေကို နေရာထိုင်ခင်း စီစဉ်ပေးစေချင်တယ်... ဒါမှ အစ်ကိုတို့ ရှေ့ထွက်ပြီး အလုပ်လုပ်တဲ့အခါ နောက်ဆံမတင်းရတော့မှာ"

လင်းယွမ် မျက်ခုံးပင့်လိုက်မိသည်။ "အစ်ကိုချိုင်... ဘာကို ဆိုလိုတာလဲ"

ချိုင်ကြည်က လင်းယွမ် အထင်လွဲသွားမှန်း သိလိုက်သဖြင့် အလျင်အမြန် ရှင်းပြသည်။ "အကို့သဘောက လျှိုအားလုံ လက်ထဲကနေ အခန်းတချို့ကို ပြန်လုယူပြီး နေရာချထားချင်တာပါ... တစ်ခန်းနဲ့တစ်ခန်း နီးနီးကပ်ကပ်လေး ရှိနေရင် အချင်းချင်း စောင့်ရှောက်ရတာ ပိုလွယ်တာပေါ့"

ထိုစကားကြားမှ လင်းယွမ်၏ မျက်နှာအမူအရာ ပြန်ကောင်းသွားသည်။

သူ့မိသားစုကို လင်းယွမ်အိမ်ထဲ လာထားခိုင်းမည်ဟု ထင်မှတ်ခဲ့မိသောကြောင့် ဖြစ်သည်။ ထိုသို့သာဆိုလျှင် သူ လုံးဝ လက်ခံမည် မဟုတ်ပေ။ အခုမှ စတင်လက်တွဲဖော် ပြုကြမည်ဖြစ်ရာ ယုံကြည်မှုက ခိုင်မာသေးသည် မဟုတ်ချေ။

လင်းယွမ် စဉ်းစားလိုက်ပြီး "ခင်ဗျားတို့ မျက်စိကျထားတဲ့ အခန်းရှိလား" ဟု မေးလိုက်သည်။

"၂၈ လွှာမှာ ရှိတယ်... အဲဒီမှာ လျှိုအားလုံ ပိုင်တဲ့ အခန်းတစ်ခန်း ရှိတာ ကျွန်မ သိတယ်" ဟု တင်းယန်က ချက်ချင်း ဖြေလိုက်သည်။

သို့သော် ချိုင်ကြည်က ခေါင်းခါလိုက်ပြီး "၂၈ လွှာက ၃၂ လွှာနဲ့ဆို နည်းနည်း ဝေးလွန်းနေတယ်... ငါတို့ အချင်းချင်း နီးနီးကပ်ကပ် ရှိနေတာ ပိုကောင်းမယ်... မျက်နှာချင်းဆိုင် ဖြစ်ဖြစ်... အပေါ်ထပ်အောက်ထပ် ဖြစ်ဖြစ်ပေါ့" ဟု ပြောသည်။

တင်းယန် စဉ်းစားလိုက်ပြီး "တကယ်တော့ ကျွန်မမှာ အကြံတစ်ခု ရှိတယ်"

"ပြောကြည့်ပါဦး"

"မျက်နှာချင်းဆိုင်က ၃၂၀၂ အခန်းဆိုရင်ကော ဘယ်လိုလဲ"

တင်းယန်၏ စကားအဆုံးတွင် ချိုင်ကြည်ရော လင်းယွမ်ပါ ကြောင်အသွားကြသည်။ လူတိုင်း၏ အကြည့်က ဘေးနားရှိ ရန်မေထံသို့ အလိုအလျောက် ရောက်ရှိသွားကြ၏။

ရန်မေ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ ၃၂၀၂ ဆိုသည်မှာ သူမ၏ တိုက်ခန်းပင် မဟုတ်ပါလော။

ဆက်ရန်...

အပိုင်း (၂၄) ရန်မေ၏ ရွေးချယ်မှု

အခန်းနံပါတ် ၃၂၀၂ သည် ရန်မေ၏ အိမ်ပင် ဖြစ်သည်။

ဤအခန်းသည် ရန်မေနှင့် လီကျစ်ချန်တို့ လက်ထပ်စဉ်က နှစ်ဖက်မိဘများက အိမ်ရာလျော်ကြေးငွေများ စုပေါင်း၍ အကြေဝယ်ပေးထားခဲ့သော မင်္ဂလာဦးအိမ် ဖြစ်သည်။

အခန်းဖွဲ့စည်းပုံမှာ ပေ ၂၅×၆၀ ရှိပြီး လင်းယွမ်၏ အခန်းထက် သိသိသာသာ ပိုကျယ်သည်။

မိမိ၏ အိမ်ကို သိမ်းပိုက်ရန် တင်းယန်က အကြံပြုလိုက်သည်ကို ကြားသောအခါ ရန်မေ၏ ပထမဆုံး တုံ့ပြန်မှုမှာ လက်မခံလိုခြင်း ဖြစ်သည်။

သို့သော် ရုတ်တရက် သူမ ပြန်တွေးမိသည်မှာ... ထိုအိမ်ကို လီကျစ်ချန်ဆိုသည့် လူယုတ်မာက လက်ဝါးကြီးအုပ်ထားပြီး သူမကိုပင် အပြင်သို့ နှင်ထုတ်ထားခဲ့ခြင်း ဖြစ်သည်။

၃၂၀၂ သည် သူမအိမ်ဟု ခေါ်ဆိုနိုင်ပါဦးမည်လော။

သူမသည် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းငုံ့သွားပြီး ဘာမှပြန်မပြောမိပေ။

လင်းယွမ်က ခေတ္တမျှ စဉ်းစားပြီးနောက် ရန်မေကို ကြည့်ကာ ပြောလိုက်သည်။

"အစ်မမေ... အဲဒီအခန်းက အစ်မရဲ့ အခန်းဖြစ်ခဲ့တာဆိုတော့... အစ်မပဲ ဆုံးဖြတ်ပါ"

တင်းယန်နှင့် ချိုင်ကြည်တို့မှာ အံ့သြသွားကြသည်။ လင်းယွမ်က ရန်မေအပေါ် ဤမျှအထိ လေးစားမှု ရှိလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။

ရန်မေသည်လည်း အလွန်အစ်မင်း စိတ်လှုပ်ရှားသွားရသည်။ ဤနေရာတွင် ရှိနေသူများထဲ၌ လင်းယွမ်တစ်ယောက်သာ သူမ၏ သဘောထားကို ဂရုတစိုက် မေးမြန်းနေခြင်း ဖြစ်သည်။

သူမက အသံတိုးတိုးဖြင့် "မောင်လေး... ငါ့အခြေအနေကို နင်လည်းသိတာပဲ... အဲဒီအခန်းကို လီကျစ်ချန်က အပိုင်စီးထားပြီး ငါ့ကိုတောင် မောင်းထုတ်ထားတာလေ... အဲဒီအခန်းရဲ့ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး ငါ့မှာ ဘယ်လိုလုပ် ဆုံးဖြတ်ပိုင်ခွင့် ရှိတော့မှာလဲ" ဟု ဆိုသည်။

လင်းယွမ်က "အဲ့ဒီအတွက် မပူပါနဲ့... အစ်မသာ သဘောတူမယ်ဆိုရင် အဲဒီအခန်းကို ပြန်လုယူဖို့ ကျွန်တော်တို့ နည်းလမ်းရှာလို့ရတယ်" ဟု ပြန်ပြောလိုက်သည်။

ရန်မေ တွေဝေသွားတော့သည်။

ထိုစဉ် တင်းယန်က ကြားဖြတ်၍ "အစ်မမေ... ကျွန်မတို့က ခဏပဲ လာနေမှာပါ... ဘာမှမပူနဲ့... ကျွန်မတို့ အင်အားတောင့်သွားပြီး လျှိုအားလုံက ကျွန်မတို့ကို ဘာမှမလုပ်နိုင်တော့ဘူးဆိုရင် အခန်းလွတ်တွေ အများကြီး ထပ်ထွက်လာမှာပါ" ဟု ပြောသည်။

ချိုင်ကြည်ကလည်း လေးလံသော လေသံဖြင့် "ရန်မေ... တကယ်တော့ ကျွန်တော့်အတွက်က ဘယ်မှာနေနေ ကိစ္စမရှိဘူး... ဒါပေမဲ့ ကျွန်တော့် မိန်းမနဲ့ ကလေးကိုတော့ စင်္ကြံလမ်းမှာ ဆက်ပြီး မထားချင်တော့ဘူး... ဒီရက်ပိုင်း သူတို့ ကျန်းမာရေး သိပ်မကောင်းကြဘူး... အအေးမိတော့မယ့် ပုံပဲ... ကူညီပါဦးဗျာ" ဟု တောင်းပန်ရှာသည်။

ရန်မေက လက်ကာပြရင်း "ကျွန်မ... ကျွန်မ သဘောမတူဘူးလို့ မပြောပါဘူး... ဒါပေမဲ့... ဒါပေမဲ့ ကျွန်မဆီမှာ အခန်းသော့ မရှိဘူးလေ... ရှင်တို့သွားနေမယ်ဆိုရင် လီကျစ်ချန်ဆီကနေ အတင်းလုယူရမှာပဲ ရမှာ" ဟု ဆိုသည်။

"ဒါဆို အစ်မ သဘောတူတယ်ပေါ့... အစ်မ သဘောတူရင် ရပါပြီ" ဟု တင်းယန်က ပြုံး၍ ပြောလိုက်သည်။

ရန်မေမှာ သက်ပြင်းချလိုက်မိသည်။ ဤလူနှစ်ယောက်က သူမ၏ သဘောထားကို လာရောက်မေးမြန်းနေခြင်းမှာ လင်းယွမ်၏ မျက်နှာကြောင့်သာ ဖြစ်ကြောင်း သူမ ကောင်းကောင်း နားလည်သည်။ အကယ်၍ သူမ တစ်ယောက်တည်းသာ ဆိုလျှင် မည်သူကမှ သူမ၏ သဘောထားကို ဂရုစိုက်ကြမည် မဟုတ်ပေ။

ရန်မေ ခေါင်းငြိမ့်ပြသည်ကို မြင်သောအခါ လင်းယွမ်က ချက်ချင်း ထရပ်လိုက်ပြီး "ဟုတ်ပြီ... ဒါဆို ဟိုဘက်အခန်းကိုပဲ သွားကြတာပေါ့... ခင်ဗျားတို့ နှစ်ယောက် အရင်ပြန်ပြီး ပစ္စည်းတွေ သွားသိမ်းလိုက်ဦး... ဒီအခန်းကိစ္စ ကျွန်တော့်တာဝန် ထားလိုက်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

ချိုင်ကြည်က "ညီလေး... အကူအညီ လိုဦးမလား" ဟု အမြန်မေးသည်။

တင်းယန်ကလည်း "အကို့မှာ ဘယ်လိုအစီအစဉ် ရှိလို့လဲ" ဟု မေးမြန်းသည်။

လင်းယွမ်က တစ်ချက်ပြုံးလိုက်ပြီး မိမိအိမ်တံခါးကို ခိုး၍ လာရောက်တွင်းဖောက်ရန် ကြိုးစားခဲ့ဖူးသော လူယုတ်မာ လီကျစ်ချန်ကို သတိရလိုက်ကာ သူ၏ မျက်ဝန်းထဲ၌ အေးစက်သော အရောင်များ ဖြတ်သန်းသွားသည်။

"ကျွန်တော့်မှာ နည်းလမ်း ရှိပါတယ်... စိတ်ချလက်ချသာ သွားပါ"

ချိုင်ကြည်နှင့် တင်းယန်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ဘာမှထပ်မမေးတော့ဘဲ နားလည်မှုဖြင့် နှုတ်ဆက်ကာ လင်းယွမ်အခန်းမှ ထွက်ခွာသွားကြသည်။

သူတို့နှစ်ဦး ထွက်သွားပြီးနောက် လင်းယွမ်က ရန်မေဘက်သို့ လှည့်ကြည့်လိုက်သည်။

ရန်မေမှာ မျက်နှာဖြူဖျော့နေပြီး တစ်ခုခု ပြောချင်နေသော်လည်း စကားလုံး ရှာမတွေ့ဖြစ်နေသည်။

ကိုယ်ကျင့်တရားအရ ဆိုလျှင် သူမသည် လင်းယွမ်နှင့် ပူးပေါင်းပြီး လီကျစ်ချန်ကို မတိုက်ခိုက်ချင်ပေ။ လီကျစ်ချန်က မည်မျှပင် ဆိုးသွမ်းပါစေ အစ်မည်ခံအားဖြင့် သူမ၏ ခင်ပွန်း ဖြစ်နေသေးသည်။ အကယ်၍ သူမသာ ဤသို့ လုပ်ဆောင်ခဲ့ပါက လင်ကို သစ္စာဖောက်သည့် မိန်းမဆိုးတစ်ယောက်နှင့် ဘာကွာခြားတော့မည်နည်း။

သို့သော်လည်း သူမသည် လင်းယွမ်ကို စိတ်ဆိုးသွားမည် စိုးသဖြင့် ထိုစကားကို ထုတ်မပြောရဲပေ။

သို့သော် လင်းယွမ် ဆက်ပြောလိုက်သည့် စကားကြောင့် သူမမှာ မျက်ရည်ကျလောက်အောင် စိတ်လှုပ်ရှားသွားရသည်။

"စိတ်ချပါ... အစ်မကို ရှေ့မထွက်ခိုင်းပါဘူး"

"ဘာပဲဖြစ်ဖြစ် လီကျစ်ချန်က အစ်မရဲ့ ခင်ပွန်းပဲလေ... သူက ပေါင်မုန့်တစ်လုံးအတွက်နဲ့ အစ်မကို ကျွန်တော့်ဆီ ရောင်းစားခဲ့တယ် ဆိုပေမဲ့... ကျွန်တော်ကတော့ အစ်မကို ကတိကအောင့် မဖြစ်စေချင်ဘူး"

ရန်မေ၏ စိတ်ထဲ၌ အတိုင်းအထက်အလွန် ဝမ်းနည်းဝမ်းသာ ဖြစ်သွားပြီး လင်းယွမ့်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

"အစ်မက အသုံးမကျလို့ပါ မောင်လေးရယ်... အစ်မက တကယ်ကို အသုံးမကျတဲ့ မိန်းမပါ... အဟင့်... အဟင့်..."

လင်းယွမ်က သူမ၏ နူးညံ့လှသော ခန္ဓာကိုယ်ကို ထိတွေ့လိုက်ရသောအခါ စိတ်ထဲမှ ကိလေသာမီးကို မနည်းအောင့်အီး ထိန်းချုပ်လိုက်ရသည်။ သူမ၏ ပြည့်ဖြိုးလှသော တင်ပါးကို တစ်ချက် ဆွဲညှစ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

"ဘယ်သူက အစ်မကို အသုံးမကျဘူး ပြောလဲ... အသုံးကျသလား၊ မကျဘူးလား ဆိုတာတော့ အနည်းဆုံး တစ်ခါလောက် အသုံးချကြည့်ပြီးမှ သိရမှာပေါ့"

ရန်မေ၏ ကိုယ်လေး တုန်တက်သွားပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားကာ အသက်ရှူသံများပင် ပြင်းထန်လာသည်။

လင်းယွမ်က သူမ၏ တင်ပါးကို အသာပုတ်လိုက်ပြီး "ကျွန်တော် ပြန်လာခဲ့မယ်" ဟု ပြောကာ သူမကို လွှတ်လိုက်ပြီး အိပ်ခန်းထဲသို့ ဝင်သွားသည်။

မကြာမီမှာပင် သူသည် ကြိုးခွေတစ်ခွေကို လွယ်လျက် ပြန်ထွက်လာသည်။

ရန်မေက စိုးရိမ်တကြီးဖြင့် "နင်... ဘာလုပ်မလို့လဲ" ဟု မေးလိုက်သည်။

လင်းယွမ်က ကြိုးကို သံမဏိပိုက်လုံး တစ်ခု၌ ချည်နှောင်လိုက်ပြီးနောက် ထိုပိုက်လုံးကို အဲကွန်းပိုက်ပေါက်မှတစ်ဆင့် အပြင်သို့ ထိုးထုတ်လိုက်ကာ ကြိုးကို အားသုံး၍ ဆွဲကြည့်လိုက်သည်။

သံမဏိပိုက်လုံးသည် နံရံအပြင်ဘက်၌ ကန့်လန့်ဖြတ် တင်ကျန်နေပြီး ကြိုးမှာ မြဲမြံသွားသည်။

သူက စိတ်မချသေးသဖြင့် ကြိုးကို ဧည့်ခန်းစားပွဲနှင့် ဝရံတာလက်ရန်းတို့၌ပါ ထပ်ဆင့်၍ သုံးထပ်တိုင်တိုင် ချည်နှောင်လိုက်သည်။

ထို့နောက်မှ သူက ပြန်ဖြေသည်။

"ကျွန်တော့် ဧည့်ခန်းနံရံရဲ့ တစ်ဖက်က အစ်မတို့အခန်းရဲ့ အိပ်ခန်းအသေးနဲ့ ဆက်နေတာ... အစ်မတို့ အဲဒီအခန်းက ပြတင်းပေါက်ကို ပိတ်ထားသလား"

ရန်မေမှာ ထိတ်လန့်သွားပြီး "နင်... နင် အပြင်ကနေ တွယ်တက်သွားမလို့လား... မဖြစ်ဘူး... အဲဒါ အရမ်းအန္တရာယ်များတယ်... အိမ်က ပြတင်းပေါက်တွေ အကုန်လုံးကို ငါ အထဲကနေ ဂျပ်ချထားတာ" ဟု အော်ပြောလိုက်သည်။

လင်းယွမ်က ရန်မေကို ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင် စိုးရိမ်ထိတ်လန့်နေသည့် အရိပ်အယောင်များကို တွေ့လိုက်ရသဖြင့် ပြုံးလျက် "အစ်မ ကျွန်တော့်ကို စိုးရိမ်နေတာလား" ဟု မေးလိုက်သည်။

ရန်မေ၏ မျက်နှာ နီမြန်းသွားသော်လည်း မျက်ဝန်းထဲမှ စိုးရိမ်မှုကို ဖုံးကွယ်မထားဘဲ "ဒါဆိုရင် ငါပဲ သွားမယ်... ငါသွားပြီး တံခါးခေါက်ရင် လီကျစ်ချန်က ဖွင့်ပေးရင်ပေးမှာ" ဟု ပြောလာသည်။

လင်းယွမ်က ရယ်မောလိုက်ပြီး "သူက ငကြောက်ဆိုပေမယ့် ငအတော့ မဟုတ်ဘူး... ဘာမှမပူနဲ့... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ်" ဟု ပြောလိုက်သည်။

စကားပြောရင်းနှင့်ပင် သူက ဝရံတာပေါ်သို့ တက်လိုက်ပြီး "ကျွန်တော်တို့ အခန်းနှစ်ခန်းက အရမ်းနီးနေတော့ ဝရံတာကိုလည်း တစ်ယောက်ယောက် ခေါင်မိုးပေါ်ကနေ တွယ်ဆင်းလာပြီး ခိုးဝင်မှာ စိုးလို့ အရင်ကတည်းက သစ်သားပြားတွေနဲ့ ပိတ်ထားတာ" ဟု ဆိုသည်။

"အခုတော့ အဲဒီ သစ်သားပြားတွေကို ပြန်ဖြုတ်ရတော့မယ်"

သူက သစ်သားပြားများကို ခွာထုတ်လိုက်ပြီး ရန်မေ၏ စိုးရိမ်နေသော အကြည့်များအောက်တွင် ဝရံတာအပြင်ဘက်သို့ ကျော်ထွက်လိုက်သည်။

လုံခြုံရေးကြိုး ပါရှိသည့်အပြင် ဤရက်ပိုင်းအတွင်း လေ့ကျင့်ထားသော ခွန်အားများကြောင့် ဘေးအခန်းသို့ ကူးရန်မှာ လင်းယွမ့်အတွက် အခက်အခဲ မရှိပေ။

သို့သော် သူသည် သတိကိုတော့ လျှော့မထားပေ။ ပြတင်းပေါက်မှ ကျော်ထွက်ပြီးနောက် ဝရံတာလက်ရန်းအောက်ခြေ၌ ကြိုးကို နောက်ထပ် အထပ်တစ်ခု ထပ်မံချည်နှောင်လိုက်သည်။

ဤသို့ ပြုလုပ်ခြင်းဖြင့် အခန်းထဲမှ ကြိုးကို တစ်စုံတစ်ယောက်က ဖြတ်တောက်ပစ်လျှင်ပင် သူ အောက်သို့ ပြုတ်ကျသွားမည် မဟုတ်ပေ။

အပြင်ဘက်မှ ကြိုးကိုပါ ဖြတ်တောက်ရန်မှာမူ တစ်ဖက်လူကလည်း အပြင်သို့ ထွက်လာမှသာ ဖြစ်နိုင်ပေလိမ့်မည်။

ဤသို့ လုပ်ဆောင်ခြင်းမှာ ရန်မေကို ကြိုတင်ကာကွယ်သည့် သဘောလည်း ပါဝင်သည်။

ဤရက်ပိုင်းအတွင်း ဆက်ဆံခဲ့ရသလောက် ရန်မေ၏ စိတ်ထားမှာ ကြင်နာတတ်သည်ဟု လင်းယွမ် ယူဆထားသော်လည်း သူ လောင်းကြေးမထပ်ရဲပေ။

ဤတစ်ကြိမ်သည် ရန်မေအတွက် စမ်းသပ်ချက်တစ်ခုလည်း ဖြစ်သည်။

အကယ်၍ သူမသည် ဤစမ်းသပ်ချက်ကို အောင်မြင်ခဲ့ပါက နောင်တွင် လင်းယွမ်က သူမကို အမှန်တကယ် ယုံကြည်တော့မည် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ အိမ်ထဲမှ စားစရာနှင့် အသုံးအဆောင် အားလုံးကို သူက "စနစ်" ၏ ပစ္စည်းသိုလှောင်ခန်းထဲသို့ ထည့်ထားပြီးဖြစ်သည်။

အကယ်၍ ရန်မေက သူ့ကို သစ္စာဖောက်ခဲ့လျှင်ပင် ဘာမှရလိမ့်မည် မဟုတ်ပေ။

လင်းယွမ်သည် လက်ရန်းကို အားပြုလျက် ဝရံတာ၏ အပြင်ဘက်အစွန်းလေးကို နင်းကာ မှောင်မိုက်နေသော ညအမှောင်ထဲတွင် ရန်မေ၏ အခန်းရှိရာသို့ ဖြည်းဖြည်းချင်း တိုးကပ်သွားသည်။

ရန်မေမှာ အမှောင်ထဲမှ သူ၏ အရိပ်ကို ကြည့်ရင်း အသက်ပင် မရှူရဲဘဲ ပြတင်းပေါက်မှနေ၍ လိုက်ကြည့်နေရှာသည်။

"မောင်လေး... ပြန်လာခဲ့ပါ... အစ်မသွားပါ့မယ်... အစ်မသွားပြီး သူတံခါးဖွင့်အောင် လှည့်စားပေးမယ်"

သူမသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်သည့်အလား တိုးတိုးလေး လှမ်းအော်ပြောလိုက်သည်။

ထိုအခိုက်အတန့်တွင် လင်းယွမ် ပြုံးလိုက်မိသည်။

သူမ စမ်းသပ်ချက်ကို အမှန်တကယ် အောင်မြင်သွားခဲ့ပြီ။

ယခုမှသာ လင်းယွမ်သည် ဤအမျိုးသမီးကို စိတ်ရင်းဖြင့် လက်ခံလိုက်တော့သည်။

"အသံမထွက်နဲ့" ဟု သူက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။

ထို့နောက် ရန်မေ၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် လင်းယွမ်သည် ပေါ့ပါးစွာဖြင့် တစ်ချက်ခုန်လိုက်သည်။

"ဒုန်း"

သူ၏ ကိုယ်ခန္ဓာသည် ရန်မေအိမ်၏ အဲကွန်း လေပူထုတ်စက် ပေါ်သို့ ကျရောက်သွားသည်။

ဤတစ်လှမ်းဖြင့် ရန်မေ၏ အခန်းဧရိယာအတွင်းသို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။

မိုးခြိမ်းသံ တဂျိန်းဂျိန်းက သူ၏ ခုန်လိုက်သော အသံကို ဖုံးလွှမ်းသွားခဲ့သည်။

လင်းယွမ်သည် အဲကွန်း လေပူထုတ်စက်ဘေးတွင် ဝပ်လျက် အိမ်ထဲမှ လှုပ်ရှားသံများကို နားစွင့်နေလိုက်သည်။

မိုးသံ၊ မိုးခြိမ်းသံနှင့် ရေစီးသံများ ရောထွေးနေသဖြင့် အိမ်ထဲမှ မည်သည့်အသံမျှ ထွက်မလာပေ။

လင်းယွမ်က လက်လှမ်း၍ လေအေးပေးစက် အနောက်ဘက်ရှိ သံဇကာပြတင်းပေါက်ကို စမ်းကြည့်လိုက်သည်။

အသာအယာ ဆွဲလိုက်ရုံဖြင့် သံဇကာပြတင်းပေါက် ပွင့်သွားသည်။

သူက ကိုယ်ကို ကုန်း၍ ထိုပေါက်မှတစ်ဆင့် အတွင်းသို့ တိုးဝင်လိုက်သည်။

ခေတ္တမျှ စောင့်ကြည့်သော်လည်း အိမ်ထဲတွင် မည်သည့် လှုပ်ရှားမှုမျှ မရှိသေးသဖြင့် ဝရံတာတံခါးကို ဖြည်းဖြည်းချင်း တွန်းဖွင့်ကာ ခြေဖျားထောက်လျက် အတွင်းသို့ ဝင်ရောက်သွားတော့သည်။

ဆက်ရန်...

All Chapters