← Chapters

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 2 Ch. 25-26

အခန်း (၂၅) အဲ့ဒီခြေစွတ်ကို မလွှင့်ပစ်နဲ့ဦး

ဝရန်တာတွင် မှိုနံ့များ စွဲနေသည်။ ၎င်းမှာ အချိန်အတော်ကြာ လေဝင်လေထွက် မရှိခဲ့ခြင်းကြောင့် ဖြစ်၏။

ရန်မေ့အိမ်တွင်သာမက လင်းယွမ်၏ အိမ်တွင်လည်း ထိုကဲ့သို့သော မှိုနံ့များ ရှိနေသည်။

နေရောင်မရသည်မှာ ကြာပြီဖြစ်သည့်အပြင် ရေငွေ့များကလည်း အလွန်ထူထပ်နေသဖြင့် ပစ္စည်းအတော်များများမှာ မှိုတက်ကုန်ကြချေပြီ။

အဝတ်လှန်းစင်ပေါ်တွင် ချိတ်ထားသော အဝတ်အစားများကို လင်းယွမ် တစ်ချက်ကြည့်လိုက်ရာ မျက်ခုံးအစုံ ပင့်တက်သွားမိသည်။

ထိုအဝတ်အစား အများစုမှာ အမျိုးသမီး အတွင်းခံများဖြစ်ပြီး ဆိုဒ်ကို ကြည့်ရုံနှင့်ပင် အစ်မမေ၏ ပစ္စည်းများဖြစ်ကြောင်း သိသာလှသည်။

ထိုကြီးမားလှသော အတိုင်းအတာမှာ လင်းယွမ်၏ လက်သီးနှစ်ဆုပ်စာပင် ဆံ့လောက်၏။

ရေကြီးနေသည်မှာ နှစ်ဝက်နီးပါးရှိနေပြီဖြစ်သော်လည်း အစ်မအေမှာ အဝတ်အစားများကို လျှော်ဖွတ်နေဆဲဖြစ်ရာ သူမ မည်မျှ အလုပ်ကြိုးစားကြောင်း သူ ချီးကျူးမိသည်။

တစ်ဖက်တွင်မူ လီကျစ်ချန်မှာ တကယ့်ကို ညစ်ပတ်ပေရေလှ၏။ ဤအဝတ်အစားများမှာ ရန်မေ အိမ်ပေါ်မှ အနှင်မခံရမီက လှန်းထားခဲ့ခြင်း ဖြစ်လောက်သော်လည်း ယခုတိုင် အိမ်ထဲသို့ ပြန်မသိမ်းရသေးပေ။

လင်းယွမ်က ခြေသံကို အသာဖွကာ ဧည့်ခန်းထဲသို့ ဝင်လိုက်ရာ ချဉ်စုတ်စုတ် အနံ့ဆိုးတစ်ခုက နှာခေါင်းထဲသို့ တိုးဝင်လာသည်။

သူ နှာခေါင်းကို မသိစိတ်ဖြင့် ပိတ်လိုက်မိ၏။ ၎င်းမှာ ချွေးနံ့ဆိုးကြီး ဖြစ်သည်။

ဆိုဖာပေါ်တွင် အဝတ်အစားများ စုပုံနေပြီး ဧည့်ခန်းထဲတွင် တစ်ဝက်တစ်ပျက် လောင်ကျွမ်းနေသော အဝတ်အချို့ကိုလည်း တွေ့ရသည်။ လီကျစ်ချန်မှာ အဝတ်အစားများကို မီးရှို့ကာ ထမင်းချက်စားခဲ့ပုံ ရသည်။

သို့သော် ထိုသူက အိမ်ကို လုံးဝ မရှင်းလင်းဘဲ ညစ်ပတ်စုတ်ပြတ်နေအောင် ထားထားလေသည်။

လင်းယွမ်က အခန်းထဲတွင် ခဏမျှ အကဲခတ်နေစဉ် အိပ်ခန်းမဆောင်ဘက်မှ ဟောက်သံသဲ့သဲ့ကို ကြားလိုက်ရသည်။

သူက အိပ်ခန်းတံခါးဝသို့ လျှောက်သွားပြီး တံခါးလက်ကိုင်ကို အသာအယာ လှည့်ကြည့်လိုက်၏။

သို့သော် လီကျစ်ချန်မှာ လင်းယွမ် ထင်ထားသည်ထက် ပို၍ ဂရုစိုက်တတ်ပုံရသည်။ အိပ်ခန်းတံခါးကို အတွင်းမှ ဂျက်ထိုး ပိတ်ထားလေသည်။

လင်းယွမ်က နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်ပြီးနောက် မီးဖိုချောင်ဘက်သို့ လျှောက်သွားလိုက်သည်။

ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ဘာမှမရှိသည့်အပြင် အနံ့ဆိုးကြီးကလည်း ထွက်ပေါ်လာပြန်သည်။

လျှပ်စစ်မီး ပြတ်တောက်သွားပြီးနောက် အေးခဲထားသော အသားများ အရည်ပျော်ကာ ပုပ်သိုးသွားရာမှ ထွက်ပေါ်လာသည့် အနံ့ဖြစ်ပေလိမ့်မည်။

သူ ခေါင်းခါလိုက်မိသည်။ အစားအသောက် ဘာမှရှိမည်မဟုတ်ကြောင်း သူ ကြိုတင် ခန့်မှန်းထားသင့်သည် မဟုတ်ပါလား။

လီကျစ်ချန်တွင် စားစရာရှိနေလျှင် မိမိ၏ ဇနီးသည်ကို အစားအစာနှင့် လဲလှယ်ရန် ရောင်းစားမည် မဟုတ်ပေ။

သူက အိမ်ရှေ့တံခါးကြီးကို ဖွင့်ကာ လှေကားထစ်များဆီသို့ ထွက်လာခဲ့သည်။

လှေကားအောက်ဘက်တွင် တင်းယန်က ဤဘက်သို့ စောင့်ကြည့်နေလေသည်။

လင်းယွမ် ထွက်လာသည်ကို မြင်သောအခါ သူမ ဝမ်းသာအားရဖြင့် အပေါ်သို့ အပြေးတက်လာ၏။

"မြန်လိုက်တာ... ဘယ်လိုလုပ်လိုက်တာလဲ"

လင်းယွမ်က ပြုံးလျက် လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

"လီကျစ်ချန်က အိပ်ခန်းထဲမှာ အိပ်ပျော်နေတယ်... တံခါးကိုတော့ အထဲက ပိတ်ထားတယ်... အသံတိုးတိုးလုပ်... မင်းသွားပြီး အစ်ကိုချိုင်နဲ့ အစ်ကိုမာတို့ လူစုကို သွားခေါ်လိုက်တော့... သူတို့ မိသားစုတွေကို အရင် နေရာချခိုင်းရမယ်"

တင်းယန်က အမြန် ခေါင်းညိတ်ပြသည်။ "ကျွန်မ အခုပဲ သွားခေါ်လိုက်မယ်"

ပြောပြောဆိုဆိုနှင့် သူမ အောက်ထပ်သို့ အပြေးဆင်းသွားတော့သည်။

ထိုအချိန်တွင် လင်းယွမ်၏ အိမ်တံခါးကြီး ပွင့်လာ၏။

"မောင်လေး"

ရန်မေသည် မျက်ရည်ဝိုင်းလျက် အပြေးထွက်လာကာ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းသာရိပ်များဖြင့် ပြည့်နှက်နေသည်။

လင်းယွမ်က သူမကို ဝန်လေးခြင်းမရှိဘဲ ပွေ့ဖက်လိုက်ကာ သူမ၏ နှုတ်ခမ်းနီနီလေးကို အားပါပါ နမ်းလိုက်လေသည်။

ဤကဲ့သို့ ရုတ်တရက် အနမ်းကြောင့် ရန်အေမှာ ကြောင်အမ်းသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွား၏။

သူမ၏ မျက်နှာတစ်ခုလုံး ရဲတက်သွားကာ လက်များမှာလည်း ဘယ်နားထားရမှန်း မသိတော့ပေ။

ထိုချစ်စဖွယ် အမူအရာလေးမှာ ပထမဆုံးအကြိမ် အနမ်းခံရသည့် အပျိုပေါက်မလေးအလားပင်။

လင်းယွမ်က အားရပါးရ နမ်းရှိုက်ပြီးနောက် ပြုံးကာ ပြောလိုက်သည်။

"အစ်မမေ... အစ်မက တကယ်တော်တာပဲ"

ရန်အေမှာ မျက်နှာ ရဲနေဆဲဖြစ်သော်လည်း ထိုစကားကြောင့် အံ့အားသင့်ကာ မော့ကြည့်လာသည်။

"အစ်မ ဘာမှ မလုပ်ရသေးပါဘူး မောင်လေးရဲ့"

လင်းယွမ်က အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်၏။

"အစ်မ ဘာမှ မလုပ်ခဲ့လို့ပဲ... တော်တယ်လို့ ပြောတာပေါ့"

ရန်အေမှာ မအပေ။ ထိုစကားကို ကြားသည်နှင့် သူမ၏ ရင်ခုန်သံများ မြန်လာကာ အလျင်အမြန် ပြောလိုက်သည်။

"မောင်လေး... အစ်မ ပြောပြီးသားပဲလေ... နောက်ဆိုရင် အစ်မက မောင်လေးနောက်ပဲ လိုက်တော့မှာလို့... ဘယ်တော့မှ စိတ်နှစ်ခွ မဖြစ်စေရပါဘူး"

လင်းယွမ်က ပြုံးလျက်... "အစ်မကို ကျွန်တော် ယုံပါတယ်... အခု အထဲ အရင်ပြန်ဝင်နေဦး... ဒီမှာ ခဏနေရင် ရှင်းစရာလေးတွေ ရှိသေးတယ်... အစ်မရှိနေရင် နေရခက်နေမှာ စိုးလို့"

ရန်မေက မိမိ၏ အခန်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမသည် လီကျစ်ချန်ကို မသတ်ရန် တောင်းပန်စကား ဆိုချင်သော်လည်း တွေဝေသွား၏။

သို့သော် သူမ ချက်ချင်းပင် နှုတ်ဆိတ်လိုက်သည်။ လီကျစ်ချန်ဆိုသည်မှာ အတိတ်က လူသားတစ်ယောက်သာ ဖြစ်ချေပြီ။

မောင်လေးက ကိုယ်ပိုင်ဆုံးဖြတ်ချက် ရှိသူဖြစ်ရာ မိမိအနေဖြင့် ထိုကဲ့သို့သော စကားမျိုးပြောပြီး သူ့ကို စိတ်အနှောင့်အယှက် မပေးချင်တော့ပေ။

သူမက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ "အစ်မ အိမ်မှာ ထမင်းချက်ထားမယ်နော်... မောင်လေး ပြန်လာရင် ထမင်းအတူစားကြမယ်"

လင်းယွမ်က ထပ်မံ ပြုံးလိုက်မိပြီး ရန်မေ၏ အမူအရာကို ပို၍ပင် သဘောကျသွားသည်။

အကယ်၍ ရန်မေသာ လီကျစ်ချန်ကို လွှတ်ပေးရန် တောင်းပန်ခဲ့လျှင် သူ စိတ်ထဲတွင် သေချာပေါက် နေရခက်ပေလိမ့်မည်။

ယခုမူ ရန်မေက ထိုစကားကို မပြောခဲ့သဖြင့် သူ အလွန်ကျေနပ်သွားမိသည်။

ရန်မေ အိမ်ထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်ရင်း လင်းယွမ်က ရုတ်တရက် အသံနှိမ့်ကာ ပြောလိုက်၏။

"ဟို ခြေစွတ်ရှည်ကို မလွှင့်ပစ်နဲ့ဦးနော်... ညကျရင် အဲ့ဒါလေး ဝတ်ထားပေး"

ရန်မေမှာ ကြောင်သွားပြီးနောက် ပါးပြင်နှစ်ဖက် ရဲတက်ကာ ညို့ယူဖမ်းစားနိုင်သော မျက်ဝန်းများဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် ခေါင်းကို အသာအယာ ညိတ်ပြကာ အိမ်ထဲသို့ သုတ်ခြေတင် ဝင်သွားတော့သည်။

လင်းယွမ်၏ နှုတ်ခမ်းစွန်းများမှာ အပေါ်သို့ တွန့်တက်သွားကာ စိတ်အခြေအနေမှာ အလွန်ပင် ကောင်းမွန်သွားတော့၏။

ထိုအချိန်တွင် အောက်ထပ်မှ လှုပ်ရှားသံများ ကြားလိုက်ရပြီးနောက် ချိုင်ကြည်နှင့် မာကောချိုင်တို့က အထုပ်အပိုးကြီးများကို ကျောပိုးကာ စိတ်လှုပ်ရှားစွာ တက်လာကြသည်ကို မြင်လိုက်ရသည်။

တင်းယန်နှင့် နောက်ထပ် အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦးကမူ အသက် (၅၀) ကျော် အရွယ် အမျိုးသမီးကြီးတစ်ဦးကို တွဲခေါ်လာကြသည်။

အမျိုးသမီးငယ်၏ ဘေးတွင်မူ အရိုးပေါ် အရေတင်နေသော ခလေးမလေး တစ်ဦးလည်း ပါလာ၏။

"ညီလေးလင်း... ညီလေးက တကယ့်ကို တော်တာပဲ... လီကျစ်ချန်က သဘောတူလိုက်တာလား" ချိုင်ကြည်က ရောက်ရောက်ချင်း စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

မာကောချိုင်ကလည်း အမြန်ပြော၏။ "ညီလေး... ငါက မာကောချိုင်ပါ... တကယ့်ကို ကျေးဇူးတင်ပါတယ်ကွာ"

လင်းယွမ်က နှစ်ဦးလုံးကို ခေါင်းညိတ်ပြလိုက်ပြီး... "လီကျစ်ချန်က ဘယ်သဘောတူမှာလဲ... သူက အခုထိ သူ့တိုက်ခန်းတံခါးပွင့်သွားတာကိုတောင် မသိသေးဘူး... အိပ်ခန်းထဲမှာ အိပ်နေတုန်းပဲ... ခဏနေရင် သူ့ကို သွားတွေ့ရမယ်... အခုတော့ အရင်ဝင်ကြဦး"

သူတို့လူစုမှာ အထုပ်အပိုးများကို အမြန်သယ်ယူကာ အခန်း ၃၂၀၂ ထဲသို့ ဝင်လိုက်ကြသည်။

ပစ္စည်းများ အားလုံး သယ်ယူပြီး၍ တံခါးကို အတွင်းမှ ပိတ်လိုက်မှသာ ချိုင်ကြည်နှင့် မာကောချိုင်တို့မှာ သက်ပြင်းချနိုင်တော့သည်။

"ဒီမှာ အကျယ်ကြီးပဲနော်... ဖေဖေ... သမီးတို့ ဒီမှာ နေရမှာလားဟင်"

ထိုအရိုးပေါ်အရေတင် ခလေးမလေးမှာ မျှော်လင့်ချက်အပြည့်ဖြင့် မေးလိုက်သည်။

ချိုင်ကြည်က သမီးဖြစ်သူကို ပွေ့ချီလိုက်ပြီး... "ဟုတ်တယ် သမီး... နောက်ဆို သမီးနဲ့ သမီးအမေ ဒီမှာပဲ နေရတော့မှာ"

သူက ဘေးနားရှိ အမျိုးသမီးကို လင်းယွမ်နှင့် မိတ်ဆက်ပေးလိုက်သည်။

"ညီလေးလင်း... ဒါက ငါ့မိန်းမ ဝူချင်း... ဒါကတော့ ငါ့သမီးလေး ချိုင်ယောင်"

ဝူချင်းက လင်းယွမ်ကို ကျေးဇူးတင်စိတ်အပြည့်ဖြင့် ပြုံးပြကာ... "မောင်လေးလင်း... ကျေးဇူးပါနော်... အစ်မ... အစ်မ ဘယ်လိုကျေးဇူးတင်ရမလဲတောင် မသိတော့ပါဘူး..."

လင်းယွမ်က လက်ကာပြလိုက်၏။ "အားလုံးက အသက်ရှင်ဖို့ ကြိုးစားနေကြတာပဲလေ... အားနာမနေပါနဲ့"

"ကိုကို... ဒါ ကိုကို့အိမ်လားဟင်... ကိုကိုက သမီးတို့ကို လက်ခံထားတာလား" ချိုင်ယောင်က လင်းယွမ်ကို မော့ကြည့်ရင်း မေးလိုက်သည်။

ထိုဖြူစင်လှသော အကြည့်လေးက လင်းယွမ်၏ ရင်ကို တစ်ချက် တုန်ခါသွားစေသည်။

ရေကြီးနေသည်မှာ ရှိနေပြီဖြစ်သဖြင့် ဤကဲ့သို့သော ဖြူစင်လှပသည့် မျက်ဝန်းမျိုးကို သူ မေ့လျော့နေခဲ့ချေပြီ။

လင်းယွမ်၏ ရင်ထဲတွင် နူးညံ့မှုတစ်ခု ဖြစ်ပေါ်လာပြီး သူ ထိုင်ချလိုက်ကာ အိတ်ကပ်ထဲမှ ချောကလက် တစ်တုံးကို ထုတ်ပေးလိုက်သည်။

"ချိုင်ယောင်လို့ခေါ်တာလား... နောက်ဆို ဒီမှာပဲ နေနော်... ကိုကို့အခန်းက ဟိုဘက်မှာ ရှိတယ်... အချိန်မရွေး လာလည်လို့ ရတယ်"

ချောကလက်ကို မြင်လိုက်ရသောအခါ ချိုင်ယောင်၏ မျက်လုံးများ ဝိုင်းစက်သွားပြီး အံ့အားသင့်သွားသည်။

"ချောကလက်လား... ဒါ... ဒါ သမီးကို ပေးတာလားဟင်"

လင်းယွမ်က ပြုံးလျက် ခေါင်းညိတ်ပြ၏။

သို့သော် ချိုင်ယောင်မှာ ချက်ချင်း လှမ်းမယူရဲဘဲ တံတွေး တစ်ချက် မျိုချလိုက်ကာ သူမ၏ အဖေနှင့် အမေကို လှည့်ကြည့်လိုက်သည်။

ချိုင်ကြည်က တွေဝေသွားပြီး... "ညီလေးလင်း... အခုလို အချိန်မှာ စားစရာက အလွန်ရှားနေတာ... ဒီချောကလက်က အရမ်းတန်ဖိုးကြီးတယ်... မင်းပဲ သိမ်းထားလိုက်ပါ"

ဝူချင်းကလည်း အမြန်ပြော၏။ "ဟုတ်တယ် မောင်လေး... ဒါက အရမ်းတန်ဖိုးကြီးတာ... ယောင်ယောင်လေးကို မပေးပါနဲ့"

လင်းယွမ်က ဘာမှ ထပ်မပြောဘဲ ချောကလက်ကို ချိုင်ယောင်လေး၏ လက်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

"ဒါက ကလေးအတွက်ပါ... ခင်ဗျားတို့အတွက် မဟုတ်ဘူး... ဒီလိုတွေ ပြောမနေပါနဲ့"

ထို့နောက် သူတို့ ထပ်ပြောရန် အခွင့်အရေး မပေးတော့ဘဲ မာကောချိုင်၏ ဘေးရှိ အမျိုးသမီးကြီးကို ကြည့်ကာ မေးလိုက်သည်။

"အစ်ကိုမာ... ဒါ အစ်ကိုမာရဲ့ အမျိုးသမီးလား"

မာကောချိုင်မှာ စောစောက အခြေအနေကို ကြည့်ပြီး စိတ်ထဲတွင် ကျေနပ်နေမိသည်။

လင်းယွမ်၏ စိတ်ထားကောင်းမှုကို သူ ခံစားမိလိုက်သည်။ ဤလူငယ်မှာ ကိုယ်ကျင့်တရား မပျက်ပြားသေးသော လူငယ်ကောင်းတစ်ဦး ဖြစ်၏။

လင်းယွမ်၏ စကားကို ကြားသောအခါ သူက အမြန်ပြန်ဖြေသည်။

"အော်ဟုတ်တယ်... ဒါက ငါ့မိန်းမ လီလန်ဟွာ... မိန်းမ... ဒါက လင်းယွမ်တဲ့"

လီလန်ဟွာ၏ မျက်နှာမှာ အနည်းငယ် ဝါဖန့်နေသော်လည်း ပြုံးပြကာ... "မောင်လေးလင်း... တွေ့ရတာ ဝမ်းသာပါတယ်... မောင်လေးကို ဒုက္ခပေးမိပြီ"

လင်းယွမ်က လက်ကာပြကာ... "ရပါတယ်... ဒီအိမ်က ကျယ်ပါတယ်... အခန်း လေးခန်းတောင် ရှိတာဆိုတော့ အစ်ကိုတို့ ခွဲဝေပြီး နေကြပေါ့... လီကျစ်ချန်ကို ဘယ်လို ကိုင်တွယ်မလဲဆိုတာတော့ အားလုံး တိုင်ပင်ရဦးမယ်"

ထိုစကားကို ကြားသောအခါ အားလုံး၏ အကြည့်များမှာ အိပ်ခန်းဘက်သို့ ရောက်ရှိသွားကြသည်။

ထိုနေရာမှ ဟောက်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေဆဲ ဖြစ်သည်။

လီကျစ်ချန်မှာ ယခုတိုင် နိုးမလာသေးပေ။

ဆက်ရန်...

အပိုင်း (၂၆) လီကျစ်ချန်ကို အပြတ်ရှင်းခြင်း

မိုးသည်းထန်စွာ ရွာသွန်းနေသည်မှာ ခြောက်လဆက်တိုက် ရှိပြီ ဖြစ်သည်။ ထူထပ်လှသော တိမ်မည်းကြီးများက နေရောင်ခြည်ကို ဖုံးကွယ်ထားရာ နေ့လား ညလား ခွဲခြား၍မရပေ။

စက်နာရီ မရှိပါက အချိန်ကို သိနိုင်ရန် ခဲယဉ်းလှသည်။

လီကျစ်ချန်သည် မနေ့ညက သူ၏ အရုပ်မလေးနှင့် တစ်ညလုံး ပျော်နေခဲ့ပြီး ပေါင်မုန့်အနည်းငယ် စားကာ အခုထိ အိပ်မောကျနေဆဲ ဖြစ်သည်။

တစ်ခါတစ်ရံတွင် ရေကြီးခြင်းသည် သူ့အတွက် အရာအားလုံး ဆိုးဝါးနေသည်တော့ မဟုတ်ဟု သူထင်မိသည်။ အနည်းဆုံးတော့ အလုပ်သွားစရာမလိုဘဲ အိမ်ထဲမှာပဲ အေးအေးဆေးဆေး အောင်းနေ၍ ရသည်မဟုတ်ပါလော။

အကယ်၍သာ စားစရာ၊ သောက်စရာ၊ အင်တာနက်နှင့် လျှပ်စစ်မီးသာ ရှိနေပါက ပို၍ ပြည့်စုံသွားပေလိမ့်မည်။

သူ အိပ်မက်တစ်ခု မက်နေသည်။ အိပ်မက်ထဲတွင် ဘေးခန်းမှ လင်းယွမ်ဆိုသည့် ခွေးကောင်က ဓာတ်လှေကားထဲ၌ သူ့မိန်းမကို ခိုးကြည့်နေပြန်သည်။ ဤတစ်ခါတော့ ခိုးကြည့်ရုံတင်မကဘဲ လက်ပါပါပြီး သူ့မိန်းမကို လှမ်းကိုင်နေလေသည်။

သူ ဒေါသအလိပ်လိပ် ထွက်သွားပြီး ဟန့်တားရန် ပြင်လိုက်သည်။

သို့သော် သူ့မိန်းမသည် ရုန်းကန်ခြင်းမရှိသည့်အပြင် တစ်ဖက်လူနှင့် ပူးပေါင်းကာ အဝတ်အစားများပင် စတင်ချွတ်နေသည်ကို တွေ့လိုက်ရသည်။

ဒါက သူ့ကို ပို၍ ပေါက်ကွဲစေသည်။ သူသည် ထိုနေရာမှာတင် ဆဲဆိုကြိမ်းမောင်းတော့သည်။

သို့သော် ထိုနှစ်ယောက်သည် ဂရုမစိုက်သည့်အပြင် ပို၍ပင် လက်ရဲဇက်ရဲ ရှိလာကြသည်။ လင်းယွမ်သည် ပေါင်မုန့်တစ်ဖဲ့ကို ထုတ်ယူကာ သူ့ရှေ့သို့ လွှင့်ပစ်လိုက်သည်။

ဘာကြောင့်မှန်းမသိ၊ ထိုပေါင်မုန့်ကို မြင်လိုက်ရချိန်တွင် သူ့ဒေါသများ အကုန်အငွေ့ပျံသွားပြီး ဝမ်းသာအားရဖြင့် ပေါင်မုန့်ကို လုယူကာ အငမ်းမရ စားပွဲတင်တော့သည်။

"မွှေးလိုက်တာ... အရသာရှိလိုက်တာ"

ထိုရနံ့က ဦးနှောက်ထဲထိ တိုးဝင်သွားပြီး အစာအိမ်ထဲတွင် မီးလောင်မတတ် ဆာလောင်လာစေသည်။

သူသည် တံတွေးများကို အကြိမ်ကြိမ် မျိုချရင်း အတင်းဝါးစားနေသော်လည်း ဗိုက်က မဝနိုင် ဖြစ်နေသည်။

"စားမယ်... စားမယ်... ငါစားမယ်"

"ဝုန်း"

ရုတ်တရက် ပြင်းထန်သော အသံကြီးတစ်ခုကြောင့် လီကျစ်ချန် လန့်ဖျပ်ကာ မျက်လုံးပွင့်လာသည်။

အခန်းထဲတွင် မှောင်အတိ ကျနေသည်။ သူသည် ကြောင်တောင်တောင် ဖြစ်နေပြီး အိပ်မက်ထဲမှ ရုန်းမထွက်နိုင်သေးပုံရသည်။

ထိုစဉ် တံခါးဝ၌ လူရိပ်သုံးခု ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုအထဲတွင် အိပ်မက်ထဲ၌ သူ့မိန်းမကို နှိပ်စက်နေသော လင်းယွမ် ပါနေသည်မဟုတ်ပါလော။

"လင်းယွမ်"

သူ သတိပြန်ဝင်လာပြီး ထိတ်လန့်တကြား ထထိုင်လိုက်သည်။

ချိုင်ကြည်နှင့် မာကောချိုင်တို့ နှစ်ယောက်သည် ချက်ချင်းပင် ရှေ့သို့ တိုးလာကာ ဝဲယာတစ်ဖက်စီမှနေ၍ သူ့ကို ကုတင်ပေါ်သို့ ဖိချထားလိုက်ကြသည်။

လင်းယွမ်က ထိုမြင်ကွင်းကို ကြည့်ရင်း အေးစက်စွာ ပြုံးလိုက်သည်။

"လီကျစ်ချန်... မင်း အိပ်လို့ကောင်းနေသားပဲ... မင်း ကြိတ်ဝါးနေတဲ့ အသံတွေက အပြင်ကတောင် ကြားရတယ်... ဘာလဲ... အိပ်မက်ထဲမှာ စားစရာတွေ တွေ့နေလို့လား"

"လင်း... လင်းယွမ်... မင်း ငါ့အိမ်ထဲ ဘယ်လိုရောက်နေတာလဲ... မင်းတို့က ဘယ်သူတွေလဲ... လွှတ်... ငါ့ကိုလွှတ်... ငါ ရဲတိုင်မှာနော်... လွှတ်ကြစမ်း"

လီကျစ်ချန်သည် ပျာပျာသလဲ အော်ဟစ်ကာ အတင်းရုန်းကန်တော့သည်။

ချိုင်ကြည်နှင့် မာကောချိုင်တို့ နှစ်ယောက်ပင် မနည်းထိန်းထားရသည်။

နောက်ဆုံးတွင် ချိုင်ကြည်သည် မျက်နှာထားတင်းမာသွားပြီး ခါးကြားမှ အသားလှီးဓားမကြီးကို ထုတ်ကာ လီကျစ်ချန်၏ လည်ပင်းတွင် တေ့လိုက်တော့သည်။

"မလှုပ်နဲ့... ထပ်လှုပ်ရင် မင်းကို သတ်ပစ်မယ်"

သူက အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ရာ လီကျစ်ချန် တစ်ယောက် ချက်ချင်းပင် ငြိမ်ကျသွားပြီး တစ်ကိုယ်လုံး တုန်ယင်ကာ မလှုပ်ရဲတော့ပေ။

လီကျစ်ချန်သည် ကြောက်လန့်တကြား အသနားခံတော့သည်။

"အသက်ချမ်းသာပေးပါ... လင်းယွမ်... ငါ့ကို ခွင့်လွှတ်ပါ... ငါ့မိန်းမလည်း မင်းကို ပေးထားပြီးပြီပဲ... ငါ့မိန်းမ မျက်နှာကို ထောက်ပြီး ငါ့ကို မသတ်ပါနဲ့... တောင်းပန်ပါတယ်"

သူ တစ်ကိုယ်လုံး တုန်ယင်နေစဉ် မာကောချိုင်သည် ရုတ်တရက် ညှီစို့စို့ အနံ့တစ်ခု ရလိုက်သဖြင့် ငုံ့ကြည့်လိုက်ရာ လီကျစ်ချန်၏ ဘောင်းဘီခွကြားတွင် ရွှဲစိုနေသည်ကို တွေ့လိုက်ရသည်။

သူ စိတ်ပျက်သွားပြီး ဆဲလိုက်မိသည်။

"ဒီအသုံးမကျတဲ့ကောင်... ကြောက်လွန်းလို့ သေးပါထွက်သွားပြီ"

ချိုင်ကြည်လည်း အံ့ဩသွားသည်။ လီကျစ်ချန်သည် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသလောက် ဤမျှအထိ သတ္တိနည်းလိမ့်မည်ဟု မထင်ထားမိပေ။

ခေတ္တမျှ သူတို့ ဘာဆက်လုပ်ရမည်ကို မဝေခွဲနိုင် ဖြစ်သွားကြသည်။

"လင်းယွမ်... ဘယ်လိုလုပ်မှာလဲ"

ချိုင်ကြည်က လင်းယွမ်ကို လှမ်းကြည့်လိုက်သည်။

လင်းယွမ်လည်း စိတ်ပျက်လက်ပျက်ဖြင့် လီကျစ်ချန်ကို ကြည့်ကာ ခေါင်းခါလိုက်သည်။

"ယောကျာ်းတန်မဲ့ ဒီလောက်တောင် သတ္တိနည်းရလား"

"မင်းက အစ်မမေ အကြောင်းကို ထည့်ပြောရဲသေးတယ်... ပေါင်မုန့်တစ်ဖဲ့အတွက်နဲ့ ကိုယ့်မိန်းမကို ရောင်းစားတဲ့ကောင်က သူ့အကြောင်း ပြောဖို့ မထိုက်တန်ဘူး"

"ကြိုးတုပ်လိုက်တော့"

ချိုင်ကြည်နှင့် အစ်ကိုမာတို့သည် ခါးပတ်များကို ယူကာ လီကျစ်ချန်၏ လက်နှစ်ဖက်ကို အနောက်သို့ ပြန်လှန်၍ တုပ်နှောင်လိုက်ကြသည်။

လီကျစ်ချန်သည် ကျယ်လောင်စွာ အော်ဟစ်အသနားခံနေဆဲ ဖြစ်သည်။

"မလုပ်ပါနဲ့... တောင်းပန်ပါတယ်... ငါ့ကို လွှတ်ပေးကြပါ... လင်းယွမ်... မင်း ဘာလိုချင်လဲ ပြောပါ... ငါ အကုန်ပေးပါ့မယ်... အကုန်လုံး ပြန်ပေးပါ့မယ်... ငါ့ကို လွှတ်ပေးပါ"

ချိုင်ကြည်သည် လီကျစ်ချန်၏ အော်သံကြောင့် သူ့သမီးလေး နိုးသွားမည်ကို စိုးရိမ်သဖြင့် ဘာမှမစဉ်းစားတော့ဘဲ အနားရှိ ညစ်ပတ်နေသော အတွင်းခံဘောင်းဘီတစ်ထည်ကို လီကျစ်ချန်၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်လိုက်သည်။

လီကျစ်ချန်သည် "အု... အု" နှင့် အသံများသာ ထွက်နိုင်တော့သည်။ ထိုအတွင်းခံမှာ သူ မနေ့က ချွတ်ထားခဲ့သော အထည်ဖြစ်ပြီး ညှီစို့စို့ အနံ့ကြောင့် သူ မျက်ရည်များပင် ထွက်လာတော့သည်။

တုပ်နှောင်ထားသော လီကျစ်ချန်ကို ကြည့်ရင်း ချိုင်ကြည်နှင့် မာကောချိုင်တို့သည် လင်းယွမ်ကို လှမ်းကြည့်ကြသည်။

သူတို့လည်း ဤသတ္တဝါကို မည်သို့ စီရင်ရမှန်း မသိတော့ပေ။

အမှန်တော့ သူတို့က သူများအိမ်ကို လုယူထားသူများ ဖြစ်သည်။ ယခု အိမ်ရှင်ကိုပါ ဖမ်းဆီးထားခြင်းမှာ ကိုယ်ကျင့်တရားအရ သူတို့တွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသည်။

လင်းယွမ်လည်း အနည်းငယ် တွေဝေသွားသည်။ သူသည် လျှိုအားလုံတို့ကဲ့သို့ အောက်တန်းကျသူ မဟုတ်ပေ။ ယခင်က လူသတ်ခဲ့သည်မှာလည်း မတတ်သာ၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခဲ့ခြင်းသာ ဖြစ်သည်။

ယခု လက်နက်မဲ့နေသော လူတစ်ယောက်ကို သတ်ရန် သူ အနည်းငယ် တွန့်ဆုတ်နေမိသည်။

နောက်ဆုံးတွင် သူသည် အစ်မမေကို ငဲ့ညှာကာ ပြောလိုက်သည်။

"ထားလိုက်တော့... သူ့ကို အခန်းပြင်ထုတ်လိုက်... ကျန်တာသူ့ကံပေါ့"

မာကောချိုင်နှင့် ချိုင်ကြည်တို့သည်လည်း သက်ပြင်းချနိုင်သွားကြသည်။

ချိုင်ကြည်က ချက်ချင်း ပြောလိုက်သည်။

"ဒီကောင်က စားဖို့အတွက် ကိုယ့်မိန်းမကိုတောင် ရောင်းစားတဲ့ကောင်... တကယ့် လူ့တိရစ္ဆာန်ပဲ... သူ့ကို မသတ်ပဲ ပစ်ထားလိုက်တာက ယန်မေ့အတွက် လက်စားချေပေးရာ ရောက်ပါတယ်"

မာကောချိုင်လည်း ခေါင်းညိတ်သည်။

"ဒီလိုလူမျိုးကို အနားမှာ မထားသင့်ဘူး... အပြင်ထုတ်လိုက်တာ အကောင်းဆုံးပဲ"

သူတို့နှစ်ယောက်သည် လီကျစ်ချန်ကို မကာ ၃၁ လွှာရှိ စင်္ကြံလမ်းပေါ်သို့ ပစ်ချလိုက်ကြသည်။

ချိုင်ကြည်က ပြောလိုက်သည်။

"မင်းကို ငါတို့ အခွင့်အရေး မပေးဘူးလို့ မပြောနဲ့... အဲ့ဒီ တဲနဲ့ အိုးခွက်ပန်းကန်တွေက ငါတို့ အရင်က သုံးခဲ့တာတွေ"

မာကောချိုင်က ဘာမှမပြောဘဲ ချိုင်ကြည်၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

"သွားရအောင်... ဒီလို လူယုတ်မာမျိုးက သေသွားလည်း ဝမ်းမနည်းဘူး"

လင်းယွမ်သည် အစအဆုံး စကားတစ်လုံးမှ မပြောဘဲ လီကျစ်ချန်ကို အေးစက်စွာ တစ်ချက်ကြည့်ပြီးနောက် သူတို့နှစ်ယောက်နှင့်အတူ အပေါ်ထပ်သို့ ပြန်တက်သွားသည်။

လီကျစ်ချန်သည် ထိုသုံးယောက် ထွက်သွားသည်ကို ကြည့်ရင်း ကြောက်စိတ်များ ပြေပျောက်သွားကာ ခါးပတ်ကို မရရအောင် ဖြုတ်ပြီး ပါးစပ်ထဲမှ အတွင်းခံကို ထွေးထုတ်လိုက်သည်။ သူသည် အပေါ်ထပ်မှ ပိတ်ထားသော တံခါးကို အငြိုးတကြီး ကြည့်လိုက်သည်။

"တောက်... လင်းယွမ်... ယန်မေ... မင်းတို့ ခွေးတွေ စောင့်နေလိုက်... ငါ့အလှည့် ရောက်လာစေရမယ်"

သူသည် စုတ်ပြတ်နေသော တဲကို ကြည့်ရင်း ပို၍ ဒေါသထွက်လာသည်။

သို့သော် ပါးစပ်ကသာ ဆဲနိုင်ပြီး ဘာမှမလုပ်ရဲပေ။ လင်းယွမ် တစ်ယောက်တည်း ရှိစဉ်ကပင် သူ ဘာမှမတတ်နိုင်ခဲ့ဘဲ ယခု လင်းယွမ်တွင် အပေါင်းအဖော် နှစ်ယောက် ရှိနေပြီဖြစ်ရာ သူ ပို၍ မထိရဲတော့။

သို့သော် ရင်ထဲမှ အမုန်းတရားများကတော့ ငြိမ်းသတ်၍မရ။

"ဘယ်လိုလုပ်မလဲ... အခု စားစရာလည်း မရှိတော့ဘူး နေစရာလည်း မရှိတော့ဘူး... အကုန်လုံး လင်းယွမ်ကြောင့်ပဲ... တောက်... ငါ့ကို ဒုက္ခပေးတဲ့ကောင်တွေ မင်းတို့လည်း အေးအေးဆေးဆေး နေရမယ် မထင်နဲ့"

သူ ခေတ္တမျှ စဉ်းစားလိုက်ရာ မျက်လုံးများ အရောင်တောက်သွားသည်။

"ဟုတ်ပြီ... လျှိုအားလုံ"

"လျှိုအားလုံက လင်းယွမ်ကို သတ်ချင်နေတာ ကြာပြီ... ငါ အခုပဲ သူနဲ့သွားပေါင်းလိုက်မယ်... ပြီးရင် ယန်မေဆိုတဲ့ အပျက်မကိုပါ သူ့ကို လက်ဆောင်ပေးမယ်လို့ ပြောလိုက်မယ်"

"ဒါဆိုရင် လျှိုအားလုံနဲ့ လင်းယွမ်တို့ တိုက်ခိုက်ကြလိမ့်မယ်... လျှိုအားလုံက ငါ့ကို စားစရာတွေတောင် ခွဲပေးရင် ပေးဦးမှာ"

"ဟဟ... လင်းယွမ်... မင်း စောင့်နေလိုက်"

သူ စိတ်လှုပ်ရှားသွားပြီး ချက်ချင်းပင် ထရပ်ကာ အောက်ထပ်သို့ အပြေးအလွှား ဆင်းရန် ပြင်လိုက်သည်။

သို့သော် မှောင်ရိပ်ကျနေသော လှေကားခွင်ထဲသို့ ရောက်သည်နှင့်... ရုတ်တရက် ကြိုးတစ်ချောင်းသည် သူ့လည်ပင်းသို့ ရစ်ပတ်သွားလေသည်။

"အု—"

လီကျစ်ချန်သည် ထိတ်လန့်တကြား ရုန်းကန်တော့သည်။ လက်နှစ်ဖက်ဖြင့် လည်ပင်းမှ ကြိုးကို အတင်း ဆွဲဖြုတ်ရန် ကြိုးစားသည်။

မှောင်ထုထဲတွင် အနောက်က လူ၏ မျက်နှာကို သူ မမြင်ရ။

ကြိုးကို ဆွဲထားသော လက်များ၏ အင်အားက အလွန်ကြီးမားလှသည်။

လီကျစ်ချန်သည် အတင်းကုတ်ခြစ်ကာ ရုန်းကန်သော်လည်း လုံးဝ မလွတ်မြောက်နိုင်ပေ။

"အု... အု... ကယ်... ကယ်ကြပါ..."

သူသည် နောက်ဆုံးလက်ကျန် အင်အားဖြင့် အသံမထွက်သော အော်ဟစ်မှုကို ပြုလုပ်လိုက်သည်။

နောက်ဆုံးတွင် ဦးနှောက်အတွင်း အောက်ဆီဂျင် ပြတ်လပ်သွားကာ မျက်စိရှေ့တွင် မှောင်အတိ ကျသွားတော့သည်။

မှောင်ထုထဲတွင် ကြိုးကို ဆွဲထားသော လူက လက်ကို မလွှတ်သေးဘဲ စက္ကန့် ၃၀ ခန့် ဆက်တိုက် ဆွဲထားသည်။ လီကျစ်ချန် လုံးဝ မလှုပ်ရှားတော့မှသာ လက်ကို လွှတ်လိုက်သည်။

လီကျစ်ချန်၏ အလောင်းသည် လှေကားခွင်ထဲသို့ ဖြည်းညှင်းစွာ လဲကျသွားသည်။

ထိုလူသည် လျှာထွက်ကာ မျက်လုံးအပြူးသားဖြင့် သေဆုံးနေသော လီကျစ်ချန်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။

"ငါ မင်းကို တကယ် အသက်ချမ်းသာပေးဖို့ စဉ်းစားထားတာ... ဒါပေမဲ့ မင်းကတော့ ကိုယ့်သေတွင်း ကိုယ်တူးတာကိုး"

"လျှိုအားလုံဆီ သွားမယ်ဆိုတာကိုတောင် တိုးတိုးတိတ်တိတ် မပြောဘဲ ငါကြားအောင် ပြောနေလိုက်သေးတယ်"

လင်းယွမ်သည် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ကြိုးကို သိမ်းလိုက်သည်။

ခုနက ချိုင်ကြည်တို့ နှစ်ယောက်ကို ပြန်ပို့ပေးပြီးနောက် အိမ်ပြန်မည်ဟု အကြောင်းပြကာ ထွက်လာခဲ့ခြင်းမှာ လီကျစ်ချန်ကို စိတ်မချ၍ ဖြစ်သည်။

မထင်မှတ်ဘဲ လှေကားထိပ်သို့ ရောက်ချိန်တွင် လီကျစ်ချန်သည် လျှိုအားလုံထံ သွားပူးပေါင်းမည့်အကြောင်း ရေရွတ်နေသည်ကို ကြားလိုက်ရခြင်း ဖြစ်သည်။

ထိုအချိန်တွင် လင်းယွမ်သည် သတ်ရန် ဆုံးဖြတ်ချက်ကို အပြီးသတ် ချလိုက်တော့သည်။

ရန်သူသည် ရန်သူသာ ဖြစ်သည်။ လီကျစ်ချန်သည် သတ္တိနည်းသော်လည်း သန်မာထွားကျိုင်းသော ယောကျာ်းတစ်ယောက် ဖြစ်သည်။

အကယ်၍ လျှိုအားလုံအဖွဲ့ထဲသို့ ရောက်သွားပါက သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်လာပေလိမ့်မည်။

လင်းယွမ်သည် ငုံ့ကာ အလောင်းကို မပြီး စင်္ကြံလမ်းအပြင်ဘက်သို့ လွှင့်ပစ်လိုက်သည်။

"ဗွမ်း"

ရေထဲသို့ ကျသွားသော အသံသည် မိုးသံလေသံများကြားတွင် ပျောက်ကွယ်သွားသည်။

၎င်းက ဘာမှ မဖြစ်ခဲ့သကဲ့သို့ပင်။

လင်းယွမ်သည် အောက်ဘက်ရှိ မှောင်မည်းနေသော ရေမျက်နှာပြင်ကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်နေပြီးနောက် အပေါ်ထပ်သို့ ပြန်တက်သွားလေတော့သည်။

ဆက်ရန်...

All Chapters