← Chapters

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အခန်း (၃၁-၃၂)

Vol. 2 Ch. 31-32

အပိုင်း (၃၁) အဲဒါကြီးက အရမ်းညစ်ပတ်လွန်းတယ်

"စိတ်ဝင်စားစရာပဲ"

လင်းယွမ် ရုတ်တရက် ရယ်မောလိုက်သည်။

တကယ်ကို လူအမျိုးမျိုး နည်းလမ်းအဖုံဖုံ ဆိုသလိုပင်။

ကမ္ဘာပျက်ကပ်ဘေး ရောက်လာသောအခါ လူတို့သည် အသက်ရှင်သန်ရေးအတွက် ဘာမဆို လုပ်တတ်ကြသည် မဟုတ်ပါလော။

ဒရုန်းလွှတ်ပြီး သူများအိမ်ကို ချောင်းမြောင်းကြည့်ရှုသည်။ အကယ်၍ ကိုယ့်အိမ်ပြတင်းပေါက်သာ ပွင့်နေပါက တစ်ဖက်လူသည် ဒရုန်းကို အခန်းထဲထိ မောင်းဝင်ပြီး စားစရာ ဝင်ခိုးခိုင်းမည်လား မပြောတတ်ပေ။

အခန်းထဲ ဝင်မရတော့ ရေပြင်ပေါ်က ပေါလောပေါ်နေသော ပစ္စည်းများကို လိုက်ဆယ်ခိုင်းပြန်သည်။ တကယ့်ကို ပါရမီရှင်ဟု ဆိုရမည်။

"မောင်လေး... အဲဒီဒရုန်းက အဲဒီမိန်းမ ပိုင်တာလား" ရန်မေက မေးလိုက်သည်။

လင်းယွမ် ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်... အဲဒီဒရုန်းက အဲဒီမိန်းမအခန်းထဲ ဝင်သွားတာ"

"သူက မောင်လေးကို ဘာကိစ္စ လာချောင်းကြည့်တာလဲ" ရန်မေ နားမလည်နိုင် ဖြစ်နေသည်။

"စားစရာ လာရှာတာ ဖြစ်လောက်တယ်"

"ဟင်... ဟုတ်လား"

ရန်မေ အံ့သြသွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားကာ "ကြည့်ရတာ သူ့ဆီမှာလည်း စားစရာ မရှိတော့ဘူး ထင်တယ်နော်" ဟု ပြောလိုက်သည်။

ထိုအခါမှ လင်းယွမ်လည်း သတိထားမိသွားသည်။

ဟုတ်ပေသည်... ဤအမျိုးသမီး တိုက်ရိုက်ထုတ်လွှင့်သူ ကလည်း သူ့လိုပင် တိုက်ခန်းထဲကနေ အပြင်မထွက်တာ နှစ်ဝက်လောက် ရှိနေချေပြီ။

ဤကာလအတွင်း အိမ်ထဲမှာပဲ နေပြီး အသက်ရှင်နေနိုင်သေးသည်ဆိုလျှင် စားစရာ သိုလှောင်ထားတာ ရှိလို့ပဲ ဖြစ်ရမည်။

ယခင်က သူ လေ့ကျင့်ခန်းလုပ်နေချိန်တွေမှာ ဒရုန်းကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။ ဆိုလိုသည်မှာ ထိုအမျိုးသမီးသည် မကြာသေးမီကမှ ဒရုန်းကို စတင်အသုံးပြုလာခြင်း ဖြစ်သည်။

လင်းယွမ် စဉ်းစားခန်း ဝင်သွားသည်။ "ဒီဒရုန်းကိုသာ ကောင်းကောင်း အသုံးချနိုင်ရင် တကယ့်ကို အဖိုးတန်ပစ္စည်းပဲ"

"ဒီအမျိုးသမီးအိမ်မှာ မီးမရှိလောက်ဘူး... သူ့မှာမီးစက်သာ မရှိရင် ဒရုန်းက ခဏလေးနဲ့ အားကုန်သွားပြီး သုံးမရတော့မှာ သေချာတယ်"

"ဒါပေမဲ့ ငါ့လက်ထဲ ရောက်လာရင် ငါက အားသွင်းလို့ရတော့ ဒရုန်းကို အချိန်အကြာကြီး ပျံသန်းခိုင်းလို့ ရတယ်"

ဒရုန်း၏ အသုံးဝင်ပုံမှာ အဝေးကြည့်မျက်လုံး တစ်လုံးကဲ့သို့ပင်။ နောင်တွင် ပစ္စည်းရှာဖွေခြင်း၊ ရန်သူကို ထောက်လှမ်းခြင်း၊ အကူအညီတောင်းခြင်း စသည်တို့အတွက် အလွန်အသုံးဝင်သည်။

အခြားအရာများကို မဆိုထားနှင့် သူ့တွင်သာ ဒရုန်းရှိပါက အထပ်တိုင်းကို လိုက်လံထောက်လှမ်းပြီး လျှိုအားလုံနှင့် သူ့လူများ ဘယ်နေရာတွေမှာ ရှိနေလဲဆိုတာ အတိအကျ သိနိုင်သည်။

ထိုအခါကျမှ ချိုင်ကြည်၊ မာကောချိုင်တို့နှင့် ပူးပေါင်းပြီး လျှိုအားလုံ၏ လူများကို တစ်ယောက်ချင်းစီ ချေမှုန်းရသည်မှာ ပိုလွယ်ကူသွားပေလိမ့်မည်။

"အောက်ထပ်က အမျိုးသမီးလက်ထဲက ဒရုန်းကို ရအောင်ယူဖို့ နည်းလမ်းရှာမှ ဖြစ်မယ်"

လင်းယွမ် စဉ်းစားလိုက်သည်။ ဤအမျိုးသမီးဆီမှာ စားစရာ မရှိတော့ဘူးဆိုရင် စားစရာနဲ့ ဒရုန်းကို လဲလှယ်လို့ ရကောင်းရနိုင်သည်။

သို့သော် သူ့လက်ထဲတွင်လည်း စားစရာ သိပ်မကျန်တော့ပေ။ အမှတ်တွေ ရအောင် အရင်ရှာရမည်။

အမှတ်များဖြင့် ကံစမ်းမဲနှိုက်မှ စားစရာများ ရနိုင်မည်ဖြစ်ပြီး ဒါမှသာ သူ စိတ်ချရမည်ဖြစ်သည်။

"ချိုင်ကြည်နဲ့ ဦးလေးမာတို့ ငါးဘယ်နှကောင်များ လဲလို့ရလာမလဲ မသိဘူး"

ထိုသို့ တွေးနေစဉ်မှာပင် ဘေးခန်း လသာဆောင်ဘက်မှ အသံကြားလိုက်ရသည်။

"လင်းယွမ်လား"

လင်းယွမ် လှည့်ကြည့်လိုက်ရာ ဘေးခန်းမှ ဝူချင်းက လသာဆောင်တွင် ရပ်ပြီး သူ့ဘက်ကို လှမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

လင်းယွမ် ပြုံးပြလိုက်ပြီး "အစ်မဝူ... ဘာထွက်လုပ်တာလဲ" ဟု နှုတ်ဆက်လိုက်သည်။

ဝူချင်း၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်နေပြီး "ခုနက ဒီဘက်မှာ အသံကြားလိုက်လို့ အမြန်ထွက်ကြည့်တာ... တစ်ခုခု ပျံသွားသလိုပဲ... နင်ရော တွေ့လိုက်လား" ဟု မေးသည်။

လင်းယွမ် ခေါင်းညိတ်လိုက်ပြီး "တွေ့တယ်... ဒရုန်းတစ်စင်းပဲ"

"ဘာ... ဒရုန်း ဟုတ်လား" ဝူချင်း အံ့သြသွားသည်။

လင်းယွမ်က သတိပေးလိုက်သည်။ "ပြတင်းပေါက်ကို သေချာ ပိတ်ထား... တစ်ယောက်ယောက်က ဒရုန်းသုံးပြီး ကျွန်တော်တို့ကို လိုက်ချောင်းနေတာ... ပစ္စည်းခိုးချင်လို့လည်း ဖြစ်နိုင်တယ်"

ဝူချင်းက အလန့်တကြားဖြင့် သူမ၏ ပြတင်းပေါက်များကို စစ်ဆေးလိုက်သည်။ အားလုံး သော့ခတ်ထားသည်ကို တွေ့မှ သက်ပြင်းချနိုင်တော့သည်။

လင်းယွမ်က "အစ်ကိုချိုင်နဲ့ ဦးလေးမာ ပြန်ရောက်ပြီလား" ဟု မေးလိုက်သည်။

"မရောက်သေးဘူး... ထွက်သွားတာ တစ်နာရီလောက် ရှိပြီ" ဝူချင်းက စိုးရိမ်တကြီး ပြောသည်။

"ပုံမှန်ဆို သူတို့ ဘယ်လောက်ကြာတတ်လဲ"

"ပုံမှန်က တစ်နာရီလောက်ဆို ပြန်ရောက်နေကျပဲ... တစ်ခါတလေ ဟိုဘက်မှာ ငါးမရှိရင်တော့ ခဏစောင့်ခိုင်းတတ်တယ်"

"ဒါဆို မပူပါနဲ့... ဒါနဲ့... သူတို့က ဘာပစ္စည်းနဲ့ ငါးသွားလဲကြတာလဲ"

"ခေါက်ဆွဲခြောက်ထဲထည့်တဲ့ အမွှေးအကြိုင်ထုပ် တွေနဲ့လေ"

လင်းယွမ် ကြောင်သွားသည်။ "အဲဒါနဲ့လည်း ငါးလဲလို့ ရတာလား"

"ရတာပေါ့" ဝူချင်းက ခေါင်းညိတ်ပြီး ဆက်ပြောသည်။ "ခေါက်ဆွဲခြောက် အမွှေးအကြိုင်ထုပ်တွေက အရမ်းမွှေးတာလေ... ငါးစွပ်ပြုတ် ချက်သောက်တဲ့အခါ အဲဒါလေး ခတ်လိုက်ရင် ရေလုံပြုတ်ထက် အများကြီးအရသာ ရှိသွားတာပေါ့"

"အခု လူတိုင်းက ဆားတောင် မစားရကြဘူး... ပင်လယ်ငါးတွေမှာ ဆားဓာတ်ပါပေမယ့် နေ့တိုင်းစားနေရရင် အီလာတာပဲလေ"

လင်းယွမ် အံ့သြသွားသည်။ သူက စားအိမ်သုံးဆား အများအပြား စုဆောင်းထားသဖြင့် လူအများစု ဆားမရှိကြသည်ကို မေ့နေခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ရန်မေသည်လည်း အဝတ်အစားများ သေသပ်အောင် ပြင်ဆင်ဝတ်ဆင်ပြီး လသာဆောင်ဘက်သို့ ထွက်လာခဲ့သည်။

လင်းယွမ်က သူမကို မျက်နှာချင်းဆိုင်ခန်းမှ အစ်မဝူနှင့် မိတ်ဆက်ပေးလိုက်သည်။ နှစ်ဦးသား နှုတ်ဆက်ကြပြီး စကားစမြည် ပြောဖြစ်ကြသည်။

၃၂၀၂ အခန်းသည် ရန်မေ ပိုင်ဆိုင်သော အခန်းဖြစ်ကြောင်း သိလိုက်ရသောအခါ ဝူချင်းမှာ နေရခက်သွားပြီး အားနာပါးနာ တောင်းပန်ရှာသည်။

ရန်မေကမူ သဘောထားကြီးစွာဖြင့် လက်ကာပြလိုက်သည်။

ယခုချိန်တွင် ထိုအခန်းကို သူမ ပြန်ပေးရင်တောင် သူမ မနေချင်တော့ပေ။

ဟိုဘက်အခန်းမှာ စားစရာလည်း မရှိ၊ သူစိမ်းတွေကလည်း များသည်။

မောင်လေးလင်းယွမ် အိမ်မှာ နေရသလောက် ဘယ်ကောင်းနိုင်မည်နည်း။ စားစရာ သောက်စရာလည်း ရှိသည်။ နှစ်ယောက်တည်း နေရပြီး လွတ်လပ်မှုလည်း ရှိသည်။

သူတို့ စကားပြောနေကြစဉ် အဒေါ်လီ လည်း ထွက်လာပြီး စကားဝိုင်းထဲ ဝင်ပါလေသည်။

"မိန်းမ သုံးယောက်ဆုံတော့ ပွဲစည်ပြီ" ဆိုသလိုပင်။ သူတို့ စကားကောင်းနေကြသည်။ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ၊ လျှိုအားလုံတို့အဖွဲ့၏ ယုတ်မာမှုများကို မကျေမနပ် ရင်ဖွင့်ကြရင်း စကားမပြတ်နိုင်အောင် ဖြစ်နေကြ၏။

လင်းယွမ်သည် သူတို့ စကားဝိုင်းကို ဖြတ်ပြီး အစ်မမေနှင့် ခုနက မပြီးပြတ်သေးသော ကိစ္စကို ဆက်လုပ်ချင်သော်လည်း အခွင့်မသာပေ။

အစ်မမေကလည်း စကားပြော ကောင်းနေသဖြင့် လင်းယွမ်၏ မျက်ရိပ်မျက်ကဲကို လုံးဝ သတိမထားမိပေ။

ကြည့်ရတာ ဤကာလအတွင်း အားလုံး အိမ်ထဲမှာပဲ အောင်းနေရသဖြင့် မွန်းကြပ်ပြီး ရင်ဖွင့်စရာ လူရှာနေကြပုံရသည်။

လင်းယွမ်လည်း မတတ်သာတော့ဘဲ ဘေးတွင် ရပ်ကာ ဟိုတစ်ခွန်း ဒီတစ်ခွန်း ဝင်ပြောပေးနေလိုက်သည်။

သို့သော် သူ့လက်များကတော့ အငြိမ်မနေပေ။ အစ်မမေ၏ နောက်ကျောဘက်မှနေ၍ စကတ်အောက်သို့ လျှိုဝင်ကာ စူးစမ်းရှာဖွေနေတော့သည်။

ရန်မေမှာ အစပိုင်းတွင် စကားကောင်းနေသော်လည်း ရုတ်တရက် တိုက်ခိုက်ခံလိုက်ရသဖြင့် တစ်ကိုယ်လုံး တုန်တက်သွားပြီး "အာ..." ခနဲ အော်လိုက်မိသည်။

တစ်ဖက်ခန်းမှ ဝူချင်း ကြောင်သွားပြီး "ရန်မေ... ဘာဖြစ်လို့လဲ" ဟု လှမ်းမေးလိုက်သည်။

ရန်မေ ခေါင်းကို အမြန်ခါလိုက်ပြီး မျက်နှာလေး ရဲနေရာမှ လင်းယွမ်ကို ခိုးကြည့်လိုက်သည်။ "ဘာ... ဘာမှမဖြစ်ပါဘူး... ခြင်... ခြင်ကိုက်လို့ပါ"

လင်းယွမ်က မျက်နှာပြောင်တိုက်ပြီး "ဇွန်လဆိုတော့ ခြင်ရှိတာ ပုံမှန်ပါပဲ" ဟု ဝင်ပြောလိုက်သည်။

သူ့လက်က ပို၍ ဆိုးရွားစွာ လှုပ်ရှားလာသဖြင့် ရန်မေ၏ အသက်ရှူသံများ မြန်ဆန်လာသည်။

တစ်ဖက်မှ အဒေါ်လီက "၃၂ လွှာမှာလည်း ခြင်ရှိတာပဲလား" ဟု ထူးဆန်းသလို မေးသည်။

ဝူချင်းက "ပြောမရဘူးလေ... အခု ရေတွေကြီးပြီး နေရာတိုင်းက စိုစွတ်နေတော့ ခြင်ပေါက်နိုင်တာပဲ"

"ဒါပေမဲ့ ထူးတော့ ထူးဆန်းတယ်... တို့ဘက်မှာကျတော့ ခြင်မရှိသလိုပဲ"

"ရန်မေရေ... အိမ်မှာ ခြင်ဆေးရည် ရှိလား... အဒေါ်ကြီးဆီမှာ နည်းနည်း ရှိသေးတယ်" ဟု အဒေါ်လီက စေတနာဖြင့် မေးလိုက်သည်။

ရန်မေ မျက်နှာတစ်ခုလုံး နီရဲနေပြီး "မ... မလိုပါဘူး... ရပါတယ်..." ဟု အထစ်ထစ်အငေါ့ငေါ့ ဖြေရှာသည်။

လင်းယွမ်က ပြုံးပြီး "အဒေါ်လီ... ဒုက္ခမရှာပါနဲ့ဗျာ... ရပါတယ်" ဟု ပြောလိုက်သည်။

ထို့နောက် ရန်မေ အနားသို့ တိုးကပ်ပြီး နားရွက်နားသို့ ကပ်ကာ "အဲဒီလောက်တောင် ခံစားလွယ်တာလား" ဟု တိုးတိုးလေး မေးလိုက်သည်။

ရန်မေက တောင်းပန်သည့် လေသံလေးဖြင့် "မောင်လေးရယ်... အစ်မကို... အစ်မကို မနှိပ်စက်ပါနဲ့တော့... အခန်း... အခန်းထဲ ပြန်ရအောင်နော်" ဟု ပြောရှာသည်။

လင်းယွမ် ပြုံးလိုက်ပြီး ဝူချင်းနှင့် အဒေါ်လီကို လှမ်းပြောလိုက်သည်။ "နှစ်ယောက်လုံး ပြတင်းပေါက်နားမှာ သိပ်မနေကြနဲ့ဦး... မသမာသူတွေ တိုက်ခိုက်လာရင် ဒုက္ခရောက်မယ်... အိမ်ထဲ ပြန်ဝင်ကြတော့"

အဒေါ်လီက ခေါင်းညိတ်ပြီး "ရှောင်ယွမ်ပြောတာမှန်တယ်... အစ်ကိုမာတို့ ပြန်ရောက်ရင် နင့်ကို လှမ်းခေါ်ခိုင်းလိုက်မယ်" ဟု ပြောသည်။

လင်းယွမ် ပြုံးပြပြီး ခေါင်းညိတ်နှုတ်ဆက်ကာ ရန်မေကို တွဲပြီး အိမ်ထဲ ပြန်ဝင်လာခဲ့သည်။

ဧည့်ခန်းထဲ ရောက်သည်နှင့် ရန်မေ၏ ခြေထောက်များ ပျော့ခွေသွားပြီး ကြမ်းပြင်ပေါ်သို့ ခွေခွေလေး လဲကျသွားသည်။

လင်းယွမ်က ရယ်မောလိုက်ပြီး သူမကို ပွေ့ချီလိုက်သည်။

သူမ၏ အာမေဋိတ်သံ တိုးတိုးလေးနှင့်အတူ ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။

"မောင်လေး..."

ရန်မေ၏ မျက်ဝန်းများမှာ ရီဝေနေပြီး ဆွဲဆောင်မှု ရှိလွန်းနေသည်။

နှစ်ဝက်ကျော်လောက် အောင့်အီးသည်းခံထားခဲ့ရသော လင်းယွမ်တစ်ယောက် မည်ကဲ့သို့ စိတ်ထိန်းနိုင်တော့မည်နည်း။ အသံနိမ့်နိမ့်ဖြင့် ဟိန်းဟောက်လိုက်ပြီး အပေါ်မှ အုပ်မိုးလိုက်တော့သည်။

"ခဏ... ခဏလေး... မမ အခု ရက်မလွတ်ဘူး... ကိုယ်... ကိုယ်ဝန်ရသွားလိမ့်မယ်..."

ရန်မေ ရုတ်တရက် သတိရသွားပြီး အရေးကြီးသော အချိန်တွင် စကတ်ကို အတင်းဖိဆွဲကာ ထိတ်လန့်တကြား တားမြစ်လိုက်သည်။

လင်းယွမ်က အိတ်ကပ်ထဲမှ ကွန်ဒုံးဘူးကို မသိစိတ်ဖြင့် လှမ်းယူမိလိုက်သော်လည်း ရုတ်တရက် မျက်လုံးများ အရောင်လက်သွားပြီး စိတ်ပြောင်းသွားသည်။

သူက ရန်မေ၏ နီထွေးစိုပြေနေသော နှုတ်ခမ်းပါးလေးကို ကြည့်လိုက်သည်။

"အစ်မမေ... အရှိန်ရနေပြီ... ကျွန်တော့်ကို ဘယ်လို လုပ်စေချင်လို့လဲ"

ရန်မေက သူ၏ ခါးအောက်ပိုင်းကို ငုံ့ကြည့်လိုက်မိရာ မျက်နှာကြီး ရဲခနဲ ဖြစ်သွားပြီး "အဲဒါ... အဲဒါ ဘယ်လိုလုပ်မလဲဟင်" ဟု ရှက်ရွံ့စွာ မေးလိုက်သည်။

"အစ်မမေ... အားလုံးက အရွယ်ရောက်ပြီးတဲ့ သူတွေပဲဥစ္စာ... တချို့ကိစ္စတွေက ကျွန်တော် သင်ပေးနေရဦးမှာလား"

"ဟင်... ဘာကိုလဲ" ရန်မေ နားမလည်ဘဲ ကြောင်တောင်တောင် ဖြစ်နေသည်။

လင်းယွမ်က သူမ နားနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

ရန်မေ၏ မျက်နှာပြင်တစ်ခုလုံး နီရဲတက်လာပြီး "အဲဒါ... အဲဒါ... အဲ့လို လုပ်လို့ရလို့လား" ဟု အံ့သြတကြီး မေးလိုက်သည်။

ဒီတစ်ခါတော့ လင်းယွမ် အံ့သြသွားရသည်။ "အစ်မ တစ်ခါမှ မလုပ်ဖူးဘူးလား"

"မ... မလုပ်ဖူးပါဘူး... အဲဒါကြီးက အရမ်းညစ်ပတ်လွန်းတယ်"

လင်းယွမ်တစ်ယောက် အံ့သြဝမ်းသာ ဖြစ်သွားရတော့သည်။ အစ်မမေက ဤကိစ္စတွင် အပျိုစင်လေး ဖြစ်နေသေးတာကိုး။

ဆက်ရန်...

အပိုင်း (၃၂) သန္ဓေပြောင်း ငါးသေတ္တာငါး

"ဝေါ့..."

ရေချိုးခန်းထဲတွင် ရန်မေတစ်ယောက် ပျို့အန်နေပြီး ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် လဲလျောင်းနေသော လင်းယွမ့်အား မျက်စောင်းထိုးကာ ကြည့်လိုက်သည်။ သူမ၏ အကြည့်များထဲတွင် စိတ်ကောက်လိုသော အရိပ်အယောင်များ ယှက်သန်းနေ၏။

လင်းယွမ်ကမူ စိတ်လက်ပေါ့ပါးနေပြီး ပြုံးရယ်လျက် ပြောလိုက်သည်။

"အစ်မမေ... အလေ့အကျင့်ရှိဖို့ လိုသေးတယ်နော်"

ရန်မေ၏ မျက်နှာလေး နီမြန်းသွားသည်။ သူမက ပါးစပ်ကို သုတ်လိုက်ပြီး သူ့ရင်ခွင်ထဲသို့ ပြန်လည်တိုးဝင်ကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်သည်။

"နင်က အစ်မကို အနိုင်ကျင့်ဖို့လောက်ပဲ သိတယ်..."

လင်းယွမ်က ဟားတိုက် ရယ်မောလိုက်မိသည်။ ဤအမျိုးသမီးလေးသည် အိမ်ထောင်သည် အမျိုးသမီးတစ်ဦး ဖြစ်လင့်ကစား အတွေ့အကြုံ နုနယ်လွန်းလှသေးသည်။ အိမ်ထောင်သည် အစ်မများ တတ်ကျွမ်းထားသင့်သည့် အခြေခံ ပညာရပ်များကို သူမ မတတ်မြောက်ထားပေ။

သူမ၏ ယခင်ခင်ပွန်း လီကျစ်ချန်ကပင် ဤရတနာကို တန်ဖိုးမထားဘဲ ပစ်ထားခဲ့လေသလား၊ သို့တည်းမဟုတ် ထိုကောင်ကပဲ စွမ်းဆောင်ရည် မရှိလေသလား မပြောတတ်တော့ပေ။

သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လင်းယွမ်က ရန်မေ၏ တင်ပါးအိအိလေးကို ပုတ်ကာ ထခိုင်းလိုက်သည်။

ထို့နောက် ဘောင်းဘီကို ဝတ်ဆင်ပြီး တံခါးပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ မှန်တစ်ချပ်ကို အသုံးပြု၍ တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်သို့ ကြည့်ရှုကာ မေးလိုက်သည်။

"ဘယ်သူလဲ"

"လင်းယွမ်... ငါပါ... အစ်ကိုချိုင်ပါ... ထမင်းတွေဟင်းတွေ ကျက်ပြီမို့လို့ မင်းနဲ့ ရန်မေကို လာခေါ်တာ"

လင်းယွမ်က အတွင်းဘက် သစ်သားတံခါးကို ဖွင့်လိုက်ရာ သံပန်းတံခါးတစ်ဖက်တွင် ရပ်နေသော ချိုင်ကြည်ကို တွေ့လိုက်ရသည်။

သူက မျက်လုံးထောင့်ကပ်၍ ဘေးဘီဝဲယာကို အကဲခတ်လိုက်ရာ အခြားသူစိမ်းများ မရှိသည်ကို အတည်ပြုပြီးမှ ပြန်ပြောလိုက်သည်။

"အော်... အစ်ကိုချိုင်... ခဏလေးနော် အစ်မမေ ကို လှမ်းခေါ်လိုက်ဦးမယ်"

"အစ်မမေ... အစ်ကိုချိုင်တို့က ထမင်းစားဖိတ်နေတယ်... ရေခဲသေတ္တာထဲက ဘီယာပုလင်းတွေ ယူခဲ့လိုက်ပါဦး"

တံခါးအပြင်ဘက်ရှိ ချိုင်ကြည်မှာ ကြောင်အမ်းသွားပြီး အံ့သြမှင်သက်စွာဖြင့် မေးလိုက်သည်။

"ဘီယာ... လင်းယွမ်... မင်း... မင်းအိမ်မှာ ဘီယာ ရှိသေးတယ်လား"

လင်းယွမ်က ပြုံးလိုက်ပြီး "ရေကြီးပြီးကတည်းက ကျွန်တော် အရက်ဖြတ်လိုက်တာလေ... အဲဒီဘီယာတွေက မသောက်ဖြစ်ပဲ အိမ်မှာ ဒီအတိုင်းထားထားတာ ကြာပြီ... အခု ကျွန်တော်တို့ မဟာမိတ်ဖွဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ သောက်ကြတာပေါ့" ဟု ပြောလိုက်သည်။

စကားပြောနေစဉ်မှာပင် ရန်မေက ဘီယာနှစ်ပုလင်းကို ကိုင်လျက် ထွက်လာသည်။

သူမသည် လုံခြုံသပ်ရပ်သော အဝတ်အစားများကို လဲလှယ်ဝတ်ဆင်ထားပြီး ဖြစ်သည်။ ဤပုံစံသည် သူမ၏ ပုံမှန်ဝတ်နေကျ ပုံစံပင်။

"အစ်ကိုချိုင်..." ရန်မေက နှုတ်ဆက်လိုက်သည်။

ချိုင်ကြည်က ပြုံးပြလျက် ပြန်လည်နှုတ်ဆက်သည်။ လင်းယွမ်က သံပစ်သေနတ်ကို ကောက်ကိုင်လိုက်ပြီးနောက် သံပန်းတံခါးကို ဖွင့်ပေးလိုက်သည်။

ချိုင်ကြည်က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ပေးပြီး ၃၂၀၂ အခန်းတံခါးကို ဖွင့်ကာ "ဝင်ကြလေ... တံခါး သေချာပြန်ပိတ်ခဲ့နော်" ဟု ပြောသည်။

လင်းယွမ် ခေါင်းငြိမ့်ပြလိုက်ပြီး မိမိအိမ်တံခါးကို သေချာစွာ သော့ခတ်ပိတ်သိမ်းပြီးနောက် ရန်မေကို ခေါ်ဆောင်လျက် ၃၂၀၂ အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် ခေါက်ဆွဲပြုတ်နံ့ သင်းသင်းလေးကို ရှူရှိုက်လိုက်ရသည်။

ရန်မေတစ်ယောက် တံတွေးပင် မျိုချလိုက်မိသည်။

ဤရက်ပိုင်းအတွင်း သူမ စားစရာ မပြတ်လပ်ခဲ့သော်လည်း ခေါက်ဆွဲပြုတ်ကဲ့သို့သော အာဟာရမရှိသည့် အစားအစာများ၏ မွှေးပျံ့မှုကိုတော့ မည်သို့မျှ မအောင့်နိုင်ပေ။

ဤအစားအစာများသည် ကျန်းမာရေးနှင့် မညီညွတ်ဟု ဆိုကြသော်လည်း အနံ့ကတော့ တကယ်ကို ဆွဲဆောင်မှု ရှိလွန်းလှသည်။

အခန်းထဲတွင် လူအတော်စုံနေပြီ ဖြစ်သည်။ အအဒေါ်လီ၊ ဝူချင်း နှင့် ချိုင်ယောင် တို့ အားလုံး ရှိနေကြသည်။

အစ်ကိုမာ ကမူ ဝရံတာဘက်တွင် ပြတင်းပေါက်များကို လိုက်လံပိတ်ဆို့ရင်း အလုပ်ရှုပ်နေသည်။

တင်းယန်ကတော့ အခန်းထဲမှ ထွက်မလာသေးပေ။

"ရှောင်ယွမ်... ရန်မေ... လာကြ လာကြ... ထိုင်ကြနော်" အဒေါ်လီက ရန်မေ၏ လက်ကို ဆွဲကာ ဖော်ရွေစွာ နှုတ်ဆက်သည်။

ရန်မေသည် မိမိနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ဖူးသော ဤအခန်းကို ကြည့်ရင်း ပစ္စည်းများသာ ရှိနေပြီး လူများ ပြောင်းလဲကုန်ပြီဟူသော ခံစားချက်ကြီးကို ခံစားလိုက်ရသည်။

သူမက အိပ်ခန်းကျယ်ကြီးဘက်သို့ မသိစိတ်ဖြင့် လှမ်းကြည့်လိုက်မိသော်လည်း လီကျစ်ချန်ကို မတွေ့ရပေ။

သူမ သက်ပြင်းချလိုက်မိပြီးနောက် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ လင်းယွမ်၏ လက်မောင်းကို အားကိုးတကြီး ဆွဲကိုင်ထားလိုက်သည်။

လင်းယွမ်က သူမ၏ နူးညံ့သော လက်မောင်းလေးကို ပုတ်ပေးရင်း "ဒါ အစ်မအိမ်ပဲလေ... လွတ်လွတ်လပ်လပ်နေပါ" ဟု ပြောလိုက်သည်။

"ဟုတ်တယ် ဟုတ်တယ်... ဒါ အစထဲက သမီးအိမ်ပဲဟာ... ရန်မေ... ယူစရာ ပစ္စည်းတွေ ရှိသေးရင် ကြည့်လေ" အဒေါ်လီက ဝင်ပြောသည်။

ရန်မေက ပြုံးရင်း ခေါင်းခါလိုက်သည်။ "မရှိတော့ပါဘူး... ဒီအိမ်က ပစ္စည်းတွေကို ကျွန်မ ဘာတစ်ခုမှ မလိုချင်တော့ဘူး"

အဒေါ်လီက ထိုစကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်လိုက်သဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ရန်မေကို ဆွဲဖက်လိုက်ပြီး "ရန်မေရယ်... တို့မိန်းမတွေရဲ့ ဘဝက ကံဆိုးလွန်းပါတယ်ကွယ်" ဟု ညည်းတွားလိုက်သည်။

ထိုစကားတစ်ခွန်းကြောင့် ရန်မေ၏ မျက်ဝန်းအိမ်များ နီရဲသွားရသည်။

ထိုအချိန်တွင် ဝူချင်းက စကားလမ်းကြောင်း လွှဲပေးလိုက်သည်။

"ရှောင်ယွမ်... အစ်ကိုချိုင် ပြောတော့ နင် ဒီငါးတွေကို စစ်ဆေးကြည့်ချင်တယ်ဆို... အဲဒါကြောင့် အစ်မ မချက်သေးဘဲ ထားထားတယ်... လာကြည့်ပါဦး"

လင်းယွမ် ထိုစကားကို ကြားသည်နှင့် စိတ်ဝင်စားသွားပြီး ဧည့်ခန်းဆီသို့ အမြန်လျှောက်သွားလိုက်သည်။

"အစ်ကိုချိုင်... ငါး ဘယ်နှစ်ကောင် လဲခဲ့လဲ"

"ဒီတစ်ခါတော့ ကံကောင်းတယ် ပြောရမယ်... လျှိုအားလုံရဲ့ လူတွေဆီမှာလည်း စားစရာ သိပ်မရှိတော့ပုံပဲ... ခေါက်ဆွဲပြုတ် အမွှေးအကြိုင်ထုပ် တစ်ထုပ်ရယ်... အရင်က ငါစုထားတဲ့ ဆားနည်းနည်းရယ် ပေါင်းပြီးတော့ ငါးသေတ္တာငါး တစ်ကောင်နဲ့ ကကတစ်ငါး နှစ်ကောင် လဲလာခဲ့တယ်"

"မင်း ကြည့်ကြည့်ဦး... ဒီ ငါးသေတ္တာငါးနဲ့ ကကတစ်ငါးတွေက တကယ်ကြီး သန္ဓေပြောင်းနေတာကွ... အကောင်တွေက နည်းတာကြီးတွေမဟုတ်ဘူး"

(မင်မင် ဆာဒင်းငါးကို ငါးသေတ္တာငါး လို့ပဲပြန်တော့မယ်နော်)

ဧည့်ခန်းရှိ ဇလုံထဲတွင် လူ့လက်မောင်းအောက်ပိုင်းခန့် အရွယ်အစားရှိသော ငါးသုံးကောင် ကူးခတ်နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

ငါးသုံးကောင်အနက် ငါးသေတ္တာငါး၏ ခန္ဓာကိုယ်မှာ ငွေရောင် တလက်လက် တောက်ပနေပြီး အကြေးခွံများမှာ စတီးပြားများ ကပ်ထားသကဲ့သို့ မာကျောပုံပေါက်နေသည်။

ကကတစ်ငါးများ၏ ခန္ဓာကိုယ်မှာမူ ရွှေဝါရောင်သမ်းနေပြီး ရွှေရောင်သံချပ်ကာ ဝတ်ဆင်ထားသကဲ့သို့ ဖြစ်နေသည်။

ဤငါးနှစ်မျိုးလုံး၏ အရွယ်အစားမှာ ရေမကြီးခင်က ဈေးကွက်ထဲတွင် မြင်တွေ့နေကျ အရွယ်အစားထက် များစွာ ပိုမိုကြီးမားနေသည်။

ချိုင်ကြည်က "လင်းယွမ်... မင်းကြည့်ပါဦး... ဒီငါးတွေ ပုံမှန် ဟုတ်ရဲ့လား... အောက်ထပ်က လူတော်တော်များများကတော့ ဒါတွေကို စားနေကြတာပဲ... လောလောဆယ်တော့ ဘာမှမဖြစ်ကြသေးဘူး" ဟု စိုးရိမ်တကြီး မေးလိုက်သည်။

လင်းယွမ်အနေဖြင့်လည်း အပေါ်ယံကြည့်ရုံဖြင့် ပုံမှန် ဟုတ်မဟုတ် မည်သို့ ပြောနိုင်မည်နည်း။

ငါးကို သတ်ပြီး "အမှတ်" ရမရ ကြည့်မှသာ သိနိုင်မည် ဖြစ်သည်။

"ကျွန်တော် လေ့လာကြည့်လိုက်ဦးမယ်... ငါးသတ်တဲ့ အလုပ်ကို ကျွန်တော့်တာဝန် ထားလိုက်... ခင်ဗျားတို့ အနားယူနှင့်ကြ"

လင်းယွမ်က ဇလုံကို မ၍ ဝရံတာဘက်သို့ ထွက်လာခဲ့သည်။

ရေကြီးပြီးနောက်ပိုင်း မီးဖိုချောင်နှင့် ရေချိုးခန်းမှ ရေဆင်းပိုက်များ အသုံးပြုမရတော့သည်မှာ ကြာပြီဖြစ်သည်။

ထို့ကြောင့် အမှိုက်သရိုက်များကို ဝရံတာမှတဆင့် အပြင်သို့ လွှင့်ပစ်ရုံသာ ရှိတော့သည်။

ရေဆင်းပိုက်များမှ စွန့်ပစ်ပါက ပိတ်ဆို့သွားနိုင်ပြီး ရေပြန်ကန်တက်လာမည့် ပြဿနာရှိသောကြောင့် ဖြစ်သည်။

လင်းယွမ်က လက်လှမ်း၍ ငါးသေတ္တာငါးတစ်ကောင်ကို ဖမ်းယူရန် ပြင်လိုက်သည်။

ဘေးနားမှ ချိုင်ကြည်က "သတိထားနော်... အဲဒီကောင်တွေရဲ့ သွားတွေက သိပ်ထက်တာ" ဟု အမြန် သတိပေးလိုက်သည်။

ချိုင်ကြည်၏ စကားဆုံးသည်နှင့် တပြိုင်နက် ထိုငါးသေတ္တာငါးသည် အမြီးကို ဘေးသို့ ရိုက်ခတ်၍ ရေထဲမှ ဝေါခနဲ ခုန်တက်လာပြီး လင်းယွမ်၏ လက်ဝါးကို ပါးစပ်ဖြင့် ဟပ်ရန် ကြိုးစားလေတော့သည်။

လင်းယွမ် ထိတ်လန့်သွားပြီး လက်ကို အမြန်ပြန်ရုတ်လိုက်ရသည်။

အပြင်ဘက်မှ မှိန်ဖျဖျ အလင်းရောင်အောက်တွင် ထိုငါးသေတ္တာငါး၏ ပါးစပ်ထဲ၌ ပြည့်နှက်နေသော ချွန်ထက်သည့် သွားများကို အထင်းသား မြင်လိုက်ရသည်။ အလွန် ကြောက်မက်ဖွယ် ကောင်းလှ၏။

"ဘုန်း"

လင်းယွမ်ကို ကိုက်ခဲရန် ကြိုးစားသော်လည်း မမိလိုက်သော ငါးသေတ္တာငါးသည် ကြွေပြားခင်းကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဘေးနားမှ ချိုင်ကြည်က "တွေ့လား... ဒီကောင်တွေက အရမ်းကြမ်းတာ" ဟု ပြောသည်။

လင်းယွမ်က ခေါင်းငြိမ့်လိုက်ပြီး "ပုံမှန်ဆိုရင် ငါးသေတ္တာငါးတွေက ရေကိုစစ်ပြီး အစာစားတဲ့ သတ္တဝါ တွေလေ... ပါးဟက်ကနေတဆင့် ပင်လယ်ရေကို စစ်ထုတ်ပြီး ပါလာတဲ့ အကောင်လေးတွေကို စားလေ့ရှိတာ"

"ငါးသေတ္တာငါးက လူကိုလိုက်ကိုက်တယ်လို့ တစ်ခါမှ မကြားဖူးဘူး... ပြီးတော့ ပါးစပ်ထဲမှာ သွားတွေ အပြည့်နဲ့ဆိုတော့ ပိုတောင် ထူးဆန်းနေသေးတယ်" ဟု သုံးသပ်ပြလိုက်သည်။

လင်းယွမ်က ချိုင်ကြည်၏ လက်ထဲမှ မီးဖိုချောင်သုံး ဓားမကြီးကို လှမ်းယူလိုက်ပြီး ဓားပြားဖြင့် ငါးသေတ္တာငါး၏ မာကျောသော ဦးခေါင်းတည့်တည့်ကို "ဒုန်း" ခနဲ ရိုက်ချလိုက်သည်။

ခုန်ဆွခုန်ဆွ ဖြစ်နေသော ငါးသေတ္တာငါးမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး ငြိမ်ကျသွားသည်။

လင်းယွမ်က လက်ဖြင့် တန်းမကိုင်ရဲသေးဘဲ "လက်အိတ်ရှိလား" ဟု မေးလိုက်သည်။

"ရှိတယ် ရှိတယ်"

ချိုင်ကြည်က ယူပေးရန် ထလိုက်စဉ်...

ရော်ဘာလက်အိတ်တစ်စုံကို တစ်စုံတစ်ယောက်က လင်းယွမ့်ရှေ့သို့ လှမ်းပေးလာသည်။

လင်းယွမ် မော့ကြည့်လိုက်ရာ တင်းယန် ဖြစ်နေသည်။ သူမ ဘယ်အချိန်က ဘေးနားရောက်နေမှန်းပင် မသိလိုက်ပေ။

"မင်း ဘယ်တုန်းက ရောက်နေတာလဲ"

"ရှင်က ရေကြီးတဲ့ထဲက ငါးတွေကို စမ်းသပ်နေတယ်ဆိုလို့ လာကြည့်တာ"

တင်းယန်က ဒူးထောက်ထိုင်ချလိုက်ပြီး ငါးသေတ္တာငါးကို စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။ "အရင်က ချက်ပြီးသား ငါးကိုပဲ စားဖူးတာ... အရှင်လတ်လတ် မြင်ဖူးတာ ဒါပထမဆုံးပဲ"

လင်းယွမ်က လက်အိတ်ကို စွပ်လိုက်ပြီးမှ ငါးသေတ္တာငါးကို ဖမ်းကိုင်ရန် ပြင်လိုက်သည်။

သူ၏လက်နှင့် ငါးခန္ဓာကိုယ် ထိလုထိခင် အချိန်တွင် ငြိမ်နေသော ငါးသေတ္တာငါးသည် ရုတ်တရက် အမြီးကို ရိုက်ခတ်၍ နောက်တစ်ကြိမ် ထပ်မံ တိုက်ခိုက်လာပြန်သည်။

လင်းယွမ် အနားကပ်လာမည့်အချိန်ကို စောင့်၍ ချောင်းမြောင်းကိုက်ခဲခြင်း ဖြစ်ပုံရသည်။

လင်းယွမ် အကြီးအကျယ် အံ့သြသွားသည်။ ဤငါးသေတ္တာငါးက သေချင်ယောင်ဆောင်တတ်တယ်လား။

သို့သော် ယခုတစ်ကြိမ်တွင် လက်အိတ်ဝတ်ထားသဖြင့် သတ္တိပိုရှိနေပြီဖြစ်ရာ လင်းယွမ်က ငါးကို ဖမ်းချုပ်ပြီး ကြမ်းပြင်နှင့် အားကုန်ဖိချလိုက်သည်။

"ဘုန်း"

ရုန်းကန်နေသော ငါးသေတ္တာငါးမှာ ကြမ်းပြင်နှင့် မိတ်ဆက်ပေးခြင်း ခံလိုက်ရသည်။

လက်ဝါးအောက်မှ ငါး၏ ရုန်းကန်အားမှာ လင်းယွမ် ထင်ထားသည်ထက် များစွာ ပိုမိုပြင်းထန်လှသည်။

လင်းယွမ်က အချိန်ဆွဲမနေတော့ဘဲ ကျန်လက်တစ်ဖက်မှ ဓားမကြီးဖြင့် ငါးကို တရစပ် ထုနှက်လိုက်တော့သည်။

"ဘုန်း ဘုန်း ဘုန်း"

သုံးချက်ဆင့်ကာ ထုလိုက်ရာ ငါးကြေးခွံများ လွင့်စဉ်ထွက်သွားပြီး ငါးမျက်လုံးမှ သွေးများ စီးကျလာသည်။

သို့တိုင်အောင် ငါးသေတ္တာငါးမှာ မသေသေးဘဲ ရူးသွပ်စွာ ဆက်လက်ရုန်းကန်နေဆဲပင်။ မာကျောသော ငါးကြေးခွံများနှင့် ကြမ်းပြင် ပွတ်တိုက်သံမှာ တာယာဘီးနှင့် လမ်းမ ပွတ်တိုက်သံကဲ့သို့ "ကျွီ... ကျွီ..." ဟု မြည်ဟည်းနေသည်။

လင်းယွမ် စိတ်ထဲမှ အံ့သြသွားပြီးနောက် ဓားရိုးဖြင့် အားကုန်လွှဲ၍ ထပ်မံထုချလိုက်သည်။

[ဒင်... သန္ဓေပြောင်း ငါးသေတ္တာငါး တစ်ကောင်ကို သတ်ဖြတ်လိုက်သဖြင့် အမှတ် (၅) မှတ် ရရှိပါသည်]

ဓားဒဏ်ကြောင့် ငါးသေတ္တာငါး၏ ခေါင်းမှာ ကွဲကြေသွားပြီး ငါးရိုးများ ကျိုးပဲ့ကာ သွေးရောင်လွှမ်းနေသော ပါးဟက်များ ပေါ်ထွက်လာသည်။

ငါး၏ ခန္ဓာကိုယ်မှာ ဆက်လက်တုန်ခါနေသေးသော်လည်း "စနစ်" ၏ အသိပေးသံက လိမ်ညာလိမ့်မည် မဟုတ်ပေ။

ဤငါး သေသွားပြီ ဖြစ်သည်။

လင်းယွမ်ကမူ သူ့ကို အံ့အားသင့်စေသော အချက်တစ်ခုကို ရှာတွေ့လိုက်သဖြင့် နှလုံးခုန် မြန်လာသည်။

"ဒီငါးသေတ္တာငါးက... အရင်တုန်းက ငါ့သံချောင်းကို မှားမြိုမိလို့ သေသွားတဲ့ကောင်ထက် ပိုပြီး အဆင့်မြင့်နေပါလား"

ရရှိလာသော အမှတ်အရ ကြည့်လျှင် ဤငါးသေတ္တာငါးတစ်ကောင်ကို သတ်ရသည်မှာ သန္ဓေပြောင်းလူသား တစ်ယောက်ကို သတ်ဖြတ်ရသည်နှင့် ညီမျှသော အမှတ်ကို ရရှိခြင်း ဖြစ်သည်။

ထို့ပြင် ငါးကို သတ်ဖြတ်နေစဉ်၌လည်း ဤငါး၏ ကြမ်းတမ်းခက်ထန်မှုကို သူ လက်တွေ့ ခံစားခဲ့ရသည်။

မာကျောသော ငါးကြေးခွံများ၊ ထက်မြက်သော သွားများ၊ အသက်ပြင်းလွန်းသော ဇီဝစွမ်းအားများ သာမက... ဉာဏ်ရည်ဉာဏ်သွေးပါ ရှိနေသည်ကို တွေ့ရသည်။

သေချာပေါက် ဉာဏ်ရည်အဆင့်တစ်ခု ရှိနေသည်။ သို့မဟုတ် အမဲလိုက်သည့် နည်းစနစ်ကို တတ်ကျွမ်းနေသည်။

သေချင်ယောင်ဆောင်ပြီး ရန်သူကို ပေါ့ဆသွားအောင် လှည့်စားကာ ဒုတိယအကြိမ် ပြန်လည်တိုက်ခိုက်ခြင်းမျိုးကို ပြုလုပ်ခဲ့သည်။

ဒါ ငါးသေတ္တာငါးတစ်ကောင်မှာ ရှိသင့်တဲ့ အမဲလိုက်စွမ်းရည်မျိုး ဟုတ်ရဲ့လား။

လင်းယွမ်၏ စိတ်ထဲတွင် လေးလံသွားပြီး အပြင်ဘက်ရှိ အဆုံးအစမဲ့ ရေပြင်ကြီးကို လှမ်းမျှော်ကြည့်လိုက်မိသည်။

၎င်းက ပင်လယ်ရေအောက် အစာကွင်းဆက်၏ အောက်ခြေအဆင့်လောက်တွင်သာရှိသော ငါးသေတ္တာငါးလေး တစ်ကောင်သာဖြစ်သည်။

ထိုသို့ဆိုလျှင် အစာကွင်းဆက် ထိပ်ပိုင်းတွင်ရှိသည့် သတ္တဝါတွေများ ဥပမာ ငါးမန်းများ သို့မဟုတ် ဝေလငါးကဲ့သို့သော သတ္တဝါများဆိုလျှင် မည်သည့်အဆင့်အထိ ဆင့်ကဲပြောင်းလဲပြီးကြမည်နည်းဟု စဉ်းစားမိလိုက်သည်။

ဆက်ရန်...

All Chapters