အခန်း (၃၇-၃၈)
Vol. 2 Ch. 37-38
အပိုင်း (၃၇) အရေအသွေးမှတ် ရရှိခြင်း
"လင်းယွမ်... ကျွန်မတို့ ဘာဆက်လုပ်မှာလဲ... သူက တံခါးကို တကယ်သံပြားတွေနဲ့ ပိတ်လိုက်ရင် ရှင့်ရဲ့ သံရိုက်သေနတ်နဲ့ ဓာတ်ဆီတွေက အသုံးဝင်တော့မှာ မဟုတ်ဘူး"
တင်းယန်က မျက်နှာအနည်းငယ် ပျက်သွားလျက် မေးလိုက်သည်။ ရန်မေကလည်း စိုးရိမ်တကြီးဖြင့် လင်းယွမ်၏ အဖြေကို စောင့်မျှော်နေရှာသည်။
လင်းယွမ်က တည်ငြိမ်စွာပင် "စိတ်မပူနဲ့... လျှိုအားလုံက သူ့လူတစ်ယောက် ထပ်ဆုံးရှုံးသွားတာဆိုတော့ ဒီလောက်မြန်မြန်တော့ ပြန်လာမှာ မဟုတ်ဘူး"
"မင်းရဲ့ လေးက အဝေးကနေ တိုက်ခိုက်ဖို့ တကယ် အသုံးဝင်တယ်... အစ်မမေအခန်းထဲမှာ ဂဟေဆော်တဲ့ ပစ္စည်းတွေ ရှိတယ်... အဲ့ဒါနဲ့ ပိုပြီး ထိရောက်တဲ့ မြားတွေ လုပ်လို့ရတယ်"
"ငါ နည်းလမ်းရှာဦးမယ်... ဒီတိုင်းတော့ ငြိမ်ခံနေလို့ မဖြစ်ဘူး... အရင်ဦးအောင် တိုက်ခိုက်ဖို့ နည်းလမ်းရှာရမယ်"
လင်းယွမ်က ပြောပြောဆိုဆိုဖြင့် ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ အောက်ထပ်က ဆုန့်ဝမ် ဆိုသည့် အမျိုးသမီး အကြောင်းကို သူ စဉ်းစားနေမိသည်။
တကယ်လို့ သူမဆီက "ဒရုန်း" ကို ရအောင်ယူနိုင်ရင် အဆောက်အဦး အပြင်ဘက်ကနေ လျှိုအားလုံတို့ လူအင်အား ဖြန့်ကျက်ထားပုံကို အကဲခတ်နိုင်ပေလိမ့်မည်။
ထိုအခါမှ လှေကားကနေ မသွားဘဲ ပြတင်းပေါက်ကနေ ဆင်းကာ ရန်သူကို တစ်ယောက်ချင်းစီ လိုက်လံ ချေမှုန်းနိုင်မည် ဖြစ်၏။
လင်းယွမ်တွင် အစီအစဉ် ရှိသည်ကို မြင်ရသောအခါ တင်းယန်ရော ရန်မေပါ စိတ်သက်သာရာ ရသွားကြသည်။
တင်းယန်က "ဒါဆို ကျွန်မ မြားတွေအကြောင်း သွားလေ့လာလိုက်ဦးမယ်" ဟု ဆိုသည်။
လင်းယွမ်က ခေါင်းညိတ်ပြပြီး ရန်မေကို ကြည့်ကာ "ခဏနေရင် ကျွန်တော်နဲ့အတူ အဒေါ်လီဆီ သွားရအောင်... ပြီးရင် အောက်ထပ်က အမျိုးသမီးဆီ အတူတူ သွားကြမယ်" ဟု ပြောလိုက်သည်။
ရန်မေက အမြန်ခေါင်းညိတ်ပြလျက် "သိပြီ... ဒါဆို အစ်မ အဒေါ်လီဆီ သွားပြီး တိုင်ပင်လိုက်ဦးမယ်" ဟု ဆို၏။
လင်းယွမ်က "အပြင်ကနေ သွားနေစရာ မလိုဘူး... ကျွန်တော့်နောက် လိုက်ခဲ့" ဟု ပြောကာ သူမကို ခေါ်သွားသည်။
သူသည် ခုနက ဆွဲယူလာခဲ့သော သစ်သားပြားကို ဝရံတာသို့ မလာခဲ့ပြီး ပုဆိန်ဖြင့် ထက်ပိုင်းခွဲလိုက်သည်။
ထို့နောက် အဲကွန်း ကွန်ပရက်ဆာပုံးရှိရာသို့ တိုးဝင်ကာ ခြံစည်းရိုးတံခါးကို ဖွင့်လိုက်ပြီး ၃၂၀၂ အခန်း၏ ကွန်ပရက်ဆာပုံးနှင့် ဆက်သွယ်ကာ သစ်သားတံတားလေးတစ်ခု ပြုလုပ်လိုက်သည်။
အခန်းနှစ်ခန်း၏ ဝရံတာကို ဆက်သွယ်ပေးသည့် ရိုးရှင်းသော "သစ်သားတံတား" တစ်ခု ဖြစ်မြောက်သွားတော့၏။
လင်းယွမ်က သစ်သားပြား၏ ခံနိုင်ရည်ကို စိုးရိမ်သဖြင့် နောက်ထပ် တစ်ပြားကိုပါ ထပ်တင်လိုက်ပြီး သံရိုက်သေနတ်ဖြင့် အသေရိုက်လိုက်သည်။ ထိုအခါ တံတားလေးမှာ ပိုမို ခိုင်ခံ့သွားတော့၏။
ဆက်လက်၍ နန်းကြိုးများဖြင့် ကွန်ပရက်ဆာပုံးတွင် ခိုင်မြဲစွာ ချည်နှောင်လိုက်ပြီး လေပြင်းကြောင့် လွင့်ထွက်မသွားစေရန် စီမံလိုက်သည်။
သူသည် ရန်မေဘက်သို့ လှည့်ကာ "ကျွန်တော် အရင် သွားကြည့်မယ်" ဟု ပြောလိုက်သည်။
ရန်မေ ဘာမှမပြောခင်မှာပင် သူသည် နံရံကို အားပြုလျက် ခန္ဓာကိုယ်ကို ကြိုးဖြင့် ပတ်ကာ အကာအကွယ် လုပ်ပြီးနောက် ပေအနည်းငယ် ကွာဝေးသော တစ်ဖက်ဝရံတာသို့ အလွယ်တကူပင် ကူးသွားလိုက်သည်။
တစ်ဖက်အခန်း၏ ဧည့်ခန်းထဲတွင် အစ်ကိုမာနှင့် ဝူချင်းတို့ ပူးပေါင်းကာ လျှပ်စစ်တံခါးကို ပြုပြင်နေကြစဉ် ဝရံတာမှ အသံကြားသဖြင့် ထိတ်လန့်သွားကြသည်။ လင်းယွမ် ဝင်လာသည်ကို မြင်မှသာ သက်ပြင်းချနိုင်ကြတော့၏။
အစ်ကိုမာက အမြန်ပြေးလာပြီး "မင်း... ဘယ်လို ကူးလာတာလဲ" ဟု အံ့အားသင့်စွာ မေးသည်။
လင်းယွမ်က "အပြင်တံခါး အပိတ်ခံရရင် ကျွန်တော်တို့ နှစ်အိမ် အဆက်အသွယ် ပြတ်သွားလိမ့်မယ်... ဒါကြောင့် ဝရံတာမှာ ယာယီတံတားတစ်ခု လုပ်လိုက်တာ... လာကြည့်ကြဦး" ဟု ဆိုသည်။
အစ်ကိုမာနှင့် ဝူချင်းတို့ ဝရံတာသို့ ပြေးကြည့်ကြပြီး ထိုတံတားလေးကို မြင်သော် ဝမ်းသာသွားကြသည်။ ဤသို့ဆိုလျှင် မိမိတို့အိမ်မှာ ပိတ်မိနေသည့် အခြေအနေမျိုး မရောက်တော့ပေ။
"ကောင်းလိုက်တာ... ဒါလိုဆိုရင်တော့ အိမ်ထဲမှာ ပိတ်မိနေမှာကို ပူစရာမလိုတော့ဘူး" အစ်ကိုမာက စိတ်လှုပ်ရှားစွာ ဆိုသည်။
ဝူချင်းကလည်း "ဒီလိုဆိုအကောင်းဆုံးပဲ... အန္တရာယ်တော့ နည်းနည်း ရှိပေမယ့် အရေးပေါ် ထွက်လမ်းတစ်ခု ရှိနေတာပေါ့" ဟု ဝမ်းသာအားရ ပြောသည်။
လင်းယွမ်က ဆက်၍ "အကောင်းဆုံး နည်းလမ်းကတော့ တိုက်ခန်းနှစ်ခုကြားက နံရံကို အပေါက်ဖောက်တာပဲ... ဒါပေမဲ့ အခုက ကိရိယာ မစုံသေးတော့... လောလောဆယ် အပြင်ကနေပဲ သွားကြတာပေါ့"
"ဟုတ်ပြီ... ဟိုဘက်ဒီဘက် ကူးဖို့က အဆင်ပြေသွားပြီ... ကိစ္စရှိရင် ဝရံတာဘက်ကနေ ချက်ချင်း အသိပေးလို့ ရတယ်... ဒါနဲ့အဒေါ်လီရော"
"ဒီမှာ ရှိပါတယ်" အဒေါ်လီက ချိုင်ယောင်ကို ခေါ်ထုတ်လာသည်။ သူမက ချိုင်ယောင်ကို နှစ်သိမ့်ပေးနေခြင်း ဖြစ်ပုံရ၏။
လင်းယွမ်က "အဒေါ်လီ... ရန်မေက ခဏနေရင် ဒေါ်ကြီးဆီ ကိစ္စတစ်ခု လာတိုင်ပင်လိမ့်မယ်" ဟု ဆိုသည်။
"အေး... အေး... သိပြီ" အဒေါ်လီက ကြောင်အအဖြင့် ခေါင်းညိတ်ပြရှာသည်။ ဘာကိစ္စမှန်း သူမ မသိသေးပေ။
လင်းယွမ်က မိမိဝရံတာဘက်သို့ ပြန်ကူးလာပြီး ရန်မေကို ကူးလာရန် ပြောလိုက်သည်။
ရန်မေက သူမခြေထောက်အောက်ရှိ မှောင်မည်းနေသော ရေပြင်ကြီးကို ကြည့်ကာ မျက်နှာလေး ဖြူလျော့လျက် ကြောက်လန့်နေရှာသည်။ သူမသည် လင်းယွမ့်ကို ကြောက်လန့်တကြား ကြည့်လိုက်၏။
လင်းယွမ်က အားပေးစကား ဆိုလိုက်သည်။ "မစိုးရိမ်နဲ့၊ ဒီသစ်သားပြားက ခိုင်ပါတယ်... ကျွန်တော် စောစောပဲ ကူးသွားတာ" "အစ်မက ကျွန်တောထက် ပေါ့ပါတယ်... နံရံကို အားပြုပြီးသွား... ဘာမှ မဖြစ်ဘူး"
"ပြီးတော့ အစ်မမှာ အသက်ကယ်ကြိုးလည်း ပါတယ်လေ... တကယ်လို့ တစ်ခုခု ဖြစ်ရင်တောင် ကျွန်တော် အစ်မကို ပြန်ဆွဲတင်လို့ ရတယ်"
ရန်မေက သူမခါးက ကြိုးကို ကြည့်လိုက်ပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်ကာ အားတင်းလိုက်သည်။ လင်းယွမ့် ရှေ့တွင် သူမသည် အသုံးမကျသော မိန်းမတစ်ယောက်ဟု အထင်မခံချင်ပေ။
သူမသည် သွားကို တင်းတင်းစေ့လျက် "မောင်လေး... စိတ်ချပါ... အစ်မ... အစ်မ လုပ်နိုင်ပါတယ်" ဟု ဆိုသည်။
သူမသည် နံရံကို ကိုင်လျက် ဖြူဖွေးသွယ်လျသော ခြေတံရှည်နှစ်ဖက် တုန်ရီနေသော်လည်း ဖြည်းဖြည်းချင်း လှမ်းကာ တစ်ဖက်ဝရံတာသို့ ကူးသွားလေသည်။
စက္ကန့်အနည်းငယ်အကြာတွင် သူမသည် တံတားကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်၏။ သူမသည် ဝမ်းသာအားရဖြင့် လင်းယွမ့်ကို လှည့်ကြည့်ကာ "မောင်လေး... အစ်မ ရောက်ပြီ" ဟု အော်ပြောလိုက်သည်။
ထိုပုံစံလေးက ချီးကျူးခံချင်သည့် ကလေးငယ်တစ်ဦးနှင့် တူလှပေသည်။ လင်းယွမ်က ပြုံးလျက် "အစ်မမေက တကယ့်ကို တော်တာပဲ... ကျွန်တော်ထင်တာထက်တောင် ပိုသတ္တိရှိတယ်" ဟု ချီးကျူးလိုက်သည်။
ရန်မေမှာ ပါးစပ်လေးကို ပိတ်ကာ ရယ်မောလိုက်ပြီး မျက်လုံးလေးများမှာလည်း လစန္ဒာလေးများကဲ့သို့ ကွေးညွတ်သွားတော့သည်။ သူမ၏ ရင်ထဲတွင် ဖော်မပြနိုင်သော ဂုဏ်ယူမှုတစ်ခု ဖြစ်ပေါ်နေ၏။ ကြီးကျယ်သော အလုပ်တစ်ခုကို လုပ်ဆောင်နိုင်ခဲ့သကဲ့သို့ပင်။
လင်းယွမ်က သူမကို အနည်းငယ် မှာကြားလိုက်ပြီး "အစ်မတို့တိုင်ပင်ပြီးရင် အပြင်ထွက်ခါနီး ကျွန်တော့်ကို လှမ်းအော်လိုက်... ကျွန်တော် ကြည့်ပေးမယ်" ဟု ဆိုသည်။
"အစ်မသိပြီ" ရန်မေက အဒေါ်လီနှင့် တိုင်ပင်ရန် အမြန် ပြေးသွားတော့သည်။
လင်းယွမ်က ဝရံတာတွင် ထိုင်ချလိုက်သည်။ တစ်ဖက်တိုက်မှ လူများ လှမ်း၍ မတိုက်ခိုက်နိုင်စေရန် အဝတ်လျှော်စက် ဘေးတွင် ကွယ်ကာ ထိုင်နေခြင်း ဖြစ်၏။ သူ စနစ်မျက်နှာပြင်ကို အမြန် ဖွင့်လိုက်သည်။
ယခုအခါ စနစ်တွင် သူ့အမှတ်များက ၂၈ မှတ်အထိ ရှိနေပြီ ဖြစ်၏။ လင်းယွမ်က ကံစမ်းမဲနှိုက်သည့် စာမျက်နှာကို အမြန်ဖွင့်လိုက်သည်။
[၁ မှတ်တန် ကံစမ်းမဲကို ၁၀ မှတ်တန် ကံစမ်းမဲအဖြစ် ပြောင်းလဲလိုပါသလား]
လင်းယွမ်က ကြည့်လိုက်ရာ ၁ မှတ်တန် ကံစမ်းမဲထဲတွင် သာမန် နေ့စဉ်သုံး ပစ္စည်းများသာ ရှိနေသည်။ ယခုအချိန်တွင် သူ့အတွက် မလိုအပ်လှသဖြင့် "ပြောင်းလဲမည်" ဟု နှိပ်လိုက်သည်။
ကံစမ်းမဲဘီးမှာ ဝေဝါးသွားပြီး ဆုလက်ဆောင်များ အသစ် ဖြစ်သွားသည်။ ယခုတစ်ကြိမ်မှာ ၁၀ မှတ်တန် ကံစမ်းမဲ ဖြစ်ပြီး အများစုမှာ စားသောက်ကုန်များ ဖြစ်ကြသည်။
လင်းယွမ်က တစ်ချက် ကြည့်လိုက်သော်လည်း သိပ်မကျေနပ်သေးပေ။ ယခင်ကဆိုလျှင် ကျေနပ်ဖွယ် ဖြစ်သော်လည်း ယခုအခါ လျှိုအားလုံကို ရင်ဆိုင်ရန်အတွက် ဤအရာများက အသုံးမဝင်လှချေ။
"ထပ်ပြောင်းမယ်" ဟု သူ ထပ်မံ ရွေးချယ်လိုက်သည်။
[၂၀ မှတ်တန် ကံစမ်းမဲသို့ ပြောင်းလဲလိုပါသလား]
"ပြောင်းမယ်"
လင်းယွမ်က ပြတ်သားစွာ ပြောလိုက်သည်။ ထိုအခါ ကံစမ်းမဲဘီးမှာ တစ်ဖန် ပြန်လည် ဝေဝါးသွားပြီး ဆုလက်ဆောင်အသစ်များ ပေါ်လာတော့သည်။ လင်းယွမ် ကြည့်လိုက်သည်နှင့် မျက်လုံးများ ပြူးသွားရ၏။
၂၀ မှတ်တန် ကံစမ်းမဲထဲတွင် ဆိုလာပြားများ၊ လျှပ်စစ်ကျင်စက်များ၊ အဆင့်မြင့် ဓားလက်နက်များ ပါဝင်လာသည်။ စားသောက်ကုန်များမှာလည်း အဆင့်မြင့် ဘုရင်ကဏန်း၊ ပေကျင်း ဘဲကင် စသည့် အသင့်စား အစားအစာများ ဖြစ်သွားသည်။
ထို့အပြင် အလွန်ကျဉ်းမြောင်းသော ကံစမ်းမဲ ဧရိယာလေးထဲတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှု၊ ခွန်အား၊ အလျင်၊ စိတ်စွမ်းအား စသည့် အရေအသွေး အမှတ် လေးခု ပေါ်လာခဲ့သည်။
လင်းယွမ် အံ့အားသင့်သွားပြီး "၂၀ မှတ်တန် ကံစမ်းမဲမှာ အရေအသွေး မှတ်တွေတောင် ပါတာပဲ" ဟု ရေရွတ်လိုက်သည်။
သူ့ရင်ထဲ ဒိန်းခနဲ ခုန်သွားရသည်။ သို့သော် သူသည် ခေတ္တမျှ တွေဝေသွား၏။ ယခု သူ့တွင် ၂၈ မှတ်သာ ရှိရာ တစ်ကြိမ်သာ နှိုက်ခွင့်ရှိသဖြင့် စွန့်စားသင့်သလော။
လှပဆန်းပြားသော လက်နက်ပစ္စည်းများ ပါဝင်သည့် ကံစမ်းမဲဘီးကို ကြည့်ရင်း လင်းယွမ်က အသက်ပြင်းပြင်း ရှူလိုက်ကာ ဆုံးဖြတ်ချက် ချလိုက်သည်။
"စွန့်စားကြည့်တာပေါ့"
သူသည် စိတ်ထဲမှ ရေရွတ်လိုက်သည်။ "ကံစမ်းမဲ နှိုက်မယ်"
ဘီးကြီးမှာ လည်ပတ်သွားပြီး လက်တံကလည်း နာရီလက်တံအတိုင်း အရှိန်အဟုန်ဖြင့် လည်နေတော့သည်။
[ဒင်... ဂုဏ်ယူပါတယ်... သင်ခွန်အား အရေအသွေးမှတ် (၁) မှတ် ရရှိပါသည်]
[အရေအသွေးမှတ်ကို သင့်ခန္ဓာကိုယ်ထဲသို့ အလိုအလျောက် ပေါင်းစပ်ပေးနေပါသည်]
[ခန္ဓာကိုယ် အချက်အလက်များကို အဆင့်မြှင့်တင်နေပါသည်...]
ခဏချင်းမှာပင် လင်းယွမ်သည် မိမိ၏ ကြွက်သားများမှာ သိသိသာသာ ထွားကျိုင်းလာသည်ဟု ခံစားလိုက်ရသည်။ ခန္ဓာကိုယ်အတွင်းတွင် ပူနွေးသော စီးဆင်းမှုတစ်ခု ဖြစ်ပေါ်လာပြီး တစ်ကိုယ်လုံးတွင် အားအင်များ ပြည့်လျှံနေသည်ဟု သူ ခံစားလိုက်ရတော့၏။
သူ့ခန္ဓာကိုယ်မှာ အလွန် လျင်မြန်သော အရှိန်အဟုန်ဖြင့် ပြောင်းလဲနေပြီ ဖြစ်ပေတော့သည်။
ဆက်ရန်...
အပိုင်း (၃၈) ခွန်အားများ တိုးပွားလာခြင်း
[ခန္ဓာကိုယ်ဆိုင်ရာ အချက်အလက်များကို အဆင့်မြှင့်ပြီးပါပြီ]
အစ်မည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ဝ.၈
ခွန်အား - ၁.၉
အလျင် - ဝ.၈
စိတ်စွမ်းအား - ဝ.၇
ဆင့်ကဲပြောင်းလဲခြင်း အဆင့် - ၁%
အမှတ် - ၈ မှတ်
ပစ္စည်းသိုလှောင်ခန်း
-----------------------
လောင်ကန်းမားငရုပ်ဆီ
ဖီလေမီညွန် အမဲသားကင် (၁၀)
ခေါက်ဆွဲခြောက်ထုပ် (၁၃)
၁၀ကီလို ဆန်အိပ် (၂)
........
.......
......
လင်းယွမ်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရပြီး နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ စီးကျလာသည်။
သူ ရုတ်တရက် ထထိုင်လိုက်ရာ တစ်ကိုယ်လုံး၌ အားအင်များ ပြည့်လျှံနေသကဲ့သို့ ခံစားလိုက်ရသည်။ ကုန်ခမ်းသွားခြင်း မရှိနိုင်သော ခွန်အားမျိုးပင်။
သူသည် စနစ် မျက်နှာပြင်ကို အလျင်အမြန် ကြည့်လိုက်သည်။
ထင်ထားသည့်အတိုင်းပင် ခွန်အား တန်ဖိုးက တစ်မှတ်တိတိ တိုးသွားသည်။
သို့သော် သူ၏ ဆင့်ကဲပြောင်းလဲမှု အဆင့်မှာလည်း ၁ ရာခိုင်နှုန်းအထိ တက်လာသည်ကို သတိပြုမိလိုက်သည်။
"ဒါ ဘယ်လိုဖြစ်တာလဲ... အရေအသွေးမှတ်တွေ တိုးလိုက်လို့ ငါ့ခန္ဓာကိုယ်ပါ သန္ဓေပြောင်းသွားတာလား"
လင်းယွမ်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ အခန်း ၃၂၀၂ တွင် ထမင်းစားစဉ်က သူ အရက်သာသောက်ခဲ့ပြီး သန္ဓေပြောင်းငါးများကို လုံးဝ မစားခဲ့ကြောင်း သေချာသည်။
သူသည် ရေချိုးခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားပြီး တံခါးကို လော့ခ်ချကာ အဝတ်အစားများကို ချွတ်၍ ခန္ဓာကိုယ်ကို စစ်ဆေးလေတော့သည်။
တစ်ကိုယ်လုံးရှိ ကြွက်သားများမှာ သိသိသာသာ ကြီးထွားလာပြီး ခန္ဓာကိုယ်တစ်ခုလုံး ထွားကျိုင်းလာသကဲ့သို့ ဖြစ်နေသည်။
ပုံမှန်အချိန်ဆို သူသည် လေ့ကျင့်ခန်းများ လုပ်လေ့ရှိသဖြင့် ခန္ဓာကိုယ်အချိုးအစား ကျနပြေပြစ်သူဖြစ်သည်။
ယခုမူ ကြွက်သားအဖုအထစ်များနှင့် ဗလကြီးမားသူတစ်ယောက်အဖြစ် ပြောင်းလဲစပြုလာသည်။
ထို့အပြင် ယခင်ကလောက် မမြန်ဆန်တော့ဘဲ ခန္ဓာကိုယ်က အနည်းငယ် လေးလံထုံထိုင်းနေသလို ခံစားရသည်။
ထိုအချက်များမှလွဲ၍ အခြားသော သန္ဓေပြောင်းလဲသည့် လက္ခဏာများကိုမူ မတွေ့ရပေ။
သူ သက်ပြင်းချလိုက်ပြီး စိတ်အနည်းငယ် အေးသွားသော်လည်း ဤပြောင်းလဲမှုကို ဆက်လက် တွေးတောနေမိသည်။
"ပုံမှန်ဆိုရင် ငါ့ရဲ့ခွန်အားက ဝ.၈ နဲ့ ဝ.၉ ကြားမှာပဲ ရှိတာ... ဒါတောင် ငါက ရေရှည် လေ့ကျင့်ခန်းလုပ်ထားလို့"
"သာမန် ကျန်းမာရေးကောင်းတဲ့ လူတစ်ယောက်ရဲ့ အချက်အလက်အားလုံးက ၁ မှတ်စီ ရှိတယ်ဆိုရင် ငါက အရင်တုန်းက ကျန်းမာရေးသိပ်မကောင်းတဲ့ အဆင့်ပဲ ရှိသေးတာ"
"အခု ငါ့ရဲ့ ခွန်အားတန်ဖိုးက ၁ မှတ် တိတိ တိုးလာတယ်ဆိုတော့... ငါ့တစ်ယောက်တည်းရဲ့ အားက လူကြီးနှစ်ယောက်စာ ခွန်အားနဲ့ ညီမျှသွားပြီပေါ့"
လင်းယွမ် စိတ်လှုပ်ရှားသွားပြီး ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သော်လည်း ရေချိုးခန်းထဲတွင် စမ်းသပ်စရာ ပစ္စည်းမရှိပေ။
ထို့ကြောင့် ဧည့်ခန်းထဲသို့ ထွက်လာပြီး ဧည့်ခန်းရှိ လက်ဖက်ရည်ပွဲ စားပွဲခုံကို ကြည့်လိုက်သည်။
ထိုစားပွဲခုံမှာ စကျင်ကျောက်ပြားဖြင့် ပြုလုပ်ထားသဖြင့် အတော်လေး လေးလံသည်။
ယခင်ကဆိုလျှင် သူတစ်ယောက်တည်း မ လိုက်ပါက စားပွဲထောင့်တစ်ဖက်ကိုသာ မနိုင်တနိုင် ကြွရုံသာရပြီး တစ်ခုလုံးကို အလွတ်မဖို့မှာ မဖြစ်နိုင်ပေ။
သို့သော် ယခုမူ...
သူ ရှေ့သို့ခြေတစ်လှမ်းတိုးပြီး စားပွဲခုံ၏ ဘေးနှစ်ဖက်ကို လက်ဖြင့် အခိုင်အမာ ဆုပ်ကိုင်ကာ အားအနည်းငယ် စိုက်လိုက်သည်။
"ဟင်"
သူ ညင်သာစွာ မ လိုက်ရုံဖြင့် စားပွဲခုံတစ်ခုလုံး မြောက်တက်လာလေသည်။
အစမှအဆုံး လွန်စွာ ပေါ့ပါးလွယ်ကူနေသည်။
ဤပြောင်းလဲမှုကြီးက သူ့ကို ချက်ချင်းပင် အံ့သြဝမ်းသာ ဖြစ်သွားစေသည်။
"ငါ့ရဲ့ခွန်အားတွေ တကယ်ကို တိုးလာတာပဲ"
သူသည် စားပွဲခုံကို အမြန်ပြန်ချလိုက်ပြီး သံတူရွင်းတပ်ထားသော လှံရှည်ကို ကောက်ကိုင်လိုက်သည်။ ထို့နောက် လှံထိုးသိုင်းကွက်အတိုင်း အိမ်ရှိ သစ်သားဗီရိုတံခါးကို အားကုန် ထိုးစိုက်လိုက်သည်။
"ဒုန်း"
ကျယ်လောင်သောအသံနှင့်အတူ သစ်သားတံခါးမှာ ပေါက်ထွက်သွားရုံသာမက ဘေးပတ်လည်တွင်ပါ အက်ကွဲရာများ ထင်ကျန်ရစ်ခဲ့သည်။
ဤတစ်ကြိမ် လှံထိုးချက်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လှသည်။
အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် လင်းယွမ် အတည်ပြုနိုင်လိုက်ပြီဖြစ်သည်။ သူ၏ ခွန်အားက တကယ်ကို နှစ်ဆကျော် တိုးပွားလာခဲ့ပြီ။
"ဟုတ်ပြီဟေ့"
သူ့ရင်ထဲတွင် ဝမ်းသာပီတိများ ဖြစ်ပေါ်လာသည်။ ဤမျှသော ခွန်အားမျိုး ရှိနေမှတော့ လျှိုအားလုံ နှင့် ထပ်တွေ့၍ လူချင်းယှဉ်တိုက်ရလျှင်တောင် သူ ရှုံးနိမ့်တော့မည် မဟုတ်ပေ။
လျှိုအားလုံ က ဘာကြောင့် လူအများကြီးကို စုစည်းထားနိုင်သနည်း။
သူက အလေးမလေ့ရှိပြီး ခန္ဓာကိုယ်သန်မာကာ ခွန်အားကြီးမားသောကြောင့် လူအများက သူ့နောက်လိုက် လုပ်ကြခြင်းဖြစ်သည်။
သို့သော် ယခုအခါ ခွန်အားချင်းယှဉ်လျှင် လင်းယွမ်သည် ထိုလူထက် နိမ့်ကျတော့မည် မဟုတ်ချေ။
ထိုအချက်ကို တွေးမိသည်နှင့် လျှိုအားလုံ ကို ရင်ဆိုင်ရန်အတွက် လင်းယွမ်၏ ယုံကြည်မှုများ ပိုမို တိုးပွားလာခဲ့သည်။
သူသည် စနစ် မျက်နှာပြင်ကို တစ်ချက်ကြည့်လိုက်ရာ အမှတ် ၈ မှတ်သာ ကျန်တော့သည်ကို တွေ့လိုက်ရသည်။
သို့သော် သူ လုံးဝ နှမြောခြင်း မရှိပေ။
"ဒီ အမှတ် ၂၀ က သုံးရတာ တကယ်တန်တယ်... အခုလို အရေအသွေးမှတ် တန်းပေါက်ဖို့က ဖြစ်နိုင်ခြေ အရမ်းနည်းတာကို ငါ ပေါက်ခဲ့တာ... တကယ့်ကို ကံကောင်းလွန်းတာပဲ"
ကံစမ်းမဲဘီးဝိုင်းကြီးပေါ်တွင် အရေအသွေးမှတ် များ ရှိသော နေရာသည် ဆံချည်မျှင်မျှလောက်သာ ကျဉ်းမြောင်းသည်။
ထိုနေရာကိုမှ ကွက်တိကျပြီး မဲပေါက်သည်ဆိုတော့ လင်းယွမ်တစ်ယောက် ယနေ့ ကံကောင်းခြင်းနတ်ဘုရား ဝင်စားသလို ခံစားနေရသည်။
သူသည် အသက်ကို ဝဝရှူလိုက်ပြီး လက်ရှိခွန်အားနှင့် အသားကျစေရန် လေ့ကျင့်ခန်း အနည်းငယ် ထပ်လုပ်လိုက်သည်။
စောစောက ခံစားရသော လေးလံထိုင်းမှိုင်းမှုများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သူ သဘောပေါက်လိုက်သည်မှာ သူ၏ ခွန်အား ရုတ်တရက် ထိုးတက်သွားသော်လည်း လျင်မြန်ဖျတ်လတ်မှုက လိုက်အမီသေးသဖြင့် ခန္ဓာကိုယ်က လေးလံသလို ခံစားရခြင်းဖြစ်သည်။
အခုတော့ အချိန်ယူပြီး ညှိယူရဦးမည်။
"မောင်လေး... မောင်လေး..."
ဝရံတာဘက်မှ ရန်မေ၏ ခေါ်သံ ထွက်ပေါ်လာသည်။
လင်းယွမ် ဝရံတာသို့ ချက်ချင်း ထွက်သွားလိုက်သည်။
"အစ်မမေ... ပြောလေ"
"မောင်လေး... အစ်မနဲ့ ဒေါ်ကြီးလီ အဆင်သင့်ပဲ... မောင်လေး အားလား... အားရင် အောက်ထပ်ကို အတူတူ ဆင်းကြမယ်လေ"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး ပြန်ပြောသည်။
"ကျွန်တော့်ကို ခဏစောင့်... အစ်မတို့ အခန်းဝကို လာခဲ့မယ်"
သူသည် အဝတ်အစားများ ဝတ်ဆင်လိုက်ပြီး ရင်ဘတ်အရေးကြီးနေရာတွင် သံပြားတစ်ခု ခံထားလိုက်သည်။
ဆိုင်ကယ်ဦးထုပ်ကို ဆောင်း၊ ကိုယ်တိုင်လုပ် လှံရှည်ကို ကိုင်၊ သံရိုက်သေနတ်ကို ခါးကြားထိုးပြီး အစအဆုံး လက်နက်အပြည့်အစုံ တပ်ဆင်လိုက်သည်။
"တင်းယန်... ငါ အပြင်ခဏသွားလိုက်ဦးမယ်"
တင်းယန်က လက်ကာပြလိုက်ပြီး ဘာမှအပိုမမေးဘဲ မြှားတံများ ဂဟေဆော်ခြင်းကိုသာ အာရုံစိုက် လုပ်ကိုင်နေလေသည်။
လင်းယွမ် တံခါးဖွင့်ပြီးထွက်လာရာ အခန်း ၃၂၀၂ ရှေ့တွင် ဒေါ်ကြီးလီ နှင့် ရန်မေ တို့ကို တွေ့လိုက်ရသည်။
အစ်ကိုမာ ကလည်း ဦးထုပ်ဆောင်းကာ မီးဖိုချောင်သုံး ဓားမကြီးကို ကိုင်လျက် ထွက်လာပြီး ပြောသည်။
"ငါလည်း လိုက်ခဲ့မယ်ကွာ"
လင်းယွမ် ခေါင်းညိတ်လိုက်ပြီးနောက် ဒေါ်ကြီးလီ လက်ထဲတွင် အိတ်တစ်လုံး ကိုင်ထားသည်ကို သတိပြုမိသွားသည်။
"ဒေါ်ကြီးလီ... လက်ထဲက ဘာကြီးလဲ"
"စားစရာနည်းနည်းပါ... ဟိုကောင်မလေး ဆုန့်ဝမ် ဆီက ဒရုန်းသွားတောင်းမှာဆိုတော့ သူများဆီ လက်ဗလာနဲ့ သွားလို့ မကောင်းပါဘူး"
ထိုစကားကြားမှ လင်းယွမ်သည် နဖူးကို ရိုက်လိုက်မိပြီး ပြောလိုက်သည်။
"ဟုတ်သားပဲ... ကျွန်တော် မေ့နေတာ... ခဏလောက် စောင့်နော်"
သူသည် တိုက်ခန်းထဲသို့ ပြန်ဝင်သွားပြီး ခဏအကြာတွင် ဘူးတစ်ဘူးကို ကိုင်လျက် ပြန်ထွက်လာသည်။ ဘူးထဲတွင် ပေါင်မုန့် ၁၀ လုံး ပါဝင်သည်။
"ဒီလောက်ဆို ရလောက်ပြီ... သူ့မှာ ဒရုန်းရှိတယ်ဆိုရင်တောင် ခဏခဏ သုံးလို့ရမှာ မဟုတ်ဘူး... ရေထဲကနေ စားစရာကလည်း ဒီလောက်အများကြီး ရချင်မှရမှာ"
"သူသာ ဉာဏ်ရှိရင် ကျွန်တော်တို့နဲ့ လဲမှာပဲ"
"လောက်တာပေါ့... သေချာပေါက် လောက်တာပေါ့... ဒီပေါင်မုန့်တွေကို အောက်ဆင်းပြီး ငါးနဲ့သွားလဲရင်တောင် အများကြီး ရနိုင်တယ်"
အစ်ကိုမာ က ပေါင်မုန့်များကို ကြည့်ရင်း တံတွေးမြိုချကာ ပြောလိုက်သည်။
သူ ပေါင်မုန့်မစားရသည်မှာ ကြာလှပြီ။
လီလန်ဟွာ လည်း တံတွေးမြိုချမိသည်။ သူမတွင် ဆီးချိုရောဂါရှိသဖြင့် ရေမကြီးခင်ကတည်းက ပေါင်မုန့် သိပ်မစားခဲ့ရပေ။
ယခုလိုအချိန်တွင် ပေါင်မုန့်မြင်ရသည်မှာ တကယ့်ကို သွားရည်ကျစရာပင်။
လင်းယွမ်က ပြောလိုက်သည်။
"သွားကြစို့"
သူနှင့် အစ်ကိုမာ က ရှေ့တစ်ယောက် နောက်တစ်ယောက် နေရာယူပြီး အမျိုးသမီးနှစ်ဦးကို အလယ်တွင် ထားကာ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။
အားဝေ၏ အလောင်းကို ကျော်ခွပြီးနောက် လေးယောက်သား အောက်ထပ်သို့ အမြန်ရောက်ရှိလာကြသည်။
လှေကားခွင်တစ်ခုလုံး မှောင်မဲနေသဖြင့် အောက်ထပ်အခြေအနေကို သေချာမမြင်ရပေ။
လင်းယွမ်က လှေကားထစ်အဆုံးတွင် သတိရှိရှိ စောင့်ကြပ်ရင်း ရန်မေနှင့် ဒေါ်ကြီးလီ ဘက်သို့ လှည့်ကြည့်လိုက်သည်။
"တံခါးခေါက်လိုက်တော့"
ဒေါ်ကြီးလီ ခေါင်းညိတ်လိုက်ပြီး အခန်း ၃၁၀၁ တံခါးကို ခေါက်လိုက်သည်။
"ဒေါက်... ဒေါက်... ဒေါက်..."
တိတ်ဆိတ်နေသော လှေကားခွင်ထဲတွင် တံခါးခေါက်သံက စူးရှကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လူတိုင်း သတိဝီရိယကို မြှင့်တင်ထားကြပြီး အစ်ကိုမာ ဆိုလျှင် အပေါ်ထပ် လှေကားလမ်းကြောင်းကို ခဏခဏ မော့ကြည့်နေသည်။
ဒေါ်ကြီးလီ က အံကိုကြိတ်၍ တံခါးကို ထပ်ခေါက်လိုက်သည်။
အထဲမှ ပြန်ထူးသံ မကြားရသေးပေ။
လင်းယွမ်က တိုးတိုးကပ်ပြောလိုက်သည်။
"အထဲမှာ လူရှိတာသေချာတယ်... ကြောက်လို့ ပြန်မထူးရဲတာ နေမှာ... ဒေါ်ကြီးလီ... တခါထဲသာ အော်ပြောလိုက်တော့"
ဒေါ်ကြီးလီ ခေါင်းညိတ်ပြီး တံခါးကိုကြည့်ကာ အော်ပြောလိုက်သည်။
"ဆုန့်ဝမ် ရေ... အဒေါ်ပါ... ရပ်ကွက်ကော်မတီက ဒေါ်ကြီးလီ လေ... သမီး မှတ်မိလား"
"ဒေါ်ကြီးလီ ဟုတ်လား"
အထဲမှ အာမေဋိတ်သံ ထွက်ပေါ်လာပြီးနောက် ခြေသံများ ကြားလိုက်ရသည်။
အထဲမှလူသည် တံခါးချောင်းကြည့်ပေါက်မှတစ်ဆင့် အပြင်အခြေအနေကို ချောင်းကြည့်နေပုံရသည်။ ခဏအကြာတွင် သာယာသောအသံပိုင်ရှင် အမျိုးသမီးတစ်ဦးက တံခါးတစ်ဖက်မှ ပြန်မေးလေသည်။
"ဒေါ်ကြီးလီ... အစိုးရ ကယ်ဆယ်ရေးအဖွဲ့ ရောက်လာတာလားဟင်"
သူမ၏ အသံထဲတွင် အားအင်ချိနဲ့နေသော်လည်း ဝမ်းသာမှုနှင့် မျှော်လင့်ချက်ရောင်ခြည်များ သမ်းနေသည်။
ဒေါ်ကြီးလီ သက်ပြင်းချလိုက်ပြီး ပြောသည်။
"သမီးရေ... အထက်က ကယ်ဆယ်ရေး လာတာမဟုတ်ဘူးကွယ့်... အဒေါ်တို့က သမီးနဲ့ ကိစ္စလေးတစ်ခု ဆွေးနွေးစရာရှိလို့ လာရှာတာ"
အထဲမှလူသည် ချက်ချင်း တိတ်ဆိတ်သွားသည်။
ခဏကြာမှ အေးစက်စက် လေသံဖြင့် ပြန်မေးသည်။
"ဘာကိစ္စလဲ"
"မနက်တုန်းက အပေါ်ထပ်ကို ပျံတက်လာတဲ့ ဒရုန်းက သမီးဟာလား"
အထဲမှလူက တိတ်ဆိတ်သွားပြန်ပြီးနောက် သံသယဖြင့် မေးလာသည်။
"ဒေါ်ကြီးလီ... ဒေါ်ကြီးနေတာ ၇ ထပ်၊ ၈ ထပ်လောက်မှာ မလား... ဒရုန်းအကြောင်း ဘယ်လိုလုပ် သိတာလဲ"
ထို့နောက် သူမ၏အသံမှာ ချက်ချင်း အေးစက်သွားပြီး ပြောလေသည်။
"အပေါ်ထပ်က အစ်မရန်မေ ရဲ့ အခန်းဆိုတာ ကျွန်မ မှတ်မိတယ်... အဒေါ်က ဘာကိစ္စ သူများအခန်းထဲ ရောက်နေတာလဲ"
ဒေါ်ကြီးလီ ချက်ချင်း သဘောပေါက်လိုက်သည်။ တစ်ဖက်လူက အထင်လွဲသွားပြီ ဖြစ်သည်။
ဤကဲ့သို့အချိန်မျိုးတွင် သူများအိမ်ထဲ ဝင်နေကြသည်ဆိုကတည်းက လူကောင်း ဟုတ်ပါ့မလားဟု သံသယဝင်စရာပင်။
သူမက ရန်မေဘက်သို့ အမြန်လှည့်ကြည့်လိုက်ပြီး ရှင်းပြပေးရန် မျက်ရိပ်ပြလိုက်သည်။
ရန်မေက ချက်ချင်း ဝင်ပြောလိုက်သည်။
"ညီမလေး ဆုန့်ဝမ်... အစ်မကို သတိရပေးလို့ ကျေးဇူးပါ... အစ်မ ဘာမှမဖြစ်ပါဘူး... ဒေါ်ကြီးလီတို့က အခက်အခဲကြုံနေရလို့ အစ်မအိမ်မှာ ခဏ လာနေကြတာ... အစ်မတို့ တကယ်ကို မကောင်းတဲ့စိတ် မရှိပါဘူး... ညီမလေးနဲ့ တိုင်ပင်စရာရှိလို့ လာခဲ့တာပါ"
အထဲမှ ဆုန့်ဝမ် ကြောင်သွားသည်။ ရန်မေပါ ရောက်နေလိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။
သူမသည် တံခါးပေါက်မှန်ဘီလူးမှ ကြည့်နေသော်လည်း အလင်းရောင်မရှိသဖြင့် အပြင်မှလူများကို သေချာ မမြင်ရပေ။
သို့သော် သူမက ဆက်လက်၍ သတိထားနေဆဲပင်။
"အစ်မရန်မေ... ဒီလောက် အန္တရာယ်များတဲ့အချိန်မှာ အပြင်ထွက်လာတာလား... သတိထားနော်... လူဆိုးတွေ ဖမ်းသွားဦးမယ်"
"ဆုန့်ဝမ် ရေ... အစ်မတို့လည်း မတတ်သာလို့ပါ... လျှိုအားလုံ က ခဏခဏ လာရန်ရှာပြီး တံခါးကို အတင်းဖျက်ဝင်ဖို့ ကြိုးစားနေတယ်လေ... အစ်မထင်တာတော့ သူတို့ ညီမလေးအခန်းကိုလည်း အလွတ်ပေးမှာ မဟုတ်ဘူး... အခုချိန်မှာ အစ်မတို့တွေ စည်းလုံးထားမှ ဖြစ်မှာ"
ဆုန့်ဝမ်သည် "လျှိုအားလုံ" ဆိုသော နာမည်ကို ကြားလိုက်သည်နှင့် အလွန်အစ်မင်း ထိတ်လန့်သွားသည်။
အချိန်အတော်ကြာမှ သူမ ပြန်မေးလိုက်သည်။
"ကျွန်မကို ဘာကိစ္စ လာရှာတာလဲ... ကျွန်မလို မိန်းမသားတစ်ယောက်က ဘာများ ကူညီနိုင်မှာမို့လို့လဲ"
ဆက်ရန်...