← Chapters

အခန်း (၆၂၀-၆၂၁)

Vol. 38 Ch. 620-621

အခန်း (၆၂၀-၆၂၁)

Vol. 38 Ch. 620-621

Chapter 620

ခံစစ်လိုင်းများကို ခိုင်မာအောင် တည်ဆောက်ခြင်း ၁

ဝုန်း

ထိတ်လန့်ဖွယ်အပူလှိုင်းသည် ပြင်းထန်စွာ တိုးဝင်လာပြီး ကီလိုမီတာဝက်ခန့်ရှိသော ဧရိယာကို ချက်ချင်း ဖုံးလွှမ်းသွားသည်။ အပူချိန်မြင့်မားသော မီးတောက်ကြီးသည် အရပ်မျက်နှာအနှံ့အပြားသို့ ပေါက်ကွဲထွက်သွားပြီး မရေမတွက်နိုင်သော အမှောင်သတ္တဝါများကို အပူချိန်မြင့်မားသော မီးတောက်များဖြင့် ဝါးမျိုကာ လောင်ကျွမ်းစေလိုက်ရာ အလောင်းများမှ ထွက်လာသော အဆီများက အဆက်မပြတ်စီးထွက်လာသည်။

ရွှစ် ရွှစ်

တစ်ချိန်တည်းမှာပင် ပေါင်းစည်းရထား၏ အခြားတစ်ဖက်တွင် ကီကီ၏ ပတ်ပတ်လည်၌ ငွေရောင်ဓားသွားစီးကြောင်းများသည် လျင်မြန်စွာ လည်ပတ်နေပြီး ဓားသွားမုန်တိုင်းတစ်ခုကို ဖန်တီးထားသည်။ သူမခန္ဓာကိုယ်ကို စိတ်စွမ်းအင်ဒိုင်းဖြင့် ဖုံးအုပ်ကာ ဓားသွားမုန်တိုင်းနှင့်အတူ မွန်းစတားဒီရေလှိုင်းများထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။ ခဏချင်းမှာပင် သတ္တဝါများနှင့် တောအုပ်အတွင်းရှိ သစ်ပင်များ လှီးဖြတ်ခံလိုက်ရသည်။ ဧရာမ ဖောက်ထွင်းမြင်ရသော ပိုးကောင်ကြီးသည် ၎င်း၏ ခန္ဓာကိုယ်ကို တွန့်လိမ်ကာ တောက်ပသော အစိမ်းရောင်အရည်များကို ပန်းထုတ်လိုက်သော်လည်း ၎င်းတို့မှာ ကီကီ၏ စိတ်စွမ်းအင်ဒိုင်းကြောင့် တားဆီးခြင်း ခံလိုက်ရသည်။ လည်ပတ်နေသော ဓားသွားများသည် ပိုးကောင်ကြီး၏ တွန့်လိမ်နေသော ခန္ဓာကိုယ်ကို ဖြတ်သန်းသွားရာ ချက်ချင်းပင် သုံးပိုင်းပြတ်သွားသည်။ ပိုးကောင်အတွင်းရှိ အစိမ်းရောင် အရည်များ ရုတ်တရက် ပေါက်ကွဲသွားပြီး တောအုပ်ထဲတွင် အလင်းရောင်များ ထွက်ပေါ်နေသည့် မီးလုံးကြီးတစ်ခုဖြစ်ပေါ်လာသည်။ စင်ထွက်သွားသော အရည်များသည် ပတ်ပတ်လည်ရှိ အမှောင်သတ္တဝါများအပေါ်သို့ ကျရောက်သွားရာ စူးရှသော အော်ဟစ်သံများနှင့် တိုက်စားသံများ ထွက်ပေါ်လာသည်။

ဘစ်ဇ်

အားဖေး၏ လေဆာအလင်းတန်းသည် ကားမှန်သုတ်တံများကဲ့သို့ စက်ဝိုင်းပုံစံ ဝှေ့ယမ်းနေပြီး ရှောင်ချင်း၏ ဓားသည်လည်း တောအုပ်ထဲတွင် လျင်မြန်စွာ လှုပ်ရှားရင်း ဝိညာဉ်များကို ရိတ်သိမ်းနေသည်။ လီကွမ်းဝမ်၏ ထိတ်လန့်ဖွယ်လက်သီးချက်မှာ မြောင်းတစ်ခုကဲ့သို့သော ဧရိယာကို ဖောက်လိုက်ပြီး လော့ယန်၏ မျက်လုံးမှ အလင်းတန်းသည်လည်း ကောင်းကင်ရှိ ပိုးကောင်အုပ်များကြားတွင် ပေါက်ကွဲသွားသည်။

တိုတောင်းသော အချိန်အတွင်းမှာပင် ပေါင်းစည်းရထားတစ်ခုလုံး၏ မူလပရမ်းပတာဖြစ်နေမှုများမှာ လုံးဝပျောက်ကွယ်သွားပြီး စနစ်တကျပြန်လည်တိုက်ခိုက်ခြင်း၊ သတ္တိနှင့် ရှင်သန်ခြင်းအပေါ် ယုံကြည်ချက်များဖြင့် အစားထိုးလိုက်သည်။ ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများသည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်ဖော်ကာ ရှင်သန်ရန်အတွက် ပေါင်းစည်းကာ တိုက်ပွဲဝင်လာကြသည်။

တစ်ချိန်တည်းမှာပင် လင်းရှန်သည် ရထားလမ်းများထုတ်လုပ်မှုကို အရှိန်မြှင့်ရန် ဤအခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။ သူသည် လမ်းခင်းစက်ကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး နဂါးတောင် ၁ နှင့် ယာဉ်တန်းတစ်ခုချင်းစီက ယိကျင်းမြို့၌ ရှိစဥ်က ပြင်ဆင်ထားသော ရထားလမ်းများကို အသုံးပြု၍ ချက်ချင်းတပ်ဆင်လိုက်သည်။ တစ်ချိန်တည်းမှာပင် ယန္တရားနှလုံးသားကို အသုံးပြု၍ ရထားလမ်းသစ်များကို အဆက်မပြတ် ထုတ်လုပ်နေသည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ယခင်က ကုန်ကြမ်းပစ္စည်းများ ဖြည့်တင်းရန်အတွက် ရထားတွဲအမြောက်အမြားကို ဝါးမျိုခဲ့သဖြင့် ရထားလမ်းများ ထုတ်လုပ်ရသည်မှာ အလွန်ခက်ခဲသော်လည်း လင်းရှန်၏ အရှိန်မှာ ပို၍မြန်လာသည်။

ရထားလမ်းပေါ်သို့ ရောက်ရှိလာသော အနန္တရထားသည် အရှိန်မြှင့်လာသည်။ ဘုရင်မ မိုနီကာရထားသည် အနန္တရထား၏ နောက်ဘက်သို့ စတင်ရွေ့လျားလာပြီး နောက်ဘက်ရှိ ရထားအင်ဂျင်များမှာလည်း လမ်းပေါ်သို့ ပြန်ရောက်လာပြီးနောက် ဆွဲကူအားကို စတင်ပေးသည်။ ယခင်က လမ်းချော်ကာ ကစဥ့်ကလျားဖြစ်နေသော ရထားကြီးသည် လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

ထိုအချိန်တွင် နောက်ဆုံးတွင် ကျန်ရစ်သော ကြက်တူရွေးနှင့် သမုဒ္ဒရာရထားတွဲများသည်လည်း ရေအောက်မှ ထွက်ပေါ်လာသည်။

ရေနစ်သေဆုံးသူများမှလွဲ၍ အဖွဲ့သားအမြောက်အမြားသည် ရှင်သန်ရန်အတွက် ရေထဲသို့ ခုန်ဆင်းခဲ့ကြသည်။ မှောင်မည်းနေသော ရေပြင်ပေါ်တွင် လူရာပေါင်းများစွာသည် အလုယက်ကူးခတ်နေကြပြီး ရေမျက်နှာပြင်မှာ ကြောက်ရွံ့မှုနှင့် မျှော်လင့်ချက်ကင်းမဲ့သော အော်ရာများဖြင့် ဖုံးလွှမ်းနေသည်။

စက္ကန့်တိုင်းတွင် လူတစ်ဦးစီသည် ထူးဆန်းသော သတ္တဝါများကြောင့် ရေအောက်သို့ ဆွဲချခြင်းကို ခံနေရသည်။

ရေပြင်ပေါ်တွင် ဓာတ်မီးအလင်းတန်းများနှင့် သေနတ်သံများဖြင့် ပြည့်နှက်နေပြီး လူများသည် ကုန်းပေါ်သို့ တက်ရန် ကြိုးစားရင်း အော်ဟစ်နေကြသည်။

“ရေထဲမှာ မြွေ…. မြွေကြီးတစ်ကောင်”

“ဒါက S-Class အဆင့်ပဲ”

“မြန်မြန်ပြေးကြ”

“သူတို့ကို ကယ်ကြဦး… အချို့က ရေမကူးတတ်ဘူး”

ကုန်းပေါ်တွင် လေပြင်းနှင့် နှင်းဆီနီကဲ့သို့သော ယာဉ်တန်းမှ လူများမှာ ကုန်းပေါ်သို့ တက်လာသူများကို ကာကွယ်ပေးနေကြသည်။ ထိုအချိန်တွင် သမုဒ္ဒရာရထား၏ နောက်ဆုံးရထားတွဲ အနည်းငယ်ကို ဆွဲတင်နေစဉ်မှာပင် ကုန်းပေါ်ရှိ လူအားလုံးမှာ ထိတ်လန့်ဖွယ်မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

စိမ်းပြာရောင် အကြေးခွံများ ရှိသည့် မြွေအမြီးကြီးတစ်ခုက ရထားတွဲကို လျင်မြန်စွာ ရစ်ပတ်သွားသည်ကို ၎င်းတို့ မြင်လိုက်ရသည်။ ထိုဧရာမမြွေကြီးသည် ရထားတွဲများထက်ပင် ပို၍ကြီးမားပြီး ၎င်း၏ အရှည်ကို မခန့်မှန်းနိုင်ပေ။ ၎င်းမှာ ယခင်က စီလန်မြို့တွင် တွေ့ခဲ့ရသည့် တွင်းနက်ပိုးကောင်ကြီးကို ချက်ချင်း သတိရသွားစေသည်။

သို့သော် မြွေဆိုသည်မှာ လူတို့အား ဗီဇအရ ကြောက်ရွံ့စေသည့် သတ္တဝါဖြစ်ရာ ထိုကဲ့သို့ မှောင်မည်းနေသော ရေပြင်ထဲ၌ ဧရာမသတ္တဝါကြီးကို မြင်လိုက်ရခြင်းမှာ အလွန် ထိတ်လန့်စရာကောင်းနေသည်၊၊

ထိုအချိန်တွင် ယာဉ်တန်းတစ်ခုမှ လူအချို့မှာ ရထားတွဲတစ်ခုထဲမှ အဖြူရောင်လှေငယ်တစ်စင်းကို ဆွဲထုတ်လိုက်ကြပြီး လူအချို့ စုပေါင်းကာ ရေထဲသို့ ချလိုက်ကာ ရေနစ်လုနီးပါး ဖြစ်နေသော အသက်ရှင်ကျန်ရစ်သူ ခုနစ်ဦး၊ ရှစ်ဦးခန့်ကို ကယ်ဆယ်ရန် အင်ဂျင်နှိုး၍ အလျင်အမြန်သွားကြသည်။ ၎င်းတို့ လမ်းကြောင်းလှည့်လိုက်စဉ်မှာပင် ကောင်းကင်တွင် ပျံသန်းနေသော စွမ်းအားရှင်တစ်ဦးက အောက်သို့ ငုံ့ကြည့်၍ အော်ဟစ်လိုက်သည်။

“ပြေးတော့… မြွေကြီး လာနေပြီ”

“ဘယ်…ဘယ်…မှာလဲ.”

လှေပေါ်ရှိ လူများသည် စိုးရိမ်တကြီး ပြန်ပြောရင်း အင်ဂျင်ကို အရှိန်အကုန်မြှင့်ကာ နောက်သို့ လှည့်ကြည့်ရင်း ကုန်းဘက်သို့ ဦးတည်လိုက်ကြသည်။ သို့သော် လှေငယ်၏ နောက်ဘက်ရှိ ရေပြင်မှာ ငြိမ်သက်နေဆဲဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိပေ။

ထိုအချိန်တွင် ကောင်းကင်ရှိ စွမ်းအားရှင်သည် ၎င်းတို့ထံသို့ ထိတ်လန့်တကြား အော်ပြောလိုက်သည်။

“အဲ့ဒါက မင်းတို့အောက်မှာ…”

ဝုန်း

မြွေတွန်သံတစ်ခုနှင့်အတူ ပြင်းထန်သော အသံတစ်ခုသည် ရေအိုင်ကြီးရှိရာအရပ်မှ ပဲ့တင်ထပ်လာရာ အဖွဲ့သားများနှင့်အတူ ရထားလမ်းကို အလျင်အမြန် ဖောက်လုပ်နေသော လင်းရှန် ချက်ချင်း လှည့်ကြည့်လိုက်မိသည်။ မှောင်မည်းနေသော မြူများနောက်မှ ဧရာမ အရိပ်ကြီးတစ်ခု ကောင်းကင်သို့ ထိုးတက်သွားသည်ကို ဝိုးတဝါးမြင်လိုက်ရသည်၊၊ ဆက်သွယ်ရေးစနစ်များပေါ်တွင်လည်း ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

“ဧရာမ မြွေကြီးဟ”

“ပြေးကြ”

“ဒါ… ဒါ S-Class အဆင့်ဖြစ်မှာ သေချာတယ်”

ဆက်သွယ်ရေးစက်မှတစ်ဆင့် အဆက်မပြတ် အော်ဟစ်သံများကို ကြားလိုက်ရသဖြင့် လင်းရှန်၏ စိတ်ထဲ တင်းကျပ်သွားသည်။ သူတင်မကဘဲ အခြားသူများလည်း ထိုဧရာမ သတ္တဝါကြီး၏ အရိပ်ကို မြင်တွေ့လိုက်ရပြီး မွန်းကျပ်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ပေါ်ထွက်လာသည်။

အကယ်၍ ၎င်းမှာ S-Class အဆင့် ဖြစ်ခဲ့လျှင် သူ့၏ ဆွဲငင်အားမှန်ဘီလူးတစ်ခုတည်းနှင့် အနိုင်ယူနိုင်မည်ဟု လင်းရှန် မထင်ပေ။ စီလန်မြို့တွင် S-Class အဆင့် ကင်းထောက်တစ်ကောင်ကို သတ်ရန် လူသောင်းနှင့်ချီသော အင်အား၊ မြို့ကာကွယ်ရေးလက်နက်များ၊ သတ္တမမြောက် စုံစမ်းစစ်ဆေးရေးတပ်ရင်း (၇) နှင့် ယူနစ် ၀၁ မီကာကြီးတို့ ပူးပေါင်းခဲ့ရခြင်းဖြစ်သည်။ ယခုအချိန်၌ သူတို့တွင် ရထားတွဲရာဂဏန်းနှင့် လူထောင်ဂဏန်းသာရှိလေသည်။

ထို့ကြောင့် သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာမှာ ပစ်အားနှင့် ခံစစ်လိုင်းများကို အလျင်အမြန် စုစည်းရန်ပင် ဖြစ်သည်။ တစ်ဖက်တွင်လည်း လင်းရှန်သည် နောက်တွဲယာဉ်များမှ ရောက်လာသော အသက်ရှင်ကျန်ရစ်သူများကို အမှောင်အမှတ်အသား စစ်ဆေးခြင်းဖြင့် ထိုမွန်းစတား၏ အဆင့်ကို သေချာဆုံးဖြတ်နိုင်ပေမည်၊၊

အရေးကြီးသောအချိန်တွင် ပို၍ တည်ငြိမ်ရန် လိုအပ်လေသည်။

“ဒါ အကောင်ကြီးပဲ… ဒီတစ်ခါတော့ ငါတို့ အန္တရာယ်ကြီးနဲ့ ရင်ဆိုင်ရတော့မယ် ထင်တယ်”

အမြင့်နေရာတစ်ခုတွင် ရပ်နေသည့် ရှီတိယွမ်၏ အကြည့်များမှာ စူးရှနေပြီး သူ၏ အသံမှာလည်း တိုးညှင်းကာ ရှားရှားပါးပါး စိတ်ပျက်အားငယ်ဟန် ပေါက်နေသည်။

“ဝှစ်”

နန်ကျင်းသည် ရထားအောက်မှ တက်လာသော တွန့်လိမ်နေသည့် သတ္တဝါတစ်ကောင်ကို လက်သီးဖြင့် ထိုးချလိုက်ရာ ထိုလက်သီး၏ ပြင်းထန်သော အရှိန်ကြောင့် သတ္တဝါများ လွင့်စင်သွားသည်။ ထို့နောက် သူမသည် ရှီတိယွမ်၏ ဘေးတွင် ရပ်လိုက်သည်

၊၊

“ခံစစ်လိုင်းကို ချက်ချင်း ချုံ့ပစ်မှရမယ်… မဟုတ်ရင် ငါတို့အားလုံး ဝါးမျိုခံရလိမ့်မယ်”

Chapter 621

ခံစစ်လိုင်းများကို ခိုင်မာအောင် တည်ဆောက်ခြင်း ၂

ရှီတိယွမ် ခေါင်းငြိမ့်လိုက်ပြီး ချက်ချင်းပင် အဖွဲ့ဝင်တစ်စုနှင့်အတူ သစ်ပင်မြင့်ပေါ်သို့ တက်လိုက်သည်၊၊ ထို့နောက် ယာဉ်တန်းများအားလုံးကို အကာအကွယ်ယူကာ ခံစစ်အတိုင်းဆုတ်ခွာရန် စတင်ညွှန်ကြားလိုက်သည်။

ထိုသို့ဖြင့် ဆုတ်ခွာလာသော ယာဉ်တန်းများသည် အမိန့်များကို လက်ခံရရှိပြီးနောက် ရှင်းလင်းသော ဦးတည်ချက်များရှိလာခဲ့သည်။

ဆွဲယူလာသော ယာဉ်တန်းအတွက် ယာယီသံလမ်းကို အနက်ရှိုင်းဆုံးအထိ ဖောက်လုပ်နေစဉ် လင်းရှန်သည် ရထားလမ်းကို တည်ဆောက်နေပြီး သူ၏ ခေါင်းပေါ်ရှိ ဒရုန်းဖြင့် အလိုအလျောက် တိုက်ခိုက်ရင်း ပတ်ဝန်းကျင်မြေပြင်အနေအထားကို စောင့်ကြည့်ပေးနေသည်။ သူသည် လုရှင်းချန် မီးရှို့ထားသော တောအုပ်ကြီးတစ်လျှောက် ရထားလမ်းအကွေးကို တိုက်ရိုက်ညှိလိုက်ပြီး ယန္တရားနှလုံးသားကို အစွမ်းကုန် အသုံးချကာ သူ၏ ဘယ်ညာလက်နှစ်ဖက်လုံးဖြင့် ရထားလမ်းများကို တစ်ခုပြီးတစ်ခုထုတ်လုပ်နေသည်၊၊ သူ့ဘေးတွင် အနန္တရထား၏ တိုက်ခိုက်ရေးအဖွဲ့ ၁ နှင့် ၂ တို့က အကာအကွယ်ပေးထားပြီး ကီကီနှင့် မီးတောက်တို့က ကောင်းကင်တွင် ပူးပေါင်းတိုက်ခိုက်နေကြသည်။ ရထားပေါ်ရှိ ၁၁၃၀ စက်အမြောက်သည် စတုတ္ထအကျော့ ခဲယမ်းများ ကုန်သွားပြီ ဖြစ်သည်။ ရထားလမ်းကျလာသည်နှင့်တစ်ပြိုင်နက် သွေးများပေကျံနေသော မျက်နှာနှင့် လူအိုကြီးမိုသည် အင်ဂျင်နီယာအဖွဲ့ကို ဦးဆောင်ကာ အခြေခံအုတ်မြစ်များကို တည်ငြိမ်အောင် ကူညီလုပ်ပေးပြီးနောက် အနန္တရထား၏ သံဘီးများသည် ရှေ့သို့ တစ်ဖန်လိမ့်တက်သွားပြန်သည်။

မှောင်မည်းနေသော တောအုပ်အတွင်း နေရာအနှံ့တွင် သေနတ်သံများ ဟိန်းထွက်နေပြီး မီးများလောင်ကျွမ်းလျက်ရှိနေသည်။ မီးတောက်များနှင့်အတူ အမှောင်ထဲမှ ထူးဆန်းသည့် သတ္တဝါမျိုးစုံ အဆက်မပြတ် ထွက်ပေါ်လာသည်။ အနန္တရထားပေါ်တွင် သွေးကပ်ဘေးပန်း၏ အလင်းရောင်မှာ စည်းချက်မမှန်ဘဲ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသည်။ အဖွဲ့တစ်ခုလုံး၏ ပစ်အားဖြင့် ဖိနှိပ်ထားသောကြောင့် အမှောင်အမှတ်အသားမှာ တဖြည်းဖြည်း အားနည်းသွားသော်လည်း ထူးဆန်းသည့် သတ္တဝါများ ပို၍ထွက်ပေါ်လာသည်နှင့်အမျှ အမှတ်အသားသည် တဖန်ပြန်လည်အားကောင်းလာပြီး ပြင်းထန်သောတိုက်ပွဲ၏ ဖိအားမှာလည်း တဆင့်ချင်း တိုးလာသည်။

နောက်ဆုံးတွင် ရေအောက်သို့ နစ်မြုပ်သွားသော သမုဒ္ဒရာနှင့် ကြက်တူရွေးရထားတွဲများသည် ရေပေါ်သို့ ပြန်တက်လာပြီး အတွင်းပိုင်းမှ အနက်ရောင်ရေများနှင့်အတူ အတွင်းသို့ တွားသွားဝင်ရောက်ခဲ့သည့် ရေနေမွန်းစတားများဖြစ်သော ပိုးကောင်ကြီးများ၊ အနက်ရောင်မျှော့များနှင့် ထူးဆန်းသည့် ကင်းခြေများများလည်း အန်ထွက်လာသည်။ ထိုယာဉ်တန်းနှစ်ခုမှ ကျန်ရှိသော လူအနည်းငယ်သည် နှင်းဆီနီနှင့် အခြားယာဉ်တန်းများရှိရာ နောက်တွဲယာဉ်များသို့ ဆုတ်ခွာသွားကြသည်။

“မီးတောက်စက်တွေ သုံး…. ဒါတွေကို မီးရှို့ပစ်”

“ခံစစ်နား ရောက်တော့မယ်… အားလုံး တောင့်ခံထားကြ”

ရာနှင့်ချီသော လူများသည် ရထားကို ဝိုင်းရံကာ ဆုတ်ခွာရင်း အဆက်မပြတ် ပစ်ခတ်နေကြပြီး စွမ်းအားရှင်အချို့က ထူးဆန်းသည့် သတ္တဝါများကို တိုက်ခိုက်ရန် တောအုပ်ထဲသို့ ပြေးဝင်သွားကြသည်။ မည်သူမျှ ကြာကြာ မခံနိုင်ဘဲ ထိုယာဉ်တန်းနှစ်ခု၏ အဓိက တိုက်ခိုက်ရေးအင်အားမှာ ကုန်လုနီးပါး ဖြစ်သွားကာ တိုက်ခိုက်နိုင်စွမ်းရှိသူ ဒါဇင်အနည်းငယ်သာ ကျန်တော့သည့် အခြေအနေသို့ ရောက်သွားသည်။

“မီးတောက်၊ ကီကီ… ငါတို့ နောက်ပိုင်းမှာ အထိနာနေပြီ… မွန်းစတားလှိုင်းက စုပြုံပြီး တိုးဝင်လာနိုင်တယ်…. သွားကူပေးလိုက်”

“နားလည်ပြီ”

လင်းရှန်၏ စကားကို ကြားသောအခါ ကီကီနှင့် မီးတောက်တို့သည် နောက်ပိုင်းကို ဖိအားပေးကာ တိုက်ခိုက်ကြသည်။ ပူးပေါင်းယာဉ်တန်း၏ နောက်ပိုင်းရှိ ရထားတွဲများမှာ ဆက်တိုက်ပျက်စီးနေသည်။ ဤအခြေအနေသည် ယာဥ်တန်းတစ်ခုလုံးကို ထိခိုက်စေနိုင်သောကြောင့် ခံစစ်လိုင်းမတည်ဆောက်မီ ဤအရှိန်ကို ရပ်တန့်ရမည် ဖြစ်သည်။

ရှီတိယွမ်လည်း ၎င်းကို သဘောပေါက်သဖြင့် နန်ကျင်းအား ရှောင်ချင်းနှင့် အခြားသူများကို ခေါ်ကာ သွားကူညီခိုင်းလိုက်သည်၊၊ အားဖေးသည် အကာကွယ်များဖြင့် နဂါးတောင် ၁ ၏ အမိုးပေါ်တွင် ရပ်ကာ လေဆာတန်းများကို ပစ်လွှတ်နေသည်။

အားဖေးသည် နဂါးတောင် ၁ ၏ အစွမ်းထက်သော လက်နက်တစ်ခုဖြစ်သည်။ အနီရောင်လေဆာတန်းများ ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ခံစစ်လိုင်း၏ ဖိအားများမှာ သိသိသာသာ လျော့နည်းသွားသည်၊၊

ထိုအချိန်တွင် နောက်ဆုံးတွဲနှစ်တွဲမှာ လျှပ်စစ်မီးများ လုံးဝပြတ်တောက်ကာ ရပ်တန့်သွားပြီး တွဲများ၏ အပြင်ဘက်တွင် ရေနေအပင်များနှင့် ထူးဆန်းသော လက်တံများက ကြောက်မက်ဖွယ်ဖုံးလွှမ်းနေလေသည်၊၊

ညွှန်အိုင်ထဲမှ ပြင်းထန်သော ဖိအားအောက်တွင် ရွှံ့နှင့်ရေများ ဆူပွက်နေသကဲ့သို့ မြည်သံများ ထွက်ပေါ်လာပြီး တောအုပ်ကို တိုးဝှေ့လာသည့် တောင်တစ်လုံးကဲ့သို့ ဧရာမ အရိပ်ကြီးတစ်ခုကို လူတိုင်း မြင်လိုက်ရသည်။ စိမ်းပြာရောင် အကြေးခွံများမှာ အေးစက်သောအလင်းရောင်ဖြင့် တောက်ပနေပြီး ဧရာမ တွန့်လိမ်နေသော ခန္ဓာကိုယ်ကြီးမှာ ကြီးမားသော ကြောက်ရွံ့မှုနှင့် ဖိအားများကို သယ်ဆောင်လာသည်။ သေနတ်သံများကြားတွင် ထက်မြက်သော သွားများစွာ ပြည့်နှက်နေသည့် ဧရာမ ပါးစပ်ကြီးတစ်ခုကိုသာ မြင်တွေ့ကြရသည်။

“သတိထားကြ”

“ဒါ… အဲဒီမြွေကြီးပဲ”

“အကုန်ပစ်ကြ”

“ဒုံးပစ်လောင်ချာတွေ ပြင်ထား”

ဒက် ဒက် ဒက် ဘန်း ဘန်း အုန်း အုန်း ဝုန်း

တစ်ခဏအတွင်းမှာပင် နောက်ပိုင်းရှိ ယာဉ်တန်းများမှ ပစ်အားအားလုံးကို ၎င်းတို့အား တိုက်ခိုက်လာသော ဧရာမ အနက်ရောင်အရိပ်ကြီးဆီသို့ ဒေါသတကြီး ပစ်လွှတ်လိုက်ရာ မရေမတွက်နိုင်သော ပေါက်ကွဲမှုများနှင့် မီးလျှံများ ရောယှက်သွားသည်။ အလင်းနှင့် အရိပ်များကြားတွင် မြွေကြီး၏ ပါးစပ်နှင့် မြွေခေါင်းပေါ်တွင် ရာနှင့်ချီသော ကြက်သွေးရောင် မျက်လုံးများကို နောက်ဆုံးတွင် မြင်တွေ့လိုက်ရသည်။ ထိုမျက်လုံးများသည် အေးစက်စွာ တောက်ပနေသဖြင့် မြင်ရသူတိုင်း တုန်လှုပ်သွားကြပြီး လူအများအပြားသည် ချက်ချင်းပင် ဦးနှောက်များ ဗလာကျင်းသွားကာ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြိုလဲလာကြသည်။

“သူ့မျက်လုံးတွေကို မကြည့်ကြနဲ့”

“မီးလက်သီး”

ထိုအချိန်တွင် ကီကီနှင့် မီးတောက်တို့၏ အသံများ ကောင်းကင်တွင် ရုတ်တရက် ပဲ့တင်ထပ်လာသည်။ ချက်ချင်းပင် ကောင်းကင်ယံမှ အနီရင့်ရောင်မီးတောက်များ ကျဆင်းလာသည်။ တစ်ချိန်တည်းမှာပင် မမြင်ရသော စိတ်စွမ်းအင်လှိုင်းတစ်ခုသည် လုရှင်းချန်၏ အပူချိန်မြင့် မီးတောက်များကို ဖုံးလွှမ်းသွားပြီး ၎င်းတို့ကို သိပ်သည်းစေကာ လေဆင်နှာမောင်းတစ်ခုကို ဖန်တီးလိုက်သည်။ တောက်လောင်နေသော မီးလုံးကြီးသည် အပူချိန်မြင့်မီးတောက်အဖြစ် ပြောင်းလဲသွားပြီး လေဆင်နှာမောင်းအတွင်းသို့ ပေါင်းစပ်သွားကာ အချင်းမီတာတစ်ရာကျော်နှင့် အမြင့်မီတာရာနှင့်ချီရှိသော ထိတ်လန့်ဖွယ် အနီရောင် မီးနဂါးပုံစံ လေဆင်နှာမောင်းကြီးတစ်ခုဖြစ်ပေါ်လာသည်၊၊

၎င်းတို့နှစ်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုသည် အသားကျနေလေပြီဖြစ်ရာ မီးတောက်များကို ကြောက်မက်ဖွယ်အပူချိန်သို့ ရောက်ရှိစေသည်။ တစ်ခဏအတွင်းမှာပင် မှောင်မည်းနေသော တောအုပ်အထက်တွင် ဧရာမ မီးနဂါးလေဆင်နှာမောင်းကြီးက ကောင်းကင်တစ်ခုလုံးကို လင်းထိန်သွားစေပြီး ပြင်းထန်သော အပူရှိန်က မီတာရာဂဏန်းအတွင်းရှိ သစ်ပင်အားလုံးကို ဝါးမျိုသွားကာ ထူးဆန်းသည့် သတ္တဝါများစွာသည် အတွင်း၌ အော်ဟစ်တွန့်လိမ်နေကြသည်။

ဧရာမ အစိမ်းရောင်မြွေကြီး၏ ခေါင်းသည် မီးနဂါးလေဆင်နှာမောင်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ပြင်းထန်သော အပူချိန်ကြောင့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ရုတ်တရက် အစိမ်းရောင် အကြေးခွံများနှင့် ထူးဆန်းသော သန္တာဆူးများ ဖုံးလွှမ်းနေသည့် ၎င်း၏ ခန္ဓာကိုယ်ကြီးကို ဘေးတိုက် ယမ်းခါလိုက်သည်။ အမှောင်ကျူးကျော်မှု စွမ်းအားများစွာပါဝင်သော တုန်ခါလှိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး မီးနဂါးလေဆင်နှာမောင်းကို ရထားရှိရာဘက်သို့ အရှိန်ဖြင့် တွန်းထုတ်လိုက်သည်။

၎င်းကို မြင်သောအခါ ကီကီသည် ငွေရောင်ဓားသွားများအားလုံးကို ချက်ချင်း လွှတ်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် စိတ်စွမ်းအင်ကို သုံးကာ ရှေ့သို့ တွန်းထုတ်ရင်း မီးနဂါးလေဆင်နှာမောင်းကို ထိန်းထားရန် ကြိုးစားလိုက်သည်။

ထိုအချိန်တွင် မီးနဂါးလေဆင်နှာမောင်း၏ ဘေးတစ်ဖက်မှ နန်ကျင်းနှင့် ရှောင်ချင်းတို့ အလျင်အမြန် ပြေးဝင်လာသည်။ နှစ်ဦးစလုံး စွမ်းအားမြင့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး ဘယ်ညာတစ်ဖက်စီတွင် ရှိနေကြသည်။ ခြေထောက်ရှိ တွန်းကန် Jet များ လည်ပတ်နေပြီး တောအုပ်အတွင်း ဖြတ်သန်းခုန်လွှားကာ မြွေကြီး၏ ရှေ့သို့ တိုက်ရိုက်ပြေးဝင်ပြီး အပေါ်စီးမှ မြွေခေါင်းကို တိုက်ခိုက်ကြသည်။

“ယား”

နန်ကျင်းသည် သူမ၏ ခွန်အားအားလုံးကို အသုံးချကာ ညာလက်သီးကို မြှောက်ပြီး အစိမ်းရောင်မြွေကြီး၏ မေးရိုးအကြေးခွံကို တိုက်ရိုက် ထိုးချလိုက်သည်။ ချက်ချင်းပင် အရှိန်ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး သူမ၏ စွမ်းအားမြင့်ဝတ်စုံမှ လက်အကာများ ကွဲအက်သွားသည်။ လက်သီးက မြွေကြီးပေါ်သို့ ကျရောက်သွားရာ အချင်း ၂ မီတာခန့်ရှိသော ကြက်သွေးရောင် သွေးကွက်ကြီးတစ်ခု ပေါ်လာပြီး အကြေးခွံများ ကွဲကြေသွားသည်။

အခြားတစ်ဖက်တွင်မူ ရှောင်ချင်း၏ ချိတ်သေနတ်သည် မြွေခေါင်းပေါ်ရှိ တွန့်လိမ်နေသော သန္တာဆူးတစ်ခုကို ရစ်ပတ်လိုက်ပြီး အလျင်အမြန် လွှဲလိုက်သည်။ သေနတ်ဓားကို ပြောင်းပြန်ကိုင်ကာ မြွေခေါင်းကို အောက်သို့ လှီးချလိုက်ရာ မီးပွားများ လွင့်စင်သွားသည်။ သတ္တုစပ် သေနတ်ဓားသည တုန်ခါနေပြီး အကြေးခွံနှင့် အသားများကို လှီးထုတ်လိုက်သည်။

All Chapters