← Chapters

အခန်း (၆၁၈-၆၁၉)

Vol. 38 Ch. 618-619

အခန်း (၆၁၈-၆၁၉)

Vol. 38 Ch. 618-619

Chapter 618

ထူးဆန်းသော မြွေကြီး ၂

ဝူး

အသံလှိုင်းဓားတစ်ချက်က တောအုပ်ထဲရှိ သစ်ပင်များနှင့် သတ္တဝါအုပ်တစ်ခုကို ပြတ်တောက်သွားစေသည်။ မိုနီကာက အေးစက်သော အမူယာဖြင့် ပြန်ပြောသည်၊၊

“ဒါက ဝင်ရိုးစွန်းည မဟုတ်တာတော့ သေချာတယ်… ကျွန်မတို့ တွင်းနက်ထဲ ရောက်နေတာ ဖြစ်နိုင်တယ်… ကောင်းကင်ကို ကြည့်ဦး…. ဒီနေရာမှာ ရူပဗေဒ နိယာမတွေတောင် ပုံပျက်နေပြီ”

“ဟိုယာဉ်တန်းတွေ ဘာဖြစ်ကုန်ပြီလဲ… သူဌေးဟူတို့ ထွက်သွားကြပြီလား… ငါတို့ ဘာလို့ တစ်ဖက်တည်းကိုပဲ အပြင်းအထန် ဖောက်မထွက်တာလဲ”

ချီလီက ထိုအချိန်တွင် ဝင်ပြောသည်။

“ဖာ့ခ်… ဘာကို ဖောက်ထွက်ရမှာလဲ… ငါတို့က ရထားတွေဟ… ကားတွေ မဟုတ်ဘူး”

ရှီတိယွမ်က နှာခေါင်းရှုံ့လိုက်သည်၊၊

“မင်းက ကားမောင်းနေတယ်လို့ ထင်နေတုန်းပဲလား”

“ငါတို့ဆီမှာ ကားတွေ မရှိတာမှ မဟုတ်တာ”

ချီလီက ပြန်ပြောသည်၊၊

“ငါတို့မှာ မြေမျက်နှာပြင်မရွေး သွားနိုင်တဲ့ ရထားနှစ်စင်းနဲ့ အခြေစိုက်ထရပ်ကား ၁၀ စင်းအပြင် တခြားယာဉ်တွေလည်း ရှိသေးတယ်… အနည်းဆုံး လူသုံးလေးရာလောက်ကို တင်ပြီး ပြေးလို့ရတယ်…. အားလုံး ဒီနေရာမှာပဲ သေကုန်တာထက်တော့ ပိုကောင်းတာပေါ့”

ထိုစကားကို ကြားသောအခါ ရှီတိယွမ်သည် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်း ထအော်လိုက်သည်၊၊

“မဖြစ်နိုင်တာ… တခြားယာဉ်တန်းတွေသာ ဒါကို ကြားသွားရင် ငါတို့ရဲ့ ကာကွယ်ရေးလိုင်းက ချက်ချင်း ပြိုလဲသွားလိမ့်မယ်… အရင်ဆုံး ရထားကို အပြင်ရောက်အောင် ဆွဲထုတ်ကြရမယ်”

ထိုအချိန်တွင် လင်းရှန်နှင့် ကီကီတို့ လျင်မြန်စွာရောက်ရှိလာပြီး မြေမျက်နှာပြင်မရွေးသွားနိုင်သည့် ရထားနှစ်စီး၏ အရှေ့တွင် ရထားလမ်းများကို ထုတ်လုပ်ရင်း ပြောလိုက်သည်၊၊

“အစ်ကိုရှီပြောတာ မှန်တယ်… အခြေအနေက လူရာဂဏန်းလောက်ပဲ ထွက်ပြေးရမယ့် အဆင့်ကို မရောက်သေးဘူး… ထိခိုက်ကျဆုံးမှုတွေ နည်းအောင် လူတွေအကုန်လုံး စည်းစည်းလုံးလုံးရှိနေရမယ်”

အကယ်၍ စိတ်ဓာတ်များ ပျက်ပြားသွားပါက အဖွဲ့ဝင်များသည် သတ္တဝါများ၏ သတ်ဖြတ်ခြင်းကို မခံရမီမှာပင် မျှော်လင့်ချက်ကင်းမဲ့မှုဒဏ်ကို ခံစားရပြီး အမှောင်ထု၏ ကျူးကျော်မှုကို ခံရကာ သန္ဓေပြောင်းသွားကြလိမ့်မည်။ ထိုသို့ဖြစ်လျှင် ထိန်းမနိုင်သိမ်းမနိုင်ဖြစ်ကုန်လိမ့်မည်။

မကြာသေးမီက အမှောင်ထုသည် လူအများကို ဝါးမျိုခဲ့ပြီး အမှောင်အမှတ်အသားကြောင့် သန္ဓေပြောင်းလဲမှုများဖြစ်ပေါ်ကာ ဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့သည်။ ပေါင်းစည်းရထားအဖွဲ့၏ လက်ရှိအခြေအနေမှာ လူအိုကြီးမိုနှင့် ဟူလုရှို့တို့၏ အခြေအနေနှင့် ကွဲပြားသည်။ ရထား၏ အကာကွယ်ကို စွန့်လွှတ်လိုက်ခြင်းသည် ရှင်သန်နိုင်စွမ်းကို လျော့နည်းစေသည်။ အဘယ်ကြောင့်ဆိုသော် အပိုယာဉ်များတွင် လုံလောက်သော လက်နက်ခဲယမ်းမရှိခြင်းနှင့် ထိုသို့သောအချိန်မျိုးတွင် ယာဉ်တန်းများအကြား ရုတ်ရုတ်သဲသဲဖြစ်သွားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်။ ထို့ကြောင့် ရှီတိယွမ်သည် အဓိကပြဿနာကို ချက်ချင်းထောက်ပြကာ ချီလီအား ဆက်သွယ်ရေးလှိုင်းပေါ်တွင် ထိုသို့မပြောရန် တားမြစ်လိုက်ခြင်း ဖြစ်သည်။

ချီလီ၏ စကားမှာ အဓိပ္ပာယ်မရှိသည်တော့ မဟုတ်ကြောင်း သူသိသည်။ လုံးဝမျှော်လင့်ချက်မဲ့နေသော အချိန်တွင်မူ ၎င်းသည် ရှင်သန်နိုင်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်နိုင်ပေသည်။ လူရာဂဏန်း ရှင်သန်ကျန်ရစ်ခြင်းမှာ အားလုံးပျက်စီးသွားခြင်းထက် ပိုကောင်းပေသည်။

လင်းရှန်သည် ရထားလမ်းများကို လျင်မြန်စွာ ဖန်တီးနေရင်း အတွေးများနေသည်။

အမှောင်ထုထဲသို့ ဝင်ရောက်ပြီးနောက် ပထမဆုံးကြုံတွေ့ရသည့် အခက်အခဲမှာ ရထားလမ်းများ ပျောက်ကွယ်သွားခြင်းဖြစ်လိမ့်မည်ဟု မည်သူမျှ ကြိုမတွေးထားမိကြပေ။ ၎င်းမှာ ရထားယာဥ်တန်းအားလုံးအတွက် အသက်ရှူမှားသည့် အခြေအနေပင် ဖြစ်သည်။

တင်းကျန်းရီ အကြံပြုထားသကဲ့သို့ ဤဒေသရှိ အမှောင်သတ္တဝါအားလုံးကို သတ်ပစ်နိုင်မှသာလျှင် ဖြစ်လိမ့်မည်။ သို့မဟုတ်ပါက သတ်ဖြတ်မှုတစ်ကျော့ပြီးတိုင်း နောက်ထပ် အမှောင်သတ္တဝါများထံမှ အမှောင်အမှတ်အသားများ ထပ်၍ ပေါ်လာဦးမည်ဖြစ်ရာ ပေါင်းစည်းရထားယာဥ်တန်းတစ်ခုလုံး ပျက်စီးသွားရန်မှာ အချိန်ပိုင်းသာ လိုတော့သည်။

အမှောင်သတ္တဝါအားလုံးကို သတ်ပစ်ခြင်းထက် ချီလီ၏ အစီအစဉ်မှာ ပို၍ လက်တွေ့ကျသည်။ ထွက်ပြေးခြင်းဖြင့် ရှင်သန်ရန် လမ်းစရှိနိုင်ပြီး လူအိုကြီးမိုနှင့် သူဌေးဟူတို့၏ သာဓကများလည်း ရှိနေသည်။ ထို့ကြောင့် ဤနေရာတွင် ခုခံနေခြင်းထက် ထွက်ပြေးခြင်းမှာ ပို၍ ဖြစ်နိုင်ခြေရှိသည်။

အမှန်စင်စစ် ဤသတ္တဝါများကို အကုန်သုတ်သင်နိုင်မည်လားဆိုသည်ကို ဘယ်သူမျှ မသိနိုင်ပေ။ ပေါင်းစည်းရထားယာဥ်တန်း၏ ပစ်အားမှာလည်း အကန့်အသတ်ရှိသည်။ အစောပိုင်း အဆင့်မှာပင် လူအများအပြားသည် အမှောင်ကျုးကျော်မှုကြောင့် ပြောင်းလဲသွားခဲ့ရပြီ ဖြစ်သည်။ လူတိုင်းသည် ပစ်အားကို အစွမ်းကုန် အသုံးပြုနေရသဖြင့် နောက်ထပ် နာရီအနည်းငယ်ကြာလျှင် ခဲယမ်းများ ကုန်ခမ်းသွားပေလိမ့်မည်။ ထိုအခါ ယာဉ်များဖြင့် ထွက်ပြေးရန်ပင် နည်းလမ်းမရှိတော့ဘဲ မျှော်လင့်ချက်ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာသည့် သန္ဓေပြောင်းလဲမှုများမှာ ပျံ့နှံ့သွားပေလိမ့်မည်။

ယခုအချိန်တွင် ရထားတွဲများ ပိုမိုများပြားစွာ လမ်းပေါ်သို့ ရောက်ရှိလာသည်နှင့်အမျှ ရထားတန်းကြီးသည် တောနက်ထဲသို့ ပို၍တိုးဝင်လာပြီး အရှိန်မြှင့်လာသည်။

အနန္တရထားက ရှေ့ဆုံးတွဲအဖြစ် ပြောင်းလဲလိုက်ပြီး နဂါးတောင် ၁ မှာမူ နောက်ဘက်မှ ရောက်ရှိလာသည့် ရထားများကို ထောက်ပံ့ပေးရန်အတွက် သုံးကီလိုမီတာခန့် ပစ်အားပေးကာ ကျန်ရစ်ခဲ့သည်။

နှင်းဆီနီယာဥ်တန်းနှင့် အခြားအဖွဲ့များမှာ ရွှံ့နွံတောထဲမှ ကုန်းပေါ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသည်။ ရထားဘီးများတွင် အမည်းရောင်ရွှံ့များ ပေကျံနေပြီး ရထားသည် အမည်းရောင်မြေဆီလွှာပေါ်တွင် နက်ရှိုင်းသောမြောင်းများ ဖန်တီးကာ သစ်ပင်အများပြားကို ကြိတ်ခြေ၍ ရှေ့သို့ ခုတ်မောင်းနေသည်။

ချီလီသည် ရထားယာဥ်တန်းများ၏ အရှေ့တွင် သတ္တဝါငယ်များဖြင့် ပြည့်နှက်နေသည့် စစ်ကြောင်းများကို ဖြတ်ကျော်ကာ လျင်မြန်စွာ သတ်ဖြတ်နေသည်။ သူ၏ စွမ်းအားသည် လျင်မြန်မှုဖြင့် ကောင်းမွန်သော အထောက်အပံ့ကို ပေးနိုင်သော်လည်း သူ၏ အားနည်းချက်မှာ ကိုယ်တိုင်ကာကွယ်နိုင်စွမ်းနှင့် သတ္တဝါကြီးများကို ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် များသောအားဖြင့် မွန်းစတားဒီရေလှိုင်းများရှိရာ တောနက်ထဲသို့ တိုးမဝင်ရဲပေ။

ထိုအချိန်တွင် သူသည် တွားသွားနေသော အမည်းရောင်သတ္တဝါတစ်ကောင်ကို ကန်ထုတ်ကာ ပေါက်ကွဲစေလိုက်ပြီးနောက် မွန်းစတားဒီရေလှိုင်းများကို အသံလှိုင်းဖြင့် ယပ်တောင်ပုံစံ လှီးဖြတ်နေသည့် မိုနီကာ၏ ဘေးတွင် ဆင်းသက်လိုက်ကာ သူ၏ သူငယ်ချင်းကို စူးစမ်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဒီလို အခြေအနေမျိုးမှာ မင်းရဲ့ ဘုရင်မရထားက ငါတို့ထက် ပြေးပေါက် ပိုများတယ်… ငါ့ရဲ့ အစီအစဉ်အပေါ် မင်းဘယ်လိုထင်လဲ”

မိုနီကာက သူ့ကို တစ်ချက်လှည့်ကြည့်လိုက်သည်၊၊

“ဘာလဲ… ရထားကို ကားနဲ့ လဲခဲ့မိတာ နောင်တရနေတာလား”

ချီလီက ရယ်မောလိုက်သည်၊၊

“ကိစ္စမရှိပါဘူး… ဒီစုတ်ပြတ်သတ်နေတဲ့ ကမ္ဘာကြီးမှာ ဘယ်နေရာမှာပဲ သေရသေရ ငါမထူးဆန်းတော့ပါဘူး… နောင်တရစရာလည်း မရှိဘူး… ဒါပေမဲ့ အခုပုံစံက မင်းနဲ့ မတူဘူးနော်”

မိုနီကာက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး ကောင်းကင်ယံရှိ ထူးဆန်းသော ပျံလွှားသတ္တဝါတစ်ကောင်ထံသို့ အသံလှိုင်းဓားတစ်ချက် ပစ်လွှတ်လိုက်ရာ ထိုသတ္တဝါ၏ ခန္ဓာကိုယ်သည် တစစီကွဲအက်ကာ ပြုတ်ကျသွားသည်။

“ငါက အဲ့ဒီလောက်တောင် အမြင်ကျဉ်းပြီး သူရဲဘောကြောင်တဲ့သူလို့ နင်ထင်နေတာလား”

“အဲ့ဒီလောက်ကြီးတော့ မဟုတ်ပါဘူး… ငါက ကျိုးကြောင်းဆီလျော်တဲ့ နည်းလမ်းနဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တာပါ… မင်းရဲ့ အဖွဲ့သားတွေလည်း တစ်ခုခုတော့ တွေးထားကြမှာပဲလေ”

ချီလီက တည်ငြိမ်စွာ ပြန်ပြောသည်။

မိုနီကာ ထိုစကားကို ကြားသောအခါ လေးနက်စွာ ပြောလိုက်သည်၊၊

“ငါက စိတ်လိုက်မာန်ပါလုပ်တတ်ပေမယ့် ပင်မအဖွဲ့နဲ့အတူ ရှိနေတာကပဲ ရှင်သန်ဖို့ အခွင့်အရေး နည်းနည်းရှိလိမ့်မယ်… အမှောင်အမှတ်အသားနဲ့ အဓိပ္ပာယ်မရှိထွက်ပြေးနေတာက သေမှာ သေချာတယ်… ငါက လောင်းကစားသမားမဟုတ်ဘူး…. တကယ်လို့ လောင်းရမယ်ဆိုရင်တောင် ငါက သူ့အပေါ်မှာပဲ လောင်းမယ်”

“အိုး… သူလား”

ချီလီသည် မိုနီကာ၏ အကြည့်နောက်သို့ လိုက်ကြည့်ရာ အဝေးတွင် လှုပ်ရှားနေသည့် လင်းရှန်ကို မြင်လိုက်ရသဖြင့် မျက်ခုံးပင့်ကာ စပ်စုစွာ မေးလိုက်သည်၊၊

“ဟေး… သူရဲကောင်းဝါဒလား… ငါလည်း အဲ့ဒီလူကို သဘောကျပါတယ်… ဒါပေမဲ့ မင်းက သူ့ကို တကယ်ပဲ ကယ်တင်ရှင်လို့ ထင်နေတာလား… ဒါမှမဟုတ် မင်းက သူ့ကို စိတ်ဝင်စားနေတာလား”

မိုနီကာသည် မွန်းစတားဒီရေလှိုင်းများကို ဆက်ဖိနှိမ်ရန် ပြန်လှည့်လိုက်ရင်း ပြောလိုက်သည်၊၊

“မဟုတ်ပါဘူး… ဒါက ငါ့ရဲ့ ပင်ကိုယ်သိစိတ်ပဲ”

စီလန်မြို့နှင့် ယိကျင်းမြို့မှ အန္တရာယ်များကြားမှ ထွက်ပြေးခဲ့ရမှုများတွင် အခက်အခဲများကြုံတွေ့ခဲ့ရသော်လည်း အကယ်၍ အာခီစိုင်း၌ လင်းရှန်သာ ညဘက်တွင် လူတိုင်းကို နှိုးဆော်၍ လမ်းတစ်လျှောက် အသင့်အနေထားမနေခိုင်းပါက အခြေအနေမှာ ယခုထက် ပို၍ဆိုးရွားသွားနိုင်သည်မှာ ငြင်းမရပေ။ နေ့ခင်းဘက်တွင် ထိုသို့သော တိုက်ပွဲမျိုးဖြစ်လိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပေ။ အကယ်၍ အနည်းငယ်စောသွားခဲ့လျှင် သို့မဟုတ် ထိုသဲမုန်တိုင်းသာမရှိခဲ့လျှင် ပေါင်းစည်းရထားယာဥ်တန်းသည် ဤတွင်းနက်၏ ဝါးမျိုမှုမှ အမှန်တကယ် လွတ်မြောက်သွားနိုင်မည် ဖြစ်သည်။

Chapter 619

ထူးဆန်းသော မြွေကြီး ၃

မိုနီကာသည် စိတ်ခံစားချက်ရှိသော်လည်း ကျိုးကြောင်းဆီလျော်သူဖြစ်ပြီး သူမတွင် ဂုဏ်သိက္ခာလည်း ရှိသည်။ ယခုအချိန်တွင် သူမသာ အဖွဲ့တစ်ခုလုံးကို ခေါ်၍ ထွက်ပြေးသွားပါက ပေါင်းစည်းရထားတစ်ခုလုံး ပရမ်းပတာဖြစ်သွားမည်မှာ သေချာသည်။ သူမသည် လက်တွေ့မကျသော စိတ်ကူးယဉ်မှုအတွက် အပြစ်သားတစ်ယောက် မဖြစ်လိုပေ။

ထွက်ပြေးသွားသော ဘုရင်မတစ်ယောက်သည် ဘုရင်မဟု အခေါ်ခံရရန် အရည်အချင်းရှိပါဦးမည်လော။

မိုနီကာက ထိုသို့တွေးနေသော်လည်း အခြားယာဉ်တန်းများကမူ ပွက်လောရိုက်နေကြပြီး ဆက်သွယ်ရေးစက်အတွင်း၌ မျှော်လင့်ချက်ကင်းမဲ့သော အငွေ့အသက်များပြည့်နှက်နေသည်။

“ငါတို့ ဘာလုပ်ကြမလဲ… ဒီမှာ အမှောင်စွမ်းအင်က အရမ်းပြင်းထန်တယ်… သန္ဓေပြောင်းလဲမှုကို တားလို့မရတော့ဘူး”

“သတ္တဝါတွေကလည်း အရမ်းများတယ်”

“ရထားလမ်းလည်း မရှိတော့ဘူး… ဒီတစ်ခါတော့ ငါတို့ ပြေးလို့မရတော့ဘူး ထင်တယ်”

“တိုက်ကြစမ်းပါ… သူရဲဘောကြောင်မနေကြနဲ့”

“ကပ္ပတိန်လင်း၊ ကပ္ပတိန်ရှီ… ကျွန်တော်တို့ကို ကယ်ကြပါဦး”

“…”

ဘုန်း ဘုန်း ဘုန်း

ယာဉ်တန်းများ၏ ပတ်ပတ်လည်တွင် ပြင်းထန်သော တိုက်ပွဲများမှာ ပို၍ပြင်းထန်လာသည်။ အမှောင်တောအုပ်ထဲမှ အဆုံးမရှိသော သတ္တဝါများသည် လူတိုင်း၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်နေသကဲ့သို့ပင်…. လူအများအပြားသည် တိုက်ခိုက်မှုများကြောင့်လည်းကောင်း၊ ရုတ်တရက် သန္ဓေပြောင်းသွားသော အဖော်များကြောင့်လည်းကောင်း သေဆုံးနေကြရသည်။ ဤအခြေအနေကို မြင်သောအခါ လင်းရှန်သည် လူများ၏ စိတ်ကို တည်ငြိမ်အောင် လုပ်ဆောင်ရန်မှာ အရေးကြီးဆုံး ဖြစ်ကြောင်း သိရှိလိုက်သဖြင့် ရှီတိယွမ်ကို ပြောလိုက်သည်။

“အစ်ကိုရှီ… ကျုပ်တို့ တောအုပ်ထဲမှာ ရထားလမ်းကို ပတ်လမ်းကြောင်းအတိုင်း ခင်းပြီး ပေါင်းစည်းရထားတစ်ခုလုံးကို စက်ဝိုင်းပုံစံ ပတ်ခိုင်းလိုက်ရင်ရော… အဲ့ဒါဆိုရင် ယာယီကာကွယ်ရေးစခန်းတစ်ခုဖြစ်သွားမှာပဲ”

ရှီတိယွမ်၏ မျက်နှာပေါ်တွင် ချွေးများ စီးကျနေပြီး သူ၏ နဂါးတောင် ၁ မှ ထိခိုက်ကျဆုံးသူ အရေအတွက်မှာလည်း တိုးလာနေသည်။ လင်းရှန်၏ စကားကို ကြားသောအခါ သူက ချက်ချင်း ပြောလိုက်သည်၊၊

“ဘာ… ငါတို့ ဒီမှာပဲ အခြေချပြီး ခုခံကြမှာလား”

လင်းရှန် ခေါင်းခါယမ်းလိုက်သည်၊၊

“ခုနက ဟိုဘက် ရေကန်ထဲမှာ အစိမ်းရောင် မြွေကြီးတစ်ကောင်ကို ကျုပ်တွေ့လိုက်တယ်…. အဲ့ဒါက ဒီနယ်မြေမှာ အသန်မာဆုံးသတ္တဝါဖြစ်နိုင်တယ်… အခု ကျုပ်တို့က ဘာမှမသိရတဲ့ နယ်မြေထဲ ရောက်နေတယ်… စက်ဝိုင်းပုံစံပတ်ထားလိုက်ရင် တိုက်ပွဲဧရိယာကို ကျဉ်းလိုက်သလို ဖြစ်သွားပြီး ထိခိုက်ကျဆုံးမှုကို လျှော့ချနိုင်မယ်…. ကျုပ်တို့လည်း အသက်ရှူချောင်သွားမယ်… တကယ်လို့ အဲ့ဒီမြွေကြီးက တိုက်ခိုက်လာရင်လည်း ကျုပ်တို့ သူ့ကို သတ်နိုင်လိမ့်မယ်… အဲ့ဒါဆိုရင် ဖြစ်နိုင်တာက...”

လင်းရှန် အကြံပြုသော အစီအစဉ်မှာ နောက်ဆုံးလက်နက်ဖြစ်သော်လည်း ယခုအခါ ရှည်လျားသော စစ်ကြောင်းမှာ ဘေးတစ်ဖက်တစ်ချက်မှ တိုက်ခိုက်ခံနေရပြီး ရထားသည် ယာဉ်တန်းများကဲ့သို့ ခုခံရန်အတွက် လျင်မြန်စွာ လူစုခွဲ၍ မရနိုင်ပေ။ ထို့ကြောင့် သူက တွေးမိသည်မှာ ထွက်ပြေးရန် မဖြစ်နိုင်ပါက ရထားလမ်းကို စက်ဝိုင်းပုံစံ ခင်းလိုက်ခြင်းဖြင့် တိုက်ပွဲဧရိယာကို များစွာကျဉ်းမြောင်းသွားစေပြီး ပစ်အားကို စုစည်းနိုင်ကာ ထိခိုက်ကျဆုံးမှုကို လျော့နည်းစေမည် ဖြစ်သည်။ အထူးသဖြင့် စွမ်းအားရှင်များနှင့် သန်မာသောတိုက်ခိုက်ရေးသမားများကို တစ်နေရာတည်းတွင် စုစည်းထားနိုင်မည် ဖြစ်သည်။

ဤစိတ်ကူးမှာ ယခင်က စီလန်မြို့တွင် တိုက်ပွဲဧရိယာကို ကျဉ်းမြောင်းစေခဲ့သည့် အတွေ့အကြုံမှ ရရှိခြင်းဖြစ်ပြီး ရထား၏ ကာကွယ်ရေးအဆင့်သည်လည်း မြင့်မားသည်။ အကယ်၍ ၎င်းတို့သာ ခုခံရန်အတွက် နှစ်ပတ်ခန့် ပတ်ထားနိုင်ပါက တိုက်ပွဲဧရိယာတစ်ခုလုံးကို နှစ်ကီလိုမီတာအောက်သို့ လျှော့ချနိုင်မည် ဖြစ်ရာ ရထား၏ လက်နက်ကြီးများနှင့် တိုက်ခိုက်ရေးသမားများအတွက် ကိုင်တွယ်ရ ပိုမိုလွယ်ကူသွားပေလိမ့်မည်။

ထိုအစိမ်းရောင်မြွေကြီးကို ကိုင်တွယ်ရန်မှာမူ လင်းရှန်တွင် ယုံကြည်ချက် အပြည့်အဝမရှိသေးပေ။ ပြဿနာကို ဖြေရှင်းနိုင်ရန်သာမကဘဲ အဖွဲ့သားများ နောက်ပိုင်းတွင် လုံခြုံစွာ ထွက်ပြေးနိုင်ရန်အတွက်လည်း သူ အာမမခံနိုင်ပေ။

သို့သော် ယခုအချိန်တွင် ရထားကို စွန့်ခွာ၍ မပြေးရန်ဟူသော ရှီတိယွမ်၏ အတွေးအတိုင်းလိုက်နာရန် ယခုထက်ကောင်းသော အစီအစဉ်မရှိတော့ပေ။ ဤနေရာရှိ လူအားလုံးနီးပါးမှာ ရှင်သန်ရန်အတွက် ရထားကိုသာ ခိုလှုံရာအဖြစ် အားကိုးနေကြရသည်။ ရထားကို စွန့်လွှတ်လိုက်သည်နှင့် သေခြင်း…ရှင်ခြင်းကို ထားဦး… လူများ၏ စိတ်ဓာတ်နှင့် ခွန်အားမှာ များစွာ ထိခိုက်သွားပေလိမ့်မည်။ အမှောင်ထု၏ ကျူးကျော်မှုဒဏ်ကို စတင်ခံစားလိုက်ရကတည်းက လင်းရှန်သည် သန္ဓေပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် အသက်ရှင်ကျန်ရစ်သူများ၏ ဝေဒနာကို နက်နက်ရှိုင်းရှိုင်း နားလည်နိုင်ခဲ့သည်။ တိတိကျကျပြောရလျှင် အမှောင်ထု၏ ကျူးကျော်မှုမှာ လူ့အဖွဲ့အစည်းတစ်ခုလုံး ပြိုလဲသွားစေသည့် အဓိကတရားခံပင်ဖြစ်သည်။

ရှီတိယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်၊၊

“ဒါက နည်းဗျူဟာတစ်ခုပဲ… အခုအခြေနေထက်တော့ ပိုကောင်းပါတယ်”

ရှီတိယွမ် သဘောတူသည်ကို မြင်သောအခါ လင်းရှန်သည် ထိုအစီအစဉ်ကို ချီလီနှင့် မိုနီကာတို့ထံ ချက်ချင်း အသိပေးလိုက်ရာ ၎င်းတို့ကလည်း သဘောတူကြသည်။ ထို့ကြောင့် လင်းရှန်သည် ဆက်သွယ်ရေးလှိုင်းမှတစ်ဆင့် ယာဉ်တန်းအားလုံးကို ရထားအား စက်ဝိုင်းပုံစံ ပတ်၍ ဧရာမမြွေကြီးကို သတ်ဖြတ်ကာ ရှင်သန်ရန် ကြိုးစားမည့် နည်းဗျူဟာကို အသိပေးလိုက်သည်။

ထိုသတင်းကို ကြားသောအခါ အခြားယာဉ်တန်းများသည် စိတ်အားတက်ကြွသွားကြသည်။ လက်ရှိအခြေအနေတွင် တစ်စုံတစ်ဦးက ဦးဆောင်နေသရွေ့ ယာဉ်တန်းတစ်ခုလုံး ထိတ်လန့်ခြင်းမရှိသေးကြောင်း ပြသရာရောက်သည်။ လင်းရှန်၏ အစီအစဉ်နှစ်ခုသည် ပြဿနာနှစ်ခုလုံးကို လုံလောက်စွာ ဖြေရှင်းပေးနိုင်ခဲ့သည်။

ရထားကို စက်ဝိုင်းပုံစံ ပတ်၍ ကာကွယ်ရေးလိုင်းတည်ဆောက်ခြင်းသည် ထိခိုက်ကျဆုံးမှုကို လျှော့ချနိုင်ပြီး ပစ်အားကို တိုးမြှင့်နိုင်ကြောင်း လူတိုင်း နားလည်နိုင်ကြသည်။ ၎င်းသည် အင်အားကြီးသော ယာဉ်တန်းများ စည်းလုံးညီညွတ်စွာ ရှိနေခြင်းကိုလည်း ပြသရာရောက်သဖြင့် အသက်ရှင်ကျန်ရစ်သူအားလုံး၏ စိတ်ဓာတ်ကို များစွာ မြှင့်တင်ပေးလိုက်ခြင်း ဖြစ်သည်။

သို့သော် စိတ်ဓာတ်ကို မြှင့်တင်ပေးရုံနှင့် ပြဿနာမှာ လုံးဝ မပြေလည်နိုင်သဖြင့် မြွေကြီးကို သတ်ဖြတ်ရန် အစီအစဉ်ကိုပါ ထည့်သွင်းရခြင်း ဖြစ်သည်။ ဤနည်းလမ်းသည် အလုပ်ဖြစ်ခြင်း… မဖြစ်ခြင်းထက် ထိုနေရာရှိ လူထောင်ပေါင်းများစွာအတွက်မူ ရှင်းလင်းစွာနားလည်နိုင်သော မျှော်လင့်ချက်တစ်ခုဖြစ်လာသည်။ အဆုံးတွင်မူ ၎င်းတို့အားလုံးမှာ စီလန်မြို့မှ လာကြသူများဖြစ်ပြီး ပင်လယ်ဖြူကောင်ကို အနိုင်ယူ၍ ဘေးအန္တရာယ်မှ လွတ်မြောက်လာခဲ့သူများ ဖြစ်သည်။ ထို့ကြောင့် လင်းရှန်က ထိုအကြံကို တင်ပြလိုက်သည်နှင့် လူတိုင်းက ထိုနည်းလမ်းကို အလိုလျောက်လက်ခံလိုက်ကြခြင်း ဖြစ်သည်။

အစီအစဉ်နှင့် ထွက်ပေါက်ရှိနေခြင်းက လူများကို မျှော်လင့်ချက်ပေးစွမ်းနိုင်ပြီး လူများသည် မျှော်လင့်ချက်ရှိလာသည်နှင့် ၎င်းတို့၏ တိုက်ပွဲဝင်လိုစိတ်မှာလည်း တဟုန်ထိုးတက်လာပေလိမ့်မည်။

အမှန်စင်စစ် ဤနည်းဗျူဟာနှစ်ခုကို အသိပေးလိုက်သည်နှင့် ယာဉ်တန်းတစ်ခုချင်းစီ၏ အားနည်းနေသော ကာကွယ်ရေးများမှာ ပြန်လည်အားကောင်းလာသည်။ မရေတွက်နိုင်သော လူများသည် ရှင်သန်ရန် မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားကြပြီး အားကုန်ထုတ်ကာ တိုက်ခိုက်မှုများကို ပြုလုပ်လာကြသည်။ ယာဥ်တန်းခေါင်းဆောင်များနှင့် အမာခံအဖွဲ့သားများသည် အံကြိတ်ကာ စစ်ကြောင်းနှင့် ပစ်အားပုံစံများကို ဆက်လက်ညှိနှိုင်းနေကြသည်။ ရထားတွဲများ ပို၍များပြားစွာ ရွှံ့နွံထဲမှ လွတ်မြောက်လာပြီး လမ်းပေါ်သို့ ရောက်ရှိလာသည်နှင့်အမျှ အမှောင်သတ္တဝါဒီရေလှိုင်းများကြောင့် ဖိနှိပ်ခံထားရသည့် ရှင်သန်လိုသော ဆန္ဒများမှာ ပြန်လည်တောက်လောင်လာခဲ့သည်။

“နတ်ဘုရားကောင်းကင်ဘုံ မီးတောက်”

တွင်းနက်ထဲသို့ ဝင်ရောက်ပြီးနောက် လုရှင်းချန်သည် အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံရသည်။ သူသည် ထူထပ်သော အမှောင်ထုနှင့် အဆုံးမရှိသော မွန်းစတားဒီရေလှိုင်းများကို ကြည့်ကာ သူ၏ မီးတောက်စွမ်းအားကို အစွမ်းကုန်ထုတ်ဖော်လိုက်ပြီး သူ၏ လက်ထဲရှိ အနန္တလက်စွပ်သည် လျင်မြန်စွာ လည်ပတ်နေသည်။ ခဏချင်းမှာပင် အမှောင်တောအုပ်၏ အထက်တွင် သေးငယ်သော နေမင်းကြီးကဲ့သို့ ဧရာမ အဖြူရောင်မီးလုံးကြီးတစ်ခုပေါ်ထွက်လာပြီး ၎င်း၏ တောက်ပသော အလင်းတန်းများမှာ ကီလိုမီတာအတော်များများအထိ လင်းထိန်သွားစေသည်။

“တကယ်လို့ ဝင်ရိုးစွန်းညက ထာဝရအမှောင်ကျနေမယ်ဆိုရင် ကောင်းကင်ဘုံက ငါလုရှင်းချန်ကို ဖန်ဆင်းပေးခဲ့မှာ မဟုတ်ဘူး”

လုရှင်းချန်သည် ကောင်းကင်သို့ ပျံတက်သွားပြီး လေပြင်းများက သူ့ပတ်ပတ်လည်တွင် တဝုန်းဝုန်း တိုက်ခတ်နေသည်။ သူသည် အနန္တရထားသို့ စတင်ဝင်ရောက်စဉ်က ပြောခဲ့သည့် ရဲရင့်သော စကားလုံးများကို ရွတ်ဆိုရင်း သူ၏လက်များကို ဝှေ့ယမ်းကာ ထိုဧရာမ မီးလုံးကြီးကို အောက်သို့ ပြင်းထန်စွာ ပစ်ချလိုက်သည်။

ရှဲ ရှဲ ရှဲ

တောက်ပသော အဖြူရောင်မီးလုံးကြီးသည် ပြင်းထန်စွာ လောင်ကျွမ်းနေပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် အရည်များပင် ဖွဲ့စည်းလာသည်။ အောက်ဘက်ရှိ ယာဉ်တန်းအဖွဲ့ဝင်များသည် ဤမြင်ကွင်းကို ကြည့်ကာ မျက်လုံးများ ပြူးသွားကြပြီး ထိုခမ်းနားသော လှုပ်ရှားမှုကြောင့် အံ့အားသင့်သွားကြသည်။

“ဝိုး”

“အံ့ဩစရာပဲ”

“ကောင်းကင်ဘုံ မီးတောက်တွေ ဆင်းသက်လာပြီ”

“သောက်ရမ်းလန်းတယ်”

All Chapters