← Chapters

အခန်း (၆၂၂-၆၂၃)

Vol. 38 Ch. 622-623

အခန်း (၆၂၂-၆၂၃)

Vol. 38 Ch. 622-623

Chapter 622

ခံစစ်လိုင်းများကို ခိုင်မာအောင် တည်ဆောက်ခြင်း ၃

သို့သော် မြွေကြီးမှာ ကြီးမားလွန်းလှသည်။ သံကို ခွဲပြီး သံမဏိကို ဖြတ်နိုင်သော ၎င်းတို့၏ တိုက်ခိုက်မှုများသည် မြွေကြီးအပေါ် သက်ရောက်မှုအနည်းငယ်သာရှိပုံရသည်။ ထိုအစား အဆက်မပြတ် မှုတ်ထုတ်နေသော အနက်ရောင်မြူခိုးများတွင် ပြင်းထန်သော အမှောင်စွမ်းအားများ ပါဝင်နေသဖြင့် ကူညီရန် ရောက်လာသော နဂါးတောင် ၁ အဖွဲ့ဝင်များကို အကြိမ်ကြိမ်ပြန်၍ ဆုတ်ခွာသွားစေသည်။

ဝှစ်

ထိုအချိန်တွင် လုရှင်းချန်သည် လေဆင်နှာမောင်းထဲမှ ဥက္ကာပျံတစ်ခုလို ပြေးထွက်လာပြီး အောက်ရှိ ဧရာမ မြွေကြီးကို ငုံ့ကြည့်လိုက်သည်။

“မိစ္ဆာကောင်…. ငါ့ရဲ့ ကောင်းကင်ဘုံမီးတောက်ကို ခံစားလိုက်စမ်း”

မာန်သွင်းသံနှင့်အတူ အနန္တလက်စွပ်သည် လျင်မြန်စွာ လည်ပတ်နေပြီး အပြာရောင်မီးလျှံများက သူ၏ လက်အတွင်းသို့ ရစ်ပတ်ဝင်ရောက်သွားသည်။ လုရှင်းချန်သည် သူ၏ ညာလက်ကို ဘယ်လက်ဖြင့် ဆုပ်ကိုင်ထားပြီး ညာလက်တွင် အပူချိန်မြင့် မီးလုံးတစ်ခုကို စုစည်းလိုက်သည်။

“နတ်ဘုရားကောင်းကင်မီးလျှံဓားသွား”

လုရှင်းချန်သည် ညာလက်ဖြင့် ဓားပုံစံ ပြုလုပ်ကာ ပန်းထွက်နေသော မီးလျှံများကို ခရုပတ်ပုံစံဖြင့် အရှိန်မြှင့်လိုက်ပြီး မီတာဆယ်ဂဏန်း ရှည်လျားသော အပူချိန်မြင့် မီးဓားကြီးကို တစ်ခဏအတွင်း ထုတ်ဖော်လိုက်သည်။ ၎င်း၏ အလယ်ဗဟိုမှာ အပြာဖျော့ရောင်ဖြစ်နေပြီး မရေမတွက်နိုင်သော စွမ်းအင်ကွင်းများထွက်နေသည်။

ပြင်းထန်သော အသံလှိုင်းပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားသည်။

မီးဓားသည် မြွေခေါင်းပေါ်သို့ ထိုးဆင်းသွားပြီး မြွေကြီး၏ မေးရိုးကို ထိုးဖောက်ကာ လောင်ကျွမ်းနေသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်စေသည်။ သူသည် မီးဓားကို ချက်ချင်းပင် လှုပ်ရှားလိုက်သော်လည်း ပြင်းထန်သော တုံ့ပြန်မှုကြောင့် သူသည် ကောင်းကင်သို့ လွင့်စင်သွားသည်။ ထိုအချိန်တွင် ကီကီက စွမ်းအားကို သုံးကာ သူ့ကို ဖမ်းယူလိုက်သဖြင့် လုရှင်းချန် တည်ငြိမ်သွားပြီး သူ၏ ညာလက်ကောက်ဝတ်ကို ဝေ့ယမ်းကာ မြွေခေါင်းကို မီးတောက်ဓားဖြင့် ပြင်းထန်စွာ လှီးချလိုက်သည်။

မမျှော်လင့်ဘဲ မြွေကြီး ဒဏ်ရာရသွားသည်နှင့်အမျှ ၎င်း၏ ဘေးတစ်ဖက်စီရှိ မျက်လုံးဒါဇင်ပေါင်းများစွာမှ ကြက်သွေးရောင်အလင်းများ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် မြွေပေါ်ရှိ သန္တာဆူးများမှ နီရဲသော မြူခိုးများစွာ ပန်းထွက်လာပြီး ၎င်းတို့မှာ မြွေ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားသော သက်ရှိအကာကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားသည်၊၊ လုရှင်းချန်၏ မီးဓားနှင့် ထိတွေ့သောအခါ မည်သည့် လှုပ်ရှားမှုမျှ မရှိဘဲ အပူရှိန်မှာ ထိုခဏအတွင်းမှာပင် ပျောက်ကွယ်သွားပုံရသည်။

“ဒါ ဘာကြီးလဲ…. အကာကွယ်ဒိုင်းလား”

ကီကီ တစ်ကိုယ်လုံး တောင့်တင်းသွားသည်၊၊ အခြားသူများလည်း ထိုထူးဆန်းသော အခြေအနေကို နားမလည်နိုင်ကြပေ။ ၎င်းမှာ တားဆီးခံလိုက်ရခြင်းလား သို့မဟုတ် ထိမှန်သွားခြင်းလားဆိုသည်မှာ မရှင်းလင်းသော်လည်း ပြင်းထန်သောမီးလျှံမှာ တစ်ခဏအတွင်း ပျောက်ကွယ်သွားခဲ့သည်။

ထိုအချိန်တွင် လူတိုင်း၏ မျက်လုံးထဲ၌ ထိတ်လန့်မှုများ ပြည့်နှက်နေပြီး ထူထပ်သော ကြက်သွေးရောင်မြူခိုးများ ဖုံးလွှမ်းထားသည့် ဧရာမ မြွေကြီးသည် မှောင်မည်းသော တောအုပ်အတွင်း လှုပ်ရှားနေသည်မှာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် ချမ်းစိမ့်သွားကြသည်။

“ဆုတ်”

တိုက်ခိုက်မှုက မထိရောက်သည်ကို မြင်သောအခါ နန်ကျင်းသည် ရှောင်ချင်းအား ချက်ချင်း ဆုတ်ခွာခိုင်းလိုက်သည်။ တစ်ချိန်တည်းမှာပင် ကီကီသည်လည်း မီးတောက်ကို အလျင်အမြန် ပြန်ဆွဲထုတ်လိုက်သည်။

ရှူး

ထိုအချိန်တွင် ကြက်သွေးရောင် မြူခိုးထဲမှ မြွေကြီးသည် ရှေ့သို့ ရွေ့လာပြီး ပေါင်းစည်းရထားကြီး သွားနေသော ရထားလမ်းများကို ကျော်ဖြတ်ကာ တောအုပ်၏ အတွင်းသို့ ဦးတည်နေသည်၊၊ ၎င်းသည် ပေါင်းစည်းရထားတစ်ခုလုံးကို သားကောင်အဖြစ် သဘောထားကာ သေစေလောက်သော တိုက်ခိုက်မှုအတွက် ပြင်ဆင်နေပုံရသည်။

ဤမြင်ကွင်းကို မြင်သောအခါ ကီကီသည် အန္တရာယ်ကို ချက်ချင်း သတိပြုမိပြီး လင်းရှန်အား ပြောလိုက်သည်၊၊

“မြွေကြီးက ကျွန်မတို့ကို ဝိုင်းဖို့ ကြိုးစားနေတယ်”

“နားလည်ပြီ”

လင်းရှန်၏ ဒရုန်းများသည် ယခုအခါ ၃၆၀° မြင်ကွင်းကို ရရှိထားပြီး သူ၏ ဦးနှောက်နှင့် ယန္တရားနှလုံးသားတို့သည် အရှိန်အပြည့်နှင့် အလုပ်လုပ်နေသည်။ ခံစစ်လိုင်း ကျဉ်းသွားသည်နှင့်အမျှ အနက်ရောင် မြူခိုးများကြားမှ တိုက်ပွဲကွင်းပြင်ရှိ အခြေအနေတိုင်းကို သူ၏ မြင်ကွင်းအတွင်း ထားရှိနိုင်ရန် လုံလောက်ပေသည်။

“သူ့ကို မျက်ခြေမပြတ် ကြည့်ထား… ခံစစ်လိုင်း ပိတ်တော့မယ်”

ထိုအချိန်တွင် ချန်ဆီရွှမ်နှင့် စွန်းယုကျန်းတို့သည် သွေးကပ်ဘေးပန်းနှင့်အတူ ယာဉ်တန်းဆီသို့ ရောက်ရှိလာသည်။

“လင်းရှန်… သူတို့က အဆင့် ၄ အမှတ်အသားတွေ ရထားတယ်… ဒါကြောင့် ဒီသတ္တဝါက S-Class အဆင့် မဟုတ်လောက်ဘူး”

ချန်ဆီရွှမ်က ဆက်သွယ်ရေးစက်မှတစ်ဆင့် အော်ပြောလိုက်သည်။

ချန်ဆီရွှမ်၏ စကားကြောင့် လင်းရှန်၊ ရှီတိယွမ်နှင့် အခြားသူများမှာ စိတ်သက်သာရာ ရသွားကြသည်။ လူ၏ ဆုံးဖြတ်ချက်မှာ မှားယွင်းနိုင်သော်လည်း အမှောင်အမှတ်အသား၏ ပြင်းအားကမူ လိမ်မည်မဟုတ်ပေ။ ဤအဆင့်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်က မည်သို့ပင်ဖြစ်စေ ထိုအစိမ်းရောင်မြွေကြီးသည် S အဆင့်သို့ မရောက်နိုင်ကြောင်း ထင်ရှားသည်။ ဖြစ်နိုင်သည်မှာ ဤတိုက်ပွဲနှင့်အတူ သူတို့ အသက်ရှင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်ပေသည်။

ထိုအချိန်တွင် ရထားလမ်းဖောက်နေသော လင်းရှန်သည် နောက်ဆုံးတွင် စက်ဝိုင်းပုံစံ ရထားလမ်းကို ပုံဖော်လိုက်သည်။ သို့သော် သူသည် ၎င်းကို စက်ဝိုင်းအပြည့် မလုပ်ခဲ့ပေ။ ထိုအစား သူသည် နဂါးတောင် ၁ ကို အတွင်းပတ်လမ်းပေါ်တွင် ပြောင်းပြန်လမ်းများ အရင်ခင်းခိုင်းလိုက်သဖြင့် အလယ်မှ ပူးပေါင်းရထားကို ဖြုတ်ပြီး နဂါးတောင် ၁ ကို အတွင်းပတ်လမ်းထဲသို့ ဆွဲသွင်းခြင်းဖြင့် ဤနှစ်ထပ်ရထား ခံစစ်ကြောင်းမှာ အချိန်တစ်ဝက်ကို သက်သာစေပြီး ခံစစ်နယ်မြေလည်း အလွန်ကျယ်မသွားစေရန် အလျင်အမြန် ပုံဖော်နိုင်ခဲ့သည်။

အမှန်ပင် အပိုင်းနှစ်ပိုင်းခွဲကာ အကွေးများအတိုင်း ရှေ့တိုးသွားခြင်းဖြင့် ခရုပတ်ပုံစံ ရထားခံစစ်လိုင်းသည် အလျင်အမြန်ဖြစ်ပေါ်လာသည်။ အားနည်းပြီး အထိနာထားသော ယာဉ်တန်းများကို အတွင်းပတ်လမ်းထဲသို့ ဆွဲသွင်းပြီး အဓိကယာဉ်တန်းနှင့် ပစ်အားအကောင်းဆုံး ယာဉ်တန်းများကို အပြင်ပတ်လမ်းတွင် ထားရှိသည်။ လူအများအပြားမှာ ရထားခံစစ်ကြောင်း၏ အလယ်ဗဟိုသို့ ဆုတ်ခွာသွားကြရာ ရထားနှစ်စင်းသည် သံမဏိအတားအဆီးများကဲ့သို့ ဖြစ်နေပြီး နောက်မှ အသက်ရှင်ကျန်ရစ်သူထောင်ပေါင်းများစွာကို ကြီးမားသောလုံခြုံမှု ပေးထားသည်။ ခံစစ်လိုင်း တည်ဆောက်ပြီးသည်နှင့် မီးလောင်ကျွမ်းထားသော အတွင်းပိုင်း ဧရိယာမှာ ဤကြောက်မက်ဖွယ် ညအတွင်း ယာယီနားခိုရာစခန်းဖြစ်လာပြီး ခြိမ်းခြောက်မှုများနှင့် မွန်းစတားလှိုင်းအားလုံးသည် ကီလိုမီတာအနည်းငယ် ရှည်လျားသော စက်ဝိုင်းပုံ ရထားခံစစ်ကြောင်းကို ဝိုင်းရံထားကြသည်။

သမုဒ္ဒရာနှင့် ကြက်တူရွေးယာဉ်တန်းများသည် လုံးဝ ပြိုကွဲသွားပြီး တွဲများထဲတွင် ထူးဆန်းသည့် သတ္တဝါများ ပြည့်နှက်နေသဖြင့် လုံခြုံရေးအတွက် လင်းရှန်သည် သမုဒ္ဒရာနှင့် ကြက်တူရွေးမှ တွဲပေါင်း ၃၀ ကျော်ကို တိုက်ရိုက်ဖြုတ်ထုတ်ကာ စွန့်ပစ်လိုက်ပြီး ပစ္စည်းထောက်ပံ့မှုအတွက် ဝါးမျိုလိုက်သည်။

ထိုရေစိုနေသော တွဲများကို ဝါးမျိုလိုက်သောအခါ အတွင်း၌ ရှိနေသော စိုရွှဲနေသည့် ရိက္ခာများဖနှင့် ထူးဆန်းသည့် သတ္တဝါများစွာ အပြင်သို့ ထွက်လာကြသည်၊၊ ထို့နောက် ၎င်းတို့ကို ဝိုင်းရံထားသော သတိရှိသည့် အသက်ရှင်ကျန်ရစ်သူများက ချက်ချင်း သတ်ဖြတ်လိုက်ကြသည်။ ထို့နောက် ရိက္ခာများကို ထိုယာဉ်တန်းနှစ်ခုမှ ကျန်ရှိသော အဖွဲ့ဝင်များက တုံ့ဆိုင်းခြင်းမရှိဘဲ စုဆောင်းကာ ခွဲဝေယူပြီး အခြားယာဉ်တန်းများပေါ်သို့ တင်ဆောင်လိုက်ကြသည်။

ဤအခြေအနေတွင် ယာဉ်တန်းအဖွဲ့ဝင်များသည် တစ်ဦးနှင့်တစ်ဦး ခွဲခြားခြင်း မရှိတော့ဘဲ ရှေ့တန်းစစ်မျက်နှာတစ်ခုတည်းတွင် အတူတကွပူးပေါင်းလိုက်ကြပြီး လင်းရှန်သည် ပစ္စည်းထောက်ပံ့မှုများကို တစ်ပြိုင်နက် လက်ခံရရှိလိုက်သည်။

ပူးပေါင်းရထား၏ ယာယီနှစ်ထပ် ခရုပတ်ပုံစံပေါ်လာသည်နှင့် ရာနှင့်ချီသော ရထားတွဲများသည် ယန္တရားနဂါးကြီး တစ်ကောင်ကဲ့သို့ အပြန်အလှန် ဆက်သွယ်သွားသည်။ လူသားမျိုးနွယ်၏ စုပေါင်းအင်အားမှ အားသာချက်များ စတင်ပေါ်ပေါက်လာပြီ ဖြစ်သည်။

“ယာဉ်တန်းအားလုံး နယ်မြေအလိုက် ကာကွယ်ကြ… စွမ်းအားမြင့် ဝတ်စုံဝတ်ထားတဲ့ ဆင့်ကဲပြောင်းလဲလာသူတွေနဲ့ စွမ်းအားရှင်တွေက ရှေ့ဆုံးမှာနေရာယူ… တခြား တိုက်ခိုက်ရေးသမားတွေက နောက်မှာနေ… ပြီးတော့ ကောင်းကင်က ပစ်မှတ်တွေကို ရှင်းလင်းကြ”

လင်းရှန်က အော်၍ အမိန့်ပေးလိုက်သည်။

“ထောက်ပံ့ရေး ဝန်ထမ်းတွေ… ရိက္ခာတွေကို သယ်ထုတ်ပြီး စခန်းထဲမှာ ခိုလှုံကြ… ယာဉ်တန်းတစ်ခုချင်းစီက ခဲယမ်းတွေကို ရှေ့တန်းကို ပို့ပေး… သေနတ်တွေကို အဆက်မပြတ်ပစ်နိုင်အောင် စီစဉ်ထား”

“လော့ယန်… ဗို့အားမြင့် လျှပ်စစ်တံတိုင်းကို လုပ်တော့”

“နားလည်ပြီ”

လော့ယန်သည် ချက်ချင်းပင် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ စတင်လှုပ်ရှားလာသည်၊၊

“ငါတို့လည်း ကူညီမယ်”

အခြားယာဉ်တန်းများမှ အကာကွယ်ထောင်ချောက်များ ပြုလုပ်ရန် တာဝန်ရှိသည့် နည်းပညာရှင်များလည်း ပူးပေါင်းပါဝင်လာကြသည်။

Chapter 623

ခံစစ်လိုင်းများကို ခိုင်မာအောင် တည်ဆောက်ခြင်း ၄

ဝှစ်

မိုနီကာသည် ဓားကို ဝေ့ယမ်းကာ ခံစစ်လိုင်း၏ အစိတ်အပိုင်းတစ်ခုရှေ့တွင် ကျင်းတစ်ခု တူးလိုက်ပြီးနောက် သူမ၏ အဖွဲ့သားများကို အမိန့်ပေးလိုက်သည်၊၊

“ကျုံးတွေတူးပြီး မီးရှို့လိုက်”

“ဟုတ်ကဲ့”

သူမ၏ အဖွဲ့သားများသည် အတွေ့အကြုံ အလွန်များသူများ ဖြစ်ကြသည်။

ရွှေရောင်အလင်းတန်းများသည် ပတ်လမ်းတစ်လျှောက် လျင်မြန်စွာ သွားနေပြီး ချီလီ၏ မျက်နှာပေါ်တွင် အမည်မသိသတ္တဝါတစ်ကောင်၏ အပိုင်းအစများ ပေကျံနေကာ သူက အေးစက်စွာ ပြောလိုက်သည်၊၊

“ရှောင်မုန့်… မီးလောင်ဗုံး”

ဝုန်း

Napalm နှင့် အလူမီနီယံ-သာမိုက် ပေါင်းစပ်ထားသော ဗုံးသည် ပြင်းထန်သော ငရဲမီးကဲ့သို့ တောက်လောင်သွားပြီး ခံစစ်လိုင်းကို စူးရှသော အလင်းရောင်ဖြင့် လင်းထိန်သွားစေသည်။ ပြင်းထန်စွာ တောက်လောင်နေသော မီးတောက်ကျုံးမြောင်းများသည် အမှောင်တောအုပ်ထဲမှ မွန်းစတားများ၏ တိုက်ခိုက်မှုကို သိသိသာသာ အားနည်းသွားစေသည်။

ယာဉ်တင် စက်သေနတ်များ၊ အမြောက်များနှင့် ဒုံးကျည်များ အားလုံးမှာ ခံစစ်ကြောင်း၏ အပြင်ဘက်သို့ ဦးတည် ပစ်ခတ်လိုက်ကြသည်။ တစ်နာရီကျော်အတွင်းမှာပင် အသက်ရှင်ကျန်ရစ်သူများသည် ထိတ်လန့်တကြားဖြစ်နေသော ဖရိုဖရဲအခြေအနေမှ ခံစစ်လိုင်းကို အလျင်အမြန် စုစည်းနိုင်ခဲ့သည်။ ရာနှင့်ချီသော ရထားတွဲများသည် အချင်း ၇ ကီလိုမီတာခန့်နှင့် အနံ ၂ ကီလိုမီတာခန့်ရှိသော စက်ဝိုင်းပုံ ကာကွယ်ရေးလိုင်းဖြစ်လာသောအခါ အသက်ရှင်ကျန်ရစ်သူများသည် ပို၍ စိတ်အားတတ်လာသည်၊၊

အစွမ်းထက်သော တိုက်ခိုက်ရေးသမားများသည် အားကောင်းသော ယာဉ်တင်လက်နက်များ၏ အကာအကွယ်အောက်တွင် ရှေ့တန်းမှ တိုက်ခိုက်ကြပြီး အခြားထောက်ပံ့ရေးအဖွဲ့များမှာ ရထားအမိုးပေါ်သို့ တက်ကာ စက်သေနတ်များနှင့် အမြောက်များကို ကိုင်တွယ်ရင်း အမှောင်တောအုပ်မှ ထွက်ပေါ်လာသော ထူးဆန်းသည့် သတ္တဝါများကို ဖိနှိပ်ထားကြသည်။ လေကြောင်းရန်ကာကွယ်ရေး အမြောက်များနှင့် အမျိုးစားစုံလင်သော စက်သေနတ်များသည် ကောင်းကင်သို့ အဆက်မပြတ် ပစ်ခတ်နေကြရာ ဤစက်ဝိုင်းပုံ ခံစစ်လိုင်းသည် တောအုပ်အတွင်းရှိ ထူးဆန်းသည့် သတ္တဝါများကို မီတာရာနှင့်ချီ ဝေးကွာသောနေရာမှ သံမဏိမုန်တိုင်းဖြင့် ဖိနှိပ်ထားသော ခိုင်မာသည့် ခံတပ်ကြီးဖြစ်လာခဲ့သည်။

“ဟဟ…. မင်းတို့ ဘာကောင်ဖြစ်ဖြစ် ဂရုမစိုက်ဘူး… ကာဗွန်အခြေခံသတ္တဝါဖြစ်နေသရွေ့ ငါ့ရဲ့ ၁၂.၇ ကျည်ဆန်တွေက လွဲမှာ မဟုတ်ဘူး”

စိတ်ဓာတ်များ တက်ကြွလာပြီးနောက် ဂတ်တလင်စက်သေနတ်ကို ကိုင်ထားသည့် သန်မာသော လူတစ်ဦးက ယာဉ်ပေါ်တွင် ရပ်ကာ ဒေါသတကြီးကြုံးဝါးလိုက်သည်။

“ခံစစ်ကို ထိန်းထားကြ ညီအစ်ကိုတို့…. သူတို့ ဖောက်ဝင်မလာနိုင်ဘူး”

“မြန်မြန်… ဒဏ်ရာရတဲ့သူတွေကို အထဲခေါ်သွား”

“မီးတောက်လောင်ချာတွေ သုံးပြီး အဲဒီတောင်ကုန်းကို ရှို့ပြီး သူတို့ တက်မလာနိုင်အောင် လုပ်ကြ”

အနန္တရထား၏ ခံစစ်လိုင်းတွင် ရှားရှားသည် ရှေ့ဆုံးမှနေ၍ မီးနတ်ဘုရား စက်ရုပ်ကို မောင်းနှင်နေပြီး တာ့လိုနှင့် လျန်လေးတို့က အနန္တရထား၏ တွဲပေါင်း ၂၇ တွဲလုံးကို အခိုင်အမာကာကွယ်ရန် တိုက်ခိုက်ရေးအဖွဲ့ကို ဦးဆောင်နေကြသည်။

“သတ်ကြ သတ်ကြ”

မီးနတ်ဘုရား အမြောက်ကြီးမှ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေသည်။ ရှားရှားသည် မီကာကို ကျွမ်းကျင်စွာ မောင်းနှင်နိုင်လာပြီ ဖြစ်သည်။ ရှေ့တန်းမှ တိုက်ခိုက်ရေးအဖွဲ့ဝင်များသည် ဤမိန်းကလေးငယ်လေးက စက်ရုပ်ထဲမှနေ၍ ရှေ့ဆုံးမှ ထိန်းထားသည်ကို ကြည့်ပြီး အံ့သြနေကြသည်။

“ဒီကောင်မလေးက တကယ်ကို မခေဘူးပဲ”

ခံစစ်လိုင်းအတွင်းရှိ လွတ်နေသော နေရာတွင် ယာဉ်တန်းဒါဇင်ပေါင်းများစွာမှ ထောက်ပံ့ရေး ဝန်ထမ်းများသည် စခန်းအတွင်း ပို့ဆောင်ရေးလိုင်းများကိုအလျင်အမြန်တည်ဆောက်ကြသည်။ ဒဏ်ရာရသူ အမြောက်အမြားနှင့် ပစ္စည်းများကို တွဲတစ်ခုချင်းစီအတွင်းသို့ သယ်ဆောင်လာကြပြီး ယာဉ်တန်းအားလုံးသည် ၎င်းတို့၏ ခဲယမ်းများကို ရှေ့တန်းသို့ ပို့ဆောင်ပေးကြသည်။ မည်သည့်ဘက်မှမဆို ခဲယမ်းလိုအပ်ကြောင်း အော်ဟစ်လိုက်သည်နှင့် နောက်ပိုင်းမှ တစ်စုံတစ်ဦးက ချက်ချင်း ပို့ဆောင်ပေးနေသည်။ လူငယ်လေးများနှင့် မိန်းကလေးငယ်များစွာမှာ နေရာအနှံ့ပြေးလွှားရင်း ပစ္စည်းများကို ကူညီသယ်ယူပေးကာ စစ်မြေပြင်ရှိ ကျည်ခွံတိုင်းကို ကောက်ယူနေကြသည်။

ဝုန်း ဝုန်း ဝုန်း

ဤစက်ဝိုင်းပုံ သံမဏိခံစစ်ကြောင်း၏ အထက်ကောင်းကင်ယံတွင် လေကြောင်းရန်ကာကွယ်ရေး အမြောက်များ၊ ယာဉ်တင် အမြောက်များ၊ သံလိုက်အမြောက်များ၊ 1130 များ၊ ဒုံးပစ်လောင်ချာများနှင့် ဒုံးကျည်များမှာ သိပ်သည်းသော ပစ်အားကွန်ရက်တစ်ခုကို ဖန်တီးထားရာ ညကောင်းကင်ယံသည် ကြက်သွေးရောင်နှင့် အပြာရင့်ရောင်များ ရောယှက်နေသော ပုံရိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။ ခံစစ်လိုင်းပတ်ပတ်လည်တွင် စွမ်းအားမြင့် ဝတ်စုံဝတ်ထားသူများနှင့် စွမ်းအားရှင်များသည် စက်သေနတ်ကြီးများနှင့် လျှပ်စစ်မီးမှုတ်စက်များကို ကိုင်ဆောင်ထားကြသည် သို့မဟုတ် စွမ်းအင်မြင့် လက်နက်များနှင့် စွမ်းအားများကို သုံး၍ ထူးဆန်းသည့် သတ္တဝါများကို ထိပ်တိုက်ရင်ဆိုင်နေကြသည်။

ဝီ ဒက် ဒက် ဒက် ဒက်

အနန္တရထားပေါ်တွင် 1130 CIWS ၏ ဟိန်းဟောက်သွားကာ ကောင်းကင်တွင် အုပ်စုလိုက်ပျံသန်းနေသော လင်းနို့ပုံသဏ္ဍာန်သတ္တဝါများကို အသားစများအဖြစ် ကြွေကျစေသည်။

လင်းရှန်သည် သမုဒ္ဒရာနှင့် ကြက်တူရွေးတွဲများကို အဆက်မပြတ် ဖြုတ်ယူကာ ဝါးမျိုနေသည်။ သူ၏ အဓိကရည်မှန်းချက်မှာ ခဲယမ်းများ ထုတ်လုပ်ရန်အတွက် ကုန်ကြမ်းပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ အလိုအလျောက် ကျည်ဆန်ထုတ်စက်မှာ အပြင်းအထန် လည်ပတ်နေပြီး ကောက်ယူရရှိသော ကျည်ခွံများကို ထုတ်လုပ်မှုလုပ်ငန်းစဉ်အတွင်းသို့ အလျင်အမြန် ထည့်သွင်းပေးနေကာ ပတ်ဝန်းကျင်တွင်လည်း နားကွဲလုမတတ် သေနတ်သံများနှင့် အော်သံများ ပြည့်နှက်နေသည်။

ရေကန်စပ်မှ စ၍ ကီလိုမီတာ အနည်းငယ်ရှည်လျားသော ရှေ့တန်းအထိ ပေါင်းစည်းရထား၏ လူသေဆုံးမှုမှာ လူ ၅၀၀ ကျော်သွားပြီ ဖြစ်သည်။ ၎င်းမှာ နှစ်နာရီမပြည့်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ တိုက်ပွဲ၏ ပြင်းထန်မှုကို ပြသနေသည်။

သို့သော် ရထားရှေ့တန်းစစ်မျက်နှာကို တည်ဆောက်ပြီးနောက် သေဆုံးသူအရေအတွက်က ရပ်တန့်သွားခဲ့ပြီး အားကောင်းသောပစ်အားများက ရထားလမ်း ပတ်ပတ်လည် မီတာတစ်ရာအတွင်းရှိ ထူးဆန်းသည့် သတ္တဝါများကို ဖိနှိပ်ထားနိုင်သည်။

ဤအချိန်တွင် လူတိုင်းသည် ပြင်းထန်သော အမှောင်ကျူးကျော်မှု၏ ကြောက်ရွံ့ခြင်းစွမ်းအင်ကို တဖြည်းဖြည်း ကျင့်သားရလာကြသည်။ ဤအမှောင်တောအုပ်ရှိ ထူးဆန်းသည့် သတ္တဝါများသည် အရေအတွက် အလွန်မများသော်လည်း အဓိကအားဖြင့် ထူးဆန်းပြီး ခန့်မှန်းရခက်နေသည်။ မရေမတွက်နိုင်သော အမည်မသိ ဧရာမသတ္တဝါကြီးများနှင့် ကာကွယ်ရန် ခက်ခဲသော သတ္တဝါငယ်လေးများသည် ၎င်းတို့၏ ထူးဆန်းသော အဆိပ်များနှင့် ဓာတ်ငွေ့များ၊မမျှော်လင့်ထားသော တိုက်ခိုက်မှုပုံစံများဖြင့် ပေါင်းစည်းရထားမှ အသက်ရှင်ကျန်ရစ်သူများကို အငိုက်မိစေခဲ့သည်။ ဤနေရာရှိ ထူးဆန်းသည့် သတ္တဝါအားလုံးသည် အဆင့်မမြင့်လှသော်လည်း လင်းရှန်နှင့် အခြားသူများအတွက် ခန့်မှန်းမရဖြစ်နေကြသည်။

C-Class အဆင့်ရှိသော သတ္တဝါများပင်လျှင် ထူးဆန်းသော တိုက်ခိုက်မှုပုံစံများကြောင့် ကြီးမားသော ခြိမ်းခြောက်မှု ဖြစ်စေသည်။

သေဆုံးမှုများ လျော့ကျသွားသည့် အခြားအကြောင်းရင်းတစ်ခုမှာ အထီးကျန်ဝံပုလွေ S နည်းဗျူဟာ စွမ်းအားမြင့်ဝတ်စုံ အစုံ ၁၀၀၀ ကြောင့်ပင်ဖြစ်သည်။ အဆင့်မြင့် စစ်မြေပြင် အာရုံခံစနစ်၊ ရေဒါစနစ်နှင့် ကာကွယ်ရေး စွမ်းအားများကြောင့် ယာဉ်တန်းတစ်ခုချင်းစီတွင် ပထမလှိုင်း တိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသူများ ရှိနေသဖြင့် မြေပြိုသကဲ့သို့ လူအများအပြား သေဆုံးခြင်းမှ တားဆီးပေးထားသည်။

လင်းရှန်သည် ခံစစ်ကြောင်း တစ်ခုလုံး၏ ဗဟိုချက် ထုတ်လုပ်ရေး အခြေစိုက်စခန်းဖြစ်လာပြီး လူထောင်ပေါင်းများစွာအတွက် ပစ်အားများကို အဆက်မပြတ် ထောက်ပံ့ပေးနေသည်။

ကျည်ဆန်များ၊ ကုန်ကြမ်းများ၊ ပေါက်ကွဲစေတတ်သော ပစ္စည်းများနှင့် လျှပ်စစ်ပိုက်ကွန်များကို တစ်သုတ်ပြီးတစ်သုတ်ထုတ်လုပ်နေသည်။ လီယီနှင့် လူအိုကြီးမိုတို့သည် ရထားပေါ်ရှိ အတွင်းပိုင်း ဝန်ထမ်းများနှင့် ကလေးငယ်များအဖွဲ့နှင့်အတူ ၎င်းတို့ကို ရှေ့တန်းသို့ အဆက်မပြတ် သယ်ဆောင်ပေးနေကြသည်။ ရှောင်ထျန်းနှင့် ရှောင်လီတို့ ကလေးနှစ်ယောက်မှာလည်း မမောမပန်း အလုပ်လုပ်နေကြပြီး အမှောင်သတ္တဝါများ ပြည့်နှက်နေသော ကမ္ဘာကြီးကို ကြောက်ရွံ့ပုံရပေ။

အသက် ၅ နှစ်အရွယ် တုံတုံသည် အခြားကလေးများနှင့်အတူ တွားသွားရင်း ရထားအမိုးပေါ်မှ လျှောကျလာသော ပူနွေးသည့် ကျည်ခွံများကို ကောက်ယူကာ ပုံးငယ်လေးများထဲသို့ ကျွမ်းကျင်စွာ ထည့်နေသည်။

ဤမြင်ကွင်းကို မြင်သောအခါ လင်းရှန် အနည်းငယ် ရှုပ်ထွေးသွားသည်။ ဤကလေးငယ်များသည် အလွန်ငယ်ရွယ်သေးသဖြင့် သူတို့ကို ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် အလုပ်လုပ်ရန် တွဲများထဲမှ ထွက်ခွင့်ပေးဖို့ သူ တကယ်ကို ခဲယဉ်းနေခဲ့သည်။ လင်းရှန်လည်း လီယီအား ကလေးများကို ပြန်ခေါ်ခိုင်းရန် ပြင်လိုက်စဉ် သူ၏ မျက်နှာတွင် ထူးဆန်းသောအမူယာတစ်ခုပေါ်လာသည်။

ဤနေရာတွင် အမှောင်ကျူးကျော်မှု စွမ်းအားသည် ပြင်းထန်သော်လည်း မည်သည့် ကလေးမျှ သန္ဓေပြောင်းခြင်းလက္ခဏာများ မပြဘဲ အဆိုးဆုံး လက္ခဏာမှာ မူးမေ့ခြင်းနှင့် အန်ခြင်းသာ ဖြစ်သည်။

ကလေးငယ်များ၏ စိတ်စွမ်းအားမှာ လူကြီးများထက် ပို၍ အားကောင်းနေခြင်းကြောင့်များလား။

ဤအတွေးမှာ လင်းရှန်၏ စိတ်ထဲတွင် ဖျတ်ခနဲ ပေါ်လာသည်။ ထိုအချိန်တွင် ချန်ဆီရွှမ်၏ အသံမှာ နားကြပ်မှတစ်ဆင့် ထွက်ပေါ်လာသည်၊၊

“လင်းရှန်…. မြွေကြီး ချဉ်းကပ်လာပြီ”

လင်းရှန် ချက်ချင်းပင် ခုန်ထလိုက်သည်။ သူသည် တိုက်ပွဲတွင် တိုက်ရိုက်မပါဝင်ခဲ့ခြင်းမှာ ခဲယမ်းများ ထုတ်လုပ်ရင်း ထိုသတ္တဝါပေါ်လာမည့်အချိန်ကို စောင့်နေခြင်း ဖြစ်သည်။ သူသည် ယာဉ်တန်းရှိ အသန်မာဆုံး စွမ်းအားရှင်များကို ချက်ချင်း ခေါ်လိုက်သည်၊၊

“ကီကီ၊ မီးတောက်၊ ချီလီ၊ မိုနီကာ၊ အစ်ကိုရှီ၊ အစ်မနန်၊ အားဖေး… အကုန်လုံးခေါ်လိုက်…. ငါတို့ အားလုံး ပူးပေါင်းပြီး အဲဒီမြွေကြီးကို ရှင်းကြမယ်”

အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုမှာ ဤတိုက်ပွဲအပေါ်တွင် မူတည်နေသည်။ ဤအဆုံးအစမဲ့ အမှောင်တောအုပ်ရှိ ထူးဆန်းသည့် သတ္တဝါများအားလုံးကို သူတို့ သုတ်သင်နိုင်မည်လား ဆိုသည်ကို လင်းရှန် မသေချာပေ။ ကြက်သွေးရောင်မြူခိုးများ ဖုံးလွှမ်းထားသည့် ဧရာမမြွေကြီးက အနီးတွင် ရှိနေသရွေ့ သူတို့သည် အဆင့် ၄ အမှတ်သားအဖြစ် သတ်မှတ်ခံထားရကာ ဝိုင်းရံတိုက်ခိုက်ခြင်းမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

All Chapters