← Chapters

အခန်း (၆၃၄-၆၃၅)

Vol. 38 Ch. 634-635

အခန်း (၆၃၄-၆၃၅)

Vol. 38 Ch. 634-635

Chapter 634

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကြီး ၁

“ဒီပြဿနာတွေကိုတော့ ဒါရိုက်တာတင်းကိုပဲ ဖြေရှင်းခိုင်းရတော့မယ်”

လင်းရှန် သက်ပြင်းတစ်ချက်ချကာ ကီကီကို ကြည့်လိုက်သည်၊၊

“အခု အခြေအနေအရဆိုရင် ဒီ AI က ပုံမှန်အလုပ်လုပ်နိုင်ပြီလို့ ပြောလို့ရမလား”

ဤမေးခွန်းက ကီကီကိုလည်း စိတ်ရှုပ်သွားစေသည်၊၊ သူမ မျက်မှောင်ကြုတ်ကာ မသေချာသလို ပြောသည်၊၊

“ယုတ္တိဗေဒအရဆိုရင်တော့ စနစ်ကို ပြန်ပြင်ပြီးပြီ… ပြီးတော့ ယန္တရားစကင်ဖတ်မှုမှာလည်း တခြား Ai ဗဟိုချက်တွေ မတွေ့ရဘူး… ဒါကြောင့် သူမဟာ ရှင်းလင်းနေရမယ်… ဒါပေမဲ့ သူမအပေါ်မှာ ယန္တရားစွမ်းအားထက် ကျော်လွန်တဲ့ အင်အားတစ်ခုခု ရှိနေမယ်ဆိုရင်တော့...”

သူမပြောရင်း လင်းရှန်ကို ကြည့်လိုက်သည်၊၊

“ပြောရခက်တယ်”

ဂရေ့စ်၏ ရုတ်တရက် ပြောင်းလဲမှုကြောင့် ယုံကြည်မှုအပြည့်သော ကီကီပင်လျှင် ရှုပ်ထွေးနေသည်၊၊ လမ်းတစ်လျှောက်တွင် တွေ့ကြုံခဲ့ရသော ထူးဆန်းသည့် အရာများကြောင့် ကီကီသည် ကွန်ပျူတာများ၏ စိတ်ချရမှုအပေါ် သံသယဝင်လာခဲ့သည်၊၊

“ဒါက အရင်ကလည်း ဖြစ်ဖူးတယ်… ဂရေ့စ်ရဲ့ စစ်ဆေးမှုက ပရိုဂရမ်တစ်ခုပဲ… ပြန်ပြင်ပြီးသားဆိုတော့ စတင်ကြည့်ကြတာပေါ့”

အကယ်၍ တစ်စုံတစ်ယောက်က AI ကို တိုက်ရိုက်ထိန်းချုပ်နိုင်လျှင် ထိုစွမ်းရည်မှာ လင်းရှန်၏ ယန္တရားနှလုံးသားထက် များစွာ မြင့်မားလိမ့်မည်၊၊ AI တစ်ခုကို ရရှိရန် ခက်ခဲစွာ ကြိုးစားခဲ့ရပြီး အချိန်အကြာကြီးစောင့်ခဲ့ရသဖြင့် လင်းရှန်သည် ၎င်းကို ချက်ချင်း စတင်ရန် ဆုံးဖြတ်လိုက်သည်၊၊

အနည်းဆုံးတော့ ဂရေ့စ်၏ ထူးဆန်းသော သတိပေးချက်များသည် လင်းရှန်အတွက် အကူညီဖြစ်နေသည်၊၊ သူ၏ လက်ရှိဦးစားပေးမှာ ပြဿနာများကို ဖြေရှင်းရန် ဂရေ့စ်ကို အသုံးပြုရန်ဖြစ်ရာ ထူးဆန်းသော အခြေအနေများကို ခေတ္တဘေးဖယ်ထားကာ စတင်ရန်သာ ဆုံးဖြတ်လိုက်သည်၊၊

“ကောင်းပြီ”

ကီကီက ခေါင်းငြိမ့်လိုက်သည်၊၊

“ဒါဆို ကျွန်မ စတင်လိုက်တော့မယ်”

လင်းရှန်သည် လှပသော စက်ရုပ်မျက်နှာကို မော့ကြည့်လိုက်ပြီးနောက် ဂရေ့စ်၏ မျက်နှာတွင် အလှဆင်ထားသော မျက်နှာဖုံးကို ရုတ်တရက် ဖယ်ရှားလိုက်သည်၊၊ နန်ကျင်းက ၎င်းကို ခွဲထားပြီးဖြစ်ရာ သူသည် ၎င်းကို ဝါးမျိုပြီး ပစ္စည်းသစ်ကို လေ့လာနိုင်သည်၊၊

【ဝါးမျိုမှုအောင်မြင်သည်၊ ယန္တရားရင်းမြစ်အမှတ် +၂၀၊ ယန္တရားဝါးမျိုကျွမ်းကျင်မှု +၅】

【အလွန်မာကျောသော ကာဗွန်ပေါင်းစပ်သတ္တုစပ် ၂ ခု ရရှိသည်】

ပစ္စည်းအသစ်ကို ရရှိသောအခါ လင်းရှန်၏ ခန့်မှန်းချက်မှာ မှန်ကန်နေသည်၊၊ ၎င်းမှာ အဆင့် ၅ ဖြစ်ပြီး ယူနစ်-၀၁ မှ ရရှိသော သတ္တုစပ်ထက်ပင် ပို၍မြင့်မားသည်၊၊ ဤသည်မှာ အမှန်တကယ်ပင် ရှားပါးပစ္စည်းဖြစ်ပြီး လင်းရှန်သည် အဆင့် ၅ ပစ္စည်းကို ပထမဆုံးအကြိမ်ရရှိခြင်း ဖြစ်သည်၊၊

အကယ်၍ ဤပစ္စည်းကို တိုက်ပွဲဝင်ဝတ်စုံ သို့မဟုတ် ရထားသံချပ်ကာများ ပြုလုပ်ရာတွင် အသုံးပြုပါက နှင်းတစ္ဆေဒီရေလှိုင်းများကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်ဟု လင်းရှန် ခန့်မှန်းသည်၊၊ သို့သော် လင်းရှန် စဉ်းစားနေရုံသာ ရှိသေးသည်၊၊ အဆင့် ၅ ပစ္စည်းများမှာ အလွန်ရှားပါးလှရာ အနန္တရထားတစ်ခုလုံးကို ဝါးမျိုပြီး ပြန်ထုတ်လုပ်ရင်တောင် ရထားတွဲတစ်တွဲစာ ရဖို့ မသေချာပေ၊၊ လက်ရှိတွင် အနန္တရထား၏ နောက်ဆုံးပေါ် သံချပ်ကာများမှာ အဆင့် ၃ သတ္တုစပ်ကိုသာ အသုံးပြုထားသည်၊၊ ဤသည်ပင်လျှင် အခြားသော တိုက်ပွဲဝင်ယာဉ်များ၏ ပစ္စည်းများထက် များစွာသာလွန်နေပြီ ဖြစ်သည်၊၊

မျက်နှာဖုံးကို ဖယ်လိုက်ပြီးနောက် ဂရေ့စ်၏ မျက်နှာမှာ သူမ၏ ခန္ဓာကိုယ်ကဲ့သို့ပင် သတ္တုရောင် တောက်ပနေသော မျက်နှာမဲ့ အခြေအနေသို့ ရောက်ရှိသွားသည်၊၊ ဤသည်မှာ ကြည့်ရသည်မှာ ပို၍ အဆင်ပြေသလိုရှိပြီး အရင်ကဲ့သို့ ထူးဆန်းသော ခံစားချက်မျိုးမရှိတော့ပေ၊၊

“ဟီး… ဒါက ပိုကြည့်ကောင်းသွားတယ်”

ကီကီက မနေနိုင်ဘဲ ရေရွတ်လိုက်သည်၊၊

လင်းရှန်က လက်ထဲရှိ မျက်နှာဖုံးကို ဆကြည့်နေသည်၊၊ “နောက်ဆိုရင် ဒီအတိုင်းပဲ စကားပြောမယ်… သုံးဖက်မြင် မျက်နှာပုံရိပ်ကို ဖျက်လိုက်တော့”

“အင်း”

ကီကီက ပြန်လည်စတင်ခြင်း ခလုတ်ကို နှိပ်လိုက်သည်၊၊ ချက်ချင်းပင် ဂရေ့စ်၏ ရင်ဘတ်ရှိ ဗဟိုချက်က လင်းလက်လာသည်၊၊ ထို့နောက် သူမ၏ ခန္ဓာကိုယ်ရှိ လှုပ်ရှားမှု အစိတ်အပိုင်းအားလုံးမှာ ချောမွေ့စွာ စတင်လှုပ်ရှားလာသည်၊၊ ကီကီ၏ ထိန်းချုပ်မှုအောက်တွင် ဂရေ့စ်၏ မျက်နှာမဲ့စက်ရုပ်ခေါင်းက လင်းရှန်ကို ကြည့်လိုက်ပြီး အလင်းတန်းတစ်ခုက လင်းရှန်၏ ခန္ဓာကိုယ်ကို စကင်ဖတ်လိုက်သည်၊၊

【စနစ်စတင်နေပြီ၊ လက်ရှိဗားရှင်း: အနီရောင်ကမ္ဘာ ဗားရှင်း 3 AI အော့ဖ်လိုင်းဗားရှင်း】

【အမိန့်ပေးသူကို ရှာဖွေနေသည်】

【သက်ရှိလက္ခဏာများ၊ မျက်ဝန်းစကင်ဖတ်မှု ပြီးဆုံးပါပြီ၊၊ နေကောင်းလား လင်းရှန်… ရှင့်အသံကို မှတ်သားနိုင်ဖို့ ပထမဆုံးအမိန့်ကို ပေးပါ】

ဂရေ့စ်သည် သံဗီရိုထဲမှ ထွက်လာသည်၊၊ လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး ခြေဖျားထောက်လျက် အရင်ကကဲ့သို့ပင် ကျော့ရှင်းသော လှုပ်ရှားမှုဖြင့် လျှောက်လာသည်၊၊ သူမသည် လင်းရှန်ရှေ့တွင် ဂုဏ်ယူဝင့်ကြွားနေသော ဘဲလေးကချေသည်ပုံစံ အိမ်စေမလေးတစ်ယောက်ကဲ့သို့ ကြည့်နေသည်၊၊

လင်းရှန်သည် စက်ရုပ်ကို အထက်အောက်သေချာကြည့်လိုက်ပြီးနောက် ချက်ချင်း ပြောလိုက်သည်၊၊

“ဒီနေ့ကစပြီး မင်းနာမည်က ဂရေ့စ်ပဲ… အနီရောင်ကမ္ဘာ ဗားရှင်း ၃ လို့ မခေါ်နဲ့တော့”

【အသံမှတ်သားမှု အောင်မြင်သည်】

【နားလည်ပါပြီ၊ ဒီနေ့ကစပြီး ကျွန်မနာမည်က ဂရေ့စ် ဖြစ်လာပါလိမ့်မယ်】

ကီကီသည် ကီးဘုတ်ကို ရိုက်နေရင်း လင်းရှန်ကို ပြောသည်၊၊

“ကျွန်မ တခြားအဖွဲ့ဝင်တွေရဲ့ အချက်အလက်တွေကိုလည်း ထည့်ပေးလိုက်ပြီ… သူမက သူတို့ကို မိတ်ဆွေတွေအဖြစ် တစ်ယောက်ချင်းစီ ခွဲခြားသိမြင်လိမ့်မယ်… အခုတော့ သူမကို လေ့လာဖို့ အချိန်နည်းနည်းပေးရမယ်”

“ဘာတွေကို လေ့လာရမှာလဲ” လင်းရှန်က မေးသည်၊၊

“အနန္တရထား၊ ကမ္ဘာပျက်ကပ်နေ့၊ အရှေ့ဘက်သို့ ထွက်ပြေးခြင်း၊ ဂြိုဟ်ပတ်ရထားလမ်း စီမံကိန်း၊ အဖွဲ့ဝင်အားလုံးရဲ့ စွမ်းရည်တွေ… ပြီးတော့ ကျွန်မတို့ရဲ့ လက်ရှိပတ်ဝန်းကျင် အခြေအနေတွေ...”

ကီကီက တစ်ဆက်တည်း ပြောလိုက်သည်၊၊

“ဒါမှပဲ ရှင်ခိုင်းတဲ့အလုပ်တွေကို သူမက အခြေအနေနဲ့ လိုက်လျောညီထွေနားလည်နိုင်လိမ့်မယ်”

“အဲဒါ ဘယ်လောက်ကြာမလဲ”

ကီကီက ပြုံးလိုက်ပြီး

“ကျွန်မတို့ရဲ့ ကွန်ပျူတာ ဒါမှမဟုတ် စက်ရုပ်စနစ်တွေက ဒီလို AI တစ်ခုကို နားလည်အောင် သင်ပေးဖို့ဆိုရင် အနည်းဆုံး ရက် ၃၀ လောက် ကြာလိမ့်မယ်… ဒါပေမဲ့ သူမအတွက်ကတော့...”

သူမသည် သူမရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသော ဂရေ့စ်ကို ကြည့်ရင်း ဂုဏ်ယူစွာ ပြောလိုက်သည်၊၊

“၁ စက္ကန့်ပဲ ကြာလိမ့်မယ်”

“တစ်စက္ကန့်လား”

လင်းရှန်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ရှေ့တွင်ရှိနေသော ကျော့ရှင်းသည့်ပုံစံဖြင့် တည်ဆောက်ထားသော Ai စက်ရုပ်ကို ကြည့်လိုက်သည်၊၊ သူ၏ ဦးနှောက်ထဲရှိ စူပါကွန်ဒပ်တင်း ကွမ်တမ်ဘစ်ဖွဲ့စည်းပုံသည် အလွန်မြန်ဆန်သော သဏ္ဌာန်တူ တွက်ချက်မှုများကို လုပ်ဆောင်နေခြင်းဖြစ်သည်၊၊

ကွမ်တမ်ဘစ် ပမာဏ ၈၁၉၂ ဆိုသည်မှာ မည်သည့်အဓိပ္ပာယ်ရှိသနည်း၊၊

ဖြစ်နိုင်ခြေတစ်သန်းကို လုပ်ဆောင်ရန် ၀.၀၀၈ စက္ကန့်သာ ကြာမြင့်သည်၊၊

သာမန်ကွန်ပျူတာတစ်လုံးသည် ၁၂၈-ဘစ် ကုဒ်ဝှက်စနစ်တစ်ခုကို ဖြေရှင်းရန် စကြဝဠာသက်တမ်း (၁၃.၈ ဘီလီယံနှစ်) ထက် ပိုကြာနိုင်သော်လည်း ကွမ်တမ်ကွန်ပျူတာသည် Shor ၏ အယ်လဂိုရီသမ်ကို အသုံးပြု၍ ဂဏန်းကြီးများကို ချက်ချင်း ခွဲခြမ်းစိတ်ဖြာကာ အလွယ်တကူ ဖြေရှင်းနိုင်သည်၊၊

၎င်းသည် လမ်းကြောင်းပေါင်း ၈၁၉၂ ခု ခွဲထွက်နေသော ဝင်္ကပါတစ်ခုနှင့်တူပြီး သာမန်ကွန်ပျူတာသည် ထွက်ပေါက်မတွေ့မချင်း လမ်းကြောင်းတစ်ခုစီကို စမ်းသပ်ကာ အမှားများ ပြုလုပ်ရမည်ဖြစ်သည်၊၊

သို့သော် ဂရေ့စ်သည် လမ်းကြောင်း ၈၁၉၂ ခုလုံးသို့ တစ်ပြိုင်နက် ဝင်ရောက်နိုင်ပြီး မည်သည့်လမ်းကြောင်းက ထွက်ပေါက်ဆီသို့ အမြန်ဆုံး ရောက်နိုင်သည်ကို ချက်ချင်း သိရှိနိုင်သည်၊၊ ကွမ်တမ်ကွန်ပျူတာ၏ ပြိုင်ဆိုင်မှုစွမ်းရည်သည် ထိရောက်မှုမရှိသော လမ်းကြောင်းများကို ကျော်သွားစေပြီး အကောင်းဆုံးအဖြေကို တိုက်ရိုက်ရရှိစေသည်၊၊

ထို့ကြောင့် ကီကီသည် ကမ္ဘာပျက်ကပ်နေ့နှင့် ကျိအန်းမြို့မှ ၎င်းတို့၏ အတွေ့အကြုံများအားလုံးအပြင် ဖက်ဒရယ်နည်းပညာ အချက်အလက်များအားလုံးကို ဂရေ့စ်ထံသို့ ထည့်သွင်းပေးလိုက်သောအခါ ဂရေ့စ်က တုံ့ပြန်ရန် တစ်စက္ကန့်သာ ကြာလိုက်ခြင်းဖြစ်သည်၊၊

[ကပ္ပတိန်လင်း ကျွန်မ သင်ယူလို့ ပြီးပါပြီ၊၊ သို့သော် လက်ရှိတွင် ကျွန်မမှာ လူသားတွေလို စဉ်းစားတွေးခေါ်မှုပုံစံ မရှိသေးပါဘူး၊၊ Ai အဆင့်မြှင့်တင်မှုများတွင် အထောက်အကူပြုရန် ကျွန်မနဲ့ ဆက်သွယ်ရာတွင် လူသားတို့၏ အပြုသဘောဆောင်သော သဘောထားအမြင်များကို ထည့်သွင်းရန် အကြံပြုအပ်ပါတယ်၊၊]

လင်းရှန်သည် ကီကီ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဂရေ့စ်ကို ကြည့်ကာ စမ်းသပ်မေးမြန်းလိုက်သည်၊၊

“ငါတို့ရဲ့ လက်ရှိအခြေအနေအရ ဒီအကျပ်အတည်းကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းများ ရှိလား”

Chapter 635

ပြီးပြည့်စုံသော ဆင့်ကဲပြောင်းလဲမှုကြီး ၂

ဂရေ့စ်က လင်းရှန်ကို ကြည့်လိုက်သည်၊၊

[လက်ရှိအခြေအနေကို ခွဲခြမ်းစိတ်ဖြာချက်အရ ရှင်သန်နိုင်စွမ်း ဖြစ်နိုင်ခြေသည် 3×10⁻¹² ခန့်သာ ရှိပါသည်၊၊ ၎င်းသည် 0 နှင့် ညီမျှသလောက် ဖြစ်နေသော်လည်း ပြောင်းလဲနိုင်သော ကိန်းရှင်များတွင် သွေးကပ်ဘေးပန်း၊ ငွေနဂါးဆယ်ဆပန်းနှင့် ပိုင်ဆိုင်ထားပြီးဖြစ်သော တားမြစ်ပစ္စည်းများအပါအဝင် ရှင့်ရဲ့ ယန္တရားစွမ်းရည်၊ ကီကီရဲ့ စိတ်စွမ်းအား၊ လုရှင်းချန်၏ မီးစွမ်းအားနှင့် အခြားသော စွမ်းအားရှင် ၁၀ ဦးကျော်တို့ ပါဝင်ပါသည်၊၊]

[ဤကိန်းရှင်များသည် လက်ရှိတွင် ဖွံ့ဖြိုးတိုးတက်မှုနှင့် အတိုင်းအတာ ချဲ့ထွင်နိုင်မှုဆိုင်ရာ မသိကိန်းများ ရှိနေပါသည်၊၊ သီအိုရီအရ မည်သည့် စွမ်းအားမဆို အဆမတန် တိုးပွားလာခြင်း သို့မဟုတ် ဝိသေသလက္ခဏာအသစ်များ ပေါ်ထွက်လာခြင်းသည် လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ပါသည်၊၊]

လင်းရှန်သည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်သွားသည်၊၊

“ဒါက ပုံမှန်ဉာဏ်ရည်ပဲ မဟုတ်ဘူးလား”

“ဒါက လူသားထိန်းချုပ်မှုကွင်းဆက်အခြေနေကို မသင်ရသေးတဲ့ ကနဦးအခြေအနေလေ”

ကီကီက လက်ပိုက်လျက် ပခုံးတွန့်ကာ ပြောလိုက်သည်၊၊

“သူမက အရာအားလုံးကို သိတယ်၊၊ ဒါပေမဲ့ ဒီအမှောင်ထုတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့လူသားတွေရဲ့ သုတေသနက ဗလာဖြစ်နေတုန်းပဲ ဆိုတော့… Ai ကလည်း အဖြေကို တိုက်ရိုက်မရနိုင်ဘူး၊၊ သူမရဲ့ ပြောတာ မှန်တယ်၊၊ ကျွန်မတို့ရထားပေါ်က ဒီကပ်ဘေးအပင်တွေနဲ့ တားမြစ်ပစ္စည်းတွေမှာ မသိရသေးတာတွေ အများကြီး ရှိနေတယ်၊၊ ရှင်က ဒီဖြေရှင်းနည်းတွေ အလုပ်မဖြစ်ဘူးလို့ သူမကို တိုက်ရိုက်မပြောမချင်းပေါ့”

လင်းရှန် ခေါင်းညိတ်လိုက်သည်၊၊

“ဒါလည်း ဟုတ်တာပဲ၊၊ သူမက မသိကိန်းရှင်တွေ အားလုံးကို ထည့်သွင်းစဉ်းစားထားတာပဲ...”

ဂရေ့စ်၏ မူလအနီရောင်ကမ္ဘာက ပရိုဂရမ်များအားလုံး ဖျက်သိမ်းခံလိုက်ရပြီး လှုပ်ရှားမှု မော်ဂျူးသာ ကျန်ရှိတော့သည်၊၊ လက်ရှိကမ္ဘာ၏ အမည်မသိ အခြေအနေများကြောင့် လင်းရှန်ကိုယ်တိုင်ပင် အလွန်ရှုပ်ထွေးနေရကား Ai၏ ရှုထောင့်မှကြည့်လျှင် ဖြစ်နိုင်ချေရှိသော ရွေးချယ်စရာများမှာ အလွန်နည်းပါးလှသည်၊၊

“ကီကီ”

“အင်း”

လင်းရှန်က သူမကို ပြောလိုက်သည်၊၊

“ဒီလိုလုပ်ကြတာပေါ့၊၊ မင်း အရင်နားလိုက်ဦး၊၊ ငါက ဟို ဆိုင်ကယ်အပျက်အစီးတွေကို ယန္တရားဝါးမျိုရင်းနဲ့ ဂရေ့စ်ကိုပါ တစ်ခါတည်း သင်ပေးလိုက်မယ်”

လင်းရှန်သည် စဉ်းစားလိုက်ပြီးနောက် လက်ရှိ ယန္တရားဝါးမျိုမှု အဆင့်မြှင့်တင်ရေး တိုးတက်မှုအပေါ် အာရုံစိုက်ရန်နှင့် တိကျထိရောက်သော စကားပြောဆိုမှုများ ပြုလုပ်နိုင်ရန် ဂရေ့စ်နှင့်အတူ သူ၏ အတွေးအခေါ်များကို အသုံးပြု၍ ကွင်းဆက်သင်ယူမှု ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်၊၊

ကီကီ ပခုံးတွန့်လိုက်သည်၊၊

“ကောင်းပြီလေ၊၊ ဒါပေမဲ့...”

သူမ ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်သည်၊၊

“ဒီလိုအခြေအနေကြီးမှာ ကျွန်မ ဘယ်လိုလုပ်အိပ်ပျော်မှာလဲ”

“မင်း အိပ်ကို အိပ်ရမယ်”

လင်းရှန် လေးနက်စွာ ပြောလိုက်သည်၊၊

“အချိန်နဲ့ ပြေးနေရရင်တောင် မင်း အိပ်ရမယ်”

“ကောင်းပါပြီ”

ကီကီ သက်ပြင်းချလိုက်သည်၊၊ လင်းရှန်၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်၊၊ လာမည့် အကျပ်အတည်းများကို ရင်ဆိုင်ရန် ခွန်အားကို ထိန်းသိမ်းထားရမည်၊၊

ကီကီ လင်းရှန်ကို ကြည့်ကာ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်သည်၊၊

ဒီလူက ငါ့ထက် ပိုပင်ပန်းနေတာ သိသာနေတာကိုပဲ...

လင်းရှန်သည် ချက်ချင်း ထိုင်ချလိုက်ပြီး ခဲယမ်းမီးကျောက်များ ထုတ်လုပ်နေစဉ်မှာပင် အပြင်ဘက်ရှိ သမုဒ္ဒရာရထားတွဲကို ဆက်လက်၍ ယန္တရားဝါးမျိုမှု ပြုလုပ်နေခဲ့သည်၊၊

ဤလုပ်ငန်းစဉ်အတွင်း လင်းရှန်သည် Ai ဂရေ့စ်နှင့် ဆက်သွယ်မှုကို ထိန်းသိမ်းထားသည်၊၊

ထိုအချိန်အတွင်း လင်းရှန်သည် သူ၏ ယန္တရားစွမ်းရည်ကို အသုံးပြု၍ ဂရေ့စ်အား ပြုပြင်မွမ်းမံမှုအချို့ ပြုလုပ်ခဲ့သည်၊၊ အချက်အလက်ပေးပို့သည့် စနစ်မြင်ကွင်းအားလုံးကို ဖျက်ပစ်ပြီး သူမ၏ ကာကွယ်ရေးများပေါ်တွင် ချောမွေ့သော အကာအကွယ်အလွှာတစ်ခု ထပ်ပေါင်းထည့်လိုက်သည်၊၊

ဤနည်းအားဖြင့် အခြားသူများက ဂရေ့စ်ပေါ်ရှိ အချက်အလက်များကို အလွယ်တကူ ထပ်ရေးနိုင်မည် မဟုတ်ပေ၊၊ လင်းရှန်၏ ဤပြုပြင်မွမ်းမံမှုသည် ရိုးရှင်းပုံရသော်လည်း လင်းရှန်၏ ယန္တရားနှလုံးသားကြောင့်သာ ဖြစ်နိုင်ခြင်းဖြစ်သည်၊၊ အနီရောင်ကမ္ဘာရှိ ထုတ်လုပ်ရေးစင်တာ သို့မဟုတ် ကြီးမားသော အဖွဲ့အစည်းအချို့တွင် တိကျသော ယန္တရားထုတ်လုပ်နိုင်စွမ်း မရှိလျှင် ၎င်းတို့သည် တိကျမှုမြင့်မားသော လုပ်ဆောင်ချက်ပေးပို့သည့် စနစ်မြင်ကွင်းများကို အလွယ်တကူ ထုတ်လုပ်နိုင်မည် မဟုတ်ပေ၊၊ ထို့အပြင် လင်းရှန်သည် အရေးပေါ်အခြေအနေများတွင် အပြည့်အဝ ခုခံကာကွယ်ရန် အမိန့်ပေးထားသော အစွန်းရောက် ကာကွယ်ရေး ညွှန်ကြားချက်များကိုလည်း ဂရေ့စ်ထံ ထည့်သွင်းထားသည်၊၊

ဤအရာများသည် လင်းရှန် စဉ်းစားနိုင်သော သူ၏ ပိုင်ဆိုင်မှုကို ကာကွယ်ရန်နှင့် မမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန် နည်းလမ်းများပင် ဖြစ်သည်၊၊

၂၂:၀၀၊၊

[ဝါးမျိုခြင်းနှင့် ပစ္စည်းများ ထုတ်လုပ်နိုင်စွမ်းသည် ကျွန်မရဲ့ အခြေခံ ရူပယုတ္တိဗေဒနှင့် ဆန့်ကျင်နေပါသည်၊၊ ယခုအချိန်မှည ကျွန်မက မူလရူပယုတ္တိဗေဒကို ကျော်လွန်သော အဆင့်တစ်ခုကို ပေါင်းစည်းရန် လိုအပ်ပြီး တွက်ချက်မှုများအတွက် စူပါစွမ်းအားကမ္ဘာ့ဖွဲ့စည်းပုံကို တစ်ပြေးညီ အသုံးပြုရပါမည်၊၊]

လင်းရှန်သည် ခဲယမ်းမီးကျောက်များကို ထုတ်လုပ်နေစဉ် ဂရေ့စ်သည် သစ္စာရှိသော ကိုယ်ရံတော်တစ်ဦးကဲ့သို့ မတ်တတ်ရပ်ကာ သူ့နောက်တွင် ရှိနေသည်၊၊

“ငါ အခုပြောခဲ့တာတွေက အမှောင်သတ္တဝါတွေနဲ့ စွမ်းအားတွေအပေါ် ငါ့ရဲ့ နားလည်မှုကို ထင်ဟပ်စေတယ်၊၊ ပြီးတော့ လူသားအများစုရဲ့ နားလည်မှုကိုလည်း ကိုယ်စားပြုတာပေါ့၊၊ ဒီလိုအခြေအနေမျိုးအောက်မှာ ဘယ်လိုကိန်းရှင်တွေ ကျန်နေသေးလဲ”

ငွေနဂါးဆယ်ဆပန်းနှင့် ထူးဆန်းသော ကုဗတုံး၊ ငွေကျည်ဆန်များ၏ အခြေအနေအပါအဝင် အကြောင်းအရာအချို့ကို ဂရေ့စ်နှင့် စကားပြောဆိုမှုများတွင် ထည့်သွင်းခဲ့ပြီးဖြစ်သည်၊၊ မကြာမီမှာပင် ဂရေ့စ်ပြောသော စကားများသည် ပိုမိုရှင်းလင်းလာပြီး လင်းရှန် ပြောပြလိုသော အဓိပ္ပာယ်ကို နားလည်လာခဲ့သည်၊၊

သို့သော် ဂရေ့စ်သည် သူ၏ မေးခွန်းကို တိုက်ရိုက်မဖြေဘဲ ပြန်မေးလိုက်သည်၊၊

[ရှင် နည်းနည်း စိုးရိမ်ပူပန်နေပုံရတာကို ကျွန်မ တွေ့နေရတယ်]

“ငါ စိုးရိမ်မှုက ပုံမှန်မဟုတ်ဘူးလား”

လင်းရှန် ပြန်ပြောလိုက်သည်၊၊

[ကပ္ပတိန်လင်းရှန်… ကျွန်မ ရှင့်ကို ခွဲခြမ်းစိတ်ဖြာကြည့်သလောက် ရှင်က အခြေအနေကို ထိန်းချုပ်ရတာ ကြိုက်တဲ့သူ… အန္တရာယ်ကို ကိုင်တွယ်ရာမှာ အရမ်းသတိကြီးတဲ့သူ ဖြစ်ပုံရပါတယ်… ဒါပေမဲ့ လက်ရှိ ကမ္ဘာ့ပြောင်းလဲမှုတွေနဲ့အတူ အကျပ်အတည်းတွေက ရှင့်ထိန်းချုပ်မှုအောက်ကနေ လွတ်ကင်းလေ့ရှိပြီး အဖွဲ့အပေါ်ထားတဲ့ ရှင့်ရဲ့ တာဝန်ယူမှုနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဒီစိုးရိမ်ပူပန်မှုက ပိုလေးလံလာပါတယ်၊၊ ရှင့်ရဲ့ စိတ်ခံစားမှု၊ အသက်ရှူနှုန်းနဲ့ ချွေးထွက်နှုန်းတွေကို ကျွန်မ စောင့်ကြည့်ခဲ့ပြီး အားလုံးက ရှင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကျန်းမာရေးနဲ့ မညီညွတ်ကြောင်း ပြသနေပါတယ်၊၊ ဒါက အန္တရာယ်ရှိနိုင်ပါတယ်]

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊

“ငါ မေးနေတာက ဘယ်လိုကိန်းရှင်တွေ ကျန်သေးလဲဆိုတာ မဟုတ်ဘူးလား”

[ရှင့်ရဲ့ အခြေအနေကလည်း ကိန်းရှင်တစ်မျိုးပါပဲ၊၊ အတိတ်ကို ပြန်ကြည့်ရင် ရှင့်ရဲ့ ယန္တရားစွမ်းရည်၊ ငရဲဂန္ဓမာနက်၊ ငွေနဂါးဆယ်ဆပန်း၊ ထူးဆန်းသော ကုဗတုံး၊ အဖွဲ့လိုက် စွမ်းရည်တွေနဲ့ အခြားအဖွဲ့တွေဆီက ယုံကြည်မှုနဲ့ ပံ့ပိုးမှုတွေ အပါအဝင် ရှင်က ရှင်သန်နှုန်း သုညနဲ့ အကန့်အသတ်မရှိ နီးကပ်နေတဲ့ အကျပ်အတည်းများစွာကို ဖြေရှင်းခဲ့ပြီးပါပြီ၊၊ ဒါတွေအားလုံးက ရှင့်ရဲ့ ဉာဏ်ပညာနဲ့ လုပ်ဆောင်ချက်တွေကနေ မြစ်ဖျားခံလာတာပါ၊၊ ဒါကြောင့် ကျွန်မရဲ့ ခွဲခြမ်းစိတ်ဖြာချက်အရ ရှင့်ရဲ့ ဆုံးဖြတ်ချက် ထိရောက်မှုက အရမ်းအရေးကြီးပါတယ်၊၊ ရှင့်ရဲ့ စွမ်းရည်နဲ့ ဉာဏ်ပညာက အကြီးမားဆုံး ကိန်းရှင်တွေပါပဲ]

ထိုစကားကို ကြားသောအခါ လင်းရှန် အနည်းငယ် စဉ်းစားလိုက်ပြီး အလုပ်လုပ်နေသည်ကို ခေတ္တရပ်လိုက်မိသည်၊၊ သူသည် ငွေရောင်နှင့် အနက်ရောင် ရောစပ်ထားသော Ai စက်ရုပ်ကို လှည့်ကြည့်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်၊၊

“ဒါပေမဲ့ ဒီတစ်ခါတော့ ငါ့မှာ နည်းလမ်းမရှိဘူး၊၊ ပြီးတော့ စနစ်ပြန်လည်ရေးသားတာ ပြီးစီးထားတဲ့ စက်ရုပ်တစ်ရုပ်ကို ယုံကြည်နိုင်မလား ဆိုတာတောင် ငါ သံသယဖြစ်နေတုန်းပဲ”

[အရင်က ဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး ရှင့်ရဲ့ ဖော်ပြချက်အရ ဂရေ့စ်အပေါ်ထားတဲ့ ရှင့်ရဲ့ သံသယတွေကို ကျွန်မ အပြည့်အဝ နားလည်ပါတယ်၊၊ ဒါပေမဲ့ ခွဲခြမ်းစိတ်ဖြာမှု ကောက်ချက်တွေအရ အမည်မသိ သတိပေးချက် နှစ်ခုစလုံးဟာ အပြုသဘော ဆောင်ပါတယ်၊၊ ပထမဆုံး အမည်မသိသတိပေးချက်ကတစ်ဆင့် ရှင်နဲ့ ရှင့်အဖွဲ့ဟာ ယိကျင်းမြို့ကနေ အောင်မြင်စွာ လွတ်မြောက်နိုင်ဖို့ ကူညီပေးခဲ့ပါတယ်၊၊ ဒါကြောင့် လူသားတွေရဲ့ ဆင်ခြင်တုံတရားနဲ့ဖြစ်စေ… စိတ်ခံစားမှု ရှုထောင့်ကနေဖြစ်စေ ရှင်က ဂရေ့စ်ကို ယုံကြည်ဖို့ ရွေးချယ်နိုင်ပါတယ်၊၊ ပြီးတော့ ရှင် အခု ယုံကြည်နေပြီ မဟုတ်ဘူးလား၊၊]

“မင်းနဲ့ ပတ်သက်ပြီး… အခု ငါ ဘယ်လိုယူဆရလဲဆိုတာ တကယ် မသိတော့ဘူး...”

လင်းရှန် ရှုပ်ထွေးစွာ ပြုံးလိုက်သည်၊၊ ဤ Ai ၏ ဉာဏ်ရည်မှာ တကယ့်ကို ကြောက်စရာကောင်းလှသည်၊၊ လင်းရှန်၏ အတွေးများအားလုံးကို ရှင်းလင်းစွာ ဆုံးဖြတ်နိုင်သည်၊၊ အမှန်ပင် လင်းရှန်သည် ကုဗတုံး၊ ငွေကျည်ဆန် အကြောင်းအရာများမှအစ ယန္တရားထုတ်လုပ်မှုကြောင့် သူ၏ ကိုယ်ပိုင်အခြေအနေအထိ ဂရေ့စ်နှင့် ဆက်သွယ်ပြောဆိုခဲ့သည်မှာ သူမအား အပြုသဘောဆောင်သော လွတ်မြောက်ရေး အစီအစဉ်အချို့ တွက်ချက်ခိုင်းရန် ဖြစ်သည်၊၊ သူ့ကိုသာ နာခံရန် အခြေခံပရိုတိုကောရှိသော စက်ရုပ်တစ်ရုပ်အဖြစ် လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားမည်ဆိုလျှင် ဤ Ai ဦးနှောက်သည် အဓိပ္ပာယ်မဲ့သွားပြီး သာမန်အလုပ်သမားတစ်ဦးသာ ဖြစ်လာပေလိမ့်မည်၊၊

All Chapters