← Chapters

နောက်ယောင်ခံ လိုက်ခံရခြင်း

Vol. 2 Ch. 17

နောက်ယောင်ခံ လိုက်ခံရခြင်း

Vol. 2 Ch. 17

သူတို့သည် ခရိုင်ရုံးချုပ်နှင့် ၅၀ ကီလိုမီတာ နီးပါး ဝေးကွာနေသေးသည်။ လမ်းခရီး တစ်လျှောက်တွင် သူတိူ့သည် သုံးကြိမ် လေးကြိမ်ခန့် ခရီးသွားယာဉ်များကို ပြောင်းစီးခဲ့ရသည်။ ခရိုင်ရုံးချုပ်ရှိရာသို့ သူတိူ့ ရောက်ရှိသွားချိန်တွင် ညနေ လေးနာရီခန့် ရှိနေပြီ ဖြစ်ရာ တစ်ညအိပ်ပြီးနောက် မနက်စောစောမှသာ ခရီးပြန်ဆက်ရန် တွန်းအား တစ်ခု ဖြစ်နေခဲ့သည်။

“ကောင်းပြီ အမေ သမီးရဲ့ ဦးဆောင်မှု နောက်ကိုပဲ လိုက်မယ်”

နီချွေ့ဟွာသည် ယခုအချိန်တွင် နီယန်အား အပြည့်အဝ ယုံကြည်နေပြီ ဖြစ်သည်။ အမေနှင့် သမီးဖြစ်သူသည် ကလေးငယ်လေးအား ခေါ်ဆောင်ကာ ခရီးဆက်ခဲ့သည်။ သူတိူ့သည် ဆင်းရဲသော အဝတ်အစားများနှင့် ကလေးပါ ပါနေသောကြောင့် သူခိုးငယ်လေးများသည် သူတိူ့အား အာရုံမစိုက်မည် မဟုတ်ပေ။

ညနေငါးနာရီ ရောက်သောအခါတွင် အမေနှင့် သမီးဖြစ်သူတိူ့သည် ခရိုင်ရုံးချုပ်ရှိရာသို့ နောက်ဆုံးတွင် ရောက်ရှိလာပြီ ဖြစ်သည်။ ခရိုင်ရုံးချုပ်သည် မြို့နယ်လေးထက်ပို၍ ချမ်းသာကြွယ်ဝသည်။ ယခုအချိန်ရောက်မှသာ နီချွေ့ဟွာသည် အမှန်တကယ် အရေးမပါသည်ကို ခံစားလိုက်ရသည်။ သူမသည် သူမ၏ ကလေးငယ်အား တင်းကျပ်စွာ ချီထားကာ နီယန်၏ အနားသို့ကပ်ကာ တစ်လှမ်းမှ မကွာပဲ လိုက်လာခဲ့သည်။

နီယန် ရှေ့မှ ဦးဆောင်သွားနေသည်ကို ကြည့်ပြီးနောက်တွင် သူမသည် နီယန်အား ကောင်းကောင်း မရင်းနှီးသကဲ့သို့ သူမ၏ နှလုံးသားထဲတွင် ခံစားလိုက်ရကာ ထို့နှင့်အတူ တွဲကာ ဂုဏ်ယူမိသလိုလည်း ခံစားလိုက်ရသည်။ သူမ၏ သမီးသည် သူမထက် ပို၍ လုပ်ကိုင်နိုင်စွမ်းရှိကာ အရည်အချင်း ရှိသည်။

နီယန်သည် သူတို့အတွက် တည်းခိုဆောင် တစ်ခုကို ရှာဖွေ ပေးနေခဲ့သည်။ ထိုအခန်းသည် နှစ်ယောက်ခန်းဖြစ်ကာ အခန်း အခြေအနေသည် သိပ်မကောင်းသော်လည်း ကျေးလက်နှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံနှင့် ငရဲပြည်အလား ကွာခြားလေသည်။ နီယန်သည် သူမ၏ အထုပ်အား ဗီရိုပေါ်သို့ တင်လိုက်ကာ အခန်းသော့အား ယူဆောင်ကာ နီချွေ့ဟွာအား ပြောလိုက်သည်။

“အမေ အရင်ဆုံး အခန်းထဲမှာ နားနေလိုက်အုန်း သမီး ရထား လက်မှတ် သွားဝယ်လိုက်အုန်းမယ် သမီးမှာ အခန်းသော့ ရှိတယ် ဘယ်သူပဲလာလာ အခန်းတံခါးကို လုံးဝ မဖွင့်လိုက်နဲ့နော်”

“ကောင်းပြီ”

နီချွေ့ဟွာသည် ခေါင်းငြိမ့်လိုက်ကာ ထပ်ပေါင်းပြောဆိုလိုက်သည်။

“ယန်ယန် သမီးဘာသာ လုပ်နိုင်ပါ့မလား အမေ သမီးနဲ့ လိုက်ခဲ့ပေးရမလား”

“မလိုပါဘူး အမေသာ ကောင်းကောင်း နားလိုက်ပါ သမီး မကြာခင် ပြန်လာခဲ့မယ်”

နီယန်သည် တံခါးနားရောက်သောအခါ သာမာန်ကာလျှံကာ တစ်ဖက်ရှိ တံခါးကို ဖွင့်ပြလိုက်ကာ ပြောလိုက်သည်။

“အမေ ဒါက အိမ်သာနော်”

“ကောင်းပါပြီ”

နီချွေ့ဟွာသည် မတ်တပ်ရပ်လိုက်ကာ ပြောလိုက်သည်။

“အမေသိပြီ ဂရုစိုက်သွားအုန်းနော်”

“အင်း”

နီယန်သည် တံခါးမကြီးအား ဖွင့်ကာ ထွက်ခွာသွားတော့သည်။ ဇွန်လတွင် ညနေ ငါးနာရီ ဖြစ်နေသော်လည်း နေမဝင်နိုင်သေးချေ။ အလွန် ပူအိုက်သော ကြောင့် လူများသည် ချွေးတစ်စို့စို့ဖြင့် ဖြစ်နေခဲ့ကြသည်။ နီယန်သည် သူမ၏ အတိတ်ဘဝမှ မှတ်ဉာဏ်များကြောင့် ရထားဘူတာရုံသို့ လျှင်မြန်စွာဖြင့် ရောက်ရှိလာခဲ့သည်။

ရထားဘူတာရုံသည် အနာဂတ်တွင် ပြင်ဆင်မွန်းမံမှုများ မကြာခဏ ပြုလုပ်ခဲ့သော်လည်း သူ၏ နေရာကိုတော့ မပြောင်းလဲခဲ့ပေ။ ဒီနှစ်များတွင် ရထားစီးသူ သိပ်မများသေးပေ။ နီယန်သည် လက်မှတ်ရုံသို့ ရောက်ရှိလာကာ ပြောလိုက်သည်။

“ရဲဘော် ကျွန်မ အိပ်စင် ပါတဲ့ လက်မှတ် နှစ်စောင်လိုချင်ပါတယ်”

လက်မှတ်ရောင်းသူသည် လူငယ်လေး တစ်ယောက်ဖြစ်ကာ အိပ်ပျော်လုနီးပါး ဖြစ်နေခဲ့သည်။ သူသည် အသံကြားသောအခါ သူ၏ မျက်လုံးများကို မဖွင့်ချင် ဖွင့်ချင်ပုံစံဖြင့် ဖွင့်လိုက်ကာ ပြောလိုက်သည်။

“ဘာလဲ ကျယ်ကျယ် ပြောပါ”

ယခုခေတ်တွင် ရထားလက်မှတ် ရောင်းသူသည် လက်ရှိ အစိုးရဝန်ထမ်း လုပ်နေသူများနှင့် အဆင့်အတန်း တူညီပေသည်။ ရထားဌာနကဲ့သို့ နိုင်ငံပိုင် အလုပ်ဌာန တစ်ခုတွင် အဆက်အသွယ်မရှိပဲ အလုပ်ရရန် မလွယ်ကူပေ။ အထူးသဖြင့် နီယန်၏ အဝတ်အစားများသည် နုံချာသောကြောင့် ကျေးလက်က လာသည်ကို ရှင်းလင်းစွာ သိနိုင်ပေသည်။ နီယန်သည် လက်မှတ်အရောင်းသမား၏ သဘောထားကို ဂရုမစိုက်ပဲ ပြုံးလျှက် ပြန်ပြောလိုက်သည်။

“မဂ်လာပါ ဘေကျင်းကိုသွားမဲ့ အိပ်စင်ပါတဲ့ ရထားလက်မှတ် နှစ်စောင်လိုချင်လို့ပါ”

ထိုကဲ့သို့ သူများအား ဒေါသထွက်ရန် မထိုက်တန်ပေ။ နီယန်သည် ဒေါသထွက်မဲ့အစား ယဉ်ယဉ်ကျေးကျေး ပြန်တုံ့ပြန်လာသည်ကို မြင်သော် လက်မှတ်ရောင်းသူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်. အထူးသဖြင့် ထိုကောင်မလေးသည် အလွန် လှပနေသောကြောင့် ဖြစ်သည်။ သူသည် သူ၏ အမြင်အာရုံ အားနည်းသည်ကို သူ့ဘာသူ ကျိန်ဆဲလိုက်မိသည်။ သူသည် သူမ မည်မျှ လှသည်ကို သတိမထားခဲ့မိပေ။

“မင်းမှာ မိတ်ဆက်စာ ပါလာလား”

ထိုလူ၏ သဘောထားသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

“ဟုတ်ကဲ့”

နီယန်သည် သူမ၏ အိတ်ကပ်ထဲမှ မိတ်ဆက်စာအား ထုတ်ယူလိုက်သည်။ လက်မှတ်ရောင်းသူသည် ထိုစာအား ကြည့်ပြီးနောက် ပြောလိုက်သည်။

“အားလုံး ၆၈ယွမ် ကျတယ်”

နီယန်သည် အကြွေများအား ထုတ်ယူကာ လက်မှတ် အရောင်းသမားသို့ ပေးလိုက်သည်။ ထို အကြွေစေ့ အများစုသည် တစ်ဆင့်နှင့် ငါးဆင့် တန်ဖိုးရှိကာ အကြီးဆုံး တန်ဖိုးရှိသည်ကတော့ တစ်ယွမ်ဖြစ်သည်။

၆၈ယွမ်သည် အကြွေအပုံလိုက်ကို ဖြစ်သွားစေခဲ့သည်။ နီယန်သည် စားသောက်ဆိုင်ပိုက်ရှင်ထံမှ ထမင်းစားပြီးနောက် အကြွေများ လဲလှယ်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ သူမသည် ပိုက်ဆံ အများကြီး ထုတ်ပြခဲ့လျှင် တစ်ခြားသူများ၏ အာရုံစိုက်မှုများကို သေချာပေါက် ဆွဲဆောင်မိပေလိမ့်မည်။ အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးကာ မိသားစုအား ထောက်ပံ့နေရသူဖြစ်သောကြောင့် မလိုလားအပ်သော အာရုံစိုက်မှုများကို မလိုချင်ခဲ့ပေ။

တစ်ခြားနေ့များတွင် လက်မှတ် အရောင်းသမားသည် ဒီလောက်များပြားသော အကြွေများအား မြင်လျှင် သေချာပေါက် ပျော်ရွှင်မည် မဟုတ်ပေ။ သို့သော် ယနေ့တွင်တော့ မတူညီပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ ရှေ့တွင် ရပ်နေသော သူသည် အရမ်းလှပသော မိန်းကလေး တစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူသည် လက်မှတ်ရောင်းနေသည်မှာ နှစ်နှစ်ကျော်နေပြီ ဖြစ်သော်လည်း ယခုလို လှကသော မိန်းကလေးအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။

ခေတ်ကာလနှင့် မဆိုင်ပဲ လှပသော အမျိုးသမီးများသည် အမြဲတမ်း အထူးပြုစုစောင့်ရှောက်မှုကို ရနိုင်သည်။ ရထားလက်မှတ်အား အောင်မြင်စွာ ဝယ်ယူပြီးနောက် နီယန်သည် လမ်းလျှောက်ပြန်လာခဲ့သည်။ အရာရာအားလုံး ချောချောမွေ့မွေ့ဖြင့် ပြီးဆုံးသွားသည်ကို တွေးရင်း နီယန်သည် မရည်ရွယ်ပဲ ပြုံးလိုက်မိသည်။

ညနေပိုင်း နေရောင်အောက်တွင် မိန်းမငယ်လေးတစ်ယောက်သည် အလင်းရောင်အား ဆန့်ကျင်လျှက် လမ်းလျှောက်လာကာ သူမ၏ နှုတ်ခမ်းပေါ်တွင်လည်း အပြုံးတစ်ခု ရှိနေခဲ့သည်။ သူမ၏ အသက်ရှုမှားလောက်သော အလှတရားသည် နောက်ခံအဖြစ်ရှိနေသော မြို့ပြ၏ ယာဉ်ကြောများကိုတောင် အရောင်မှိန်သွားစေခဲ့သည်။

သူမမသိခဲ့သည်မှာ ကလေကချေ လူရမ်းကား သုံးဦးသည် အဝေးမှ နေ၍ သူမအား မျက်စိကျနေသည်ကို ဖြစ်သည်။ ဤနေရာသည် ပျားပန်းခတ်မတတ် လူသည်ကားလှသော ခရိုင်မြို့ ဧရိယာအတွင်း ဖြစ်နေသောကြောင့်သာ သူတို့ လှုပ်ရှားရန် အခွင့်ရေး မရသေးခြင်း ဖြစ်သည်။

နီယန်သည် အထင်ကြီးလောက်စရာ ဝတ်စားဆင်ရင်ထားခြင်း မရှိသေးသော်လည်း အိပ်စင်ပါသော ရထားလက်မှတ် နှစ်စောင်အား မျက်တောင် မခတ်ပဲ ဝယ်ယူနိုင်သည်ကို ကြည့်ခြင်းအားဖြင့် သူမသည် ဆင်းရဲသား တစ်ယောက် ဘယ်လို ဖြစ်နိုင်မည်နည်း။ သူတို့သည် သူမထံမှ တစ်စုံတစ်ခု ညှစ်ထုတ်နိုင်လိမ့်မည်ဟု သေချာနေကြသည်။ မည်သို့ပင်ဆိုစေကာမူ သူမသည် အလွန် လှပလွန်းလှပေသည်။

ငယ်ရွယ်သော အမျိုးသမီးတစ်ယောက် သူမထံတွင် တစ်စုံတစ်ခု ဖြစ်ပျက်သွားခဲ့လျှင်တောင် အသံကျယ်လောင်စွာ အော်ဟစ်ရဲလိမ့်မည် မဟုတ်ပေ။ ယနေ့ခေတ်ကာလတွင် အမျိုးသမီးများသည် အလွန် ရှေးရိုးစွဲဆန်လွန်းလှကာ မိမိတို့၏ ဂုဏ်သိက္ခာကို အလွန် တန်ဖိုးထားကြသည်။ သာမာန်အမျိုးသမီးတစ်ယောက်သည် စော်ကားခံရပါက လူသိအောင်လုပ်မည်ထက် တိုးတိုးတိတ်တိတ် ထိခိုက်နာကျင် ခံစားနေလိမ့်မည် ဖြစ်သည်။ တစ်နည်းအားဖြင့် အနာဂတ်တွင် လက်ထပ်သွားသောအခါ သူတို့၏ ယောက္ခမမိသားစုမှ အထင်အမြင် သေးသွားနိုင်သောကြောင့် ဖြစ်သည်။

တစ်ချိန်ထဲတွင် မြို့နှင့် ကျေးလက်သည် အတော်လေး ကွာခြားပေသည်။ ကျေးလက်တွင်မူ နေ့စဉ်သုံးပစ္စည်းများ ဝယ်ယူခြင်းသည် ကူပွန် အမျိုးမျိုး လွန်အပ်သော်ငြားလည်း မြို့တွင်တော့ ငွေရှိလျှင် အကုန် အဆင်ပြေသည်။

ထို့ကြောင့် နီယန်သည် သောက်ရေ နှစ်ခွက် ဝယ်ယူခဲ့ကာ နို့မှုန့် တစ်ထုပ် နှင့် ဘီစကစ် အနည်းငယ် နှင့် အခြောက်အခြမ်း နည်းနည်း လမ်းခရီးအတွက် ဝယ်ယူလာခဲ့သည်။ နို့မှုန့်သည် သူမ၏ ညီမလေးအတွက် ဖြစ်ကာ နီချွေ့ဟွာသည် ကလေးမွေးဖွားပြီးနောက် လုံလောက်အောင် အနားမယူခဲ့ရသည့် အပြင် အာဟာရရှိသည့် အစားအစာများကိုလဲ မစားသောက်နိုင်ခဲ့သောကြောင့် နို့ထွက် မလုံလောက်ပေ။

ထို့အပြင် ရထားစီးပေါ်မှ ဆင်းပြီးနောက် သူတိူ့သည် ဓာတ်ရထား ထပ်စီးရအုန်းမည် ဖြစ်သည်။ လမ်းခရီး ကြမ်းတမ်းသည့် အပြင် သူတို့သည် အနည်းဆုံး နှစ်ရက်လောက် ခရီးဆက်သွားရန် လိုအပ်သည်။

နီယန်သည် သမဝါယမမှ ထွက်ခွာလာစဉ်တွင် တစ်စုံတစ်ခု မှားနေသည်ကို ခံစားလိုက်ရသည်။ သူမ၏ ထက်မြက်သော အာရုံခံမှုအရ သူမ၏ နောက်သို့ လူသုံးဦးလိုက်နေသည်ကို အလွယ်တကူ သိရှိနိုင်ခဲ့သည်။

နီယန်၏ နားများ အနည်းငယ် လှုပ်ခတ်သွားပြီးနောက် သူမသည် ခြေလှမ်းကို အရှိန်မြှင့် တင်လိုက်ပြီး လမ်းထောင့်သို့ ကွေ့သွားခဲ့ကာ သူမ၏ ပုံရိပ်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ ထိုကလေကချေ သုံးယောက်သည် နီယန်၏ ပုံရိပ် ပျောက်ကွယ်သွားသည်ကို မြင်သော် နားမလည်သောပုံစံဖြင့် အချင်းချင်း ပြန်ကြည့်လိုက်ပြီးနောက် လက်ထဲမှ ဆေးလိပ်တိုအား ပစ်လိုက်ကာ သူမ၏ နောက်သို့ လျှင်မြန်စွာ လိုက်သွားလိုက်သည်။

နီယန်သည် သူမ၏ လက်ထဲမှ ပစ္စည်းများအား နံရံထောင့်တွင် ဂရုတစိုက်ချလိုက်ကာ သူမ၏ ကိုယ်တွင် ဝှက်ထားသော ဓားမြှောင်အား ထုတ်ယူလိုက်ကာ သူမ၏ လက်ထဲတွင် ကိုင်ထားလိုက်သည်။ ထို့နောက် သူမသည် ထောင့်တွင်ရပ်ကာ သူမကိုယ်သူမ ခုခံကာကွယ်ရန် ပြင်ဆင်ထားလိုက်သည်။

သူမသည် ဓားမြှောင်အား ဓားအိမ်မှ ထုတ်မနေတော့ပေ။ အဘယ်ကြောင့်ဆိုသော် မလွဲသာမရှောင်သာ သွေးထွက်သံယို မဖြစ်သည်မှာ ပိုကောင်းသောကြောင့် ဖြစ်သည်။ ခြေသံများသည် နီးသထက် နီးလာခဲ့သည်။ နီယန်၏ နားရွက်များ အကြိမ်အနည်းငယ် လှုပ်ရှားသွားပြီးနောက်တွင် သူမသည် ဓားမြှောင်အား တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ကာ သူမ၏ မျက်လုံးများကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

သုံး.... နှစ် ...... တစ်

အခုပဲ သူမ၏ လက်မောင်းများအား လွှဲယမ်းလိုက်ကာ ပြေးထွက်လာသော လူရမ်းကား တစ်ယောက်အား ထိုးချလိုက်ကာ နောက်ပြန် ကန်ချက်ဖြင့် ထပ်၍ လှည့်ကန် လိုက်ပြီးနောက် သူမ၏ ခြေဖျားသည် ထိုသူ၏ မေးစေ့ကို တိတိကျကျ ထိမိသွားခဲ့သောကြောင့် ထိူလူရမ်းကားသည် မြေပေါ်သို့ လဲကျသွားသည်။

မျက်စိတစ်မှိတ် အတွင်း ကလေကချေ သုံးယောက်အနက် နှစ်ယောက်သာ ကျန်ခဲ့သည်။ နီယန်သည် မျက်လုံးများကို မှေးကျဉ်းလိုက်ကာ ကျန်ရှိသော လူရမ်းကား နှစ်ယောက်အား ဓားမြှောင်ဖြင့် တိုက်ခိုက်ရန် ချိန်ရွယ်လိုက်သည်။ သို့သော် ထို လူရမ်းကားသည် သူ့ကိုယ်သူ လှဲချလိုက်ကာ ငိုယို၍ သနားညှာတာမှု တောင်းခံရင်း ပြောလိုက်သည်။

“သူရဲကောင်းမလေး ကျွန်တော်တို့ မှားတာပါ ကျွန်တော် ကိုယ့်ဘာကိုယ် လှဲချလိုက်ပြပြီ ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်ကို နှစ်ယောက်ကို ချမ်းသာပေးပါ”

ထိုအမြော်အမြင်ရှိသော လူရမ်းကားသည် ဘယ်အချိန်တွင် နောက်ဆုတ်ရမည်ကို သိသည်။ ထို လူရမ်းကားသည် အရူးမဟုတ်ပေ။ သူသိသည်မှာ သူသည် ယခု ကြောက်မက်ဖွယ် ကောင်းလှသော ပြိုင်ဘက်နှင့် ရင်ဆိုင်နေရသည်ကိုသာ ဖြစ်သည်။ သို့သော် သာမာန် ကျေးလက်တောရွာမှ မိန်းကလေး တစ်ယောက်သည် အဘယ်ကြောင့် ဤမျှ ကျွမ်းကျင်မှုများ ရှိနေသည်ကို သူ နားမလည်နိုင်ခြင်း ဖြစ်သည်။

ထိုအရာသည် မယုံကြည်နိုင်ဖွယ် ကောင်းလှပေသည်။ နီယန်သည် ဓားမြှောင်အား သူမ၏ ရင်ဘတ် အတွင်းသို့ ဖြေးဖြေးချင်း ထည့်ကာ ဖွက်လိုက်ပြီးနောက် အေးစက်စွာ ပြောလိုက်သည်။

“မင်းတို့ ငါ့နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တုန်းက အဲ့ဒါကို မတွေးထားခဲ့ဘူးလား”

All Chapters