← Chapters

ရင်ဆိုင်ကြုံတွေ့ရခြင်း

Vol. 2 Ch. 18

ရင်ဆိုင်ကြုံတွေ့ရခြင်း

Vol. 2 Ch. 18

အကယ်၍ ယနေ့ သူမသည်သာ အင်အားမဲ့သော မိန်းကလေးငယ် တစ်ယောက်သာ ဖြစ်ခဲ့လျှင် ယခုအချိန်တွင် ပြင်ဆင်၍ မရနိုင်သော ဘေးဒုက္ခမျိုးကို ခံစားနေရလောက်ပြီ ဖြစ်သည်။

“ညီမလေး ကျွန်တော် နောက်ထပ် မလုပ်ရဲတော့ပါဘူး ကျေးဇူးပြု၍ ခွင့်လွှတ်ပေးပါ”

ထို လူရမ်းကားသည် ငိုယိုကာ သနားညှာတာပေးရန် တောင်းပန်နေခဲ့သည်။ ကျန်သော လူရမ်းကားနှစ်ယောက်သည်လည်း အလျှင်အမြန်ထကာ သူတို့ထက် ငယ်ရွယ်သော်လည်း အလွန် သန်မာလှသော မိန်းကလေး၏ ရှေ့တွင် ဒူးထောက်လိုက်ကြ၏။

နီယန်သည် ဓားမြှောင်ကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ကာ လူရမ်းကား သုံးယောက်အား အပေါ်စီးမှ ကြည့်ကာ ဟန်ဆောင် ပြုံးလိုက်ကာ ခါးကိုင်းလျှက် သူမ၏ သွယ်လျသော လက်အား လှမ်းထုတ်လိုက်ကာ ပြောလိုက်သည်။

“အဲ့ဒါကို ပေးလိုက်”

သူမသည် ပြုံးနေသော်လည်း သူမ၏ မျက်လုံးထဲတွင် အမှန်တကယ် ပြုံးနေသော အရိပ်အယောင် လုံးဝ မရှိနေခဲ့ပေ။ ထိုအစား အေးစက်စက် အလင်းရောင်များက အကြွင်းမဲ့ ခြိမ်းခြောက်နေသယောင် ပေါ်နေခဲ့သည်။

“ဘာ.....ဘာလဲ”

လူရမ်းကား တစ်ယောက်သည် ကြောက်လန့်တုန်လှုပ်လျက် မေးလိုက်သည်။

“နင့်လက်ထဲက တုတ်ချောင်းကို”

နီယန် လျစ်လျူရှုကာ ပြောလိုက်သည်။ ထို လူရမ်းကားသည် တုန်တုန်ယင်ယင်ဖြင့် သူ၏ လက်ထဲမှ တုတ်အား နီယန်အား လှမ်းပေးလိုက်သည်။ အမှန်တကယ်တော့ ထိုအရာသည် တုတ်ချောင်း တစ်ချောင်း မဟုတ်ပေ။ သံပိုင်းလုံး တစ်ချောင်းစစ်စစ်သာ ဖြစ်သည်။ ထိုသံပိုက်လုံးသည် နှစ်လက်မခန့် ထူသည်။

နီယန်သည် သံပိုက်လုံးအား သူမ၏ လက်နှစ်ဖက်ဖြင့် ညင်သာစွာကွေးလိုက်ရာ တိုးဖျော့သော အသံ တစ်ခု ထွက်ပေါ်လာသည်နှင့် အတူ သံပိုက်လုံးသည် သူမကြောင့် နှစ်ပိုင်း ကျိုးသွားခဲ့သည်။ လူရမ်းကား သုံးယောက်သည် မျက်လုံးများ ပြူးကျယ်သွားကြကာ သူတိူ့၏ ရှေ့တွင် မြင်နေရသည်များကို မယုံကြည်နိုင် ဖြစ်သွားကြသည်။ သူတိူ့၏ နောက်ကျောမှ ချွေးအေးများ စီးကျလာခဲ့သည်။

သံပိုက်လုံးအား ယခုလို လွယ်လင့်တကူ ချိုးနိုင်ရန် မည်မျှ ကြောက်စရာကောင်းသော သန်မာသော ခွန်အားကို လိုအပ်ပါသနည်း.......

ဒီကောင်မလေးက ဘယ်သူများလဲ.......

သို့သော် သံပိုက်လုံးအား ချိုးခဲ့သော သူကတော့ အေးဆေး တည်ငြိမ်ကာ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်အား ထင်ကျန်စေ ပြီးနောက် လူရမ်းကားများအား ပြောလိုက်သည်။

“အကယ်၍ မင်းတို့ နောက်ထပ် ဒီမြို့က မိန်းကလေးတွေကို နှောင့်ယှက်နေတာ ငါထပ်ပြီး တွေ့ခဲ့ရင် မင်းတို့ရဲ့ ကံကြမ္မာက ဒီသံပိုက်လုံးလို ဖြစ်သွားမယ်”

“နားလည်လား”

သူမ၏ လေသံသည် အေးစက်ကာ ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီး သူမ၏ တည်ရှိမှုသည် ဩဇာြကီးမားလွန်းလှသည်။ သူမသည် သာမာန် မိန်းကလေး တစ်ယောက် မဟုတ်ဘဲ သူမ၏ ပုံစံသည် အတွေ့အကြုံများစွာ ရှိဖူးသော ရာထူးမြင့်ပုဂ္ဂိုလ်တစ်ဦးနှင့် တူနေခဲ့သည်။

“နားလည်ပါတယ် နားလည်ပါတယ်”

လူရမ်းကားများသည် ကြောက်လွန်းသောကြောင့် သူတို့၏ မျက်နှာများ ဖြူဖျော့နေကာ တုန်တုန်ရီရီဖြင့် ပြန်လည် ဖြေကြားလိုက်သည်။ နီယန်သည် ပိုက်လုံးအား မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီးနောက် ပြောလိုက်သည်။

“နားလည်ပြီဆိုတာ သေချာရင် ထွက်သွားစမ်း”

သူမ၏ စကားအား ကြားလိုက်သောအခါ လူရမ်းကားများသည် ဝန်ထုပ်ဝန်ပိုး တစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ ခံစားလိုက်ရကာ ချက်ချင်း အဝေးသို့ ထွက်ပြေးသွားကြသည်။ နီယန်သည် အချိန်ဆွဲမနေရဲပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏ မိခင်ဖြစ်သူနှင့် ညီမလေးတို့သည် သူမအား တည်းခိုဆောင်တွင် စောင့်ဆိုင်းနေသော သူမသည် ချက်ချင်း လှည့်ထွက်သွားလိုက်သည်။

သူမ မသိလိုက်သည်မှာ သူမ ထွက်သွားပြီး မကြာခင်မှာပင် အရပ်ရှည်ရှည် လူတစ်ယောက်နှင့် အရပ်ပုသော လူတစ်ယောက်တို့၏ ပုံရိပ် နှစ်ခုသည် လူသူကင်းမဲ့သော နောက်ဖေး လမ်းကြားထဲတွင် ပေါ်လာခဲ့သည်။

ထိုလူနှစ်ဦးထဲမှ တစ်ယောက်သည် အရပ်ရှည် သွယ်လျကာ သူ၏ လက်နှစ်ဖက်အား အိတ်ကပ်ထဲထည့်ကာ ရပ်နေခဲ့ကာ ပေါ့ပေါ့ပါးပါး ရပ်နေခဲ့သည်။ သူထံမှ မယုံကြည်နိုင်လောက်အောင် လွှမ်းမိုးချုပ်ကိုင်နိုင်သော အော်ရာ အရှိန်အဝါ တစ်ခု ဖြာထွက်နေခဲ့သည်။ စစ်တပ်ဦးထုပ်တစ်လုံး ဆောင်းထားကာ ထိုဦးထုပ်အောက်မှ မျက်လုံးများသည် အန္တရာယ်ရှိသော အရိပ်အယာင်များ ပေါ်နေခဲ့သည်။ သူ၏ နှုတ်ခမ်းသည် သိသိသာသာ တွန့်ကွေးကာ ပြုံးသယောင်ဖြစ်သွးသော်လည်း သူ မည်သည်ကို တွေးနေသည်ကို မသိနိုင်ပေ။ ထိုလူနှင့် မည်သူကမှ မယှဉ်နိုင်ကြောင်း မည်သူမဆို သိနိုင်ပေသည်။ ထိုလူနှစ်ဦးသည် ဖြင်ပျက်သွားသမျှအား အနည်းငယ်မှ မကျန်စွာ အကုန်လုံး မြင်တွေ့လိုက်ရသည်။ အရပ်ပုသော သူသည် ရှေ့သို့ ပြေးသွားကာ မြေကြီးပေါ်တွင် ကျနေသော အဖြူရောင် လက်မှတ်တစ်ခုအား ကောက်ယူလိုက်သည်။

“တတိယအစ်ကို ဒါက ဟိုမိန်းကလေး ကျကျန်ခဲ့တာနေမယ်”

ထိုလူသည် လက်မှတ်အား ယူလိုက်ကာ သူ၏ နှုတ်ခမ်းထောင့်များ ကွေးသွားကာ

“ဘေကျင်း”

ဟုပြောလိုက်သည်။ လီရှန်းရှန်းသည် သူမအား ရှာမတွေ့သည်မှာ မထူးတော့ပေ။ သူမသည် သူ့အား ရှာရန် ဘေကျင်းအား လျို့ဝှက်စွာ သွားနေသောကြောင့် ဖြစ်သည်။ သာမာန် မိန်းကလေး တစ်ဦးသည် ရထားလက်မှတ်ဝယ်ရန် မည်သည့်နေရာမှ ပိုက်ဆံ ရသနည်း။ ပြီးနောက် ဘေကျင်းသို့ တစ်ယောက်ထဲ ပြေးလာရန် မည်မျှ သတ္တိရှိသနည်း။

အရာအားလုံးသည် သူမ၏ အကြံစည်များ မဟုတ်ခဲ့လျှင် ....... သူ့အား ကယ်တင်မည် သူ့နာရီအား ခိုးယူထားမည် သာမာန်အတိုင်း ဘေကျင်းသို့ သွားမည် ထို့နောက် သူ့စီ လာကာ သူ၏ အိမ်ဟောင်းတွင် နေမည်။ သူ့ အဖိုးအဖွားများ၏ ရှေးဟောင်း အတွေးအခေါ်များဖြင့် သူတိူ့သည် သူနှင့် သူမအား လက်ထပ်ပေးကာ မိုမိသားစု၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာစေမည်။

ထိုလူသည် ဘေကျင်းမှ မိုဘိုင်ချွန်း ဖြစ်ကာ မိုမိသားစု၏ တတိယသား ဟုလည်း လူသိများကြပြီး နီယန် တောင်ပေါ်တွင် ကယ်ခဲ့ရသော သူလည်း ဖြစ်သည်။ မိူဘိုင်ချွမ်းသည် ရထားလက်မှတ်အား တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများတွင် အန္တရာယ်များသော အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ သူ၏ ဘေးမှ အရပ်ပုပု အမျိုးသားထံသို့ ခေါင်းအားလှည့်ကာ ပြောလိုက်သည်။

“ဒီလက်မှတ် သူ့ကို ပြန်ပေးလိုက်”

သူသည် နီယန်ကို မည်သူ သူ့ထံ လွှတ်လိုက်သည်အား သိချင်မိသည်။ သူမသည် သူ၏ လှုပ်ရှားမှုများအား တွက်ချက်ရဲသည့် သတ္တိရှိသည်။ သူမသည် အမှန်တကယ် သူ့အား ရှာဖွေရန် ဘေကျင်းသို့ သွားရဲကာ သူမ အလွန် ဇွဲရှိလေသည်။

ပြန်တွေးကြည့်ရလျှင် အခြေအနေသည် အစကတည်းက ထူးဆန်းနေခဲ့သည်။ သူ လိုက်ဖမ်းခံရလို့ ပြေးနေရချိန်တွင် ထို ကျေးလက်တောရွာမှ မိန်းကလေးအား တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။ ပို၍ ထူးဆန်းသည်မျာ ထို ကောင်မလေးသည် သူအား သေရေးရှင်ရေး ဖြစ်နေသော အချိန်တွင် သူ့အား ကူညီခဲ့သည်။ သေချာစဉ်းစားရလျှင် တောင်ပေါ်တွင် ကြီးပြင်းလာသည် ကျေးလက်တောရွာမှ မိန်းကလေး တစ်ဦးသည် ထိုမျှလောက် စကားပြော ကျွမ်းကျင်ကာ မည်သို့သော သတ္တိရှိနိုင်မည်နည်း။

မိုဘိုင်ချွမ်း၏ အကြည့်ထဲတွင် စိတ်ရှုပ်ထွေးမှုများ ဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ ဘဝတွင် ပထမဆုံး အကြိမ် အဖြစ် ငယ်ရွယ်သော မိန်းကလေး တစ်ဦးထံမှ အကွက်ချ ကြိုတင်စီစဉ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်.။ ထန်ရှီသည် သဘောမပေါက်သော အကြည့်ဖြင့် ကြည့်လိုက်ကာ လက်မှတ်အား ယူလိုက်ရင်း ပြောလိုက်သည်။

“တတိယအစ်ကို အခု သူ့ကို ကျွန်တော်က လက်မှတ် သွားပေးရမှာလား”

ထန်ရှီနှင့် မိုဘိုင်ချွမ်းသည် ဘေကျင်းမှ ခြံဝင်း အကြီးကြီးတွင် အတူတကွ ကြီးပြင်းလာခြင်း ဖြစ်သည်။ မိုဘိုင်ချွမ်းသည် သူ့ထက် သုံးနှ်စကြီးကာ ပို၍ လုပ်ဆောင်နိုင်မှု များလေသည်။ စစ်တဣသိုလ်မှ ဘွဲ့ရပြီးနောက်တွင် ထန်ရှီသည် မိုဘိုင်ချွမ်း၏ နောက်တွင် အမြဲ ရှိနေခဲ့သည်။ ထန်ရှီသည် မိုဘိုင်ချွမ်းမှ ယခု တွေ့လိုက်ရသော အမျိုးသမီးအား သိသည်ကို သေချာပေါက် ပြောနိုင်သည်။ ယခုလို အချိန်မျိုးတွင် တတိယအစ်ကို ကိုယ်တိုင် ရထားလက်မှတ် သွားပေးခြင်းဖြင့် အလှလေး၏ နှလုံးသားအား ရယူနိုင်ပေလိမ့်မည်။ အဲ့အစား ဘာကြောင့်များ သူ့အား ပေးခိုင်းနေရသနည်း။

တတိယအစ်ကိုသည် အတော် အသက်ကြီးနေပြီ ဖြစ်ကာ ယခုအချိန်ထိ ဇနီး တစ်ယောက်မှ မရှာတွေ့သေးချေ။ သူ၏ ကောင်းမွန်သော ကံကြမ္မာအား နှောင့်နှေး မနေစေသင့်ပေ။

“တတိယအစ်ကို အကို့ဘာသာ ဘာလို့ သွားမပေးတာလဲ”

ထန်ရှိသည် မိုဘိုင်ချွမ်း၏ လက်ထဲအား ပြန်ထည့်ပေးလိုက်ကာ တီးတိုး ပြောဆိုလိုက်သည်။

“အကယ်၍ ကျွန်တော် သွားပေးလိုက်လို့ သူက ကျွန်တော့်ကို မှားယောင်ပြီး ကြိုက်သွားရင် ဘယ်လိုလုပ်ကြမလဲ”

သူသည် တခြားသူများ၏ အချစ်ရေးကို မနှောင့်ယှက်ချင်ပေ။

“အကယ်၍ သူသာ မင်းကို ကြိုက်သွားရင် မင်း သူ့ကို လက်ထပ်လိုက်ပေါ့”

မိုဘိုင်ချွမ်း သူ့အား အလျှင်အမြန် ကန်လိုက်ကာ ပြောလိုက်သည်။

“အဓိပ္ပာယ် မရှိတဲ့ စကားတွေ ပြောတာ တော်လိုက်တော့”

နီယန်သည် သေချာပေါက် သူ့အား လာရှာခြင်း ဖြစ်ပေသည်။ သူမသည် ဘယ်လိုလုပ် ထိုရေတပ်ကောင်လေး ထန်ရှီအား ကြိုက်နှစ်သက်နိုင်မည်နည်း။ သို့သော် အခုချိန်တွင် နီယန်အား ဘေကျင်းသို့ လုံခြုံအောင် ရောက်ခွင့်ပေးပြီး သူမ အမှန်တကယ် ဘာလုပ်မည်ဆိုတာကို ရှာဖွေရုံသာ ရှိတော့သည်။ ထန်ရှီသည် သူ၏ နောက်ဘက်အား ပွတ်လိုက်ကာ နီယန် ပျောက်ကွယ်သွားသော ဦးတည်ချက်အတိုင်း ထော့နဲ့ထော့နဲ့ ဖြစ် ထွက်သွားလိုက်သည်။

“ရဲဘော် ရဲဘော် ရှေ့က ရဲဘော် ခဏလေးနေပါအုန်း”

ထန်ရှိသည် ပြေးလိုက်လာကာ ခေါ်လိုက်သည်။ နီယန်သည် အစထဲက သူမ၏ နောက်သို့ တစ်စုံတစ်ယောက် လိုက်လာနေသည်ကို သတိထားမိသည်။ သူမသည် တွေဝေစွာ နောက်သို့ လှည့်ကြည့်လိုက်ကာ ပြောလိုက်သည်။

“ကျွန်မကို ခေါ်နေတာလား”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ် “

ထန်ရှိသည် ရပ်လိုက်ကာ အသက်ကို လုရှုနေရသည်။

“မင်းက ရဲဘော် နီချွေ့ဟွာ မဟုတ်လား”

နီယန် ခေါင်းအား ခါလိုက်ပြီး ပြောလိုက်သည်။

“မဟုတ်ဘူး ကျွန်မက နီချွေ့ဟွာ မဟုတ်ပေမဲ့ သူမကိုတော့ သိတယ်”

ထိုအချိန်မှသာ ထန်ရှီသည် နီယန်၏ မျက်နှာအား ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ သူသသည် အသက်ရှုမှားသွားကာ ရပ်နေရင်းမှ လက်မှတ်အား ရှက်ကိုးရှက်ကန်းဖြင့် ပေးလိုက်ရင်း ပြောလိုက်သည်။

“ကောင်းပြီ မင်းသူ့ကို သိတယ်ဆိုရင်လည်း ပြီးတာပါပဲ အဲ့ရဲဘော်ရဲ့ လက်မှတ်ကို မင်းကျသွားလို့”

ထန်ရှီသည် ဘေကျင်းလို မြို့တော်တွင် ကြီးပြင်းလာခဲ့သော်လည်း ခေတ်မှီသော အမျိုးသမီးများ ဂုဏ်သိက္ခာကြီးမားသော မိသားစုများမှ သမီးပျိုများအား မြင်တွေ့ဖူးသည်. သို့သော် နီယန်ကဲ့သို့ လှပသော အလှပဂေး တစ်ဦးအား မည်သို့သော အခါမှ မမြင်ခဲ့ဖူးပေ။ ‘လှပသည်’ ဟူသော် စကားလုံးသည် သူမ၏ အလှအား ဖော်ပြပေးရန် မလုံလောက်သည်မှာလည်း ဖြစ်နိုင်ပေမည်။

နီယန်သည် သူ၏ အိတ်အား ချက်ချင်း စစ်ကြည့်လိုက်သည်။ ထိုအစား သူမ၏ လက်မှတ်တစ်စောင်သည် ပျောက်ဆုံးနေခဲ့သည်။ သူမ ထန်ရှိအား ကျေးဇူးတင်စကား ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

အကယ်၍ သူသာ သူမ၏ ရထားလက်မှတ်အား ပြန်မပေးခဲ့လျှင် မနက်ဖြန် ထွက်မည့် ရထားအတွက် အချိန်မှီ နောက်ထပ် တစ်စောင် ဝယ်နိုင်လိမ့်မည် မဟုတ်ပေ။

“မဟုတ်တာ ပြသာနာ မရှိပါဘူး ရပါတယ်”

ထန်ရှီ ရှက်ရွံ့သွားခဲ့သည်။ ထိုအချိန်တွင် ‘လမ်းပေါ်တွင် ပိုက်ဆံ ကြေးပြား တစ်ပြား တွေ့ခဲ့လျှင် ရဲကို ပေးလိုက်ပါ’ ဟူသော စကားစုသည် အိမ်ထောင်စုတိုင်းတွင် ပြောကြသော လက်သုံးစကား ဖြစ်ကာ လူတိုင်းသည် ခေတ်နောက်ကျကာ အနာဂတ်မှ လူများကဲ့သို့ လိမ်လည် လှည့်ဖျားသူမျိုး မှရှိပဲ ရိုးသားကြသည်။ နီယန် ရထားလက်မှတ်အား ယူကာ ပြုံးလျှက် ပြောလိုက်သည်။

“မိတ်ဆွေ ရှင်က ကွန်မကို အတော် အကူညီပေးခဲ့တာပဲ ရှင့်ကို ခေါက်ဆွဲ တစ်ပန်းကန်နဲ့ ဧည့်ခံရင် ဘယ်လိုလဲ “

ထိုခေါက်ဆွဲဆိုင်သည် အနီးအနားတွင် ရှိနေခဲ့ကာ နီယန်သည် တစ်ပါးသူအပေါ် မည်သည့် အကြွေးမှ မတင်ချင်ခဲ့ပေ။

All Chapters