← Chapters

ခရီးသစ် စတင်ခြင်း

Vol. 2 Ch. 19

ခရီးသစ် စတင်ခြင်း

Vol. 2 Ch. 19

ထိုစကားအား ကြားသောအခါ ထန်ရှီသည် ရုတ်တရက် သူ၏ နှလုံးသားထဲမှ ထိတ်လန့်သွားခဲ့သည်။

အခြေနေမကောင်းဘူး

နီယန်သည် သူ့အား အမှန်တကယ် စိတ်ဝင်စားနေသည်လော..... အဲ့လိုမဟုတ်ရင် ဘာကြောင့်များ သူ့တစ်ယောက်ထဲ ညစာစားဖို့ ဖိတ်ရတာလဲ.....

ဒီမိန်းကလေးသည် သူ၏ တတိယအစ်ကို ပိုင်ဆိုင်တာ ဖြစ်သည်။ သူ သွား၍ မရှုပ်ရဲပါချေ။

“မလိုပါဘူး မလိုပါဘူး”

ထန်ရှီသည် ချက်ချင်း ငြင်းဆိုလိုက်ကာ သူ၏ တင်ပါးအား ပိတ်ကာ ထော့နဲ့ ထော့နဲ့ဖြင့် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။ နီယန် ထန်ရှီအား တိတ်တဆိတ် ကြည့်လိုက်မိသည်။ သူမ၏ ပုံသဏ္ဍာန်က အရမ်းကြောက်ဖို့ ကောင်းနေသည်လား.....

သူပြေးသွားသည်မှာ ယုန်ထက်ပင် မြန်နေသေးသည်။ ထန်ရှီသည် မိုဘိုင်ချွမ်းထ့သို့ အပြေးအလွှား ပြန်သွားခဲ့ကာ ပြောလိုက်သည်။

“တတိယအစ်ကို ကျွန်တော် လက်မှတ်ကို အမျိုးသမီး ရဲဘော်စီကို ပြန်ပေးလိုက်ပြီ”

“အင်း’

မိုဘိုင်ချွမ်းသည် ခေါင်းငြိမ့်လိုက်ကာ ထပ်ပြောလိုက်သည်။

“ဘေကျင်းကို ပြန်တဲ့ ရထား လက်မှတ် နှစ်စောင် သွားဝယ်လိုက်”

ဘေကျင်းကို ပြန်ရမယ်......

ထိုစကားအား ကြားသောအခါ ထန်ရှီသည် မိုဘိုင်ချွမ်းအား အံ့အားသင့်စွာ ကြည့်လျှက် ပြန်မေးလိုက်သည်။

“တတိယအစ်ကို ကျွန်တော်တို့ ဒမ်ကျေးရွာကို မသွားတော့ဘူးလား “ကျွန်တော်တို့ အခုပဲ ဘေကျင်းကနေ ရထားစီးပြီး ရောက်လာတာလေ အခုပဲ ထပ်ပြီး ဘေကျင်းကို ပြန်ရမယ်တဲ့လား “

သူ ဘာလုပ်ချင်နေတာလဲ......

သူ ပျော်နေလို့ လျှောက်ပြေးချင်နေတာလား......

“ငါတို့ မသွားတော့ဘူး “

မိုဘိုင်ချွမ်းသည် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်ကာ ထပ်ပြောလိုက်သည်။

“ငါတို့ အခြေစိုက် စခန်းကို တန်းပြန်မယ် “

လူတိုင်းသည် ဘေကျင်းသို့ စိတ်အားထက်သန်စွာ သွားပြီဖြစ်သည်။ ဒမ်ကျေးရွာသို့ သွားရန် အဓိပ္ပာယ်မရှိတော့ပေ။

“လူတစ်ယောက်ကို ရှာဖို့ ထွက်လာတာ မဟုတ်ဘူးလား သူ့ကိုမရှာပဲ အခု အခြေစိုက်စခန်းကို တန်းပြန်ကြမှာလား”

ထန်ရှီ တွေဝေစွာဖြင့် မေးလိုက်သည်။

“ဘာလဲ..... ငါ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး မင်းမှာ ပြသာနာရှိလို့လား"

မိုဘိုင်ချွမ်း ထန်ရှီအား သာမာန် အကြည့် တစ်ချက်ဖြင့် ကြည့်လိုက်သည်။ ထိုသာမာန် အကြည့်တစ်ချက်ကပင် ထန်ရှီအား ကျောချမ်းသွားစေရန် လုံလောက်နေခဲ့သည်။

“မဟုတ်ပါဘူး မဟုတ်ပါဘူး အခြေစိုက်စခန်းကို ပြန်ကြတာပေါ့.... အခုချက်ချင်း အခြေစိုက်စခန်းကို ပြန်ကြမယ်”

အကယ်၍ သူ့တွင် သတ္တိရာချီ ရှိခဲ့လျှင်တောင် သူ၏ တတိယအစ်ကို ဖြစ်သူ ဆုံးဖြတ်ချက်အား မေးခွန်းထုတ်ဝံ့လိမ့်မည် မဟုတ်ပေ။ အခုချိန်တွင် ထန်းရှီ၏ စိတ်အတွင်းတွင် ရဲတင်းသော သံသယတစ်ခု ဝင်လာခဲ့သည်။ တတိယအစ်ကို ဘေကျင်းအား ပြန်ခြင်းသည် ဆွဲဆောင်မှုရှိသော ထိုအမျိုးသမီး ရဲဘော်ကြောင့် ဖြစ်ပေမည်။ ထို လှပသော ရဲဘော်မိန်းကလေးသည် တတိယအစ်ကို ရှာနေသောသူ ဖြစ်နိုင်ပေသည်။

**

နီယန်သည် အနီးအနားတွင်ရှိနေသော စားသောက်ဆိုင်ငယ်လေးကို သွားလိုက်ကာ အစားအစာအချို့အား ထုပ်ပိုးကာ တည်းခိုဆောင်သို့ ယူလာခဲ့သည်။ သူမ တည်းခိုဆောင်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် သူမ၏ ညီမလေးသည် နှစ်နှစ်ခြိုက်ခြိုက် အိမ်မောကျနေခဲ့သည်။ နီချွေ့ဟွာသည် သန့်စင်ခန်းမှ ထွက်လာခဲ့ကာ နီယန်အား စိုးရိမ်နေသော အကြည့်ဖြင့် ကြည့်လိုက်ကာ ပြောလိုက်သည်။

“ယန်ယန် အမေ ရေချိုးချင်လို့ ဒါပေမဲ့ ဒီမှာ ရေစည်ပိုင်း မရှိဘူး ဘယ်လိုလုပ်ရမလဲ”

နီယန်သည် အစားအစာများအား စားပွဲပေါ်သို့ တင်ကာ နူးညံ့စွာ ပြောဆိုလိုက်သည်။

“အမေ ခဏလေး သမီးကြည့်လိုက်မယ်”

ထိုခေတ်ကာလတွင် ရေချိူးခန်းများတွင် ခြေနှင်းဖြင့် ရေကျအောင် လုပ်ထားကြခြင်း ဖြစ်သည်.။ နီယန် အတွက်တော့ ထိုကဲ့သို့ ရေချိုးခန်းမျိုးသည် မစိမ်းသက်လှပေ။ သို့သော် နီချွေ့ဟွာ ကဲ့သို့ ခရိုင်မြို့လို့နေရာကို အခုချိန်မှ ရောက်ဖူးသော ကျေးလက်က အမျိုးသမီး တစ်ဦး အတွက် ထိုအရာသည် အလွန် စမ်းသက်နေခဲ့သည်။ ခဏတာအတွင်း သူမသည် လက်ခံရန် ခဲယဉ်းနေခဲ့သည်။

“အမေ ဒါက ဒီလို လုပ်ရတာ ဒါကို ရေပန်းလို့ခေါ်တယ် အမေက ဒီ ခြေနင်းကို နင်းလိုက်တဲ့ အချိန်ကျရင် ရေတွေ ပန်းထွက်လာလိမ့်မယ် ဒီအောက်မှာ ရပ်နေပြီး ရေချိုးလို့ရတယ်”

နီချွေ့ဟွာသည် မျက်မှောင် ကြုတ်လျှက် ပြောလိုက်သည်။

“မကောင်းဘူး မကောင်းဘူး အဲ့ဒါက ရေကို ဖြုန်းတီးနေတာ”

သူမသည် ပင်ကိုအားဖြင့် ချွေတာတတ်သော သူတစ်ဦး ဖြစ်သည်။ နီယန်သည် ပြုံးလိုက်ကာ ဆက်ပြောလိုက်သည်။

“ဒီလို ရေချိုးရတာက သန့်ရှင်းသလို ပိုပြီးလဲ အဆင်ပြေတယ် ဒီလိုမျိုးက မြို့ပေါ်မှာ အသုံးအရမ်းများတယ် မြန်မြန် သွားရေချိုးလိုက်ပါ အမေ ရေချိုးပြီး ရင် သမီးတို့ စားရအောင် မနက်ဖြန် ရထားစီးဖို့ သမီးတို့ စောစော ထရအုန်းမယ်”

“ကောင်းပြီ “

နီချွေ့ဟွာသည် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

“ယန်ယန် အမေတို့ ရေချိုးဆပ်ပြာအတွက် ပိုက်ဆံ ပေးရမှာလား ဘယ်လောက်ကျလဲ”

နီယန် သူမ၏ ခေါင်းအား ခါလိုက်ကာ

“အဲ့ဒါတွေ အတွက် ပိုက်ဆံမပေးရပါဘူး အမေ ကြိုက်လောက် သုံးလို့ရတယ် “

ဟု ပြန်လည်ပြောဆိုလိုက်သည်။

“တကယ်လား”

နီချွေ့ဟွာသည် ဝမ်းသာအားရ ပြောဆိုလိုက်ကာ

“အဲ့ဒါဆို အမေ ခေါင်းပါ လျှော်လိုက်အုန်းမယ်”

နီယန်သည် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ”

နီချွေ့ဟွာ အလျှင်အမြန် လုပ်လိုက်သည်။ တစ်နာရီ မပြည့်ခင်မှာပင် သူမသည် ရေချိုးခန်း အတွင်းမှ ထွက်လာခဲ့ကာ ပြုံးလျှက်ဖြင့်

“ယန်ယန်ရေ အဲ့အရာက ရေတွေကို အလဟဿ ဖြစ်စေတယ်ဆိုပေမဲ့ အမေ ဝန်ခ့ပါတယ် သုံး၇တာ အရမ်းအဆင်ပြေတယ် အမေ့ဘဝမှာ တစ်ရက်ရက် မြို့တော်က လူတွေသုံးတာတွေကို အမေ သုံးရလိမ့်မယ်လို့ အိပ်မက်တောင် မမက်ခဲ့ဖူးဘူး”

နီယန်သည် အစားအစာများအား ပြင်ဆင်လိုက်ကာ ဘေးစားပွဲပေါ်မှာ ရှိနေသော ဆံပင်အေခြောက်ခံစက်အား တစ်ချက်ကြည့်လိုက်ကာ ပြောလိုက်သည်။

“အမေ ဒီနားကိုလာ အမေ့ ဆံပင်တွေ ခြောက်သွားအောင် သမီးလုပ်ပေးမယ်”

ဆံပင် အခြောက်ခံစက်များသည် လွတ်လပ်ရေး မရခင် အချိန်ကတ်ညးက ရှိနေခဲ့သော်ငြားလည်း ကျေးလက်သို့ မရောက်ရှိသေးပေ။

“အခြောက်ခံတာ”

နီချွေ့ဟွာသည် တွေဝေစွာ မေးလိုက်သည်။

“ဘယ်လို အခြောက်ခံတာလဲ”

နီယန်သည် ထူးခြားဆန်းကြယ်သယောင် ဖြစ်စေသည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

“အမေ ဒီနားကို လာတဲ့ အခါ သိလိမ့်မယ်”

နီချွေ့ဟွာသည် ရွေးချယ်စရာမရှိပဲ ရှေ့သို့သာ တိုးလာရတော့သည်။ နီယန်သည် ဆံပင်အခြောက်ခံစက်အား ဖွင့်လိုက်သောအခါ ချက်ချင်း တဝီဝီ မြည်သော အသံ ထွက်ပေါ်လာခဲ့သည်။ တစ်ချိန်ထဲမှာပင် ပူနေသော လေများသည် နီချွေ့ဟွာ၏ မျက်နှာသို့ ရောက်ရှိ တိုက်ခတ်လာသောကြောင့် သူမသည် ထိတ်လန့်ကာ မတ်တပ်ရပ်လိုက်မိသည်။

“ဘုရားရေ ဘာဖြစ်တာလဲ”

နီယန်သည် ရီမောလိုက်ကာ ရှင်းပြလိုက်သည်။

“အမေ ဒါက ဆံပင်အခြောက်ခံစက်ပဲ ကြည့်လိုက် လေပူတွေကို ထုတ်ပေးတယ် အဲ့ဒါက ဆံပင်ကို အခြောက်ခံဖို့ အထူး ဒီဇိုင်း ထုတ်ထားတာ “

ရှင်းပြနေချိန် တစ်ချိန်ထဲ အတွင်းမှာပင် နီယန်သည် နီချွေ့ဟွာ၏ ဆံပင်အား ခြောက်အောင် မှုတ်ပေးနေလိုက်သည်။ အံ့အားသင့်နေသော အမူအရာဖြင့် နီချွေ့ဟွာသည်

“မြို့မှ ာရှိတဲ့ သူတွေရဲ့ အတွေးအခေါ်က ဘာလို့ ဒီလောက် တော်နေရတာလဲ ဒါနဲ့ ယန်ယန် သမီးက ဒါတွေအကုန်လုံးကို ဘယ်လိုသိတာလဲ”

သူမသည် အရင်က ထိုအရာများအား မမြင်ဖူးသလို နီယန်သည်လည်း မမြင်ဖူးဘူးဟု ယူဆသည်။ ထို့ကြောင့် နီယန်သည် ရေချိုးနည်းများ ဆံပင်အခြောက်ခံစက် အသုံးပြုနည်းများအား မည်ကဲ့သို့ သိနေသနည်း။ နီယန် လိမ်လည်လိုက်သည်။

“သမီး ဒါတွေ အကုန်လုံးကို စာအုပ်တွေထဲကနေ သင်ယူထားတာ”

သူမသည် ပြန်လည်မွေးဖွားလာသည်ကို သူမအမေကို ပြန်မပြောပြနိုင်ပေ။ နီချွေ့ဟွာသည် စာပေမတတ်မြောက်သောကြောင့် သူမသည် သဘာဝအတိုင်း ကျောင်းသုံး ဖတ်စာအုပ်များတွင် သင်သည်များကို မသိပေ။ သူမသည် ခေါင်းငြိမ့်ကာ သက်ပြင်းချလျှက် ပြောလိုက်သည်။

“စာတတ်တဲ့သူတွေနဲ့ စာမတတ်တဲ့သူတွေရဲ့ ကမ္ဘာြကားမှာ လုံးဝ ကွဲပြားနေတာ ရှိနေတာပဲ”

သူမ ထပ်ပြောလိုက်သည်။

“ယန်ယန် သမီးက အလယ်တန်းကျောင်းပဲ ပြီးထားသေးတာ အမေတို့ ဘေကျင်းရောက်တဲ့ အခါ သမီးရဲ့ ပညာရေးရေးကို ဆက်ကြိုးစားကြရအောင် “

နီယန်သည် ခေါင်းငုံ့ကာ တီးတိုး ပြောဆိုလိုက်သည်။

“ကြည့်ကြတာပေါ့ “

သူမသည် ငယ်ငယ်ကတည်းက စာတော်လာသော သူဖြစ်သောကြောင့် စာဆက်သင်သည်ဖြစ်စေ မသင်သည်ဖြစ်စေ ပြသာနာမရှိပေ။ သို့သော် တဣသိုလ်တက်ရောက်ခြင်းသည် အလွန်အရေးကြီးလှပေသည်။ သူမသည် အနာဂတ်တွင် စာမတတါသော သူအဖြစ် အဆုံးမသတ်သွားချင်ခဲ့ပေ။ သူမ၏ အတိတ်ဘဝတွင် ပညာရေး ဘွဲ့လက်မှတ်များသည် အလွန်အရေးကြီးသည်။

သူမ၏ အတိတ်ဘဝတွင် ထို မိန်းမစိုး အိုကြီးထံမှ ထွက်ပြေးလွတ်မြောက်လာချိန်တွင် သူမသည် ကိုယ်တိုင် စာကျက်ပြီး ထိပ်တန်း တဣသိုလ်သို့ ဝင်ခွင့်ရခဲ့သည်။ ယခုအချိန်တွင် သူမ၏ ပန်းတိုင်သည် ဘေကျင်းတဣသိုလ်သို့ တက်ခွင့်ရရန်ဖြစ်သည်။

နီချွေ့ဟွာ သက်ပြင်းချလိုက်သည်။ သူမ၏ အမြင်တွင် သူမတို့သည် အသက်ရှင်ရန် ဘေကျင်းသို့ ထွက်ပြေးလာကြခြင်း ဖြစ်သည်။ သူတိူ့ အသက်ရှင်နေရုံဖြင့် ကျေးဇူးတင်နေကြရမည် ဖြစ်သည်။ ပညာသင်ကြားခြင်းသည် အိပ်မက်တစ်ခု ဖြစ်ကာ သူမ၏ ကလေးများအား ပိုမိုကောင်းမွန်သော ဘဝအား မပေးနိုင်သောကြောင့် သူမကိုယ်သူမ အပြစ်တင်မိလေသည်။ ညစာစားပြီးနောက် နီချွေ့ဟွာသည် ကလေးလေးအား ရေချိုးပေးရန် သွားလိုက်သည်။ ထိုအချိန်တွင် နီယန် အိတ်များအား စုစည်းထားလိုက်သည်။

သူတို့တွင် သယ်ဆောင်ရန် ပစ္စည်း အများအပြား မပါရှိပေ. လမးခရီးတွင် စားသောက်ရန် အိတ်များသာ ပါရှိသည်။ ထိုခေတ်ကာလတွင် ပလတ်စတစ်အိတ်များ မရှိသေးသောကြောင့် အရာအားလုံးကို သိမ်းဆည်းရန် ပိတ်စဖြင့် ပြုလုပ်ထားသော အထည်အိတ်များကိုသာ အသုံးပြုကြရသည်။

နီယန်သည် ကျိုးချန်ကျိန့်ပေးထားသော စာအိတ် တစ်အိတ်အား ဆွဲထုတ်လိုက်သည်။ အိမ်ထောင်စု စာရင်း နှင့် ထောက်ခံစာအပြင် ငွေစဣူအထပ်လိုက်ပါနေခဲ့သည်။ သူမသည် ထိုငွေများအား ရေတွက်ကြည့်လိုက်ချိန်တွင် စုစုပေါင်း ၁၀၈၀ယွမ် ရှိသည်။

ကျိုးချန်ကျိန့် အလွန် ရက်ရောလှသည်။ ထိုခေတ်ကာလတွင် ယွန်တစ်ထောင်သည် အနာဂတ်တွင် ယွမ်တစ်သိန်းနှင့် ညီမျှသည်။ သို့သော် အသက် နှစ်သက်အား ဝယ်ယူရန် ယွမ်တစ်ထောင်သည် အလွန်ကောင်းမွန်သော အပေးအယူ တစ်ခုဟု ဆိုနိုင်ပေသည်။

နီယန်သည် ဆယ်ယွမ်တန် သုံးရွက်အား ထုတ်ယူလိုက်ကာ ကျန်သည့် ငွေများကို သူမ ခန္ဓာကိုယ်ပေါ်တွင် သိမ်းထားလိုက်သည်။ ရထားပေါ်တွင် လူများ ပြည့်ကျပ်နေမည် ဖြစ်သောကြောင့် လုံခြုံမှု မရှိပေ။ အကယ်၍ သူမသည် ဂရုမစိုက်မိခဲ့လျှင် ခါးပိုက်နှိုက်များသည် သူမ၏ ပိုက်ဆံများအား အလွယ်တကူ ခိုးယူသွားနိုင်လိမ့်မည် ဖြစ်သည်။

ပိုက်ဆံများအား သိမ်းဆည်းလိုက်ပြီးနောက် နီယန်သည် အိမ်ထောင်စု စာရင်းအား ဖွင့်ကြည့်လိုက်သည်။ သူမ၏ နာမည်သည် မူယန်မှ နီယန်သို့ ပြောင်းလဲထားကာ သူမ၏ ညီမလေး နာမည်ကိုလည်း မူလိုင်ဒီမှ နီယွန် အဖြစ် ပြောင်းလဲပေးထားသည်။ ထိုအချက်ကို ကြည့်ခြင်းဖြင့် သူမသည် ယခုအချိန်မှ စတင်ကာ လူသိရှင်ကြား နီယန် ဟု ခေါ်ပြောခွင့် ရပြီ ဖြစ်သည်။ နီယန်သည် အိမ်ထောင်စု စာရင်း အသစ်အား ကြည့်ကာ သူမ၏ အနာဂတ်အတွက် ယုံကြည်မှု အပြည့်အဝ ရှိနေပြီဟု ခံစားလိုက်ရသည်။

နောက်တစ်နေ့ မနက်ခင်းတွင် အမေနှင့် သမီး နှစ်ားသည် မနက်ငါးနီရီတွင် နိုးလာကြသည်။ သူတိူ့သည် မနက် ခြောက်နာရီခွဲတွင် ထွက်ခွာမည့် ရထားအား စီးကြမည် ဖြစ်သည်.။ အောက်ထပ်တွင် ခေါက်ဆွဲ အနည်းငယ် စားသောက်ပြီးနောက်တွင် သူတို့သည် ကလေးငယ်လေးအား ပွေ့ပိုက်ကာ ရထားဘူတာရုံသို့ ထွက်လာကြသည်။ မနေ့က ရထားလက်မှတ် ဝယ်သူ အများကြီးမရှိသော်လည်း ယနေ့တွင် ရထားပေါ်တွင် လူပြည့်နေခဲ့သည်။ လူစုလူဝေးသည် အမှန်တကယ် ကြောက်ဖို့ကောင်းစွာ များလွန်းလှသည်။

“အမေ ဂရုစိုက်”

ဟု နီယန် ပြောလိုက်ကာ နီယန်သည် လူအများကြားထဲ နီချွေ့ဟွာတက်ရန် နေရာလုပ်ပေးရင်း ပြောလိုက်သည်။ ရထားပေါ်တွင် လူမျိုးစုံ ရှိနေခဲ့ကာ အမျိုးသမီးများ ကလေးများနှင့် တိရစ္ဆာန်များ သယ်ဆောင်လာသော လယ်သမားများလည်း ပါရှိသည်။ ကြက် ဘဲ စသော အကောင်များ၏ အော်သံလည်း ကြားနေရကာ အနံ့အသက်များသည်လည်း သည်းမခံနိုင်အောင် ဆိုးရွားလွန်းပေသည်။

နီယန်သည် လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်အားကိုင်ကာ ကျန်တစ်ဖက်ဖြင့် နီချွေ့ဟွာအား တင်းကျပ်စွာ ကိုင်ဆောင်ထားခဲ့သည်။ သူတို့သည် လူစုလူဝေးအား ဖြတ်ကျော်လာ ပြီးနောက်ဆုံးတွင် သူတိူ့ အိပ်ဆောင်ပါသော နေရာအား ရှာတွေ့ခဲ့သည်။

အိပ်စင်ပါသော နေရာသည် ပိုမို တိတ်ဆိတ်သည်။ ရထားပေါ်တါင် အိပ်စင်များသည် နှစ်ထပ်အိပ်ကုတင်များ ဖြစ်ကာ အပေါ်ထပ် အောက်ထပ်နှစ်ခုတွဲပါရှိသည်။ နီယန်သည် အောက်ထပ်ရှိ အိပ်ယာနှစ်ခုပါသော လက်မှတ်အား ဝယ်ယူထားခဲ့ရာ မျက်နှာခြင်းဆိုင် အနေအထား ဖြစ်သောကြောင့် ပို၍ အဆင်ပြေသည်။ သူတိူ့ ရောက်ရှိလာချိန်တွင် အပေါ်ထပ်မှ အိပ်ယာဝယ်ယူထားသော ခရီးသည်များသည် မရောက်ရှိကြသေးပေ။ ရထားသည် ခြောက်နာရီခွဲတွင် ထွက်မည် ဖြစ်ရာ ယခုအချိန်သည် ၆နာရီ ကျော်ရုံသာ ရှိသေးသည်။ နီယွန်သည် ကောင်းကောင်းမွန်မွန် နေနေကာ ခရီးစထွက်လာကတည်းက အသံ တစ်သံမှ မထွက်ခဲ့ပေ။

“အမေ သမီး ရေနည်းနည်း သွားယူလိုက်အုန်းမယ်”

နီယန်သည် ခွက်အား ကောက်ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

“အင်း”

နီချွေ့ဟွာသည် ခေါင်းငြိမ့်ကာ ပြောဆိုလိုက်သည်။

နီယန် ရေယူပြီး ပြန်ရောက်လာချိန်တွင် အပေါ်ထပ်မှ ခရီးသည်သည် ရောက်ရှိနေပြီ ဖြစ်သည်။ သူမသည် လေးဆယ်ကျော် အရွယ် အမျိုးသမီး တစ်ဦး ဖြစ်ကာ ဆံပင်ကောက်ထားကာ မျက်ခုံးမွှေးပါးပါး ဆွဲထားကာ နှုတ်ခမ်းနီ ဆိုးထားခဲ့သည်။ သူမသည် အဖြူရောင် ဘလောက်စ် အကျီအား ဝတ်ဆင်ထားပြီး ခေတ်မှီသော ခေါင်းလောင်းပုံစံ ဘောင်းဘီအား နှင့် တောက်ပသော လည်သာ ဖိနပ်အသေးလေး တစ်ရံအား ဝတ်ဆင်ထားသည်။ သူမ၏ ပုံစံသည် တက်ကြွနေခဲ့ကာ မြို့မှာ နေထိုင်သော မြို့သူတစ်ဦး ဖြစ်ကြောင်း သေချာစေသည်။ သူမ၏ အဝတ်အစားသည် ယနေ့ခေတ် ဖက်ရှင်ပုံစံဖြစ်နေသည်။ နီချွေ့ဟွာသည် ထိုအမျိုးသမီးအား ကြည့်လိုက်ကာ သူ၏ အဝတ်အစားကို ငုံ့ကြည့်လိုက်ပြီးနောက် ရုတ်တရက် သိမ်ငယ်သလို ခံစားလိုက်ရသည်။ ထို အမျိုးသမီး၏ ပုံစံသည် အလွန် ဖော်ရွေလွန်းလှသည်။ သူမသည် နီယန် လျှောက်ဝင်လာသည်ကို မြင်သောအခါ မေးမြန်းလိုက်သည်။

“ရှင်တို့ နှစ်ယောက်လည်း ဘေကျင်းကို သွားကြမှာလား”

All Chapters