ကြိုးစားမှု ရလဒ်
Vol. 2 Ch. 20
မည်သည့် ခေတ်ကာလတွင်မဆို လူကောင်းနှင့် လူဆိုးဟူ၍ ရှိကြစမြဲပင်။ ၁၉၈၀ ခုနှစ် တရုတ်နိုင်ငံတွင် လူကုန်ကူးသူများသည် အလွန်ပင် ထကြွသောင်းကျန်းနေခဲ့သည်။ ထို့ကြောင့် နီယန်သည် နိုးနိုးကြားကြား သတိရှိနေခဲ့သည်။ သူမသည် ခေါင်းငြိမ့်လိုက်ကာ စိတ်အားထက်သန်စွာ ပြောဆိုနေသည့် သက်လတ်ပိုင်း အမျိုးသမီးအား ဖျော့တော့စွာ ပြုံးပြလိုက်ကာ ပြောလိုက်သည်။
“ဟုတ်ပါတယ်”
“ဒါက မင်းအမေ မလား ဟုတ်တယ်မလား ပြီးတော့ဟိုကလေးလေးက မင်းရဲ့ ညီမလေးလား အိုး သူလေးက သေးသေး ဖြူဖြူဖျော့ဖျော့နဲ့ ချစ်စရာလေး”
ထိုအမျိုးသမီးသည် ပြုံးရွှင်စွာဖြင့် ပြောဆိုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
နီယန်သည် အပြုံးဖျော့ဖျော့ဖြင့် တုန့်ပြန်လိုက်ကာ လက်ထဲမှ ရေခွက်အား နီချွေ့ဟွာသို့ ကမ်းပေးလိုက်ကာ ပြောလိုက်သည်။
“အမေ ရေနည်းနည်း သောက်လိုက်အုန်း”
ထိုအမျိုးသမီးသည် နီချွေ့ဟွာအား သိသာသော မနာလိုမှုများ ဖြင့် ကြည့်လိုက်ကာ ပြောလိုက်သည်။
“အစ်မကြီး အစ်မက ဒီလို သားသမီးမျိုး ရှိတာ ကံကောင်းတာပဲ ကျွန်မတော့ ရှင့်ကို တစ်ကယ် မနာလို ဖြစ်မိတယ် “
ကျယ်ပြန့်သော တွေ့အကြုံများကြောင့် နီယန်သည် ထို သက်လတ်ပိုင်း အမျိုးသမီး၏ မနာလိုမှုသည် အမှန်ကိုပင် စစ်မှန်ကြောင်း ပြောနိုင်သည်။သူမသည် အမှန်တကယ် မနာလိုဖြစ်နေခဲ့သည်။ နီချွေ့ဟွာ၏ ညှင်သာသော အပြုံးတစ်ခု ပေါ်လာခဲ့ကာ ပြောလိုက်သည်။
“ဒီကလေးက အမြဲ နာခံတတ်ပြီး လိမ်မာတယ် ဒါပေမဲ့ ညီမက အစ်မထက် ငယ်မဲ့ပုံပဲ ဟုတ်တယ်မလား”
ထိုအမျိုးသမီး၏ ပုံစံသည် အသက် သုံးဆယ်ကျော် အရွယ်သာ ရှိသေးပုံပေါက်ကာ အဘယ်ကြောင့် သူမအား အစ်မကြီးဟု ခေါ်ရသနည်း။ ငယ်ရွယ်သည်ဟု ချီးမွမ်းခံလိုက်ရသောကြောင့် ထို သက်လတ်ပိုင်း အမျိုးသမီးသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
“ကျွန်မက ဒီနှစ်မှာ ၄၅နှစ်ပြည့်ပြီးပြီ”
“၄၅”
နီချွေ့ဟွာသည် ထိုသက်လတ်ပိုင်း အမျိုးသမီးအား အံ့အားသင့်စွာ ကြည့်လိုက်သည်။ နီချွေ့ဟွာ ကိုယ်တိုင်သည် ၃၆နှစ်သာ ရှိသေးသည်။ သူမသည် ခုနှစ်နှစ် တိတိ ငယ်ရွယ်သေးသည်။ သို့သော် ပြင်ပပုံစံအား ကြည့်လိုက်ချိန်တွင် နီချွေ့ဟွာသည် ဆယ်စုနှစ် တစ်စုသာ ပိုကြီးသယောင် ဖြစ်နေခဲ့သည်။
“ဟုတ်ကဲ့”
သက်လတ်ပိုင်း အမျိုးသမီးသည် ခေါင်းငြိမ့်လိုက်ကာ ဆက်လက် ပြောလိုက်သည်။
“ကျွန်မက ၄၅ နှစ် ရှိပါပြီ ကျွန်မသမီးက လက်ထပ်ပြီးတော့ ဒမ်ကျေးရွာမှာ နေတယ်လေ ကျွန်မက သူ့စီ လာလည်တာပါ”
ဒမ်ကျေးရွာ.....
ထိုစကားအာ းကြားသောအခါ နီချွေ့ဟွာသည် ရင်းနှီးကျွမ်းဝင်မှုအား ခံစားလိုက်ရကာ ပြောလိုက်သည်။
“ဒမ်ကျေးရွာ....မင်းရဲ့ သမီးက စုနျန်ဝမ်ရဲ့ မိန်းမလား”
ဒမ်ကျေးရွာသည် ကြီးမားသော်လည်း မြို့သူ ဇနီးရှိသော သူသည် စုနျန်ဝမ် တစ်ယောက်သာ ရှိသည်။
“ဟုတ်ပါတယ် ဟုတ်ပါတယ် ဟုတ်ပါတယ်”
ထို သက်လန်ပိုင်း အမျိုးသမီးသည် အလျှင်အမြန် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
“ကျွန်မ သမက်က စုနျန်ဝမ်ပါ ကျွန်မသမီး နာမည်က ဝမ်ချွန်းဟွာလို့ ခေါ်တယ် ပြီးတော့ ကျွန်မ မျိုးနွယ်နာမည်က နီပါ ရှင်တို့ကလည်း ဒမ်ကျေးရွာကဘဲလား”
စုလင်းဝမ်သည် ရွာတွင် ကောလိပ်ထိ တက်နိုင်သော တစ်ယောက်တည်းသော သူ ဖြစ်သည်။ သူသည် ယခုအချိန်တွင် ကောင်တီတွင် အလုပ်လုပ်နေခဲ့သည်။ ယခင်က သူသည် ဘေကျင်းတွင် ပညာသင်ရင်း မြို့သူ မိန်းကလေး တစ်ယောက်အား ဇနီးအဖြစ် ခေါ်ယူလာခဲ့သည်။ ထိုသို့ ပြုလုပ်လိုက်ခြင်းဖြင့် စုမိသားစု၏ ဂုဏ်အား တက်စေခဲ့သလို ရွာသားများ၏ မနာလိုမှုကိုလည်း ခံခဲ့ရသည်။ (T/N : အပေါ်မှာကျ စုနျန်ဝမ်လို့ ရေးပြီး အောက်မှာကျ စုလင်းဝမ်လို့ ရေးထားတာ သာသာလည်း သေချာမသိပါဘူးနော် မူရင်းမှာကိုယ်တိုင်က နာမည်လွဲနေတာမို့ပါ အရံဇာတ်ကောင်တွေမို့ အဆင်ပြေသလိုသာ မှတ်လိုက်ကြပါ။)
ထိုခေတ်တွင် ကောလိပ်ကျောင်းသား တစ်ယောက် ဖြစ်ခြင်းသည် အလွန်ကို ဂုဏ်တက်စေကာ ကောလိပ်ကောင်းသား တစ်ယောက် မိသားစုတွင် ရှိနေခြင်းသည် သမ္မတ တစ်ဦးထက်ကို ဂုဏ်ယူစရာကောင်းလှသည်။ နောက်ပိုင်း ခေတ်များတွင် ကောလိပ်ကျောင်းသားများ ပေါ်လာခြင်းနှင့် မတူညီပေ။
သို့သော် ထို သက်လန်ပိုင်းအမျိုးသမီးသည် စုနျန်ဝမ်၏ အကြောင်းအား ပြောသောအခါ ဂုဏ်ယူသော အရိပ်အယောင် တစ်ခုမှ သူမ၏ မျက်လုံးထဲတွင် မရှိခဲ့ပေ။ နီချွေ့ဟွာသည် ချက်ချင်း ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။
“အစ်မ ရှင့် မျိုးနွယ်ကလည်း နီပဲလား ကျွန်မ မျိုးနွယ်နာမည်ကလည်း နီပါပဲ ကျွန်မလည်း အရင်က ဒမ်ကျေးရွာမှာ နေခဲ့ပါတယ် ကွာရှင်းပြီးတော့ ကျွန်မ သမီးနှစ်ယောက်ကို ခေါ်ပြီး ဘေကျင်းကို လိုက်ပြမလို့”
သက်လတ်ပိုင်း အမျိုးသမီး၏ အမည်လည်း နီ ဖြစ်ကာ သူမ၏ သမီးသည်လည်း ဒမ်ကျေးရွာတွင် လက်ထပ်ပြီး နေထိုင်နေကြောင်း သိရသောအခါ နီချွေ့ဟွာသည် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့ကာ သူမ၏ မျက်နှာတွင် သတိမထားမိခင်မှာပင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
အမျိုးသမီး နှစ်ဦးသည် ပျော်ရွှင်စွာဖြင့် အာလာပသလ္လာပ ပြောဆိုနေခဲ့ကာ တစ်ယောက် ဘဝအကြောင်း တစ်ယောက် ပြောဆိုနေခဲ့သည်။ ထိုသို့ ပြောဆိုရင်း ထိုသက်လတ်ပိုင်း အမျိုးသမီး၏ အမည်မှာ နီချန်ကွေ့ဖြစ်ကာ ဘေကျင်းမြို့၏ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုတွင် နေထိုင်သော ဘေကျင်းဇာတိသူ တစ်ဦး ဖြစ်သည်။ လွန်ခဲ့သော နှစ်များအတွင်း သူမ၏ ခင်ပွန်း ဖြစ်သူသည် ကားအက်စီးဒန့် တစ်ခုဖြင့် ကွယ်လွန်သွားခဲ့ကာ သူမတွင် သမီး တစ်ယောက်သာ ကျန်ရှိခဲ့ပြီး ထိုသမီး ဖြစ်သူ ဝမ်ချွန်းဟွာသည် ကံမကောင်းစွာဖြင့် လက်ထပ်ပြီးနောက် အဝေးသို့ ထွက်သွားခဲ့သည်။ ထိုအကြောင်းများကြောင့် သူမသည် စုနျန်ဝမ်၏ အကြောင်းအား ပြောသောအခါ ဂုဏ်ယူသော အရိပ်အယောင်မရှိရခြင်း ဖြစ်သည်။
“အစ်မကြီး ကျွန်မတို့လို တစ်ကိုယ်တည်း အမျိုးသမီးတွေရဲ့ ဘဝက မလွယ်ကူဘူး ရှင့်မှာ ဘေကျင်းရောက်ရင် နေစရာ နေရာ ရှိလား “
နီချန်ကွေ့သည် ပြောဆိုရင်း နီချွေ့ဟွာအား ကြည့်လိုက်သည်။ အိမ်ထောင်ဘက် မရှိသော အမျိုးသမီးတစ်ဦး အနေဖြင့် သူမသည် တစ်ကိုယ်တော် မိခင် တစ်ဦး၏ ရုန်းကန်မှုများအား သိသည်။ အထူးသဖြင့် အသက်မပြည့်သေးသော ကလေး နှစ်ယောက်ဖြင့် ရုန်းကန်ရသော မိခင် တစ်ဦးအား ပို၍ သိပေသည်.။ အနာဂတ်တွင် သူမသည် မည်ကဲ့သို့ ရှေ့ဆက်မည်နည်း။
နီချွေ့ဟွာသည် သူမ၏ ခေါင်းအား ခါလိုက်ကာ ညှိုးငယ်သော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မရှိသေးပါဘူး ကျွန်မတို့ တစ်ကြိမ်မှာ တစ်လှမ်းခြင်းစီပဲ သွားရမှာပေါ့”
နီချန်ကွေ့သည် ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျွန်မက ဘေကျင်းရဲ့ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုမှာ နေတယ် ကျွန်မအိမ်က အတော်အသင့်တော့ ကြီးတယ် လယ်မြေ နည်းနည်းပါးပါး ရှိပြီး ကျွန်မကလွဲရင် အိမ်မှာ ဘယ်သူမှ မရှိဘူး ပြီးတော့ ကျွန်မကလည်း မြို့ထဲကအလုပ်ကို နေ့တိုင်း ရထားစီးသွားရတယ် အကယ်၍ ရှင် ကျွန်မကို ယုံရင် ကျွန်မ အိမ်မှာ အရင်ဆုံး နေနိုင်ပါတယ် ပြီးတော့ ရှင် အခြေကျပြီဆိုမှ ငှားခအကြောင်း ပြောကြတာပေါ့”
နီချန်ကွေ့သည် ထိုကဲ့သို့ ကမ်းလှမ်းမှု ပြုရသည့် အချက် နှစ်ချက်ရှိသည်။ ပထမဆုံး အနေဖြင့် သူမ၏ ခင်ပွန်း ကွယ်လွန်သွားကာ သူမ၏ သမီးဖြစ်သူသည်လည်း အိမ်ထောင်ကျ သွားသောကြောင့် သူမ၏ အိမ်သည် နွေးထွေးမှု မရှိပဲ အေးစက်နေခဲ့ကာ ဗလာဖြစ်နေခဲ့သည်။ သူမသည် စိတ်ထင်ယောင်ထင်မှားမှု အမျိုးမျိုးကို မကြာခဏ ခံစားရသောကြောင့် ဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက် အိမ်မှာ ရှိနေခြင်းသည် နွေးထွေးမှုကို ခံစားရကာ အဖော်အဖြစ်ရှိနေသောကြောင့် တစ်ယောက်ထဲ အထီးကျန်စွာ နေထိုင်စရာ မလိုတော့ပေ။
ဒုတိယအချက်အနေဖြင့် သူမသည် ငှားယမ်းခ အချို့ ရရှိနိုင်သည်။ ပြီးနောက် ထို သုံးယောက်သည် ရိုးသားကာ သူတို့၏ နောက်ကြောင်းသည် ရှင်းလင်းကာ နီချန်ကွေ့သည် သူတို့အား အလွယ်တကူ စိတ်ချလက်ချ နေခိုင်း၍ ရလေသည်။ ထို့အပြင် ထို လူနှစ်ဦးသည် အမျိုးသမီးများ ဖြစ်သောကြောင့် ရွာထဲတွင် အတင်းအဖျင်းများ ပြောမည့်သူ မရှိပေ။
ကျောက်တုံး တစ်တုံးထဲဖြင့် ငှက်နှစ်ကောင် ပစ်၍ ရခြင်း ဖြစ်သည်။
နီချန်ကွေ့သည် ထိုသို့ ပြောဆိုပြီးနောက်တွင် နီချွေ့ဟွာနှင့် နီယန်တို့သည် သူမအား လူလိမ် တစ်ယောက်ဟု တွေးထင်မည်ကို စိုးရိမ်သောကြောင့် ချက်ချင်း သူမ၏ အလုပ်ထောက်ခံချက်နှင့် မိတ်ဆက်စာအား ထုတ်ယူလိုက်သည်။
“ကြည့်ပါ ဒါက ကျွန်မရဲ့ အလုပ် ထောက်ခံချက် နဲ့ မိတ်ဆက်စာပါ မစိုးရိမ်ပါနဲ့ အစ်မကြီး ကျွန်မက လူလိမ်တစ်ယောက် မဟုတ်ပါဘူး”
နီယန်သည် သူမ၏ အတိတ်ဘဝတွင် လူအမျိုးမျိုးဖြင့် ကြုံတွေ့ခဲ့ဖူးသောကြောင့် နီချန်ကွေ့ လိမ်ညာနေသည် မဟုတ်မှန်း သိခဲ့သည်။ ထို့ကြောင့် သူမက ရီမောလျှက် ပြန်ပြောလိုက်သည်။
“ဒေါ်လေး နီက ဒီလောက် နွေးနွေးထွေးထွေး ဖိတ်ခေါ်နေတာကို သမီးတို့ ငြင်းလိုက်ရင် ရိုင်းရာကျသွားမှာပေါ့”
နီယန်၏ မူလပန်းတိုင်သည်လည်း ဘေကျင်းမှ ဆင်ခြေဖုံး ရပ်ကွက် တစ်ခုပင် ဖြစ်သည်။ သူမသည် မြို့တော်မှ အိမ်တစ်လုံးအား ယခုအချိန်တွင် ဝယ်ယူရန် မတတ်နိုင်သေးပေ။ မြို့ထဲတွင် တရားဝင် အလုပ်ကိစ္စများ ပြုလုပ်ရခြင်းသည် အဆင်မပြေပေ။ ဆင်ခြေဖုံး ရပ်ကွက်တွင် နေထိုင်ခြင်းသည် ပို၍ ကောင်းမွန်ကာ မြို့ထဲသို့ သွားလာရခြင်းသည်လည်း လွယ်ကူလှသည်။ အနာဂတ်တွင် သူမသည် ပိုက်ဆံရှာကာ ဘေကျင်း မြို့ထဲတွင် အိမ်အများအပြား ဝယ်ယူမည် ဖြစ်သည်။ သူမမှတ်မိသလောက် အနာဂတ်ကာလတွင် ဘေကျင်းမြို့တော်ထဲတွင် အိမ်ယာဈေးနှုန်းများသည် အဆမတန် ဈေးတက်လာမည် ဖြစ်သည်။ ထိုအချိန်တွင် နီချွေ့ဟွာသည် အိမ်ပိုင်ရှင်မကြီး တစ်ဦး ဖြစ်လာမည် ဖြစ်သည်။
သူမ၏ အစီစဉ်သည် နီချန်ကွေ့၏ အိမ်အား ဝယ်ယူရန် ဖြစ်သည်။ အကယ်၍ သူမ မရောင်းလိုခဲ့လျှင်လည်း အရင်ဦးဆုံး ငှားနေကာ ထို ပတ်ဝန်းကျင်မှ သင့်တော်သော အိမ်များအား ရှာဖွေသွားမည် ဖြစ်သည်။ နေရာတစ်နေရာတွင် ခြေကုပ် ရယူနိုင်ခြင်းသည် အရေးကြီးဆုံးပင် ဖြစ်သည်။ ထိုစကားအား ကြားသောအခါ နီချန်ကွေ့သည် ဒီနှစ်ယောက်တွင် အဓိက ဆုံးဖြတ်ချက်ချသည့် သူမှာ နီယန် ဖြစ်ကြောင်း နားလည်သွားခဲ့သည်။
“ကောင်းပြီ ဒါဆို ပြီးပြီနော် မင်းနဲ့ မင်းအမေ တို့နှစ်ယောက်လုံး အဒေါ့်အိမ်မှာ လာနေရမယ်နော် အကယ်၍ နေရတာ အဆင်ပြေတယ်ဆိုရင် ပိုကြာကြာနေပေါ့”
သူမ၏ စကားများသည် အလျှင်အမြန် တွက်ချက်ပြီး ပြောပုံရကာ အကယ်၍များ အဆင်ပြေလျှင် ကြာကြာနေနိုင်ကာ အဆင်မပြေခဲ့လျှင် သူတိူ့သည် ထွက်သွားပေးရမည် ဖြစ်သည်ဟု စောင်းပါးရိပ်ခြေ ပြောနေခြင်း ဖြစ်သည်။ အဆင်ပြေခြင်း မပြေခြင်း ဆိုသည်မှာ အထွေအထူး ပြောနေစရာ မလိုပဲ ငွေဖြင့် ဆုံးဖြတ်သွားခြင်း ဖြစ်ပေသည်။
“ကောင်းပါပြီ”
နီယန်သည် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။ ရထားသည် အရှိန်ဖြင့် မောင်းနှင်လာခဲ့ပြီးနောက် ဘေကျင်းဘူတာရုံသို့ ည ရှစ်နာရီတွင် ဆိုက်ရောက်လာခဲ့သည်။ နီချန်ကွေ့ ပြောလိုက်သည်မှာ ...
“အခုက အရမ်းနောက်ကျနေပြီ တည်းခိုခန်းတစ်ခု ရှာပြီး တစ်ည တည်းခိုကြရအောင် မနက်ဖြန် မနက်မှ ငါတို့ ခရီးဆက်ကြတာပေါ့”
နီယန်သည် နီယွန်အား ပွေ့ချီထားကာ သဘောတူစွာ ခေါင်းငြိမ့်လိုက်သည်။
“ကောင်းပါပြီ သမီးတို့ ဒေါ်လေး ပြောသလိုပဲ လုပ်ကြမယ်”
နီချန်ကွေ့သည် ဘေကျင်း၏ ပတ်ဝန်းကျင်အား ရင်းနှီးကျွမ်းဝင်သူ တစ်ဦး ဖြစ်သည်။ သူမသည် သူတိူ့ သုံးဦးအား တည်းခိုဆောင်သို့ ခေါ်ဆောင်သွားခဲ့သည်။ သူတိူ့သည် ဧည့်ကြိုကောင်တာသို့ ရောက်သောအခါ နီယန်သည် နီချန်ကွေ့အတွက်ပါ တည်းခိုခ ရှင်းပေးခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူမနှင့် သူမ၏ မိခင် ညီမလေးတို့သည် နီချန်ကွေ့၏ အိမ်တွင် နေထိုင်ကြမည် ဖြစ်သည်။
ငွေက စကားပြောသည် ဆိုသလိုပင် ငွေကြေးရှိမှ လောကဓံ ချောမွေ့မည် ဖြစ်သည်.......
နီယန်သည် သူဌေးဖြစ်ခဲ့စဉ်တွင် သူမသည် လူများ၏ စိတ်နှလုံးအား ပိုင်ဆိုင်ရန် အတွက် ငွေအား ကျွမ်းကျင်စွာ အသုံးချတတ်သော သူ တစ်ဦး ဖြစ်သည်။ မျှော်လင့်ထားသလိုပင် နီယန်သည် ငွေရှင်းပေးပြီးသောအခါ နီချန်ကွေ့၏ အပြုံးသည် အရင်ကထက် ပို၍ နွေးထွေးလာခဲ့သည်။ အစပိုင်းတွင် ထိုသားအမိနှစ်ဦးသည် ငှားယမ်းခ မပေးနိုင်မည်ကို စိုးရိမ်နေခဲ့သော်လည်း ယခုအချိန်တွင် ထိုအကြောင်းအရာနှင့် ပတ်သက်၍ စိုးရိမ်ရန် မလိုအပ်တော့ချေ။
ဘေကျင်းမြို့တော်ရှိ တည်းခိုဆောင်များသည် တုံးချန် ခရိုင်ထက် ဈေးနှုန်း ပိုမြင့်ကာ ပိုမိုကောင်းမွန်သော ပစ္စည်းများလည်း ရှိသည်။ ရိုးရိုးခန်းတွင် အဖြူအမည်း တီဗွီအား တပ်ဆင်ထားခဲ့သည်။
“ယန်ယန် ဒါက တီဗွီလား”
နီချွေ့ဟွာသည် အိပ်ယာနားတွင် ရပ်ကာ အံအားသင့်စွာ ကြည့်နေခဲ့သည်။ နီယန်သည် ခေါင်းငြိမ့်လိုက်ကာ တီဗွီအား ဖွင့်လိုက်ပြီးနောက် မျက်နှာပြင်ပေါ်တွင် မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။ ထို မျက်နှာပြင်ပေါ်တွင် လူများသည် ရိုးရာ ဝတ်စုံများ ဝတ်ကာ အော်ပရာသီချင်းများ သီဆိုနေကြသည်။
“မြို့ပေါ်က လူတွေက တော်တော် တီထွင်နိုင်စွမ်း ရှိကြတာပဲ ဒီလောက် လူအများကြီးကို ဒီသေတ္တာလေးထဲ ထည့်ထားနိုင်ကြတယ်နော် သူတို့က နတ်သမီး စုံတွဲ ပြဇာတ်ကို ကပြနေတာမလား အမေတို့ ရွာက စင်ပေါ်မှာ ဆိုသံကြားဖူးတယ် “
ထို့နောက် နီချွေ့ဟွာသည် တီဗွီမှ ထွက်ပေါ်လာသော သံစဉ်အတိုင်း စတင်ညည်းတွားလိုက်သည်။