← Chapters

ဘေကျင်းတွင် အခြေချခြင်း

Vol. 2 Ch. 21

ဘေကျင်းတွင် အခြေချခြင်း

Vol. 2 Ch. 21

နီယန်သည် သူမ၏ မိခင်ဖြစ်သူအား ထိုသို့ မြင်လိုက်ရသောကြောင့် ရီမောကာ ပြောလိုက်သည်။

“အနာဂတ်မှာ သမီး ငွေရှာနိုင်ရင် သေချာပေါက် အမေ့အတွက် တီဗွီ တစ်လုံး ဝယ်ပေးမယ်”

ထိုခေတ်ကာလတွင် အဖြူအမည်း တီဗွီတစ်လုံး၏ တန်ဖိုးသည် ယွမ် ၅၀၀ ဝန်းကျင် ကုန်ကျ၏။ ယခုအချိန်တွင် သူမ၏ ပိုက်ဆံအိတ်ကပ်သည် ပါးလွှာနေသောကြောင့် သူမသည် တီဗွီဝယ်ရန် မတတ်နိုင်ပေ။ နီချွေ့ဟွာသည် ချက်ချင်း သူမ၏ လက်အား ဝေ့ယမ်းလိုက်ကာ ပြောလိုက်သည်။

“အမေတို့ အဲ့ဒါတွေ မလိုအပ်ပါဘူး ငွေဖြုန်းတီးနေတာနဲ့ပဲ တူတယ် ယန်ယန် အကယ်၍ အမေတို့မှာ ငွေရှိခဲ့ရင် အဲ့လို အသုံးမဝင်တာတွေ ဝယ်တာထက် စာရင် အမေကတော့ သမီးတို့ကို ကျောင်းကိုပဲ ပို့ချင်တယ် အဲ့လိုဝယ်တာတွေက ဗိုက်လဲ မပြည့်ဘူး ခန္ဓာကိုယ်ကိုလဲ နွေးအောင် မလုပ်နိုင်ဘူး ဘာအသုံးဝင်လို့လဲ”

စာပေသင်ယူခြင်းသည် ကျေးလက်နေသူများအတွက် နေထိုင်မှု ဘဝအဆင့်အတန်း မြင့်တင်နိုင်ရန် တစ်ခုတည်းသေား အခွင့်အရေး ဖြစ်သည်။ နီယန်သည် ရိုးရှင်းစွာ ပြုံးလိုက်ကာ စကားပြေနေခြင်းအား ရပ်တန့်လိုက်သည်။ နီချွေ့ဟွာ ဆက်လက်ပြောလိုက်သည်။

“တီဗွီကို ဘယ်လို ဖွင့်ရလဲဆိုတာ အမေ့ကို မြန်မြန် သင်ပေးပါအုန်း”

နီယန်သည် နီချွေ့ဟွာအား တီဗွီ မည်သို့ ဖွင့်ရမည် ဆိုသည်နှင့် ချန်နယ်များအား မည်ကဲ့သို့ ပြောင်းလဲ ကြည့်ရှုနိုင်သည်အား သင်ပြပေးလိုက်သည်။ ထိုခေတ်ကာလတွင် တီဗွီများတွင် ရီမုတ် မရှိသေးပဲ ခလုတ်များအား လက်ဖြင့် ကိုယ်တိုင်နှိပ်ရသည့် အချိန်ကာလ ဖြစ်သည်။ သို့သော်လည်း နီချွေ့ဟွာသည် တစ်ကြိမ် တစ်ခါမျှ ကျောင်းမတက်ဖူးခဲ့သော်လည်း သူမသည် အလွန် ဉာဏ်ကောင်းသူ တစ်ဦးဖြစ်သည်။ နီယန်သည် သူမအား တကြိမ် သင်ပေးရုံဖြင့် သူမ တတ်မြောက်သွားခဲ့သည်။

ထိုညတွင် နီချွေ့ဟွာသည် တီဗွီအား အိပ်ယာပေါ်မှ နေ၍ နောက်ကျသည်အထိ ကြည့်နေခဲ့သည်။ တစ်ဖက်တွင် နီယန်သည် စောစီးစွာ အိပ်ပျော်သွားခဲ့သည်။ နောက်တစ်နေ့ ကောင်းကင်တွင် အလင်းရောင် ပေါ်ထွက်လာချိန်တွင် တစ်ဖက်ခန်းတွင် နေထိုငသည့် နီချန်ကွေ့သည် တံခါးအား လာခေါက်လေသည်။

“ယန်ယန် အဒေါ် သမီးတို့ကို ဘေကျင်းရဲ့ အကောင်းဆုံး မနက်စာစားဖို့ ခေါ်သွားမယ် စားသောက်ပြီးမှ သွားကြတာပေါ့”

နီချန်ကွေ့သည် ယနေ့တွင်လဲ ခေတ်မှီသော အဝတ်အစားများ ဝတ်ဆင်ထားဆဲ ဖြစ်သည်။ နီချွေ့ဟွာနှင့် သူမ၏ သမီးတို့နှင့် ယှဉ်လျှင် ကွာခြားချက်သည်ပြောနေစရာပင် မလိုချေ။ သို့သော် နီယန်သည် ဟောင်းနွမ်းသော အဝတ်အစားများ ဝတ်ဆင်ထားကာ နီချန်ကွေ့၏ ရှေ့တွင် ရပ်နေခဲ့သော်လည်း သိမ်ငယ်စိတ် မဝင်မိပေ။

ပုံမှန်အားဖြင့် အဝတ်အစားများသည် လူများအား ပေါ်လွင်စေသော်လည်း သူမ၏ အခြေအနေသည် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူမသည် အဝတ်အစား ကောင်းကောင်း မဝတ်ဆင်ထားခဲ့သော်လည်း သူမ၏ အရှိန်အဝါသည် ပျောကွယ် မသွားခဲ့ပေ။ သူတို့ လေးဉီးသည် မနက်စာစားရန် ထွက်လာခဲ့ကြသည်။

ယခုခေတ်တွင် ဘေကျင်းသည် အနာဂတ် ကာလကဲ့သို့ စည်ပင်ကြွယ်ဝလာြခင်း မရှိသေးပဲ စီမံခန့်ခွဲမှုသည်လည်း တင်းကြပ်လှသည်။ မြောက်မြားစွာသော နေရာများသည် ဖွံဖြိုးတိုးတက်မှု မရှိသေးခြင်း နှင့်အတူ လမ်းဘေး တစ်ဖက်တစ်ချက်စီတွင် ပျံကျဈေးသည်များသည် မနက်စာများ ရောင်းချနေသည့် ဆိုင်များဖြင့် ပြည့်နှက်နေခဲ့ကြသည်။ အလွန်ပင် စည်ပင်သာယာနေခဲ့သည်။

မနက်စာအတွက် သူတို့သည် ဆီကြော်မုန့်အချို့နှင့် ပဲနို့တို့ကိုစားသုံးခဲ့ကာ အရသာသည်လည်း အလွန်ကို စစ်မှန်လှသည်။ မနက်စာ စားသောက်ပြီးနောက်တွင် လူကြီဂသုံးဦးနှင့် ကလေးတစ်ဦးတို့သည် ဓာတ်ရထားစီးကာ နီချန်ကွေ့၏ အိမ်ရှိသော ဆင်ခြေဖုံးရပ်ကွက်သို့ ထွက်ခွာသွားကြသည်။ ထို ဓာတ်ရထားများသည် မော်ဒန်ခေတ်မှ ဘတ်စ်ကားများနှင့် ဆင်တူကာ သတ်မှတ်ထားသော ဂိတ်များတွင် ရပ်တန့်ကြသည်။

ထိုအချိန်ကာလများတွင် ယာဉ်ကြော ပိတ်ဆို့မှုများ မရှိသော်လည်း ဘတ်စ်ကားပေါ်တွင် လူများဖြင့် ပြည့်ကြပ်နေခဲ့ကာ ခြေချောင်းများ ထိကာ မတ်တပ်ရပ်လျှက် စီးနင်းခဲ့ရသည်။ အကြိမ်မြောက်မြားစွာ ဘတ်စ်ကားများ ပြောင်းစီးခဲ့ပြီး နှစ်နာရီနီးပါး ခရီးဆက်ပြီးနောက် သူတို့သည် နောက်ဆုံးတွင် နီချန်ကွေ့၏ အိမ်သို့ ရောက်ရှိလာကြသည်။

ထိုနေရာသည် ဘေကျင်းမြို့၏ အနောက်မြောက်ဘက် အစွန်အဖျားတွင်ရှိနေကာ ယန်ကျောက်ပြည်နယ်နှင့် ဝူကျင်းမြို့၏ အရှေ့ဘက်တို့ နှင့် နယ်နမိတ်ချင်း ထိစပ်နေခဲ့သည်။ သယ်ယူပို့ဆောင်ရေး အဆင်ပြေကာ မြို့ထဲသို့ ဘတ်စ်ကားဖြင့် သွားလျှင် နာရီဝက်ခန့်သာ ကြာမြင့်သည်။

မြို့ထဲတွင် ပျားပန်းခတ်မတတ် စည်ကားနေသည်နှင့် နှိုင်းယှဉ်ရလျှင် ထို ဧရိယာသည် သယ်ယူပို့ဆောင်ရေး အဆင်ပြေသည်မှ လွဲလျှင် ကျေးလက်ဒေသနှင့် ကွာခြားမှု မရှိပေ။ ပတ်ပတ်လည် တောင်တန်းများဖြင့် ဝန်းရံနေခဲ့ကာ လူများသည်လည်း လယ်ယာစိုက်ပျိုးရေးဖြင့်သာ အသက်မွေးကြသည်။

“ယန်ယန် ယန်ယန်အမေ ဒါက ကျွန်မရဲ့ အိမ်ပါ “

နီချန်ကွေ့သည် သူမ၏ နောက်မှ လေးထောင့် ခြံဝင်း တစ်ခုအား ညွှန်ပြကာ ပြောလိုက်သည်။ ထိုလေးထောင့် ခြံဝင်းသည် ပန်းရောင် နံရံများနှင့် မီးခိုးရောင် အုတ်ကြွပ်ပြားများဖြင့် အမှန်တကယ်ကို ရှေးဆန်ကာ တမူထူးခြားနေခဲ့သည်။

“ချန်ကွေ့ ရှင့် အိမ်က တကယ်ကို ခမ်းနားတာပဲ "

ဟု နီချွေ့ဟွာသည် သူမ၏ ရှေ့မှ လေးထောင့် ခြံကွက်အား ကြည့်ကာ သူမ၏ မျက်လုံးများတွင် အံအားသင့်မှုများဖြင့် ပြည့်နှက်လျှက် ပြောလိုက်သည်။ အရင်အချိန်တွင် မူမိသားစုသည် ဒမ်ကျေးရွာတွင် အတော်အတန် ချမ်းသာသော မိသားစုဟု တွေးတောခဲ့သော်လည်း သူတို့တွင် အုတ်အိမ် ငါးလုံးပါသာ ရှိသည်။ ယခု လေးထောင့်ခြံဝင်းကဲ့သို့ အိမ်မျိုးဆိုလျှင် အတော်လေး တန်ဖိုးကြီးပေမည်။

သူမသည် ထိုလေးထောင့်ကွက် ခြံဝင်းအား မြင်လိုက် ပြီးနောက် နီယန်သည် အိမ်ဝဘ်မည့် အကြံအာား ခဏတာ လက်လျော့လိုက်သည်။ သူမတွင် ယွမ် တစ်ထောင်သာ ရှိကာ ထို လေးထောင့် ခြံကွက်အား ဝယ်ယူရန် ငွေမလုံလောက်ပေ။ သူမသည် သူမ၏ လက်ထဲတွင် ငွေရှာပြီး ပိုက်ဆံ ပိုရှိလာသောအခါမှ ထိုအကြောင်းအား ပြန်စဉ်းစားရန် ဆုံးဖြတ်လိုက်သည်။

နီချန်ကွေ့သည် စိတ်မပါစွာ ပြုံးလျှက် သူမ၏ မျက်လုံးထဲတွင် အားငယ်မှု ဝမ်နည်းမှု ထိုကဲ့သို့ အရိပ်အယောင်များ ပေါ်လာကာ ပြောလိုက်သည်။

“တစ်ယောက်မှ မရှိတဲ့အခါ အိမ်ရှိနေလို့ကော ဘာထူးမလဲ”

သူမသည် သူမ၏ အသံအား ပြောင်းလဲလိုက်ကာ ထပ်ပေါင်း ပြောဆိုလိုက်သည်။

“သွားရအောင် ကျွန်မ ရှင်တို့ကို ပတ်ပြပေးမယ်”

ခြံဝင်းသည် ကျယ်ဝန်းလှကာ အတွင်းထဲတွင် အခန်း တစ်ဒါဇင်ကျော်ခန့် ရှိသည်။ စတုရန်းမီတာ ၁၀၀၀နီးပါးလောက်ကို လွှမ်းခြုံထားသည်။ နီချန်ကွေ့သည် မြောက်ဘက်တါင် ရှိနေသော အဓိကအိမ် တစ်လုံးအား ညွှန်ပြကာ ပြောလိုက်သည်။

“ကျွန်မက ဒီဘက်က အိမ်မှာ နေတယ် ရှင်တို့ နှစ်ယောက်ကတော့ အရှေ့ တောင် အနောက် ဘက် တစ်ဘက်ဘက်မှာ နေနိုင်တယ် ဘေးတစ်ဖက်စီမှာ မီဖိုချောင်နဲ့ သန့်စင်ခန်း အပါအဝင် အခန်း ၅ခန်းစီ ရှိတယ် ငှားယမ်းခက ဘယ်အခန်း ငှားငှား တစ်လကို ၁၅ယွမ် ပါ”

၁၅ယွမ်.......

အရမ်း စျေးကြီးတာပဲ.....

နီချွေ့ဟွာသည် ပင့်သက်ရှိုက်လိုက်မိသည်။ သူမ သိသည်မှာ နီယန်တွင် ကျိုးချန်ကျိန့်ပေးသော ယွမ် ၁၀၀၀သာ ရှိသည်။ ထို့အပြင် ဘေကျင်းသို့ လာရန် ခရီးစားရိတ်အနေဖြင့် ယွမ်၂၀၀ ခန့် သုံးခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူတို့သာ ယခုလို သုံးနေမည်ဆိုလျှ၍် ယွမ်၁၀၀၀ ကို မပြောနှင့် ရွှေအပုံလိုက်ဆိုလျှင်တောင် အလျှင်အမြန် ကုန်ဆုံးသွားနိုင်သည်။

“ယန်ယန်”

နီချွေ့ဟွာသည် နီယန်၏ အကျီ လက်စအား ဆွဲလိုက်ကာ သူမသည် နီယန်၏ ဦးဆောင်မှု အောက်တွင် အလိုလို နီယန် အပေါ် စတင်၍ မှီခိုလာခဲ့သည်။

“သမီးမှာ အစီစဉ် ရှိပါတယ်”

နီယန်သည် သူမ၏ လက်အား ပုတ်လိုက်ကာ စိတ်ချလက်ချ ‌နေရန် ပြောလိုက်သည်။ ၁၅ယွမ်သည် အမှန်တကယ် စျေးကြီးပေသည်။ သို့သော် တစ်ဖက်က စဉ်းစားကြည့်လျှင် အခန်းငါးခန်း ပါဝင်သော အိမ်အား ၁၅ယွမ်ဖြင့် ငှားယမ်းရကာ ထို့အပြင် ဘေကျင်းမြို့တွင် စျေးကြီးသည်ဟု မထင်ရပေ။

“အဒေါ်နီ ကျွန်မ ဒီအိမ်ကို ယူမယ် တစ်ခါထဲ တစ်နှစ်စာ ငှားယမ်းခကို ကြိုတင် ပေးထားလိုက်မယ် “

နီယန်သည် ၁၈၀ယွမ်အား သူမ၏ အိတ်ကပ်ထဲမှ ထုတ်ယူလိုက်ကာ နီချန်ကွေ့၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ နီချန်ကကွ့သည် နီယန် ချက်ချင်း သ‌ဘောတူလိုက်သည်ကို အံ့အားသင့်သွားခဲ့သည်။ သူမသည် ယွမ် ၁၈၀ သည် နည်းပါးလှသော ငွေ မဟုတ်သောကြောင့် နီယန် စျေးဆစ်အုန်းမယ်ဟု ထင်ခဲ့သည်။

မြို့ပြင်မှ အိမ်အား ငှားမည့်သူ မည်သူ ရှိပါမည်နည်း။ နီယန်သည် နီချန်ကွေ့အတွက် ချမ်းသာခြင်းနတ်ဘုရား နှင့် တူနေခဲ့သည်။ ထိုငွေများသည် အလကား ရသောငွေများ ဖြစ်ပေသည်။

“ကောင်းပြီ “

နီချန်ကွေ့သည် ရီမောလျှက် ငွေလက်ခံလိုက်ကာ ပြောလိုက်သည်။

“မင်းတို့ နှစ်ယောက် စပြီး အခန်းကို သန့်ရှင်းရေး လုပ်လို့ရပြီ မင်းတို့ အရှေ့ဘက်အိမ်က အရာအားလုံးကို အသုံးပြုလို့ရတယ် အကယ်၍ တစ်ခုခု လိုအပ်တာရှိရင် အချိန်မရွေး ငါ့ကို အသိပေးပါ”

ယခုအချိန်တွင် နီယန်သည် အလွန်ရိုးသားသောကြောင့် သူမသည်လည်း တွန့်တိုနေ၍ မရတော့ချေ။

“ကျေးဇူးတင်ပါတယ် အဒေါ်နီ “

ဟု နီယန်သည် သူမ၏ ကျေးဇူးတင်စကားအား ပြောကြားပြီးနောက် သူမနှင့် နီချွေ့ဟွာသည် အရှေ့ဘက် အခန်းစီသို့ ဝင်သွားလိုက်သည်။ ထို အရှေ့ဘက် အခန်းများတွင် ဖုန်မှုန့်များနှင့် ပင့်ကူမျှင်များ ဖုံးအုပ်နေခဲ့ကာ အချိန်အတော်ကြာ မည်သူမှ မနေထိုင်ခဲ့ကြောင်း သိသာပေသည်။ နီချွေ့ဟွာသည် နီယွန် အိပ်စက်ရန် အတွက် ကုတင်အား အရင်ဦးဆုံး သန့်ရှင်းလိုက်ကာ ပြီးမှသာလျှင် နီယန်နှင့် အတူ အခန်းအား ဆက်၍ ရှင်းလိုက်သည်။

“အမေ အမေက အခုမှ မီးတွင်းကာလပဲ ရှိသေးတယ် ရေအေးတွေကို မကိုင်နဲ့ သမီး လုပ်လိုက်မယ်”

ထိုခေတ် ကာလမှ အမျိုးသမီးများသည် အမှန်တကယ် သန်မာလှသည်။ နီချွေ့ဟွာသည် ကလေးငါးယောက် မွေးခဲ့သော်လည်း တစ်ကြိမ်တစ်ခါမှ မီးတွင်းကာလအား မဖြတ်သန်းခဲ့ဖူးပေ။ ထိုအခြေအနေမျိုးသည် မော်ဒန်ခေတ်ကာလတွင် စဉ်းစား၍တောင် မရနိုင်ပေ။ ထိုအရာသည် ကျန်းမာရေး ပြသာနာများကို ဖြစ်လာစေနိုင်သည်။

“အမေက ဖန်နဲ့ လုပ်ထားတာ မဟုတ်ပါဘူး”

နီချွေ့ဟွာသည် စားပွဲခုံအား သန့်ရှင်းရေး လုပ်ရင်း ပြန်လည် တုန့်ပြန်လိုက်သည်။

“ဒီလောက် အချိန် ကြာကြာ အသက်ရှင် ရပ်တည်ခဲ့ပြီးပြီပဲ အမေ့သမီး တစ်ယောက်ထဲ အခန်း ငါးခန်းလုံးကို သန့်ရှင်းရေး လုပ်နေရမှာကိုတော့ ထိုင် မကြည့်နိုင်ပါဘူး အချိန်အရမ်းကြာနေလိမ့်မယ်”

နီချွေ့ဟွာသည် မိခင် တစ်ဦး ဖြစ်သည့်အပြင် သူမ၏ သမီးများအား မကာကွယ်ပေးနိုင်သောကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်နေခဲ့ပြီး လိပ်ပြာမလုံ ဖြစ်နေခဲ့သလို ခံစားနေခဲ့ရသည်။ ထို့ကြောင့် သူမသည် ယခုအချိန်တွင် ဝန်ထုပ်ဝန်ပိုး တစ်ခု မဖြစ်စေချင်ခဲ့ပေ။ နီယန်သည်လည်း သူမ လုပ်ချင်နေသည်အား လုပ်ခွင့်ပေးရုံမှ တစ်ပါး မတတ်နိုင်ခဲ့ပေ။

အမေနှင့် သမီး နှစ်ဦးသည် တစ်နေကုန် အလုပ်ရှုပ်နေကြကာ နေ့လည်စာ အတွက် ဘီစကစ် အချို့ကိုသာ စားသောက်လိုက်ကြသည်။ ညနေခင်းတွင် သူတို့သည် အခန်း ငါးခန်းလုံးအား သန့်ရှင်းပြီးသွားခဲ့သည်။ အခန်းငါးခန်းလုံးသည်း အချင်းချင်း ဆက်သွယ်ထားကြသည်။ အလယ်တွင် ဧည့်ခန်းပါဝင်ကာ ကျန်နှစ်ခန်းသည် နီယန်နှင့် နီချွေ့ဟွာအတွက် အိပ်ခန်း ဖြစ်ကာ ဘေးတွင် အခန်းလွတ် တစ်ခန်း ရှိသည်။

“ရှင်တို့ နှစ်ယောက်က တကယ်ကို အလုပ်ကြိုးစားကြတာပဲ တစ်ရက် မကုန်ခင်မှာတောင် ရှင်တို့က တအိမ်လုံးကို ပြောင်းလဲလိုက်နိုင်တယ်”

နီချန်ကွေ့သည် တံခါးဝနားသို့ ရောက်လာခဲ့ကာ သူမ၏ လက်ထဲတွင် ပန်ကန်ပြား တစ်ချပ်ကိုင်လာပြီး ပြုံးလျှက် ပြောလိုက်သည်။

“ဒါက ကျွန်မလုပ်ထားတဲ့ ဘန်းကိတ်တွေပါ ရှင်တို့ အတွက် မြည်းကြည့်လို့ရအောင် ယူလာခဲ့တာ”

နီယန်သည် ပြုံးပျော်ရွှင်ကာ ပန်းကန်ပြားအား လှမ်းယူရင်း ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် အဒေါ်နီ မနက်ဖြန် ကျွန်မကို တစ်ခုလောက် ကူညီပေးနိုင်မလား မနက်ဖြန် ကျွန်မကို ကျေးရွာ ကော်မတီရုံးကို ခေါ်သွားပေးနိုင်မလား ကျွန်မ စာရွက်စာတမ်း အချို့ တင်ဖို့လိုအပ်လို့ပါ”

သူတို့သည် အခြားသောနေရာမှ ပြောင်းရွေ့လာခြင်း ဖြစ်သည့် အပြင် ထိုနေရာတွင် ကြာရှည်စွာနေထိုင်အခြေချရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် ပုံမှန်အတိုင်း သူတို့သည် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုများအား အဆင်ပြေချောမွေ့စေရန် အတွက် ဒေသခံခေါင်းဆောင်အား အကြောင်းကြားကာ လိုအပ်သော လုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်းများကို ဖြည့်စည်းပေးရန် လိုအပ်နေသေးသည်။ သူဌေးမ ဖြစ်ခဲ့ဖူးသော နီယန်သည် ထိုကဲ့သို့ အသေးစိတ် အချက်အလက်များအား ဂရုစိုက်ဖို့ လိုအပ်သည်ကို ကောင်းစွာ နားလည်ထားခဲ့သည်။

“ကောင်းပြီ ပြသာနာ မရှိပါဘူး “

နီချန်ကွေ့သည် ပြုံးရွှင်စွာ ပြန်လည်ပြောကြားလိုက်သည်။

“မနက်ဖြန် ဘယ်လိုဖြစ်ဖြစ် အဒေါ်လည်း တစ်နေကုန် အားနေမှာပဲ အဒေါ် ခေါ်သွားပေးမယ်လေ”

“ကျေးဇူးတင်ပါတယ် အဒေါ်နီ “

ထိုအချိန်တွင် နီချွေ့ဟါာသည် မီးဖိုချောင်ထဲမှ နေ၍ ခေါက်ဆွဲ ပန်းကန်လုံး တစ်လုံးဖြင့် ထွက်လာခဲ့ကာ ပြောလိုက်သည်။

“ချန်ကွေ့ ရှင် ညစာ အခုထိ မစားရသေးဘူးမလား ဒီည ကျွန်မတို့ ခေါက်ဆွဲ စားကြမလို့ ကျွန်မတို့နဲ့ အတူ လာစားပါလား”

All Chapters