← Chapters

အကြံရခြင်း

Vol. 2 Ch. 22

အကြံရခြင်း

Vol. 2 Ch. 22

“မလိုပါဘူး မလိုပါဘူး ကျွန်မ စားပြီးပြပြီ ”

ဟု နီချန်ကွေ့ အကြိမ်ကြိမ် ငြင်းဆန်လိုက်သည်။

“အဲ့ဒါဆိုလည်း ထပ်ယူသွားပြီး စားလိုက်ပါ ဒီခေါက်ဆွဲတွေက ကျွန်မတို့ ဇာတိက အထူးခေါက်ဆွဲ တစ်မျိုးပါ ရှင် တခြားနေရာတွေမှာ ရှာလို့ မတွေ့နိုင်ဘူး “

ဟု ပြောရင်း နီချွေ့ဟွာသည် နီချန်ကွေ့အား ခေါက်ဆွဲ တစ်ပန်းကန် ပေးရင်း ပြောလိုက်သည်။

“အဲ့ဆို ကျွန်မ အားမနာတော့ဘူးနော်”

ဟု ပြောရင်း နီချန်ကွေ့သည် ရှက်ကိုးရှက်ကန်း ဖြစ်မနေတော့ပဲ တိုက်ရိုက် ထိုင်ကာ ခေါက်ဆွဲအား စတင် စားသောက်လိုက်တော့သည်။ အမှန်ပြောရလျှင် ထိုခေါက်ဆွဲများသည် အလွန်ကို အရသာကောင်းမွန်သည်။ အပြင်မှာ ရသော ခေါက်ဆွဲများထက် ဆယ်ဆမက သာလွန် ကောင်းမွန်လှသည်မှာ ယုံမှားဖွယ်မရှိပေ။

“ယန်ယန်အမေ ရှင့် ဟင်းချက်လက်ရာက အရမ်းကောင်းတာပဲ အကယ်၍ ရှင်သာ စားသောက်ဆိုင် ဖွင့်ခဲ့ရင် သေချာပေါက် ရောင်းကောင်းမယ် ဆိုတာကို ကျွန်မ ပြောရဲတယ် “

နီချန်ကွေ့သည် သူမအား ချီးကျူးထောပနာပြုလိုက်သည်။ ပြောတဲ့သူက ပေါ့ပေါ့ပါးပါး ဒီအတိုင်းပြောလိုက်သော်ငြားလည်း နားထောင်သည့်သူသည်အရိပ်အမြွတ်ကို ဖမ်းမိသွားခဲ့သည်။ နီယန်တွင် စဉ်းစားစရာများ ရရှိသွားခဲ့သည်။ သူမ၏ အတိတ်ဘဝတွင် သူမသည် စားသောက်ကုန်လုပ်ငန်းတွင် လုပ်ခဲ့ဖူးသည်။ အကယ်၍ သူမတွင် ငွေရှိခဲ့လျှင် သူမအမေနှင့် အသေးစား စားသောက်ဆိုင် တစ်ခုကို ဖွင့်တာသည်လည်း ကောင်းမွန်သော ရွေးချယ်စရာ တစ်ခုပင် ဖြစ်ပေမည်။

စားသောက်နေရင်း အချိန်တစ်ဝက်လောက် ကြာသော်အခါ နီချွေ့ဟွာသည် ထပ်မံ၍ ပြောလိုက်သည်။

“ချန်ကွေ့ ဒီနေ့ နေ့လည်ခင်းက ကျွန်မ အမှိုက်သွားပစ်ရင်း ခြံဝင်း အပြင်ဘက်မှာ နေရာလွတ်တစ်ခု တွေ့လိုက်တယ် ရှင့်ဟာလား"

“ဟုတ်တယ် ကျွန်မ ပိုင်တာပါ”

နီချွေ့ဟွာသည် ခေါင်းငြိမ့်လိုက်သည်။

“ဒါပေမဲ့ နှစ်ပေါင်းများစွာ မစိုက်ပျိုးပဲ ထားလိုက်တာကြောင့် အခုဆို ကျတ်တီးမြေ ဖြစ်နေပြီ “

ထိုစကားအား ကြားသောအခါ နီချွေ့ဟွာ၏ မျက်လုံးထဲတွင် ပျော်ရွှင်သော အရိပ်အယောင် ခဏ လင်းလက်သွားခဲ့သည်။

“ချန်ကွေ့ အဲ့ဒီ မြေလွတ်ပေါ်မှာ ကျွန်မ ဟင်းသီးဟင်းရွက် စိုက်ပျိုးမယ်ဆိုရင် ရှင် ဘယ်လို သဘောရလဲ “

“ကောင်းတာပေါ့ အဲ့မြေက ဒီတိုင်း ဗလာဖြစ်နေတာပဲဟာ ရှင် စိုက်ချင်တဲ့ အရာမှန်သမျှ စိုက်လို့ရတယ် အဲ့မြေအပြင် ကျွန်မမှာ ရွာထဲမှာလည်း လယ်အချို့ ရှိသေးတယ် ရှင်လိုချင်ရင် အဲ့မြေတွေကိုလည်း ယူသုံးနိုင်တယ် “

နီချန်ကွေ့သည် တွန့်တိုစေးနဲသော သူမျိုး မဟုတ်ပေ။ သူမသည် မြို့ထဲတွင် အလုပ်စလုပ်ကနည်းက အိမ်မှာ ရှိသော မြေယာများအား စိုက်ပျိုးမည့်သူ မရှိတော့ပေ။

“ချန်ကွေ့ ရှင်က အရမ်း သဘောကောင်းတဲ့ သူပဲ “

နီချွေ့ဟွာသည် စကားပြောဆိုရင်း သူမ၏ မျက်နှာပေါ်တွင် အပြုံးကြီးကြီး တစ်ခု ပေါ်ထွက်လာခဲ့သည်။ အကယ်၍ သူတို့သာ ရထားပေါ်တွင် နီချန်ကွေ့နှင့် မတွေ့ခဲ့လျှင် သူမတို့ သားအမိ သုံးဦးသည် ဘေကျင်းတွင် ယခုကဲ့သို့ လွယ်လွယ် ကူကူ အခြေချနိုင်မည် မဟုတ်ပေ။

နီချွေ့ဟွာသည် အချိန် ဖြုန်းမနေခဲ့ပေ။ နောက်တစ်နေ့တွင် နီယန် နီချန်ကွေ့နှင့်အတူ ကျေးရွာ ကော်မတီ ရုံးခန်းမသို့ လိုက်သွားစဉ် သူမသည် ပေါက်ပြား တစ်လက်အား ပခုံးပေါ်သို့ တင်ကာ ခြံဝင်း အရှေ့ရှိ မြေယာအား ပြန်လည် ဖော်ယူခဲ့ကာ သူမ၏ သမီးငယ်လေးအား အိပ်ယာမှ နိုးလာမလား ဆိုကာ နာရီဝက်ခြား တစ်ခါ စစ်ဆေးနေခဲ့သည်။ နီယန်သည် ကျေးရွာ ကော်မတီ ရုံးခန်းမသို့ သွားသောအခါ လက်ဆောင်များ ဝယ်ယူသွားခဲ့သည်။ တရုတ်လူမျိုးများသည် အသွားအပြန်ရှိသော သဘောတရားနှင့် ရယ်မောခြင်း နည်းလမ်း ၃ချက် အပါအဝင် စကားပြောချိုသာခြင်း သကြားရည် အုပ်ထားသော ကျည်ဆံများအား မည်ကဲ့သို့ အသုံးပြုရမည်ကို သိလျှင် ဘယ်တော့မှ မရှုံးနိမ့်နိုင်ပေ။ သူမသည် အတိတ်ဘဝ၌ လူများအား မည်ကဲ့သို့ ကိုင်တွယ်ရမည်ကို သိသောကြောင့် အဆင်ပြေချောမွေ့စွာ ပြီးမြောက်ခဲ့သည်။ ထို့အစား နီယန်၏ ကျေညှက်သော နည်းလမ်းများ အောက်တွင် ရွာခေါင်းဆောင်အား အောင်မြင်စွာ ကိုင်တွယ်နိုင်ခဲ့သည်။ ရွာခေါင်းဆောင်သည် သူမအတွက် စာရွက်စာတမ်းများအား သဘောထားကြီးစွာ ထုတ်ပေးလိုက်ကာ ရွာတစ်လျှောက် ကြော်ငြာပေးခဲ့ခြင်းဖြင့် သူမသည် ယခုအချိန်ကစ၍ ကျင်းဟွာရွာ၏ အဖွဲ့ဝင် တစ်ဦး ဖြစ်လာခဲ့သည်။

ထို့နောက်တွင် နီယန်သည် ကျင်းဟွာရွာတွင် အောင်မြင်စွာ အခြေချ နေထိုင်နိုင်ခဲ့သည်။ နီချန်ကွေ့သည် နီယန်အား ကြည့်ကာ သူမ၏ ဘေးမှ လျှောက်လာခဲ့ပြီး သူမ၏ မျက်လုံးများသည် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ နီယန်သည် ငယ်ရွယ် လှပသည် သာမကပဲ ဉာဏ်ကောင်းစွာ ကိစ္စများအား ကိုင်တွယ်ဖြေရှင်းခြင်းမှာလည်း ကျွမ်းကျင်လိမ့်မည်ဟု မျှော်လင့် မထားခဲ့ပေ။ သူမ အရွယ်ရောက်လာခဲ့လျှင် အေးချမ်းသာယာမှုကို ဖျက်စီးနိုင်လိမ့်မည်ဟု တွေးလိုက်မိသည်။ နီချွေ့ဟွာသည် နီယန်၏ စကားအား တစ်ချိန်လုံး နားထောင်နေသည်မှာ အံ့အားသင့်စရာမရှိပေ။

“အဒေါ်ဝမ် မတွေ့တာ ကြာပြီ ဘယ်ရောက်နေတာလဲ “

ကောက်ရိုးအုပ်ထုပ်အား ဆောင်းလာသော ရွာသူ တစ်ယောက် နီးကပ်လာသောအခါ နီချန်ကွေ့ လှမ်းမေးလိုက်သည်။ ထိုသူ၏ အကြည့်သည် နီယန်အပေါ်သို့ ကျရောက်လာခဲ့သည်။

“ဘယ်လိုတောင် လှလိုက်တဲ့ မိန်းကလေးလဲ ငါ အရင်က မမြင်ဖူးပါဘူး နင့်ဆွေမျိုးလား"

နီချန်ကွေ့သည် ရီမောလိုက်ကာ ပြောလိုက်၏။

“ကျွန်မ ချွန်းဟွာရဲ့ မိသားစုတွေဆီ သွားလည်တာပါ ဒါက ကျွန်မရဲ့ သွေးဝေးဆွေမျိုး ဖြစ်တဲ့ ယန်ယန်ပါ သူနဲ့ သူ့အမေနဲ့ သူ့ညီမလေးက ကျွန်မအိမ်မှာ လက်ရှိနေနေတယ် ယန်ယမ် ဒါက အဒေါ်ဝမ်”

ပထမဆုံးစာကြောင်းသည် အဒေါ်ဝမ်အတွက် ဖြစ်ကာ ဒုတိယစာကြောင်းသည် နီယန်အတွက် ဖြစ်သည်။

“မဂ်လာပါ အဒေါ်ဝမ် “

နီယန် ချိုသာစွာ နှုတ်ဆက်လိုက်သည်။ နီယန်သည် လှပရုံသာမက သူမ၏ အသံသည်လည်း ချိုသာလှ၏။ ထိုကဲ့သို့ ယဉ်ကျေးသိမ်မွေ့သော အကျင့်စာရိတ္တအား မကြိုက်သော သူ မည်သူရှိမည်နည်း။

ထို့နောက်တွန် အဒေါ်ဝမ် သတင်းဖြန့်လိုက်သောကြောင့် လူတိုင်းသည် နီချန်ကွေ့၏ မိသားစုတွင် ချစ်စရာကောင်းပြီး လှပသော မိန်းကလေး တစ်ဦး တိုးလာကြောင်း လူတိုင်း သိသွားကြတော့သည်.။ လူတိုင်းသည် လာရောက် လည်ပတ်ကြသောကြောင့် သူတို့သားအမိသည် ရွာသားများဖြင့် တဖြေးဖြေး ရင်းနှီးလာကြသည်။

နီချွေ့ဟွာသည် မြေရိုင်းအား ရှင်းလင်းပြီးနောက်တွင် ပျိုးရန်အတွက် အသီးအရွက် မျိုးစေ့များအား လိုအပ်နေခဲ့သည်။ သဘာဝအတိုင်း မျိုးစေ့ဝယ်ရမည့် အလုပ်သည် နီယန်အပေါ်သို့ ကျရောက်လာခဲ့သည်။ သူမသည် ဓာတ်ရထားစီးကာ မြို့ပေါ်သို့ တက်သွားခဲ့သည်။ တကယ်တမ်းတွင် ရွာထဲတွင်လည်း မျိုးစေ့များ ဝယ်ယူရရှိနိုင်ပေသည်။ သို့သော် နီယန်တွင် မြို့ပေါ်၌ တစ်ခြား လုပ်ဆောင်ရန်များ ရှိနေသေး၏။ သူမသည် ငွေအား မည်ကဲ့သို့ လျှင်မြန်စွာ ရှာဖွေနိုင်မည်ကို သိချင်မိသည်။

သူမတွင် လက်ရှိ ယွမ်၇၀၀ ရှိနေခဲ့ကာ အကြီးစား လုပ်ငန်းတစ်ခု လုပ်ဆောင်ရန်အတွက် ငွေမလောက်ငှခဲ့ပေ။ လုပ်ငန်းအသေးစား တစ်ခုကိုကာ စတင်၍ လုပ်ဆောင်ကာ တိုးချဲ့ ရမည် ဖြစ်သည်။

နီယန် ပထမဆုံး ဝင်သော နေရာသည် စိုက်ပျိုးရေး ဈေး တစ်ခု ဖြစ်သည်။ နောက်ပိုင်း ဟင်းသီးဟင်းရွက် ဈေးကဲ့သို့ ဈေးဆစ်သော သူများဖြင့် စည်ကားနေခဲ့သည်။ သူမသည် ဟင်းရွက်မျိုးစေ့များအား ဝယ်ယူပြီးနောက်တွင် နီယန်သည် အသားရောင်းသော ဆိုင်သို့ သွားခဲ့ကာ အိမ်ပြန်လျှင် ဝက်သား ၂ကီလိုဂရမ်ခန့် ဝယ်သွားရန် စီစဉ်လိုက်သည်။

“သူဌေး ဝက်သား တစ်ကီလိုဂရမ်က ဘယ်ဈေးလဲ”

သားသတ်သမားသည် ပေါင် ၂၀၀ လောက် ရှိသော သက်လတ်ပိုင်း လူတစ်ဉီးဖြစ်သည်။ သူမ၏ မေးသံအား ကြားသောအခါ သူသည် ပျင်းရီပျင်းတွဲ အကြည့်ဖြင့် နီယန်အား ကြည့်ကာ ပြန်လည်ဖြေကြားလိုက်သည်။

“တစ်ကီလိုကို နှစ်ယွမ်နဲ့ ရှစ်ဆင့် ကျတယ်”

“နှစ်ယွမ်နဲ့ ရှစ်ဆင့် ဟုတ်လား”

နီယန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အဘယ်ကြောင့် ထိုမျှ ဈေးကြီးရသနည်း။ နောင်ပိုင်းကာလများတွင် နှစ်ယွမ်နဲ့ ရှစ်ဆင့်သည် သကြားလုံး တစ်လုံးသာ ဝယ်လို့ရပေတော့မည်။ သို့သော်လည်း ယခုအချိန်သည် ၁၉၈၀ ကာလဖြစ်ကာ ကျေးလက်ဒေသတွင် ဝက်သားဈေးသည် တစ်ကီလို ရှစ်ဆင့်သာ ရှိ၏။ နှစ်ယွမ်နှင့် ရှစ်ဆင့်ဆိုလျှင် ကြက် တစ်ကောင်လုံး ဝယ်လို့ရပေသည်။ ပေကျင်းမှာ ဆိုလျှင်တောင် အသားဈေးသည် သုံးဆနီးပါးတိုးလာလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

“ဈေးများတယ်လို့ တွေးနေတာလား”

သက်လတ်ပိုင်းလူကြီးသည် အထင်သေးသလို ကြည့်လိုက်ကာ ပြောလိုက်သည်။

“ဈေးကြီးတယ်လို့ ထင်ရင် ငါးသွားဝယ်လေ”

သူသည် တစချက်ကြည့်လိုက်ရုံဖြင့် သူမသည် ကျေးလက်မှ လာသောသူတစ်ဦး ဖြစ်မှန်း ပြောနိုင်သည်၊။ အမှန်တကယ် အသားဝယ်လိမ့်မည်ဟုပင် မယုံကြည်ခဲ့ပေ။

နီယန်သည် သားသတ်သမား၏ အပြုအမူအား စိတ်ထဲ မထားပေ။ သူမသည် မျက်ခုံးပင့်ကာ ပြန်မေးလိုက်သည်။

“ငါး ငါးဈေးက အသားထက် သက်သာတာလား”

နီယန်သည် အတော်လေး ဆွဲဆောင်မှု ရှိသောကြောင့် ဖြစ်နိုင်ပေသည်။ သားသတ်သမားသည် မလှမ်းမကမ်းတွင် ရှိသော ငါးဆိုင်အား ညွှန်ပြလိုက်သည်။

“အဲ့မှာ ငါးတွေက သုံးဆင့်ပဲ ကျတယ် သေချာပေါက် သက်သာတာပေါ့”

နီယန်သည် ညွှန်ပြရာသို့ လှည့်ကြည့်လိုက်ချိန်တွင် သိပ်မမြင်ရသော ထောင့်တစ်ထောင့်တွင် ငါးဆိုင် တစ်ခုရှိနေသည်အား တွေ့လိုက်ရသည်။ ထိုဆိုင်သည် သေးငယ်ကာ လမ်းသွားလမ်းလာများသည် လှည့်တောင် မကြည့်ကြပေ။

ပုံမှန်အားဖြင့် ဒီနေရာတွင် ငါးကို သိပ်မစားကြပေ။ အဓိပ္ပာယ်ရှိသည်။ အဘယ်ကြောင့်ဆိုသော် ၁၉၈၀ ခုနှစ် တရုတ်ပြည်တွင် လူများ စားသောက်ရန် လုံလောက်ခြင်း မရှိသော ပြသာနာ တစ်ရပ် ရှိနေခဲ့သည်။ ထိုကဲ့သို့ ဖြစ်နေချိန်တွင် မည်သူက ငါးဝယ်စားရန် တွေးကြမည်နည်း။ ငါးအား ချက်ပြုတ်ရာတွင် ဆီများစွာ လိုအပ်ကာ ကောင်းကောင်း မချက်နိုင်လျှင် ငါးညှီနံ့ ပြင်းပြင်းထွက်ကာ စိတ်ရှုပ်စရာ ကောင်းလှ၏။ ထိုအစား ဟင်းသီးဟင်းရွက်စားခြင်းသည်သာ ပို၍ ကောင်းပေအုန်းမည် ဖြစ်သည်။

ဝက်သားကဲ့သို့ ဒယ်အိုးထဲ ထည့်ကြော်ရုံဖြင့် သူ့အလိုလို ဆီထွက်လာမည် မဟုတ်ပေ။ အာသီသ ပြေအောင် ဖြည့်ဆီးနိုင်သည့် အပြင် လူ့ခန္ဓာကိုယ်အတွက် လိုအပ်သော အဆီဓာတ်များလည်း ဖြည့်စွက် ပေးနိုင်သေးသည်။ ၁၉၈၀ ခုနှစ်များတွင် အနာဂတ်ကာလကဲ့သို့ ငါးချက်ပြုတ် နည်းလမ်းများ များစွာ မရှိခဲ့ပေ။

ဟင်းပွဲများ အနေဖြင့် ကျောက်ငါးအိုး ငါးချဉ်ဟင်း ငါးပေါင်း ငါးပြုတ် ငါးကင် ငါးရှဉ့်ဟင်း စသဖြင့် ထိုဟင်းပွဲများသည် နောက်ပိုင်းကာလတွင် ချက်ပြုတ်သော ငါးဟင်းများ ဖြစ်လာခဲ့သည်။ ငါးချဉ်ဟင်းလျာသည် ၁၉၈၀ ခုနှစ် အစောပိုင်း ကာလများတွင် ခေတ်စားလာခဲ့သည်။

ငါးဆိုင်နားသို့ ရောက်လာသောအခါ နီယန်တွင် အစီစဉ် တစ်ခု ရှိလေသည်။ သူမသည် ပြုံးလျှက် ပြောလိုက်သည်။

“သူဌေး ကျွန်မကို ငါးခေါင်းအကြီး ၃လုံးပေးပါ ပြီးတော့ ပြည်ကြီးငါး ၃ကောင်ပါ ပေးပါ”

အရောင်းအဝယ် ဖြစ်နိုင်မည်အား တွေ့သောအခါ ဆိုင်ပိုင်ရှင်သည် ချက်ချင်း ထရပ်လိုက်ကာ ဝမ်းသာအားရ ပြောလိုက်သည်။

“ကလေးမလေး အူပါ ထုတ်ပေးရမလား”

နီယန်သည် ခေါင်းငြိမ့်လိုက်ကာ

“ဟုတ်ကဲ့ ကျေးဇူးပြုပြီး ငါးတွေကိုပါ တစ်ခြမ်းစီ ခွဲပေးလိုက်ရင် ပိုကောင်းတယ်”

“ကောင်းပြီ”

ငါးဆိုင် ပိုင်ရှင်သည် ကျွမ်းကျင် သေသပ်သော လက်လှုပ်ရှားမှုဖြင့် အချိန်တိုအတွင်း ပြင်ဆင်ပေးလိုက်သည်။ ငါးခြောက်ကောင်အတွက် စုစုပေါင်းကျသင့်ငွေ တစ်ယွမ်နှင့် နှစ်ဆင့်ကျသင့်ကာ ငါးခေါင်းများအတွက် သုံးဆင့်ပေးရသည်။ ထို့အပြင် ပြည်ကြီးငါးအတွက် တစ်ကောင်အား တစ်ဆင့်သာ ကျသင့်သည်။

ငါးဝယ်ပြီးနောက်တွင် နီယန်သည် စမုန်စပါး နှင့် ဆားရည်စိမ် အသီးအရွက်အချို့အား ဝယ်ယူလိုက်သည်။ အနာဂတ်တွင် စီးရေးလုပ်ငန်းများအတွက် သွားလာရလွယ်ကူစေရန် ဖီးနစ်တံဆိပ် စက်ဘီးအား ယွမ်နှစ်ရာဖြင့် ဝယ်ယူကာ ရင်းနှီးမြှပ်နှံရန် ဆုံးဖြတ်လိုက်သည်။

စက်ဘီးရှိသောကြောင့် ရွာပြန်သောအခါ ပို၍ လွယ်ကူ ချောမွေ့လှသည်။ ကိုယ်ပိုင် ယာဉ်တစ်စီး ပိုင်ဆိုင်ရပြီဟူသော စိတ်ကူးကြောင့် သူမသည် အိမ်ပြန်လမ်းတစ်လျှောက် သီချင်းညည်းကာ သီဆိုသွားခဲ့သည်။

ရွာသို့ ပြန်ရောက်လာသောအခါ ကလေးများသည် သူမ၏ နောက်မှ စိတ်ဝင်တစား လိုက်လာခဲ့ကြသည်။ ထိုခေတ်ကာလများတွင် စက်ဘီး တစ်စီး ပိုင်ဆိုင်ခြင်းသည် ရှားပါးလှကာ အနာဂတ်ကာလတွင်ကား တစ်စီး ပိုင်ဆိုင်ရသည်ထက် ပို၍ တန်ဖိုးရှိလေသည်။

ထို့ကြောင့် ရွာထဲတွင် ကောလဟာလများ စတင်ပြန့်နှံ့လာခဲ့သည်။ နီချွေ့ဟွာနှင့် သူမ၏ သမီးသည် မည်သို့ လုပ်ကိုင် စားသောက်ကြသနည်း။ သူတို့တွင် ယခုလောက် များပြားသော ငွေ မည်ကဲ့သို့ ရှိသနည်း။ သူတို့သားအမိသည် စက်ဘီးကိုတောင် ဝယ်စီးနိုင်ပေသည်။ ထို့အပြင် သူတို့၏ ဘေးတွင် ယောကျာ်း တစ်ယောက်မှ မှရှိပေ။ ပြီးနောက် အမေနှင့် သမီး နှစ်ယောက်လုံးသည် ရုပ်ရည် ကြည့်ကောင်းကာ ချောမောလှသည်။ သူတိူ့သည် ဖြစ်နိုင်သည်မှာ………..

ထို့ကြောင့် ရွာသူရွာသားများသည် နီချွေ့ဟွာနှင့် သူမ၏ သမီးဖြစ်သူအား စတင်၍ သတိထား ဆက်ဆံလာကြသည့်အပြင် သူတို့၏ ယောကျ်ားများအား ဖျားယောင်းသွေးဆောင်မည်ကို စိုးရီမ်လာကြတော့သည်။

All Chapters