← Chapters

အရှက်မဲ့သော စီးပွားရေး လုပ်ငန်းရှင်

Vol. 2 Ch. 23

အရှက်မဲ့သော စီးပွားရေး လုပ်ငန်းရှင်

Vol. 2 Ch. 23

နီယန်သည် ရွာသားများ ဆွေးနွေးနေသော အကြောင်းများအား ဂရုမစိုက်ခဲ့ပေ။ ထို့အစား သူမသည် ကောင်းမွန်သော ဘဝ ပိုင်ဆိုင်ရန်နှင့် သူမကိုယ်တိုင် မှန်ကန်စွာ နေထိုင်နိုင်ရန် အတွက်သာ အာရုံစိုက်ထားခဲ့သည်။ သူမ၏ စက်ဘီးအသစ်အား ခြံဝင်းထဲတွင် ထားခဲ့လိုက်ကာ သူမ၏ မိခင်အား ခေါ်လိုက်သည်။

“အမေ သမီး ပြန်လာပြီ”

သူမ၏ အော်ခေါ်သံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် နီချွေ့ဟွာသည် ခါး၌ ခါးစည်းအား ပတ်ထားလျှက် အိမ်ထဲမှ ထွက်လာခဲ့သည်။ သူမသည် စက်ဘီးအား မြင်သော် မျက်နှာထား ပြောင်းလဲသွားကာ မေးမြန်းလိုက်သည်။

“ယန်ယန် သမီး စက်ဘီး ဝယ်လာတာလား”

နီယန်သည် ခေါင်းငြိမ့်လိုက်ကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် အမေ ဒီစက်ဘီးက ဘယ်လိုနေလဲ ကောင်းတယ်မလား”

နီချွေ့ဟွာ ဒေါသထွက်စွာ နီယန် အနားသို့ လျှောက်လာခဲ့ကာ

“ဒီလောက် ကုန်ကျစားရီတ်များတဲ့ ပစ္စည်းကို ဝယ်ဖို့ အမေနဲ့ ဘာလို့ အရင်မတိုင်ပင်ရတာလဲ အမေတို့မှာ အမြတ်ကျန်တဲ့ စီးပွားရေး လုပ်ငန်း တစ်ခု ရှိရင်တောင် ခုလို လက်ဖွာပြီး သုံးနေလို့ မရဘူး အဲ့လိုသာ သုံးနေရင် ငါတို့ ဘယ်လို ရပ်တည်နိုင်မှာလဲ”

နီချွေ့ဟွာသည် စိုးရိမ်မကင်း ဖြစ်နေသည်မှာ အခြေအမြစ် မရှိခြင်းတော့ မဟုတ်ခဲ့ပေ။ အိမ်လစာ ပေးပြီးနောက်တွင် သူတို့တွင် ယွမ် ၇၀၀ လောက်သာ ကျန်တော့သည်။ စက်ဘီး တစ်စီးလျှင် အနည်းဆုံး ယွမ် ၂၀၀အောက် နည်းလိမ့်မည် မဟုတ်ပေ။ နီယန်၏ သုံးစွဲပုံ နှုန်းအရဆိုလျှင် ရွှေတောင်ကြီး ပုံထားပေးခဲ့လျှင်ပင် လောက်ငှလိမ့်မည် မဟုတ်ပေ။

နီယန်သည် ရီမောလျှက် နီချွေ့ဟွာ၏ လက်မောင်းအား ဖက်လိုက်ကာ ပြောလိုက်၏။

“စိတ်ချလက်ချနေပါ အမေရယ် သမီး တစ်ယွမ်ကိုတောင် အဆင်အခြင်မဲ့ မသုံးပါဘူး အခု သမီး စက်ဘီးဝယ်လာတယ် ဆိုတာကလဲ အလုပ်လုပ်ဖို ဝယ်လာပါ သမီးကို ယုံလိုက် သမီး လုပ်နေတဲ့အရာကို သမီး သိပါတယ် အမေနဲ့ သမီးညီမလေးကို ချမ်းချမ်းသာသာ ဘဝနဲ့ နေရအောင် သေချာပေါက် လုပ်ပေးမှာပါ”

ထိုချိုသာသော စကားများ ကြားသောအခါ နီချွေ့ဟွာ၏ မျက်နှာသည် အနည်းငယ် နူးညံ့လာခဲ့ကာ မေးမြန်းလိုက်သည်။

“အလုပ်လုပ်ဖို့ ဟုတ်လား ဘာအလုပ်လုပ်မှာလဲ ငယ်ရွယ်တဲ့ မိန်းကလေးတစ်ယောက် အနေနဲ့ လူရှေ့ထွက်ပြီး အလုပ်လုပ်တာ သင့်တော်တယ်လို့ ထင်နေတာလား”

“အမေ ဒါတွေက ဒီအတိုင်း ရှေးခေတ် အတွေးအေခေါ်နဲ့ ယုံကြည်မှုတွေပါပဲ အသင်းဉဣဌကတောင် ယောကျ်ား တစ်ယောက်နဲ့ မိန်းကလေး တစ်ယောက်က အခုအချိန်မှာ တန်းတူပဲလို့ ပြောခဲ့သေးတာပဲ ပြီးတော့ သမီးတို့ ငွေကုန်တဲ့အထိ အလုပ်မလုပ်ပဲ ထိုင်စောင့်နေလို့ မရဘူးလေ “

နီယန်သည် ပြုံးလျှက် ပြန်ဖြေလိုက်သည်။ သက်ပြင်းချလျှက် နီချွေ့ဟွာ ပြောကြားလိုက်သည်။

“စိတ်ပူတာပေါ့ သမီးက ငယ်သေးတဲ့အပြင် အပြင်မှာ အနိုင်ကျင့်ခံရမှာကို စိုးရိမ်ရတာပေါ့ ပြီးတော့ အမေ ဒီနေ့ သမီးရဲ့ အဒေါ်နီနဲ့ စကား ပြောဖြစ်တယ် သူ့မှာ လယ်မြေ ဧက အနည်းငယ် ရှိတယ် စိတ်အေးလက်အေး လယ်စိုက်ပြီး မဖြစ်နိုင်တဲ့ အရာတွေကို အိပ်မက်မက်နေတာကို ရပ်လိုက်ပါတော့လား”

ယခုကာလအတွင်းတွင် ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ခြင်းသည် အဆင့်နိမ့်သော အလုပ်ဟု သတ်မှတ်ကြရာ အထူးသဖြင့် နီယန်ကဲ့သို့ မိန်းမငယ်လေး အတွက် ပို၍ ဆိုးရွားပေမည်။ အကယ်၍ မိန်းကလေးတစ်ယောက်သည် အပြင်တွင် အချိန်ကုန်မှု များလာခဲ့လျှင် သူမသည် အိမ်ထောင်ကောင်းကောင်း ပြုနိုင်ရန် အခွင့်အရေး နည်းပါးလှပေမည်။

“အမေ သမီး အမေ့ကို ဘေကျင်းခေါ်လာတာ လယ်လုပ်ဖို့ မဟုတ်ဘူး “

ဟု နီယန် ပြောလိုက်သည်။ ထို့အပြင် သူမ၏ အမူအရာသည် အလက်အနက် ခက်ထန်နေခဲ့သည်။

“အမေ အိမ်မှာပဲ နေပြီး ညီမလေးကို ဂရုစိုက်နေလိုက်ပါ ပြီးတော့ ငွေကြေးကိစ္စကို သမီးနဲ့ဘဲ လွှတ်ထားလိုက် ငွေကိစ္စ စိတ်မပူနဲ့ “

နီယန်သည် ရုတ်တရက် အလေးအနက် ဖြစ်ကာ ခက်ထန်သွားသောကြောင့် မိခင်ဖြစ်သူ နီချွေ့ဟွာ ကိုယ်တိုင်ပင် ကြောက်ရွံမှုအား ခံစားလိုက်ရသည်။

“အမေ စိတ်ချလက်ချနေပါ သမီး အမေနဲ့ ညီမလေး ဘဝကို ကောင်းကောင်း ဖြတ်သန်းရအောင် သေချာပေါက် လုပ်ပေးပါ့မယ် သမီးကို ယုံပါ “

နီယန်၏ အသံ ပြန်လည် နူးညံ့သွားကာ သူမ၏ ကြောင်မျက်လုံးကဲ့သို့ လှပသော မျက်လုံးများသည် အရောင် တောက်ပလျှက် နီချွေ့ဟွာအား ကြည့်လိုက်သည်။

နီချွေ့ဟွာသည် သူမ၏ သမီးအား နားလည်ရခက်စွာ ကြည့်လိုက်ကာ ခေါင်းငြိမ့်လိုက်သည်။

“ဟုတ်ပြီ ကောင်းပြီ ယန်ယန် အမေ သမီးကို ယုံတယ်”

မိခင်ဖြစ်သူအား အောင်မြင်စွာ စည်းရုံးခဲ့ပြီးနောက်တွင် နီယန်သည် တောက်ပသော အပြုံးတစ်ခုအား ဖော်ဆောင်လျှက် သူမ ယနေ့ ဝယ်ယူကာ စက်ဘီးပေါ်တွင် တင်လာသော အထုပ်အပိုးများအား သွားရောက် ယူငင်လိုက်သည်။

နီချွေ့ဟွာသည် နီယန်၏ လက်ထဲမှ ငါးအား ယူလိုက်ကာ ပဟေဠိဖြစ်စွာ မေးလိုက်သည်။

“ယန်ယန် ဒီငါးက အနံ့အရမ်းပြင်းတာပဲ သမီး ဒီလောက် အများကြီး တယ်လာတာ အမေတို့ စားလို့မရမှဦ စိုးရိမ်တယ်”

နီယန်သည် ပြုံးလိုက်ကာ လျို့ဝှက်ဆန်းကျယ်စွာ ပြောလိုက်သည်။

“အမေ ဒီငါးတွေကြောင့် သမီးတို့ ချမ်းသာလာတော့မှာလေ”

နီချွေ့ဟွာသည် ကြက်သေသေသွားခဲ့ကာ ‘ငါးကြောင့် ချမ်းသာလာတော့မယ် ငါးက လူအကြိုက်နည်းဆုံး အစားအစာ ဖြစ်နေတုန်ပဲ သူသမီးသည် အခုချိန်ထိ မူးနေတုန်းများလား’

နီယန်သည် အထွေအထူး ရှင်းမပြခဲ့ပေ။ သူမသည် ငါးတစ်ကောင် အား မီးဖိုချောင်သို့ ယူဆောင်သွားခဲ့ကာ ကျန်ငါးများအား ဝါးခြင်းထဲ ထည့်ကာ ရေတွင်းထဲသို့ ချထားလိုက်သည်။

ရေခဲသေတ္တာများ ထိုအချိန်တွင် ရှိနေပြီ ဖြစ်သော်ငြားလည်း ဈေးနှုန်း မြင့်မားသောကြောင့် သာမာန် လူတန်းစားများ မတတ်နိုင်ပေ။ ထို့ကြောင့် သူတို့သည် အပူချိန်နိမ့်သော ရေတွင်းများအား သုံးကာ အစားအစားများအား မူလအခြေအနေ အတိုင်း ထိန်းသိမ်းထားခဲ့ကြသည်။ ရေတွင်းထဲတွင် အစားအစားများ ထိန်းသိမ်းထားခြင်းသည် အနည်းငယ် ကရိကထများသော်လည်း အတော်လေး ကောင်းမွန်လှသည်။

နီယန်သည် ကျန်ရှိနေသော ငါးနက်အား ကောက်ကိုင်လိုက်ကာ ခေါင်းနှင့် အရိုးများအား စွပ်ပြုတ်လုပ်ရန် ခုတ်ထစ်လိုက်သည်။ ထို့နောက် ငါးအား အပိုင်းကြီး နှစ်ပိုင်း ပိုင်းလိုက်ကာ ငါးအသားလွှာ လုပ်လိုက်သည်။ နီယန် အတိတ်ဘဝတွင် စားသောက်ကုန် လုပ်ငန်းတွင် ကျင်လည်ခဲ့သောကြောင့် သူမ၏ ဓားကိုင်အရည်အချင်းသည် ကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိနေခဲ့သည်။ သူမ လှီးဖြတ်ထားသော ငါးအသားလွှာများသည် အထူအပါး ညီညာကာ လှပလွန်းလှသည်။

အသားလွှာများအား လှီးဖြတ်ပြီးနောက်တွင် ပန်းကန်လုံးအကြီးထဲသို့ ထည့်လိုက်ကာ ဆား နုတ်နုတ်ဆင်းထားသော ဂျင်း ပါးပါးလှီးထား နွေကြက်သွန်နီ ဟင်းချက်ဝိုင်များနှင့် ရောနယ်ကာ နှပ်ထားလိုက်သည်။ နောက်ဆုံးတွင် ကြက်ဥနှစ်လုံးအား ထည့်ကာ ငါးအပေါ်တွင် ကော်မှုန့် အနည်းငယ် ဖြူးလိုက်သည်။ ထို့နောက်တွင် နှပ်ထားသော ငါးအသားလွှာသည် အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

နီယန်သည် ယနေ့ဝယ်ယူလာသော ဂေါ်ဖီချဉ်များအား ဆေးကြောကာ အတုံးသေးသေးလေးများ တုံးလိုက်သည်။ ထို့နောက် သူသည် နုတ်နုတ်ဆင်းထားသော ဂျင်း ကြက်သွန်ဖြူ နှင် ့တခြားသော ပါဝင်ပစ္စည်းများအား ပြင်ဆင်ထားလိုက်သည်။ ဒယ်အိုးအား အပူပေးပြီး နောက်တွင် ဆီများ ပူပွက်လာသော အခါတွင် ပဲနှစ်များအား ထည့်ကြော်လိုက်သည်။ ထို့နောက် သူမသည် အခြားသော ဟင်းခတ်အမွှေးအကြိုင် ပါဝင်ပစ္စည်းများအား ထည့်လိုက်ကာ ဂေါ်ဖီချဉ်အား ထည့်လိုက်သည်။ အချိန်အနည်းငယ်ခန့် ကြော်ပြီးနောက်တွင် လေထုထဲတွင် မွှေးကြိုင်ကာ အရသာရှိလှသော အနံ့များ ပြန့်နှံ့ သွားခဲ့တော့သည်။

ဂေါ်ဖီချဉ် မွှေးလာသည်နှင့် တစ်ပြိုင်နက် နီယန်သည် ချက်ချင်း ပြင်ဆင်ထားသော ငါးစွပ်ပြုတ်အား အိုးအတွင်းသို့ လောင်းထည့်လိုက်သည်။ အသားထူထဲကာ ဖြူစွတ်နေသော ငါးဟင်းချိုသည် အလွန် အာဟာရ ရှိလေသည်။ ဒယ်အိုးထဲရှိ ဂေါ်ဖီချဉ် ငါးဟင်းချိုသည် ဆူပွက်လာခဲ့ကာ နီယန်သည် တူဖြင့် ငါးအသားလွှာများအား အိုးအတွင်းသို့ တစ်ခုချင်း ထည့်လိုက်သည်။

ငါးနှင့် ဂေါ်ဖီချဉ် ပေါင်းစပ်ထားသော ချဉ်စပ် အရသာ ရှိသည့် ငါးဟင်းချို၏ သရေယိုစရာအနံ့သည် ခြံအတွင်းသို့ ပြန့်နှံ့သွားခဲ့သည်။ ထို ငါးဂေါ်ဖီချဉ် ချဉ်စပ် ဟင်းရည်၏ အရသာသည် စိတ်ကျေနပ်စရာ အပြည့်အဝ ပေးလေသည်။

ပန်းကန်ထဲ မထည့်မှီ နီယန်သည် နောက်ဆုံးတွင် နံနံပင်နှင့် ကြက်သွန်မြိတ်အား ပါးပါးလှီးလိုက်ကာ ငါးအပေါ်မှ ဖြူးလိုက်သည်။ ထို့နောက် သူမသည် ဆီပူပူအား ထိုအပေါ်မှ လောင်းချလိုက်ကာ ဆီပွက်သံများ တရှဲရှဲ ပေါ်ထွက်လာခဲ့သည်။ ဆီသည် နံနံပင်နှင့် ကြက်သွန်မြိတ် အနံ့များ ရောနှောသွားကာ ချဉ်စပ် အရသာရှိကာ မွှေးကြိုင်လှသော ဟင်းတစ်ခွက် ဖြစ်ပေါ်လာကာ အနံ့ရသော လူတိုင်းအား သရေယိုစေခဲ့သည်။ အိုးအနားတွင် ရပ်နေသော နီခေချွ့ဟွာသည် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ယန်ယန် ဒါ ဘယ်လို ငါးဟင်းမျိုးလဲ ငါးပြုတ်လား “

သူမသည် အံ့အားသင့်နေခဲ့သည်။ ဤကဲ့သို့ ငါးအား ချက်လို့ရသည်ကို သူမသည် ပထမဆုံးအကြိမ် သိခဲ့ခြင်း ဖြစ်သည်။ သူတို့ စတင် မချက်ပြုတ် မစားသောက်ခင် အချိန်ထိ ငါးညှီနံ့သည် ပြင်းလွန်းလှသည်။ ထိုမျှ အရသာ ရှိပါက သူမသည် စားသောက်နေရင်းဖြင့် အမှတ်တမဲ့ သူမ၏ လျှာအား ပြန်မျိုချမိမည်ကိုပင် စိုးရိမ်ရသည်။

“ဒွက ငါးဂေါ်ဖီချဉ်ဟင်းပါ အမေ စမ်းစားကြည့်ပါလား”

နီဘန်သည် ကြည်လင်သော ငါးအသားလွှာ တစ်ဖက်အား ကောက်ယူလိုက်ကာ နီချွေ့ဟွာအား ပေးလိုက်သည်။ ငါးအသားလွှာသည် မယုံနိုင်လောက်အောင် နူးညံ့လွန်းလှသည်။ သူမ စားသောက်လိုက်ချိန်တွင် သူမ၏ ပါးစပ်တစ်ခုလုံးတွင် ချဉ်စပ် အရသာ ပြန့်နှံ့သွားခဲ့သည်။

ငါး၏ အရသာသည် သူမ၏ ပါးစပ်အတွင်း ပျော်ဝင်သွားသောကြောင့် သူမသည် နောက် တစ်ပိုင်းထပ်စားချင် စိတ်ပေါ်ထွက်လာခဲ့သည်။ ငါးညှီနံ့ တစ်စွန်းတစ်စမှ မရှိပဲ လွန်စွာ စွဲမက်ဖွယ်ကောင်းလှသည်။ ထိုကဲ့သို့သော ငါးမျိုးဖြင့် စားသောက်ရမည်ဆိုလျှင် ထမင်းပန်းကန် သုံးလေးလုံးလောက် စားနိုင်ပေသည်။ နီချွေ့ဟွာသည် ဤသို့ အရသာရှိလှသော အစားအစာမျိုးအား သူမ၏ ဘဝတွင် တစ်ကြိမ်မှ မစားသောက်ခဲ့ဖူးပေ။ ထို့နောက် သူမသည် နီယန်အား အံ့အားသင့်စွာ ကြည့်လိုက်မိသည်။

“ဒီ ငါးဟင်းက အရမ်း အရသာရှိတာပဲ “

ဟု သူမသည် အံ့အားသင့်စွာ ဆိုသည်။ သူမ၏ မျက်စိဖြင့် ကိုယ်တိုင် မမြင်ခဲ့ရလျှင် သူမသည် ယုံကြည်နိုင်လိမ့်မည် မဟုတ်ပေ။ နီယန်သည် ပြုံးလိုက်ကာ

“အကယ်လို့ ကောင်းရင် ထပ်စားလေ”

နီချွေ့ဟွာသည် လက်အား ယမ်းလိုက်ကာ....

“တော်ပါပြီ နောက်မှ သမီးနဲ့ တူတူ ထပ်စားမယ် ဘာကြော်ဖို့ လိုသေးလဲ အမေ မီးမွှေးပေးမယ်”

ဤခေတ်ကာလများ၌ ကျေးလက်ဒေသများတွင် မီးဖိုရာ၌ ထင်းများအား အသုံးပြုကြသေးသည်။ ဂတ်စ်ဖြင့် သုံးရသလောက် မလွယ်ကူသော်ငြားလည်း ချက်ပြုတ်ထားသည်များသည် ပို၍ အရသာ ရှိလှသည်။

“ဒီတိုင်း သာမာန် အရွက်ပဲ ကြော်လိုက်တော့မယ်လေ ပြီးရင် သမီးတို့ စစားကြတာပေါ့”

နီယန်သည် ရေဆေးထားသော အသီးအရွက်များအား မီးဖိုဘေးတွင် တင်ထားလိုက်သည်။ ညစာအတွက် သူတို့သည် ဟင်းသုံးပွဲ ပြင်ထားခဲ့သည်။ အသီးအရွက်ကြော် ငါးဂေါ်ဖီချဉ် နှင့် ကြက်ဉပေါင်းတို့ ဖြစ်သည်။

ငါးဂေါ်ဖီချဉ်လုပ်သည့်အခါတွင် ကျန်နေသော ကြက်ဉအနှစ်များအအား ထမင်းချက်သော အခါတွင် ထည့်လိုက်ကာ ကြက်ဉပေါင်း ပြုလုပ်ထားခဲ့သည်။ ကြက်ဉပေါင်းအား ဆန်ပြုတ် ပဲငံပြရည် နှင့် နှမ်းဆီ ဆားစသည်တို့ဖြင့် သေချာရောနှောလိုက်ပြီး ပေါင်းထားးခြင်း ဖြစ်သည်။ ထို့နောက် ရရှိလာသော ကြက်ဉပေါင်းသည် အလွန်အမင်း အရသာ ရှိပေသည်။ အမေနှင့် သမီး ဖြစ်သူ နှစ်ဦးအတွက် ထို ဟင်းသုံးပွဲသည် လုံလောက်ပေသည်။

ညစာစားပွဲတွင် ထိုင်လိုက်သောအခါ နီချွေ့ဟွာ အကြံပြုလိုက်သည်.။

“အမေတို့ သမီးရဲ့ အဒေါ်နီကို ဘာလို့ မဖိတ်ရမှာလဲ သူက အမြဲ အမေတို့ကို ဂရုစိုက်ပေးခဲ့တာ သူလဲ ဒီ ငါးဂေါ်ဖီချဉ်ကို မစားဖူးလောက်ဖူးဆိုတာ အမေသေချာတယ်”

“ကောင်းပါပြီ “

နီယန်သည် မီးဖိုချောင်သို့ သွားကာ နောက်ထပ် ပန်းကန်လုံးနှင့် တူတစ်စုံအား ယူလာကာ မြောက်ဘက်အခြမ်းရှိ အိမ်သို့ သွားလိုက်သည်။ အစပိုင်းတွင် နီချန်ကွေ့သည် ယခုလို ခက်ခဲ ကျပ်တည်းသော ကာလတွင် မကြာခဏ သူများထဲ ကုန်းဆင်းစားသောက်ရသည်ကို ရှက်ရွံသောကြောင့် ငြင်းဆိုလိုက်သည်။ သို့သော် နီယန်၏ စိတ်အားထက်သန်စွာ ခေါ်ယူနေခြင်းအား မငြင်းဆန်နိုင်တော့ပဲ လိုက်လာခဲ့ကာ ရှက်ရွံနေသည်အား မပေါ်အောင် ကြိုးစားခဲ့သည်။

“ယန်ယန် အဒေါ် တောင်းပန်ပါတယ် ကြည့်စမ်းပါအုန်း ငါ ဒီမှာ ထပ်ပြီး ကုန်းဆင်းမိပြန်ပြီ “

ဟု သူမ ပြောလိုက်သည်။

All Chapters