← Chapters

ဈေးလျော့ ရောင်းခြင်း

Vol. 2 Ch. 25

ဈေးလျော့ ရောင်းခြင်း

Vol. 2 Ch. 25

နီယန်သည် ခေါက်ဆွဲ လက်တစ်ဆုပ်စာ ခန့်ကို ငါးဟင်းရည်ထဲ ရေနွေးဖျောလိုက်ကာ ခွက် ၁၀ခွက်ထဲ ထည့်လိုက်ကာ ပါးပါးလှီးထားသော ကြက်သွန်မြိတ် နှင့် ဓားပြားရိုက်ထားသော ကြက်သွန်နှင့် နံနံပင်တို့အား ဖြူးကာ နောက်ဆုံးအနေဖြင့် စွပ်ပြုတ်အား အဆုံးသတ်လိုက်သည်.။ ထို့နောက် ငါးချဉ်စပ် ခေါက်ဆွဲ ခွက်သေး ၁၀ ခွက် ပြင်ဆင်ပြီးသွားပြီ ဖြစ်သည်။ ပမာဏ နည်းသော်ငြားလည်း ထို ဟင်းရည်များသည် အရောင်အသွေး အနံ့အရသာ ပြည့်စုံစွာ ရှိနေခဲ့သည်။

နီယန်သည် သူမ ပြင်ဆင်ထားသော ခွက်ကလေး ၁၀ခွက်အား လင်ဗန်း ထဲတွင် တင်၍ ကိုင်ဆောင်ထားခဲ့ကာ လမ်းသွားလမ်းလာများအား ကျယ်လောင်စွာ အော်ခေါ်နေခဲ့သည်။

“လာပါ လာပါ လာကြည့်ကြပါ အခမဲ့ ခေါက်ဆွဲ မြည်စမ်းကြည့်ကြပါ အားလုံး အလကားပါ”

‘အခမဲ့’ ဆိုသော စကားအား ကြားသောအခါ သက်လတ်ပိုင်း အမျိုးသမီးကြီး တစ်ဦးသည် ရပ်တန့်လိုက်ကာ မေးလိုက်သည်။

“တကယ်ပဲ အလကား ပေးနေတာလား “

နီယန်သည် ခေါင်းငြိမ့်လိုက်ကာ ခွက်ကလေး တစ်ခွက်ကို သူမအား ပေးလိုက်ကာ ပြောလိုက်သည်။

“ဟုတ်ပါတယ် ဒေါ်လေး အရသာ ကောင်းမကောင်း မြည်းစမ်းကြည့်ပါအုန်း ဒီခွက်ကလေးထဲက ခေါက်ဆွဲအတွက် တစ်ပြားမှ ပေးစရာမလိုပါဘူး အကယ်၍ အဒေါ်ကြိုက်ရင် တစ်ပန်းကန်ကို သုံးဆင့်နဲ့ ထိုင်စားလို့ရပါတယ် အကယ်၍ အဒေါ် မကြိုက်ရင်လည်း ဘာတာဝန်မှ ယူစရာမလိုပဲ ဒီတိုင်း ထွက်သွားလို့ရပါတယ် နောက်ဆုံးမှာ ကျွန်မက လူအများကြီး ရှေ့မှာ ရပ်နေတဲ့ မိန်မးငယ်တစ်ယောက် သာသာ ပါပဲ ကျွန်မ လိမ်နိုင်လိမ့်မယ်လို့ အဒေါ်ထင်လို့လား”

သက်လတ်ပိုင်း အမျိုးသမီးကြီးသည် သံသယဖြင့် တစ်ငုံစာ ခွက်ကလေးအား ယူ၍ သောက်ကြည့်လိုက်ချိန်တွင် လူအများအပြားသည် ထိုနေရာသို့ ဝိုင်းအုံ၍ လာရောက် ကြည့်ရှုနေကြသည်။

ထိုခေတ်ကာလတွင် အရောင်းမြှင့်တင်ရေး နည်းဗျူဟာများသည် ရှားပါးလွန်းကာ အထူးသဖြင့် အခနဲ့ မြည်းစမ်းခွင့်ဆိုသည်မှာ ပို၍ပင် ရှားပါးကာ လာရောက်ကြည့်ရှုသူများအား အလွန်ပင် ဆွဲဆောင်နိုင်ခဲ့သည်။ သို့သော် ထို လာရောက် ကြည့်သူများသည် နီယန်ပေးသော ခေါက်ဆွဲခွက်များအား လိမ်လည် လှည့်ဖျားမည်အား ကြောက်ရွံသောကြောင့် မယူဆောင်ပဲ သက်လတ်ပိုင်း အမျိုးသမီးကြီး၏ အမူအရာကိုသာ ကြည့်နေကြသည်။

ဟင်းရည်အား သောက်သုံးပြီးနောက် ထို သက်လတ်ပိုင်း အမျိုးသမီးကြီးသည် မယုံနိုင်လောက်အောင် အံ့အားသင့်နေသော အမူအရာ ပြနေခဲ့သည်။

ပတ်ဝန်းကျင်မှ လူအများသည် သိချင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ နီယန်သည် ဖော်ရွေစွာ ပြုံးပြရင်း ပြောလိုက်သည်။

“ဒါဆို ဒေါ်လေး အရသာကို ဘယ်လို သတ်မှတ်မလဲ”

ထို အမျိုးသမီးသည် မည်သည်ကိုမှ မဖြေကြားပဲ ခေါက်ဆွဲအား ဂရုတစိုက်ဖြင့် တစ်လုတ် ဝါးစားလိုက်ကာ နီယန်အား မယုံကြည်နိုင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်။

“ဒါက အရမ်း အရသာ ရှိတာပဲ ကလေးမလေး ဒီငါးစွပ်ပြုတ်ကို ဘယ်လို လုပ်ထားတာလဲ”

ထို ခေါက်ဆွဲသည် ချဉ်စပ် အရသာ ပြင်းပြင်းနှင့် ဟင်းရွက်ချဉ်ရဲ့ အရသာများ စိမ့်ဝင်နေခဲ့ကာ အလွန် စားချင်စဖွယ် ဖြစ်နေခဲ့ပြီး တစ်လုပ်စားပြီးသည်နှင့် နောက်တစ်လုတ် စားချင်စိတ်အား ဖြစ်ပေါ်စေသည်။ ထိုအရသာသည် ငါးအရသာဟု မပြောနိုင်ပေ။ အကယ်၍ ငါးဖတ်လေးများသည်သာ ဟင်းရွက်ပေါ်တွင် ပေါလော ပေါ်မနေခဲ့လျှင် မည်သူမှ ငါးစွပ်ပြုတ်ဟု ယုံမည် မဟုတ်ပေ။

“ဒါပေါ့”

နီယန်သည် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

“ဒေါ်လေး တစ်ပန်းလောက် သုံးဆောင်ချင်ပါလား”

“ဟုတ်တယ် ဟုတ်တယ် “

သက်လတ်ပိုင်း အမျိုးသမီးကြီးသည် စိတ်လှုပ်ရှားစွာဖြင့် ပြန်လည် ပြောဆိုလိုက်ကာ ထိုင်စရာ နေရာ တစ်ခုအား ရွေးချယ်လိုက်သည်။

“ကလေးမ မြန်မြန် အဒေါ့်ကို တစ်ပန်းကန် ပေးပါ”

ထိုသက်လတ်ပိုင်း အမျိုးသမီးကြီးသည် မူလက အမှန်တစ်ကယ် မနက်စာ စားရန် ရည်ရွယ်ခဲ့သည်။ သူမသည် ဒီနေရာတွင် သုံး လေးနှစ် စားသောက်ခဲ့ဖူးသော်လည်း ယခုလို အရသာ ကောင်းလွန်းသော ခေါက်ဆွဲအား မစားခဲ့ဖူးပေ။ သူမသည် တစ်ပန်းကန် စားရန် မစောင့်နိုင်တော့ပေ။

“ကောင်းပါပြီ အဒေါ် ခဏ စောင့်ပေးပါ “

နီယန်သည် တောင်းဆိုချက်အား လက်ခံလိုက်သည်။ သက်လတ်ပိုင်း အမျိုးသမီးကြီး၏ တုန့်ပြန်မှုအား စောင့်ကြည့်နေသော ပတ်ဝန်းကျင်မှ လူများသည် သူတို့ကိုယ်တိုင် အခမဲ့ မြည်းစမ်းရန် အော်ဟစ် တောင်းဆို လာကြသည်။ သူတို့သည် ထိုခေါက်ဆွဲသည် အမှန်တကယ် အရသာရှိသည်လား ဆိုသည်ကိုသာ ရိုးရိုးသားသား စူးစမ်း သိချင်စိတ်သာ ရှိခြင်း ဖြစ်သည်။

နီယန်သည် ကျန်နေသော ခွက်ကိုးခွက်အား တခြားသူများအား လှမ်းပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ လူအများသုသည် ထို အခမဲ့ ခွက်အား မရခဲ့ပေ။ သူမသည် တောင်းပန်လိုက်ကာ ပြောလိုက်သည်။

“စိတ်မကောင်းပါဘူး ကျွန်မမှာ ဒီနေ့အတွက် အခမဲ့ သုံးဆောင်လို့ရမဲ့ ခွက်တွေ ကုန်သွားပါပြီ အကယ်၍ လူကြီးမင်းတို့ စားကြည့်ချင်ရင် တစ်ပန်းကန်ကို သုံးဆင့် ကျသင့်ပါတယ်"

ခေါက်ဆွဲ မြည်းဖူးသူများသည် ပျော်ရွှင်စွာ အော်ဟစ်လိုက်ကာ

“ကလေးမလေး ငါ့ကိုလည်း တစ်ပန်းကန် ပေးပါအုန်း”

“ငါ့ကိုရောပဲ “

“ဒီလို အရသာရှိတဲ့ ခေါက်ဆွဲ တစ်ခါမှ မစားခဲ့ဖူးဘူး”

ကောင်းမွန်လှသည့် တူညီသော မှတ်ချက်များ များပြားလာသောကြောင့် နမူနာ မမြည်းစမ်းရသေးသော သူများအား စိတ်ဝင်စားမှု မြင့်တက်လာစေခဲ့သည်။

“ငါလည်း တစ်ပွဲလောက် လိုချင်တယ်”

ခဏတာအတွင်း စားပွဲဝိုင်း ၃ဝိုင်းလုံး ပြည့်နှက်သွားခဲ့ကာ ကျန်သော သူအများစုသည်လည်း သူတို့၏ ခေါက်ဆွဲများအား မတ်တပ်ရပ်ရင်း စားသောက်နေခဲ့ကြသည်။

နီယန်သည် ပြုံးလျှက် ပြောပြလိုက်သည်။

“ကျွန်မရဲ့ ဂေါ်ဖီချဉ်ငါးခေါက်ဆွဲက အရေအတွက် အကန့်အသတ်နဲ့ ရောင်းတာပါ တစ်နေ့ကို ပွဲ ၂၀၀ပွဲ ရောင်းပါတယ် အကယ်၍ လူကြီးမင်းတို့ စားချင်တယ်ဆိုရင် နောက်တနေ့ မနက်စောစော ဒီနေရာပဲ လာခဲ့ပါ “

ထိုအရာသည် ကုန်ပစ္စည်း ဈေးနှုန်းနှင့် အမြတ်အား ထိန်းထားရန် အတွက် ရောင်းကုန် မလုံလောက်သယောင် ဖန်တီးလုပ်ယူထားသော အရောင်း နည်းဗျူဟာ နည်းလမ်း တစ်ခု ဖြစ်သည်။ မနက်ဖြန် မနက်တွင်လည်း လူများ လာရောက်ကြမည်ကို သူမ ယုံကြည်နေသည်။

နီယန်သည် စားပွဲခုံနှင့် ထိုင်ခုံများအား ကောက်ယူ သိမ်းဆည်းလိုက်ကာ အနီးအနားမှ ဆိုင်များသို့ ပြန်လည် ပေးအပ်လိုက်သည်။ ဆိုင်ပိုင်ရှင်သည် အသက် ၄၀အရွယ် သက်လတ်ပိုင်း အမျိုးသား တစ်ဦး ဖြစ်ကာ နီယန်သည် စားပွဲနှင့် ထိုင်ခုံများ ပြန်လာထားသော အချိန်တွင် ပြုံးလျှက်မေးလိုက်သည်။

“ယန်ယန် အရောင်း အဝယ် အဆင်ပြေရဲ့လား”

နီယန်သည် မော့ကည့်လိုက်ချိန်တွင် သူမ၏ နှုတ်ခမ်းပေါ်တါင် အပြုံးလေး တစ်ခု ပေါ်လာရင်း ဖြေလိုက်သည်။

“အတော်လေး ကောင်းပါတယ်”

သူမသည် လူအများ နှင့် ပြောဆိုဆက်ဆံစဉ်ဝယ် အမြဲ ပြုံးနေတတ်ကာ ကိစ္စများ ကိုင်တွယ် ဖြေရှင်းရာတွင်လည်း လိမ်မာပါးနပ်စွာဖြင့် ဖြေရှင်းလေ့ရှိသည်။ ထိုအရာများသည် သူမ၏ အတိတ်ဘဝမှ သင်ယူလာခဲ့သော ဘဝသင်ခန်းစာများ ဖြစ်သည်။

ဆိုင်ပိုင်ရှင်သည် နီယန် သူမ၏ ပထမဆုံး စတင်ကာ စီးပွားရေးလုပ်သော နေ့တွင် အဆက်ခဲများ ကြုံလာသောကြောင့် စကားလွှဲနေသည်ဟု တွေးထင်ခဲ့သည်။ ထို့အပြင် သူမသည် ဆယ်ကျော်သက် မိန်းမငယ်လေး တစ်ဦးသာသာ ဖြစ်နေသေး၏။ မည်သို့သော စီးပွားရေးလုပ်ငန်းအား လုပ်နိုင်လိမ့်မည်နည်း။ သူမ၏ လုပ်ငန်းသည် အရှုံးပေါ်ရန် ပိုဖြစ်နိုင်ပေသေးသည်။

ဆိုင်ပိုင်ရှင်သည် နီယန်အား ချက်ချင်း နှစ်သိမ့်အားပေးရန် ကြိုးစားလိုက်သည်။

“ယန်ယန် စီးပွားရေးက အလျင်သလို လုပ်လို့မရညူး တစ်ဖြေးဖြေးနဲ့ လုပ်သွားရမှာပဲ ဆက်ကြိုးစားသွားနော် ရှေးလူကြီဂတွေ ပြောတာ ကြားဖူးလား မဆုတ်မနစ် ကြိုးစားသွားရင် တိမ်ကင်းစင်သွားတဲ့ တစ်နေ့ လမင်းကြီးကတော့ ပေါ်ထွက်လာမှာပဲတဲ့ ငါ့ဆိုင်လေးကို ကြည့်လိုက်လေ အခုတော့ အတော်လေး အဆင်ပြေနေပြီ ဆိုပေမဲ့ ပြီးခဲ့တဲ့ နှစ်တွေတုန်းက စိတ်ဓာတ်ကျလောက်အောင်ကို အတော်လေး ဆိုးရွားနေခဲ့တာ အစက ငါ ဆိုင်ပိတ်လိုက်ရခါနီးထိ အခြေအနေ ဆိုးခဲ့သေးတာ ဒါပေမဲ့ အခုတော့ ပြသာနာ အခက်ခဲအားလုံး ဖြတ်ကျော်သွားနိုင်ပြီ ဖြစ်လို့ အရာအားလုံး အဆင်ပြေပြေနဲ့ ဖြစ်သွားပြီ မဟုတ်လား”

နီယန်သည် ထိုင်ခုံနှင့် စားပွဲများအား ချလိုက်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ဦးလေး ပြောတာ မှန်ပါတယ်”

နီယန်သည် မငြီးငြူးပဲ တည်ငြိမ်နေသည်အား မြင်သော် ဆိုင်ပိုင်ရှင်သည် ပို၍ သိချင်စိတ် ပြင်းပြလာခဲ့သည်။ ပုံမှန်လူများသည် အခက်အခဲများ ကြုံတွေ့ရချိန်တွင် ငြီးငြူမှုများ ရှိတတ်ကြသော်လည်း နီယန်သည် တက်ကြွလန်းဆန်းနေခဲ့သေးသည်။ ထို့ကြောင့် သူ၏ သိချင်စိတ်အား ထိန်းမထားနိုင်တော့ပဲ ဆက်၍ မေးမြန်းလိုက်မိသည်။

“ယန်ယန် ဒီမန် သမီး ခေါက်ဆွဲ ဘယ်နှစ်ပွဲလောက် ရောင်းကုန်ခဲ့လဲ”

“အားလုံး ရောင်းကုန်သွားပြီ “

ဟု ပြန်ဖြေလိုက်သည်။ နီယန်သည် မီးဖိုအား မည်သူကိုမှ အနှောင့်အယှက် မဖြစ်နိုင်သော နေရာတွင် ဂရုတစိုက် နေရာချလိုက်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဒါဆို အကုန်လုံး ရောင်းလိုက်ရတာလား”

ဆိုင်ပိုင်ရှင်၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလို အံ့အားသင့်သွားဟန်ဖြင့် ပြောဆိုလိုက်သည်။

“ယန်ယန် သမီး ဦးလေးကို နောက်နေတာလား “

သူ မြင်လိုက်ချိန်တွင် သံအိုးကြီး နှစ်အိုးသည် ခေါက်ဆြွ ပန်းကန်လုံး အခွက်ရာကျော် ဆန့်သည်ဟု ခန့်မှန်းမိသည်။ အားလုံး အကုန်ရောင်းရသည်ဆိုမှာ မဖြစ်နိုင်လောက်ပေ။

ထို မိန်းမငယ်လေးသည် မျက်နှာပျက်မည်အား စိုးရိမ်သောကြောင့် ကြွားနေခြင်း ဖြစ်ပေမည်။ အကယ်၍ အကုန်ရောင်းရခြင်း ဖြစ်လျှင် သူမသည် လပေါ်ရောက်သွားသကဲ့သို့ ပျော်နေရမည် မဟုတ်ပေလား အဘယ်ကြောင့် သူမသည် တည်ငြိမ်အေးဆေး နေရသနည်း။ နီယန်က ပြန်လည် ပြောဆိုလိုက်သည်။

“ကျွန်မ မနောက်ပါဘူး အားလုံး ရောင်းကုန်သွားပါပြီ ပစ္စည်းတွေ အကုန်သိမ်းပြီး အိမ်ပြန်တော့မလို့ပါ”

ဆိုင်ပိုင်ရှင်သည် နီယန် ကြွားလုံး ထုတ်သည်ဟုသာ ထင်လိုက်ကာ ရီမောလျှက် ပြောလိုက်သည်။

“အကယ်၍ အားလုံး ရောင်းကုန်ပြီဆိုရင် အိမ်ပြန်သင့်တာပေါ့ အိမ်က မိသားစုကို စိတ်မပူရစေနဲ့ ဦးလေး အမြင်ဆိုရင် မိန်းကလေးတွေက စာကြိုးစားတာပဲ ပိုကောင်းပါတယ် “

မိန်းကလေးများသည် စာပေတတ်မြောက်သော် သင့်တော်သော အိမ်ထောင်ဖက်ကောင်းအား ရှာတွေ့နိုင်ပြီး သင့်တော် ကျေနပ်စရာကောင်းသော ဘဝတစ်ခုအား ရရှိပိုသ်ဆိုင်နိုင်လိမ့်မည်ဟု သူယုံကြည်လေသည်။

“ကောင်းပါပြီ ကျွန်မ သွားတော့မယ် ဦးလေး လျူ နှုတ်ဆက်ပါတယ် “

အရာအားလုံး သိမ်းဆည်းပြီးနောက် နီယန်သည် ဆိုင်ရှင် အား နှုတ်ဆက်စကား ပြောကြားလိုက်သည်။ ဆိုင်ရှင်သည် နီယန်၏ ပုံရိပ် အဝေးသို့ ထွက်ခွာသွားသည်အား မြင်သော် အကူညီမဲ့သွာ သူ၏ ခေါင်းအား ခါယမ်းလိုက်ကာ တစ်ယောက်ထဲ ပြောနေလိုက်သည်။

“အခုခေတ် ကလေးတွေက အရမ်း မာနကြီး ဘဝင်မြင့်ကြတာပဲ ခေါက်ဆွဲ မရောင်းရတာ ကိစ္စကြီဂ မဟုတ်ပေမဲ့ အကုန်ရောင်းကုန်ပြီဆိုပြီး ဟန်ဆောင်တာကတော့......”

သူမသည် သူအသက်ကြီးနေ၍ မည်သည်ကိုမှ မသိဟု ထင်နေခြင်းပင်လော......

နီယန်သည် အိမ်သို့ တန်းမပြန်သေးခင် သူမ၏ စက်ဘီးဖြင့် စိုက်ပျိုးရေးဈေးသို့ သွားကာ ငါး ရှစ်ကောင် ဝယ်လာခဲ့သည်။ ထို့အပြင် သူမသည် ငါးဖမ်း ကရိယာအချို့နှင့် သစ်သီးနှင့် ဟင်းသီးဟင်းရွက်အချို့နှင့် ပင်လယ် ရေညှိအချို့နှင့် ဝက်ခြေထောက် တို့ကိုပါ ထပ်ပေါင်း ဝယ်ယူလာခဲ့သည်။ သူမ အိမ်ပြန်ရောက်ချိန်တွင် မနက် ၁၁နာရီကျော်နေပြီ ဖြစ်သည်။

“ယန်ယန် ပြန်လာပြီလား သမီး အဆင်ပြေခဲ့လား ဘယ်လောက် ရောင်းခဲ့ရလဲ “

နီချွေ့ဟွာသည် နီယန် ပြန်ရောက်လာသည်အား မြင်သော် စိတ်လှုပ်ရှားစွာဖြင့် မေးမြန်းလိုက်သည်။ ရှင်းလင်းစွာဖြင့် သူမသည် တံခါးနားတွင် အချိန်အတော်ကြာ စိုးရိမ်တကြီး ရပ်ကာ စောင့်နေမှန်း ထင်ရှားလှသည်။ နီယန်သည် နီချွေ့ဟွာ၏ လက်အတွင်းသို့ သူမ ဝယ်ယူလာသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များအား နီချွေ့ဟွာ၏ လက်အတွင်းသို့ ထည့်ပေးလိုက်ကာ ရီမောလျှက်ပြောလိုက်သည်။

“အမေ အမေ့ သမီးက ဒီလောက် ကျွမ်းကျင်နေတာကို ဘယ်လိုလုပ် ရောင်းမကောင်းပဲနေပါ့မလဲ အားလုံး ရောင်းထွက်လာတယ်”

“အားလုံး ရောင်းရတယ်”

နီချွေ့ဟွာ၏ စိတ်လှုပ်ရှား မယုံကြည်နိုင်စွာဖြင့် သူမ၏ ပါးစပ်အဟောင်းသား ဖြစ်နေခဲ့ကာ ပြောဆိုလိုက်သည်။

“ယန်ယန် အမေ စိတ်ချမ်းသာအောင် ပြောနေတာတော့ မဟုတ်ဘူးမလား ဟုတ်လား”

ပြီးခဲ့သော ညတွင် သူတို့သည် တစ်ပွဲအား သုံးဆင့်ဖြင့် ရောင်းရန် သဘောတူထားခဲ့ကာ အားလုံး ရောင်းကုန်ခြ့လျှင် သူတို့ ငွေ မည်မျှ ရမည်နည်း။

“သမီး အမေ့ကို မလိမ်ပါဘူး အကုန် ရောင်း ကုန်သွားတာပါ”

နီယန်သည် သူမ၏ စက်ဘီး နောက်တွင် တင်ဆောင်ထားသော အိုးများအား ချကာ အိုး၏ အဖုံးအား ဖွင့်ပြလိုက်ကာ ပြုံးလျှက် ပြောလိုက်သည်။

“ကြည့်လေ အကုန်ကုန်နေပြီ “

All Chapters