← Chapters

အခန်း (၂၈)

Vol. 2 Ch. 28

အခန်း (၂၈)

Vol. 2 Ch. 28

သူမသည် အဖွားအိုအား ဆေးညွှန်းတစ်ခု ရေးပေးချင်မိသော်လည်း သူမ၏ အိပ်ထဲ စမ်းကြည့်လိုက်ချိန်တွင် သူမတွင် မည်သည့် ဘောပင်နှင့် စာရွက်မှ ပါမလာခဲ့ပေ။ ရုတ်တရက် သူမသည် အရင်ကကဲ့သို့ ဘောပင်နှင့် စာရွက်ဆောင်ထားတတ်သည့် နီယန် မဟုတ်တော့သည်ကို အမှတ်ရသွားခဲ့သည်။

နီယန်သည် ခပ်မှိန်မှိန် ပြုံးလျှက် ဆက်လက် ပြောဆိုလိုက်သည်။

“အဖွား ဘာလို့ ကျွန်မအိမ်ကို နောက်မှ လာမယူတာလဲ ဟိုနားကို လတ်တလောမှ ပြောင်းလာခဲ့တာလေ ကျင်းဟွာရွာကို လတ်တလော ပြောင်းလာတဲ့ အပြင်ကလူ တစ်ယောက်ဆိုတော့ ဘယ်သူမဆို ကျွန်မကို ရှာဖို့ အခက်ခဲမှရှိလောက်ဘူး”

“ကောင်းပြီ ကောင်းပြီ”

အဖွားအိုသည် အလျှင်အမြန် ခေါင်းငြိမ့်လိုက်သည်။

“အဖွားတို့ နောက်မှ လာခဲ့မယ် ယန်ယန် ကျေးဇူးတင်ပါတယ် အခုတော့ သွားလိုက်အုန်းမယ် ကွေ့ပေါင် သား မင်းမမကို နှုတ်ဆက်လိုက်ပါအုန်း”

“သွားတော့မယ်နော် မမ တာ့တာ”

ကွေ့ပေါင်သည် သူမအား လက်ဝှေ့ယမ်းးပြလိုက်သည်။

“တာ့တာ”

နီယန်၏ မျက်လုံးများသည် အရောင်လဲ့နေခဲ့ကာ ထွက်ခွာသွားသော ကလေးငယ်အား ပြုံးကာ လက်ဝှေ့ယမ်း ပြလိုက်လျှက် လမ်းခွဲလိုက်ကြသည်။

ယမ်ကွေ့ပေါင် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝိုင်းကြည့်နေသူများလည်း အလျိုလျို ထွက်သွားကြတော့သည်။ သို့ပေသိ သူတို့ နီယန်အား နောက်တစ်ဖန် ပြန်ကြည့်လိုက်ကြချိန်တွင် သူမအပေါ်၌ လုံးဝ ကွဲပြားသော ထင်မြင်ချက်များဖြင့် ကြည့်မိလိုက်ကြသည်။ နောက်ဆုံးတွင် သူမသည် အန္တရာယ်များသည့် အခြေအနေမျိုးတွင်တောင် ကွေ့ပေါင်အား တည်ငြိမ်စွာ ကယ်တင်နိုင်ခဲ့သည်။ သူမသည် လူကြီးအများစုတောင် မလုပ်နိုင်သည့် အရာအား တည်ငြိမ်စွာဖြင့် လုပ်ပြသွားခဲ့သည်။ ဒီကလေးမလေးသည် ရိုးရှင်းပုံ မပေါ်ပေ။ လူများ အားလုံး ထွက်ခွာသွားပြီးနောက်တွင် ဝမ်ရှို့ဟုန် တစ်ယောက်သည်သာ ထိုနေရာတွင် ရပ်လျှက် ကျန်နေခဲ့သည်။ သူမသည် ခဏတာမျှ စဉ်းစားပြီးနောက်တွင် နီယန်ထံသို့ လျှောက်လာခဲ့ကာ ပြုံးလျှက် ပြောလိုက်သည်။

“အမ နီယန် ကျွန်မ နာမည် ဝမ်ရှို့ဟုန်ပါ ကျွန်မက ဒီအနီးနားမှာပဲ နေတာပါ ကျွန်မတို့ သူငယ်ချင်း လုပ်ကြမလား”

လက်ရှိ အခြေအနေတွင် သူမသည် နီယန်အား သူငယ်ချင်းလုပ်ရန် နည်းလမ်း တစ်ခုသည ရှိတေ့ာသည်။ ရန်သူ၏ ပတ်ဝန်းကျင် အဆင့်အတန်းအတွင်း ထိုးဖောက်ဝင်ရောက်နိုင်မှသာလျှင် သူတိူ့အား ထိထိရောက်ရောက် ဖိနှိပ် ချုပ်ချယ်နိုင်လိမ့်မည် ဖြစ်သည်။ ဝမ်ရှို့ဟုန်သည် မိုက်မဲတုံးအသူ တစ်ဦး မဟုတ်ပါချေ။ နီယန်သည ပြုံးလျှက် ကြည့်လိုက်သည်။

“တောင်းပန်ပါတယ် မလိုအပ်ဖူး”

ဝမ်ရှို့ဟုန် အံ့အားသင့်သွားခဲ့သည်။ နီယန်သည် သူမအား ယခုလို တိုက်ရိုက် ငြင်းဆန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ခဏအကြာတွင် ူမ၏ မျက်နှာသည် မည်းမှောင်သွားခဲ့သည်။ သူမ၏ ဘက်မှ စတင်၍ သံလွင်ခက် ကမ်းပေးခဲ့သည်ကို နီယန်သည် နားမလည်ခဲ့ပေ။ သူမသည် ကျေးရွာဇနပုပ်မှ လာသော သူ ဖြစ်ပေလိမ့်မည်။ အမြှော်အမြင်မရှိသော သူဖြစ်ပေလိမ့်မည်။

“ဘာလို့လဲ”

ဝမ်ရှို့ဟုန် ပြန်မေးလိုက်သည်။ နီယန်၏ အမူအရာသည် တည်ငြိမ်လျှက် ပွင့်ပွင့်လင်းလင်း ပြန်ဖြေပေးလိုက်သည်။

“ဘာလို့လဲဆိုတော့ ငါက မသမာတဲ့ ရည်ရွယ်ချက်နဲ့ ချည်းကပ်လာတဲ့ သူတွေကို သူငယ်ချင်း မလုပ်ချင်လို့ပဲ”

သူမသည် ဝမ်ရှို့ဟုန်အား သတိထားမိကာ သဘာဝအတိုင်းပင် ဝမ်ရှိုဟုန်တွင် ရည်ရွယ်ချက်ကောင်း မရှိသည်ကိုလည်း သိနေခဲ့ပြီ ဖြစ်သည်။ ထိုကဲ့သို့ လူများအပေါ် သူမသည် အချိန်မဖြုန်းချင်ခဲ့ပေ။

“မသမာတဲ့ ရည်ရွယ်ချက်တွေ”

နီယန်မှ ယခုလို ပေါ်ပေါ်ထင်ထင် သူမ၏ ရည်ရွယ်ချက်များအား ဒဲ့ဒိုးပြောလိုက်သည့်အခါတွင် ဝမ်ရှို့ဟုန်သည် ဒေါသကြောင့် တုန်ယင်လာကာ နီယန်အား ပါးရိုက်လိုက်သည်။

“နင် အရိုင်းအစိုင်းမ နင့် အမေက နင့်ကိုယဉ်ကျေးအောင် မသင်ပေးထားမှတော့ ငါ့ကို သင်ခွင့်ပေး”

သူမ၏ ထင်ရှားလှသော ရုပ်ရည်ကြောင့် သူမဘေးနားတွင် ကောင်လေးများ ဝိုင်းဝိုင်းလည်နေသည့်အတွက် သူမသည် ကျင်းဟွာရွာတွင် အာဏာရှင်ငယ် တစ်ဦး ဖြစ်နေခဲ့သည်။ ကလေးများသည်ပင် သူမအား လေးလေးစားစားဖြင့် ‘မမရှို့ဟုန်’ ဟုခေါ်ကြပေသည်။ မည်သူမှ သူမအား စိတ်အနှောင့်ယှက် ဖြစ်အောင် မလုပ်ရဲကြပေ။ ယနေ့တွင် နီယန်နှင့် တွေ့ဆုံလိုက်ရသည်မှာ အုတ်တံတိုင်း တစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရကာ သူမ၏ ပါးစပ်အတွင်း အရသာဆိုးရွားသော အရာတစ်ခုအား မြည်းစမ်းလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

သူမ၏ ချိုသာသော စကားများအား နားမဝင်သည့်အတွက် သူမသည် အကြမ်းဖက်ယုံမှ လွဲ၍ အခြား မည်သည့် နည်းလမ်းမှ မရှိတေ့ာပေ။ နီယန်သည် ဝမ်ရှို့ဟုန်၏ လွှဲရိုက်လိုက်သည့် လက်ကောက်ဝတ်အား ခဏအတွင်း ဖမ်းလိုက်ကာ သူမ၏ အသံသည် အေးစက်ခက်ထန်နေခဲ့သည်။

“တောင်းပန်စမ်း”

နီယန်သည် ဝမ်ရှို့ဟုန်၏ လက်ကောက်ဝတ်အား အားစိုက်မှု မရှိပဲ အလွယ်တကူ ဖမ်းလိုက်သည်ဟု ထင်ရသော်လည်း သူမ လက်ကောက်ဝတ်အား ဖမ်းရန် အမှန်တကယ် အသုံးပြုလိုက်သည့်အားကို ဝမ်ရှို့ဟုန် တစ်ဦးတည်းသာ နားလည်နိုင်သည်။သူမသည် နာကျင်လွန်းသည့် အတွက် မျက်နှာရှုံမဲ့နေခဲ့သည်။

“ခွေးမ ငါ့ကို လွှတ်စမ်း”

နီယန်၏ အမူအရာသည် ပို၍ ခက်ထန်လာခဲ့ကာ ထပ်မံ၍ ပြောလိုက်သည်။

“တောင်းပန်စမ်း”

ဝမ်ရှို့ဟုန်သည် ပို၍ ရုန်းကန်လေလေ နီယန်၏ ဆုပ်ကိုင်ထားမှုသည် ပို၍ ပြင်းထန်လာလေလေ ဖြစ်ကာ နောက်ဆုံးတွင် သူမသည် နာကျင်မှုကြောင့် စတင်၍ ငိုကြွေးတေ့ာသည်။ နီယန်၏ မျက်နှာသည် အမူအရာ ကင်းမဲ့နေခဲ့ကာ သူမ၏ နီဆွေးသော နှုတ်ခမ်းမျာသည် တင်းတင်းစေ့ထားခဲ့သည်။ သူမ ထံမှ ထွက်ပေါ်လာသည့် ဖိနှိပ်နိုင်စွမ်းရှိသည့် အငွေ့အသက်များကြောင့် ဝမ်ရှို့ဟုန် အံ့အားသင့်သွားခဲ့သည်။

သူမသည် အစပိုင်းတွင် နီယန်အား သူမ စိတ်တိုင်းကျ ပြုလုပ်နိုင်သည့် ရွံတုံးတစ်တုံးဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် နီယန်သည် အခွံမာသီးကဲ့သို့ ခွံရခက်သည့် (သန်မာကြံ့ခိုင်) သူမျိုး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“တောင်းပန်စမ်း”

နီယန်သည် အေးစက်ခက်ထန်သည့် လေသံဖြင့် ထပ်မံ၍ ပြောလိုက်သည်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ်”

ဝမ်ရှို့ဟုန်၏ အသံသည် တုန်ယင်နေခဲ့သည့်ကြားမှ ရှိုက်သံများ စွက်နေခဲ့သည်။

“နင် လိုလိုလားလား အရှုံးပေးပြီလား”

နီယန်သည် သူမအား ငုံကြည့်လျှက် မေးလိုက်သည်။ ဝမ်ရှို့ဟုန်သည် သူမ၏ နှုတ်ခမ်းအား ပြတ်ထွက် မတတ်ကိုက်ကာ တွန့်ဆုတ်စွာဖြင့် ခေါင်းငြိမ့်ဝန်ခံလိုက်သည်။

“ကျွန်မ အရှုံးပေးပါပြီ”

“ကျယ်ကျယ်ပြော”

နီယန်သည် အေးစက်စွာ စိုက်ကြည့်လျှက် အမိန်းပေးလိုက်သည်။

“ကျွန်မ အရှုံးပေးပါတယ်”

ဝမ်ရှို့ဟုန်သည် သူမ၏ နှုတ်ခမ်းအား ပြတ်ထွက်မတက် ကိုက်ကာ သူမ၏ မျက်နှာပေါ်တွင် အရှက်ရမှုများ ဖုံးလွှမ်းလျှက် အသံကိုမြှင့်ကာ ထပ်ပြောလိုက်သည်။

“ကျယ်ကျယ်ပြော”

နီယန်သည် သူမ၏ မျက်လုံးများကို မှေးလိုက်ကာ ထပ်မံ၍ အမိန့်ပေးလိုက်ပြန်သည်။ ဝမ်ရှို့ဟုန်သည် အသက်ကို ပြင်းပြင်းရှုလျှက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“တောင်းပန်ပါတယ် တောင်းပန်ပါတယ် “

နီယန်၏ မျက်လုံးများသည် ကြယ်များဖြင့် ပြည့်နှက်နေသကဲ့သို့ တောက်ပစွာဖြင့် ကျေနပ်စွာ ပြုံးလိုက်သည်။ သူမသည် ပြသာနာ မရှာသော်လည်း ပြသာနာ အတင်းအကျပ် သူမရှေ့သို့ ရောက်လာခဲ့လျှင်လည်း မည်သို့သော အခါမှ နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။ အကယ်၍ ယခုအကြိမ်တွင် သူမသည် ဝမ်ရှို့ဟုန်အား မကိုင်တွယ်နိုင်ခဲ့လျှင် နီယန်သည် အလွယ်တကူ အနိုင်ကျင့်လို့ရသည့် သားကောင် တစ်ကောင်ဟု သံသယဝင်စရာမလိုပဲ ထင်မြင်သွားနိုင်ပေသည်။

မည်သည့် ခေတ်တွင်မဆို ရှင်သန်ရန် စည်းမျဉ်းများသည် တူတူပင် ဖြစ်သည်။ အင်အား အကြီးဆုံးသူသာ ရှင်သန်နိုင်လိမ့်မည် ဖြစ်သည်။

သင်၏ ပုံစံသည် အားနည်းလေလေ သင်၏ ရန်သူများသည် ရဲတင်းကာ ဖိနှိပ်လေလေ ဖြစ်သည်။

ဝမ်ရှို့ဟုန်လို လူမျိုးများကို အကြမ်းနည်းဖြင့်သာ ဆက်ဆံသင့်ပေသည်။

“ငါ တောင်းပန်ပြီးပြီလေ အခု ငါ့ကို လွှတ်ပေးတော့”

မျက်လုံးများ နီရဲနေသည့် ဝမ်ရှို့ဟုန်သည် တောင်းပန်ပြောဆိုလိုက်သည်။ သို့ပေမဲ့ နီယန်သည် ဝမ်ရှို့ဟုန်အား လွှတ်ပေးရန် အစီစဉ်မရှိပေ။ ပြုံးလျှက် မေးလိုက်သည်။

“နင် ဒေါသထွက်နေလား “

သူမ၏ မျက်နှာထားသည် အေးဆေး တည်ငြိမ်နေခဲ့ကာ ဆက်လက်ပြောလိုက်သည်။

“နင် ငါ့ကို ဒေါသထွက်ပြီး ပြန်အတုန့်ပြန်နိုင်တာကို မြင်ရတာကို ငါ ကြိုက်တယ်”

ထိုသို့ပြောရင်းဖြင့် သူမသည် ဝမ်ရှို့ဟန်အား နောက်သို့ တွန်းလှန်လိုက်ရာ ဝမ်ရှို့ဟုန်သည် ဟန်ချက်ပျက်ကာ ကြမ်းကြမ်းတမ်းတမ်း လဲကျသွားခဲ့သည်။ ဟန်ချက်ပျက်ကာ လဲကျသွားသည့် ဝမ်ရှို့ဟုန်၏ မျက်လွှာချ ထားလျှက် မျက်လုံးများတွင် မကောင်းသည့် အငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

နီယန်သည် သူမ၏ လက်များမှ ဖုန်များ ခါချလိုက်ကာ ပြောလိုက်သည်။

“နင် နောက်တစ်ကြိမ် ငါ့ကို ရန်လာစရင် အကျိုးဆက်ကို လက်ခံဖို့ ပြင်ထားလိုက် “

သူမသည် ထိုသို့ ပြောဆိုရင်း သစ်ကိုင်းတစ်ခုအား လက်နှစ်ဖက်ဖြင့် တမင်တကာ ချိုးပြလိုက်သည်။ ထို မြင်ကွင်းအား မြင်သော် ဝမ်ရှို့ဟန်သည် ချွေးအေးများ စီးကျလာခဲ့သည်။

“စောင့်နေလိုက် ညီမလေး နင် ငါ့ကို ခုလို အရှက်ခွဲရဲတယ်ပေါ့ ငါ့ကို ဒီလို လုပ်တဲ့ အတွက် နင် ကောင်းကောင်းကြီး ပြန်ပေးဆပ်စေရမယ်”

နီယန် လမ်းလျှောက် ထွက်သွားသည်ကို မြင်သော် ဝမ်ရှို့ဟုန်သည် သူမ၏ နှုတ်ခမ်းအား ပြင်းပြင်းထန်ထန် ကိုက်ထားကာ သူမ၏ မျက်လုံးအတွင်း ဒေါသများဖြင့် တောက်လောင်နေခဲ့သည်။ နီယန်သည် သူမ ကောက်နေခဲ့သည့် မြစ်ခရုများအား ယူဆောင်ကာ ရွာအတွင်းသို့ ဝင်ရောက်သွားခဲ့သည်။ လမ်းမှာ တွေ့သော ရွာသားများအား ဖြတ်သွားတိုင်း ပြုံးကာ နှုတ်ဆက်သွားခဲ့သည်။ ယခုလို ချိုသာတဲ့စကားတွေ ပြောတတ်သည့် လျှာကလေး ရှိသည့် လှပသော ကောင်မလေး တစ်ယောက်ကို မည်သူက မကြိုက်ပဲ နေနိုင်မည်နည်း။

အိမ်ပြန်ရောက်သော် နီယန်သည် ကောက်ယူလာခဲ့သည့် ခရုနှင့် ကမာများအား ရေစိမ်ထားရန် ရေတွင်းမှ ရေ တစ်ပုံးပြီး တစ်ပုံး ခပ်ယူလိုက်သည်။ ခရုနှင့် ကမာများမှ သဲများ ထွက်လာရန် အတွက် ရေပေါ်တွင် အရွက်ဆီ နည်းနည်း ချကာထည့်ထားလိုက်သည်။ နီချွေ့ဟွာသည် အိမ်ထဲမှ ထွက်လာကာ စပ်စုသော လေသံဖြင့် မေးလိုက်သည်။

“ယန်ယန် သမီး ဘယ်ကို သွားနေတာလဲ မြစ်ခရုတွေကို ဘယ်ကနေရတာလဲ”

နီယန်သည် မတ်တပ်ရပ်လိုက်ကာ ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။

“အမေ ရေတွင်းက ရေက အရမ်းအေးတယ် ဒီနေရာနဲ့ ဝေးဝေးမှာ နေပါလား ဒါမှမဟုတ်လည်း အထဲ ပြန်ဝင်ပြီး နားနေလိုက်ပါလား သမီး အခုလေးတင် မြစ်ခရုတွေကို ယူလာတာ ညဘက် ကြော်စားကြမလားလို့လေ”

“သမီးက မြစ်ခရုကို စားမလို ဟုတ်လား စားလို့ကော ရလို့လား”

နီချွေ့ဟွာသည် အံ့အားသင့်လျှက် မေးလိုက်သည်။ နီယန်သည် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

“ဒါပေါ့ စားလို့ရတာပေါ့ အဲ့ဒါက အရမ်းအရသာရှိတဲ့ ဟင်းပွဲတစ်မျိုးပဲလေ”

သူမ ယူလာသည် မြစ်ခရုများသည် အသားများသည့် အပြင် သေချာချက်တတ်လျှင် ဝက်သားထက်ပင် အရသာရှိသေး၏။ ပြီးခဲ့သည် ရက်အနည်းငယ် အတွင်း နီယန်သည် နီချွေ့ဟွာအား အသစ်အဆန်း တော်တော်များများဖြင့် မိတ်ဆက်ပေးခဲ့ပြီးပြီ ဖြစ်သည်။ နီချွေ့ဟွာသည်လည်း ထပ်မံ၍ မမေးနေတော့ပဲ လက်ခံလိုက်ကာ နီယန်အား မီးဖိုချောင်သို့ ခေါ်ဆောင်သွားခဲ့သည်။

“ယန်ယန် အမေ သမီးအတွက် ငါးတွေကို သေချာ ခုတ်ထားပေးတယ် အဆင်ပြေရဲ့လားလို့ လာကြည့်ပါအုန်း”

နီချွေ့ဟွာသည် သူမ၏ သမီးဖြစ်သူအား ကူညီချင်သောကြောင့် ငါးများကို အသားပါးပါး လှီးထားကာ ငါးအသားလွှာများအား ပန်းကန်လုံးများဖြင့် ထည့်ထားရာ ထိုပန်ကန်းလုံးကြီဂများသည်ပင် အလုံး ၂၀စာ ရှိလေသည်။ ငါးအရိုးများနှင့် ခေါင်းများကိုလည်း အိုးကြီးတစ်အိုးအတွင်း ထည့်ပြုတ်ထားပြီးဖြစ်ရာ ဟင်းရည်သည် နို့နှစ်ရောင် ဖြစ်နေခဲ့ကာ လေထုတဲတွင် မွှေးပျံ့သော အနံများ လွှမ်းခြုံနေခဲ့သည်။

“အမေ “

နီယန်သည် နီချွေ့ဟွာအား လေးလေးနက်နက် ကြည့်ကာပြောလိုက်သည်။

“အမေ ဒါတွေကို ကူညီဖို့ မလိုပါဘူး သမီး တစ်ယောက်ထဲလဲ လုပ်နိုင်ပါတယ် အမေက ခုမှ နလန်ထခါစပဲ ရှိသေးတယ် အနားယူပြီး အားမွေးဖို့က ပိုအရေးကြီးတယ်လေ”

“ရပါတယ် ရပါတယ်”

နီချွေ့ဟွာသည် ရီမောလျှက် ပြောလိုက်သည်။

“အမေက အဲ့လောက် နူးညံ့ပြီး ပျော့ညံ့တဲ့ သူတစ်ယောက် မဟုတ်ဘူးလေ အကယ်လို့ အမေတို့သာ ဒမ်ကျေးရွာမှာ ရှိနေတုန်းဆိုရင် အခုချိန်ဆို လယ်ထဲ ဆင်းနေရလောက်ပြီ ငါးလှီးရတာက ပင်ပန်းတာမှ မဟုတ်ပဲ”

သူမ၏ အတိတ်ဘဝနှင့် နှိုင်းယှဉ်ရလျှင် နီချွေ့ဟွာသည် အခု လက်ရှိဘဝသည် နိဗ္ဗာန်ဘုံဘဝကဲ့သို့ ပို၍ ပျော်ရွှင်ကာ စိတ်ချမ်းသာရသည်ဟု ခံစားမိလိုက်သည်။ လွန်ခဲ့သည့် တစ်လတုန်းက ယခုလို ဘဝမျိုးကို မည်သူက အိမ်မက် မက်ရဲ့လိမ့်မည်နည်း။

All Chapters