← Chapters

အခန်း (၂၉)

Vol. 2 Ch. 29

အခန်း (၂၉)

Vol. 2 Ch. 29

နီယန်သည် နီချွေ့ဟွာအား ကြည့်လိုက်ကာ သူမ၏ မျက်လုံးများသည် ရုတ်တရက် မျက်ရည်များ ဝဲလာသကဲ့သို့ ခံစားလိုက်ရသည်။ အကယ်၍ သူမသည် အတိတ်ဘဝ၌ ပို၍ သတ္တိရှိခဲ့ကာ လှောင်အိမ်ထဲမှ စောစီးစွာ လွတ်မြောက်ခဲ့လျှင် သူမ၏ မိခင်သည် ထိုမျှလောက် ဒုက္ခခံလိုက်ရမည် မဟုတ်သကဲ့သို့ အသက်အား ဆုံးရှုံးရလိမ့်မည်လည်း မဟုတ်ခဲ့ချေ။ စိတ်မကောင်းစရာ ကောင်းသည်မှာ သူမ အသိတရားရချိန်တွင် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။

သူမ၏ ကိုယ်ပိုင်အင်အားကိုလည်း ရှာဖွေရန် အလွန် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ နောက်ဆုံးတွင် သူမ ဘီလျံနာတစ်ယောက် ဖြစ်လာချိန်တွင်ပင် အစစ်အမှန် ပျော်ရွှင်မှုအား မခံစားခဲ့ရပေ။ ဖန်သားပြင်တွင် သူမသည် ကျက်သရေရှိကာ စွဲမက်ဖွယ်ကောင်းသည့် ဘော့စ်နီ ဖြစ်ခဲ့သော်လည်း ထို ဘော့စ်နီ ဟူသည့် ဂုဏ်ပုဒ်အား ရရန်အတွက် သူမ မည်မျှ ပေးဆပ်ခဲ့ရသည်ကို မည်သူမှ မသိနိုင်ကြပေ။ အမှန်တကယ်တွင် ထို လူပျိုကြီးသည် နာမကျန်းဖြစ်သည့်အတွက် သေဆုံးသွားခြင်း မဟုတ်ပေ။ သူမကိုယ်တိုင် ကိုယ့်လက်ဖြင့်ကိုယ် သတ်ခဲ့ခြင်း ဖြစ်သည်။ ထိုလူပျိုကြီးအား သတ်နိုင်ရန်အတွက် သူမသည် ဆယ်နှစ်တိတိ အချိန်ယူခဲ့ရသည်။ ထိုကိစ္စအတွက် သူမ၏ အရွယ်ကောင်းအချိန်အား ဆယ်စုနှစ် တစ်စုစာ နှောင့်နှေးခဲ့ရသည်။ ထို ဆယ်နှစ်တာ အတွေ့အကြုံများသည် သူမ၏ နှလုံးသားအတွင်း ကြီးမားသော အရိပ်မဲကြီး သဖွယ် ကျန်ရစ်နေခဲ့သည်။

ဘော့စ်နီ ဖြစ်လာချိန်တွင်ပင် သူမသည် ယောကျ်ားသားများဖြင့် ရင်းနီးရန် မစွမ်းဆောင်နိုင်ခဲ့သလို အချစ်အပေါ် ယုံကြည်ချက်များ ပျောက်ဆုံးသွားခဲ့ကာ ယောကျ်ားများကိုပင် ကြောက်ရွံလာခဲ့သည်။ နောက်ထပ် နှစ်ပေါင်း ၃၀ ကြာသည်အထိ သူမ မတော်တဆမှုနှင့် မသေဆုံးမှီ အချိန်ထိ သူမသည် တစ်ယောက်တည်း နေထိုင်သွားခဲ့သည်။

ရွာမှ ထွက်ပြေး လွတ်မြောက် လာချိန်တွင် စက်ရုံတွင် အလုပ်ဝင်လုပ်ခဲ့သည်။ ထို့နောက် စားပွဲထိုးလုပ်သည်။ နောက်ဆုံးတွင် သူတို့၏ တစ်ဦးတည်းသော ကလေးအား ဆုံးရှုံးလိုက်ရသည့် တရုတ်တိုင်းရင်းဆေး ပညာရှင် ဇနီးမောင်နှံ နှင့်တွေ့ဆုံခဲ့သည်။ ထိုစုံတွဲသည် သူမ၏ သနားစရာကောင်းသော အခြေအနေ အဖြစ်အပျက်များအား သိသွားချိန်တွင် သူတို့၏ သမီး အဖြစ် မွေးစားခဲ့ကာ သူတို့ တတ်မြောက်ထားသည့် တရုတ်ဆေးပညာအားလုံးကို သူမအား သင်ပေးခဲ့ကြသည်။

နောက်ပိုင်းတွင် သူမသည် တက္ကသိုလ် တက်ကာ အချိန်ပိုင်းအလုပ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ထို့နောက် သူမသည် ကိုယ်ပိုင် စတိုးဆိုင်တစ်ခု ပိုင်ဆိုင်လာခဲ့သည်။ သူမ၏ စီးပွားရေး လုပ်ငန်းများ ကြီးထွားလာခဲ့ကာ သူမသည် ဘေဂျင်းတွင် အချမ်းသာဆုံး သူဌေး တစ်ဦး နာမည်ကျော်ကြားသည့် စီးပွားရေး လုပ်ငန်းရှင် တစ်ဦး တီဗွီမျက်နှဦပြင်ပေါ်နှင့် စီးပွားရေး သတင်းစာများ၏ မျက်နှာပြင်ထက်ဝယ် အကြာခဏ ဖော်ပြခြင်း ခံရလာခဲ့သည်။ သူမသည် ဘော့စ်နီ ဖြစ်လာခဲ့သည့်တိုင်အောင် သူမ လိုချင်သည့်အရာများ အားလုံး မရနိုင်ခဲ့ပေ။

ယခုတစ်ကြိမ်တွင်တော့ သူမသည် ပို၍ ကောင်းမွန် တောက်ပသည့် ဘဝ တစ်ခုဖြ်င့် အသက်ရှင် နေထိုင်ရန် ဆုံးဖြတ်လိုက်ကာ သူမ အရင်ဘဝ၌ မပိုင်ဆိုင်ခဲ့သည့် အရာမှန်သမျှအား ယခုဘဝတွင် အကုန်ရယူရန် ဆုံးဖြတ်လိုက်သည်။ မိသားစု သူငယ်ချင်း အချစ် အရာအားလုံးပင် ဖြစ်သည်။ ထိုခဏတာတွင် နီယန်၏ မျက်လုံးများ စပ်ဖြင်းဖြင်း ဖြစ်သွားခဲ့သည်။ ထိုသည်အား မြင်သော် နီချွေ့ဟွာသည် ထိတ်ထိတ်ပြာပြာ ဖြစ်သွားခဲ့ကာ နီယန်၏ လက်အား လှမ်းဆွဲကာ ပြောလိုက်သည်။

“ယန်ယန် အမေ တကယ် အဆင်ပြေပါတယ် အမေတို့ ရွာက မိန်းမတိုင်း ဒီလိုပဲ ဖြတ်သန်းကြရတာပဲလေ အမေ တစ်လပြည့်အောင် နားသည်ဖြစ်ေစ မနားသည်ဖြစ်စေ အရေးမကြီးပါဘူးကွယ်”

နောက်ဆုံးတွင်မူ နီယန်သည် အသက် ဆယ့်ခြောက်နှစ်သာ ရှိသေးကာ နီချွေ့ဟွာသည် တာဝန်ဝတ္တရားများ အားလုံး နီယန်တစ်ယောက်ထဲ ပခုံးပေါ်ထမ်းထားရသည်အား သူမ မကြည့်ရက်နိုင်ခဲ့ပေ။ နီချွေ့ဟွာသည် နီယန်အား ကြည့်လိုက်ကာ သူမ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

နီယန်လို သမီးလိမ္မာမျိုး ရအောင် သူမသည် အတိတ်ဘဝ၌ မည်ကဲ့သို့ ကံကောင်းခြင်း ကုသိုလ်ကံများ အများကြီး ရှိနေခဲ့ပုံရသည်။ နီယန်သည် သူမ၏ မျက်လုံးများကို သုတ်ကာ စိတ်ကို ပြန်ထိန်းလိုက်ရင်း ပြောလိုက်သည်။

“အမေ အမေ့ ခန္ဓာကိုယ် ကို အမေပဲ ပိုင်တာပါ အကယ်၍ တစ်လလုံးလုံး ထိုင်မနေချင်ဖူးဆိုရင်လည်း သမီး အတင်းတွန်းအား မပေးပါဘူး ဒါပေမဲ့ အမေ မှတ်ထားရမှာက အေးတဲ့ အရာ ဘယ်အရာကိုမှ မထိပါနဲ့ အိမ်အလုပ်တွေကို သမီးနဲ့ပဲ လွှဲထားလိုက်ပါ တစ်လတာ ပြီးသွားရင်တော့ အမေ လုပ်ချင်တာ မှန်သမျှ လုပ်နိုင်တယ် “

သူမသည် အတိတ်ဘဝတွင် တရုတ်တိုင်းရင်းဆေး ပညာရှင် တစ်ဦး ဖြစ်ခဲ့သောကြောင့် နီယန်သည် အမျိုးသမီး တစ်ဦးအတွက် မီးတွင်းကာလသည် မည်မျှ အရေးကြီးကြောင်းကို သဘာဝအတိုင်း သိခဲ့သည်။ သို့သော် သူမ၏ မိခင်သည် အိပ်ယာအတွင်းမှာ မနေချင်းဖူး ဆိုသည့်အတွက် သူမ တွန်းအား မပေးနိုင်ပေ။ သူမ၏ မိခင်အား အစားအသောက်ဖြင့်သာ ပို၍ ဂရုစိုက်ပေးနိုင်တော့မည် ဖြစ်သည်။ နီချွေ့ဟွာသည် ခေါင်းငြိမ့်လိုက်ကာ ပြောလိုက်သည်။

“အိုကေ အမေ ယန်ယန့် စကားကို နားထောင်ပါ့မယ်”

“ဒါဆို အခန်းထဲသွားပြီး ညီမလေးကို ကြည့်လိုက်ပါအုန်း”

နီယန်သည် နီချွေ့ဟွာအား အိမ်အတွင်းသို့ တွန်းပို့လိုက်ကာ

“ဒီမှာ လုပ်စရာ သိပ်မကျန်တော့ဘူး သမီးနဲ့ ထားခဲ့လိုက်တော့”

ငြင်းလို့ မရနိုင်သည့်အတွက် နီချွေ့ဟွာသည် အခန်းသို့သာ ပြန်သွားလိုက်ရသည်။ နီယန်သည် စတင်၍ ငါးဂေါ်ဖီချဉ်ကို မနက်ဖြန် မနက်စာအတွက် မီးဖိုချောင်အတွင်း စတင်၍ ချက်ပြုတ်တော့သည်။ ယနေ့ နီယန်သည် ငါး စွပ်ပြုတ်အတွင်း ဝက်ခြေထောက်ကိုပါ ထည့်လိုက်ရာ အဖြူရောင်သန်းကာ အလွန် အရသာရှိသည့် ဟင်းရည် တစ်ခွက် ရရှိလာခဲ့တော့သည်။

ယနေ့ခေတ်မှ လူများသည် အစားအစာ မလုံလောက်သည့် အတွက် အဆီပါသော အသားကိုသာ နှစ်သက်ကြပေသည်။ မည်သူမှ အရိုးအား မဝယ်ယူကြပေ။ ထို့အတွက် နီယန်သည် အရိုး ၁၀ကီလိုဂရမ်ကို သုံးယွမ်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။

ဟင်းရည် ချက်ပြုတ်ပြီးနောက်တွင် နီယန်သည် ပလတ်စတစ် ပုံး တစ်ခုအား ဆွဲယူလိုက်ကာ မြစ်နားသို့ ထွက်သွားလေသည်။ ယခုအချိန်သည် ညနေ ၅နာရီရှီပြီ ဖြစ်ကာ နေသည်လည်း တဖြေးဖြေး ဝင်လုဆဲဆဲ ဖြစ်နေပြီ ဖြစ်သည်။ ရွှေအိုရောင်သန်းနေသည့် နေဝင်ချိန်ရှုခင်းသည် မြစ်ရေပြင်တွင် အရိပ်ထင်ဟပ်နေခဲ့ကာ သဘာဝတရားမှ ဖန်တီးထားသည့် အနုကညာ လက်ရာမြောက်သည့် ဆီဆေး ပန်းချီကား တစ်ချပ် သဖွယ် ဖြစ်နေခဲ့သည်။ ကြည်လင်သန့်ရှင်းနေသည့် ရေပြင်သည် သက်ဝင်လှုပ်ရှားနေခဲ့ကာ လူ့ပြည်မှာ ရှိသည့် နတ်ဘုံနတ်နန်းကဲ့သို့ ထင်မှတ်ရပေသည်။ နေဝင်ချိန် လက်ကျန် အလင်းရောင်သည် ရေပြင်တွင် ထင်ဟပ်နေခဲ့ကာ မြစ်၏တစ်ဝက်သည် အေးချမ်းနေခဲ့ကာ ကျန်တစ်ဝက်သည် အနီရောင် ခြယ်ထားသကဲ့သို့ ဖြစ်နေခဲ့ပါသည်။

မြစ်ကမ်းစပ်တွင် အကျီချွတ်ကာ ဆော့နေကစားကာ မြစ်ရေချိုးနေသည့် ကောင်လေးများလည်း ရှိနေကြသည်။ ကျွဲအချို့သည်လည်း မြစ်ကမ်းနားတွင် ပျင်းပျင်းရိရီ လှဲလှောင်းကာ အနားယူနေကြသည်။ အရာအားလုံး အေးချမ်း သာယာနေခဲ့ကာ နောင်မျိုးဆက်များတွင် ပျောက်ကွယ်သွားမည့် ရောင့်ရဲမှုမျိုး ပါဝင်နေခဲ့သည်။ နီယန်သည် မြစ်တစ်လျှောက် လမ်းလျှာက်လာခဲ့ကာ သူမ၏ ဘောင်းဘီအား လိပ်တင်လျှက် ဖိနပ်ချွတ်လိုက်ကာ သူမ မနက်က ထောင်ထားသည့် ငါးဖမ်းပိုက် ချထားသည့် နေရာဆီသို့ ဦးတည်သွားလိုက်သည်။

ကောင်လေးများသည် နီယန် ရေထဲသို့ ဆင်းလာသည်အား မြင်သော် ရှက်သွားသောကြောင့် ရေအောက်အတွင်း ငုပ်လျိုးပျောက်ကွယ်သွားခဲ့ကာ ရေအောက်တွင် ပုန်းနေသည့် င်းကလေးများသဖွယ် အဖြစ် ပြောင်းလဲသွားခဲ့သည်။ နီယန်သည် ငါးဖမ်းပိုက်အား သယ်ယူကာ ပြန်လာပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နေခဲ့သည်။ ငါးဖမ်းပိုက်တွင် ငါးအတော်များများ မိနေသည့်အတွက် လေးလံနေခဲ့သည်။

ကမ်းစပ်နား ရောက်ချိန်တွင် နီယန်သည် ငါးဖမ်းပိုက်ထဲမှ ငါးများအား ယူလာသည့် ပလတ်စတစ်ဘုံးအတွင်းသို့ ထည့်လိုက်သည်။ ပုံးထဲတွင် ငါးကြင်း ငါးမြစ်ချင်း ငါးတန် ကပ်ဘလူး နှင့် သေးငယ်သည့်် မြစ်ပုစွန်များ စသည့် အမျိုးမျိုးသော ငါးများ ပုစွန်များဖြင့် ပြည့်နေခဲ့သည်။

ထိုသို့သော အရာများသည် နောက်ပိုင်းမျိုးဆက်များတွင် မြင်တွေ့ရခြင်း မရှိနိုင်တော့သည့် အရာများ ဖြစ်သည်။ ညစ်ညမ်းမှုများ ကင်းစင်ကာ သန့်ရှင်းသည့် ယခုလို ခေတ်ကာလမျိုးတွင်သာ သဘာဝ ငါးနှင့် ပုစွန်များကို အလျှံပယ်တွေ့နိုင်ခြင်း ဖြစ်ပေသည်။ ငါးများအားလုံးကို သွန်ချလိုက်ပြီးနောက်တွင် နီယန်သည် ငါးဖမ်းပိုက်အား မူလနေရာတွင် ပြန်လည် ချထားလိုက်သည်။ ရေကူးနေတဲ့ ကောင်လေး တစ်ယောက်သည် အနားကို တစ်ရွေ့ရွေ့ ကပ်လာပြီးနောက် မနေနိုင်စွာ မေးလိုက်သည်။

“အစ်မ အစ်မ နာမည်က နီယန်လား”

“ဟုတ်တယ်”

နီယန်သည် ပြုံးလျှက် ပြန်ဖြေလိုက်ကာ ပြန်လည် မေးမြန်းလိုက်သည်။

“မင်း နာမည် ဘယ်လိုခေါ်လဲ “

ကောင်ငယ်လေးသည် ခေါင်းလေးစောင်းကာ နီယန်ကို ကြည့်လျှက် ပြောလိုက်သည်။

“အစ်မနီယန် အစ်မက အရမ်းလှတာပဲ အစ်မရှို့ဟုန်ထက်တောင် ပိုလှသေးတယ်”

မည်သည့် ခေတ်ကာလတွင် မဆို အလှတရားသည် အာရုံစိုက်ခံရစမြဲပင် ဖြစ်သည်။ နီယန်သည် ငါးဖမ်းပိုက်အား နေရာချပြီးသွားသည့် နောက်တွင် ပြောလိုက်သည်။

“ချီးကျူးပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော် မင်း တစ်ယောက်ထဲ ရေကူးတဲ့ အခါ သတိထားအုန်း”

ထိုကောင်ငယ်လေးက ဆက်လက်၍ ပြောလိူက်သည်။

“အစ်မနီယန် ကျွန်တော့် နာမည်က လီချန်ရှို့ပါ ဒါပေမဲ့ အစ်မ ကျွန်တော့် နာမည်ပြောင် ဂေါ်တန်လို့ ခေါ်လို့ရပါတယ် ကျွန်တော်က တစ်ယောက်တည်း လာတာ မဟုတ်ပါဘူး ကျွန်တော့်အစ်ကို လီဖူကွေ့နဲ့ တူတူလာတာပါ ပြီးတော့ ကျွန်တော့်မှာ လီရုံဟွာလို့ ခေါ်တဲ့ အ်မတစ်ယောက်လည်း ရှိသေးတယ်”

“ဂေါ်တန်”

နီယန်သည် ရီမော၍သာ နေလိုက်ကာ မည်သည့်ကိုမှ ပြန်မပြောလိုက်ချေ။ ဂေါ်တန်သည် ဆက်လက် ပြောဆိုလိုက်သည်။

“ဘာဖြစ်ဖြစ် ကျွန်တော့်အစ်မက အစ်မလော်ကလည်း မလှပါဘူး ပြီးတော့ သူက ဒေါသလည်း ကြီးသေး အမြဲ လူကိုရိုက်ဖို့ပဲ ချောင်းနေတာ”

မောင်အရင်းခေါက်ခေါက် ဖြစ်သူမှ အစ်အရင်းဖြ်စသူအား ဝေဖန်ပုတ်ခတ် ပြောဆိုရဲနေခြင်း ဖြစ်သည်။ နီယန်သည် ရီမောလျှက် ပြောလိုက်သည်။

“မင်းက လူတွေကို ရုပ်ရည်နဲ့ အကဲဖြတ်ဖို့ ငယ်လွန်းသေးတယ် မင်းအစ်မ ကြားပြီးတော့ မင်းကို လာရိုက်နေအုန်းမယ် သတိထားအုန်း”

ထိုစကားအား ကြားချိန်တွင် ဂေါ်တန်သည် သူ၏ ချစ်စရာကောင်းသည့် ခေါင်းလုံးလေးအား ဟန်ပါပါ မော့လျှက်ပြောလိုက်သည်။

“ဖူး သူမလုပ်ရဲပါဘူး”

နီယန်သည် ပြုံးလျှက် ပြောလိုက်သည်။

“ကောင်းပြီ အစ်မ အခု အိမ်ပြန်ပြီး ဟင်းချက်ရအုန်းမယ် စကားဆက်ပြောနိုင်မှာ မဟုတ်တော့ဘူး သွားတော့မယ် တာ့တာ “

“တာ့တာ..”

ဂေါ်တန်သည် နီယန်အား လက်ယမ်းပြလိုက်သည်။ နီယန် ထွက်သွားပြီးနောက်တွင် ဂေါ်တန်လေးသည် သူ၏အစ်ကို ဖြစ်သူ လီဖူကွေ့၏ အနားသို့ အလျှင်အမြန် ရေကူးသွားလိုက်ကာ

“အစ်ကိုကြီး အစ်မ နီယန်က အရမ်းသဘောကောင်းတယ် သူက ဦးလေး နှစ်နဲ့ အဒေါ်သုံးတို့ ပြောသလို မဟုတ်ပါဘူး ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်တော့ သူ့ကို သဘောကျတယ်”

လီဖူကွေ့သည် ဂေါ်တန်ထက် ၆နှစ်ခန့် ပိုကြီးကာ ရင့်ကျက်သူတစ်ဦး ပီပီ ပြန်ပြောလိုက်သည်။

“လူကြီးလူကောင်း တစ်ယောက်က ကောလဟလ စကားတွေနဲ့ တခြားလူတစ်ယောက်ကို အကဲမဖြတ်ကြဘူး ပြီးတော့ သူများကြောင်းကိုလည်း ကောလဟလ လိုက်မဖြန့်တတ်ကြဘူး အကယ်လို့ သူမက တကယ်ကို သူများတွေ ပြောသလို ဟုတ်လား မဟုတ်လားဆိုတာ အချိန်တန်ရင် သိရမှာပါ”

နီယန် အိမ်ပြန်ရောက်ချိန်တွင် သူမသည် ငါးနှင့် ပုစွန် အားလုံးကို ဇလုံအကြီးကြီး တစ်ခုထဲတွင် လှယ်ထည့်လိုက်သည်။ ထို့နောက် သူမသည် မြစ်ပုစွန်များအား ရွေးထုတ်လိုက်ကာ ညစာအတွက် မြစ် ပုစွန်ကြော်ရန် ပြင်ဆင်ထားလိုက်သည်။ ထို့နောက် သူမသည် ငါးကြင်း တစ်ကောင်အား သန့်စင်လိုက်ကာ ယနေ့ ဝယ်ယူလာခဲ့သည့် ပစ္စည်းများဖြင့် ရောကာ အလှအပနှင့် ရင်သားဖွံ့ဖြိုးစေရန် ငါးကြင်းစတူးအား ရေမှော်နှင့် ဝက်ခြေထောက်ရောကာ ဟင်းတစ်ခွက်အနေဖြင့် ချက်ပြုတ်ရန် စီစဉ်ထားလိုက်တော့သည်။

မိန်းမတစ်ဦးအတွက် မျက်နှာလှရုံဖြင့် မလုံလောက်ပေ။ ခန္ဓာကိုယ် အချိုးအစား လှရန်လည်း အရေးကြီးပေသည်။ အသားရေ ဖြူဝင်းခြင်း ခန္ဓာကိုယ် ပုံပန်းသွင်ပြင် ပြီးပြည့်စုံခြင်း နှင်းဆီရောင် နှုတ်ခမ်းသားနှင့် မျက်လုံးတောက်တောက်လေးများ ပိုင်ဆိုင်ရန် အတွက် အစားအသောက် ကုထုံးမှ တဆင့် ဖန်တီးတည်ဆောက်နိုင်ပေသည်။

နောက်ပိုင်းခေတ်မှ လူများသည် သူတို့၏ စားသောက်မှု ပုံစံအား လျစ်လျူရှုထားကြကာ အချိန်မှန်မှန် မစားကြပဲ အချိုနှင့် အစပ်များအား တောင့်တာကြသည်။ အွန်လိုင်းတွင် နာမည်ကြီးသော အစားအစားများနှင့် အသင့်စားအစားအစားများကို စွဲလမ်းလာခဲ့ကြကာ အဝလွန်ခြင်း အသားရေ ညစ်နွမ်းခြင်း အမဲသက်နှင့် ဝက်ခြံများ ဖြစ်လာခဲ့ကြသည်။ သူတို့၏ ရုပ်ရည်သွင်ပြင်များသည် တဖြေးဖြေး ပျက်စီးလာခဲ့ကြသည်။

ထို့အတွက် နီယန်သည် သူမ၏ အတိတ်ဘဝတွင် သင်ယူလေ့လာခဲ့သည့် တရုတ်တိုင်းရင်းဆေးပညာ ဗဟုသုတများအား အသုံးပြုကာ အတွင်းရော အပြင်ရော ကျန်းမာအောင် ပြုပြင်နိုင်ရန် အတွက် ယခုအချိန်ကတည်းမှ စတင်ရန် ဆုံးဖြတ်လိုက်သည်။ သူမအတွက် သီးသန့်တင် မဟုတ်ပဲ နိချွေ့ဟွာ အတွက်လည်း ပါဝင်ပေသည်။

နီချွေ့ဟွာသည် အသက် ၃၆နှစ် သာ ရှိသေးကာ သူမ၏ မျက်နှာတွင် အမှန်တကယ် အရေးအကြောင်းများ ရှိနေပြီ ဖြစ်သည်။ သူမ၏ အသားအရည်သည် အလွန် ညစ်နွမ်းနေခဲ့ကာ ခန္ဓာကိုယ် အချိုးအားလည်း ပျက်စီး နေပြီ ဖြစ်သည်။ နီယန်သည် သူမအား နုပျိုမှုများ ပြန်လည်ရရှိစေချင်ခဲ့ကာ ပျော်ရွှင်မှုများ ပြန်လည် ရှာတွေ့နိုင်ရန် ကူညီပေးချင်မိသည်။

ပါဝင် ပစ္စည်းများ ဖြစ်သည့် ရေမှော် ဝက်ခြေထောက် ငါးကြင်း စသည်များအား ပြင်ဆင်ပြီးနောက်တွင် နီယန်သည် ပေါင်းအိုး တစ်လုံးကို ယူလာကာ ပါဝင်ပစ္စည်းများအား အိုးအတွင်းသို့ ထည့်လိုက်လေသည်။ အကြာခင်အတွင်း အရသာရှိကာ မွှေးပျံ့သော ရနံ့များ မီးဖိုချောင်အတွင်း ပြည့်နှက် သွားတော့သည်။

All Chapters