ကယ်ဆယ်ရေး
Vol. 2 Ch. 16
နှင်းများ ထူထပ်စွာ ကျရောက် တောင်တန်းများ ပတ်ပတ်လည်ရှိ ရွာများသည် ကြီးမားသော အကျိုးသက်ရောက်မှုအား ခံစားကြရသည်။ ဟူမိသားစု အနီးအနားရှိ ရွာဖြစ်သော ရှန်ယန်းရွာသည်လည်း ကြီးမားသော ဆုံးရှုံးမှုအား ခံစားရသည်။ ဟူမိသားစုကျေးရွာမှ လူအချို့သည်လည်း ရှန်ယန်းရွာတွင် ရှိနေကြသည်။ သမားတော်ဟူ၏ ညီမဖြစ်သူသည် အိမ်ထောင်ကျကာ ထိုရွာတွင် အခြေချလျှက် ရှိသည်။ လွန်ခဲ့သော ရက်အနည်းငယ် ခန့်က သူမ နေမကောင်း ဖြစ်နေကြောင်းနှင့် သူမအား ကယ်တင်ရန် သမားတော်ဟူအား သွားရောက်ခေါ်ဆောင်ရန် နှင်းများအား ဖြတ်ကာ တစ်စုံတစ်ယောက်အား စေလွှတ်ခဲ့သည်။
မမျှော်လင့်စွာပင် နှင်းထုပြိုကြသောကြောင့် ရှန်ယန်းရွာမှ ရွာသားအချို့ကို ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် ဟူမိသားစု ကျေးရွာအား ပစ်မှတ်အဖြစ် ထားလိုက်ကြသည်။ ထိုအရာအား သမားတော်ဟူ ရှာတွေ့သွားသောအခါ သူသည် သူတို့အား တားဆီးရန် နည်းမျိုးစုံ ကြံဆောင်ခဲ့သည်။ ထိုအစား သူသည် ထိုသူများ၏ အကျဉ်းချထားခြင်းကို သာခံလိုက်ရပြီး နှစ်ရက်တိုင်တိုင် အစာရေဆာ ဖြတ်ထားခြင်း ခံလိုက်ရသည်။
ယခုအခါ ရှန်ယန်းရွာမှ ရွာသားများသည် သမားတော်ဟူအား ဓားစာခံအဖြစ် ဆက်ဆံကာ သမားတော်ဟူအား အစားအစာများဖြင့် လာရောက် ရွေးရန် ခြိမ်းခြောက်လာကြသည်။ ရွာသူကြီးဟူသည် ထိုဖြစ်စဉ်၏ အရေးကြီးမှုကို သိသောကြောင့် သူသည် ရွာသူရွာသားများအား ဂူအကြောင်း မပြောမိစေရန် အလျှင်အမြန်လာကာ မှာကြားထားခဲ့သည်။ ထိုကဲ့သို့ မဟုတ်ပါက ဆာလောင်မှုကြောင့် ရူးမတက်ဖြစ်နေသောသူများနှင့် အေးခဲကာ သေမလို ဖြစ်နေသူများသည် မည်သို့သော အရာကိုမဆို ပြုလုပ်နိုင်သောကြောင့် ဖြစ်သည်။
“မင်းတို့အားလုံး ဒီမှာပဲ နေကြအုန်း သံသယရှိစရာ ကောင်းတဲ့ ဘယ်သူ့ကိုမှ မလာစေနဲ့”
“တခြားသူတွေနဲ့ ပဋိပက္ခ မဖြစ်ကြစေနဲ့ အခုချိန်မှာ ငါ့တို့ လုံခြုံရေးက အရေးအကြီးဆုံးပဲ မလိုအပ်ပဲ ခေါင်းမမာကြနဲ့”
“သူတို့ ဘာလိုချင်တာလဲ ဆိုတာ အရင်မပြောကြစေနဲ့ ငါတို့အဲ့ရောက်မှ ပြောကြတာပေါ့”
လူတိုင်း ခေါင်းငြိမ့်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ ရွာသူကြီး ကျွန်တော်တို့ အတိုင်းအဆကို ကျွန်တော်တို့ သိပါတယ်”
ရွာသူကြီးဟူသည် လူငယ်များကို ရွာသို့ ပြန်ရန် စီစဉ်ခဲ့ကာ ဝမ်ချွမ်းဖူနှင့် သွား၍ တွေ့ဆုံခဲ့သည်။ ရွာသူကြီးသည် သူ့အား ပြောဆိုလိုက်သည်။
“မင်းတို့ ဝမ်မိသားစုက ကျောက်နံရံကို ကျောပေးပြီးနေကြတာ တောင်ပေါ်က နှင်းတွေ အကုန် ပြိုကျမလာသေးဘူး နောက်တစ်ကြိမ် နှင်းတွေ ထပ်ပြိုကျမှာစိုးလို့ အခုလောလောဆယ် မပြန်သေးနဲ့အုန်း”
အမှန်တကယ် ရွာသူကြီး ပြောချင်သည်မှာ အကယ်၍ ရှန်ယန်းရွာမှ ရုတ်ရုတ်သဲသဲ ဖြစ်အောင် ပြုလုပ်လာခဲ့လျှင် ဝမ်မိသားစု အနေဖြင့် ကလေးလေးအား ကောင်းမွန်စွာ ဖွက်ထားနိုင်ရန် ဖြစ်သည်။ အကယ်၍ သူတို့ သည် သူမလေး အကြောင်းအား ရှာတွေ့ခဲ့လျှင် သူတို့စည် ငြိမ်းချမ်းစွာ နေနိုင်တော့မည် မဟုတ်ပေ။ ရွာသူကြီးသည် ရှန်ယန်းရွာမှ ရွာသားများသည် ကလေးများအား စတင် စားသောက်နေကြပြီဟု ကြားသိခဲ့ရသည်။ သို့သော် သူသည် ရွာသားများ ကြောက်ရွံ ထိတ်လန့်သွားမည်ကို စိုးရိမ်သောကြောင့် သူပြောလိုသော စကားများအား မြိုသိပ်ထားခဲ့ရသည်။
ပထမဆုံး အနေဖြင့် သူသည် လူအများအား အရင်ဆုံး စေလွှတ်ရမည် ဖြစ်သည်။ ဝမ်ချွမ်းဖူသည် ခေါင်းငြိမ့်လိုက်ကာ လျှင်မြန်စွာ ပြေးထွက်သွားခဲ့သည်။ အခုလို လူတိုင်း ကြောက်ရွံ ထိတ်လန့်နေချိန်တွင် ရွာထဲမှ အမျိုးသားများအား တာဝန်များ ခွဲဝေပေးခဲ့သည်။
ဝမ်မိသားစု၏ မြေးခုနှစ်ယောက်တွင် အကြီးဆုံးမြေး ဖြစ်သော ဝမ်တလန်သည် ဆယ့်ခြောက်နှစ် ပြည့်ပြီး ဖြစ်သည်။ အငယ်ဆုံးမြေးအမွှာ ဖြစ်သော ဝမ်ရှောင်လန်နှင့် ဝမ်ချီလန်တို့သည်လည်း ခုနှစ်နှစ် အရွယ် ရှိနေကြပြီ ဖြစ်သည်။ အငယ်ဆုံးသည် အားယွီလေးဖြစ်ကာ အပေါ်ယံပုံစံအား ကြည့်ခြင်းဖြင့် နှစ်နှစ် အရွယ်သာ ရှိပေသည်။
“မင်းတို့ ကောင်ဆိုးလေးတွေ အပြင် မထွက်ကြနဲ့ မင်းတို့ ညီမလေးကို ဂရုစိုက် စောင့်ရှောက်ဖို့ တာဝန်ယူရမယ် ဘယ်သူကမှ သူ့ကို ထိခိုက်အောင် မလုပ်စေနဲ့ “
မိသားစုထဲမှ လှုပ်ရှားနိုင်သော အမျိုးသားများအား အလုပ်လုပ်ရန် ခေါ်ထားခဲ့သည်။ အဖွားအိုဝမ်သည် အမျိုးသမီးများအား ခေါ်ဆောင်ကာ သေးငယ်သော နေရာလေးအား ရှင်းလင်းစေခဲ့သည်.။
ဝမ်တလန်သည် ခေါင်းအား အကြိမ်ကြိမ် ငြိမ့်လိုက်ပြီးနောက် ပြောလိုက်သည်။
“အဖွား မစိုးရိမ်ပါနဲ့ ကျွန်တော်တို့ ညီမလေး အားယွီကို သေချာ ဂရုစိုက်ပါ့မယ်”
သူတို့သည် လူကြီးများ မပြောခင် အချိန်ကတည်းမှ ကြိုတင် အစီစဉ်ချပြီး ဖြစ်သည်။ သူတိူ့၏ ညီမလေးသည် အလွန် ငယ်ရွယ်လှပေသည်။ အကယ်၍ သူတို့သာ အနီးကပ် မစောင့်ကြည့်ထားခဲ့လျှင် သူမလေးသည် ထိခိုက်အနာတရဖြစ်ရန် လွယ်ကူလှသည်။
“ညီမလေး အားယွီ ဒီကိုလာခဲ့ ကန်စွန်းဉကင် နည်းနည်း လာစားလိုက်”
ဝမ်ဝူလန်သည် မီးပုံဘေးမှ ပြေးလာခဲ့သည်။ သူ၏ အိတ်ကပ်ထဲမှ မီးဖုတ်ထားတဲ့ ကန်စွန်းဥမဲမဲလေးအား ထုတ်ယူလိုက်သည်။ အပြင်ဘက် အခွံသည် လုံးဝ တူးခြစ်နေခဲ့သည်။
“ပူတုန်းလေး စားလိုက် အေးမှ စားရင် ညီမလေး ဝမ်းလျှောလိမ့်မယ် “
ဝမ်တလန်သည် သူ၏ အိပ်ကပ်ထဲမှ ကန်စွန်းဉကင်အား ထုတ်ယူလိုက်ကာ သူ၏ လက်ဖြင့် ဂရုတစိုက် ခွာပေးလိုက်သည်။ သူသည် နှစ်ပိုင်း ပိုင်းလိုက်ပြီး ဖိညှစ်လိုက်သောအခါ အတွင်းထဲမှ လိမ္မော်နီရောင် ကန်စွန်းဉ အသားများထွက်ပေါ်လာခဲ့သည်။
ကန်စွန်းဉကသ်၏ အနံ့များသည် လေထဲတွင် ပြည့်နှက်သွားခဲ့ပြီး ဝမ်မိသားစုမှ ကောင်လေးများသည် အကူညီမဲ့စွာဖြင့် တံတွေးအား မြိုချနေခဲ့ကြသည်။ လူတိုင်းသည် တစ်နပ်သာ စားသောက်ရသေးခြင်း ဖြစ်သည်။ အရင်က နှစ်သစ်အား ကြိုဆိုရန် ပြင်ဆင်ထားသော အသားများနှင့် ပန်ကိတ်များသည် နှင်းထဲတွင် နှစ်မြှပ်နေခဲ့သည်။ အားယွီလေးသည်လည်း တံတွေးကို မြိုချနေခဲ့သည်။ သူမသည် အမှန်တကယ် ဆာလောင်နေခဲ့သည်ဖြစ်ရာ အနံ့အရသာသည် အလွန်ကိုမှ ချိုမြိန်နေခဲ့သည်။
“စားလိုက်”
ဝမ်တလန်သည် သူ၏ ဦးခေါင်းအား တစ်ဖက်သို့ လှည့်လိုက်ရင်း ပြောလိုက်သည်။ သူသည် မထိန်းချုပ်နိုင်ပဲ တစ်ကိုက်ကိုက်မိမည်ကို စိုးရိမ်နေခဲ့သည်။
“အတူတူ စားရအောင် “
အားယွီလေးသည် မော့ကြည့်ရင်း ပြောလိုက်သည်။ သူမတွင် အကိုအများကြီးနှင့် အဖွား အမေ နှင့်အဒေါ်အချို့ ရှိသည်။ ကန်စွန်းဉ ကင်သည် အန်ညးငယ်သာ ရှိရာ သူတို့အားလုံးအတွက် မလုံလောက်ပေ။ သူတိူ့ သောက်သုံးရန် ရေအနည်းငယ် ပေးရမည်လား..... ရေကို အရင် သောက်ထားသောကြောင့် သူမသည် အလွန် ဆာလောင်နေခဲ့ခြင်း မရှိပေ။
(ငါ မကြားဘူး ငါ မကြားဘူး ငါ မကြားဘူး....)
အသားလုံးလေးသည် စတင်၍ အော်ဟစ်နေခဲ့သည်။ အားယွီလေးသည် မကျေမနပ်ဖြစ်ကာ နှုတ်ခမ်း ဆူသွားခဲ့သည်။ သူမသည် လက်သီးလေးအား ဆုပ်လိုက်ကာ သူမ၏ စိတ်အား ပြန်လည် စုစည်းလိုက်သည်။ ထိုရေသည် နတ်သူငယ်လေး၏ ပိုင်ဆိုင်မှု ဖြစ်သည်။ အကယ်၍ နတ်သူငယ်လေးသာ ပေးရန် ဆန္ဒ မရှိပါက သူမသည် လွန်လွန်ကဲကဲ မတောင်းဆိုသင့်ပေ။ ထို့ကြောင့်.......
“အားယွီ မဆာသေးဘူး အစ်ကိုငါး ကြည့်ပါအုန်း အားယွီရဲ့ ဗိုက်ကလေးက ဖောင်းကားနေပြီ “
အားယွီသည် သူမ၏ ကျောလေးအား အစွမ်းကုန် ကော့ထားကာ သူမ၏ ဗိုက်ကလေးအား ဗိုက်ပူပူလေးဖြစ်အောင် လုပ်ပြလိုက်သည်။
“ငါတို့က ညီမလေးရဲ့ အစ်ကိုကြီးတွေပါ ညီမလေးက ညီမအငယ်ဆုံးလေး အစ်ကိုကြီးတွေကို ညီမလေးက အစားအစာတွေ ပေးတယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
မည်သည်ကိုမှ ထပ် မရှင်းပြတော့ပဲ ဝမ်ဝူလန်သည် ကန်စွန်းဉကင်အား ဖဲ့ကာ အနည်းငယ် လေမှုတ်ပေးလိုက်ပြီးနောက် အားယွီလေး၏ ပါးစပ်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ အားယွီလေးသည် အမှတ်တမဲ့ဖြင့် သတိမထားမိလိုက်ပေ။ ကန်စွန်းဉ အပိုင်းသည် သူမ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်လာခဲ့ကာ သူမလေး၏ ပါးစပ် ပတ်ပတ်တွင် မီးခိုးပြာများ ပေပွသွားခဲ့သည်။
ဝမ်ဝူလန်သည် သူ၏ လက်အတွင်း ကျန်နေသေးသော ကန်စွန်းဉများကို ဝမ်တလန်၏ လက်အတွင်းသို့ ထည့်ကာ ထွက်ပြေးသွားခဲ့သည်။
အန်တီလော်ကပြောတယ် အိမ်တစ်အိမ်မှာ ကလေး သုံးယောက် ထက် ပိုရှိရင် ကန်စွန်းဉ နှစ်လုံး ယူလို့ရတယ်တဲ့”
သူသည် ငါးအထိပို၍ မရေတွက်နိုင်သော်လည်း သူတို့အိမ်တွင် သေချာပေါက် ကလေး သုံးယောက်ထက် ပိုရှိသည်။
“ဖြေးဖြေး”
ဝမ်တလန်သည် သူ၏ နောက်မှ အော်ပြောလိုက်သည်။ ထို့အပြင် သူ၏ လက်ထဲမှ ကန်စွန်းဉများအား ခွဲဝေပေးလိုက်သည်။ ညီငယ်လေးများသည် ကန်စွန်းဉ အပိုင်းသေးသေးလေးများ ရရှိကြကာ အကြီးဆုံးအပိုင်းအား အားယွီလေးအား ပေးလိုက်သည်။
“ညီမလေး နင်က ပိန်လွန်းတယ် များများ စားရမယ် မဟုတ်ရင် လေတိုက်တာနဲ့ လွှင့်ထွက်သွားလိမ့်မယ် “
ဝမ်တလန်သည် သူမလေးအား ချော့ပြောလိုက်သည်။ အားယွီလေးသည် အလွန် ကြောက်လန့်သွားခဲ့သည်။ သူမသည် သူမကိုယ်သူမ အဝတ်များဖြင့် သေချာ ပတ်ထားလိုက်ကာ လိမ်လိမ်မာမာ ဖြင့် ကန်စွန်းဉအား ယူကာ စားသောက်လိုက်သည်။
“အရသာရှိတယ် “
အားယွီလေးသည် သူမ၏ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြရင်း ပြောလိုက်သည်။ သူမသည် သူမ၏ အစ်ကို ဖြစ်သူအား ကြည့်ကာ ပြောလိုက်သည်။
“သမီး ကြီးလာတဲ့အခါ အစ်ကိုကြီးတို့ကို ဒါ နေ့တိုင်း ကျွေးမယ်”
ဝမ်လူလန်သည် အလွန် အစားမက်သော ကလေး ဖြစ်သည်။ ထိုစကားအား ကြားသောအခါ သူသည် ခေါင်းအား အဆက်မပြတ် ငြိမ့်လိုက်ကာ ပြောလိုက်သည်.။
“ကောင်းပြီ ကောင်းပြီ ကောင်းပြီ ငါ နေ့တိုင်း ဒါကို စားချင်တယ် ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ဘူး “
ဝမ်ချီလန်သည် မည်သို့မှ ပြန်လည် ဖြေကြားခြင်း မရှိပေ။ သူသည် သူ၏ အစ်ကိုအား တစ်ချက်ကြည့်လိုက်ကာ သူ၏ ခေါင်းအား ငုံ့လျှက် ကန်စွန်းဉအား စားနေလိုက်သည်။ သူတို့တွင် ကန်စွန်းဉ အနည်းငယ်သာ ရှိသည်။ နောက်ဆုံးယူလာသော ကန်စွန်းဉပါ ထပ်ပေါင်းလျှင်တောင် နည်းနေသေးသည်။ လူတိုင်းသည် ထို ကန်စွန်းဉ အနည်းငယ်အား အမြတ်တနိုး တန်ဖိုးထားကာ ထပ်ခါ ထပ်ခါ ခွဲဝေစားသောက် ကြပြီးနောက် သူတို့၏ လက်ထဲတွင် မီးကျွမ်းနေသော အခွံ တစ်ခုသာ ကျန်ခဲ့တော့သည်။
“ဆိတ်ကလေးအတွက် “
အားယွီ ဆိတ်ပေါက်ကလေးအား အခွံကို ပေးလိုက်သည်။ ဆိတ်ပေါက်ကလေးသည် အနံ့ခံကြည့်လိုက်ပြီးနောက် အနည်းငယ် အထင်သေး ရွံရှာသလို ဖြစ်သွားသော်လည်း ဝါးစားလိုက်သည်။ တခြားသူများသည်လည်း သူတို့၏ လက်ထဲမှ ကင်ထားသော ကန်စွန်းဉ အခွံများအား ပေးလိုက်ကြသည်။ ဆိတ်ပေါက်ကလေးသည် သူ၏ ခွာများအား ယက်လျှက် ဆက်လက် စားသောက်လိုက်သည်။
ဆိတ်အမေကြီးနှင့် တခြား ကျန်ခဲ့သော ကျန်းမာသော ဆိတ်ပေါက်ကလေးသည် နှင်းထု ပြိုကျစဉ် အချိန်မှာပင် နှင်းများအောက်သို့ မြှပ်နှံခံလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုဆိတ်ပေါက်ကလေးသည် တစ်ရွာလုံးတွင် အသက်ရှင်ကျန်ခဲ့သော တစ်ကောင်တည်းသော တိရစ္ဆာန် ဖြစ်လာခဲ့သည်။ အားယွီလေး ခေါ်ဆောင် လာသည်ကို သိကြသောကြောင့် လူတိုင်းသည် သဘောထားကြီဂကာ လက်သင့် ခံလာကြသည်။
ကောင်လေးများသည် သူတို့၏ ကန်စွန်းဉများကို စားသောက်ပြီးနောက်တွင် အန်ညးငယ် စိတ်ကျေနပ်မှု မရှိသေးသလို ခံစားလိုက်ရသည်။ သူတိူ့သည် လေချဉ်တက်စေရန် အကောင်းဆုံး ကြိုးစားကြကာ ထိုအရသာကို ပြန်လည်၍ သတိတရ ပြောဆိုနေကြသည်။ အားယွီလေးသည် သူ၏ အကိုများ ပြုလုပ်သည်ကို အတုယူကာ သူမ၏ လည်ပင်းအား ဆန့်ထုန်လိုက်ကာ အနံ့အား ရှုရှိုက်လိုက်သည်။ သူမ၏ မျက်နှာ တစ်ပြင်လုံး နီရဲလာခဲ့သည်။
အသားလုံးလေး “..........”
ဒိကလေး ဘယ်လောက် ဗိုက်ဆာနေတာလဲ ကြည့်ကြစမ်းပါ......
(အမှန်တကယ်တော့ မင်းအတွက် အစားအစာတွေ ပိုရနိုင်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး)
အသားလုံးလေးသည် ရပ်ကြည့် မနေနိုင်တော့သောကြောင့် ပြောလိုက်သည်။ အားယွီလေးသည် လှုပ်ရှားနေသည်အား ရပ်တန့်လိုက်ကာ မျက်လုံးလေးအား ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ကာ နတ်သူငယ်လေး မည်သည်ကို ထပ်ပြောမလဲဆိုတာ ဂရုတစိုက် အာရုံစိုက်ကာ နားထောင်နေခဲ့သည်။
(မင်း ရွာအပြင်ကနေ ကယ်လာတဲ့သူ အတွက် စိတ်ဝိဉာဉ် စမ်းရေကို နည်းနည်း ပေးလိုက် သူနိုးလာတဲ့ အချိန်ကျရင် အစားအစာတွေ အများကြီး ပေးလိမ့်မယ် အဲ့ဆို မင်း နောက်ထပ် ဗိုက် မဆာတော့ဘူးပေါ့)
အသားလုံးလေး အလွန် အကူညီမဲ့နေခဲ့သည်။ ထိုအရာသည် အမှန်တကယ်တွင် အတွေ့အကြုံမရှိသော လူသစ်များအား လမ်းညွှန်ပြသပေးသော မစ်ရှင် တစ်ခု ဖြစ်သည်။ ကံမကောင်းစွာဖြင့် ထိုကလေးလေးသည် အလွန် ငယ်ရွယ်နေသေးကာ မစ်ရှင် တစ်ခုလုံးအား အသေချာ နားမလည်နိုင်သေးပေ။ သူမလေးအား မစ်ရှင်နှင့် ပတ်သက်၍ အပိုင်းပိုင်းခွဲကာ ရှင်းပြမှသာ အနည်းငယ် နားလည်နိုင်သည်။
စိတ်ဝိဉာဉ် စမ်းရေ......
ထိုဦးလေးကြီးသည် ရေအား လိုချင်နေခဲ့သည်........
အားယွီလေးသည် နားလည် သဘောပေါက်သွားကာ ချက်ချင်း သူမ၏ မျက်လုံးအား ပိတ်လိုက်ကာ ရေအား ယူရန် ဟင်းလင်းပြင် ကမ္ဘာအတွင်းသို့ သွားချင်နေခဲ့သည်။
(မလုပ်နဲ့ မလုပ်နဲ့ မလုပ်နဲ့)
အသားလုံးလေးသည် သူမအား ရပ်တန့်ရန် မပြောနိုင်ခင်မှာပင် သူမလေး၏ အသိစိတ်သည် ဟင်းလင်းပြင်ကမ္ဘာအတွင်းသို့ ဝင်ရောက်သွားသောကြောင့် သူမ၏ ခန္ဓာကိုယ်လေးသည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားသည်။
ဝမ်ဝူလန်သည် ပထမဆုံး သတိပြုမိလိုက်ကာ ချက်ချင်း အော်ပြောလိုက်သည်။
“မကောင်းတော့ဘူး ညီမလေး အားယွီ ဗိုက်ဆာလွန်းလို့ မူးလဲသွားပြီ "
ထိုအော်သံသည် ဝမ်မိသားစုကိုတင် မကဘဲ ပတ်ဝန်းကျင်မှာရှိသော လူများကိုပါ လုပ်လက်စများအား ပစ်ချလိုက်စေခဲ့စသည်။
“ဘာဖြစ်တာလဲ ကလေးက ဘယ်လိုလုပ် ဗိုက်ဆာပြီး မူးလဲရတာလဲ”
“အားယွီအတွက် ဆိတ်နို့ကို အထူးတလည် မချန်ခဲ့ကြဘူးလား”
“အားယွီအတွက် အစားအသောက်တွေကို မင်းတို့ ယူမစားသင့်ဘူး မင်းတို့ကောင်လေးတွေကတော့ တကယ်ပါပဲ....”
လူတိုင်းသည် အားယွီလေးအား အလျှင်အမြန် သယ်ဆောင်ကာ ဝမ်ချွမ်းကွေ့၏ ဘေးနားတွင် ထားပေးလိုက်သည်။ ထို့နောက် မီးဖိုချောင်တွင် ချက်ပြုတ်နေသည့် လူများအား ကလေးမလေးအတွက် ဆန်ပြုတ် မြန်မြန် ပြုတ်ပေးပါရန် ပြောဆိုလိုက်သည်။
အားယွီလေးသည် ဟင်းလင်းပြင်ကမ္ဘာထဲတွင် စိတ်ဝိဉာဉ်ရေတစ်ဇွန်းသာ ရှိဆော့သည်ကို သိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုပမာဏသည် အလွန် နည်းပါးသောကြောင့် သူမသည် ထုတ်ယူလို့ မရနိုင်တော့ပေ။
“ဘယ်လိုလုပ်ရမလဲ”
အားယွီလေးသည် တွေဝေလျှက် သူမ၏ အသိစိတ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်ရောက်လာခဲ့သည်။ သူမ မျက်လုံး ဖွင့်လိုက်ချိန်တွင် လူအုပ်ကြီးမှ စိုက်ပြည့်နေခြင်းကို ခံလိုက်ရသည်။
အသားလုံးလေး (.......)
ဒီကလေးလေးအား လမ်ညွှန်ပြပေးရမဲ့ ခရီးက အများကြီးလိုနေသေးတာပဲ......