ဒဏ်ရာရသူများ
Vol. 2 Ch. 28
“ကျုပ်တို့ ကလေးတွေကို သေချာ မသင်ပြပေးမိပါဘူး အဲ့ဒါကြောင့် သူတို့ လမ်းမှားကို ရောက်သွားကြတာပါ”
အဖိုးအို၏ ဘေးမှ လူတစ်ယောက်သည် မငိုရဲပဲ ကျယ်လောင်စွာ ပြောလိုက်သည်။ သို့ပေမဲ့လည်း သူ၏ အသံသည် အလွန် ပူဆွေးသောက ရောက်နေသည့်ဟန် ပေါက်နေခဲ့သည်။
“မိုးကောင်းကင်က ငါတို့ကို ထွက်ပေါက် မပေးခဲ့ဘူး
“ငါတို့ရွာမှာ အစာရေစာ ပြတ်သွားတာ လဝက်ကျော်နေပြီ လမ်းကြောင်းတွေလည်း အကုန်ပိတ်နေတာကြောင့် ဘယ်သူမှ ဘာမှ မတတ်နိုင်ကြဘူး”
“အကယ်လို့ ဒီလို အခြေနေရောက်တဲ့ အထိ တွန်းအား ပေးမခံရရင် ဘယ်သူက ကိုယ့်သားသမီးကို ပြန်စားပါ့မလဲ ဘယ်သူက လူ့အသားကို စားရဲ့ပါ့မလဲ ဘယ်သူက ဒီလိုမျိး ရက်သက်နိုင်ပါ့မလဲ”
အဖွားအို တစ်ဦး၏ မျက်နှာသည် မီးခိုးရောင်သန်းကာ ဖြူဖြော့နေခဲ့သည်။ ပြင်းပြင်းထန်ထန် ချောင်းနှစ်ချက်သုံးချက် ဆိုးပြီးနောက်တွင် သူမ အားနည်းစွာ ပြောလိုက်သည်။
“အဖွားရဲ့ သားလေးက လူကောင်းလေးပါ ခါတိုင်းဆိုရင် ကြက်ကလေး တစ်ကောင်ကိုတောင် မသတ်ရဲပါဘူး သူက လူသားစားတဲ့ သူတွေထဲ မပါပါဘူးကွယ် ပြီးတော့ သူက လူသားကိုလည်း ဘယ်တေ့ာမှ စားမဲ့သူတွေထဲ မပါပါဘူး သူ ခုလိုလုပ်နေတာ အဖွားကြောင့်ပါ အားလုံးကို အဖွားအတွက် လုပ်ပေးခဲ့တာပါ သေချင်းသေ အဖွားကပဲ သေဖို့ ထိုက်တန်တာပါကွယ် ဝဠ်လည်မယ်ဆိုလည်း အဖွားပဲ ခံရသင့်တာပါ”
ဟူမိသားစု ကျေးရွာမှ လူများသည် မူလက အလွန်အမင်း ဒေါသထွက်နေခဲ့ကြသော်လည်း သူတို့သည် ထိုမြင်ကွင်းအား မြင်သော် မည်သို့ ဆက်လုပ်ရမည်ကို မသိတော့ပေ။ အကယ်၍ သူတို့သည် ထိုသူများအား ကူညီပေးလိုက်လျှင် ထိုသူများအား ခွင့်လွှတ်ပေးလိုက်သကဲ့သို့ ဖြစ်သွားပေမည်။ သို့သော် ယခုလို ကိစ္စမျိုးသည် မည်ကဲ့သို့ ခွင့်လွှတ်ပေးနိုင်မည်နည်း။
သူတို့သည် ဤနေရာသို့ ပြသာနာရှာရန် လာရောက်ကြခြင်းဖြစ်ရာ ထိုကိစ္စအား ဘာမှ မဖြစ်သကဲ့သို့ လွှတ်ပေးလိုက်ရန် မဖြစ်နိုင်ပေ။ သူတို့ အမှားလုပ်ခဲံကြသော်လည်း အားနည်းသူများနှင့် သက်ကြီးရွယ်အိုများသည် မည်သည့် အမှားကိုမှ မပြုလုပ်ခဲ့ကြပေ။ သူတို့အားလုံး မြေပေါ်တွင် ဒူးထောက်နေခဲ့သည့်ပုံအား မြင်ရသည်မှာ အလွန် သနားချင့်စဖွယ် ဖြစ်နေပေသည်။
“ရွာသူကြီး ကြည့်လိုက်ပါအုန်း”
ဟူစန်းသည် မည်သို့ လုပ်ရမည်ကို မသိတော့ပဲ ရွာသူကြီးဟူထံသို့ လျှောက်သွားလိုက်သည်။ ရွာသူကြီးဟူသည်လည်း ခေါင်းကိုက်နေခဲ့ပြီ ဖြစ်ကာ ဝူလောင်စန်းကိုတော့ ထရန် မကူညီခဲ့ပေ။ ထိုအစား သူပြောလိုက်သည်။
“မင်းတို့ ရှန်ယန်းးရွာသားတွေ ဒီကိစ္စမှာ ခြေလှမ်းမှားသွားပြီ”
အကြီးအကဲဟူသည် ဝမ်လောင်စန်းကဲ့သို့ပင် ရှန်ယန်းရွာတွင် သြဇာညောင်းသည့် လူကြီးသူမ တစ်ဦးဖြစ်သည်။ သူ ဒူးထောက် တောင်းပန်လိုက်ချိန်တွင် ရှန်ယန်းရွာတစ်ရွာလုံး၏ သဘောထားအား ပြောလိုက်ခြင်း ဖြစ်သည်။ ဤအခြေအနေများသို့ ဖြစ်လာပြီ ဖြစ်ရာ ဟူမိသားစု ကျေးရွာမှ လူများသည် မည်သို့ လုပ်ရမည်ကို မသိကြတော့ပေ။
“ကျုပ်တို့မှာ ရွေးချယ်စရာ မရှိလို့ပါဗျာ...”
ဝူလောင်စန်း ထမလာခဲ့ပေ။ သူ့အား ကြည့်ရသည်မှာ နှစ်အနည်းငယ်လောက် အိုစာသွားသကဲ့သို့ ဖြစ်သွားခဲ့သည်.
“အကယ်လို့ မင်းတို့ရွာသားတွေ ထိခိုက်နာကျင်သွားခဲ့ရင် ကျုပ်တို့ ရှိတဲ့ အရာအားလုံး ရောင်းချလိုက်ရရင်တတောင် လျော်ကြေးပေးပါ့မယ်”
လူတစ်ယောက်သည် ငိုယိုကာ နောက်ဘက်မှ အော်ပြောလိုက်သည်။
“ကျွန်တော်တို့ လူတွေကိုကော ဘယ်လို လုပ်ရမှာလဲ သူတို့လည်း ထိခိုက်မိထားတယ် မဟုတ်ဘူးလား အဆိပ်ပြင်းမြွေတွေကြောင့်လေ အဆိပ်ပြင်းမြွေတွေကိုက်ခံရရင် သေသွားနိုင်တယ်”
ဒူးထောက်နေကြသည့် သူများအားလုံးသည် အမှန်တကယ် မှားမှန်းသိ၍ ဒူးထောက်နေကြခြင်း မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် အဆိပ်ပြင်းမြွေများ ကိုက်ခံလိုက်ရပါက လွတ်မြောက်ရန် နည်းလမ်းမရှိပေ။ ကံကောင်းလျှင်တော့ ကိုယ်လက်အဂ်ါ မသန်မစွမ်း ဖြစ်သွားနိုင်ကာ ကံဆိုးလျှင် သေသွားနိုင်ပေသည်။ ခြွင်းချက် မရှိပေ။
“နှင်းပြိုကျလို့် ကျွန်တော်တို့ အိမ်တွေနဲ့ အစားအစာနွေ အကုန်ကုန်သွဦးပြီ ဘယ်လိုလုပ်ပြီး လျှော်ကြေးပေးနိုင်မှာတဲ့လဲ “
“မှန်တယ် ကျုပ်တို့လူတွေ ကျုပ်တို့ ပြန်ခေါ်သွားပြီး ခင်ဗျားတို့ ရွာကို ဘယ်တော့မှ ခြေမချတော့ဘူး အဲ့လိုဆို ရပြီမလား”
ရှန်ယန်း ရွာသို့ အိမ်ထောင်ကျကာ ပြောင်းရွေ့သွားကြသူများသည်လည်း တိုးတိတ်စွာ ပြောဆိုနေကြသည်။
“သူတို့အမှားကို သူတို့ သိနေကြပါပြီ သွားခွင့်ပေးလိုက်ကြပါ”
ထို အမျိုးသမီး၏ ဖခင်ဖြစ်သူသည် မျက်လုံးပြူးကာ ပြောလိုက်သည်။
“ဟူဒေါင်ဟွာ ရှန်ယန်းရွာကို ရောက်ဿွားတာနဲ့ ကို့မျိုးနွယ်ကို မေ့သွားတာလား”
ဟူဒေါင်ဟွာသည် သူမ၏ နာမည် ခေါ်ခံလိုက်ရချိန်တွင် ငိုကြွေးလိုက်တော့သည်။
“အဖေ အဖေ့ မြေးနဲ့ မြေးမလေးက ဆုံးသွားခဲ့ပြီ အကယ်၍ သူ့ကိုသာ သမီး ထပ်ဆုံးရှုံးရရင် သမီး ဘယ်လို အသက်ရှင်ရတော့မလဲ သမီးဂလည်း အသက်ရှင်ချင်သေးတယ်လေ”
သူမ၏ ကလေးနှစ်ဦး တစ်ယောက်သည် ငါးနှစ်အရွယ် ရှိကာ နောက်တစ်ယောက်သည် နို့စို့ အရွယ်လေးသာ ရှိသေးသော်လည်း သူတို့ နှဏ်ဦးစလုံးသည်....
သူမ မမုန်းဘူးလား သူမ မုန်းတာပေါ့ သူမ ကလေး နှစ်ဦးနဲ့ အတူတူ သေသွားဖို့တောင် ဆန္ဒ ရှိခဲ့တာ ဒါပေမဲ့ ဒါပေမဲ့........
သူမ အမျိုးသားကတော့ အပြစ်ကင်းတယ် ဘာလို့များ ဒီလို တိရစ္ဆာန်တွေနဲ့ ရောပြီး အပြစ်ခံစားရမှာလဲ ...
ဟူမိသားစုကျေးရွာမှ အမျိုးသမီးများသည် ထိုမြင်ကွင်းအား အေးစက်စွာ ကြည့်နေခဲ့သည်။ သူတို့ရွာက လူတွေ အရိုက်ခံရစဉ္ ဒီရှန်ယန်းးရွာမှ လူများသည် သူတို့တွင် အပြစ်မရှိဖူးဆိုတာ တွေးခဲ့ဖူးကြသည်လား...
“ငါတို့ ဒူးထောက် တောင်းပန်ပြီးပြီပဲ ဘာလို့ ဆက်ပြီး တင်းခံနေရတာလဲ (ခွင့်မလွှတ်နိုင်ရတာလဲ) ငါတို့ကို သေစေချင်နေကြတာလား ကောင်းပြီလေ ငါ သေသွားတာကို နင်တို့ကို ပြပေးမယ်”
ရုတ်တရက် အဖွားအို တစ်ယောက်သည် မတ်တပ်ရပ်လိုက်ကာ အဖိုးအိုဝမ်၏ အိမ်ပေါက်မှ ကျောက်တုံးကြီးဆီသို့ ပြေးဝင်သွားလိုက်သည်။ လူတိုင်း အာမေဋိတ်သံများ ထွက်ပေါ်လာခဲ့သည်။
“သူ့ကို တားကြစမ်း”
အဖွားအိုဝမ်သည် အနီးဆုံးတွင် ရပ်နေခဲ့ကာ ချက်ချင်း ထို အဖွားအိုအား တားဆီးချင်ခဲ့သည်။ သို့သော် သူမသည် အားယွီလေးကို ပွေ့ချီထားသည့်အတွက် လျှင်မြန်မှု မရှိတော့ပေ။
“ဆိတ်ပေါက်ကလေး ကူညီပါအုန်း”
အားယွီလေးသည် အလျှင်အမြန် အော်ဟစ်လိုက်သည်။ ဆိတ်ပေါက်ကလေးသည် အလွန်သေးငယ်သေးသည့်အတွက် လူမျးသည် ထိုကောင်လေးအား သတိမထားမိခဲ့ကြပေ။ သူ့ခန္ဓာကိုယ်သည် အခု ၁၀ ကတ်တီလောက်သာ ရှီနေသေးကာ သနားစရာကောင်းလောက်အောင် သေးငယ်ပေသည်။ အားယွီလေး၏ ခေါ်သံအား ကြားချိန်တွင် သူ၏ နားရွက်ကလေးများ လှုပ်သွားခဲ့သည်။ ထို့နေ က် ချက်ချင်းပင် အဖွားအို၏ ရှေ့သို့ ပြေးသွားကာ မြေပြင်ပေါ်သို့ ဝပ်ချလိုက်သည်။ သူ၏ခေါင်းသည် မြေပြင်နှင့် ကပ်ထားကာ တင်ပါးလေးကိုတော့ မြှောက်ထားခဲ့သည်။ နောက်ခြေများဖြင့် ကန်လိုက်သည့် အရှိန်ဖြင့် ဆိတ်ပေါက်ကလေးသည် အလျှင်အမြန် ပြေးထွက်သွားခဲ့သည်။
ဘန်း....
ဆိတ်ပေါက်ကလေး၏ ဦးခေါင်းသည် အဖွားအို၏ ဒူးသို့ ဝင်တိုက်မိသွားတော့သည်။ အဖွားအိုသည် သတိမမူမိလိုက်သည့် အတွက် ရွံအိုင်ထဲသို့ လဲကျသွားတော့သည်။
“အား....”
အခြားသူများသည် အလျှင်အမြန် ရှေ့သို့ တက်လာကြကာ အဖွားအိုအား တွဲလျှက် ထပ်၍ ထိခိုက်ဒဏ်ရာ မဖြစ်သွားစေရန် ကူညီလိုက်ကြသည်။ ဆိတ်ပေါက်ကလေးသည် အော်သံ နှစ်ချက်ပေးလိုက်ကာ ပြန်ပေးသွားလိုက်ကြသည်။ အားယွီလေးသည် အဖွားအိုဝမ်၏ ကိုယ်ပေါ်မှ နေ၍ လျှောဆင်လိုက်ကာ ဆိတ်ပေါက်လေးဆီသို့ လျှောက်သွားလိုက်သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ဆိတ်ကလေးအား ပွတ်သပ်ပေးလိုက်သည်။
“ဆိတ်ကလေး မနာဘူးနော် မနာဘူးနော်”
သူမသည် ဆိတ်ကလေး၏ ဦးခေါင်းလေးအား ပွတ်သပ်ပေးလိုက်ချိန်တွင် ဆိတ်ကလေးသည်လည်း သူမ၏ လက်ဖဝါးကလေးအား ပြန်လည် ပွတ်သပ် တိုးဝှေ့နေတော့သည်။
စိတ်ဝိဉာဉ်သစ်သီးများ စားပြီးနောက်တွင် ဆိတ်ကလေးသည် အရင်ကနှင့် မတူတော့ချေ။ လူတိုင်း အဖွားအိုအား စောင့်ကြည့်နေကြချိန်တွင် ဝမ်ဝူလန်သည် လျို့ဝှက်စွာ အားယွီလေးနားသို့ ကပ်ကာ တီးတိုးပြောလိုက်သည်။
“ညီမလေး အားယွီ မြွေတွေ လွှတ်ပေးလိုက်ပါ သူတို့က သနားစရာကောင်းတယ်”
မြွေများ ဤနေရာသို့ ရောက်ရှိလာခြင်းသည် သူ၏ ညီမလေးကြောင့် ဖြစ်ကြောင်း ဝမ်ဝူလန် သိပေသည်။ သို့သော် သူသည် သူ၏ ညီမလေးအား မကောင်းဆိုးရွား ဟု မထင်ပေ။ ထို့အစား သူ၏ ညီမလေးသည် အလွန် အစွမ်းထက်သည်ဟုသာ ခံစားမိခြင်း ဖြစ်သည်။ ထိုမြွေများသည် သူတို့အား ကူညီနေခြင်း ဖြစ်သည်။ မြွေများအား သူမကြောက်ပါချေ။ ထို့အစား သူ့၏ နှလုံးသားအတွင်းမှ နာကျင်ခံစားရသည်။ အကောင်းရေ အများကြီး သေဆုံးသွားကြရပြီ ဖြစ်သည်။
ဝမ်ဝူလန် ပြောဆိုသံအား အဖွားအိုဝမ် ကြားလိုက်ရချိန်တွင် သူမသည် သူ့အား သတိပေးသလို တစ်ချက်ကြည့်လိုက််ကာ အားယွီလေး သူမအား ကြည့်လာချိန်တွင် သူမသည် ခေါင်းတစ်ချက် ညိတ်ပြလိုက်တော့သည်။ အားယွီလေးသည် ဆိတ်ကလေးအား ပြောလိုက်သည်။
“ဆိတ်ကလေး သူတို့ကို အိမ်ပြန်ခိုင်းလိုက်တော့”
ဆိတ်ကလေးသည် အကြိမ် အနည်းငယ်ခန့် မျက်လုံးကစားလိုက်သည်။ ထို့နောက် မြေပြင်အား ခွာဖြင့် ယက်လိုက်က ာ ခေါင်းကို မော့လျှက် နှစ်ခါလောက် အော်မြည်လိုက်သည်။ ရူးသွပ်သွဦးသကဲ့သို့ ကိုက်ခဲနေသည့် မြွေများသည် ရပ်တန့်သွားခဲ့သည်။ ခဏတာအတွင်း ရွေ့လျားနိုင်သည့် မြွေများအားလုံးသည် ဘေးနားတွင် ရှိသည့် တောင်ကုန်းဆီသို့ ဖြေးညှင်းစွာ တွားသွားလျှက် ထွက်သွားကြကုန်တော့သည်။
မျက်စိ တစ်မှိတ်အတွင်းမှာပင် မလှုပ်ရှားနိုင်တော့သည့် မြွေများနှင့် ငိုယိုနေသည့် ရွာသားများသာ ကျန်ခဲ့တော့သည်။ လူတိုင်းသည် ထိုမြင်ကွင်းအား မြင်သော် အထူးသဖြင့် ရှန်ယန်းရွာမှ လူများ ဖြစ်သည်။ သူတို့သည် အစောပိုင်းက သံသယ ဝင်ခဲ့သော်လည်း ယခုမူ မြွေများ ပြန်ထွက်သွားသည်ကို မြင်သော် အကြီးအကျယ် တုန်လှုပ်သွားခဲ့သည်။ သူတို့သည် ထို ကလေးလေးမှ မြွေများအား ထိန်းချုပ်ကာ ခိုင်းစေလိုက်သည်ဟု မယုံကြည့်ခဲ့ကြပေ။ ထိုကလေးမလေးသည် သာမာန် မဟုတ်ပေ။ မြွေကိုက်ခံထားရသည့် ရွာသားများသည် အားယွီနှင့် ဆိတ်ကလေးရှိသည့် ဘက်သို့ ဒူးထောက်ချလိုက်ကာ ပြောဆိုလိုက်သည်။
“ကျွန်တော့ကို ကယ်ပေးပါ မသေချင်သေးဘူး”
“ကယ်ပါဦး အရင်က ကျွန်တော် ကလေးတွေကို တစ်ခါမှ မစားဖူးပါဘူး ကျွန်တော် မသေနိုင်ဘူး ကျွန်တော် မသေနိုင်.....”
သူတို့သည် အဆိပ်ကြောင့် တစ်ကိုယ်လုံး ထုံထိုင်းနေခဲ့ကာ မလှုပ်ရှားနိုင်ကြပေ။ သူတို့၏ မျက်ရည်များနှင့် နှပ်များ ထွက်လျှက် အားယွီအား ကြည့်လိုက်ကြသည်။ အားယွီလေးသ်ည အနည်းငယ် ကြောက်လန့်သွားကာ ဘေးတွင် ရှိနေသည့် လျိုရှီ၏ နောက်သို့ အလျှင်အမြန် ဝင်ရောက်ပုန်းကွယ်လိုက်သည်။ ဆိတ်ကလေးသည်လည်း အားယွီလေး လုပ်သည့်အတိုင်း လိုက်လုပ်ကာ အားယွီ၏ နောက်သို့ ဝင်ပုန်းလိုက်သည်။ ထို့နောက် သူ၏ အမွေးပွပွ ခေါင်းကလေးအား ထုတ်ကာ ရှေ့သို့ သတိထား ကြည့်နေလိုက်သည်။
ဟူမိသားစု ကျေးရွာမှ လူများသည်လည်း ထိတ်လန့် အံ့အားသင့်သွားကြသည်။ အားယွီအား သူတို့ ကြည့်လိုက်မိချိန်တွင် သူတို့၏ အတွေးများ ပြောင်းလဲသွားကြသည်။ မြွေများအား ထိန်းချုပ်ခိုင်းစေနိုင်သောကြောင့် သူမလေးသည် မယ်တော်နူဝါး၏ လက်အောက်တွင် ရှိသည့် နတ်ဘုရားမလေး ဖြစ်နေသည်လား.....
စပါးအုန်း မြွေကြီးကိုလည်း အားယွီ အမှန်တကယ် သတ်ခဲ့ခြင်း ဖြစ်သည်။ ထို စပါးအုံး မြွေကြီးသည် နတ်ဘုရားမလေး ရောက်နေသောကြောင့် ပြသာနာ ဖြစ်နေသည်ကိုလည်း သိသည့်အတွက် သူသည် အထူးတလည် လာရောက်ကူညီခြင်း ဖြစ်နေမည်လား...
ဟူမိသားစုကျေးရွာသည် ဝေးလံလှကာ ခေါင်သည့်နေရာ ဖြစ်နေခဲ့သည့်တိုင်အောင် ဒဏ္ဍာရီပုံပြင် တစ်ပုဒ် နှစ်ပုဒ်လောက်ကို ကြားဖူးကြသေးသည်။ အားယွီလေးအား မကောင်းဆိုးရွား တစ်ကောင် ဟူသည့် အတွေးမျိုး သူတို့တွင် မရှိကြပေ။
ဂးအတွင်း အားယွီနှင့် ဆက်ဆံဖူးသည့် သူများအားလုံး သူမအား ချစ်ခင်နှဏ်သက်ကြပေသည်။ ဤသို့ စကားနားထောင်ကာ ချစ်ရာကောင်းပြီး ကြင်နာတတ်သည့် အသိတရားရှီသည့် ကလေးတစ်ယောက်သည့် မည်သို့ မကောင်းဆိုးရွား တစ်ကောင် ဖြစ်နိုင်လိမ့်မည်နည်း။
“မင်း ဘာလုပ်တာလဲ ကလေးက ငယ်သေးတယ် သူရဲ့ အသက်ကို တိုအောင် လုပ်ချင်နေကြတာလား”
“မင်းတို့ လူတွေကို ပြန်ခေါ်သွားလိုက်ကြ”
ရွာသူကြီးဟူသည် ထိုသူများ၏ ရှေ့တွင် ရပ်လိုက်ကာ သူတို့၏ အမြင်အား ကာစီးလိုက်သည်။ ထို့နောက် လျစ်လျူရှုလျှက် ပြောလိုက်သည်။
“မင်းတို့ ပြသာနာကို မင်းတို့ ဖန်တီးယူကြတာပဲ အကျိုးဆက်တွေကိုလည်း မင်းတို့ ကိုယ်တိုင် လက်ခံရလိမ့်မယ် ဒီပြသာနာကို နောက်မှ ရှင်းမယ် ငါတို့မြေကို ညစ်ပတ်အောင် မလုပ်ကြနဲ့ “
“ငါတို့ ဒီအတိုင်း ထွက်မသွားနိုင်ဘူး သူတို့ မြွေကိုက်ခံရပြီး အဆိပ်သင့်နေတာ အကယ်လို့ သူတို့ကို ပြန်ခေါ်သွားရင်တောင် သေဖို့ စောင့်နေရမှာ”
မြွေများ ထွက်သွားချိန်တွင် ဒူးထောင်နေကြသည့် အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများသည် ဒူးထောက်နေရာမှ ထကာ ဒဏ်ရာရသူများထံသို့ ပြေးသွားလိုက်ကြသည်။ ရှန်ယန်းရွာမှ အမျိုးသား အများစုသည် အဆိပ်သင့်နေကြပြီ ဖြစ်သည်။
အဆိပ်မမိသော သူများသည်ပင် အဆိပ်မရှိသည့် မြွေများ၏ ကိုက်ခဲမှု အနှောင့်ယှက်ပေးမှုများအား ခံခဲ့ရသည်။ ရွာသူကြီးဟူမှ သူတို့အား မောင်းထုတ်လိုက်သည်ကို ကြားချိန်တွင် သူတို့၏ မိသားစုဝင်များသည် သည်းမခံနိုင်ကြတော့ပေ။
“မင်းတို့ ဟူမိသားစုကျေးရွာက လူတွေကို ကိုက်ဖို့ မြွေတွေ လွှတ်လိုက်တာပဲ ဒီကိစ္စကို ဘယ်လို ဖြေရှင်းပေးမှာလဲ လူ့အသက်တွေကို မင်းတို့က အန္တရာယ် ပြုနေကြတာ”
ရွာသူကြီး ဟူသည် ပြန်ပြောရန် ပြင်လိုက်ချိန်တွင် သူ၏ လက်ချောင်းများအား နွေးထွေးသည့် လက်ကလေးတစ်စုံမှ လာရောက် ကိုင်တွယ်လိုက်သည်။ ထိုသူမှား အားယွီပင် ဖြစ်သည်။ သူမသည် တစ်လုံးချင်း စကားပြောဆိုလိုက်သည်။
“ဖိုးဖိုး ရွာသူကြီး ဘာလို့ ဖိုးဖိုးက အရာရှိဖိုးဖိုးကို သွားမရှာတာလဲ”
အကယ်၍ သူမ ဒုက္ခရောက်လျှင် အရာရှိဖိုးဖိုးအား သွားရှာရမည် ဖြစ်သည်။ ထိုသည်မှာ လွန်ခဲ့သည့် ရက်အနည်းငယ်ခန့်က သူမ၏ ဒုတိယအစ်ကို ပြောပြသော ပုံပြင်ထဲတွင် ပါသည့် စကားဖြစ်သည်။ သူမ၏ စကားအဆုံးတွင် ရှန်ယန်းရွာမှ ရွာသားများ၏ အမူအရာများ ပြောင်းလဲသွားတော့သည်။