← Chapters

ကျေးဇူးတင်ရှိခြင်း

Vol. 2 Ch. 19

ကျေးဇူးတင်ရှိခြင်း

Vol. 2 Ch. 19

ဝမ်မိသားစုသည် လမ်းတောင် မလျှောက်နိုင် ကြတော့ပေ။ သူတို့သည် ပုံမှန်အတိုင်း ခြေထောက်နာရုံဟုသာ ထင်ခဲ့သော်လည်း သူတို့ လုပ်စရာများ ပြီးမြောက် ပြီးနောက်တွင် သူတို့၏ ခန္ဓာကိုယ်များသည် ယခင်ကထက် ပိုမို၍ ပေါ့ပါးနေသည်ကို သတိထားမိသွားကြသည်။ အားယွီလေးသည် နေမကောင်း ဖြစ်မည်ကို အမှန်တကယ် စိုးရိမ်နေသောကြောင့် အသားလုံးလေးအား တစ်စုံတစ်ခု မှားယွင်းနေသည်လားဟု ဆိုကာ မေးမြန်းနေခဲ့သည်။

“နတ်သူငယ်လေး နတ်သူငယ်လေး သမီး တစ်ခုခုမှား လုပ်မိသွားတာလား”

“နတ်သူငယ်လေး သူတို့ နေမကောင်း ဖြစ်သွားကြမှာလားဟင်”

အသားလုံးလေးသည် အကြိမ်ကြိမ် ပြန်ဖြေ ပေးခဲ့သည်။

(သူတို့ အဆင်ပြေပါတယ် သူတို့ ခန္ဓာကိုယ်ထဲမှာ မသန့်ရှင်းတာတွေ များနေတာကြောင့် ဖြစ်နေတာပါ အာဟာရဓာတ် စုပ်ယူဖို့ အားနည်းလွန်းတယ် သူတိူ့ ခန္ဓာကိုယ်ထဲက မသန့်တာတွေ ဖယ်ထုတ် ပြီးသွား ရင် သူတို့ အဆင်ပြေသွားလိမ့်မယ်)

ပထမဆုံး အကြိမ် ကလေးမလေးသည် စိတ်ဝိဉာဉ်ရေ သောက်သုံးသော အချိန်တွင် သူမသည်လည်း ဝမ်းလျောခဲ့သည်။ သို့သော် သူမသည် ငယ်ရွယ်သေးသည့်အပြင် ခန္ဓာကိုယ် မသန့်ရှင်းတာများသည် အနည်းအကျဉ်းသာ ရှိသောကြောင့် သူမ၏ ဝမ်းလျှောမှုသည် အလွန်အကြူး ပြင်းထန်မသွားခြင်းသာ ဖြစ်သည်။ သူမ ကိုယ်တိုင်လည်း ဝမ်းလျှောခဲ့ဖူးသည်ကို ထိုကောင်မလေး မေ့သွားခဲ့ပြီ ဖြစ်သည်။

ထို့အပြင် စိတ်ဝိဉာဉ် စမ်းရေသည် ဝမ်းနုတ်ဆေး မဟုတ်ပေ။ သူမ အိမ်သာသွားစဉ် ဝမ်းဗိုက် နာကျင်ခြင်း မရှိခဲ့ပေ။ ထို့အစား ထို ဖြစ်စဉ်သည် အတော်လေး ချောမွေ့ခဲ့ပေသည်။ ထိုအစား ဝမ်မိသားစုသည် အိမ်သာသို့ အကြိမ်ကြိမ် အခါခါ ပြေးလွှားနေခဲ့ရကာ သူတို့၏ ခြေထောက်များသည် ပျော့ခွေကာ ထုံထိုင်းနေခဲ့သည်။

အဖွားအို ဝမ်သည် အသက်ကြီးနေပြီ ဖြစ်သောကြောင့် ဝမ်းလျှောသည့်အတွက် အိမ်သာ နှစ်ခေါက်လောက် သွားပြီးချိန်တွင် သူမသည် ထပ်မံ၍ အပင်ပန်း မခံနိုင်တော့ပေ။ သူမသည် နံရံအား မှီကာ တီးတိုး ပြောဆိုနေခဲ့သည်။

“ကန်စွန်းဉတွေကို သေချာ ကျက်အောင် မလုပ်မိလို့များလား”

ထိုကဲ့သို့ ပြောနေခဲ့သော်လည်း သူမသည် ထိုသို့ မထင်ခဲ့ပေ။ ကန်စွန်းဉများအား မချက်ပဲ အစိမ်းလည်း စားလို့ရသောကြောင့်် ထိုအကြောင်းပြချက်ကြောင့် သူမ ဝမ်းလျှောစရာ အကြောင်း မရှိပေ။

အမျိုးသမီးများလည်း အနည်းငယ် ပင်ပန်းနေခဲ့ ကြသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့သည် ဝမ်းလျှောခြင်းကြောင့် ပင်ပန်းခြင်း မဟုတ်ဘဲ ဆောင့်ကြောင့် ထိုင်ရခြင်းကြောင့်သာ ဖြစ်ပေသည်။ အဖွားအိုဝမ် မတ်တပ်ရပ်လိုက်စဉ်တွင် သူမ၏ လက်အား ဆွဲကိုင်ခြင်း ခံလိုက်ရသည်။ အားယွီလေးသည် သူမ၏ ညာဘက်လက်အား ဖွင့်ပြလိုက်ချိန်တွင် လက်သည်းခွံ အရွယ် အနီရောင် အသီးလေး တစ်လုံး ရှိနေခဲ့သည်။

“ဖွားဖွား စားလိုက်”

အားယွီလေးသည် ဗိုက်အား ပုတ်ပြလိုက်ကာ ပြောလိုက်သည်။

“ဒါ စားလိုက်ရင် ဖွားဖွားဗိုက် နောက်ထပ် မနာတော့ဘူး”

သူမလေးသည် ထိုအသီးးလေးအား အသားလုံးလေး ထံမှ ရရှိခြင်း ဖြစ်သည်။ အသားလုံးလေးကပြောသည်မှာ ထိုအသီးအား စားပြီးနောက်တွင် ဝမ်းလျှောတာ ရပ်သွားမည်ဟု ပြောခဲ့သည်။

ဝမ်းလျှောသောအခါ ဆောင့်ကြောင့် ထိုင်ရတာ ကြာကာ ဗိုက်လည်း နာသည်ကို သူမသိပေသည်။ အဖွားအို ဝမ် မယူခဲ့ပေ။

“လိမ်မာလိုက်တဲ့ မြေးမလေး သမီးလေး အဲ့ဒါကို ဘယ်ကနေ ရလာတာလဲ သမီး အပြင်ဘက်ကနေ တွေ့တဲ့ အသီးတိုင်း စားလို့မရဘူးနော်”

“အဲ့ဒါ....အဲ့ဒါက နတ်သူငယ်လေး ဆီကနေရတာပါ”

အားယွီသည် ခေါင်းခါကာ ပြောလိုက်သည်။ ထိုအရာသည် အပြင်မှ ရသော အသီး မဟုတ်ပေ။ နတ်သူငယ်လေးသည် ထို အသီးအား မပေးချင် ပေးချင်ဖြင့် ပေးထားခြင်း ဖြစ်ကာ အလွန် တန်ဖိုးကြီးကြောင်း ပြောဆိုခဲ့သေးသည်။

သို့သော် သူမ၏ အဖွား ဖြစ်သူ အိမ်သာသို့ အကြိမ်ကြိမ် သွားနေရခြင်းအား မကြည့်ရက်ပေ။ အိမ်သာသည် ဂူအပြင်တွင် ရှိနေခဲ့သည်။ သူမသည် အိမ်သာမှ ပြန်လာသည့် အချိန်တိုင်းတွင် အေးလွန်းသောကြောင့် နှုတ်ခမ်းများ ခရမ်းယောင်သန်းနေခဲ့ကာ ခန္ဓာကိုယ်သည်လည်း တုန်ရင်နေခဲ့သည်။

အဖွားက ဒီဒုက္ခကို မခံနိုင်လောက်ဘူး....

နောက်ဆုံးတွင် အဖွားအို ဝမ်သည် ထိုအသီးအား မစားခဲ့ပေ။ သူမသည် နတ်သူငယ်လေးဆိုတာ ဘာမှန်း မသိသော်ငြားလည်း ထိုအသီးအား ကလေးတစ်ယောက်ထံမှ ရသည်ဟုသာ သိထားလေသည်။ ဖြစ်နိုင်သည်မှာ ထိုအရာသည် အမှန်တကယ် ကောင်းမွန်နေခြင်း ဖြစ်နိုင်သည်။ သူမသည် အသက်ကြီးသော အဖွားအိုကြီး တစ်ဦးသာ ဖြစ်သောကြောင့် ကောင်းမွန်သော အရာများအား သူမအတွက် မဖြုန်းတီးသင့်ပေ။

“အဖွား မြေးလေးအတွက် သိမ်းထားပေးမယ်နော်”

အားယွီသည် သူမအား အလေးအနက် ယူရန်ပြောနေသောကြောင့် အဖွားအိူဝမ်သည် မသက်သာတော့ပဲ ယူထားရန် လက်ခံလိုက်ရတော့သည်။ သူမသည် သမားတော်ဟူ ပြန်ရောက်လာလျှင် သမားတော်အား ပြချင်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာသည်သာ အမှန်တကယ် ကောင်းမွန်ပါက သူမသည် ကလေးမလေးအား ကူညီကာ သူမလေးအတွက် သိမ်းထားပေးမည် ဖြစ်သည်။ အားယွီလေးသည် သူမမှ လက်ခံထားလိုက်သောကြောင့် ပျော်ရွှင်စွာ ခုန်ပေါက်သွားတော့သည်။

သူမသည် မိသားစုအား သေချာစွာ တိုးတိုးတိတ်တိတ် လေ့လာပြီးနောက်တွင် အားလုံးသည် အိမ်သာသို့ ပြေးသွားရုံသာ ရှိသည်။ သို့သော် သူတို့သည် ကျန်းမာလျှက်ရှိကြကာ တခြားသော ပြသာနာများ မရှိသည်အား မြင်ပါမှ သူမ၏ ရင်ဘတ်အား ပုတ်ကာ စိတ်သက်သာရာ ရသွားတော့သည်။

‘ကောင်းပြီ ခုမှပဲ စိတ်အေးလက်အေး နေနိုင်တော့တယ် နောက်တစ်ယောက်ကို သွားကြည့်လိုက်အုန်းမယ်’

ထိုလူသည် သူမ နှင်းထဲမှ ကယ်တင်ထားသော သူ ဖြစ်သည်။

ဟူရှောင်တုံးသည် မည်သည့်အခါမှ သတိမေ့နေသော လူနာအား ဂရုမစိုက်ခဲ့ဖူးပေ။ ထို့အတူ နိုးလာချိန်တွင်လည်း ဆီဂဝမ်း မထိန်းနိုင်သောသူအားလည်း မပြုစုဖူးခဲ့ပေ။ ထို့ကြောင့် သူသည် တခြားသူများအား အကူညီတောင်းရုံသာ တတ်နိုင်ပေသည်။

ထိုလူ နိုးလာသောအခါတွင်လည်း မည်သည့် စကားမှ မပြောခဲ့ပေ။ လူတိုင်းသည် ထိုသူ သတိပြန်ရလာသည်ကို တွေ့သောအခါတွင် ထိုသူသည် ကြုံတွေ့ခဲ့ရသော မတော်တဆမှုကြောင့် ကိုယ်တစ်ခြမ်း သေသွားခဲ့ခြင်း ဖြစ်မည်ဟု ထင်ကြလေသည်။ သူတို့သည် ထိုသူအတွက် ဘောင်းဘီ အသစ်အား လဲလှယ်ပေးရန် ရှာဖွေကြရတော့သည်။ ယောကျ်ားများအတွက် ထိုကဲ့သို့ အလုပ်များ မလုပ်ဖူးကြသောကြောင့် အလုပ်မတွင်ပဲ မသေမသပ် ဖြစ်ကုန်ကြ၏။

မုဆိုးမကျိုးသည် ထိုနေရာမှ ဖြတ်သွားရင်း မည်သို့ မှ ရပ်ကြည့်မနေနိုင်တော့ပေ။ သူမသည် အကျီလက်များအား ခေါက်တင်လိုက်ကာ ကျယ်လောင်စွာ အော်ပြောလိုက်တော့သည်။

“လူကြမ်းကြီးတွေရေ ဖယ်လိုက် ငါပဲ လုပ်လိုက်တော့မယ်”

သူမသည် မုဆိုးမ တစ်ဦး ဖြစ်ကာ ရဲစွမ်း သတ္တိရှိလေသည်။ သူမသည် ယောကျ်ားနှင့် မိန်းမ ကွာခြားပုံအား မည်သောအခါမှ ဂရုမစိုက်ခဲ့သောကြောင့် ယခုအချိန်တွင်လည်း ချက်ချင်း လုပ်ဆောင်လိုက်တော့သည်။

မူလက တွေဝေနေသော ထို အမျိုးးသားသည် ရုတ်တရက် မျက်လုံး ပြူးသွားခဲ့ကာ သူ၏ ဘောင်းဘီအား အတင်းဆွဲလိုက်ကာ သုံးပေအမြင့်သို့ ခုန်လိုက်လေသည်။ သူ၏ မျက်နှာသည် လုံးဝ နီရဲနေခဲ့ကာ သူ၏ အသံသည်လည်း အံကြိတ်ထားသကဲ့သို့ ထွက်ပေါ်လာခဲ့သည်။

“ခဏလေး.... ကျွန်တော်... ကို့ဘာသာကို လဲမယ်”

မုဆိုးမကျိုးသည် လှောင်ပြောင်သရော်ရင်း လှည့်ထွက်သွားလိုက်သည်။

“အကယ်၍ မင်းသာ မသန်မစွမ်း မဟုတ်ရင် အစောကြီးထဲက ပြောသင့်တာပေါ့ ခုတော့ ငါ့ အားထုတ်မှုက အလကား ဖြစ်ကုန်ပြီ”

အမျိုးသား အုပ်စုသည်လည်း ထိုသူအား မကျေမနပ် ကြည့်လိုက်ကြသည်။ ကျောင်းကျန်းသည် နှင်းပြိုကျချိန်ကတည်းက သေသွားရမည်ဟု ဆုတောင်းလိုက်တော့သည်။ သူ၏ ဘဝတွင် ယခုကဲ့သို့ အရှက်ကွဲရသော အခြေအနေ တစ်ကြိမ် တစ်ခါမှ မကြုံခဲ့ရဖူးပေ။

သူသည် စဉ်းစားလေ ဒေါသထွက်လေ ဖြစ်နေချိန်တွင် ချစ်စရာကောင်းလွန်းသော ကလေးမလေး တစ်ယောက် သူ့အား ကြည့်နေသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ သူမသည် ပန်းချီထဲမှ နတ်သမီးလေး အလား ထင်မှတ်ရသည်။ ထိုကလေးမလေးသည် သူမ၏ ကြီးမား ဝိုင်းစက်သော မျက်လုံးလေးများဖြင့် ကြည့်ကာ လေးလေးနက်နက် ပြောလိုက်သည်။

“ဦးဦး ဦးဦးက ဘောင်းဘီထဲမှာ အီးအီး ပါချလိုက်တာလား ဦးဦးမှာ ဘောင်းဘီလဲဖို့ မရှိတော့ဘူးလား”

အားယွီလေး ထိုသို့ ပြောလိုက်ပြီးနောက် ထိုဦးဦးသည် သူမအား ပြန်လည် ဖြေဆိုခြင်း မရှိပဲ ထွက်ပြေး သွားခဲ့သည်။ ထွက်ပြေးသွားချိန်တွင်ပင် သူသည် ထိုကလေးမလေး၏ ကလေးဆန်သော အသံလေးအား ကြားလိုက်ရသေးသည်။

“ဦးဦး မစိုးရိမ်ပါနဲ့ သမီး ဖွားဖွားစီမှာ ဘောင်းဘီ အပို ရှိလားဆိုတာ သွားမေးပေးမယ်”

ကျောင်းကျန်း "........."

အိုး..... မိုးကြိုးရေ .., မြန်မြန်သာ ကျွန်တော့်ကို သေအောင် ပစ်ချလိုက်ပါတော့....

ဝမ်မိသားစု၏ အိမ်သည် အခြားသူများထက်စာလျှင် ဂူနှင့် နီးကပ်နေခဲ့သော်လည်း သူတို့သည် ပစ္စည်းအများစုအား ပြောင်းရွေ့နိုင်ခဲ့သော်လည်း သူတို့တွင် ဝတ်ဆင်နိုင်သော အဝတ်အစား အများအပြားတော့ မရှိခဲ့ပေ။

သူတို့၏ ဆောင်းတွင်းဝတ် ဘောင်းဘီများအား နွေရာသီဝတ် ဘောင်းဘီများနှင့် အတွင်းထဲတွင် ပိတ်စများအား ထည့်ကာ ဖာထေးချုပ်ထားခြင်း ဖြစ်သည်။ ထိုအဝတ်အစားများသည် နွေးထွေးမှု မရှိပေ။

သူတို့ ကယ်တင်ခဲ့သော လူစိမ်းသည် သူ့ဘောင်းဘီအား ညစ်ပတ်အောင် လုပ်မိသည်ဟု ကြားသောအခါ ထို သူစိမ်းအား မည်သူမှကမှ မရီမော မလှောင်ပြောင်ခဲ့ပေ။ အဖွားအိုဝမ်သည် အဖိုးအိုဝမ်၏ ဘောင်းဘီဟောင်း တစ်ထည်နှင့် ဝမ်ချွမ်းကွေ့၏ ဘောင်းဘီ တစ်ထည်အား ဆွဲထုတ်လိုက်သည်။ အဖွားအိုဝမ် ပြောလိုက်သည်မှာ

“မင်းက တစ်နေကုန် လှဲနေရတာပဲလေ အဲ့တော့ ဘောင်းဘီ တစ်ထည်ပဲ ဝတ်ဝတ် နှစ်ထည်ပဲ ဝတ်ဝတ် လာမှ မထူးသွားဖူး အဲ့ဒါက မင်းကို ထိခိုက်စေမှာမှ မဟုတ်ပဲ”

ဝမ်ချွမ်းကွေ့ “...........” ‘ အိုး ကျွန်တော့်ရဲ့ ချစ်လှစွာသော မွေးသမိခင် ကျေးဇူးရှင်ရေ........’

အဖွားအိုဝမ်သည် ဘောင်းဘီများ ပို့ဆောင်ပေးရန် သွားသောအခါ အားယွီအား အထူးတစ်လည် ဆွဲခေါ်သွားခဲ့သည်။ ကျောင်းကျန်းသည် သူ၏ ဘောင်းဘီအား လဲလှယ်လိုက်ချိန်တွင် မုဆိုးမကျန်းသည် ရေနွေးဇလုံ တစ်ခု ယူလာခဲ့ကာ ဆေးကြောရန် ပြောလိုက်သည်။ သူသည် ရေနွေးဇလုံအား ဆွဲယူလိုက်သည်ကို မြင်သော် မုဆိုးမကျန်းသည် အထင်အမြင်သေးဟန်ဖြင့် ပြောဆိုလိုက်သည်။

“ငါက နင့်အတွက် သုတ်ပေးမယ် ထင်နေတာလား ဟန့် အိမ်မက်မက်နေလိုက် “

ပထမအကြိမ်မှာ တစိမ်း ဒုတိယအကြိမ်မှာ သူငယ်ချင်း ကျောင်းကျန်းသည် အမှန်တကယ် အခုချိန်တွင် အမူအရာမဲ့နေခဲ့သည်။ သူရှက်နေသည်လား ဆိုသည်မှာ မည်သူမှ မသိနိုင်ခဲ့ပေ။ သူသည် ဘောင်းဘီအား လဲလှယ် ဝတ်ဆင်ပြီးနောက်တွင် အဖွားအိုဝမ်သည် ထိုနေရာမှ လုံးဝမခွာပဲ ရပ်နေခဲ့သည်ကို မြင်လိုက်သောကြောင့် ကျောင်းကျန်း မေးလိုက်သည်။

“အဖွား တစ်ခြား ဘာပြောစရာများ ရှိသေးလို့လဲ”

အဖွားအို ဝမ် ပြောလိုက်သည်။

“မင်း တောင်ပေါ်က ပြုတ်ကျလာတာ ဟုတ်တယ်မလား မင်း ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတာ ရှိမယ်လို့တော့ ငါ မထင်ဖူး မင်း ကံကောင်းတာပဲ ဖြစ်ရမယ် လူ တစ်ယောက်က ဒီလောက်အမြင့်က ပြုတ်ကျပြီး ကောင်းကောင်း မွန်မွန်ရှိနေတာကို ငါ တစ်ခါမှ မမြင်ခဲ့ဖူးဘူး”

ကျောင်းကျန်းသည် အဖွားအို ပြောချင်သော အဓိပ္ပာယ်အား မည်သို့ ဆိုလိုချင်မှန်း မသိခဲ့သော်လည်း သူ ပြန်ဖြေလိုက်ဆဲ ဖြစ်သည်.

“ကျွန်တော် တော်တော် ကံကောင်းတာပဲ ဖြစ်ရမယ် အားလုံးကို ကျေးဇူးတင်ပါတယ်"

သူသည် အသက်ရှင်ရန် မမျှော်လင်ခဲ့ပဲ သေမည်ဟု သေချာ တွေးထင်ခဲ့သည်။ထိုအစား သူသည် ရှင်းပြရခက်စွာ ဘောင်းဘီထဲ မစင်စွန့်မိခဲ့သည်မှ လွဲလျှင် မည်သည့် ဒဏ်ရာမှ မရခဲ့ပေ။

မဟုတ်ပေ။ သူ၏ ခန္ဓာကိုယ် အခြေအနေသည် ပို၍ ကောင်းမွန်လာခဲ့သည်ဟု ခံစားလိုက်ရသေးသည်။ တောင်အမြင့်မှ ပြုတ်ကြ၍ ထိခိုက်ဒဏ်ရာ သို့မဟုတ် နှင်းကိုက်ရာ ထိုကဲ့သို့ တစ်ခုမှ မရှိခဲ့ပေ။ အစောပိုင်းကာလများတွင် သူအသုံးမပြုနိုင်ခဲ့သော ချီစွမ်းအင်သည်ပင် ယခုအချိန်တွင် ချောမွေ့စွာ စီးဆင်းနေခဲ့သည်။

“မင်း ငါ့မြေးမလေးကို ကျေးဇူးတင်ရမှာ”

သူမ၏ ကြင်နာမှုကို ထိုသူမှ သိသာစွာ ကျေးဇူးတင်နေသော အမူအရာအား တွေ့သောအခါ အဖွားအိုဝမ်သည် အားယွီအား သူမ၏ အရှေ့သို့ ချက်ချင်း တွန်းထုတ်လိုက်ကာ ကြင်နာစွာ ပြောဆိုလိုက်သည်။

“ငါတို့ရဲ့ အားယွီလေးက ငယ်ငယ်ထဲက ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ အရင်က ငါတို့ရွာမှာ အစားအစာ မလုံလောက်ခဲ့ဘူး သူက မြွေဟောက်ကြီး တစ်ကောင်ကို သတ်ဖို့ ကူညီခဲ့ပြီးတဲ့နောက်မှာ လူတိုင်း အတွက် အစားအစာလုံလောက်သွားခဲ့တယ်လေ အခုလဲ နှင်းပြိုကျတဲ့အချိန်မှာလည်း လူတိုင်းကို ဦးဆောင်ပြီး ရှောင်တိမ်းစေခဲ့တာလဲ သူပဲ သူက မင်းကိုလည်း ကယ်ခဲ့သေးတယ် အဲ့လိုသာမဟုတ်ခဲ့ရင် မင်းအေးခဲပြီး သေဆုံးသွားမယ် ဆိုရင်တောင်မှ ဘယ်သူမှ သိမှာ မဟုတ်ဘူး”

အစကနဦးတွင် အဖွားအိုဝမ်သည် အားယွီလေး၏ ကံကောင်းစေတယ်ဆိုသော အချက်အား ဖုံးကွယ်ထားရန် တွေးခဲ့သေးသည်။ လူသိနည်းလေ ကောင်းလေဖြစ်သည်။ သို့သော် ယခုအချိန်တွင် သူမသည် ထိုကဲ့သို့ မတွေးတော့ပေ။ အပြင်မှ လူများသည် ကလေးများအား စတင်၍ စားသောက်နေကြပြီ ဖြစ်သည်။ သူတို့၏ အားယွီလေးသည် ငယ်ရွယ်သေးကာ သူမလေးသည် ရွာတွင် မွေးဖွားကြီးပြင်းလာခြင်းလည်း မဟုတ်ခဲ့ပေ။အကယ်၍ ရှန်ယန်းရွာမှ လူများသည် အတင်းအကျပ် ဖိအားပေးလာခဲ့လျှင် တစ်စုံတစ်ယောက်မှ သူမလေးအား ပစ်မှတ်ထားလာမည်ကို မည်သူမှ မသိနိုင်ပေ။

လူတစ်ယောက်၏ စိတ်နှလုံးသားသည် မည်သူမှ ခန့်မှန်းရန် မတတ်နိုင်စွမ်းပါပေ။

အဖွားအိုဝမ် ထိုသူစိမ်းသည် စကားပြော ကောင်းကြောင်း သတိပြုမိသည်။ သူ၏ ပုံစံသည် တောင့်တင်းကျစ်လစ်ကာ သူ၏ မျက်လုံးများသည်လည်း တောက်ပလျှက်ရှိနေသည်။ သူသည် ကိုယ်ခံပညာအချို့ကို သိရှိပေလိမ့်မည်။ အကယ်၍ ထိုသူတွင် အသိစိတ် တစ်စုံတစ်ရာ ရှိနေသေးလျှင် သူသည် အားယွီအား ကာကွယ်ပေးပေလိမ့်မည် ဖြစ်သည်။

ကျောင်းကျန်း ကြက်သေသေ သွားခဲ့သည်။

ခဏလေး စိတ်အေးအေး ထားပါရစေ သူရှေ့မှ ကောင်မလေးသည် သူ့အား ကယ်တင်ခဲ့သူ ဖြစ်သည်။ ထို့အပြင် ထိုကလေးမလေးသည် မြွေဟောက်အား သတ်ပစ်ခဲ့သေးသည်။ တစ်ရွာလုံး အစားအသောက် လုံလောက်ရန်အတွက် မြွေဟောက် တစ်ကောင်သည် မည်မျှ ကြီးမားနေရမည်နည်း။ ထိုအဖွားအိုသည် သူ့အား လိမ်လည် လှည့်ဖျားနေသည်များလား........

All Chapters