ထိပ်တိုက်တွေ့ဆုံခြင်း
Vol. 2 Ch. 20
ကျောင်းကျန်း မယုံကြည်သည်ကို တွေ့သောအခါ အဖွားအိုဝမ်သည် ဟူရှောင်တုံးအား ဆွဲခေါ်ကာ မေးလိုက်သည်။
“ရှောင်တုံး ငါ့ကိုပြောစမ်းပါ ငါပြောတာ မှန်လား”
ဟူရှောင်တုံးသည် အံ့အားသင့်စွာဖြင့် ခေါင်းငြိမ့်လိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်”
သူသည် အမှန်တကယ်တွင် မယုံကြည်ခဲ့သော်လည်း ထိုမြွေဟောက်၏ အလေးချိန်သည် ကတ်တီ ၃၀၀၀ ကျော် ရှိခဲ့သည်။ သို့ပေသိ သူသည် ကိန်းဂဏန်းတွက်နည်းအား အနည်းငယ် သိသော်လည်း မယုံနိုင် ဖြစ်နေသေးသည်။
မည်မျှ ကြီးသနည်း
သို့သော် လူတိုင်း ထိုကဲ့သို့သာ ပြောကြသည်....
လူများသည် ထို အကြောင်းအရာ ပြောဆိုနေသံအား ကြားသော အခါ စိတ်အား ထက်သန်စွာဖြင့် ဝင်ရောက် ပြောဆိုကြသည်။
“အဲ့ဒါက တကယ်ပဲ အဲ့ဒါကို ဝမ်မိသားစုက အားယွီလေး ရခဲ့တာ”
“ငါ့ယောကျ်ား ပြောတာက အဲ့မြွေဟောက်ကြီး ခေါင်းမှာ သွေးထွက်နေတုန်းတဲ့ အဲ့ဒါက အားယွီ ရိုက်သတ်လိုက်တာတဲ့ “
“ပြောရရင်တော့ မြွေဟောက်ကပဲ ကံမကောင်းတာလား ဒါမှမဟုတ် ဝမ်မိသားစုကပဲ ကံကောင်းလွန်းနေတာလား မသိပါဘူး ရုတ်တရက် လူတိုင်းမြွေဟောက်အသား နည်းနည်းစီ ရကြတယ်လေ အဲ့လိုသာ မဟုတ်ရင် ရွာသားတွေက ဆောင်းရာသီ ဖြတ်သန်းဖို့ အစားအစာ မလုံလောက်ဘူး”
“အကယ်လို့ ငါတို့သာ မြွေဟောက်သားကို မစားခဲ့ရရင် ငါတို့ ခန္ဓာကိုယ်က အအေးဓာတ်ကို ခုခံနိုင်မှာ မဟုတ်ဘဲ လူအများကြီး အအေးဒါဏ်ကြောင့် မရေတွက်နိုင်လောက်အောင် လူတွေ သေရအုန်းမယ်”
“လူငယ်လေး မြွေဟောက်အကြောင်း မပြောနဲ့အုန်း ဝမ်မိသားစုက ကလေးမလေးက မင်းကို ကယ်ခဲ့တာ နှင်းတွေ အရမ်းကျနေပြီးတော့ ကောင်းကင်က မဲမှောင်နေခဲ့တဲ့ အချိန်မှာ မင်း အက်ကြွကြောင်းထဲ ကျသွားတာ ဘယ်သူက သိမှာလဲ အကယ်၍ ကလေးမလေးသာ မင်းအနားမှာ မရှိပဲ မင်းကို သတိမထားမိခဲ့ရင် နောက်နှစ် နွေရာသီ ရောက်တဲ့ အချိန် မင်းရဲ့ အလောင်း အပုပ်နံ့ ထွက်လာခါမှ ရှာတွေ့မှာကို ငါကြောက်မိတယ်”
..............
အေးခဲသေဆုံးကာ ပုပ်ပွနေသော အသားပုံ ဖြစ်သွားမည့် အကြောင်းအား တွေးမိလိုက်ချိန်တွင် ကျောင်းကျန်းကဲ့သို့ သတ္တိရှိသော သူပင်လျှင် စိတ်ကူးကြည့်ရုံမျှဖြင့် ထိတ်လန့် သွားလေသည်။ သူသည် ကလေးမလေးအား ထပ်မံ၍ ကြည့်လိုက်ကာ သူ၏ မျက်လုံးများ အတွင်း၌ ကြင်နာနွေးထွေးမှုများ ပြည့်နှက်လာခဲ့သည်။
သူမ၏ အပြုအမူ ပုံစံအား ကြည့်ခြင်းဖြင့် သူမလေးသည် ကြင်နာနွေးထွေးသော နှလုံးသားရှိသည့် ကလေးမလေး ဖြစ်ပေသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူမသည် လေးနှစ် အရွယ် ရှိနေပြီ ဖြစ်သော်လည်း သူမ၏ ပုံစံသည် နှစ်နှစ် အရွယ် သာသာလောက်သာ ရှိနေသေး၏။ နောက်ဆုံးတွင် သူမလေးအား ကျန်းမာသော သူ တစ်ဦးဟု မယူဆနိုင်ပေ။ သူမ၏ မိသားစုမှ သူမအား ကောင်းကောင်း ပျိုးထောင်ပါ၏လော......
“ကျေးဇူးတင်ပါတယ်”
ကျောင်းကျန်းသညည် အားယွီလေးအား ပထဆုံး ဦးညွတ်လိုက် ကျေးဇူးတင်ကြောင်း ပြလိုက်ပြီးနောက် ရွာသားများထံသို့လည်း ထပ်မံ၍ ဦးညွတ်လိုက်သည်။
“ဒီနေ့ ကျွန်တော့အပေါ် ခင်ဗျားတဲ့ရဲ့ ကြင်နာမှုကို ဒီတသက် ကျွန်တော် မမေ့ပါဘူး”
အဖွားအိုဝမ်သည် အားယွီလေးအား ဆွဲကာ ပြောလိုက်သည်။
“ကောင်းပါပြီ မင်း သူ့ကို ကျေးဇူးတင်သင့်တယ်"
အားယွီ ပြုံးလိုက်သည်။ ကျောင်းကျန်း အဆင်ပြေကြောင်း သိသော အခါ လူတိုင်းသည် စိတ်သက်သာရာ ရသွားကြသည်။ သူတို့ ကိုယ့်အလုပ် တာဝန်များ ပြန်ညလ် လုပ်ဆောင်ရန် ထွက်သွားရန် ပြင်နေစဉ် အပြင်မှ ဆူညံသံများ ကြားလိုက်ရသည်။ ကျောင်းကျန်း မေးလိုက်သည်။
“အပြင်မှာ ဘာတွေ အငြင်းပွားနေကြတာလဲ”
တစ်စုံတစ်ယောက်သည် ဒေါသထွက်စွာဖြင့် ပြောလိုက်သည်။
“အဲ့ဒါ ရှန်ယန်းရွာကလူတွေပြ ဖြစ်မယ်”
ရွာသားများသည် ရိုးသားသောကြောင့် သူတို့တွေးနေသော မည်သည့်အရာများမဆို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သူတို့သည် သူအား သမားတော် အကြောင်းနှင့် ရှန်ယန်း ရွာ၏ ခြိမ်းခြောက်မှုများအကြောင်း ပြောပြလိုက်ကြသည်။ ကျောင်းကျန်းသည် ခဏတာမျှ တွေးတောလိုက်ပြီးနောက် မေးလိုက်သည်။
“အပြင်မှာ ဘေးဒုက္ခတွေ ဒီလောက်တောင် ဆိုးရွားနေတာလား”
“ဒါပေါ့ တစ်လကျော်လောက် နှင်းတွေ အရမ်းကျနေတော့ မိသားစုတိုင်းမှာ အစားအသောက် သိပ်မကျန်ကြတော့ဘူး တစ်ချို့ပြောတာကတော့ အနီးအနားရွာတွေမှာ လူတွေ အရမ်း ဆာလောင်လွန်းတာကြောင့် လူသားတောင် စားလာကြပြီ ပြောတယ် ဒါ့အပြင်လည်း ငါတို့ ရွာက ဆိုးရွားလွန်းတဲ့ နှင်းထု ပြိုကျတာ ဖြစ်ပြီဂ တစ်ရွာလုံး နှင်းအောက် မြှပ်ခံလိုက်ရတယ် တစ်ခြားရွာတွေလည်း အချိန်ကောင်း တစ်ချို့ ရှိနေလိမ့်မယ် မထင်ပါဘူး နှစ်ကူးကိုတောင် ကောင်းကောင်း မဖြတ်သန်းလိုက်ရပါဘူး “
ထိုသို့ ဆိုရင်း ရွာသားများသည် သက်ပြင်းချလိုက်ကြသည်။ ရှန်ယန်းရွာမှ ရွာသားများသည် အတင်းအကြပ် ဖိအားပေးနေကြသည်။
ဘယ်သူတွေကများ ဓားပြတွေ ကဲ့သို့ ရှင်သန် နေထိုင်ချင်မည်နည်း.......
သို့သော် ထို ဘေးဒုက္ခသည် သူတို့၏ တံခါးရှေ့သို့ လာကာ တံခါးခေါက် လာပြီ ဖြစ်သောကြောင့် သူတို့သည် သဘာဝ အတိုင်း သူတိူ့ ဆန္ဒရှိသလို ရာဇဝ်မှုများ ပြုလုပ်ခွင့် မပေးနိုင်ပေ။ ကျောင်းကျန်း ပြောလိုက်သည်။
“လူတိုင်း စိတ်အေးအေး ထားကြပါ ကျွန်တော် သွားကြည့်လိုက်မယ်”
“ဦးဦး”
ကျောင်းကျန်းသည် ရုတ်တရက် သူ၏ လက်မှ တစ်စုံတစ်ခုအား ခံစားလိုက်ရသည်။ အားယွီလေးသည် သူ၏ အိတ်ကပ်လေးထဲမှ ဆန်ညိုလုံးလေး တစ်ဝက်အား ထုတ်ယူလိုက်ကာ ကျောင်းကျန်း၏ လက်အတွင်းသို့ ထည့်ပေးလိုက်သည်။ သူမလေး တီးတိုး ပြောလိုက်သည်။
“ဦးဦး စားလိုက် ဦးဦး ဘာမှ မစားရသေးတာ အကြာကြီး ရှိနေပြီ”
အားယွီလေးသည် ကျောင်းကျန်း၏ ဘောင်းဘီအား ကြည့်လိုက်သည်။ ထိုဘောင်းဘီများသည် အဖာအထေးများဖြင့် နှစ်ထပ် ချုပ်ထားခြင်း ဖြစ်သည်။ ထို့အပြင် ပါးလွှာကာ ချုပ်ရိုးများသည် မသေသပ်သောကြောင့် ကျဲနေခဲ့ကာ လေဝင်နိုင်သည်။ တိုတိုနဲ့ လိုရင်းပြောရလျှင် လုံးဝ နွေးထွေးမှု မရှိပေ။
“အဆင်ပြေပါတယ် ဦးဦး ခဏနေ ပြန်လာခဲ့မယ်”
ကျောင်းကျန်းသည် ဒေါင်ကျကျ ပြားကျကျ နေတတ်နေပြီ ဖြစ်သည်။ သို့သော် ယခုလို သူအား ဂရုစိုက်မှု ခ့လိုက်ရသောအခါ သူ၏ နှလုံးသားသည် နွေးထွေးသွားခဲ့သည်။ သူသည် သူမလေး၏ ခေါင်းမှ အလုံးလေး နှစ်လုံးအား ထိကိုင်လိုက်ကာ နောက်လှည့်ကာ ထွက်သွားလိုက်သည်။ သူ၏ ဓားသည် ပျောက်ဆုံးသွားပြီ ဖြစ်သောကြောင့် သူသည် နီးစပ်ရာသို့ လှည့်ပတ် ကြည့်လိုက်ကာ သစ်ကိုင်းတစ်ခုအား တွေ့လိုက်ရသည်။ သူသည် ထို သစ်ကိုင်းအား ယူကာ အပြင်သို့ ထွက်သွားခဲ့သည်။
မုန့်များ ဝေပေးပြီးနောက် အားယွီလေးသည် ရွာသားများအား ကူညီပေးနေခဲ့သည်။ သူမသည် အလွန် သေးငယ်လှကာ ငါးကလေး တစ်ကောင်ကဲ့သို့ လူတိုင်း ၏ အနားမှ ဟိုသည် ပြေးလွှားလျှက် ရှိနေခဲ့သည်။ တစ်ခဏအတွင်း သူမလေးသည် အချို့သော အရာများအား သယ်ပေးရန် ကူညီနေ၏ နောက်ခဏတွင် အမှိုက်များ သိမ်းဆည်းရန် ကူညီနေပြန်သည်။ ရွာထဲမှ ပင်ပန်းနေသော သက်ကြီး ရွယ်အိုများအား တွေ့ချိန်တွင် သူမ၏ လက်သေးသေးလေးအား ဆန့်ထုတ်ကာ သူတို့၏ နောက်ကျောများအား နှိပ်နယ်ပေးနေခဲ့သေးသည်။ အကူညီရခဲ့သော သူများသည် သူတို့၏ အပြုံးများအား မရပ်တန့်နိုင်တော့ပဲ ပြောလိုက်ကြသည်။
“အားယွီလေးပဲ ကျေးဇူးတင်ပါတယ်နော်”
ထိုသို့ပြောသောအခါ အားယွီလေးသည် ရှက်သွားကာ သူမ၏ မျက်နှာသည် အနီရောင် သန်းသွားခဲ့ကာ အခြားသူများအား ဆက်လက် ကူညီပေးနေခဲ့သည်။ ထိုကလေးမလေးအား လူတိုင်း မြင်ချိန်တွင် သူတို့သည် သူတိူ့၏ ဘဝ နောက်ထပ် မကြမ်းတမ်း မခက်ခဲနိုင်တော့ပေ ဟု လူတိုင်း ခံစားလိုက်ရသည်။ သူတို့၏ ညီမလေး အလုပ်များနေသည်အား မြင်သော် ဝမ်မိသားစုမှ ညီအစ်ကိုများသည် သူမလေး နေရာမှာ အစားထိုး ဝင်ရောက် လုပ်ကိုင်ပေးချင်ကြသည်။ သိုသော် သူမလေး ပြောလိုက်သည်မှာ
“အကိုကြီးတို့ သမီး မပင်ပန်းပါဘူး”
သူမသည် စိတ်ဝိဉာဉ် စမ်းရေ အများကြီး သောက်ထားသောကြောင့် သူမ၏ ကျန်းမာရေးနှင့် စိတ်ဝိဉာဉ်သည် အလွန် ကောင်းမွန်နေခဲ့သည်။ ပုံမှန်ဆိုလျှင် ယခုလို အချိန်မျိုးတွင် သူမသည် သူမ အမေ၏ အဝတ်များအား လျှော်ဖွတ်ရသည်။ ထို့အပြင် အိမ်သာ ဆေးကြောရသည်။ ထို့နောက် ကြမ်းတိုက်ရသေးသည်။ အိုး ပြီးတော့ သူမ ခြံဝင်းထဲမှ ဟင်းသီးဟင်းရွက် စိုက်ပျိုးထား သည်များကိုလည်း ဂရုစိုက်ရသေး၏။
သူမလေးသည် ထိုအရာများအား ပြန်စဉ်းစားရင်း အနည်းငယ် စိတ်ရှုပ်ထွေးလျှက် ရှိနေသည်။။ အမေသည် နောက်ထပ် နေမကောင်း ဖြစ်တာကို မမြင်မိပေ။ ထို့အတူ ခြံဝင်းထဲတွင်လည်း မည်သည့် ဟင်းရွက်များ စိုက်ပျိုးထားသည်ကိုလည်း မတွေ့ရပေ။
(မင်း အမှတ်မှားတာ အဲ့ဒါက အိပ်မက်ထဲမှာပဲ)
ထိုကလေးမလေးသည် အတိတ်က အကြောင်းမရာများအား ပြန်လည် တွေးတောနေသည်ကို တွေ့လိုက်ရသောအခါ အသားလုံးလေးသည် လျှင်မြန်စွာ ဖြတ်၍ ပြောဆိုလိုက်သည်။ အားယွီလေးသည် နားလည်သွားဟန်ဖြင့်
“အိုး”
သူမသည် တစ်စုံတစ်ခုမှားနေသည်ဟု ခံစားလိုက်ရသည်မှာ မထူးဆန်တော့ပေ။ ထိုအရာသည် အိပ်မက် ဖြစ်နေသည်ကိုး.......
သူတိူ့၏ ညီမလေးသည် အနားယူရန် ဆန္ဒ မရှိသည်အား မြင်သော် သူတိူ့အား အဖွားဆူမည်ကို စိုးရိမ်သောကြောင့် ဝမ်မိသားစုမှ ကောင်လေးများသည် သူတိူ့၏ ညီမလေးအာ း ကူညီရန် နောက်မှ လိုက်နေခဲ့ကြသည်။ အခြားသော ကလေးများသည်လည်း ကစားနေစဉ် ထိုသို့ နောက်က လိုက်ကူနေသည်အား မြင်သော် သူတို့သည်လည်း နောက်ကလိုက်ကာ ရွာသားများအား ကူညီပေးလိုက်ကြသည်။ အဖိုးအိုဟူ နှင့် အခြားသော လူကြီးများ မြင်သော် သူတို့၏ မုတ်ဆိတ်မွှေးများအား ပွတ်သပ်လျှက် ပြုံးကာ ပြောလိုက်ကြသည်။
“ဝမ်မိသားစုက တကယ် ကောင်းမွန်တဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့တာပဲ “
“ကျွန်တော် ဒီကောင်လေးတွေ ဒီလို လုပ်နေတာ တစ်ခါမှ မမြင်ဖူးဘူး ဘာဖြစ်ဖြစ် ဒီလို ကူညီနေတာကို နောက်ဆုံးတော့ ဒီနေ့ မြင်ဖူးလိုက်ရပြီပဲ”
“ကလေးမလေးက လိမ်မာပါတယ် ဝမ်မိသားစုက သူ့ကို ကောင်းကောင်း ဂရုစိုက်ရမယ် ငါတို့ ရွာသားတွေကလည်း သူ့ကို ကူညီပြီး ဂရုစိုက်ပေးကြမှာပါ”
“ကလေးမလေးကို ကြည့်ရတာ ကံကောင်းတဲ့ ပုံရတယ် သူ့မှာ ကြင်နာတတ်တဲ့ အငွေ့အသက် ရှိတယ်”
“ဟုတ်တယ်မလား ငါတို့ရွာက အဲ့လို သနားကြင်နာတတ်တာကြောင့် ကယ်တင်ခံရနိုင်တယ်”
ဟု ပြောရင်း အဖိုးအို ဟူသည် သက်ပြင်းချလိုက်သည်။ ဟူမိသားစု ကျေးရွာ၏ တစ်ဝက်လောက်တွင် ရွံကန်ကြီး တစ်ကန် ရှိသည်။ ပုံမှန်အားဖြင့် ရွာသားများသည် ထိုကန်ကြီနားသို့ သွားကာ စားသောက်ရင်း စကားစုပြောကြရသည်ကို ကြိုက်နှစ်သက်ကြသည်။ နှင်းထု ပြိုကျချိန်တွင်လည်း ထိုအနီးအနားသည် သက်ရောက်မှု မရှိခဲ့ချေ။ ထို့နောက် ထိုနေရာမှ နှင်းများအား တူးဖော်လိုက် ပြီးနောက်တွင် ရှန်ယန်းရွာနှင့် ရင်ဆိုင်တွေ့ဆုံသော နေရာ ဖြစ်လာခဲ့သည်။
ရှန်ယန်းရွာသည် ဟူမိသားစု ကျေးရွာထက် ကြီးကာ လူဦးရေ တစ်ထောာင်ကျော် ရှိသည်။ ယခုအချိန်တွင် လူအများစု နှင်းများအောက် မြှပ်နှံခံလိုက်ရသည်။ ယခုအချိန်တွင် လူငယ် အလောက် ၇၀ ၈၀ခန့်သာ ရောက်လာကြသည်။
ရွာသူကြီးဟူသည် လူအယောက် ၁၀၀ ခန့် ခေါ်ဆောင်လာကာ သူတို့ နှင့် ဆန့်ကျင်ဘက်တွင် ရပ်တန့်လိုက်ကြသည်။ နှစ်ဖက်လုံးသည် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြင့် အချိန်အတော်ကြာကြာ ရှိနေခဲ့သည်။
ရှန်ယန်းရွာမှ လူများသည် အမှန်တကယ် စိတ်ရှည်မှု ကုန်ဆုံးသွားခဲ့သည်။ သူတိူ့ပြောလိုက်သည်မှာ ......
“ငါတို့ကို မင်းတို့ အစားအစာ ပေးမှာလား မပေးဘူးလား အကယ်၍ မင်းတို့ မပေးရင် ငါတို့ ကိုယ်တိုင်ယူမယ် သမားတော် ဟူကို ပြန်ရဖို့ စိတ်တောင် မကူးနဲ့”
ရွာသူကြီးဟူသည် အေးစက်စွာ ပြောလိုက်သည်။
“မင်းတို့ကို ၁၀၀ ကတ်တီ ပေးမယ်လို့ ပြောတာကို မင်းတို့က ငြင်းတယ် အခု မင်းတို့ လိုချင်ရင်တောင် ဘာတစ်ခုမှ မရစေရဘူး”
“၁၀၀ကတ်တီက ဘယ်လောက်ရမှာတဲ့လဲ တစ်ရက်တောင် မခံဘူး ငါတို့ရွာမှာ လူအများကြီးပဲ အားလုံး ဆာလောင်ပြီး သေသွားလိမ့်မယ်”
တစ်ဖက်ရွာမှ ရွာသားတစ်ဦးသည် ခက်ထန်စွာ ပြောဆိုလိုက်သည်။
“နေရာတိုင်းမှာ အစားအစာ မလုံလောက်ဘူး ခရိုင်ဝန် ကောင်တီ တရားသူကြီးတွေနဲ့ ပြည်နယ် တရားသူကြီးတွေ ရှိသေးတယ် ငါတို့ ရွာကို ဘာလို့ အစားအစာအတွက် လာပြောနေရတာလဲ ငါတို့ ရွာက ဘေးပတ်ပတ်လည် ရွာတွေနဲ့ ယှဉ်ရင် အဆင်းရဲဆုံး ရွာပဲ မင်းတို့.......”
စကားပြောလို့ မဆုံးခင်လေးမှာတင် တစ်ဖက်ရွာမှ ရွာသား တစ်ဦးသည် စိတ်မရှည် ဖြစ်လာခဲ့သည်။ ထို စိတ်တိုလွယ်သော သူသည် ကောက်ရိတ်ဓားအား လွှဲယမ်း ပစ်ထည့်လိုက်သည်။
“သေလိုက်ကြစမ်း မင်းတို့ ငါတို့ကို ဘာမှ မပေးတော့ဘူးပေါ့ အဲ့ဒါဆိုရင် ငါတို့ကို သေသွားအောင် ကြံသည်လိုက်တာနဲ့ တူတူပဲ အဲ့လိုဆိုမှတော့ လူတိုင်း အသက်ရှင်ဖို့ တွေးတောင် မတွေးနဲ့တော့”
ကောက်ရိတ်ဓားသည် လျှင်မြန်စွာ တိုးဝင်လာခဲ့သည်။ ထိုအရာအား မြင်သော် လူတိုင်း စိုးရိမ်ထိတ်လန့် သွားခဲ့သည်။ တစ်ဖြည်းဖြည်း နီးကပ်လာသော်အခါ လူတိုင်း နီးကပ်စွာ ရပ်နေခဲ့သောကြောင့် တစ်စုံတစ်ယောက် ထိခိုက်ဒဏ်ရာ ရသွားတော့မည် ဖြစ်သည်။
ထိုအချိန်တွင် တစ်ဖက်မှ တစ်စုံတစ်ခုသည် ရုတ်တရက် ပျံသန်းလာခဲ့သည်။ ကောက်ရိတ်ဓာားသည် တစ်ဖက်သို့ လှည့်သွားကာ နှင်းပုံထဲသို့ ရိုက်မိသွားခဲ့သည်။ အသံတစ်ခု ပေါ်ထွက်လာကာ နှင်းပုံထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားခဲ့သည်။
“မင်းတို့က ဓားပြတွေ ဖြစ်လာပြီး ဒီနေရာမှာပဲ လူသတ်ဖို့ ကြိုးစာားနေကြတာလား ချန်မင်းဆက်ရဲ့ ဉပဒေတွေကို မင်းတို့ ဘယ်လောက် ချိုးဖြတ်ပြီးပြီလဲဆိုတာ ရေတွက်ကြည့်လိုက်အုန်း “
ကျောင်းကျန်းသည် အားနည်းနေသော သက်လတ်ပိုင်း လူတစ်ဦးအား ကူညီ တွဲခေါ်လာကာ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။ သူ၏ ခံစားချက်မဲ့နေသော မျက်လုံးများသည် ရေခဲထက်ပင် အေးစက်နေသေး၏။
ဒီရွာသားတွေက အင်ပါယာရဲ့ အဝေးမှာ ရှိနေတာကြောင့် ဥပဒေတွေကို လေးစား လိုက်နာစရာ မလိုဘူးလို့ တွေးနေတာလား.........
ဟူမိသားစုကျေးရွာမှ လူများသည် သတ်လတ်ပိုင်းလူအား မြင်သော သူတို့သည် ချက်ချင်း အံ့အားသင့်သွားကြသည်။
“သမားတော်ဟူ”
လူတိုင်းသည် ရှေ့သို့ ပြေးလွှားလာကြကာ သမားတော်ဟူအား ကူညီတွဲခေါ်လိုက်ကြသည်။