အိပ်မက်မက်ခြင်း
Vol. 2 Ch. 21
ကျောင်းကျန်းသည် ပတ်ဝန်းကျင်မှ အခြေအနေများအား ထွက်ကြည့်ရန် ရည်ရွယ်ခဲ့သော်လည်း တစ်စုံတစ်ယောက်သည် အားနည်းစွာဖြင့် အသက်ရှုနေသည်အား တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ အစပိုင်းတွင် သူသည် တစ်စုံတစ်ယောက် နှင်းများအောင် မြုပ်နေသည်ဟုသာ တွေးထင်ခဲ့ခြင်း ဖြစ်သည်။ သူ အပြေးအလွှား သွားကြည့်လိုက်ချိန်တွင် ရွာသား အချို့က တစ်စုံတစ်ယောက်အား ဖမ်းစီးထားသည်ကို မြင်တွေ့လိုက်ရသည်။ ဟူမိသားစု ကျေးရွာအား ထိုသူကို သုံးကာ ခြိမ်းခြောက်မည်ဟု သူကြားလိုက်ရသော အချိန်တွင် သူသည် ထိုသူအား ကယ်တင်လာခဲ့သည်။
ရွာသူကြီးဟူသည် ကျောင်းကျန်းအား မြင်သော် ပထမဦးဆုံး ထိပ်လန့်သွားခဲ့ကာ ထိုသူသည် သူတို့အားလုံးအား ကယ်တင်ခဲ့သူ ဖြစ်သည်ဟု သဘောပေါက်သွားခဲ့သည်။ သူသည် ချက်ချင်း စိတ်သက်သာရာ ရသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယနေ့ ကိစ္စများ ဖြေရှင်းပြီးသွားပြီ ဟု တွေးလိုက်မိသည်။ တစ်ဖက်တွင်လည်း လူတိုင်းသည် သမားတော် ဟူ အား ဂူအတွင်းသို့ ဝင်ရောက်နိုင်ရန် ကူညီပေးခဲ့ကြသည်။
ဟူရှောင်တုံးသည် သူ၏ ဖခင်ဖြစ်သူ နုံးခွေနေသော ပုံစံအား မြင်သော် သူသည် အလျှင်အမြန် ဖခင်ဖြစ်သူအား ပြုစုရန် သွားခဲ့သည်။
အားယွီလေးသည် အဖွားအို တစ်ဦးအား ပဲစေ့များအား ထည့်ရန် ကူညီနေခဲ့သည်။ ထို အဖွားအိုသည် သူမ၏ အိပ်ကပ်ထဲမှ ပဲစေ့ တစ်ဆုပ်အား ဆွဲယူလိုက်ကာ ပြုံးလျှက် ပြောလိုက်သည်။
“အားယွီလေး ကျေးဇူးတင်တယ်နော် ဒါက သမီးလေး အတွက်ပဲ အရမ်း အရသာ ရှိတယ်”
သူမသည် ပဲစေ့ တစ်စေ့အား ယူငင်ကာာ ကိုက်ကြည့်လိုက်သည်။ သူမ၏ ပါးစပ်ကလေးသည် တွန့်ကနဲ ဖြစ်သွားခဲ့သည်။ အဖွားအိုမှ သူမအား ကြည့်နေသည်အား မြင်သော် သူမသည် ကြိုးစားကာ တံတွေး မြိုချခဲ့သည်။
အရသာလဲ မရှိဖူး ခါးလိုက်တာ........
အဖွားအိုသည် ကျယ်လောင်စွာ ရီမောလိုက်သည်။
“အဲ့ဒါတွေက ပဲအစိမ်းတွေလေ အမေ့စီ ပြန်ယူသွားပြီး သမီးအတွက် ချက်ခိုင်းလိုက်”
ချက်ပြီးမှသာ စားသောက်နိုင်ခြင်း ဖြစ်သည်။ အားယွီလေးသည် ခေါင်းငြိမ့်လိုက်ကာ မှတ်ထားလိုက်သည်။
သူမ၏ အိတ်ကလေးသည် အစကတည်းက သိပ် မကြီဂလှပေ။ လူတိုင်း ပေးထားသော ပစ္စည်းမျိုးစုံအား ထည့်ထားသောကြောင့် သူမ၏ အိတ်ကလေးသည် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ အားယွီလေးသည် ပစ္စည်းများအား ဟင်းလင်းပြင်ကမ္ဘာ အတွင်းသို့ ထည့်လိုက်သောအခါ အသားလုံးလေးသည် အော်ဟစ် ငိုယိုလိုက်တော့သည်။
(နောက်ပိုင်းတွေမှာ ဟင်းလင်းပြင်ကမ္ဘာကို နေရာလွတ်လို့ပဲ သုံးပါ့မယ်နော် စာရေးရတာလဲ ရှည်လို့ပါ)
(ဒီနေရာက မြင့်မြတ်တဲ့ စိတ်ဝိဉာဉ် နေရာလွတ်ဟ ကြုံသလို ပစ္စည်းတွေ ထည့်မနေစမ်းနဲ့ )
အားယွီလေး : “ကောင်းပါပြီ”
ထိုသို့ ပြောပြီးနောက် သူမသည် ပဲစေ့များအား ပစ်ထည့်လိုက်သည်။
( အားးးးး ပြန်ထုတ်ပေး....)
အားယွီလေး : “ကောင်းပါပြီ”
သူမလေးသည် ပဲစေ့များအား မြေပြင်ပေါ်မှ ယူလိုက်ကာ ရေကန်ငယ်လေး ဘေးတွင် စိုက်ပျိုးထားလိုက်သည်။ ပဲစေ့များသည် သက်စောင့်ဓာတ်များဖြင့် လျှင်မြန်စွာ ကြီးထွားလာသည်ကိုသာ အသားလုံးလေးသည် မကြည်မလင်ဖြင့် ကြည်နေခဲ့ရတော့သည်။
(........)
ထိုအချိန်တွင် လူတိုင်းသည် သမားတော်ဟူအား ဂူအတွင်းသို့ သယ်ဆောင်သွားကြကာ အခြေအနေများအာ သိလိုသောကြောင့် သူတို့၏ လည်ပင်းများအား ဆန့်တန်းကာ ကြည့်လိုက်ကြသည်။
ဟူရှောင်တုံးသည် သူ၏ ဖခင်ဖြစ်သူ၏ သနားစဖွယ် အခြေအနေအား မြင်သော် သူသည် မျက်ရည်များ မထိန်းနိုင်တော့ပေ။
“အဖေ”
သူသည် ရုတ်တရက် ရှေ့သို့ ခုန်အုပ်လိုက်သည်။
“အဆိုးအရွား ကောင်စုတ်ကလေး နင်က နင့်အဖေပေါ်ကနေ ဖိပြီး သေအောင် လုပ်မလို့လား ဘေးဖယ်စမ်း”
ဟူရှောင်တုံး၏ မိခင်ဖြစ်သူသည် သူအား ဘေးသို့ ဆွဲထုတ်လိုက်ကာ သမားတော်ဟူ၏ မျက်လုံးအား ဖွင့်၍ စစ်ဆေးလိုက်သည်။ ထို့နောက် သူမသည် သူ၏ ရင်ဘတ်နားသို့ ကပ်ကာ အသံအား နားထောင်လိုက်သည်။
ဟူရှောင်တုံး၏ မိခင်ဖြစ်သူသည် မည်သည့် ဆေးပညာမှ မတတ်မြောက်သော်ငြာလည်း သမားတော်ဟူ၏ အနားတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့သောကြောင့် သက်ရောက်မှု အချို့ ရှိခဲ့ကာ လူတစ်ယောက်၏ ပုံစံအား ကြည့်ကာ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
“ကောင်းပြီး သူက ဒီတိုင်း ဗိုက်ဆာနေတာပဲ မီးဖိုချောင်ထဲမှာ မြွေသား စွပ်ပြုတ် ရှိသေးတယ်မလာား တစ်ပန်းကန်သွားယူပြီး တိုက်လိုက်အုန်း”
လူတိုင်းသည် သမားတော်ဟူအား ဂရုစိုက်နေကြသည်။ အားယွီလေးသည် ကိုယ်ကို ညွတ်ကာ ကျောက်ကုတင်ပေါ်တွင် လှဲနေသော သမားတော် ဟူအား ကြည့်လိုက်သည်။ သူမလေးသည် အနည်းငယ် စိုးရိမ်လျှက် ရှိသည်။ သူမသည် ဘေးနားတွင် ရှိနေသော ဝမ်ဝူလန်အား မေးလိုက်သည်။
“ငါးယောက်မြောက် အစ်ကို အကယ်၍ သမီးတို့ နေမကောင်းရင် သမားတော်ကို ရှာလို့ရတယ် ဒါပေမဲ့ သမားတော် နေမကောင်းရင်ကော ဘယ်သူ့ကို ရှာမှာလဲ”
ဝမ်ဝူလန်သည် အကြံအိုက်သွားခဲ့သည်။
“အာ ငါတို့ သမားတော် မရှာတာပဲ ဖြစ်နိုင်တာပဲ”
ဝမ်ဝူလန်သည် သူ၏ ဦးခေါင်းအား ကုတ်လိုက်ကာ ပြောလိုက်သည်။
“ဉပမာ ကိုကို ဖျားတဲ့ အချိန်ဆိုရင် အဖွားက ပြောတယ် ‘ဘာ သမားတော်လဲ’ သူ့အမေကို ကြည့်ခိုင်းလိုက်ဆိုပြီး ပြောတယ် ဒါကြောင့် အကယ်၍ သမားတော် နေမကောင်းရင် သမားတော် အမေကိုပဲ ရှာရမှာပေါ့”
အားယွီလေး စဉ်းစားကြည့်လိုက်သည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူမ ဖျားနေချိန်တွင် သူမ၏ မိခင်ဖြစ်သူကသာ ဂရုစိုက်ခဲ့လေသည်။
အမေက သမားတော်ထက် ပိုပြီး စွမ်းအား ကြီးတာ သေချာသလောက်ရှိသည်။
လူတိုင်းသည် ဂူထဲတွင် အတူတူ စုပေါင်းနေထိုင်ကြခြင်းကြောင့် လျို့ဝှက်ချက်ဆိုသည်မှာ မရှိပေ။ ထို့ကြောင့် သမားတော်ဟူအား ကယ်ဆယ်လာသော သတင်းသည် အလျှင်အမြန်ပင် ရွာသားများထံသို့ ပြန့်နှံ့သွားခဲ့သည်။
နောက်ပိုင်းတွင် သူတို့သည် ရှန်ယန်းရွာသားများ ထွက်ခွာသွားသည် ဟုသာ ကြားသိရသည်။ ဟူမိသားစု ကျေးရွာသည် သူတို့အား ကြမ်းထော်နေသော အညံ့စား ကောက်ပဲသီးနှံ ၅၀ ကတ်တီအားသာ ချေးငှားခဲ့သည်။ ချေးငှားသည် ဟုသာ သတ်မှတ်ထားသော်လည်း ပြန်ရနိုင်ခြင်းတော့ မရှိနိုင်ပေ။
လူတိုင်းသည် ထိုအကြောင်းအရာအား ဂရုမစိုက်ကြတော့ပေ။ ရှန်ယန်းရွာမှ လူများအား အတင်းအကျပ် ချောင်ပိတ်သည်အထိ ဖိနှိပ်၍ မရပေ။ အဘယ်ကြောင့်ဆိုသော် ဟူမိသားစု ကျေးရွာမှ သမီးများသည် လက်ထပ်ကာ ရှန်ယန်းရွာတွင် နေထိုင်နေကြသေးသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် ရန်သူ ဖြစ်သည်အထိ ပြုလုပ်ခြင်းသည် လုံးဝ ကောင်းမွန်သော လုပ်ရပ် မဖြစ်နိုင်ပေ။
နှဏ်သစ်ကူးအကြိုနေ့မှ သုံးရက်မြောက်အထိ ပုံမှန်အားဖြင့် ပျော်ရွှင်စရာ အချိန်များဖြစ်သည်။ သို့သော် လူတိုင်းသည် ပျော်ပွဲရွှင်ပွဲလုပ်ရန် စိတ်မပါခဲ့ကြပေ။ ထို့ကြောင့် သူတို့သည် ရွာသီချင်းများကိုသာ အလုပ်လုပ်ရင်း အတူတူ စု စကားပြောရင်း သီဆိုခဲ့ကြသည်။
ကလေးများသည် စုပေါင်းကာ အတူတူ ပျော်ရွှင်နေခဲ့ကြသည်။ သူတို့သည် လူကြီးများ၏ မျက်ဝန်းများထဲ ဖုံးကွယ်ထားသော ဝမ်းနည်းမှုများအား နားမလည်ကြသေးပေ။
အားယွီ၏ မျက်လုံးများသည် တစ်ညလုံး ပြူးကျယ်နေခဲ့သည်။ အတိတ်တုန်းက နှစ်သစ်ကူး အချိန်ကာလတွင် ထိုကဲ့သို့ ပျော်ရွှင်ဖွယ်ရာ မရှိခဲ့ဖူးသည်အား သူမ ဝိုးတိုးဝါးတား မှတ်မိနေခဲ့သည်။
စားသောက်စရာ ဘာမှ သိပ်မရှိသကဲ့သို့ နွေးထွေးမှုလည်း သိပ်မရှိသော်လည်း လူတိုင်းသည် အလွန် ပျော်ရွှင်နေခဲ့ကြသည်။ သူတိူ့၏ အိမ်များနှင့် လယ်မြေများအာ စိုးရိမ်နေခဲ့သော်လည်း သူတို့သည် ပြုံးရွှင်နေကြဆဲ ဖြစ်သည်။
“နတ်သူငယ်လေး ငါ ဒီနေရာကို အရမ်းကြိုက်တယ် "
ဟူမိသားစု ကျေးရွာ၏ ထုံံးစံမှာ နှစ်သစ်ကူး အကြိုမှနေ စ၍ ဒုတိယနေ့အထိ သုံးရက်ဆက်တိုက် မအိပ်ပဲ နေရခြင်း ဖြစ်သည်။
နှစ်သစ်ကူး၏ ဒုတိယ ညတွင် လူတိုင်းသည် သန်းခေါင်ကျော်သည်နှင့် အိပ်စက်ရန် သွားကြသည်။ အားယွီလေးသည်လည်း လျိုရှီ၏ ဘေးနားတွင် ကွေးနေသော်လည်း သူမသည် မျက်လုံးများကို မပိတ်ချင်ခဲ့ပေ။
အသားလုံးလေးသည် အစပိုင်းတွင် ထိုနေရာအား စိတ်မကျေနပ်ခဲ့ပေ။ သို့သော် လွန်ခဲ့သော် ရက်အနည်းငယ်အတွင်း လူတိုင်းသည် အားယွီလေးအား စိုးရိမ်နေသည်အား မြင်သော် သူသည် တဖြေးဖြေး စိတ်အေးသွားခဲ့သည်။
(ဟုတ်ပြီ မင်း သေဘောကျရင် ပြီးတာပါပဲ)
အသားလုံးလေးသည် နေရာလွတ် အိတ်ကလေးမှ အစိမ်းရောင် ပဲစိမ်းပင်များအား ကြည့်ရန် အားယွီအား ဝင်ကြည့် စေချင်ခဲ့သည်။
ထိုပဲစေ့များသည် သူမ အစောပိုင်းတွင် နေရာလွတ်ထဲ ပစ်ထားလိုက်သည့် ပဲများ ဖြစ်သည်။ ထိုပဲစေ့များသည် အမြစ်များ တွယ်ကာ ပျော်ရွှင်စွာ ကြီးထွားလာခဲ့ခြင်း ဖြစ်သည်။ အသားလုံးလေးသည် အစပိုင်းတွင် ထို ပဲများအား အလွန် အထင်အမြင် သေးခဲ့သော်လည်း ယခုအချိန်တွင် အတော်လေး ချစ်စရာ ကောင်းနေခဲ့သည်။
သို့သော် အသားလုံးလေ မခေါ်ရသေးမှီ အားယွီလေးသည် အိပ်မောကျသွားခဲ့သည်။ သူမ၏ သေးငယ်သော ခေါင်းလေးသည် လျိုရှီ၏ လက်မောင်း အတွင်း စောင်းကျသွားခဲ့ပြီး သူမ၏ လက်ကလေး နှစ်ဖက်သည်လည်း သူမ၏ မေးစေ့အောက်တွင် ပူးကပ်နေခဲ့ကာ လျိုရှီ၏ ကော်လံအား ဆွဲဆုပ်ထားခဲ့သည်။
(ကောင်းကောင်း အိပ်လိုက် မနက်ဖြန် ပိုကောင်းတဲ့ နေ့ တစ်နေ့ ဖြစ်လာပါလိမ့်မယ်)
အားယွီလေးသည် နောက်ထပ် တစ်ကြိမ် အိပ်မက် မက်နေခဲ့သည်။ သူမ၏ အိပ်မက်များသည် ရှုပ်ထွေးနေခဲ့သည်။ လူအများကြီး ရှိနေသော နေရာသို့ ရောက်ရှိနေသည်ဟု ဝိုးတိုးဝါးတား ခံစားလိုက်ရသည်။ ကလေး တစ်စုသည် သူမထံသို့ လျှောက်လာခဲ့သည်။ သူမသည် ပျော်ရွှင်စွာ ကြိုဆိုလိုက်၏။
“အစ်မ အစ်ကို....”
ဘယ်ကမှန်းမသိသော ခြေထောက်တစ်ဖက်သည် သူမ၏ ဘေးဘက်မှ ရောက်လာကာ အရှိန်ပြင်းပြင်း ကန်ချလိုက်သောကြောင့် သူမ၏ လက်မောင်မှ သွေးများ ထွက်လာခဲ့သည်။
“မိမစစ် ဖမစစ် ထွက်သွားစမ်း”
“ကံဆိုးလိုက်တာ”
“အဖေ့ကို ပြောပြီး မောင်းထုတ်ခိုင်ရမယ်...”
သူတို့သည် သူမအား မနှစ်မြို့သော အကြည့်များဖြင့် ကြည့်ကာ တစ်စုံတစ်ရာ ပြောနေခဲ့သည်။ သူမသည် အရာအားလုံးအား နားမလည်ခဲ့ပေ။ သူတို့ ထွက်သွားပြီးနောက် သူမသည် ယိုင်တိယိုင်တိုင်ဖြင့် ထကာ သေးငယ်သော ခြံဝင်း အတွင်းသို့ ပြေးသွားလိုက်သည်။
ထိုသေးငယ်သော ခြံဝင်းလေးသည် အလွန် ပျက်စီး ယိုယွင်းနေခဲ့သည်။ သစ်သား တံခါးတွင် သစ်သားအပိုင်အစများ အက်ကွဲနေခဲ့သည်။ သူမသည် သေးငယ်သော အပေါက်လေးအား အားစိုက်ကာ တွန်းဖွင့်လိုက်သည်။
ထိုခြံဝင်းထဲတွင် ဟင်းသီးဟင်းရွက်များစွာ စိုက်ပျိုး ထားခဲ့သည်။ ထို အပင်များသည် စိမ်းလန်းနေခဲ့ကာ သပ်ရပ်မှု မရှိသော်လည်း အားလုံး ကောင်းမွန်စွာ ကြီးထွားနေကြဆဲ ဖြစ်သည်။
တစ်စုံ တစ်ယောက်သည် တံခါး အဝင် တွင် ထိုင်နေခဲ့ကာ သူမ၏ ပါးစပ် ပေါ်တွင် လက်ကိုင် ပုဝါအား ဖိထားရင်း ချောင်းဆိုးနေခဲ့သည်။
အားယွီလေးသည် ပြေးသွားကာ သူမ၏ မျက်နှာအား လက်ကလေးဖြင့် သုတ်ပေးလိုက်သည်။ သူမလေးသည် ပို၍ သန့်ရှင်းစေရုံသာ ဖြစ်သည်။ သူမသည် ပြုံးလျှက် ခေါ်လိုက်သည်။
“အမေ”
ထို အမျိုးသမီးသည် လက်ကိုင်ပုဝါ အသစ်အား တံခါးဘောင်မှ ယူငင်ကာ နူးညံ့ငြင်သာစွာဖြင့် ရွံများ ပေနေသော သူမ၏ မျက်နှာလေးအား သုတ်ပေးလိုက်သည်။ သူမသည် နူးညံ့သော အသံဖြင့် ပြောလိုက်သည်။
“အပြင် မထွက်နဲ့ သမီး ကောင်းကောင်း ကြီးပြင်းလာရမယ် .....သူတို့က သမဂှ အစ်မတွေနဲ့ အစ်ကိုတွေ မဟုတ်ဘူး.....”
သူမလေးသည် သေချာ နားမလည်သော်လည်း ထပ်၍ မေးလိုက်သည်။
“အမေ ဘာလို့ ငိုနေတာလဲ”
သူမ၏ မိခင်ဖြစ်သူသည် ပြန်လည် ဖြေကြားရှင်း မရှိပေ။ သူမသည် အမဲရောင် ရေများ ထည့်ထားသော ပန်းကန်လုံး တစ်လုံးအား အားယွီသောက်ရန် ယူလိုက်သည်။ အားယွီလေးသည် ထို အရာအား မသောက်ချင်သောကြောင့် မျက်မှောင် ကြုတ်လိုက်သည်။
“အဲ့ဒါက ခါးတယ်”
အမကြီးသည် သူမအား အမြဲလိုလို ထို ခါးသော အရည်များအား တိုက်ကာ ထိုအရာအား ဆေးရည်ဟု ပြောကာ သူမအား ဉာဏ်ကောင်းစေမည်ဟု ပြောဆိုခဲ့သည်။ အကယ်၍ သူမသည်သာ အမှန်တကယ် ဉာဏ်ကောင်းသူ ဖြစ်ခဲ့လျှင် သူမသည် စောစီးစွာ ကြီးပြင်းလာကာ သူအမေ အတွက် ငွေရှာနိုင်ပြီး သူမ အမေ၏ အဖျားရောဂါအား ကုသပေးနိုင်မည် ဖြစ်သည်။ သို့သော် သူမ ထို အရည်များအား သောက်ပြီးနောက်တွင် သူမသည် မကြီးလာခဲ့သလို ဉာဏ်လည်း ကောင်းမလာခဲ့ပေ။
“အမေက သမီးနဲ့ အတူတူ မလိုက်နိုင်လောက်တော့ဘူး “
သူမ၏ မိခင်သည် သူမအား ဖိအား ပေးခြင်း မရှိသော်လည်း သူမ၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်နေခဲ့သည်။ နောက်ဆုံးတွင် သူမလေးသည် မိခင်ဖြစ်သူမှ သွေးများ အန်လာသည်အား မြင်လိုက်ရသည်။ သူမသည် သူမ၏ ဖခင်ထံသို့ သွားကာ နှင်းများ ကြား ဒူးထောက်လျှက် တောင်းပန်နေခဲ့သည်။
သူမ၏ ဖခင်ဖြစ်သူသည် သူမအား မမြင်ချင်ခဲ့ပေ။ ပြီဂနောက် သူမ၏ အကို ဖြစ်သူသည်လည်း သူမထံသို့ လာကာ သူမအား ကန်လေသည်။ သူမ၏ အစ်မဖြစ်သူသည်လည်း သူမအား မြပြင်ပေါ်တွင် တွားသွားကာ ခွေး တစ်ကောင်ကဲ့သို့ ဟောင်ခိုင်းခဲ့လေသည်။ သူမ ထိုသို့ လုပ်ပြီးမှသာ သူတို့သည် သူမအမေ ဖြစ်သူအား ဆေးကုရန် အတွက် ပိုက်ဆံ ပေးလိမ့်မည် ဖြစ်သည်။
သူမ၏ မိခင်ဖြစ်သူသည် ကုသနိုင်ခဲ့သည်လား......
အားယွီလေးသည် သူမ၏ မိခင် ဖြစ်သူ၏ စကားများအား ကိုသာ ပြန်လည် မှတ်မိနေခဲ့သည်။
“အားယွီ သမီးက လိမ်မာတဲ့ ကလေးလေး ပါကွယ် မှတ်ထားပါ အမေ့ အတွက် လက်စား မချေပါနဲ့ ကောင်းကောင်းမွန်မွန် နေထိုင် သွားရမယ်နော်”
ထို အသံသည်တဖြေးဖြေး ဝေးကွာ သွားပြီးနောက် ပျောက်ကွယ် သွားတော့သည်။
“အမေ”
အလွန် ကြီးမားသော ဝမ်းနည်းမှု တစ်ခုသည် အားယွီလေးအား လွှမ်းခြုံသွားကာ သူမအား ငိုကြွေးရင်း နိုးထလာစေခဲ့သည်။
လျိုရှီသည် ထိတ်လန့်သွားခဲ့သည်။ သူမသည် ကလေမလေး၏ မျက်နှာအား ထိလိုက်ချိန်တွင် အားယွီလေး၏ မျက်နှာတွင် မျက်ရည်များဖြင့် ပြည့်နှက်နေသည်အား မြင်လိုက်ရသည်။ သူမသည် အလွန် စိတ်ပူပင်သောက ရောက်သွားခဲ့ကာ ပြောလိုက်သည်။
“အားယွီ အမေ ဒီမှာနော် အမေ ဒီမှာရှိတယ် ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ သမီးရယ်”
အားယွီသည် သူမ၏ ခေါင်းလေးအား မိခင်ဖြစ်သူ၏ လက်မောင်း အတွင်းသို့ အတင်းအကြပ် တိုးဝင်လိုက်သော်ငြားလည်း သူမသည် လုံလောက်သည်ဟု မခံစားရသေးပေ။
“အမေ ထွက်မသွားပါနဲ့.......”
အသားလုံးလေးသည် နေရာလွတ် အတွင်းမှ သက်ပြင်းချလိုက်သည်။
နောက်တစ်နေ့ နံနက်ခင်းတွင် အားယွီလေးသည် ညဘက်တွင် သူမ မက်ခဲ့သော အိပ်မက်အား မေ့သွားသည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သည်။ သူမသည် ကိုယ်တိုင် အိပ်ယာမှ ထကာ အကျီသေးသေးလေး ဘောင်းဘီကလေးနဲ့ ဖိနပ်လေးအား သူမကိုယ်တိုင် ဝတ်ဆင်ခဲ့သည်။ ထို့နောက် သူမသည် အိတ်ကလေးအား သယ်ကာ စောင်အား သေချာ သေသပ်စွာ ခေါက်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ ဒုတိယ ဦးလေး ကိုပင် စောင်ခြုံပေးလိုက်သေးသည်။
နောက်ဆုံးတွင် သူမ၏ ခေါင်းပေါ်မှ အထုံးလေး နှစ်ထုံးထံသို့ လှမ်းထိလိုက်သည်။
အာ .. ဒါကနည်းနည်း ရှုပ်ပွနေပြီ.....
သူမသည် မည်သို့ ခေါင်းဖီးရမည်ကို မသိသေးချေ။
(ကလေး အထဲလာပြီး ခဏ ကြည့်လိုက်)
သူမ၏ မိခင်ဖြစ်သူအား အနှေက်အယှက် မဖြစ်အောင် မည်သိူ့ လုပ်ရမလဲ နှင့် သူမ၏ သေးငယ်သော အိတ်ကလေးအား မည်သိူ့ သိမ်းဆည်းရမည် ဆိုသည်အား တွေဝေ တုံ့ဆိုင်း နေချိန်တွင် အသားလုံးလေးသည် သူမအား လှမ်းခေါ်လိုက်သည်။