← Chapters

ဝေစု

Vol. 2 Ch. 24

ဝေစု

Vol. 2 Ch. 24

ရွာသူကြီးဟူ ကြောက်လန့်နေသည်အား မြင်သော် အဖွားအိုဝမ်သည် သူ့အား နောက်ထပ် စိတ်ထင့်အောင် မလုပ်တော့ပေ။ ထိုအစား သူမပြောလိုက်သည်မှာ .....

“ရွာသူကြီး ဒီအကြောင်းကို နောက်ထပ် လူအများကြီး မသိတာ ပိုကောင်းလိမ့်မယ်လို့ ကျွန်မထင်တယ်”

ထိုနေရာတွင် ပဲများ ရှိနေခဲ့သည်။ ကြည့်လိုက်ရင် အများကြီး ထင်ရသော်လည်း အမှန်တကယ်တွင် ထင်သလောက်များပြားမှ မရှိပေ။ လူအများ ရှာတွေ့သွားခဲ့လျှင် ထိုသူများသည် အနည်းငယ် လာရောင်းတောင်းကြမည်မှာ ဧကန်မလွဲဖြစ်ပေမည်။

လွန်ခဲ့သော ရက်အနည်းငယ် အတွင်း ဂူထဲ လူတိုင်း စု၍ နေထိုင်ကြချိန်တွင် သူမတို့မိသားစု၏ စားစရာသိုလှောင်မှုများသည် အခြေခံအားဖြင့် အကုန်ကုန်သွားခဲ့ပြီ ဖြစ်သည်။ ထိုအရာသည် လူတိုင်းအား အသက်ကယ်တင်ရန် ဖြစ်သောကြောင့် သူတို့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ ထို့အတူ အားယွီလေးအား ရှာရန် ကူညီခဲ့သောကြောင့် ကျေးဇူးဆပ်သည်ဟု သတ်မှတ်၍ ရပေသည်။

သို့သော် ယခုအချိန်တွင် လူတိုင်း အိမ်ပြန်ကြပြီ ဖြစ်သောကြာင့် အကယ်၍ ဝမ်မိသားစုသည် ဗုဒ္ဓ ဘုရား ဝင်စားနေခဲ့လျှင်တောင်မှ ရွာသားများအား ဆက်လက်၍ မကူညီသင့်တော့ပေ။ ဤသို့မဟုတ်လျှင် သူတို့ ကိုယ်တိုင် အငတ်ဘေးနှင့် ကြုံတွေ့ရမည် ဖြစ်သည်။ ရွာသူကြီးဟူသည် ခဏမျှ ချင့်ချိန်တွေးတောလိုက်ပြီး နောက် ပြောလိုက်သည်။

“ဒါက သဘာဝကျပါတယ် ငါ သူတို့ကို မပြောပါဘူး လွန်ခဲ့တဲ့ ရက်အနည်းငယ်က ရွာသားတွေက ခက်ခဲတဲ့ အချိန်တွေကို ကြုံခဲ့ရတာ မှန်ပေမဲ့လည်း မင်းတို့လည်း သက်တောင့် သက်သာနဲ့ အချိန်ကောင်းမရခဲ့ဘူးဆိုတာကို သူတို့လည်း သိပါတယ် ဒါကြောင့် သူတို့ အဲ့လို လာတောင်းကြမှာ မဟုတ်ပါဘူး ကယ်၍ တစ်စုံတစ်ယောက်သာ အဲ့လို လာလုပ်ခဲ့ရင် ငါ သူတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

တစ်စုံတစ်ယောက်သည် ကြင်နာတတ်သောကြောင့် အရာရာအား အမြဲ တောင်းဆိုနေ၍ မရပေ။ အမြဲလိုလို ကြင်နာတတ်သော အကြီးအကဲဟူတောင်မှ အရာအားလုံးကို သဘောမတူနိုင်ပေ။ ‘အသည်းအသန် ဖြစ်နေသူအား ကူညီပါ ဆင်းရဲသူအား မကူညီပါနှင့်’ ဟူသော ဆိုရိုးစကားရှိသလိုပင်။

“ရွာသူကြီးဟူ ကျွန်မ အကြင်နာတရား ကင်းမဲ့တာ မဟုတ်ပါဘူး ကျွန်မတို့မှာ မိသားစုဝင် အများကြီး ရှိတယ် အကယ်၍ ကျွန်မတို့ ဒီပဲတွေကိုပဲ စားရင်တောင် ကျွန်မတို့မိသားစုအတွက် ရက်အနည်းငယ်စာပဲ ခံမှာ “

အဖွားအိုဝမ်သည် သက်ပြင်းချလျှက် ပြောလိုက်သည်။

“ဒါတွေက ကောင်းပေမဲ့ ကျွန်မတို့ ဒါကို တိုက်ရိုက်စားဖို့ ရည်ရွယ်ချက် မရှိဘူး နောက်နှစ်ရက်လောက် နေလို့ နှင်း အရည်ပျော်သွားရင် မြို့ကိုသွားမဲ့ လမ်းလည်း ရှင်းလောက်ပြီ အဲ့အချိန်ကျရင် ကျွန်မ ရွာသူကြီးစီက မြည်းလှည်းကို ငှားပြီး အိမ်က ကောင်လေးတွေကို ဒီပဲတွေကို ယူပြီး ဆန်ကြမ်း အချို့နဲ့ လဲခိုင်းလိုက်မယ် အကယ်၍ ကံကောင်းလို့ များများ ရခဲ့ရင်တော့ ရွာကိုလည်း နည်းနည်း ဝေပေးပါ့မယ်”

ရွာသူကြီးဟူသည် သူ၏ လက်အား ဝေ့ယမ်းလျှက် ပြောဆိုလိုက်သည်။

“မလိုဘူး မလိုဘူး အခု လမ်းပွင့်သွားပြီ ဆိုတော့ သူတို့လည်း အစားအစာနဲ့ လဲဖို့ သွားကြမှာပဲ ဒါပေမဲ့ ဘယ်လောက်လဲလို့ ရမယ်ဆိုတာတေ့ာ ငါလည်း မသိဘူး အခု ဆောင်းရာသီက ပြင်းထန်လွန်းတယ် မြို့မှာလည်း စားစရာ သိပ်မရှိလောက်ဘူး တစ်နေကုန် လူတွေကို ကူညီဖို့ပဲ တွေးမနေနဲ့ သူတို့က အသက်ကြီးပြီး နေမကောင်း ဖြစ်နေကြတာလည်း မဟုတ်ဘူး သူတို့ ဘယ်လိုလုပ် ငတ်ပြီး သေနိုင်မှာလ”

ရွာသူကြီးဟူသည် နောက်ဆုံးအနေဖြင့် ပဲပိစပ်များအား ကြည့်လိုက်သည်။ ၎င်းတို့သည် အလွန် လတ်ဆတ်ကာ နူးညံ့ကာ အလွန် ကြည့်ကောင်းလှသည်။ သူသည် အမှန်တကယ် တစ်ပင်လောက် တောင်းကာ အစားအစာနှင့် လဲလှယ်ချင်မိသည်။ သို့သော် သူသာ ၎င်းအပင်ား ယူဆောင်သွားပါက ဝမ်မိသားစု အခက်အခဲ ဖြစ်သွားမည်အား စိုးရီမ်သောကြောင့် သူ မတောင်းခဲ့ပေ။ သူမပြန်ခင်မှာပင် အားယွီလေးသည် သူ့အား လက်ဝှေ့ယမ်းပြကာ နှုတ်ဆက်လေသည်။

“ဖိုးဖိုး ရွာသူကြီး ဂရုစိုက်ပြန်ပါ”

ရွာသူကြီးဟူ လှည့်ကြည့်လိုက်ချိန်တွင် ကလေးမလေး၏ မျက်လုံးများသည် လခြမ်းသဏ္ဍာန် ကွေးလျှက် ပြုံးပြနေခဲ့သည်။ သူ၏ မျက်နှာတွင်လည်း အရေးအကြောင်းများဖြင့် ပြည့်နှက်နေခဲ့သည်။ ထို့အတူ သူက ပြန်လည် ပြောဆိုလိုက်သည်။

“အေးပါကွယ် ကောင်းပါပြီ”

ရွာသူကြီးဟူ ထွက်ခွာသွားချိန်တွင် အဖွားအိုဝမ်သည် အားယွီလေးအား အောက်သို့ ချပေးလိုက်ကာ သူမ၏ ဘေးတွင် ထိုင်ဆော့နေစေခဲ့သည်။ သူမသည် ရှေ့သို့ လျှောက်သွားကာ ဝမ်ချွမ်းမန်၏ ပုခုံးအား ပုတ်လိုက်သည်။

“မင်း ဘာကို စောင့်နေတာလဲ ပစ္စည်းတွေကို မြန်မြန်သယ်ပြီး ပြန်တော့လေ မင်းကလေ မင်းအဖေ သစ်သားတုံး အတိုင်းပဲ “

အဖိုးအိုဝမ် “........”

‘ငါနဲ့ ဘာဆိုင် သွားပြန်လို့ ငါ့အကြောင်း ပါလာရပြန်တာလဲ’

ပဲပိစပ်နွယ်ပင်များသည် စုစုပေါင်း အခု ၂၀ကျော် ရှိသည်။ အားယွီလေးသည် အပြန်ပြန် အလှန်လှန် သွားလာနေရသည်မှာ လေးနာရီနီးပါး ကြာမြင့်သွားခဲ့သည်။အဓိက အကြောင်းအရင်းမှာ နွယ်ပင်များသည် အလွန်ရှည်လျားသည့် အပြင် ပဲတောင့်များလည်း များစွဦ သီးနေသောကြောင့် ဖြစ်သည်။ သူမလေးသည် နေရာလွတ်ထဲသို့ ဝင်ကာ အပင်များအား ဆွဲနှုတ်ရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

အသားလုံးလေးသည် သူမအား သင်ကြားပေးချင်သောကြောင့် သူမလေးအား ကိုယ်တိုင် ဆွဲနှုတ်စရာ မလိုကြောင်း မပြောပြခဲ့ပေ။ အမှန်တကယ် ဆိုလျှင် သူမသည် အသားလုံးလေးအား ကူညီခိုင်းလိုက်ရုံဖြင့် ထိုအလုပ်သည် ချက်ချင်း ပြီးသွားလိမ့်မည် ဖြစ်သည်။ အားယွီလေးသည် ပဲပိစပ်နွယ်ပင်အား သူမ၏ လက်မောင်းသေးသေးလေးများဖြင့် အားကုန်သုံးကာ တစ်ပင်ကို ဆွဲနှုတ်လိုက်သည်။

ဤသို့ဖြင့် သူမလေးသည် အပင် ၂၀ အား နှုတ်၍ ပြီးဆုံးသွားခဲ့သည်။ အားယွီလေးသည် ငိုချင်လာခဲ့သည်။ အဘယ်ကြောင့် ဆိုသော် ထိုအပင်များသည် သူမ အမေဖြစ်သူနှင့် အခြားသူများအတွက် ဆိုသည်ကို သတိရသွားသောကြောင့် မငိုမိစေရန် အံတင်းတင်း ကြိတ်လျှက် သည်းခံနိုင်ရန် ကြိုးစားလိုက်သည်။

အမှန်တကယ်တွင် သူမလေး အလွန် မောပန်းလျှက် ရှိသည်။ သူမ ပြန်ရောက်လာချိန်တွင်ပင် မောပန်နေတုန်း ပင်ဖြစ်သည်။ သို့သော် ယခုတွင် အဖိုးနှင့် အဖွား မျက်နှာများ ပေါ်တွင် အပြုံးများ မြင်လိုက်ရသောကြောင့် သူမလေးသည် အလွန် ပျော်ရွှင်သွားလေသည်။ သူမသည် ရုတ်တရက် လုံးဝ အမောပြေသွားသကဲ့သို့ ခံစားလိုက်ရသည်။

လူကြီးသုံးဦးသည် နွယ်ပင်များအား ခြံဝင်း အတွင်းသို့ ပြန်လည် သယ်ဆောင်လာကြကာ ခြံဝင်း၏ စတုရန်းမီတာ ၂၀ နီးပါးအား ထိုနွယ်ပင်များမှ နေရာယူသွားတော့သည်။ အဒေါ်ဖန်သည် ခြံဝင်းအား သန့်ရှင်းရေးလုပ်နေရင်း သူတို့ သယ်ဆောင်လာသည်များအား မြင်သွားခဲ့သည်။ သူမသည် အံ့အားသင့်သွားခဲ့ကာ မေးမြန်းလိုက်သည်။

“အဲ့ဒါတွေက ဘာတွေလဲ ပဲပိစပ်တွေနဲ့ တူလိုက်တာ....”

“ဒါ ပဲပိစပ်တွေပဲ “

အဒေါ်ကျန်းသည် မီးဖိုချောင်မှ ပြေးထွက်လာခဲ့ကာ ပဲပိစပ်များအား လက်တစ်ဆုပ်စာ ဆွဲယူလိုက်သည်။ သူမသည် အခွံခွာကာ ပဲစေ့ တစ်စေ့အား ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။

“အရမ်း လတ်ဆတ်ပြီး နူးညံ့နေတာပဲ အမေ ဒါတွေကို ဘယ်ကနေရှာလာခဲ့တာလဲ ဒီလို ရာသီဥတုမှာ ဒီအပင်တွေ တကယ် ဖြစ်ထွန်းလို့လား”

“စား စား စား စား တွေ့သမျှ ပါးစပ်ထဲ ထည့်နေလိုက် အဆိပ်မိပြီး နင်သေမှာ မဟုတ်ဘူး”

အဖွားအိုဝမ်သည် အဒေါ်ကျန်း၏ ပါးစပ်ထဲမှ ပဲစေ့အား ပြန်၍ နှိုက်ထုတ်ချင်စိတ် ပေါက်သွားခဲ့သည်။ သို့သော် အဒေါ်ကျန်းသည် ဝါးကာ မြိုချလိုက်သည်။

အဖွားအိုဝမ် “.........”

အဒေါ်ကျန်း ပြန်ပြောလိုက်သည်။

“ဟီး ဟီး ဟီး အမေရယ် အမေ့ ချွေးမက အမေ့ နားမှ တစ်သက်လုံး ပြုစုမှာပါ ကျွန်မက ကံကောင်းတယ်လေ အဲ့ကြောင့် အဆိပ်မိပြီး မသေနိုင်ပါဘူး”

တစ်ယောက်ပြီး တစ်ယောက် အိမ်ပြန်ရောက်လာချိန်တွင် ပဲပိစပ်နွယ်များအား တွေ့သော အခါ အနည်းငယ် ကြက်သေသေ သွားခဲ့ကြသည်။ လယ်သမားများ သိထားကြသည်မှာ ပဲပိစပ်များသည် အောက်တိုဘာလတွင်သာ ရင့်မှည့်ကြသည်။ အခုချိန်သည် နှစ်တစ်နှစ်၏ ပထမလသာ ရှိသေးသည်။ အဘယ်ကြောင့်များ အခုချိန်တွင် ပဲပိစပ်များ ရှိနေရသနည်း။

အဖွားအိုဝမ်သည် လူတိုင်းအား ရှင်းပြရန် အပင်ပန်း မခံချင်သောကြောင့် ပါးစပ်ပိတ်ထားကြရန်သာ ပြောလိုက်တော့သည်။ ထို့အပြင် သူမသည် လူတိုင်းအား ပဲတောင့်များအား ခူးဆွတ်ကြရန် ပြောလိုက်သည်။ သူတို့သည် အခွံသင်နေရန် မလိုအပ်ပေ။ သူတို့သည် ၎င်းတို့အား နောက်နှစ်ရက်တွင် အစားအစာများဖြင့် လဲလှယ်ရန် မြို့သို့ ယူသွားကြမည် ဖြစ်သည်။

သူတို့သည် အစားအစာများဖြင့်လဲလှယ်မည်အား သိသွားကြချိန်တွင် သူတို့သည် လောဘကြီးနေခဲ့သော်လည်း မည်သည့်အရာကိုမှ မပြောရဲကြပေ။ အစာအိမ်အား ဖြည့်တင်းရန်သာ အရေးကြီးသည်။ ပဲတောင့်များအား ခူးဆွတ်ပြီးနောက်တွင် သူတို့သည် ခြင်းတောင်းအကြီးကြီး သုံးလုံးအတွင်းသို့ ထည့်လိုက်ကြသည်။ လူတိုင်းသည် ခြင်းတောင်းများအား လက်အတွင်းသို့ ကိုင်ကာ ချိန်ကြည့်လိုက်သည်။ အခွံများ အပါအဝင် ကတ်တီ ၃၀၀ကျော်လောက် ရှိနိုင်ပေသည်။

အဖွားအိုဝမ်သည် ထိုအရာအားလုံးအား အိမ်အတွင်း၌ သော့ခတ်ထားလိုက်သည်။ ထို့နောက် သူမသည် မြေပန်းကန်လုံး အတွင်းသို့ ပဲတောင့် ၁၀တောင့်အား ထုတ်ယူ၍ ထည့်လိုက်သည်။ ခဏတာ တွေးတောပြီးနောက် သူမသည် နောက်ထပ် ပဲ၅တောင့်အား ပန်းကန်အတွင်းသို့ ထပ်၍ ထည့်လိုက်သည်။ သူမသည် ပန်းကန်လုံးအား အဒေါ်ဖန်ထံသို့ ကမ်းပေးလိုက်သည်။

ဒါကို ယူသွားပြီး ပဲနည်းနည်း ကြိတ်လိုက် အားယွီ သောက်ဖို့ ပဲနို့ နည်းနည်း ကျိုလိုက် သြော် ပြီးတော့ ပဲဖတ်တွေနဲ့ ပန်ကိတ် တစ်ချပ်လုပ်ပြီး ကျွေးလိုက်အုန်း”

ထိုမျှလောက်သေးသော ပန်းကန်လေး တစ်လုံးစာသည် ကလေးတစ်ယောက်စာသာ သဘာဝကျကျ လုံလောက်ပေသည်။ အဖိုးအိုဝမ်၏ မိသားစုတွင် ကြိတ်ဆုံအသေးလေး တစ်ခု ရှိသည်။ လွန်ခဲ့သောနှစ်များအတွင်း မိသားစုထဲမှ ယောကျ်ား အချို့သည် တောင်ပေါ်တက်ပြီး ကျောက်တုံးများအား သယ်ဆောင်လာခဲ့ကာ ဖြေးဖြေးချင်း ထွင်းထုကာ ပြုလုပ်ထားကြခြင်း ဖြစ်သည်။ ထိုအရာသည် သေသေသပ်သပ်ဖြင့် လက်ရာမမြောက်သော်လည်း အသုံးဝင်သေး၏။

အဒေါ်ဖန်သည် ပန်းကန်အား ယူလိုက်ကာ မည်သည့်စကားမှ မပြောပေ။ သူမသည် ချက်ချင်း ပဲများအား သွား၍ ကြိတ်ရန် ပြင်လိုက်သည်။ အားယွီသည် သူမ၏ သေးငယ်သော လက်ကလေး နှစ်ဖက်အား ဆွဲဆန့်လိုက်ကာ အဒေါ်ဖန်၏ ရှေ့မှ ပိတ်၍ ရပ်လိုက်သည်။ ထို့နောက် သူမ တိုးတိုးလေး ပြောလိုက်သည်။

“ဒေါ်ဒေါ် ဒါက သမီးတို့ အားလုံး တူတူ စားကြရမှာ အားယွီက တစ်ယောက်ထဲ မစားချင်ဘူး”

အဖွားက သူမအတွက် သီးသန့် လုပ်ပေးရသည်ကို သဘောကျသော်လည်း ထိုအရာသည် သူမ တစ်ယောက်ထဲ အတွက်သာ ဖြစ်သည်။ ထိုအခါတွင် တစ်ခြား မိသားစုဝင်များအတွက် အစားအစာ ဝေစုမှာ နည်းသွားတတ်သည်။ ယခုလိုမျိုး သူမ တစ်ယောက်ထဲ သီးသန့်စားရသည့် အချိန်တိုင်း ရှက်သလို ခံစားရသည်။ သူမ၏ အစ်ကိုများသည် သူမ၏ ပန်းကန်အား ကြည့်ကာ သရေကျကျအုန်းမည်မှာ သေချာသလောက် ရှိသည်။ အဒေါ်ဖန်သည် ဆောင့်ကြောင့်ထိုင်ချလိုက်ကာ သူမလေးအား ကြည့်လျှက် ပြုံး၍ ပြောဆိုလိုက်သည်။

“ဒီပဲတွေက သမီးလေးရဲ့ ခန္ဓာကိုယ်အတွက် ကောင်းတယ် ပဲနို့သောက်ပြီး ပဲဖတ်နဲ့လုပ်ထားတဲ့ မုန့်ကို စားပြီးသွားရင် သမီးလည်း သမီး အစ်ကိုတွေလိုမျိုး အရပ်ရှည်လာပြီး ပိုလှလာလိမ့်မယ်”

အားယွီလေး ပြန်မေးလိုက်သည်မှာ

“ဒါဆို သူတိူ့ အဲ့ဒါစားပြီး ကြီးလာကြတာလား”

အဒေါ်ဖန်သည် ခဏတာ စွန့်အသွားပြီးမှ ပြန်ပြောလိုက်သည်။

“အင်း.... ဟုတ်တယ် ဒေါ်ဒေါ်တို့ အားလုံးလဲ အဲ့ဒါကို စားဖူးတယ် အဲ့ကြောင့်မို့ ကြီးလာကြတာပေါ့ ခုက ဒေါ်ဒေါ်တို့ မိသားစု ထဲမှာ အားယွီလေး တစ်ယောက်ထဲ မစားဖူးသေးဖူးလေ ဒါကြောင့် သမီး တစ်ယောက်စာ ဒေါ်ဒေါ်က သီးသန့်လုပ်ပေးမှာ သမီးကိုလည်း ကြီးလာစေချင်လို့လေ”

“အိုး..... သမီး သိပါပြီ “

အားယွီသည် သဘောပေါက် နားလည်သွားသကဲ့သို့ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါဆိုရင် သမီး သေချာပေါက် ကောင်းကောင်း စားပါ့မယ်”

အကယ်၍ သူမသည် ကြီးပြင်းလာသောအခါ သူမ ပို၍ အများကြီး လုပ်နိုင်လာပေမည်။ ဝမ်ဝူလန်သည် ဘေးမှ နားထောင်ရင်း တံတွေး မြိုချလိုက်သည်။ သူသည်လည်း ပဲနို့ သောက်ဖူးပေသည်။ ပြီးခဲ့သော နှစ် မတိုင်မှီ အချိန်က ဖြစ်သည်။ ပဲအသစ်များ အိမ်သို့ ရောက်လာချိန်တွင် အဖွားသည် သဘောထားကြီးစွာဖြင့် တိုဖူးပူတင်း လုပ်ကျွေးခဲ့သည်။

လူတိုင်းသည် ပဲနို့ တစ်အိုးစီ ရခဲ့ကြသည်။ ထိုအရာများသည် အရသာမရှိသကဲ့သို့ပင် ဖြစ်သည်။ သို့သော် သူတို့သည် ၎င်းတို့အား လတ်ဆန်သလို ခံစားကြရကာ သူတိူ့၏ လျှာများကိုပင် မြိုချချင်စိတ် ပေါက်သွားခဲ့ကြသည်။ နောက်ပိုင်းတွင် တိုဟူးပူတင်း စားပြီးနောက်တွင် သူတို့သည် ပဲနို့လောက် အရသာမရှိဟု ခံစားလိုက်ရသည်။

အဒေါ်ဖန်၏ လှုပ်ရှားမှုအများသည် အလွန် လျှင်မြန်လှသည်။ မကြာခင်မှာပင် ပဲနို့ လုပ်ပြီးသွားခဲ့ကာ ပဲဖတ်များဖြင့် ပန်ကိတ်တစ်ခုအား ဖုတ်လိုက် ပြီးနောက်တွင် အားယွီ၏ ရှေ့သို့ ချပေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူမ တစ်ဦးတည်းသာ သောက်မည် ဖြစ်သောကြောင့် ပဲနို့အတွင်းသို့ ရေများများ ရောမထားပဲ အရသာသည် အထူးပင် ပြင်းလှသည်။ အားယွီလေးသည် ပဲနို့အား သောက်လိုက်စဉ်တွင် သူမ၏ အစ်ကိုများသည် သူမ ပတ်ပတ်လည်တွင် စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

“အဲ့ဒါက ကောင်းလား”

ဝမ်ဝူလန် မေးလိုက်သည်။ အားယွီလေး ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါက ချိုလား”

ဝမ်လျူလန်က မေးလိုက်သည်။ အားယွီလေးသည် ခေါင်းခါ ခေါင်းညိတ် လုပ်နေခဲ့သည်။ ထိုပဲနို့သည် နည်းနည်း ချိုသလို ခါးလည်း ခါးသည်။

“ညီမလေး အားယွီ ညီမလေး စားပြီးသွားရင် အစ်ကို ပန်းကန် ဆေးပေးရမလား”

ဟု ဝမ်ချီလန် မေးရင်း အမှန်တကယ်တွင် သူသည် ပန်းကန်အား လျှက်ရန် ကြံစည်နေခြင်း ဖြစ်သည်။ အားယွီလေးသည် သူမ၏ အစ်ကိုများ ဗိုက်ဆာနေမှန်း နားလည်လေသည်။ သို့သော် ထို ပဲနို့ နှင့် မုန့်သည် သူမ ကြီးထွားရန် အတွက် ဖြစ်သည်။ သူမ အရပ်ရှည်ရန် လိုအပ်နေသေးသည်။ ထို့အတွက် သူမ၏ အစ်ကိုများအား ဝေငှပေးရန် အတွက် မဖြစ်နိုင်ပေ။ အားယွီလေးသည် ခဏကြာ စဉ်းစားလိုက်သည်။ နေရာလွတ်ထဲတွင် စိတ်ဝိဉာဉ် စမ်းရေအချို့ ကျန်နေသးသည်။

အသားလုံးလေးသည် စူးစူးရွားရွား အော်ဟစ်လိုက်သော်လည်း အားယွီလေးသည် နောက်ဖေး မီးဖိုချောင်သို့ အလျှင်အမြန် ပြေးသွားလိုက်ပြီး မကြာမှီ အချိန်အတွင်းမှာပင် သူမလေးသည် ပန်းကန်လုံး တစ်လုံး အတွင်း စိတ်ဝိဉာဉ် စမ်းရေအား ထည့်ယူလာခဲ့သည်။ သူမလေးသည် ပန်းကန်လုံးအား သူမ၏ အစ်ကိုများရှေ့တွင် မြှောက်ပြလိုက်ကာ ပြောလိုက်သည်။

“အားယွီက ပဲနို့သောက်မယ် ကိုကိုတို့က ဒီရေကိုသောက် ပြီးရင် သမီးဂတို့ တူတူ အရပ်ရှည်လာကြမယ်လေ”

သူမ၏ အစ်ကိုများသည် စကားပင် မပြောနိုင်လောက်အောင် မှင်သက်သွားတော့သည်။ ဒီညီမလေးကို သူတို့ ဘာများ လုပ်နိုင်မည်နည်း သူတိူ့သည် တုန်နေအာင် ချစ်၍ အလိုလိုက်ရန်သာ ရှိတော့သည်။

သို့သော် ဝမ်မိသားစု၏ သဟဇာတဖြစ်နေသော ပျော်ရွှင်ဖွယ် မြင်ကွင်းနှင့် ဆန့်ကျင်ကွဲလွဲနေသည်မှာ တောင်နှစ်လုံးကျော်မှ ရှန်ယန်းရွာပင် ဖြစ်သည်။ ရှန်ယန်းရွာသူကြီးသည် အခုချိန်တွင် အလွန် ရက်စက် ကြမ်းကြုတ်သော မျက်နှာမျိုး ရှိနေခဲ့သည်။ သူ၏ ရှေ့တွင် ငိုယိုနေသာ အမျိုးသား သုံးယောက်ရှိနေသည်။ ယနေ့ညတွင် သူတို့ မိသားစု သုံးစုထဲမှ တစ်စုသည် သူတို့၏ ကလေးအား စွန့်လွှတ်ရပေလိမ့်မည်။

ထိုအထဲမှ အမျိုးသား တစ်ဦးသည် အော်ဟစ် ငိုကြွေးလျှက် ပြောလိုက်သည်။

“ရွာသူကြီး အကယ်၍ ရွာသူကြီးသာ ကျွန်တော်တို့ကို မကူညီရင် ကျွန်တော်တို့မှာ တစ်ကယ် နည်းလမ်း မရှိတော့ဘူး ကျွန်တော့် အမေက ဆာလောင်ပြီး သေဆုံးသွားခဲ့ပြီ ပြီးတော့ ကျွန်တော့် မိန်းမကလည်း နှင်းပြိုတာမှ ပိပြီး သေဆုံးသွားခဲ့ပြီးပြီ ကျွန်တော်တို့ မိသားစုရဲ့ မျိုးဆက် သုံးဆက်မှာ ဒီ သားလေး တစ်ယောက်ပဲ ကျန်တော့တာ ရွာသူကြီးလည်း သိပါတယ် ကျွန်တော့်သားကို ဘာနဲ့မှ အစားထိုးလို့ မရဘူးလေ”

သူ၏ ဘေးမှ လူသည်လည်း မျက်လုံးများ နီဆွေးလျှက် ဒေါသတစ်ကြီး အော်ဟစ်လိုက်သည်။

“မင်းရဲ့သားမှ မင်းရဲ့ အသက်သွေးကြောလား ဒါပေမဲ့ ငါတိူ့ အာ့ကော်ရဲ့ သက်ကကော ငါတို့ အတွက် အရေးမကြီးဘူးလား နှင်းတွေက အရည်ပျော်လာပြီ မြို့ကို သွားမဲ့ လမ်းကြောင်းကလည်း ပွင့်ခါနီးပြီပဲ ခင်ဗျားတို့ ခဏလေးတောင် သည်းမခံနိုင်ကြဘူးလား ဘာလို့များ ငါတို့ရဲ့ ကလေးကို စားဖို့လုပ်နေကြတာလဲ ခင်ဗျားတို့ အသည်းနှလုံး မရှိတဲ့သူတွေပဲ”

‘ကလေးအား စားရန်’ ဟူသော စကားလုံးအား ကြားသော် ထိုနေရာတွင် ရှိနေသာ လူတိုင်း၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ ရှန်ယန်းရွာမှ ရွာသူကြီးသည် စားပဲခုံအား အားပြင်းပြင်းနှင့် ထုချလိုက်သောကြောင့် လူတိုင်း တုန်လှုပ်သွားခဲ့သည်။

“အခုတော့ မင်းတို့ ရင်နာတတ်ကြပြီလား အရင်က သူများကလေးတွေကို စတေးတုန်းကကျတော့ ဘာလို့ အဲ့လို မခံစားတတ်ကြတာလဲ အခု မင်းတို့ မိသားစု အလှည့်ကျမှ နာကျင်ရကောင်းမှန်း သိသွားကြတာလား မင်းတို့ မခံစားနိုင်ကြတော့ဘူးပေါ့ မင်းတို့ကို ငါအရင်ကတည်းက ပြောခဲ့တယ်လေ ဒါပေမဲ့ မင်းတို့တတွေက တိရစ္ဆာန်တောင် မလုပ်နိုင်တဲ့ အရာမျိုးကို လုပ်နိုင်ကြတယ် မင်းတို့က စားပဲ စားရဲတာ စတေးဖို့ အတွက်ကျ မလုပ်နိုင်ကြဘူး မင်းတို့ကို မင်းတို့ ယောက်ျားတွေလို့ ခေါ်လို့ရသေးရဲ့လား ဟမ် “

ရွာသူကြီးသည် ဒေါသတကြီး ခြေဆောင့်လိုက်သည်။

“ဘာအပြစ်လဲ အဲ့ အပြစ်က မင်းတို့ ကိုယ်တိုင်နဲ့ ကို့အပေါ်ကို တင်ထားတဲ့ အပြစ်ပဲ “ (ဘာကိုဆိုလို ချင်မှန်း သေချာနားမလည်လို့ တိုက်ရိုက်ပဲ ပြန်ထားလိုက်ပါတယ်နော် )

လူတစ်ယောက်သည် တိတ်ဆိတ်သွားသောကြောင့် ရုတ်တရက် မော့ကြည့်လိုက်ကာ ပြောလိုက်သည်။

“အစိုးရက ဒီကိစ္စကို စုံစမ်းဖို့ လာမှာလား ဟုတ်တယ်မလား အဲ့နေ့က ဟူမိသားစု ကျေးရွာကလူတွေရောက်လာပြီးတော့ လက်ပူးလက်ကျပ် မိသွားခဲ့တယ်မလား”

ရွာသူကြီး စိတ်ရှည်ရှည်နှင့် ပြန်လည် ဖြေကြားခဲ့သည်။

“သူတို့ရွာက လူတွေ ငါတို့ ရွာမှာ ရှိနေသေးတယ် “

“သူတို့ အာဏာပိုင်များအား သတင်းပို့ရဲလိမ့်မည် မဟုတ်ပေ။ အကယ်၍ သူတို့သာ သတင်းပေးခဲ့လျှင် သူတိူ့ရွာက လူတွေ အဆုံးသတ် မကောင်းလောက်ဘူး”

“ဒါပေမဲ့ အဲ့နေ့က သူတို့ ရွာက လူမဟုတ်တဲ့ လူငယ်လေး တစ်ယောက်ကို တွေ့လိုက်တယ် သူက သိုင်းပညာတတ်တယ် ကျွန်တော့်အစ်ကိုဆို သူ့ကြောင့် နံရိုး လေးချောင်း ကျိုးသွားတယ် “

အကယ်လို့ ထိုလူသ ထိုနေရာမှ ထွက်သွားပြီး သတင်းလွှင့်လိုက်လျှင် သူတို့သည် ယခုကိစ္စမှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“သူတို့ရွာမှာ ကလေးတစ်ယောက်ကို အပြင်က ကောက်လာတယ်လို့ ကျွန်တော် ကြားလိုက်မိတယ်”

ကလေး.......

ဒူးထောက်နေသော လူသုံးယောက်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ ကောက်ရသည့် ကလေးတစ်ယောက်သည် သူတိူ့၏ ကိုယ်ပိုင် သွေးသား ဖြစ်သော ကလေးများထက် ပို၍ ရင်းနှီးနိုင်လိမ့်မည် မဟုတ်ချေ။

“ရွာသူကြီး ဘာလို့ ကျွန်တော်တို့......”

ရွာသူကြီး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ကာ ဟူမိသားစု ကျေးရွာမှ အစားအစာ ၅၀ ကတ်တီပဲ ပေးခဲ့သည်ကို ပြန်သတိရလိုက်သည်။ သူတိူ့ ရွာသားများသည် တစ်နပ်တောင် ဝဝလင်လင် မစားလိုက်ရပေ။

“ဟူမိသားစု ကျေးရွာကို သွားမယ် “

(T/N. : ရွာသူကြီး ကိုယ်တိုင်က $ကျင့်ကောင်းတာ အားယွီကို ဒုက္ခပေးဖို့ကျန်နေကြတယ် အဲ့ရွာက လူတိုင်း နှင်းပြိုတာမှာ ပိသေသွားရမှာ တကယ်ပဲ ကျက်သရေတုံးတယ်)

All Chapters