← Chapters

ကျူးကျော်လာကြသူများ

Vol. 2 Ch. 25

ကျူးကျော်လာကြသူများ

Vol. 2 Ch. 25

ရှန်ယန်းရွာ သည် ဟူမိသားစုရွာ၏ တောင်ဘက်တွင် တည်ရှိသည်။ ရွာနှစ်ရွာကြားတွင် တောင်ကြီး နှစ်လုံး ရှိကာ ထို တောင်နှစ်လုံးကြားတွင် မြို့ကို သွားသော လမ်းတစ်လမ်း ရှိသည်။ ပုံမှန်အားဖြင့် လူတစ်ယောက်သည် ထိုတောင်နှစ်လုံးအား ဖြတ်၍ တစ်နာရီ ဆက်သွားပြီးလျှင် ရွာကို ရောက်လေသည်။

ယခုမူ နှင်းများ အရည်ပျော်ကျနေသောကြောင့် တောင်ပေါ်လမ်းသည် ချောနေခဲ့သည်။ လူတစ်အုပ်စုသည် ထို တောင်အား ဖြတ်ရန် နှစ်နာရီခန့် အချိန်ယူခဲ့ရသည်။ ရှန်ယန်းရွာမှ ရွာသူကြီးကမူ မလိုက်ချင်ခဲ့ပေ။ အကယ်၍ ရွာသူကြီးသာ လိုက်လာခဲ့လျှင် အခြေအနေများသည် တမျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ ရှန်ယန်းရွာမှ ရွာသားများ ပြောကြသည်မှာ

“အရင်အခေါက် ကျွန်တော်တို့ သွားတုန်းက ဟူမိသားစုကျေးရွာက ရွာသူကြီးက ကျွန်တော်တို့ကို မျက်နှာသာမပေးပဲ အပြင် တစိမ်းရှေ့မှာတောင် အရှက်ခွဲခဲ့သေးတယ် ပြီးတော့ သူက သမားတော်ဟူကိုတောင် လုယူသွားခဲ့သေးတယ် ကျွန်တော်တို့ရွာမှာ နှင်းပြိုကျလို့ သေဆုံးတဲ့သူ အများကြီးပဲ ဒါတောင် ဘယ်သူမှ ကျွန်တော်တို့ကို လာမကူညီကြဘူး အဲ့ဒါက ကျွန်တော်တို့မှာ အားကိုးစရာမရှိလို့ အနိုင်ကျင့်တယ်ဆိုတာ သိသာတယ်မလား”

“မှန်တယ် ရွာသူကြီး ခင်ဗျား လိုက်သွားရမယ် ဟူမိသားစုရွာက ဘာဆို ဘာမှ မဟုတ်ဘူး သူတို့က ပြိုကျနေတဲ့ အိမ်တွေမှာ နေရတဲ့ လူတစ်စုပဲ “

တစ်စုံတစ်ယောက်သည် မြေပြင်ပေါ်သို့ တံတွေးထွေးလျှက် ပြောလိုက်သည်။ ရှန်ယန်းရွာမှ ရွာသူကြီးသည် ထိုအကြောင်းအရာအား စဉ်းစားလိုက်သည်။ ဟူမိစားစုကျေးရွာသည် နှင်းပြိုကျပြီးနောက် တစ်ရွာလုံး နီးပါး နှင်းအောက်မြှပ်သွားသောကြောင့် အလွန် ဆင်းရဲသွားပေမည်။ သို့သော် သူတို့သည် အစားအစာ ကတ်တီ ၅၀ခန့်ကို ထုတ်ပေးနိုင်သေးသည်။ ထို့ထက်ပို၍ သူတို့ ဝှက်ထားနိုင်သေးသည်။

သူတို့ရွာမှသူများသည် ဆာလောင်လွန်းသောကြောင့် သူတို့ကလေးများအား ပြန်လည် စားသုံးနေကြရသည်ကို မြင်ပါလျှက် ဟူမိသားစုကျေးရွာမှ လူများသည် ကူညီရန် လက်တစ်စုံအား ကမ်းမပေးကြပဲ ငြင်းဆန်ခဲ့ကြသည်။ ထိုကဲ့သို နှလုံးသားမဲ့သော သူများအား ကိုင်တွယ်ရန် လွယ်ကူလိမ့်မည် မဟုတ်ချေ။ သူလိုက်သွားလိုက်တာ ပိုကောင်းပေလိမ့်မည်။

ဤအခေါက်တွင် သူတို့သည် အလွန် ဆာလောင်နေသော လူငယ်ပေါင်း ၁၀၀ အား စုစည်းလိုက်သည်။ အထူးသဖြင့် သူတို့၏ ကလေးများအား စွန့်လွှတ်ရမည့် မိသားစု သုံးစုမှ သူများဖြစ်ကြသည်။ အထူးသဖြင့် ထို မိသားစုမှ အမျိုးသားများသည် အလွန် မခံမရပ်နိုင် ဒေါသတကြီး ဖြစ်နေကြသည်။

သူတို့သည် ဟူမိသားစုရွာမှ ကလေးအား လုယူနိုင်ခဲ့လျှင် သူတို့၏ ကလေးများသည် အသက်ရှင်လိမ့်မည် ဖြစ်သည်။ အကယ်၍ သူတို့သည်သာ နောက်ထပ် ရက်အနည်းငယ် တောင့်ခံနိုင်ခဲ့လျှင် မြို့သို့သွားကာ အစားအစာများ ဝယ်ယူနိုင်ပေလိမ့်မည်။ ထိုအချိန်ရောက်လျှင် သူတို့၏ ကလေးများအား စားသောက်ရသည့် နာကျင်မှု ဝေဒနာအား ခံစားရတော့မည် မဟုတ်ချေ။ လူတိုင်းသည် ထို လူသားစားဓလေ့တွင် ပါဝင်သည်တော့ မဟုတ်ချေ။ သို့သော် အထူးသဖြင့် ကလေးများ၏ အသားအား စားသုံးဖူးသူများသည် အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့ကြသည်။ ကလေးများ၏ အရသာသည် ကြက် ဘဲ ငါး ဝက်.....ပလပ် ပလပ်....

သူတို့သည် အဖွဲ့၏ အလယ်မှ လိုက်ပါလာခဲ့ကာ သူတို့၏ မျက်လုံးများသည် စိမ်းလဲ့လုနီးပါး (လောဘတကြီး) ဖြစ်နေခဲ့ကြသည်။ သူတို့သည် ကလေးတစ်ယောက်အား လုယူနိုင်ခဲ့လျှင် နှစ်ယောက် သုံးယောက် ထက်ပို၍ လုယူနိုင်လိမ့်မည်ဟု တွေးနေခဲ့ကြသည်။

ဟီး ဟီး သူတို့သာ ဟူမိသားစုကျေးရွာက လူတွေအား အားသုံးကာ လူသားအရသာအား မြည်းစမ်းခိုင်းခဲ့လျှင် သူတို့ သေချာပေါက် ထိုအရသာအား တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့သည် ဒုတိယတောင်အား ပတ်လာခဲ့ပြီးနောက်တွင် ဟူမိသားစုကျေးရွာမှ လူများသည် အိမ်များ ဆောက်လုပ်ရန်အတွက် အလုပ်များနေကြသည်ကို အဝေးမှ မြင်လိုက်ကြရသည်။ သူတို့သည် ကျောက်တုံးများသယ်ကာ သစ်သားများ ပိုင်းဖြတ်၍ ရွံ့များအား စုဆောင်းနေကြသည်။

ကြီးမားသော ရွံတမံပေါ်တွင် အမျိုးသမီး အချို့သည် မီးမွှေးနေကြသည်။ သူတို့သည် ကြီးမားသော အိုးကြီး တစ်အိုးအား တင်ထားကြကာ ထိုအိုးထဲတွင် တစ်စုံတစ်ခုအား ထည့်ပြုတ်နေကြသည်။ အဝေးမှ ဖြစ်သာကြောင့် သူတို့သည် ထူပြောလှသော မီးခိုးများကိုသာ မြင်နိုင်ကြသည်။ ရှန်ယန်းရွာမှ လူများသည် ထိုအရာအား သားရည်များကျကာ ကြည့်နေကြသည်။

“ရွာသူကြီး သူတို့ ချက်ပြုတ်နေတာက.... ကလေးတွေတော့ မဟုတ်လောက်ဘူးမလား”

ဟူမိသားစုမှ ရွာသားတွေအား ကလေးများကို အရင်ဆုံး စားသုံးရန် ခွင့်မပြုနိုင်ပေ။ ရွာသူကြီးသည် သူ၏ လက်အား မြှောက်လိုက်သည်။

“ခဏစောင့် လူငယ်တွေ အကုန် အပြင်မှာပဲ ရှိနေကြတယ် တိုက်ရိုက် မသွားကြနဲ့ ဝှက်လို့လွယ်တဲ့ တံစဉ်တွေ ထင်းထုတ်ဓားတွေ အကုန်လုံးကို အဝတ်အစားတွေ အောက်မှာ အရင် ဝှက်ထားလိုက် ဝှက်ဖို့ မလွယ်တဲ့ ပေါက်ပြားတွေ ဂေါ်ပြားတွေကို ဒီမှာ အရင် ဝှက်ထားခဲ့လိုက်ကြ သူတို့နဲ့ အရင် သွားတွေ့ရအောင် “

အကယ်၍ သူတို့သာ လက်နက်များဖြင့် ထွက်သွားလိုက်လျှင် ဟူမိသားစုကျေးရွာမှ သူများသည် သူတို့အား သတိထားနေပေလိမ့်မည်။ လိမ်မာပါးနပ်သော တစ်စုံတစ်ယောက်သည် အလျှင်အမြန် ပြောလိုက်သည်။

“ကျွန်တော် အရင်ကြားဖူးတာကတော့ အဲ့ကလေးကို ကောက်လာတာ ဝမ်မိသားစုလို့ ကြားဖူးတယ် ဝမ်မိသားစု အိမ်ကို ဘာလို့ တိုက်ရိုက်မသွားကြရမှာလဲ သူတိူ့အိမ်က ခပ်ဝေးဝေးမှာ ရှိတာလေ အကယ်၍ ဝါးရုံတောကိုသာ ပတ်သွားလိူက်ရင် သူတို့ ကျွန်တော်တို့ကို မတွေ့နိုင်တော့ဘူး”

“အဖိုးအိုဝမ် မိသားစုက အရှုပ်အထွေးတွေကြားက ထွက်ပြေး လွတ်မြောက်လာပြီး ဒီမှာ နေတာ ၁၀စုနှစ် တစ်စုပဲရှိသေးတယ် ဒီရွာနဲ့ မျိုးရိုးစဉ်ဆက် ရင်းနှီးလာတဲ့ ကျွန်တော်တို့နဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာတဲ့လဲ “

တစ်စုံတစ်ယောက်က ထပ်ပေါင်းပြောကြားသည်မှာ

“သူတို့ ကျွန်တော်တို့ကို တွေ့ရင်တောင် မမြင်ချင်ယောင်ပဲ ဆောင်နေကြမှာပါ”

ကောင်းကင်ဘုံက သူတို့အား အမှန်တကယ် ကူညီနေခဲ့သည်။ အပြင်လူတစ်ယောက်မှ အပြင်မှ ကလေးတစ်ဦး ကောက်ရထားသည်။ ထိုအရာသည် သူတို့အတွက် အဆင်သင့် ပြင်ဆင် ပေးထားသည်မှာ မဖြစ်နိုင်ဘူးလား ...

သူတို့သည် ထိုအကြောင်းအား တွေးတော စဉ်းစားလေလေ စိတ်လှုပ်ရှားလေလေ ဖြစ်လာကြတော့သည်။ သူတို့သည် ဝါးရုံတောအား ဖြတ်ရန် အချိန်တစ်နာရီ ပိုယူလိုက်ပြီးနောက်တွင် အဖိုးအိုဝမ် အိမ်သို့ ဦးတည်သွားလိုက်ကြသည်။

ဟူအာ့ဖန်သည် ယခုနှစ်တွင် ကိုးနှစ် ပြည့်သွားခဲ့ပြီ ဖြစ်ကာ မုဆိုးမကျိုး၏ ခင်ပွန်းဖြစ်သူရဲ့ ညီအငယ်ဆုံး ဖြစ်သည်။ မုဆိုးမကျိုးနှင့် ဝမ်မိသားစုမှ အဒေါ်မာသည် အရင်းနှီးဆုံး သူငယ်ချင်း ဖြစ်သည်။ ထို့နည်းတူစွာ ဟူအာ့ဖန်သည်လည်း ဝမ်မိသားစုမှ ကလေးများနှင့် ကလေးဖော်များ ဖြစ်ကြသည်။

ယနေ့တွင် ဝါးရုံတောရှေ့မှ တောင်ကုန်းလေးပေါ်တွင် နွေဦးပန်းများ ပွင့်နေသည်အား သတိထားမိလိုက်သည်။ ထိုပန်းများသည် အထူးသဖြင့် အလွန် လှပလွန်းလှသည်။ ထို့ကြောင့် သူသည် မယ်ကံကောင်းမလေး အတွက် ပန်းကုံးလေး တစ်ခု ပြုလုပ် ပေးချင်လာခဲ့သည်။

မယ်ကံကောင်းမလေးဆိုသည်မှာ သဘာဝအတိုင်း အားယွီ ဖြစ်သည်။ လူတိုင်းသည် သူမအား အားယွီ သို့မဟုတ် မယ်ကံကောင်းမလေးဟု ခေါ်ဆိုလာကြသည်။ ကလေးများည်လည်း ထို့သို့ လိုက်ခေါ်ကြ၏။ ဟူအာ့ဖန် အိတ်တစ်လုံး ကောက်ယူလိုက်ချိန်တွင် သူသည် ရုတ်တရက် လူတစ်စု စကားပြောဆိုနေသံအား ကြားလိုက်ရသည်။ လူကြီးများသည် သူ့အား ဆူမည်ကို စိုးသောကြောင့် သူသည် ကျောက်တုံး၏ နောက်ကျောတွင် ပုန်းနေလိုက်သည်။

ထိုအချိန်တွင် သူသည် တစ်စုံတစ်ယောက် ပြောနေသံအား ကြားလိုက်ရသည်။

“သူတို့ရွာက လူတိုင်း အိမ်ဆောက်ဖို့ သွားနေကြတယ် အဖိုးအိုဝမ်အိမ်က ယောကျ်ားသားတွေလဲ အဲ့မှာပဲ ရှိနေမယ် ထင်တယ် ဟုတ်တယ်မလား”

“ငါတော့ အဲ့လိုပဲလို့ ထင်တယ် အိမ်မှာ ယောကျ်ားတွေ မရှိပဲ မိန်းမ တစ်စုပဲ ကျန်ခဲ့လိမ့်မယ် သူတို့ကို ကိုင်တွယ်ရ လွယ်ပါတယ်”

“ရန်မဖြစ်ရရင် ပိုကောင်းတယ် ကျွန်တော်တို့က ဇာတိတစ်ခုထဲကပဲလေ အခြေအနေတွေကို တင်းမာအောင် လုပ်ဖို့ မလိုပါဘူး”

“အာ.... ဒါနဲ့ ဘယ်ကလေးလဲ .... သူတို့ရွာက ကလေးတစ်ယောက်ကို ဘာလို့ မမေးရမှာလဲအကယ်၍ ကျွန်တော်တို့ ရှာတွေ့ရင် ကလေးကို လှည့်စားပြီး ခေါ်ထုတ်သွားနိုင်ပြီ ဘာဖြစ်ဖြစ် ကလေးက သူတို့နဲ့မှ မဆိုင်တာ သူတို့က ကလေးကို ကျွန်တော်တို့စီ လာတောင်းရဲမှာ မဟုတ်လောက်ဘူး “

“ဟီး ဟီး ဟီး သူတို့က ကလေးကို လာတောင်းရင်တောင် အသုံးမဝင်ဘူး ငါတို့က သေချာပေါက် စား......”

“ပါးစပ်ပိတ်ထားစမ်း”

ထိုအုပ်စုထဲတွင် လူအယောက် ၁၀၀ ကျော် ရှိနေခဲ့သည်။ ရှန်ယန်းရွာမှ ရွာသူကြီးသည် သူတို့က ထပ်ခါတလဲလဲ သတိပေးနေခဲ့သော်လည်း သူတို့ထဲမှ တစ်ယောက်သည် ပါးစပ်ဖွင့်ကာ ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ပထမတွင် ဟူအာ့ဖန်သည် သူမြင်လိုက်ရသည်အား နားမလည်ခဲ့ပေ။ သို့သော် သူသည် “စား” ဟူသော စကားလုံးနှင့် ကလေးက ကောက်ရထားသည်ဟူသော စကားများအား ကြားလိုက်ရချိန်တွင် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က သူ၏ မရီးပြောခဲ့သော စကားများအား ပြန်တွေးမိလိုက်သည်။ သူသည် တုန်လှုပ်သွားကာ ကျောက်တုံးနောက်မှ လိမ့်ကျမတက် ဖြစ်သွားခဲ့သည်။

ထိုလူများ နည်းနည်း ဝေးသွားချိန်တွင် သူသည် တခြားဦးတည်ချက် တစ်နေရာသို့ ပြန်လှည့်ကာ ပြေးသွားလိူက်သည်။ ထိုလမ်းကြောင်းသည် ကလေးများ အသုံးပြုသော လမ်းဖြစ်ကာ ရွာသို့ ထိုသူများထက် ပို၍ မြန်စွာ ရွာကို ပြန်ရောက်မည် ဖြစ်သည်။

ဟူအာ့ဖန်၏ လက်အတွင်းမှ ပန်းများ လွတ်ကြခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ နာမည်သည် အာ့ဖန် ဖြစ်သော်လည်း အမှန်တကယ် မဝပဲ ပိန်လှီနေသည့် မျောက်ကလေး တစ်ကောင်ကဲ့သို့ ပင် ဖြစ်သည်။ သူသည် လျှင်မြန်စွာ ပြေးသွားခဲ့ကာ လမ်းတွင် ခဏခဏ လဲကျသွားခဲ့သေးသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး လဲကျသွားသည့်အတွက် ရွံများ ပေကျံနေခဲ့သည်။ လမ်းတွင် သူသည် တတိယအဒေါ်ဟူ၏ ကလေးနှစ်ယောက်ဖြင့် တွေ့သည်။ သူတို့သည် ဟူအာ့ဖန်အား တွေ့လိုက်ချိန်တွင် သူ့အား လှောင်ပြောင်ရန်ပင် အချိန်မရခဲ့ပေ။ ဟူအာ့ဖန်မှ အမောတကော ပြောသံအား ကြားလိုက်ရသည်။

“မြန်....မြန်.....မြန်မြန် လူကြီးတွေကို သွားရှာ အပြင်မှာ လူတစ်စု...... တစ်ခုခုလိုချင်နေတယ်”

ဟူအာ့ဖန်သည် သူ၏ ရင်ဘတ်အား ထုလိုက်ကာ အသက်ပြင်းပြင်းရှုလျှက် ဆက်ပြောလိုက်သည်။

“တစ်စုံတစ်ယောက်က မယ်ကံကောင်းမလေးကို လုယူချင်နေကြတယ်”

ကလေးနှစ်ယောက်သည် ထိုစကားအား ကြားချိန်တွင် သူတို့သည် အခြား မည်သည်ကိုမျှ ဂရုမစိုက်နိုင်တော့ပဲ လျှင်မြန်စွာ ပြေးသွားလိုက်ကြသည်။ သူတို့ထဲက တစ်ယောက်သည် သူ၏ အိမ်အား ပြန်ပြေးကာ နောက်တစ်ယောက်သည် အဖိုးအိုဝမ်၏ အိမ်သို့ ပြေးသွားလိုက်သည်။ လမ်းတွင်လည်း အခြားကလေးများဖြင့် ထပ်ကာ တွေ့ကြသည်။

“မြန်မြန် လူကြီးတွေကို ပြောလိုက်ကြ မယ်ကံကောင်းလေးကို လုယူခံလိုက်ရပြီ”

“မြန်မြန် အဖွားနဲ့ အခြားသူတွေကို သွားပြောကြ မယ်ကံကောင်းလေး အဖမ်းခံလိုက်ရပြီ”

ဤသို့ဖြင့် ကလေးများသည် သတင်းအား ဖြန့်လိုက်ကြကာ အပြေးအမြန်ဆုံး ကလေးသည် အမှန်ပင် အဖိုးအိုဝမ်၏ အိမ်သို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ ကလေးလေးသည် သူ၏ အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။

“မကောင်းတော့ဘူး မကောင်းတော့ဘူး မယ်ကံကောင်းလေး အစားခံလိုက်ရပြီ “

ခွမ်း

လျိုရှီ၏ လက်အတွင်း ကိုင်ထားသည့် သစ်သားအင်တုံသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကာ အထဲတွင် ထည့်ထားသည့် အဝတ်အစားများ အပြင်သို့ ထွက်ကျသွားခဲ့သည်။ အဖွားအိုဝမ်သည် ချက်ချင်း အိမ်အပြင်သို့ လျှောက်ထွက်လာခဲ့ကာ မယုံနိုင်စွာဖြင့် သူမ၏ ရင်ဘတ်အား ဖိထားရင်း မေးလိုက်သည်။

“ကလေး မင်း ဘာပြောလိုက်တယ်”

ကလေးလေးသည် ထိတ်လန့်သွားခဲ့ကာ အလျှင်အမြန် အော်ပြောလိုက်သည်။

“သူ.... သူတို့ အားလုံး ပြောတာက မယ်ကံကောင်းလေးကို ဖမ်းပြီး စားလိုက်ပြီလို့ ပြောကြလို့..... ပြီး..... ပြီးတော့ လူအများကြီး လာ...”

ကလေးများသည် သတင်းအား အလျှင်စလို ဖြန့်ဝေခဲ့ကြရသောကြောင့် လမ်းမှာတင် ကိုယ့်ဘာကိုယ် စိတ်ကူးပုံဖော်ကာ ဇာတ်လမ်း ပြင်ဆင်လိုက်ကြခြင်း ဖြစ်သည်။ ( ချစ်ဖို့လည်းကောင်း ရီလည်းရီချင် ဘယ်လိုကလေးတစ်သိုက်ပါလိမ့်နော် )

ကြံဖန်ကာ ပေါင်းစပ်ဖန်တီးထားသည့် အကြောင်းအရာသည် အမှန်တကယ်တွင် အမှန်တရားဖြင့် နီးစပ်နေခဲ့သည်။ အဖွားအိုဝမ် စကားမပြောမှီတွင် လျိုရှီသည် မြေပြင်ပေါ်မှ တုတ်အား ကုန်းကောက်လိုက်သည်။

“သူတို့ ဘယ်မှာလဲ သူတို့ ဘယ်မှာလဲ”

တစ်ခြား တောင်ကုန်းတစ်ခုတွင် အားယွီသည် ဆိတ်ပေါက်ကလေးဖြင့် ကစားနေခဲ့ကာ ဝမ်ဝူလန် နှင့်အတူ ပန်းများ ခူးယူနေခဲ့သည်။ ရုတ်တရက် တစ်စုံတစ်ယောက်သည် သူမ၏ နာမည်အား ခေါ်သံကို ကြားလိုက်ရသည်။

“အမ် အားယွီ မင်း အစားမခံလိုက်ရဘူးလား”

အားယွီလေးသည် မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်လိုက်သည်။

All Chapters