မြွေများ၏ ဒေါသ
Vol. 2 Ch. 27
နှင်းများ ပြိုကျသည့်အတွက် အားယွီလေး၏ ဆိတ်ပေါက် ကလေးမှလွဲ၍ ရွာထဲတွင် မွေးမြူရေး တိရစ္ဆာန်များ အကုန်လုံး သေဆုံးကုန်ကြသည်။ ရွာသူကြီးဟူ၏ မြည်းလှည်းမှ မြည်းအပါအဝင် ဖြစ်သည်။ မြည်းများ မရှိတော့ပဲ လှည်းသက်သက်သာ ကျန်ခဲ့တော့သည်။
ဆိတ်ပေါက်ကလေးသည် အားယွီလေး၏ နောက်သို့ တကောက်ကောက် လိုက်လေ့ ရှိကာ ဆိတ်ကလေးသည် အလွန် သေးငယ်သည့်အပြင် သူ၏ အရောင်သည်လည်း နှင်းကဲ့သို့ ဖြူဖွေးနေသောကြောင့် လူတိုင်းသည် သူ၏ တည်ရှိမှုအား အမြဲလိုလို လစ်လျူရှုမိသွားတတ်ကြသည်။ အရေးကြီးသော အခိုက်အတန့်တွင် ဆိတ်ကလေးသည် အလွန် ရဲရင့်ကာ သတ္တိရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။
မြွေများသည် မျိုးစိတ် အမျိုးမျိုး ဖြစ်ကြသည်။ အကြီးဆုံးသည် သုံးမီတာ ရှည်ကာ အသေးဆုံးအရွယ်သည် လက်မောင်း တစ်ဝက်ခန့် ရှိသည်။ တစ်ချို့က တုတ်ခိုင်ကာ တစ်ချို့က သေးငယ်သည်။ တချို့က မီးခိုးရောင် ဖြစ်ကာ တစ်ချို့က အထူးတလည် အရောင်အသွေး စုံလှပေသည်။
ရွာသားများသည် တောင်ပေါ်တွင် နေထိုင်သည့်အတွက် ပုံမှန်အားဖြင့် မြွေများအား မကြောက်ရွံကြချေ။ သို့သော် မြွေအကောင်ရည် ၁၀၀ကျော်ခန့်၏ တိုက်ခိုက်မှုများကို သူတို့ တောင်မခံနိုင်ကြတော့ပေ။ မြွေများကို ကြည့်လိုက်လျှင် အဆုံးမရှိတော့သည့် မြွေစီးကြောင်းကြီး တစ်ခုလို ထင်ရသည်။
“အား ငါ့ခြေထောက်”
“သူတို့ကို မြန်မြန် သတ်ပစ်”
“အား အမေရေ အမေ ကယ်ပါအုန်း”
ဟူမိသားစု ကျေးရွာမှ အမျိုးသားများသည် နောက်ဆုံးတွင် အလျှင်အမြန် ရောက်ရှိလာကြသည်။ သို့သော် သူတို့သည် ထိုမြင်ကွင်းအား မြင်သော် သူတို့၏ ဦးခေါင်းမှ ဦးရေပြားများစပ်ဖျဉ်းဖျဉ်း ဖြစ်သွားခဲ့သည်။ အဖိုးအိုဝမ်၏ အိမ်ခြံဝင်းအတွင်း သေးငယ်သည့် ဆင်ခြေလျှောတစ်ခု၏ ဘေးတွင် ရှန်ယန်းရွာမှ လူများဖြင့် ပြည့်နှက်နေခဲ့သည်။ သူတို့၏ နောကတွင် ရှန်ယန်းရွာမှ တခြား အမျိုးသားသည် ပြေးလွှားနေခဲ့ကြသည်။
မြွေအုပ်ကြီးသည် သူတို့၏ နောက်သို့လိုက်ကာ သူတို့၏ ခြေထောက်များအား လိုက်လံ ကိုက်ခဲနေကြသည်။ မြွေအချို့သည် ခေါင်းများ ပြားကာ သေဆုံးနေသလို တချို့မြွေများသည်လည်း တံဇဉ်နှင့် အပိုင်းခံရ၍ သေဆုံးသွားကြသလို အချို့မြွေများသည် လွှင့်ပစ်ခံလိုက်ရသည်။ သို့သော် မြွေအများစုသည် လူများအား ဝိုင်းရံထားကာ ကိုက်ခဲရန်အတွက် အခွင့်ရေးကို ချောင်းမြောင်းစောင့်ဆိုင်းနေကြသည်။
ပေါ့ပါးလျှင်မြန်လှသည့် မြွေအချို့သည် ထိုသူများ၏ ခြေထောက်များ လက်များအား ရစ်ပတ်ထားကြသည်။ ဟူမိသားစုကျေးရွာမှ အမျိုးသမီးများသည် မြွေများအား မြင်သော် ထိတ်လန့်တုန်လှုပ်သွားကြကာ အမျိုးသားများ ရှိသည့် ဘက်သို့ ဆုတ်ခွာသွားကြသည်။ ရွာသူကြီးဟူသည် အသက်ကြီးနေပြီ ဖြစ်သောကြောင့် ခဏကြာမှ ပြေး၍ ရောက်ရှိလာခဲ့သည်။ သူ ရောက်လာချိန်တွင် ရွာသားများ ထိခိုက်ထားသည်ကို ဦးဆုံး မြင်လိုက်ရသည့်အတွက် အေးစက်စွာ ပြောလိုက်သည်။
“သမားတော်ဟူအိမ်ကို ထိခိုက်မိတဲ့သူတွေကို အရင် ခေါ်သွားကြ”
ဒဏ်ရာမရှိသော သူများသည် ဒဏ်ရာရရှိသူများအား ပွေ့ချီသယ်ဆောင်၍ တစ်မျိုး တွဲထူကာ ကျောပိုး၍ တစ်ဖုံ သမားတော်ဟူ၏ အိမ်သို့ ခေါ်ဆောင်သွားကြသည်။ ကျန်နေသော သူများသည် သူတို့၏ လက်နက်များအား ဆက်လက်ကိုင်ဆောင်ထား၍ မည်သို့ လုပ်ရမည်ကို မသိတော့ပဲ ရှိနေခဲ့သည်။
သူတို့သည် ကျူးကျော်လာသူများ၏ ရှေ့သို့ သွားကာ ရိုက်နှက်ထိုးခုတ်ချင်စိတ်များ ရှိသော်လည်း ထိုသူများ မြွေကိုက်ခံထားရသည့်အတွက် ဆိုးဆိုးရွားရွား ဒဏ်ရာ အပြင်းထန်ရသည်ကို မြင်သော် မလုပ်ရက်ကြတော့ပေ။
“ဟူး ဒီလောက်မြွေ အများကြီး ဘယ်ကနေ ရောက်လာတာလဲ”
ရွာသူကြီးဟူသည် သွားများပင် ကျိန်းလာသကဲ့သို့ ခံစားလိုက်ရကာ ဆက်လက်၍ မကြည့်ချင်တော့ပေ။
“အဲ့ဒါက ....... အဖိုးဝမ်အိမ်က အားယွီများလား မဟုတ်ဘူး ဆိတ်ပေါက်ကလေးများလား ဒါပေမဲ့ အဲ့လိုလဲ မဟုတ်ပြန်ဘူး...”
ရွာသူကြီး၏ ဘေးနားမှ လူသည်လည်း မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ ယုတ္တိကျကျ ပြောဆိုရလျှင် ရာသီဉတုသည်အေးနေဆဲဖြစ်သည်။ ထို့အတွက် မြွေများ အပြင်သို့ ထွက်မလာသင့်သေးပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့ ပြန်လည်စဉ်းစားကြည့်လိုက်လျှင်လည်း အရင်တစ်ခေါက်က စပါးအုံးမြွေကြီး ပေါ်လာချိန်တွင်လည်း ရာသီဉတု အေးခဲနေဆဲ ဖြစ်နေသေးသည်။
“အားယွီ”
ရွာသူကြီးဟူသည် အားယွီလေးအား ကြည့်ကာ နူးညံ့စွာ ခေါ်လိုက်သည်။ အားယွီလေးသည် မီးပွားလေး တစ်ခုလို အဖွားအိုဝမ်၏ ရှေ့သို့ အပြေးအလွှား ရောက်ရှိလာခဲသည်။ သူမသည် အဖွားအိုဝမ်၏ လက်အား ကိုင်ဆွဲကာ ဟိုကြည့်ဒီကြည့် လုပ်နေခဲ့သည်။ သူမသည် အဖွားအိုဝမ်၏ အကျီ နှင့် ဘောင်းဘီအား ကြည့်ကာ အဖွားအို ဒဏ်ရာရမရအား စစ်ဆေးနေခဲ့သည်။
အဖွားအိုဝမ်သည် အစက အလွန်အမင်း ဒေါသများ ထွက်နေခဲ့ကာ မြွေများ ရောက်လာသည်အား မြင်သော် အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သို့သော် ယခုတွင် သူမသည် မြွေများ ရောက်လာသည်အား ဝမ်းသာပျော်ရွှင်နေခဲ့သည်။ သူမသည် အားယွီအား ချီလိုက်ကာ ပြောလိုက်သည်။
“အဖွား ဘာမှ မဖြစ်ပါဘူး အဖွား မထိခိုက်ဖူးနော် “
အားယွီလေးသည် နှုတ်ခမ်းလေးအား ဆူလိုက်ကာ ပြောလိုက်သည်။
“ဟို လူဆိုးကြီးတွေ”
သူမသည် သူ၏ သေးငယ်သော လက်ကလေးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကာ သွားသေးသေးလေးများကိုလည်း တင်းတင်းကြိတ်ထားလိုက်သည်။ ထိုသူများသည် အလွန် ဆိုးရွားကာ ကြောက်စရာကောင်းပေသည်။ အဒေါ်သုံးတွင် သွေးများစွာ ထွက်နေသောကြောင့် အကိုကြီးသည် သမားတော်ဟူထံသို့။ သူမအား သယ်ဆောင်သွားခဲ့သည်။
“အားယွီ”
ရွာသူကြီးဟူသည် ထပ်မံ၍ ခေါ်လိုက်ပြန်သည်။ အားယွီလေးသည် လှည့်ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“ဖိုးဖိုး ရွာသူကြီး”
“အားယွီ ဒီမြွေတွေ ဘယ်ကနေ ရောက်လာတာလဲ ကလေးလေး”
အားယွီလေးသည် သူမ၏ လက်ကလေးအား လွှတ်လိုက်ကာ အကျီထောင့်နားလေးအား လိမ်နေလိုက်သည်။ သူမသည် ဖိုးဖိုး ရွာသူကြီးအား အမှန်ပြောသင့် မပြောသင့် မသိခဲ့ပေ။
(မပြောနဲ့နော် မပြောနဲ့ မင်းကို မကောင်းဆိုးရွားဆိုပြီး မှတ်ပြီး မီးရှို့ကြလိမ့်မယ် မင်း အမေနဲ့ အဖွားကို နောက်ထပ် ပြန်မတွေ့ရတော့ပဲ နေလိမ့်မယ်)
အသားလုံးလေးသည် အလွန် စိုးရိမ်နေခဲ့သည်။ ထို မြွေများ ရောက်လာမှုသည် အမှန်တကယ် မတော်တဆမှု ဖြစ်သွားခြင်း ဖြစ်သည်။ အားယွီ၏ အမေဖြစ်သူသည် ပြေးလာရင်း သူမသည် မတော်တဆ မြွေသိုက်တစ်ခုအား နင်းမိခဲ့သည်။ မြွေများလှုပ်ရှားမှုအား အာရုံခံစားမိသော အခါ သူသည် ၎င်းတို့အား အားယွီအား ကယ်တင်ပေးရန် ပြောခဲ့ခြင်း ဖြစ်သည်။ စိတ်ဝိဉာဉ် စမ်းရေအပြင် နေရာလွတ် အတွင်း အချိန်တစ်ခု အကြာ ပျိုးထောင်ထားသည့် ဝိဉာဉ်သစ်သီးများလည်း ရှိနေခဲ့သည်။ ထိုအသီးများသည် အရင် အားယွီ အဖွားအိုဝမ်အား ပေးခဲ့ဖူးသည့် အသီးများနှင့် အတူတူပင် ဖြစ်သည်။
စုစုပေါင်း အသီး ၁၀လုံးသာ ရှိသည်။ တစ်ချို့ကို စားလိုက် ဝေလိုက် လုပ်လိုက်ပြီးနောက် ၆လုံးသာ ကျန်ရှိတော့သည်။ အားယွီလေးအား အသားလုံးသည် မြွေများအား မြှားခေါ်ရန် အတွက် အသီး တစ်လုံးသာ ပစ်လိုက်ရန် ပြောလိုက်သော်လည်း အားယွီလေးသည် အသီး အားလုံးအား ပစ်ပေးလိုက်သည်။တစ်ဖက်တွင် မြက်စားနေသည့် ဆိတ်ပေါက်လေးသည် ထိုအရာအား မြင်သော် ချက်ချင်း အသီး ၅လုံးအား ဖမ်းယူ မျိုချလိုက်သည်။ အသီး တစ်လုံးထဲသာ မြွေသိုက်ထဲသို့ တည့်မတ်စွာ ကျသွားခဲ့သည်။ ချက်ချင်းဆိုသလို မြွေများသည် ရုန်းရင်းဆန်ခတ် ဖြစ်သွားခဲ့သည်။
ဆိတ်ပေါက်ကလေးသည် ဝိဉာဉ်သစ်သီးများအား စားလိုက်ပြီးနောက်တွင် စိတ်တက်ကြွကာ အရူးလို ခုန်ပေါ်ကနေခဲ့သည်။ နောက်ဆုံးတွင် အကြောင်းပြချက် အချို့ကြောင့် မြွေများသည် ဆိတ်ကလေး၏ စကားအားး နားထောင်လာကြသည်။
ဆိတ်ပေါက်ကလေးသည် အားယွီအား သယ်ဆောင်ကာ မြင်းရိုင်းတစ်ကောင်လို ရွာဘက်သို့ အလျှင်အမြန် ပြန်ပြေးတော့သည်။ လျှင်မြန်ရုံတင်မကပဲ အားယွီသည် လူဆိုးကြီးများ အိမ်သို့ ရောက်နေသည်ဟု အော်ပြောလိုက်ချိန်တွင် သူသည် ရုတ်ချင်းပင် မြွေများအား ခေါ်ဆောင်လာခဲ့ကာ ရှန်ယန်းရွာမှ လူများအား တိုက်ခိုက်ခိုင်းလိုက်ခြင်း ဖြစ်သည်။ ဝမ်ဝူလန်နှင့် လျိုရှီသည်လည်း မည်သို့မှ မတုံ့ပြန်နိုင်ကြပါချေ။
အားယွီသည် ထိုကဲ့သို့ ရှုပ်ထွေးလှသည့် ကိစ္စအား မရှင်းပြတတ်ပေ။ ရွာသားများသည် တုံးအကြသည်။ အကယ်၍ သူတို့သည် သူမအား မကောင်းဆိုးရွားဟု ထင်မှတ်သွားကြလျှင် မည်သို့ လုပ်ကြမည်နည်း။
“အားယွီ”
အားယွီ ပြန်မဖြေသည်ကို မြင်လျှင် ရွာသူကြီးဟူသည် လေသံအား နှိမ့်ကာ ထပ်မံ၍ မေးမြန်းလိုက်သည်။
“သမီး သမီး မသိဘူး”
သူမသည် အမှန်တကယ် နားမလည်ခဲ့ခြင်း ဖြစ်သည်။
ဝမ်ဝူလန် ဝင်ပြောချင်သော်လည်း လျိုရှိသည် သူ၏ ပခုံးအား ပုတ်လိုက်သည်။ သူသည် တစ်စုံ တစ်ခု မှားယွင်း ပြောမိမည်ကို စိုးရိမ်မိသည့်အတွက် လျှင်မြန်စွာ သူ၏ ပါးစပ်အား ပိတ်လိုက်သည်။
“ဝူး ဝူး”
“ငါတို့ မှားသွားပါတယ်”
“ငါတို့ကို သွားခွင့်ပြုပါ အား”
“ကျွန်တော် မသေချင်သေးဖူး အမေရေ ကယ်ပါအုန်း”
ရှန်ယန်းရွာသားများ၏ အော်သံများသည် ကျယ်လောင်သထက် ကျယ်လောင်လာခဲ့သည်။ မြွေများသည် မသန်မာပါချေ။ ထို့အပြင် အများစုသည် နေရာမှာတင် အသတ်ခံလိုက်ရသည်။ သို့သော် မြွေအချို့သည် အဆိပ်ပြင်းသည့်အတွက် အကိုက်ခံရသည်များသည် မလှုပ်ရှားနိုင် ဖြစ်သွားကြသည်။
ရှန်ယန်းရွာသားများ တစ်ယောက်ပြီဂ တစ်ယောက် မြေပြင်ပေါ်တွင် လဲကျသွားကြသည်။ ရှန်ယန်းရွာသူကြီးသည်ပင် ညာဘက်ခြေထောက်နှင့် လက်မောင်းများတွင် အဆိပ်သင့်နေသည့်အတွက် သူ၏ ခန္ဓာကိုယ် တစ်ခြမ်းသည် ထုံကျင်နေခဲ့ကာ စကားမပြောနိုင်တော့ပဲ မြေပြင်ပေါ်တွင် လဲကျနေခဲ့ကာ အသက်ပြင်းပြင်း ရှုရှိုက်နေခဲ့ရသည်။ ရှန်ယန်းရွာမှ လူများ အားလုံးသည် အားယွီလေးအား ကြည့်လိုက်ကြသည်။
ဒီကလေးမလေးပဲ ဖြစ်ရမယ် သူ အော်လိုက်ပြီးမှ မြွေတွေ ရောက်လာခဲ့တာ
သူက မြွေတွေကို ခေါ်လာတာပဲ ဖြစ်ရမယ်
သူက မကောင်းဆိုးရွားပဲ ဖြစ်ရမယ် ဟုတ်တယ် မလား သူက မြွေတွေကို ဘယ်လို ထိန်းချုပ်ရမလဲ သိနေတယ် အကယ်လို့ သူ့ကိုမှ မကောင်းဆိုးရွားလို့ မပြောရင် ဘာ ဖြစ်နိုင်အုန်းမှာလဲ
“ကျေးဇူးပြုပြီး”
အကိုက်ခံရသူ တစ်ဦးသည် မြေပြင်ပေါ်တွင် လဲနေခဲ့သည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ရွံများ သွေးများဖြင့် ရောနှောနေခဲ့ကာ သူအား မြင်ရသည်မှာ အတော်ပင် သနားစရာ ကောင်းနေခဲံသည်။ သူသည် သူ၏ ခြထောက်အား မခံစားရတော့ပဲ မြေပြင်ပေါ်တွင် တွားသွားနေခဲ့သည်။
သူသည် သူ၏ ဦးခေါင်းအား ကြိုးစား မြှောက်ကာ အားယွီအား ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ နီရဲနေခဲ့ကာ မျက်ရည်များ ဝဲနေခဲ့သည်။
“ကျေးဇူးပြုပြီး ကျွန်တော်တို့ကို လွှတ်ပေးပါ ကျွန်တော့်သား အားကုံးလေးက အဖေမရှိရင် အသက်မရှင်နိုင်တော့ဘူး သူ မနေနိုင်ဘူး......”
သူသည် အစောပိုင်းကာလများတွင် ကလေးတစ်ဦးတစ်ယောက်ကိုမှ မစားခဲ့ဖူးခဲ့ပေ။ သို့သော် သူမလာခဲ့လျှင် သူ၏ တစ်ဦးတည်းသောသားလေး အားကုံးအား စတေးရပေတော့မည်။
အားကုံးလေးသည် သုံးနှစ်သာ ရှိသေးကာ မည်သည်ကိုမှလည်း နားမလည်ရှာသေးပေ။ အကယ်၍ သူသာ ပြန်မသွားနိုင်ခဲ့လျှင် သူတို့သည် သေချာပေါက် ကလေးငယ်အား စားပစ်ကြမည် ဖြစ်သည်။ သူသည် ဒီနေရာတွင် မသေနိုင်ပါချေ။
“ငါ တောင်းပန်ပါတယ် “
ထိုလူသည် အားယွီအား ကြည့်လိုက်သည်။ အားယွီလေးသည် ထိုကဲ့သို့ အကြည့်မျိုး မည်သို့သော အချိန်ကမှ မမြင်ခဲ့ဖူးပေ။ သူမလေးသည် ရုတ်တရက် ကြောက်လန့်ကာ တုန်လှုပ်သွားခဲ့သည်။
အဖွားအိုဝမ်သည် အားယွီလေး၏ မျက်လုံးများအား ချက်ချင်း လက်ဖြင့် အုပ်လိုက်ကာ ထိုလူအား လှောင်ပြောင်လိုက်သည်။
“အခုမှ နင် နောင်တရတာလား ဘာလို့ အစောထဲက နောင်တ မရတာလဲ နင်တို့ အိုကြီးအိုမတွေနဲ့ အားနည်းတဲ့ သူတွေအပေါ် အနိုင်ယူ ဗိုလ်ကျနေတုန်းကကျတော့ ငါတို့ မိသားစုမှည်လည်း ပြုစုစောင့်ရှောက်ရမဲ့ ကလေးတွေ ရှိတာကို မတွေးမိဘူးလား ငါတို့မှာလည်း ပြန်ရမဲ့ အိမ် ရှိတယ်ဆိုတာကို မတွေးမိဘူးလား”
ဟူမိသားစုကျေးရွာမှ လူများသည်လည်း ဝိုင်းဝန်း ပြောဆိုကြတော့သည်။
“အခု နင်က ကလေး တစ်ယောက်ကို တွန်းအား အကျပ်ကိုင်နေတာလား ဘာလို့လဲ ကလေး တစ်ယောက်က ရှင်တို့ကို ခုလို လုပ်နိုင်တယ်လို့ ထင်နေတာလား “
“ဒါက ကိုယ်စိုက်တဲ့ အပင်က အသီးကို ကိုယ်ပြန်စားရတာပဲ ဝဋ်လည်တာလို့ ခေါ်တယ်”
“လူသားစားတဲ့ တိရစ္ဆာန်တွေ ဒါနဲ့ပဲ ထိုက်တန်တယ်”
ရွာသူကြီဂဟူသည် ထိုသူများ၏ သနားစရာ အခြအနေများအား မြင်သော် အခါ သူ၏ နှလုံးသားထဲမှ သက်ပြင်းချလိုက်ကာ အားယွီလေးအား ပြန်ကြည့်လိုက်မိသည်။ အားယွီလေးသည် သူမ၏ နှုတ်ခမ်းလေးအား ဆူကာ အဖွားအိုဝမ်အား ကြည့်လိုက်သည်။ သူမ၏ လေသံသည် အနည်းငယ် မကျေမနပ်ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။
“ဖွားဖွား သူတို့က ဖွားဖွားကို အနိုင်ကျင့်တယ်”
သူတို့သည် အဖွားအား အနိုင်ကျင့်သလို သူမ၏ အစ်ကိုများ နှင့် အဒေါ်၃အားလည်း သွေးထွက်အောင် လုပ်ကြသေးသည်။
သူမသည် အမှန်တကယ်ကို ဒေါသထွက်ပေသည်။
ထိုအချိန်တွင် တခြားသော် လူတစ်စု ထပ်ရောက်လာခဲ့သည်။ သူတို့သည် ဟူမိသားစုကျေးရွာမှ ရွာသားများ၏ နောက်မှ ရောက်လာခြင်း ဖြစ်သည်။ လူငယ်တစ်ယောက်သည် အသက်ကြီးသည့် လူကြီး တစ်ဦးအား ကူညီ၍ တွဲကာ လျှောက်လာခဲ့သည်။ ထိုသူများသည် ရှန်ယန်းရွာမှ ရွာသားမျာ၏ မိသားစုများ ဖြစ်ကြသည်။ သူတို့သည် ဟူမိသားစုကျေးရွာ ဆီသို့ အလျှင်အမြန် လိုက်ကလာကြခြင်း ဖြစ်သည်။
ထိုလူများသည် သူတို့၏ အမျိုးသားများ ကလေးများနှင့် ညီအစ်ကို မောင်နှမများအား၏ အခြေအနေအား အဝေးမှ လှမ်းမြင်နေခဲ့ကြသည်။ သူတို့၏ လူများအား မြွေအုပ်၏ လိုက်လံ တိုက်ခိုက် ခံနေရကာ အလွန်အမင်း သနားစရာကောင်းနေသည့် အခြေအနေရောက်နေသည်အား မြင်လိုက်ကြရသည်။
“ယောကျ်ား”
ငယ်ရွယ်သည့် အမျိုးသမီး တစ်ဦးသည် သူမ၏ အမျိုးသားအား မြင်သော် အော်ဟစ်လိုက်ကာ အပြေးအလွှားသွားရန် လုပ်လိုက်သည်။
“တိတ်စမ်း”
သူမ၏ ဘေးမှ လူတစ်ယောက်သည် သူမအား လှမ်းဆွဲလိုက်ကာ နောက်သို့ ပို့လိုက်သည်။ ရှေ့ဆုံးမှ အဖိုးအိုသည် နောက်မှ လူများအား လှည့်၍ပင် မကြည့်ချေ။ ထိုအစား သူသည် ဟူမိသားစု၏ ရွာသားများ၏ ကျောက်ခဲများ ပြည့်နှက်နေသည့် လမ်းပေါ်တွင် ဖြေးညှင်းစွာ ဒူးထောက်ချလိုက်သည်။
“ကျေးဇူးပြုပြီး သူတို့ကို သွားခွင့်ပေးလိူက်ပါဗျာ ကျုပ်တို့ ခင်ဗျားတို့ကို စိတ်ပျက်စေမိပါပြီ ကျုပ် ဝမ်လောင်စန်း ဒီနေရာကနေ ခင်ဗျားတို့ကို တောင်းပန်ပါတယ်”
ကျန်သော သူများသည်လည်း မည်သည့် စကားမှ မဆိုတော့ပဲ ဟူမိသားစု ရွာသားများ၏ ရှေ့တွင် ဒူးထောက်ချလိုက်ကြသည်။