← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အပိုင်း ( 406 )

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲ

နောက်တစ်နေ့ အစာစားချိန်သို့ ရောက်ရှိလာပြန်သည်။

နဂါးသားရဲကြီးသည် သူ၏ ကိုယ်ပိုင်ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် အစစ်အမှန် နတ်သားရဲကို ထုတ်ယူလိုက်သည်။

၎င်းသည် ကြွက်သားများ ပေါကြွယ်ဝသည့် ကျားနက်နတ်သားရဲဖြစ်ပြီး၊ အတော်လေး ကိုက်စားရကောင်းနေခဲ့သည်။

“ အစစ်အမှန် နတ်သားရဲတစ်ကောင်က ထင်ထားတဲ့အတိုင်းပဲ၊ အရသာက ရှယ်ပဲဟေ့ “

နဂါးသားရဲကြီးသည် အရသာကို ခံစားကြည့်နေရင်း စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။

အစစ်အမှန် နတ်သားရဲတစ်ကောင်၏ တန်ဖိုးသည် ၎င်း၏ အရသာမဟုတ်ဘဲ၊ ၎င်းက ယူဆောင်ပေးလာခဲ့သည့် တိုးတက်မှုများ ဖြစ်သည်။

“ အေ့ ~~~ “

နဂါးသားရဲကြီးသည် ပါးစပ်အပြည့် အသားများ မျိုချလိုက်သည်၊ ၎င်းတို့သည် အစာပြွန်မှတစ်ဆင့် အစာအိမ်ထဲသို့ ရောက်ရှိသွားပြီး၊ ကြွယ်ဝသော စွမ်းအင်များအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားကာ သူ၏ ခြေလက်နှင့် အရိုးများဆီသို့ ရောက်ရှိသွားခဲ့သည်။

ချက်ချင်းဆိုသလိုပင် ကြောက်စရာကောင်းသည့် အစွမ်းထက် စိတ်ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ အလေးချိန်တူညီတဲ့ အစစ်အမှန် နတ်သားရဲတစ်ကောင်မှာ ပါဝင်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်က အဆင့်မြင့် နတ်သားရဲထပ် ဆယ်ဆလောက်သာတယ် “

၎င်းမှာ အစစ်အမှန် နတ်သားရဲက နဂါးသားရဲကြီးကို ကြီးကြီးမားမား တိုးတက်သွားစေမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

“ ဒါပင်မဲ့ လုံခြုံဘေးကင်းဖို့အတွက် ဒီရက်ပိုင်းမှာ အစားလျှော့စားရမယ် “

နဂါးသားရဲကြီးသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းရှိရာဘက်သို့ လှမ်းကြည့်ကာ စားသောက်နေခြင်းကို ရပ်တန့်လိုက်သည်။

အစစ်အမှန် နတ်သားရဲက ယူဆောင်ပေးလာသည့် တိုးတက်မှုသည် အလွန်တရာ ကြီးမားနေခဲ့သည်၊ အကယ်၍ သူ၏အလေးချိန်ကသာ ကီလိုဂရမ် ၁၀၀၀၀တိတိ နေ့စဥ်နေ့တိုင်း ဆက်တိုက် တိုးတက်လာမည်ဆိုပါက၊ သူသည် မနက်ဖြန်တွင် ပဥ္စမအဆင့်သို့ ရောက်ရှိသွားနိုင်လေသည်။

သို့သော် ထိုကဲ့သို့သာ ဖြစ်ပေါ်လာမည်ဆိုပါက သူသည် ဤနေရာတွင် ဆက်နေနိုင်တော့မည် မဟုတ်တော့ပေ။

စားသောက်မှု ပြီးဆုံးသွားသည့်နောက်တွင် ကျယ်လောင်သော အသံတစ်သံသည် နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်းပေါ်ထွက်လာခဲ့သည်။

သန့်စင်သော စွမ်းအင်များသည် သူ၏ကလီစာငါးခုထဲသို့ တိုးဝင်လာခဲ့သည်။

သန့်စင်သော လျှို့ဝှက်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်စီးဆင်းနေသောကြောင့် ကလီစာငါးခု လှုပ်ခါသွားခဲ့သည်၊ ၎င်းသည် သွေးကြောမှတ်များကို ကျော်ဖြတ်သွားကာ သူ၏အရှိန်အဝါကို လျင်မြန်စွာ မြင့်တက်လာစေခဲ့သည်။

“ အဆင့်၄ကို ရောက်လာခဲ့ပြီးတဲ့နောက်မှာ တိုးတက်မှုတစ်ခုချင်းစီတိုင်းက ကလီစာငါးခုကို အားဖြည့်ပေးပြီးတော့ သူတို့ထဲမှာရှိတဲ့ လျှို့ဝှက်စွမ်းအားကို ပိုပြီးတော့ အားကောင်းသွားစေတာပဲ “

နဂါးသားရဲကြီး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

ကလီစာငါးခု၏ လျှို့ဝှက်စွမ်းအား အားကောင်းလာခြင်းသည် နတ်စွမ်းရည်များက အားကောင်းလာရုံတင်မဟုတ်ဘဲ၊ သူ၏ ကောင်းကင်ဘုံနဂါး ပြောင်းလဲမှုငါးသွယ်ကလည်း အဆင့်တက်တော့မည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

၎င်းမှာ အလုံးစုံ တိုးတက်မှုဖြစ်သည်။

နဂါးသားရဲကြီးသည် စနစ်၏မျက်နှာပြင်ကို ဖွင့်ကြည့်လိုက်သည်။

အဆင့် : စတုတ္ထအဆင့် အဆင့်၅ ( ၁၀% )

အသားတင် အလေးချိန် : ၆၅၀၂၈.၅ ကီလိုဂရမ်

“ ဒီနေ့တော့ အဆင့်တစ်ဆင့်နဲ့ ကီလိုဂရမ် ငါးထောင် တိုးလာခဲ့တယ် “

အဆိုပါ တိုးတက်မှု အမြန်နှုန်းသည် အလွန်ပင် မြန်ဆန်လွန်းနေခဲ့သည်။

“ နောက်ရက်တွေမှာတော့ အဆင့်၅ကို ရောက်မသွားအောင် နည်းနည်းလေးထိန်းစားရမယ်၊ ရှေးဟောင်းဂူသင်္ချိုင်းထဲက တစ်ယောက်ယောက် ထွက်လာမလားဆိုတာကို စောင့်ကြည့်ရမယ် “

နဂါးသားရဲကြီးမှာ တိတ်တဆိတ် စီစဥ်ပြင်ဆင်နေတော့သည်၊ သူသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းအတွင်းရှိ အကျိုးအမြတ်များကြောင့် အနည်းငယ် ဆွဲဆောင်ခံနေရသည်။

…

ဤရက်များအတွင်း၌ နဂါးသားရဲကြီးသည် မည်သည့်နေရာမှမသွားဘဲ ချိုင့်ဝှမ်းအတွင်းမှာပင် ကျောက်ချထိုင်နေခဲ့သည်။

အစားတစ်နပ်စားခဲ့ပြီးသည့် အချိန်တိုင်းတွင် သူ၏အဆင့်သည် တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

စတုတ္ထအဆင့် အဆင့်၅၊ စတုတ္ထအဆင့် အဆင့်၆၊ စတုတ္ထအဆင့် အဆင့်၇ ………..

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၈ရက်တာ ကျော်လွန်သွားခဲ့သည်။

အဆင့် : စတုတ္ထအဆင့် အဆင့်၁၀ ( ၉၀%)

အသားတင် အလေးချိန် : ၉၄၀၂၈.၅ ကီလိုဂရမ်

“ ၈ရက်ကုန်သွားပြီ၊ ငါ့ရဲ့အလေးချိန်ကလည်း နှစ်ဆနီးပါးဖြစ်လာပြီ “ နဂါးသားရဲကြီးမှာ တွေးတောစဥ်းစားနေတော့သည် “ အဆင့်၅ကို ရောက်ဖို့က ၁၀%ပဲ လိုတော့တယ် “

သူသည် သူ့ကိုယ်တွင်းရှိ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ခံစားမိကာ အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းနေတော့သည်။

ယခုလက်ရှိ သူမှာ လွန်ခဲ့သော ၈ရက်က သူ့ကို ရင်ဆိုင်ရကာ ကိုယ့်ကိုကိုယ် တိုက်ခိုက်မည်ဆိုပါက၊ လက်သီးထိုးချက်တစ်ခုတည်းဖြင့် သတ်ဖြတ်နိုင်မည် ဖြစ်သည်။

လူသားတို့၏ စကားလုံးဖြင့် ပြောရမည်ဆိုပါက သူသည် စတုတ္ထအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

အစောပိုင်း စတုတ္ထအဆင့် (သို့) အလယ်အလတ် စတုတ္ထအဆင့်တို့နှင့် ယှဥ်လိုက်မည်ဆိုပါက ခွန်အား/စွမ်းအားသည် အနည်းဆုံးအနေဖြင့် ဆယ်ဆမျှ ကွာဟနေမည် ဖြစ်သည်။

နဂါးသားရဲကြီးသည် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကို ကြည့်ကာ၊ အတွေးများ လှုပ်ခတ်သွားခဲ့သည်၊ သူ့အရှေ့ရှိ ဟင်းလင်းပြင်ထံမှ တဝီဝီ အော်မြည်သံများ ပေါ်ထွက်လာခဲ့ကာ၊ သေးငယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့သည်။

ယခုလက်ရှိအချိန်၌ ဟင်းလင်းပြင်စွမ်းရည်အပေါ်တွင် ရှိနေသည့် သူ၏ ထိန်းချုပ်မှုသည် အံ့ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

တွေးလိုက်ရုံဖြင့် ရာပေါင်းများစွာရှိသည့် သေးငယ်သော ဟင်းလင်းပြင် အက်ကွဲကြောင်းများ ဖြစ်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင်း အက်ကွဲကြောင်းများက သေးငယ်နေသော်လည်း၊ ၎င်းတို့ကို ထိန်းချုပ်ရန်မှာ မီတာ၁၀၀ရှိသည့် အက်ကွဲကြောင်းကို ထိန်းချုပ်ရခြင်းထပ် ပိုမိုခက်ခဲနေခဲ့သည်။

မီတာ ၁၀၀ရှိသည့် အက်ကွဲကြောင်းက အထင်ကြီးဖွယ်ကောင်းသော်လည်း၊ အစွမ်းထက် ရန်သူတစ်ဦးသည် ၎င်းကို အလွယ်တကူ ရှောင်ရှားနေနိုင်သေးသည်။

သို့ရာတွင် သေးငယ်သည့် အက်ကွဲကြောင်းများကမူ ထောက်လှမ်းရ ခက်ခဲပြီး ပြိုင်ဘက်များကို တိတ်တဆိတ် ဖြိုခွင်းနိုင်စွမ်းရှိသည်။

သူသည် သူ၏နဂါးလက်သည်းဖြင့် အရှေ့သို့ ပြင်းထန်စွာ ကုတ်ဆွဲလိုက်သည်။

“ ဆုတ်ဖြဲ !!! “

ချက်ချင်းဆိုသလိုပင် အဝေးရှိ ကောင်းကင်ယံတွင် လိုက်ကာပွင့်ဟသွားသကဲ့သို့ မီတာ ၅၀၀ရှိသည့် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ကာ၊ ကောင်းကင်ပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။

“ ဒီလို ဟင်းလင်းပြင် အက်ကွဲကြောင်းမျိုးက အဆင့်၅နယ်ပယ်က အဆင့်မြင့် နတ်သားရဲတစ်ချို့ကိုတောင် ရှင်းထုတ်နိုင်တယ် “

ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည့် ဟင်းလင်းပြင် အက်ကွဲကြောင်းကို ကြည့်နေရင်းဖြင့်၊ နဂါးသားရဲကြီး၏ ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအင်တစ်ခု မြင့်တက်လာခဲ့သည်။

ယခုလက်ရှိ နဂါးသားရဲကြီးသည် လမ်းလျှောက်နေသော မီးတောင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။

ငြိမ်သက်နေချိန်တွင် မည်သည့်ကိစ္စမှ ဖြစ်ပျက်လာမည်မဟုတ်သော်လည်း၊ လှုပ်ရှားလာသည့် အချိန်တွင် ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့ကို လှုပ်ခါသွားစေမည် ဖြစ်သည်။

သို့ရာတွင် …… ကြောက်မက်ဖွယ်ကောင်းသည့် အဆိုပါ စွမ်းအင်သည် နဂါးသားရဲကြီးကို စိတ်မသက်မသာဖြစ်သွားစေခဲ့သည်။

“ ငါ့ရဲ့ စွမ်းအားက အဆင့်၅နားကို ကပ်နေပြီ၊ ကြည့်ရတာတော့ ဒီကမ္ဘာကြီးက ငါ့ကို ဆန့်ကျင်နေတဲ့ပုံပဲ ”

အဆိုပါ ခံစားချက်သည် နဂါးသားရဲကြီး၏ မျက်ခုံးများကိုပင် တွန့်လိမ်သွားစေခဲ့သည်။

သူသည် ဤနေရာတွင် ပဥ္စမအဆင့်သို့ ထိုးဖောက်လိုက်မည်ဆိုပါက၊ ကြောက်စရာကောင်းသော ကပ်ဘေးတစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု ခံစားနေခဲ့ရသည်။

ယခုလက်ရှိ သူ၏စွမ်းအားဖြင့်ပင် ဤကပ်ဘေးမျိုးကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ နောက်တစ်ရက်လောက် ထပ်စောင့်တာပေါ့၊ ရှေးဟောင်းဂူသင်္ချိုင်းထဲက ဘယ်သူမှ ထွက်မလာဘူးဆိုရင်တော့၊ ထွက်သွားမှဖြစ်မယ် “

ဤ၈ရက်အတွင်း၌ သူသည် သူ၏ နယ်ပယ်ကို ဆက်တိုက်ဖိနှိပ်နေခဲ့ရသည်၊ ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက သူသည် ပဥ္စမအဆင့်သို့ လွန်ခဲ့သော ရက်ပိုင်းထဲက ရောက်ရှိနေခဲ့မည်ဖြစ်သည်။

ယခု၌ ၎င်းသည် အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့အပြင် သူသည် ဘိုးဘေးနဂါး ဂူသင်္ချိုင်းအတွင်းပိုင်းတွင် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ဟု ခံစားနေခဲ့ရသည်။

ထိုကဲ့သို့သော မဟုတ်ဘူးဆိုပါက ရက်ပေါင်းများစွာ ကြာရှည်သည်အထိ မည်သည့်အတွက်ကြောင့် မည်သူမျှ ပြန်မထွက်လာရသနည်း?

“ ဝေါင်းးးး !! “

ထိုအချိန်တွင် သွေးပျက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခု ပေါ်ထွက်လာခဲ့သည်။

အဆိုပါ ဟိန်းဟောက်သံသည် အလွန်စူးရှနေကာ နားကွဲလုမတတ် ဖြစ်နေခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ်သွားခဲ့သည်။ ၎င်းဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် အချိန်မရွေး ပြိုကွဲသွားနိုင်သကဲ့သို့ အက်ကွဲကြောင်းများဖြင့် တုန်ခါသွားခဲ့သည်။

နဂါးသားရဲကြီး၏ အမူအရာ ပြောင်းလဲသွားပြီး၊ ဘိုးဘေးနဂါး ဂူသင်္ချိုင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။

…………………………………………………………………………………………………………………………………

အပိုင်း ( 407 )

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲ ၂

ဘာတွေ ဖြစ်နေတာလဲဟ?

…

ဘိုးဘေးနဂါး ဂူသင်္ချိုင်းအတွင်း၌

ဝှစ် !!! ဝှစ် !!!

ပုံရိပ်များသည် အလျင်အမြန် ပြေးလွှားနေကြကာ ထွက်ပြေးလွတ်မြောက်လိုစိတ်များဖြင့် အသည်းအသန် ရွေ့လျားနေကြသည်။

ထိုလူများထဲတွင် ကျင်းလွမ်ပါ ရှိနေခဲ့သည်၊ သို့သော် သူမ၏ မျက်နှာသည် သေမင်းကို မြင်တွေ့နေရသကဲ့သို့ လုံးဝဖြူဖျော့နေခဲ့သည်။

“ ရောက်တော့မယ် …… နည်းနည်းလေးပဲ “

ကျင်းလွမ်သည် အရှေ့ဘက်ရှိ ထွက်ပေါက်၏ အလင်းတန်းကို မြင်တွေ့သွားပြီး၊ သူမ၏မျက်လုံးလေးများထဲတွင် မျှော်လင့်ချက် အရိပ်အငွေ့များ တောက်ပလာခဲ့သည်။

တစ်ခြားလူများမှာလည်း မျှော်လင့်ချက်များ ရှင်သန်သွားကာ သူတို့၏ အမြန်နှုန်းကို ထပ်မြှင့်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် အပြောင်းအလဲတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

“ ဟားဟားဟား ……. အကုန်လုံးက အလိမ်အညာတွေကြီးချည်းပဲ “

“ ဘုမ်းးးး !!! “

ခြောက်ခြားဖွယ်ကောင်းသည့် ရယ်မောသံတစ်ခုသည် သူတို့၏ အနောက်ဘက်မှ ပေါ်ထွက်လာခဲ့ပြီး၊ ၎င်းနှင့်အတူ ဆူနာမီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် တုန်ခါမှုလှိုင်းလုံးတစ်ခု ပေါက်ထွက်လာခဲ့ကာ မျက်စိတစ်မှိတ်အတွင်းမှာပင် သူတို့ကို ဆွဲချသွားတော့သည်။

ဘမ်း !! ဘမ်း !! ဘမ်း !!

စက္ကန့်ပိုင်းအတွင်းမှာပင် များစွာသော ပုံရိပ်များသည် အမျိုးအမည် မသိရသော အရာတစ်ခု၏ ပြင်းထန်သော ရိုက်ခတ်မှုကို ခံစားလိုက်ရပြီး၊ ထိုပုံရိပ်များထဲမှ လူနှစ်ဦးသည် နေရာမှာပင် သွေးမြူထုအဖြစ် ပေါက်ကွဲထွက်သွားခဲ့သည်။

ကျင်းလွမ်နှင့် တစ်ခြားလူကမူ အဆိုပါ လှိုင်းလုံးကို အသုံးပြုကာ အရှေ့ရှိ ထွက်ပေါက်သို့ တဟုန်ထိုး ပြေးတက်သွားကြသည်။

“ ဖူးးးး “

ကျင်းလွမ်သည် သည် ဝင်ပေါက်မှ ပြုတ်ကျလာခဲ့သည်၊ သူမ၏ခန္ဓာကိုယ်လေးသည် မီတာ ၁၀၀၀ကျော်သည့် အမြင့်မှ မြေပြင်ပေါ်သို့ ထိုးဆင်းလာခဲ့သည်။

သူမသည် မြေပြင်ပေါ်မှ တွားသွားတက်လာခဲ့ကာ၊ အနောက်ဘက်သို့ လှည့်ကြည့်လိုက်ပြီး မျက်နှာ ဖြူဖျော့သွားခဲ့သည် “ ခွန်ပန်က သူ့ကိုယ်သူ ဖောက်ခွဲလိုက်ပြီ ……. သူတို့က ဘာတွေမြင်ခဲ့ရတာလဲ? “

“ ရူးသွားပြီ၊ သူတို့တွေ အကုန်လုံး ရူးသွားကြပြီ “

သူမဘေးနားရှိ ခေါင်းကိုးလုံး ခြသေ့်၊ လူစီသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေသော အမူအရာဖြင့် တုန်ရင်နေလျက်ရှိသည် “ ရွှေကျီးကန်းနဲ့ ခွန်ပန်တို့နှစ်ယောက်စလုံးက ကိုယ့်ကိုကိုယ် ဖောက်ခွဲလိုက်ပြီ၊ အောင်းချန်ရှန်းနဲ့ ထောင်းထျဲ့က ပျောက်နေတယ်၊ ……… အဲ့နန်းတော်ထဲမှာ ဘာတွေဖြစ်နေတာလဲ၊ ဘာလို့ ဒီလို ဖြစ်လာရတာလဲ? “

“ ကြေးခန်းမ …… “ ကျင်းလွမ်မှ လေသံတိုးတိုးလေးဖြင့် ရေရွတ်ပြောဆိုနေခဲ့ပြီး၊ သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ ဖြစ်ပေါ်လာခဲ့သည်။

“ ဟမ်? “

ထိုအချိန်တွင် သူမသည် ဦးတည်ချက်တစ်ဘက်သို့ ရုတ်တရက် လှည့်ကြည့်ကာ အော်ပြောလိုက်သည် “ ဘယ်သူလဲ? “

ရွှေရောင်ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

၎င်းမှာ လက်သည်းငါးခု ရွှေနဂါး၊ အောင်းဖီအဖြစ် ဟန်ဆောင်ထားသည့် ရှုကျိုးပင် ဖြစ်သည်။

“ နင်လား? “ ကျင်းလွမ်၏ မျက်ခုံးများ အနည်းငယ် တွန့်ကွေးသွားပြီး၊ တစ်ဖက်လူထံတွင် မည်သည့်ဒဏ်ရာမှ ရှိမနေသောကြောင့် အံ့ဩသွားခဲ့သည်။

အောင်းဖီ၏ မျက်နှာပေါ်တွင် ဇဝေဇဝါဖြစ်သွားသည့် အမူအရာတစ်ခု ရှိနေခဲ့သည် “ ငါက အနက်ပိုင်းထဲကို မသွားခဲ့ဘူးလေ၊ နင်တို့က ဘာတွေ ဖြစ်လာကြတာလဲ? “

“ နင်က တကယ်ကြီးကို ကံကောင်းနေတာပဲ “

ကျင်းလွမ်သည် သူ့ကို စိတ်ရှုပ်ထွေးနေသည့် အကြည့်ဖြင့် ကြည့်လာခဲ့သော်လည်း ဆက်၍ မစူးစမ်းမလေ့လာခဲ့ပေ “ ငါတို့က ဘိုးဘေးနဂါး ဂူသင်္ချိုင်းရဲ့ အနက်ပိုင်းကို သွားခဲ့ကြပြီးတော့ ခမ်းနားထည်ဝါတဲ့ နန်းတော်တစ်ခုကို မြင်ခဲ့တယ် “

အောင်းဖီအဖြစ် အသွင်ပြောင်းထားသည့် နဂါးသားရဲကြီးသည် တိတ်တဆိတ် နားထောင်နေခဲ့သည်။

သူသည် အခြေအနေကို အနည်းနှင့် အများဆိုသလို လျင်မြန်စွာ နားလည်သွားခဲ့သည်။

နန်းတော်သည် အမှန်ပင် ရှေးကျနေခဲ့ကာ ၎င်း၏သက်တမ်းမှာ အနည်းဆုံးအနေဖြင့် နှစ်သန်းပေါင်းများစွာကြာရှည်နေပြီဟု ခန့်မှန်းရရှိပြီး၊ ထို့ထပ်ပင် အိုဟောင်းနေနိုင်သေးသည်။

ကျင်းလွမ်နှင့် တစ်ခြားလူများက နန်းတော်ထဲသို့ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူတို့သည် နေရာအနှံ့တွင် ရတနာများ ရှာဖွေခဲ့ကြသည်၊ ခွန်ပန်၊ ရွှေကျီးကန်းနှင့် တစ်ခြားသော အစစ်အမှန် နတ်သားရဲများကမူ နန်းတော်၏ အလယ်ဗဟိုကို ရောက်ရှိသွားကြသည်။

ကြေးခန်းမ !!!

အပြောင်းအလဲသည် ထိုနေရာတွင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ခွန်ပန်နှင့် တစ်ခြားလူများက ကြေးခန်းမထဲသို့ ဝင်ရောက်သွားသည့်နောက်တွင် သူတို့သည် ထိုနေရာမှာပင် ရက်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။

အစတွင် အရာအားလုံး အဆင်ပြေချောမွေ့နေခဲ့သည်၊ သို့သော် တစ်ရက်တွင် တစ်စုံတစ်ခု ဖြစ်ပျက်လာခဲ့သည်။

လွန်ခဲ့သော နာရီပိုင်းအတွင်းက

ကြေးခန်းမထဲတွင် အဖြူရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လာခဲ့ပြီး၊ လူတိုင်းကို ဖုံးလွှမ်းသွားခဲ့သည်။ ထို့နောက်တွင် ကျင်းလွမ်နှင့် တစ်ခြားလူများသည် အသိစိတ်များ ဆုံးရှုံးသွားပုံရကာ မည်သည့်အရာကိုမှ မမြင်နိုင်သကဲ့သို့၊ မည်သည့်အရာကိုမှ မကြားနိုင်တော့ပေ။

အလင်းတန်းပျောက်ကွယ်သွားသည့် အချိန်တွင် ရွှေကျီးကန်သည် ကြေးခန်းမထဲမှ ရူးရူးမူးမူးဖြင့် ရုတ်တရက် ပြေးထွက်သွားကာ၊ “ အတုတွေ၊ အရာအားလုံးက အလိမ်အညာတွေ “ ဟုအော်ဟစ်နေခဲ့သည်။

ထို့နောက်၌ သူသည် လေထုထဲမှာပင် ကိုယ့်ကိုကိုယ် ဖောက်ခွဲသွားခဲ့သည်။

အစစ်အမှန် နတ်သားရဲတစ်ကောင်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်းသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် လှိုင်းလုံးများကို ထုတ်လုပ်ပေးခဲ့သည်။

နန်းတော်အတွင်းရှိ နတ်သားရဲ တစ်ဝက်နီးပါးသည် ချက်ချင်းအရည်ပျော်သွားကာ၊ နေရာမှာပင် သေဆုံးသွားခဲ့သည်။

တစ်ခြားလူများက မတုံ့ပြန်နိုင်ခင် အချိန်မှာပင် ခွန်ပန်မှာလည်း ကြေးခန်းမထဲမှ ရူးရူးမူးမူးဖြင့် ပြေးထွက်လာခဲ့သည်၊ ကောင်းကင်ထက်သို့ လက်ညှိုးထိုးကာ အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်။

ကျင်းလွမ်သည် အခြေအနေ ဆိုးနေသည်ဟု သိသွားခဲ့ပြီး၊ ထွက်ပေါက်နှင့် အနီးဆုံးနေရာတွင် ရှိနေခဲ့သောကြောင့် ချက်ချင်းထွက်ပြေးလာခဲ့သည်။

မကြာခင် အချိန်မှာပင် ခွန်ပန်မှာလည်း ကိုယ့်ကိုကိုယ် ဖောက်ခွဲသွားခဲ့သည်။

၎င်းကို ကြားလိုက်ရသောအခါ၌ နဂါးသားရဲကြီး၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ငါထင်တာ မှန်နေတာပဲ။ ဘိုးဘေးနဂါး ဂူသင်္ချိုင်းနဲ့ပတ်သက်ပြီးတော့ တကယ်ကြီးကို တစ်ခုခုမှားနေတယ် “

အစစ်အမှန် နတ်သားရဲတွေကတောင် သေသွားရတယ်ဆိုတော့၊ ငါဆိုရင်ရော??

ထိုအချိန်တွင် နဂါးသားရဲကြီးသည် တစ်စုံတစ်ခုကို အမှတ်ရသွားကာ၊ မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ အောင်းချန်ရှန်းနဲ့ ထောင်းထျဲ့က ဘယ်မှာလဲ?? သူတို့က ဘယ်ရောက်သွားတာလဲ? “

ကျင်းလွမ်မှ ခေါင်းခါပြလာခဲ့သည် “ သူတို့က …… အထဲမှာ ရှိနေတုန်းပဲထင်တယ်။ တကယ်လို့ သူတို့က မရူးသွားဘူးဆိုရင်တောင်မှ၊ နယ်ပယ်တူနှစ်ယောက်ရဲ့ ဖောက်ခွဲမှုနဲ့ဆိုရင် ဒဏ်ရာအပြင်းအထန် ရနေလောက်ပြီ “

အစစ်အမှန် နတ်သားရဲများကပင် နယ်ပယ်တူသားရဲကောင်၏ မိမိကိုယ်ကို ဖောက်ခွဲခြင်းနှင့် ရင်ဆိုင်လိုက်ရသောအခါတွင် ဒဏ်ရာရရှိသွားမည် ဖြစ်သည်။

ထို့အပြင် နောက်ထပ်ဖြစ်နိုင်ခြေတစ်ခုလည်း ရှိနေသေးသည်၊ သူတို့မှာလည်း ခွန်ပန်နှင့် ရွှေကျီးကန်းကဲ့သို့ ရူးသွပ်သွားနေနိုင်သည်။

နဂါးသားရဲကြီးသည် လေးလေးပင်ပင် သက်ပြင်းချကာ အနည်းငယ် နောင်တရသွားခဲ့သည်။

ကြည့်ရတာတော့ ဒီတစ်ကြိမ်မှာ အကျိုးအမြတ် မရှိတော့ဘူးထင်တယ်။

မည်သို့ပင်ဆိုစေကာမူ သူသည် ဂူသင်္ချိုင်းအတွင်းသို့ ဝင်သွားကာ စွန့်စားမည် မဟုတ်ပေ။

အကျိုးအမြတ်က မည်မျှပင် ကြီးမားနေပါစေ၊ အသက်ရှင်နေမှသာ ၎င်းကို အသုံးပြုနိုင်မည် ဖြစ်သည်။

“ ဝှစ် !!! “

ထိုအချိန်၌ ပုံရိပ်သည်တစ်ခုသည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှ တဟုန်ထိုး ပြေးထွက်လာခဲ့သည်။

ကျင်းလွမ်သည် ၎င်းကို လှမ်းကြည့်လိုက်ပြီး အမူအရာ ပြောင်းလဲသွားသည် “ အဲ့တာက ဟဲ့ရွှမ်ကျီပဲ “

ဟဲ့ရွှမ်ကျီသည် အနက်ရောင် ထောင်းထျဲ့၏ အမည်ဖြစ်သည်။

သို့ရာတွင် ထိုအချိန်၌ အဆိုပါ အစစ်အမှန် နတ်သားရဲသည် ဖရိုဖရဲဖြစ်နေခဲ့ပြီး၊ ရှေးဟောင်းဂူသင်္ချိုင်း ဝင်ပေါက်ဝတွင် လဲကျလုမတတ်ဖြစ်သွားခဲ့သေးသည်။

“ ဝေါင်းးးး !!! “

ကြောက်မက်ဖွယ်ကောင်းသည့် ဟိန်းဟောက်သံတစ်ခုသည် ရှေးဟောင်းဂူသင်္ချိုင်းအတွင်းမှ ပျံ့လွင့်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ပုံရိပ်တစ်ခုသည် ဂူသင်္ချိုင်းထဲမှ ပြေးထွက်လာပြန်ကာ ဟဲ့ရွှမ်ကျီနောက်သို့ လိုက်လာခဲ့သည်။

“ အောင်းချန်ရှန်းလား? “ ကျင်းလွမ်၏ အမူအရာသည် ထပ်မံ၍ ပြောင်းလဲသွားရပြန်သည်။

အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် အောင်းချန်ရှန်းသည် နဂါးလှံကို ကိုင်ဆောင်၍ ဟဲ့ရွှမ်ကျီထံသို့ အရူးအမူး ပြေးဝင်သွားသောကြောင့် ဖြစ်သည်။

နဂါးသားရဲကြီးမှာလည်း ထိုနှစ်ယောက်ကို ကြည့်ကာ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည် “ အဲ့နှစ်ကောင်ကလည်း ဒဏ်ရာရထားတဲ့ပုံပဲ ….. “

ကျင်းလွမ်မှန်းဆထားသကဲ့သို့ပင် အောင်းချန်ရှန်းနှင့် ဟဲ့ရွှမ်ကျီတို့နှစ်ဦးစလုံးသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်။

သို့ရာတွင် အဆိုပါ ဒဏ်ရာများသည် ပေါက်ကွဲမှုကြောင့် ရရှိခဲ့သော အရာများ မဟုတ်ဘဲ၊ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေခဲ့သောကြောင့် ရရှိခဲ့သည့် ဒဏ်ရာများ ဖြစ်နေခဲ့သည်။

ဤအခိုက်အတန့်တွင် အောင်းချန်ရှန်းသည် ဟဲ့ရွှမ်ကျီကို အရူးအမူး တိုက်ခိုက်နေလျက်ရှိသည်။

………………………………………………………………………………………………………………………………………….

အပိုင်း ( 408 )

ရုတ်တရက် ဖြစ်ပေါ်လာသော အပြောင်းအလဲ ၃

ဟဲ့ရွှမ်ကျီသည် တားဆီးပိတ်ဆို့ရန် ရုန်းကန်၍ အော်ဟစ်လာခဲ့သည် “ အောင်းချန်ရှန်း၊ မင်းရူးနေတာလား? “

” သတ် …. သတ် !!! “

နဂါးလှံကို ကိုင်ထားသည့် အောင်းချန်ရှန်း ခန္ဓာကိုယ်တစ်ခုလုံးပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြစ်တည်လာခဲ့ကာ သူ့အား ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် စစ်နတ်ဘုရားတစ်ပါးကဲ့သို့ ခံ့ညားထည်ဝါသွားစေခဲ့သည်၊ သို့သော် သူ၏မျက်နှာတွင်မူ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေလျက်ရှိပြီး၊ သူ၏မျက်လုံးများမှာလည်း သရဲပူးကပ်ခံထားရသကဲ့သို့ ရဲရဲနီနေခဲ့သည်။

ဝုန်း ဝုန်းးး ….. သူတို့၏တိုက်ပွဲသံစဥ်များသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေအကြားတွင် ပဲ့တင်ထပ်နေခဲ့ကာ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပင် အက်ကြောင်းထသွားစေခဲ့သည်။

ကျင်းလွမ်သည် ထိုမြင်ကွင်းကို မြင်တွေ့သွားကာ ပြုံးပျော်သွားတော့သည် “ ဟဲ့ရွှမ်ကျီက မရူးဘူး၊ ကောင်းတယ် “

နဂါးသားရဲကြီးမှာလည်း တွေးတွေးဆဆဖြစ်သွားတော့သည်၊ ကျင်းလွမ်၏ ပြောစကားများအရ ဟဲ့ရွှမ်ကျီနှင့် တစ်ခြားသော အစစ်အမှန် နတ်သားရဲများသည် ပြောင်းလဲမှုများ မဖြစ်ပေါ်လာခင် အချိန်အထိ ကြေးခန်းမထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့သည်၊ ၎င်းမှာ သူတို့က အခွင့်အလမ်း ကြီးကြီးမားမား ရခဲ့သည်ဟု ညွှန်းဆိုနေခြင်းပင် ဖြစ်သည်။

ကျင်းလွမ်မှာလည်း ၎င်းကို သတိပြုမိနေမည်ဖြစ်ပြီး၊ သူမသည် ဘေးဘက်ရှိ နဂါးသားရဲကြီးကို သတိတကြီး ငေးကြည့်လာခဲ့သည်။

ဘုမ်းးး !!

တုန်ခါမှုလှိုင်းလုံးသည် ကျင်းလွမ်၏ အနီးအနားသို့ ကျရောက်လာခဲ့သောကြောင့် သူမ၏ အမူအရာ ပြောင်းလဲသွားကာ အလျင်အမြန် ရှောင်ရှားလိုက်သည်။

“ ငါတို့က ဒီမှာဆက်နေနေလို့ မရတော့ဘူး၊ သွားကြစို့ “ ကျင်းလွမ်၏ မျက်လုံးများသည် တစ်ခဏခန့် လှုပ်ခတ်သွားကာ အောင်းဖီကို ပြောလာခဲ့သည်။

အောင်းဖီမှ ပြန်ပြောလာခဲ့သည် “ နင်အရင်သွား “

“ ဒီလူ၊ သူကလည်း အခွင့်ကောင်း ယူချင်နေတာလား? “

ကျင်းလွမ်သည် သူ့ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

ဟဲ့ရွှမ်ကျီပေါ်လာခဲ့သည့် အချိန်ကလည်းက သူမသည် ဤကိစ္စ မပြီးဆုံးသေးဘူးဆိုသည်ကို သိနေခဲ့သည်။

ဟဲ့ရွှမ်ကျီနှင့် အောင်းချန်ရှန်းတို့၏ စွမ်းအားများသည် ညီတူမျှတူ ဖြစ်နေခဲ့သည်၊ သူတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ကြမည့် အချိန်တွင် သူတို့နှစ်ဦးစလုံးက ဒဏ်ရာအနာတရ ဖြစ်သွားမည်မှာ သေချာလှသည်။

ထိုအချိန်သည် အခွင့်ကောင်းယူရန် အကောင်းဆုံး အချိန်ဖြစ်သည်။

မျိုးနွယ်စုတစ်သောင်းက အစစ်အမှန် နတ်သားရဲများကို အလွန်တရာ ရိုသေလေးစားကြသော်လည်း၊ အစစ်အမှန် နတ်သားရဲမျိုးနွယ်စု တစ်ခုခုက ဒုက္ခရောက်သွားမည်ဆိုပါက သူတို့သည် အဆိုပါမျိုးနွယ်စုကို ချေမှုန်းရန် တွေဝေတုံ့ဆိုင်းနေမည် မဟုတ်ပေ။

ကျင်းယွမ်သည် လေပေါ်သို့ တက်ကာ အဝေးသို့ ပျံသန်းသွားတော့သည်၊ ထို့နောက်၌ သူမသည် လမ်းတစ်ဝက်တွင် တိတ်တဆိတ် ပြန်လှည့်လာခဲ့ပြီး၊ တောင်စောင်းတစ်ခုပေါ်တွင် ပုန်းအောင်းနေတော့သည်။

သူမသာလျှင် မဟုတ်ဘဲ၊ တစ်ခြားသော ရှင်သန်ကျန်ရစ်သူများမှာလည်း ထို့အတိုင်းသာ တိတ်တဆိတ် ပုန်းအောင်းနေကြပြီး၊ တိုက်ပွဲကို စောင့်ကြည့်လေ့လာနေကြသည်။

နဂါးသားရဲကြီးမှာ အဆိုပါ လှုပ်ရှားမှုအားလုံးကို မြင်တွေ့နေခဲ့သည်။

သို့သော် သူသည် ထိုကောင်များကို လျစ်လျူရှုထားခဲ့သည်။

သူသည် မလှမ်းမကမ်းရှိ တိုက်ပွဲကွင်းပြင်ကို ကြည့်ကာ တစ်ခုခုမှားယွင်းနေသည်ဟု ခံစားနေခဲ့ရသည် “ အောင်းချန်ရှန်းကလည်း ရူးနေတယ် …………. အစစ်အမှန် နတ်သားရဲလေးကောင်ထဲမှာ ဟဲ့ရွှမ်ကျီကပဲ အကောင်းတိုင်း ကျန်နေခဲ့တာ၊ ဒါပင်မဲ့ သူကလည်း အသတ်ခံရတော့မယ် “

ဟဲ့ရွှမ်ကျီ၏ တိုက်ခိုက်ရေး စွမ်းအားသည် အောင်းချန်ရှန်းနှင့် အမှန်တကယ် ယှဥ်နေနိုင်ခဲ့သည်။

သို့ရာတွင် ရူးသွပ်နေသည့် အောင်းချန်ရှန်းမှာ သူ၏အသက်ကိုပင် ဂရုမစိုက်ဘဲ သေစေနိုင်သည့် တိုက်ကွက်များကို အရူးအမူး ထုတ်သုံးကာ ဟဲ့ရွှမ်ကျီကို ဒဏ်ရာအပြင်းအထန် ရရှိသွားစေခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ အောင်းချန်ရှန်းမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိထားခဲ့သည်၊ ယခင်က ခွန်ပန်၏ ကိုယ့်ကိုကိုယ် ဖောက်ခွဲခြင်းကပင် သူ့အား ဒဏ်ရာအပြင်းအထန် ရရှိထားစေခဲ့ပြီးပြီ ဖြစ်သည်၊ ယခု၌ ဟဲ့ရွှမ်ကျီနှင့် ပြင်းထန်သော တိုက်ပွဲတစ်ခု ဆင်နွှဲနေသောကြောင့် သူ၏ဒဏ်ရာများမှာ ဟဲ့ရွှမ်ကျီ၏ ဒဏ်ရာများထပ် အဆပေါင်းများစွာ ပိုမိုဆိုးရွားနေခဲ့သည်။

ထိုအချိန်၌ အောင်းချန်ရှန်း၏ နဂါးဦးချိုမှာ ကျိုးပဲ့ပျက်စီးသွားပြီး၊ သူ၏အရှိန်အဝါမှာလည်း သိသိသာသာ အားပျော့သွားခဲ့သည်။

နှစ်ဘက်စလုံးသည် နောက်ဆုံးအခိုက်အတန့်အထိ တိုက်ခိုက်နေခဲ့ကြသည်။

ဟဲ့ရွှမ်ကျီမှ ကျယ်လောင်စွာ အော်ပြောလာခဲ့သည် “ အောင်းချန်ရှန်း !!! မင်းမနိုးသေးဘူးလား? “

အောင်းချန်ရှန်း၏ မျက်လုံးများသည် သွေးနီရောင်ကဲ့သို့ ရဲပတောင်းခတ်နေခဲ့ကာ၊ အသိစိတ်ပျောက်ဆုံးနေပုံရပြီး၊ သူ့အား ဆက်လက်၍ တိုက်ခိုက်လာပြန်သည်။

၎င်းကို မြင်လိုက်ရသောအခါတွင် ဟဲ့ရွှမ်ကျီသည် အံကိုကြိတ်ကာ ပါးစပ်အပြည့် အသက်သွေး အဆီအနှစ်တစ်လုပ် အန်ချလိုက်သည်။

အဆိုပါ အသက်သွေး အဆီအနှစ်သည် ရှည်လျားသော သွေးနီရောင် ဓားတစ်လက်အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားပြီး၊ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကောင်းကင်ပေါ်မှ ဆင်းသက်လာကာ အောင်းချန်ရှန်းအား နေရာမှာပင် နှစ်ပိုင်းပြတ်ထွတ်လုနီးပါးအထိ ခုတ်ဖြတ်လိုက်သည်။

၎င်းကို ပြုလုပ်ခဲ့ပြီးသည့်နောက်တွင် ဟဲ့ရွှမ်ကျီ၏ အရှိန်အဝါသည် အလွန်တရာ အားနည်းသွားခဲ့သည်၊ သို့သော် သူသည် ၎င်းကို အခွင့်အရေး ယူကာ တိုက်ပွဲကွင်းပြင်ထဲမှ လှည့်ထွက်လာခဲ့ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားတော့သည်။

နှစ်ပိုင်းပြတ်လုနီးပါး ဖြစ်သွားသော် အောင်းချန်ရှန်းသည် သူ၏ပြိုင်ဘက်က လွတ်မြောက်သွားသည်ကို မြင်တွေ့လိုက်ရသောအခါတွင် ဒေါသတကြီး ဟိန်းဟောက်ကာ သူ၏ခန္ဓာကိုယ်ကို လှုပ်ရှားနေတော့သည်။

“ ဘုတ် “

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အောင်းချန်ရှန်း၏ ခန္ဓာကိုယ်သည် ကောင်းကင်ထက်မှ ပြုတ်ကျလာခဲ့သည်။ သူ၏ ယခုလက်ရှိ ဒဏ်ရာများကြောင့် မည်သို့မျှ ဆက်မတိုက်နိုင်တော့ပေ။

တစ်ချိန်တည်းမှာပင် အမှောင်ထဲတွင် ပုန်းအောင်းနေကြသည့် နတ်သားတို့မှာလည်း မျက်လုံးများ တောက်ပသွားကြသည်။

သူတို့၏ အခွင့်အရေးမှာ ရောက်ရှိလာပြီ ဖြစ်သည် !!!

………………………………………………………………………………………………………………………………………….

All Chapters