← Chapters

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃-၇၅)

Vol. 5 Ch. 73-75

အခန်း (၇၃) - နောက်ဆုံးလက်စသတ်ခြင်း၏ အရေးပါမှုနှင့် နတ်ဆိုးနှစ်ကောင်၏ တိုက်ခိုက်မှု

~"နိုင်သွားပြီလား..."

ကျန်ရစ်သူ ကျင့်ကြံသူ (၁၀) ဦးကျော်မှာ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။

"ဘုတ်"

ထိုအချိန်တွင် ယဲ့ဖုန်းသည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်၏။ လက်တစ်ဖက်ဖြင့် ဓားကို ဆုပ်ကိုင်လျက် ဓားဖျားကို မြေကြီးဆီသို့ ဦးတည်ထားပြီး ဓားသွားတစ်လျှောက် စီးကျလာသော သွေးစက်များက တစ်စက်ချင်း မြေပြင်ပေါ်သို့ ကျဆင်းနေလေသည်။

အသံမကျယ်သော်လည်း မီတာ (၃၀၀) နက်သော ဤလိုဏ်ဂူအတွင်း၌ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပြင်းထန်ပြီး ရင်ကို လှုပ်ခတ်သွားစေသည်။

"ဝုန်း..."

ထိုအချိန်တွင် လူရိပ်အချို့သည် ဝိညာဉ်သတ္တုတွင်းမှ ပြိုကျလာသော ကျောက်တုံးကြီးများကို ဖောက်ထွက်ကာ ဥမင်လိုဏ်ခေါင်းထဲသို့ ခုန်ဝင်လာကြပြီး အကျပ်အတည်းမှ လွတ်မြောက်လာကြလေသည်။

"ဟားဟား... ငါတို့ လွတ်လာပြီ..."

"နတ်ဆိုးမျိုးနွယ်နဲ့ ပေါင်းတဲ့ သစ္စာဖောက်ကောင်တွေ... ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ နဲ့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်... အခု မင်းတို့ကို ငါတို့ လက်စသတ်ပေးမယ်... အမ်..."

ထိုလူ (၁၀) ဦးခန့်သည် ဓားကိုင်ရပ်နေသော ယဲ့ဖုန်းကို မြင်လိုက်ရသည်။ ဓားဖျားမှ သွေးစက်ကျနေသည်ကို သတိထားမိလိုက်ပြီး မလှမ်းမကမ်းတွင် လှုပ်ရှားမှုမရှိတော့သော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်ကို တွေ့လိုက်ရသောအခါ သူတို့၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားကြသည်။

"ဒုတ်"

ထိုအချိန်တွင် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ တစ်ပိုင်းတစ်စ နတ်ဆိုးအသွင်ပြောင်းထားလျက်ပင် မြေပြင်ပေါ်သို့ လဲကျသွားလေတော့၏။

"သေ... သေသွားပြီလား..."

ဖုန်အလိမ်းလိမ်း ကပ်နေသော မျက်နှာများဖြင့် လူ (၁၀) ဦးခန့်သည် အံ့သြတကြီး ရေရွတ်လိုက်ကြပြီး အိပ်မက်မက်နေသကဲ့သို့ ရှေ့မှမြင်ကွင်းကို စိုက်ကြည့်နေကြသည်။

ဝိညာဉ်သတ္တုတွင်း ပြိုကျပြီးနောက် လူ (၁၀၀) နီးပါး ကျောက်တုံးများအောက်တွင် ပိမိနေကြပြီး အများစုမှာ ထွက်မလာနိုင်သေးပေ။

ဤ (၁၀) ဦးခန့်မှာ ချီစုစည်းခြင်း (၇) ဆင့်မြောက်အထက် ရှိကြသော အဆင့်နိမ့်နှင့် အလယ်အလတ်အဆင့် ဂိုဏ်းချုပ်များ ဖြစ်ကြသဖြင့် ဦးစွာ လွတ်မြောက်လာနိုင်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲနှင့် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ဝိုင်းဝန်းတိုက်ခိုက်ရန် ကြံစည်ထားကြသည်။

လွတ်မြောက်လာစဉ်တွင် ဂိုဏ်းချုပ်တစ်ဦးစီသည် မည်သို့ ဝိုင်းဝန်းတိုက်ခိုက်ရမည်ကို စိတ်ကူးယဉ်ထားပြီး ဖြစ်သည်။

သို့သော် ယခုအခါ လက်တွေ့အခြေအနေသည် သူတို့ ထင်ထားသည်နှင့် ကွဲပြားနေကြောင်း တွေ့ရှိလိုက်ရသည်။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲနှင့် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်တို့ အမှန်တကယ် သေဆုံးနေကြလေ၏။

"ငါတို့ ဘာလွတ်သွားတာလဲ..."

လွတ်မြောက်လာခါစ ဂိုဏ်းချုပ်များက ကပျာကယာ မေးလိုက်ကြသည်။

အလယ်အလတ်အဆင့် ဂိုဏ်းတစ်ခု ဖြစ်သော 'တောင်ပြိုဂိုဏ်း' ၏ ဂိုဏ်းချုပ်သည် တပည့်များကြားမှ သူ၏ ချစ်သမီးလေးကို ရှာဖွေတွေ့ရှိလိုက်ပြီး အမြန်မေးလိုက်၏။

"သမီးရေ... ခုနက ဘာဖြစ်သွားတာလဲ..."

ထိုအခါ၊ အနီရောင်ဝတ် မိန်းကလေးက ယဲ့ဖုန်းကို လက်ညှိုးထိုးပြပြီး လေးစားအားကျသော မျက်နှာထားဖြင့် ပြောလိုက်၏။

"အဖေ... အဲဒါ မြူခိုးဂိုဏ်း ဂိုဏ်းချုပ်ယဲ့လေ... သူတစ်ယောက်တည်း ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ နဲ့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကို ရှင်းပစ်လိုက်တာပါ..."

ထိုစကားကို ကြားလိုက်ရသဖြင့် ဂိုဏ်းချုပ် (၁၀) ဦးခန့်မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ယဲ့ဖုန်းကို စိုက်ကြည့်ကာ ပြိုင်တူ လွှတ်ခနဲ အော်ဟစ် လိုက်ကြသည်။

"ဂိုဏ်းချုပ်ယဲ့က သာမန်လူတစ်ယောက်လေ... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."

ထိုအချိန်တွင် ယဲ့ဖုန်းသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး ဓားသွားပေါ်မှ သွေးများကို သုတ်သင်ကာ စနစ်သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်လေသည်။

"အား..."

ရုတ်တရက် လဲကျနေသော ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် ပြန်လည် အသက်ဝင်လာပြီး သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် ဓားရှည်ကို မြှောက်ကာ တိုက်ခိုက်ရန် ပြင်လိုက်၏။

"ယဲ့ဖုန်း... ငါ သေရင်တောင် မင်းကို အလွတ်မပေးဘူး..."

ထိုအခိုက်အတန့်သည် ရှိနေသူအားလုံးကို ထိတ်လန့်သွားစေသည်။

ယဲ့ဖုန်းပင်လျှင် အံ့သြလွန်းသဖြင့် မျက်လုံးများ ပြူးကျယ်သွားသည်။

သေချင်ယောင် ဆောင်နေတာလား...

သို့သော် ယဲ့ဖုန်း မကြောက်ပေ။

ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ ပြန်ရှင်လာလျှင်လည်း ထပ်သတ်လိုက်ရုံပင်။

ဂိုဏ်းချုပ် (၁၀) ဦးခန့်မှာမူ မျက်လုံးများထဲတွင် ဒေါသအမျက်များ ပြည့်နှက်နေကြသည်။

မဟာအကြီးအကဲ၏ စကားကို ကြားလိုက်ရသဖြင့် ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲကို သတ်ဖြတ်ခဲ့သူမှာ ယဲ့ဖုန်း အမှန်တကယ် ဖြစ်ကြောင်း သေချာသွားကြပြီ ဖြစ်သည်။

ဒီသတင်းက တကယ့်ကို တုန်လှုပ်စရာပင်။

သို့သော် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက ဓားကိုဝှေ့ယမ်းပြီး ယဲ့ဖုန်းကို တိုက်ခိုက်ရန် ပြင်နေသည်ကို မြင်လိုက်ရသဖြင့် ဂိုဏ်းချုပ်များသည် မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားပြီး ဝင်ရောက်ကူညီရန် ပြင်ဆင်လိုက်ကြသည်။

"အွပ်"

ရုတ်တရက် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲသည် နေရာတွင် ရပ်တန့်သွားသည်။ ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်နေသော ဓားကို ငုံ့ကြည့်လိုက်ပြီး ခန္ဓာကိုယ် တုန်ရီသွားသည်။ နောက်လှည့်ကြည့်ရန် ကြိုးစားသော်လည်း ဓားက ဘေးတိုက် ဆွဲလိုက်သဖြင့် ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားလေတော့၏။

ဒီတစ်ခါတော့ ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ တကယ် သေဆုံးသွားတော့၏။

"ဂိုဏ်းချုပ်... နောက်ဆုံးလက်စသတ်ဖို့ မေ့ကျန်ခဲ့ပါတယ်..."

အမှောင်ထုထဲမှ မိုယင်၏ အသံ ထွက်ပေါ်လာသည်။

နောက်တစ်ခဏတွင် မြူခိုးဂိုဏ်းတပည့် (၁၀) ဦးစလုံး စုဝေးရောက်ရှိလာကြသည်။ ရှီလေ့နှင့် လီကျောက်ကျောက်တို့က လက်ဝါးများကို ဖြန့်ကားလိုက်ပြီး 'မီးတိမ်တိုက်လက်ဝါးသိုင်း'ဖြင့် ပတ်ဝန်းကျင်ကို အလင်းပေးလိုက်ကြသည်။

"ဟုတ်သားပဲ... ငါ တကယ် မေ့သွားတာ..."

ယဲ့ဖုန်းက ရုတ်တရက် သတိရသွားသလို ပြောလိုက်၏။

တပည့်များ အကုန်ရောက်လာသည်ကို မြင်တော့ ဝင်ပေါက်ကို ဖောက်ထွက်လာနိုင်ပြီမှန်း သိလိုက်ရသည်။ ထို့နောက် သူသည် 'ဝိညာဉ်မူလ နာရီ' ကို ကောက်ယူလိုက်ပြီး ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် သေသည် ရှင်သည် ဂရုမစိုက်တော့ဘဲ သူ့အပေါ်သို့ တိုက်ရိုက် ထုချလိုက်လေသည်။

အေးစက်တောင့်တင်းနေပြီ ဖြစ်သော ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ် - "..."

အကယ်၍ သူသာ အသက်ရှင်နေသေးလျှင် ပထမဆုံး ပြောချင်မည့်စကားမှာ "ယဲ့ဖုန်း... ငါ ပြောရမလား မပြောရမလား မသိတော့ဘူးကွာ" ဟူ၍ ဖြစ်ပေလိမ့်မည်။

ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ် ဘာကြောင့် ပြန်ရှင်လာသလဲ ဆိုတာ ယဲ့ဖုန်း မသိသော်လည်း ဤမြင်ကွင်းက အခြားဂိုဏ်းချုပ်များ၏ ပါးစပ်ကို ထိရောက်စွာ ပိတ်ဆို့လိုက်နိုင်လေသည်။

"ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်ယဲ့... ကူညီပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ဗျာ..."

ဂိုဏ်းချုပ်အသီးသီး၏ သဘောထားများ ချက်ချင်း ပြောင်းလဲသွားပြီး ကပျာကယာ ကျေးဇူးတင်စကား ဆိုကြသည်။

သူတို့သည် မြူခိုးဂိုဏ်းတပည့်များကို ကြည့်ပြီး ဝိညာဉ်သတ္တုတွင်း ပြိုကျစဉ်က ကံကောင်း၍ လွတ်မြောက်လာသည်ဟု ထင်မှတ်နေကြသည်။ "မြေလျှိုးခြင်း" ကို သုံးပြီး မြေပေါ်တက်လာမှန်း မသိကြရှာပေ။

လူတိုင်း၏ ကျေးဇူးတင်စကားများကြောင့် ယဲ့ဖုန်းသည် သူ၏ ဂိုဏ်းဂုဏ်သတင်းတန်ဖိုး ဆက်လက်တက်နေသည်ကို ကြည့်ပြီး စိတ်ထဲတွင် ပျော်ရွှင်နေမိသည်။ သို့သော် မျက်နှာထားကို တည်ငြိမ်အောင် ထိန်းထားပြီး လက်ကာပြကာ ပြောလိုက်၏။

"ကိစ္စမရှိပါဘူးဗျာ... ကျွန်တော်တို့ မြူခိုးဂိုဏ်းက အခြေအနေအရ လုပ်သင့်လုပ်ထိုက်တာ လုပ်ခဲ့တာပါ... ဒါနဲ့... ခင်ဗျားတို့ ကျန်တဲ့လူတွေကို မကယ်ကြတော့ဘူးလား..."

"ဟာ... ဟုတ်သားပဲ... ကျွန်တော့် တပည့် (၉) ယောက် ကျောက်ပုံအောက်မှာ ပိတ်မိနေသေးတယ်..."

"ကျွန်တော့်မှာ (၈) ယောက် ကျန်သေးတယ်..."

"တပည့်တို့ရေ... ဆရာ လာကယ်ပြီဟေ့..."

ဂိုဏ်းချုပ်များသည် ပြဿနာကို ရုတ်တရက် သတိရသွားကြပြီး သိုင်းများ ရွတ်ဖတ်ကာ ကျောက်တုံးများကို ဖယ်ရှားပြီး ပိတ်မိနေသော ကျင့်ကြံသူများကို တူးဖော်ကယ်ဆယ်ကြလေတော့၏။

တစ်မွှေးတိုင် ထွန်းညှိချိန် တစ်ဝက်ခန့် ကြာပြီးနောက်...

အားလုံးကို ထောင်ချောက်ထဲမှ ကယ်ထုတ်နိုင်ခဲ့ကြသည်။

တပည့်အချို့မှာ ကျင့်ကြံခြင်းအဆင့် နိမ့်သဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသည်။

ယဲ့ဖုန်းသည် ဤအခွင့်အရေးကို အသုံးချပြီး ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲတို့၏ ခန္ဓာကိုယ်မှ အသုံးဝင်မည့် ပစ္စည်းများကို သိမ်းဆည်းလိုက်၏။ ဝိညာဉ်မူလ နာရီဖြင့် သတ်ဖြတ်ခဲ့သော ကျားကြီးကိုလည်း မေ့မထားခဲ့ပေ။

ဘေးအန္တရာယ်ကြောင့် ဂိုဏ်းများသည် ဝိညာဉ်သတ္တုတွင်းကို ဆက်လက် တူးဖော်ရန် အင်အားမရှိတော့သလို ဒုတိယအကြိမ် ပြိုကျမည်ကိုလည်း စိုးရိမ်ကြသဖြင့် မြေပြင်ပေါ်သို့ အလျင်အမြန် ပြန်တက်လာကြပြီး လိုဏ်ဂူဝတွင် ရပ်နားနေကြသည်။

"ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲက သစ္စာဖောက် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲဗျာ..."

တောင်ပြိုဂိုဏ်း၏ ဂိုဏ်းချုပ်သည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး အသက်ငွေ့ငွေ့သာ ကျန်တော့သော ဓားသိုင်းအရှင်ဂိုဏ်း တပည့် (၁၀) ဦးကျော်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။

အပျက်အစီးပုံများကြားမှ လူများကို တူးဖော်ကယ်ဆယ်လိုက်သောအခါ ဓားသိုင်းအရှင်ဂိုဏ်း တပည့်များသည် အားအင်ကုန်ခမ်းနေပြီး မိမိတို့၏ မဟာအကြီးအကဲ ကိုယ်တိုင် ဆေးခတ်ထားကြောင်း သိသာထင်ရှားနေသည်။

"ကံကောင်းလို့ ဂိုဏ်းချုပ်ယဲ့က အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်တာ... ဒီတစ်ခါတော့ သူ့ကို အများကြီး အကြွေးတင်သွားပါပြီ..."

ဟု တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်က ထပ်ပြောလိုက်၏။

"ဟုတ်ပါတယ်ဗျာ..."

အခြားသူများလည်း ထောက်ခံကြသည်။

ထိုအချိန်တွင် မိုယင်က မေးလိုက်၏။ "ဂိုဏ်းချုပ်... ကျွန်မတို့ ဂိုဏ်းပြန်ကြမလား... ဒါမှမဟုတ် ဆက်တူးကြမလား..."

"လောလောဆယ်တော့ ပြန်ကြတာပေါ့..."

ယဲ့ဖုန်းက ပြောလိုက်၏။

သူက အပေါ်ယံ ပြောလိုက်ခြင်း ဖြစ်သည်။

တကယ်တမ်းတွင်မူ တပည့်များကို "မြေလျှိုးခြင်း" သုံးပြီး မြေအောက် မီတာ (၃၀၀) သွားကာ ဝိညာဉ်သတ္တုတွင်းကို ပြောင်သလင်းခါအောင် တူးခိုင်းရန် စီစဉ်ထားပြီး ဖြစ်သည်။

သို့သော် ယဲ့ဖုန်း စကားမဆုံးခင်မှာပင် အဝေးမှ အဖြူရောင် မြူခိုးတန်း (၁၂) ခု ကောင်းကင်သို့ ပျံတက်သွားသည်ကို အားလုံး သတိထားမိလိုက်ကြသည်။ ထိုမြူခိုးတန်းများသည် လေထဲတွင် ပြီးပြည့်စုံသော စက်ဝိုင်း တစ်ခု ဖန်တီးပြီးနောက် တောင်ကြားပတ်လည်တွင် ကျရောက်သွားကြ၏။

သေချာကြည့်လိုက်သောအခါ ရှုပ်ထွေးသော ပုံစံများ ရေးထိုးထားသည့် (၂) မီတာခန့် မြင့်မားသော 'ဝင်္ကပါအလံ' (၁၂) ခု ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

"ဒုက္ခပဲ... ဒါ 'သတ်ဖြတ်ခြင်း ဝင်္ကပါ' ထင်တယ်..."

တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်၏ မျက်နှာ အရောင်ပြောင်းသွားသည်။

"ဝီ..."

ဝင်္ကပါအလံ (၁၂) ခုမှ မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး မြေကြီးရောင် အလင်းတန်းတစ်ခု ကောင်းကင်သို့ ထိုးတက်သွားကာ လေထဲတွင် ပေါင်းဆုံပြီး အချင်း မီတာ (၃၀၀) ခန့်ရှိသော အမိုးခုံးပုံစံ အကာအကွယ်တစ်ခု ဖြစ်ပေါ်လာကာ အားလုံးကို ပိတ်လှောင်လိုက်လေသည်။

"ရုပ်သေးနှစ်ကောင်က ဒီလောက်တောင် အသုံးမကျဖြစ်မယ်လို့ မထင်ထားဘူး... အရေးကြီးတဲ့ အချိန်ကျမှ ဒီဗိုလ်ချုပ်လေး ကိုယ်တိုင် လက်ဝင်ပါရတော့မယ်..."

မြူခိုးများ၏ အနက်ရှိုင်းဆုံး နေရာမှ အေးစက်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာသည်။

လူအုပ်ကြီးသည် အသံလာရာကို ကြည့်လိုက်ရာ၊

ထောင်ထောင်မောင်းမောင်း၊ ဗလတောင့်တောင့် လူငယ် တစ်ဦး လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။

ဗိုလ်ချုပ်လေး၏ ဝံပုလွေနားရွက်များနှင့် အမြီးကို သတိထားမိလိုက်သည်နှင့် အားလုံးသည် အစွမ်းထက်သော 'တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ' နှင့် ရင်ဆိုင်နေရကြောင်း သိရှိလိုက်ကြပြီး ကြီးမားသော ဖိနှိပ်မှုကို ခံစားလိုက်ရသည်။

"တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးဝံပုလွေ..."

တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ လူအုပ်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားကြသည်။

အေးစက်ပြီး ဂရုမစိုက်သော မျက်နှာထားဖြင့် ဗိုလ်ချုပ်လေးသည် လူအုပ်ကြီးကို ဝေ့ဝဲကြည့်လိုက်ပြီး ကြက်သီးထဖွယ် လေသံဖြင့် ခြိမ်းခြောက်လိုက်၏။

"ငါ့ရဲ့ ရုပ်သေးတွေကို သတ်တဲ့အတွက်... ဒီဗိုလ်ချုပ်က မင်းတို့ရဲ့ အသက်တွေကို လိုချင်တယ်..."

"တခြားလူတွေရဲ့ အသက်ကို မင်း ကြိုက်သလိုလုပ်... ဒါပေမဲ့ အဲဒီကောင်လေးကိုတော့ ငါ့လက်ထဲ အပ်ရမယ်..."

ရုတ်တရက် အခြား အေးစက်သော အသံတစ်သံ ကြားဖြတ် ထွက်ပေါ်လာလေသည်။

အခန်း (၇၄) - အပြာရောင်ဓားသွားနှင့် အဆောင်လက်ဖွဲ့စွမ်းအား

~ယဲ့ဖုန်းနှင့် မိုယင်တို့သည် အချင်းချင်း တစ်ချက်ကြည့်လိုက်ပြီးနောက် အသံလာရာသို့ လှည့်ကြည့်လိုက်ကြသည်။ မြူခိုးများကြားမှ လူတစ်ပိုင်း မြွေတစ်ပိုင်း ပုံသဏ္ဍာန်ရှိသော နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာပြီး ဗိုလ်ချုပ်လေး၏ ဘေးတွင် ရပ်တန့်လိုက်၏။

"အမည်းစက်ပြောက် မြွေနတ်ဆိုး..."

ယဲ့ဖုန်း မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ရေရွတ်လိုက်၏။

ရုတ်တရက်ဆိုသလို တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ နှစ်ကောင် ရောက်ရှိလာသည့်အပြင် အလွန်အစွမ်းထက်ပုံရသော 'သတ်ဖြတ်ခြင်း ဝင်္ကပါ' လည်း ရှိနေသဖြင့် ယနေ့အခြေအနေသည် အလွန်အမင်း အန္တရာယ်

ကြီးမားပေလိမ့်မည်။

"နောက်ထပ် တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ တစ်ကောင် ထပ်ရောက်လာပြန်ပြီ..."

"ဘုရားရေ..."

"ငါတို့တော့ သွားပြီ..."

ဂိုဏ်းပေါင်းစုံမှ အဖွဲ့ဝင်များသည် ရေခဲကျင်းထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ခန္ဓာကိုယ်များ အေးစက်တောင့်တင်းသွားကာ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်မဲ့မှုများ ပြည့်နှက်သွားလေသည်။

ဘာလို့ ဒီလိုတွေ ဖြစ်လာရတာလဲ...

ငါတို့က သတ္တုတွင်း လာတူးတာပဲ မဟုတ်လား...

နတ်ဆိုးမျိုးနွယ်က ဒီလောက်ထိ လုပ်ဖို့ လိုအပ်လို့လား...

လူအုပ်ကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းပူဆွေးမှုများ အထင်းသား ပေါ်လာသည်။

သူတို့၏ မျက်နှာထားများကို ကြည့်ပြီး ဗိုလ်ချုပ်လေးက လှောင် ပြုံး လိုက်၏။

"အဲဒီကောင်လေးရဲ့ အသက်ကို မင်းကို ပေးလိုက်မယ်... ဒါပေမဲ့ ငါက ခြင်္သေ့ဝေစု ယူမယ်..."

"သဘောတူတယ်..." အမည်းစက်ပြောက် မြွေနတ်ဆိုးက ခေါင်းညိတ်လိုက်၏။

သူတို့နှစ်ဦး၏ ပြောစကားကို ကြားလိုက်ရသဖြင့် ယဲ့ဖုန်း၏ မျက်နှာထား မဲမှောင်သွားသည်။

"ခြင်္သေ့ဝေစု ယူမယ် ဟုတ်လား... ကြည့်ရတာ သူတို့ဘနောက်ကွယ်မှာ ပိုပြီး အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦး ရှိနေပုံရတယ်... နတ်ဆိုးဗိုလ်ချုပ်ကြီး များလား..."

ပတ်ဝန်းကျင်မှ ဝင်္ကပါကို ကြည့်ပြီး ယဲ့ဖုန်း သုံးသပ်လိုက်၏။ ဤကဲ့သို့သော ပစ္စည်းမျိုးသည် အလွန် တန်ဖိုးကြီးမားလှသဖြင့် တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲ နှစ်ကောင် တတ်နိုင်မည့်အရာ မဟုတ်ပေ။ သူတို့၏ နောက်ခံ နတ်ဆိုးဗိုလ်ချုပ်ကြီး ထောက်ပံ့ပေးထားခြင်းသာ ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် တောင်ပြိုဂိုဏ်း အပါအဝင် အလယ်အလတ်အဆင့် ဂိုဏ်းချုပ်အချို့သည် ရှေ့သို့ တိုးလာကြသည်။ သူတို့၏ ကိုယ်ခန္ဓာမှ ဝိညာဉ်အလင်းရောင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ပြတ်သားသော မျက်နှာထားဖြင့် စိန်ခေါ်လိုက်၏။

"နတ်ဆိုးကောင်တွေ... မင်းတို့ တကယ်ပဲ နှစ်ဖက်စလုံး သေကြေပျက်စီးမယ့် လမ်းကို ရွေးချယ်ချင်တာလား..."

သူတို့အားလုံးသည် ချီစုစည်းခြင်း (၉) ဆင့်မြောက်သို့ ရောက်ရှိနေကြသူများ ဖြစ်ကြသဖြင့် အသက်လုတိုက်ပွဲ ဆင်နွှဲရမည်ဆိုပါက တစ်ပိုင်းတစ်စ အသွင်ပြောင်း နတ်ဆိုးသားရဲများကို ကြောက်ရွံ့နေမည် မဟုတ်ပေ။ အနိုင်မရနိုင်လျှင်တောင်မှ ပြိုင်ဘက်ကို အပြင်းအထန် ဒဏ်ရာရစေနိုင်အောင် တိုက်ခိုက်နိုင်စွမ်း ရှိကြသည်။

ထိုအခါ၊ ဗိုလ်ချုပ်လေးက လှောင်ပြောင်သရော်လိုက်၏။

"နှစ်ဖက်စလုံး သေကြေပျက်စီးမယ် ဟုတ်လား... မင်းတို့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ... ငါ့မျက်လုံးထဲမှာတော့ မင်းတို့က ပုဇွန်ဆိတ်လေးတွေပဲ... ငါးလို့တောင် ခေါ်ဖို့ မတန်ပါဘူး..."

ထိုစကားကို ကြားလိုက်ရသဖြင့် အားလုံး၏ မျက်နှာများ ဒေါသကြောင့် နီမြန်းသွားကြသည်။

ငါတို့က ငါးလို့တောင် ခေါ်ဖို့ မတန်ဘူး ဟုတ်လား...

ထိုအချိန်တွင် ဗိုလ်ချုပ်လေးသည် အက်ကွဲနေသော အနက်ရောင် တံဆိပ်ပြား နှစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းတို့မှာ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်နှင့် ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲတို့၏ ဝိညာဉ် တိုကင်ပြားများ ဖြစ်ကြသည်။ သူက ယဲ့ဖုန်းကို ကြည့်ပြီး ပြောလိုက်၏။

"အဲဒီ အရူးနှစ်ကောင်ကို သတ်လိုက်တာ မင်း မဟုတ်လား..."

ယဲ့ဖုန်းက မခိုးမခန့် ပြုံးလိုက်၏။ "ခန့်မှန်းကြည့်လေ..."

"ခန့်မှန်းနေရအောင် ..ငါ အားနေတာ မဟုတ်ဘူး..."

ဗိုလ်ချုပ်လေးသည် ဒေါသတကြီးဖြင့် ဝိညာဉ်တိုကင်ပြားများကို လွှင့်ပစ်လိုက်၏။

အမည်းစက်ပြောက် မြွေနတ်ဆိုး၏ မျက်လုံးအိမ်များသည် အေးစက်စွာ တောက်ပနေပြီး ယဲ့ဖုန်းကို မမှိတ်မသုန် စိုက်ကြည့်နေသည်။ သူမ၏ လက်ထဲတွင် မီတာဝက်ခန့် ရှည်လျားသော အပြာရောင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသည်။ သူမက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ခြိမ်းခြောက်လိုက်၏။

"ကောင်လေး... ငါ့မျိုးနွယ်ရဲ့ အမွေအနှစ် ရတနာကို ယူဆောင်လာခဲ့ပြီ... မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပြီး 'ဖန်ဟော်မြစ်' ထဲက ငါးစာကျွေးပစ်မယ်..."

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။

"စစ်ရှုံးပြီး ထွက်ပြေးရတဲ့သူကများ... သတ္တိစကားတွေ လာပြောနေသေးတယ်..."

ထိုစကားကို ကြားလိုက်ရသဖြင့် အမည်းစက်ပြောက် မြွေနတ်ဆိုးသည် ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး အပြာရောင်ဓားကို ဝှေ့ယမ်းကာ ယဲ့ဖုန်းထံသို့ ခုတ်ပိုင်းလိုက်လေသည်။

"ဖယ်လိုက်..."

ယဲ့ဖုန်းသည် ရှေ့သို့ တိုးဝင်သွားပြီး 'ဝိညာဉ်မူလ နာရီ' ဖြင့် ရိုက်ချလိုက်၏။ အမည်းစက်ပြောက် မြွေနတ်ဆိုး၏ ဓားနှင့် ထိမိသောအခါ "ဒင်" ကနဲ အသံမြည်ကာ နာရီ ပြန်ကန်ထွက်လာပြီး မျက်နှာပြင်ပေါ်တွင် ဓားရာ တစ်ခု ထင်ကျန်ရစ်ခဲ့သည်။

ဘာဓားစုတ်ကြီးလဲ... ထက်လိုက်တာ…

ယဲ့ဖုန်း အံ့သြသွားသည်။

သူမ၏ အပြာရောင်ဓားသွား တွန့်သွားသည်ကို မြင်လိုက်ရသောအခါ အမည်းစက်ပြောက် မြွေနတ်ဆိုး ပို၍ အံ့သြသွားပြီး မယုံနိုင်စွာ ရေရွတ်လိုက်၏။

"ငါ့ရဲ့ အပြာရောင်ဓားက အဆင့်နိမ့် ဝိညာဉ်လက်နက်တွေကိုတောင် ပိုင်းဖြတ်နိုင်တာ... အခု ဓားသွား တွန့်သွားတယ် ဟုတ်လား..."

သူမသည် ဝိညာဉ်မူလ နာရီကို စိုက်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် လောဘရိပ်များ ဖုံးလွှမ်းသွားသည်။

"စွမ်းအားကြီးလိုက်တဲ့ ဝိညာဉ်လက်နက်..."

ဗိုလ်ချုပ်လေး အံ့သြသွားပြီး ချက်ချင်းပင် ပေဝက်ခန့် မြင့်သော ရောင်စုံအလံငယ်လေး တစ်ခုကို ထုတ်ယူကာ နတ်ဆိုးစွမ်းအင်များဖြင့် ပက်ဖျန်းလိုက်၏။

"အမည်းစက်ပြောက် မြွေနတ်ဆိုး... ကစားမနေနဲ့တော့... ငါ .=ဝင်္ကပါကြီးကို တိုက်ရိုက် အသက်သွင်းပြီး အကုန် သတ်ပစ်တော့မယ်..."

ပြောပြီးသည်နှင့် ဗိုလ်ချုပ်လေးသည် ဝင်္ကပါအပြင်ဘက်သို့ ဆုတ်ခွာသွားပြီး အဓိက ဝင်္ကပါအလံကို ဝှေ့ယမ်းလိုက်လေသည်။

တစ်ခဏချင်းစီတွင် လေပြင်းများ တိုက်ခတ်လာသည်။

ဂိုဏ်းပေါင်းစုံမှ အဖွဲ့ဝင်များသည် ဖရိုဖရဲ လွင့်စဉ်ကုန်ကြသည်။

ဒါတင် မပြီးသေးပေ။ မြေကြီးထဲမှ ကျောက်သားလက်တံများစွာ ထွက်ပေါ်လာပြီး ရှိသမျှ လူတိုင်းကို ရန်မူလေတော့၏။

"မြန်မြန်... ရှောင်ကြ..."

တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်သည် ဝိညာဉ်ဓားကို ဆွဲထုတ်ပြီး ကျောက်သားလက်တံများကို ခုတ်ပိုင်းလိုက်သော်လည်း အပြတ်မဖြတ်နိုင်ကြောင်း သိလိုက်ရသဖြင့် အားလုံးကို အလောတကြီး သတိပေးလိုက်၏။

"ကျုပ်..ဝင်္ကပါ အကာအကွယ်ကို တိုက်ခိုက်မယ်..."

ချီစုစည်းခြင်း (၉) ဆင့်မြောက် ဂိုဏ်းချုပ် တစ်ဦးသည် လက်ဟန်များ ရေးဆွဲလိုက်ပြီး ဝိညာဉ်ဓားဖြင့် အကာအကွယ်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်သော်လည်း ပြန်ကန်ထွက်လာခဲ့သည်။

"မိုက်မဲလိုက်တာ... ဒါက တစ်ပိုင်းတစ်စ ပြီးစီးနေတဲ့ ဝင်္ကပါအငယ်စားကွ... ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် အောက် ဘယ်သူမှ ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး..."

ဗိုလ်ချုပ်လေးက မဲ့ပြုံး ပြုံး လိုက်၏။

ထိုအချိန်တွင် အမည်းစက်ပြောက် မြွေနတ်ဆိုးသည် အပြာရောင်ဓားကို ကိုင်ဆောင်လျက် ဝင်္ကပါအပြင်ဘက်သို့ ရောက်ရှိလာပြီး ဗိုလ်ချုပ်လေးနှင့်အတူ လူအုပ်ကြီး ဝင်္ကပါ၏ တိုက်ခိုက်မှုကို အသည်းအသန် ကာကွယ်နေရပုံကို ကြည့်ရှုနေလေသည်။

"သူတို့ အားကုန်ခါနီးမှ မင်း ဝင်ပြီး ရိတ်သိမ်းလိုက်..." ဗိုလ်ချုပ်လေးက အမည်းစက်ပြောက် မြွေနတ်ဆိုးကို ပြောလိုက်၏။

"ကောင်းပြီ... သူတို့ ငါ့ဓားအောက်မှာ နာကျင်စွာ သေဆုံးသွားတာကို ကြည့်ရတာလောက် ပျော်စရာကောင်းတာ ဘာမှမရှိဘူး..."

အမည်းစက်ပြောက် မြွေနတ်ဆိုးက ရက်စက်ကြမ်းကြုတ်စွာ ရယ်မော လိုက်၏။

ထိုအချိန်တွင် မြူခိုးဂိုဏ်း၏ စခန်းအတွင်း၌...

တပည့်အားလုံးသည် စက်ဝိုင်းပုံစံ ရပ်နေကြပြီး ကျားယွိလန်၏ "ပန်းပွင့်ကြွေ မိုးစက်များ" သိုင်းမှ ထွက်ပေါ်လာသော ပန်းပွင့်များပေါ်တွင် ရပ်နားနေကြကာ အောက်မှ ကျောက်သားလက်တံများ၏ အလစ်အငိုက် တိုက်ခိုက်မှုကို ကာကွယ်နေကြသည်။

"ဂိုဏ်းချုပ်... 'မြေလျှိုးခြင်း' တောင် ဒီဝင်္ကပါကို မယှဉ်နိုင်ဘူး ဖြစ်နေပါတယ်..."

မိုယင် လေးနက်စွာ ပြောလိုက်၏။

ခုနက သူတို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း မြေကြီးထဲသို့ ဝင်ရောက်နိုင်ခြင်း မရှိခဲ့ပေ။

ထိုစဉ်၊ ယဲ့ဖုန်းသည် သူ့ထံသို့ တိုးဝင်လာသော ကျောက်သားလက်တံများကို လက်သီးဖြင့် ထိုးခွဲနေလေ၏။

သူ၏ မျက်နှာထားမှာ ပိုမို လေးနက်လာပြီး ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ အခြားဂိုဏ်းမှ တပည့်အများအပြား ကျောက်သားလက်တံများ၏ ထိုးဖောက်ခြင်းကို ခံနေရသည်ကို တွေ့လိုက်ရသဖြင့် စိတ်မကောင်း ဖြစ်မိလေသည်။

"ကောင်လေး... မသေခင် ကြောက်ရွံ့မှုကို အရသာခံလိုက်စမ်း..."

အမည်းစက်ပြောက် မြွေနတ်ဆိုးက ဟားတိုက်ရယ်မော လိုက်၏။

ဗိုလ်ချုပ်လေးကလည်း အေးစက်သော အပြုံးဖြင့် အဓိက ဝင်္ကပါအလံကို ဝှေ့ယမ်းလိုက်ရာ ရေပုံးခန့် တုတ်ခိုင်သော ကျောက်သားလက်တံများသည် ဧရာမ မြွေကြီးများအဖြစ် ပြောင်းလဲသွားပြီး ယဲ့ဖုန်းနှင့် အဖွဲ့ကို ကိုက်ခဲရန် ပြင်လိုက်ကြသည်။

ထိုအခိုက်အတန့်တွင် မြူခိုးဂိုဏ်းတပည့်အားလုံး ကြောက်ရွံ့ထိတ်လန့်သွားကြသည်။

"ငါ့ကို သတ်နိုင်မယ် ထင်နေလား... မင်းတို့က နုပါသေးတယ်..."

သို့သော် ယဲ့ဖုန်းသည် လက်ကို ဆန့်ထုတ်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကြားတွင် အကျယ် (၂) လက်မ၊ အရှည် (၅) လက်မခန့်ရှိသော အဝါရောင် ဖျော့ဖျော့ အဆောင်လက်ဖွဲ့ စက္ကူတစ်ရွက်ကို ညှပ်ကာ လေထဲသို့ ပစ်တင်လိုက်လေသည်။

ဒါက စနစ်မှ ဆုလက်ဆောင်အဖြစ် ရရှိထားသော 'ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့' ပင် ဖြစ်သည်။

အဆောင်လက်ဖွဲ့ စက္ကူသည် လေထဲသို့ ပျံတက်သွားပြီး အလင်းရောင်များ လျင်မြန်စွာ ဖြာထွက်လာကာ အဝါရောင် လျှပ်စီးတန်းများ အရပ်မျက်နှာ အသီးသီးသို့ ပစ်ချသွားပြီး အချင်း (၂၀) မီတာခန့်ရှိသော အမိုးခုံးပုံစံ အကာအကွယ် ဒိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ယဲ့ဖုန်းနှင့် တပည့်များကို လွှမ်းခြုံလိုက်လေသည်။

ချီစုစည်းခြင်း (၉) ဆင့်မြောက် အထွတ်အထိပ်နှင့် ညီမျှသော ကျောက်သားမြွေကြီးများသည် ဒိုင်းကာကို ကိုက်ခဲသော်လည်း ပြန်ကန်ထွက်သွားကြသည်။

"ဒါ ဘယ်လို ဒိုင်းကာမျိုးလဲ..."

ဗိုလ်ချုပ်လေး၏ မျက်နှာ အရောင်ပြောင်းသွားသည်။ မြူခိုးဂိုဏ်းကို အလွယ်တကူ ချေမှုန်းနိုင်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယဲ့ဖုန်း၌ ဤကဲ့သို့သော လက်နက်မျိုး ရှိနေသေးသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။

"ငါတို့ လွတ်ပြီဟေ့..."

တပည့်များ ဝမ်းသာအားရ အော်ဟစ်လိုက်ကြသည်။

ယဲ့ဖုန်း၏ ဒိုင်းကာကို မြင်လိုက်ရသဖြင့် အခြားဂိုဏ်းမှ ကျင့်ကြံသူများသည် အလုအယက် ပြေးလာကြပြီး ဒိုင်းကာကို ကပ်လျက် အကူအညီ တောင်းခံကြလေသည်။

ထိုအချိန်တွင် အမည်းစက်ပြောက် မြွေနတ်ဆိုးက အကြံပြုလိုက်၏။ "မြေအောက်ကနေ တိုက်ခိုက်မယ်..."

"အကြံကောင်းပဲ..."

ဗိုလ်ချုပ်လေးသည် အဓိက ဝင်္ကပါအလံကို ဝှေ့ယမ်းလိုက်ရာ ကျောက်သားမြွေကြီးများသည် မြေကြီးထဲသို့ တိုးဝင်သွားပြီး မြေပေါ်ရှိ လူများကို အောက်မှနေ၍ ကိုက်ခဲရန် ကြိုးစားကြသည်။

"ဂိုဏ်းချုပ်ဦးလေး... အောက်ကနေ လာနေပြီ... ဘယ်လိုလုပ်မလဲ..."

ကျားယွိလန်သည် ဗိုလ်ချုပ်လေးနှင့် အမည်းစက်ပြောက် မြွေနတ်ဆိုးတို့၏ ပြောစကားကို ကြားလိုက်ရသဖြင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီး သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ နေရာတွင် တဆတ်ဆတ် တုန်နေလေသည်။

"မပူနဲ့..."

ယဲ့ဖုန်း တည်ငြိမ်စွာ ပြောလိုက်၏။

"ဒုန်း... ဒုန်း... ဒုန်း..."

နောက်တစ်ခဏတွင် အဝါရောင် အလင်းဒိုင်းတစ်ခုသည် လူတိုင်း၏ ခြေထောက်အောက်တွင် ပေါ်လာသည်။ ကျောက်သားမြွေကြီးများ မည်မျှပင် ပြင်းထန်စွာ ကိုက်ခဲစေကာမူ ဖောက်ထွက်နိုင်ခြင်း မရှိပေ။

ဒါကို မြင်လိုက်ရတော့ တပည့်တွေ ဝမ်းသာသွားကြရသည်။

ကျားယွိလန်သည် သက်ပြင်းချလိုက်ပြီး သူမ၏ ရင်ဘတ်ကို ဖိကာ စိတ်ကို လျှော့ချလိုက်၏။ သူမ၏ နောက်တွင်မူ ရှဟဲနှင့် ချိုကျူတို့က နောက်ကျောကို ပုတ်ပေးရင်း နှစ်သိမ့်နေကြသည်။

"နောက်ထပ် ဘာနည်းလမ်းတွေ ရှိသေးလဲ... ထုတ်သုံးလိုက်ပါဦး..."

ယဲ့ဖုန်းသည် ယုံကြည်မှုရှိစွာ လက်ကာပြလိုက်၏။ ထိခိုက်မှု မရှိသည့်အပြင် ရန်စသော အမူအရာပါ လုပ်ပြလိုက်သဖြင့် ဗိုလ်ချုပ်လေး ဒေါသထွက်လွန်း၍ မျက်နှာများ ရှုံ့မဲ့သွားလေသည်။

"ဂိုဏ်းချုပ်ယဲ့... ကယ်ပါဦးဗျာ..."

"ဂိုဏ်းချုပ်ယဲ့... ကျွန်တော်တို့ကိုသာ ကယ်တင်ပေးမယ်ဆိုရင်... ဒီအန္တရာယ်က လွတ်တာနဲ့ မြူခိုးဂိုဏ်းအတွက် သတ္တုတွင်း တူးပေးပါ့မယ်..."

"ဝိညာဉ်ကျောက်တုံး (၁၀၀) ပေးပါ့မယ်ဗျာ..."

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားအတွက် မယား (၁၀) ယောက် ရှာပေးပါ့မယ်..."

ဂိုဏ်းချုပ်အသီးသီးသည် မြူခိုးဂိုဏ်း၏ ဒိုင်းကာ ခိုင်မာမှုကို မြင်လိုက်ရသဖြင့် အသက်ကယ်ဆေး ရလိုက်သကဲ့သို့ အော်ဟစ် အကူအညီတောင်းကြလေသည်။

တပည့်များသည် (မိုယင်မှလွဲ၍) ငယ်ရွယ်ပြီး စိတ်ထားနူးညံ့ကြသူများ ဖြစ်ကြသဖြင့် ယဲ့ဖုန်းကို သနားစဖွယ် မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ကောင်းပြီလေ... ဝင်ခဲ့ကြ..."

ယဲ့ဖုန်း စိတ်ကူးလိုက်သည်နှင့် ဒိုင်းကာအပြင်ဘက်ရှိ ကျင့်ကြံသူများသည် ဒိုင်းကာကို ဖြတ်သန်းဝင်ရောက်လာကြပြီး အတွင်းဘက် မြေကြီးပေါ်တွင် လဲကျသွားကြသည်။ သူတို့၏ မျက်နှာများပေါ်တွင် စိတ်သက်သာရာ ရမှုများနှင့် ကြောက်ရွံ့မှုများ ရောထွေးနေသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် အခြားဂိုဏ်းများမှ အသက်ရှင်ကျန်ရစ်သူ (၇၀) ကျော် ဝင်ရောက်လာကြသည်။

ကျန်သူများမှာမူ ဒိုင်းကာ မဖွင့်မီကပင် ကျောက်သားလက်တံများ၏ ရစ်ပတ်မှုကြောင့် သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။

"ငါ့ကို ဒေါသထွက်အောင် လုပ်နေတာပဲ..."

ဗိုလ်ချုပ်လေးသည် ဒေါသတကြီးဖြင့် အဓိက ဝင်္ကပါအလံကို မြေကြီးပေါ် ပစ်ပေါက်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရီနေလေသည်။

အမည်းစက်ပြောက် မြွေနတ်ဆိုး၏ မျက်နှာထားလည်း အတော်လေး ကြည့်ရဆိုးနေ

လေတော့၏။

အခန်း (၇၅) - ဓာတ်ငါးပါးဝိညာဉ်ပုလဲ၏ လှုပ်ရှားမှုနှင့် သူရဲကောင်းဝိညာဉ်များ ဝင်ရောက်ပူးကပ်ခြင်း

~အမည်းစက်ပြောက် မြွေနတ်ဆိုးနှင့် ဗိုလ်ချုပ်လေးတို့ မည်မျှပင် တွက်ချက်ထားပါစေ... ယဲ့ဖုန်းတွင် "မြေကမ္ဘာအသေးစား သတ်ဖြတ်ခြင်း ဝင်္ကပါ" ပင် ဖောက်မဝင်နိုင်သော 'ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့' ရှိနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

"နောက်ဆုံးတော့ ငါတို့ လွတ်မြောက်သွားပြီ..."

"စောင့်နေလိုက်ရင် စစ်ကူတွေ ရောက်လာမှာပါ..."

"တကယ်လို့ စစ်ကူမရောက်လာရင်ရော..."

ဂိုဏ်းအသီးသီးမှ လူများသည် တစ်ယောက်တစ်ပေါက် ဆွေးနွေးငြင်းခုံနေကြသော်လည်း မကြာမီ တိတ်ဆိတ်သွားကြပြီး အားလုံး၏ အကြည့်များသည် ယဲ့ဖုန်းထံသို့ ရောက်ရှိသွားကြသည်။

"အားလုံး စိတ်ချကြပါ... ဒီ ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့က (၃) ရက် (၃) ည အသုံးခံပါတယ်... အာနိသင်က ကြာရှည်ခံတာမို့ ထိုင်ပြီး လက်ဖက်ရည်သောက်ရင်း စိတ်အပန်းဖြေလိုက်ကြပါဦး..."

ယဲ့ဖုန်းသည် တည်ငြိမ်သော မျက်နှာထားဖြင့် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်၏။ စနစ်သိုလှောင်ခန်းထဲမှ လက်ဖက်ရည်ပွဲလေး တစ်ခုကို ထုတ်ယူပြီး ကိုယ့်ကိုယ်ကိုယ် လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်၏။ ထို့နောက် လက်ဖက်ရည်ကို တစ်ငုံသောက်ရင်း ဗိုလ်ချုပ်လေးကို ရန်စသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ရာ တစ်ဖက်လူ၏ ဒေါသတကြီး အကြည့်ကို ပြန်လည်ရရှိလိုက်၏။

"(၃) ရက် (၃) ည တောင် အသုံးခံတယ် ဟုတ်လား..."

"ဒါဆို ကောင်းတာပေါ့..."

"ဂိုဏ်းချုပ်ယဲ့က တကယ်ပဲ ကြံ့ခိုင်တာပဲ..."

ဂိုဏ်းပေါင်းစုံမှ ကျင့်ကြံသူများသည် သက်ပြင်းချကာ စိတ်အေးသွားကြသည်။

ဒီစကားကို ကြားလိုက်ရတော့ ယဲ့ဖုန်း တစ်ခုခု လွဲနေပြီဟု ခံစားလိုက်ရသော်လည်း အန္တရာယ်ကြား ရောက်နေသဖြင့် ဘာမှ မပြောတော့ပေ။

တကယ်တမ်းတွင် ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့သည် တစ်နာရီသာ ခံမည်ဖြစ်သည်။

(၃) ရက် (၃) ည ဆိုသည်မှာ လူများကို စိတ်ငြိမ်အောင် ယဲ့ဖုန်း လိမ်ညာလိုက်ခြင်းသာ ဖြစ်သည်။ အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်မူ ပူလောင်နေသည်။

တစ်နာရီကြာပြီးသည့်တိုင် စစ်ကူများ ရောက်မလာပါက ဘာလုပ်ရမည်နည်းဟု သူ စဉ်းစားနေသည်။

ဒါဆို အကုန် သေကုန်ကြမှာပေါ့...

'ကံကောင်းလို့ ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့ရဲ့ ဒိုင်းကာက လူတိုင်းကို ကာကွယ်ပေးနိုင်လောက်အောင် ကြီးမားနေတာ... တစ်နာရီကြာလို့ စစ်ကူ ရောက်မလာရင်တောင်... လူ (၇၀) ကျော်ရဲ့ အင်အားကို စုစည်းပြီး ဖောက်ထွက်လို့ ရနိုင်သေးတယ်...'

ယဲ့ဖုန်း စိတ်ထဲတွင် တွေးတောလိုက်၏။

ဒါက သူ တခြားလူတွေကို ကယ်တင်ချင်ရတဲ့ အကြောင်းရင်း တစ်ခုပါ။

အကယ်၍ အခြားဂိုဏ်းသားများကို ဒိုင်းကာထဲ ဝင်ခွင့်မပေးခဲ့လျှင် သူတို့အားလုံး ဝင်္ကပါ၏ တိုက်ခိုက်မှုအောက်တွင် ခဏချင်း သေဆုံးသွားကြပေလိမ့်မည်။

ထိုသို့ဖြစ်လျှင် တစ်နာရီကြာသောအခါ မြူခိုးဂိုဏ်းသား (၁၁) ယောက်တည်းဖြင့် ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်နိုင်မည် မဟုတ်ပေ။

နောက်တစ်ချက်ကတော့ လူတွေကို ကယ်တင်လိုက်ရင် 'ဂုဏ်သတင်းအမှတ်'တွေ အများကြီး ရနိုင်မည်ဟု ယဲ့ဖုန်း တွက်ချက်ထားတာကြောင့်ပင်။

ဒီအချက်ကို တွေးမိရင်း ယဲ့ဖုန်းသည် သူ၏ ဂုဏ်သတင်းအမှတ်တွေ ဒါဇင်နဲ့ချီ တက်လာတာကို တွေ့လိုက်ရသည်။ ဆိုလိုတာက ရှိနေသူ တိုင်းနီးပါး မြူခိုးဂိုဏ်းကို အသိအမှတ်ပြုလိုက်ကြပြီ ဆိုသော သဘောပါပဲ။ ထို့ကြောင့် သူ နည်းနည်းတော့ ပျော်ရွှင်သွားသည်။

"ကောင်လေး... သတ္တိရှိရင် ထွက်ခဲ့ပြီး တိုက်စမ်း..."

ဗိုလ်ချုပ်လေးက အဓိက ဝင်္ကပါအလံကို ကိုင်ပြီး စိန်ခေါ်လိုက်၏။

"မင်း လာခဲ့ပါလား..."

ယဲ့ဖုန်းက ဗိုလ်ချုပ်လေးကို လက်ညှိုးကွေးပြီး လှမ်းခေါ်လိုက်သည်။ ပြီးတော့ လက်မထောင်ပြပြီး မြေကြီးကို ပြတ်ပြတ်သားသား လက်ညှိုးထိုးပြလိုက်၏။ (ဆိုလိုတာက "မင်း သေတော့မယ်" ဆိုတဲ့ သဘောပါ)

"ငါ ဝင်ပြီး သူ့ကို ခုတ်ပိုင်းပစ်မယ်..."

အမည်းစက်ပြောက် မြွေနတ်ဆိုးက ဝင်္ကပါထဲ ဝင်သွားပြီး အပြာရောင်ဓားကို ဝှေ့ယမ်းကာ ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့၏ ဒိုင်းကာကို ရက်စက်စွာ တိုက်ခိုက်လိုက်သည်။

သို့သော်၊ ဓားသွားတွေ ကွေးကုန်တာကို တွေ့လိုက်ရတော့ သုန်သုန်မှုန်မှုန် မျက်နှာထားနှင့် ပြန်ဆုတ်လိုက်ရသည်။

"ငါတို့ ဘာဆက်လုပ်ကြမလဲ..." အမည်းစက်ပြောက် မြွေနတ်ဆိုးက မေးလိုက်၏။

"အချိန်ကြာလေ.. ငါတို့အတွက် အဆင်မပြေလေပဲ... ရေပေါ်ဖြူမြို့တော်က ဓာတ်ကြီးငါးပါး စုစည်းခြင်းအဆင့် ကျင့်ကြံသူတွေ သိသွားပြီး ကိုယ်တိုင် လာခဲ့ရင်... ငါတို့နှစ်ယောက် အသက်လုပြီး ပြေးရလိမ့်မယ်..."

ဗိုလ်ချုပ်လေးက ပုပ်သိုးသော မျက်နှာထားနှင့် ပြောလိုက်သည်။

ဒီအချိန်မှာ ယဲ့ဖုန်းက ဂိုဏ်းချုပ်တွေနဲ့အတူ အေးဆေး လက်ဖက်ရည်သောက်နေတယ်။ ဗိုလ်ချုပ်လေး ကြည့်နေတာကို သတိထားမိတော့ သူက လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။

'လာလေ... ဝင်တိုက်လေ' ဟူသော သဘောပင်။

ဒါကို မြင်တော့ ဗိုလ်ချုပ်လေး ဒေါသထွက်လွန်းလို့ ခြေဆောင့်လိုက်ရာ မြေကြီး ချိုင့်ဝင်သွားပြီး အက်ကွဲကြောင်းတွေ ဖြာထွက်သွားသည်။

ဝိညာဉ်အလင်း အဆောင်လက်ဖွဲ့ ဒိုင်းကာ အတွင်း၌...၊

ဂိုဏ်းပေါင်းစုံက တပည့်တွေက နောက်ဘက်မှာ ရပ်နေကြတယ်။ ယဲ့ဖုန်းက အလယ်မှာ ထိုင်နေပြီး ဂိုဏ်းချုပ် (၁၀) ယောက်ကျော်က သူ့အား လေးစားသမှုနှင့် ဝိုင်းရံထားကြသည်။

ယာယီ ဘေးကင်းသွားပြီဆိုတော့ တချို့က ဒဏ်ရာတွေ ကုသနေကြပြီး တချို့ကတော့ ရှေ့ဆက် ဘာလုပ်မလဲဆိုတာ ဆွေးနွေးနေကြ၏။

အဲဒီအချိန်မှာ တောင်ပြိုဂိုဏ်း ၏ ဂိုဏ်းချုပ်က ချီးကျူးစကား ဆိုလိာ လေသည်။

"ဂိုဏ်းချုပ်ယဲ့က ငယ်ငယ်လေးနဲ့ အင်မော်တယ်လို ခွန်အားမျိုး ပိုင်ဆိုင်ထားတာပဲ... ဓားသိုင်းအရှင်ဂိုဏ်း မဟာအကြီးအကဲ နဲ့ ဟေးရွှမ်ဂိတ် ဂိုဏ်းချုပ်ကိုတောင် သတ်နိုင်ခဲ့တယ်... တကယ်ပဲ ရေပေါ်ဖြူမြို့တော် ကျင့်ကြံခြင်းလောကအတွက် ကောင်းချီးမင်္ဂလာပါပဲဗျာ..."

"ဂိုဏ်းချုပ်ယဲ့... ခင်ဗျားက ကျင့်ကြံခြင်းအဆင့် မရှိသလို ပုံပေါ်ပေမယ့်... ခန္ဓာကိုယ် ကျင့်ကြံသူလည်း မဟုတ်ဘဲနဲ့... ဘာလို့ ဒီလောက် ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ရှိနေရတာလဲ..."

"ဒီအခြေအနေက ဒဏ္ဍာရီထဲက 'ရွေးချယ်ခံရသူ' နဲ့ တော်တော် တူနေတယ်..."

တခြားဂိုဏ်းချုပ်တွေကလည်း ဝင်ပြောကြသည်။

ယဲ့ဖုန်းက အခက်တွေ့စွာ ရယ်မောလိုက်သည်။

"ဟုတ်ပါတယ်... တကယ်တော့ ကျွန်တော်က ရွေးချယ်ခံရသူပါပဲ... အဲဒါကြောင့် ဆန်းကြယ်တဲ့ စွမ်းရည်တွေ အများကြီး ပိုင်ဆိုင်ထားတာပါ..."

"တကယ်လား..."

လူအုပ်ကြီးက မယုံနိုင်သလို နောက်ဆုတ်သွားကြ၏။

ရွေးချယ်ခံရသူ။

လူအများစုက အဓိပ္ပာယ်ကို သေချာ မသိကြသော်လည်း၊ နာမည်ကြားရုံနဲ့တင် ဒါက ကောင်းကင်ဘုံ၏ အချစ်တော်၊ အလားအလာ အကန့်အသတ်မရှိသူ ဖြစ်ရမည်ဟု ခံစားလိုက်ကြရသည်။

"ဘာ ရွေးချယ်ခံရသူလဲ... အလကားပါကွ... မင်းရဲ့ ကာကွယ်ရေးဒိုင်းကို ဖြိုခွင်းပြီးတာနဲ့... မင်းတို့အားလုံးကို 'သွေးဝိညာဉ်ဆေးလုံး' လုပ်ပြီး ယဇ်ပူဇော်ပစ်မယ်..."

ဗိုလ်ချုပ်လေးက အဓိက ဝင်္ကပါအလံကို ဆက်လက် ဝှေ့ယမ်းနေပြီး မြေကြီးအောက်မှ ဧရာမ ကျောက်သားမြွေကြီးတွေ ထွက်ပေါ်လာကာ ဒိုင်းကာကို ကိုက်ခဲတိုက်ခိုက်နေကြတသည်။

ထိုအချိန်မှာ ယဲ့ဖုန်းက လက်ကို ဆန့်ထုတ်လိုက်တော့ သူ့လက်ဖဝါးပေါ်မှာ အက်ကွဲရာတွေနှင့် ပြည့်နေတဲ့ 'ဓာတ်ငါးပါးဝိညာဉ်ပုလဲ' ပေါ်လာ၏။

အနီရောင်ဝတ် မိန်းမပျိုက "ဝိညာဉ်လွှဲပြောင်းခြင်း ကျိန်စာ" နှင့် သူ့ကို ပုလဲရဲ့ သခင်ဖြစ်အောင် လုပ်ပြီးကတည်းက ယဲ့ဖုန်းက ဒီပုလဲကို စနစ်သိုလှောင်ခန်း ထောင့်တစ်နေရာမှာ ပစ်ထားလိုက်သည်။ မျက်စိအောက်က အပျောက်ပင်။

ခုနလေးတင် ပုလဲ၏ ထူးခြားသည့် လှုပ်ရှားမှုကို အာရုံခံမိ၍ ထုတ်ကြည့်လိုက်ခြင်း ဖြစ်ပါသည်။

"ဟေ... ဒီပစ္စည်းက နီရှန်နန်းတော်ရဲ့ ရတနာ 'ဓာတ်ငါးပါးဝိညာဉ်ပုလဲ' နဲ့ တော်တော်တူနေပါလား..." တစ်ယောက်က မေးလိုက်သည်။

ယဲ့ဖုန်း: "ဒါ ဓာတ်ငါးပါးဝိညာဉ်ပုလဲလေ..."

"ဟေ..."

လူအုပ်ကြီး စဉ်းစား၍ မရတော့ပါချေ။

နီရှန်နန်းတော်ရဲ့ ရတနာက ဘာလို့ ယဲ့ဖုန်းလက်ထဲ ရောက်နေတာလဲ... ပြီးတော့ အက်ကွဲရာတွေနဲ့ ဖြစ်နေရတာလဲ...

ယဲ့ဖုန်းက နီရှန်နန်းတော်သခင်မနဲ့ တိုက်ခိုက်ပြီး လုယူလာတာများလား...

"ငါ သဘောပေါက်ပြီ... ဂိုဏ်းချုပ်ယဲ့က နီရှန်နန်းတော်သခင်မရဲ့ သား ဖြစ်ရမယ်..."

တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်က လေးနက်တဲ့ မျက်နှာထားနှင့် ခန့်မှန်းလိုက်၏။

ယဲ့ဖုန်း၏ ပါးစပ်ထောင့် တွန့်သွားပြီး ပြောစရာ စကားမရှိ ဖြစ်သွားရသည်။

သို့သော်၊ ယဲ့ဖုန်း သူတို့နှင့် စကားနိုင်လုနေဖို့ အချိန်မရကါ။

အကြောင်းကား ၊ ဓာတ်ငါးပါးဝိညာဉ်ပုလဲက လေထဲကို ရုတ်တရက် မြောက်တက်သွားပြီး မျက်နှာပြင်မှ တောက်ပသော ရောင်စုံအလင်းတန်းတွေ ထွက်ပေါ်လာ၍ပင်။

ပုလဲက 'ကောင်းကင်နှင့် မြေကြီး စွမ်းအား' တွေကို စုပ်ယူလိုက်ပြီး မျက်နှာပြင်ပေါ်မှ အက်ကွဲရာတွေက မျက်စိရှေ့မှာတင် ပြန်လည်ကောင်းမွန်လာသည်။

—-----

တစ်ချိန်တည်းမှာပင်...

ရောင်စုံငါးသွယ်မြို့တော် အလယ်ဗဟို... အပျော်အိမ် အပျက်အစီးပုံအောက်မှာ...၊

သေဆုံးသွားခဲ့သော အနီရောင်ဝတ် မိန်းမပျိုက ရုတ်တရက် မျက်လုံးပွင့်လာ၏။ သူမအပေါ်က ကျောက်တုံးအကျိုးအပဲ့တွေကို လက်နှင့် ယက်ဖယ်ပြီး ရွှံ့တွေပေကျံလျက် အပြင်ဘက်ကို တွားသွားထွက်လာသည်။

အပျက်အစီးပုံပေါ်မှာ မတ်တတ်ရပ်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်၏။

သည်းကြီးမည်းကြီး ရွာသွန်းနေတဲ့ မိုးရေတွေအောက်မှာ သူမဟာ ရေစိုကြွက်စုတ်လို ဖြစ်နေတယ်။ ဆံပင်တွေ ဖရိုဖရဲနှင့် မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေ၍ ဖြတ်သွားဖြတ်လာတွေက ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။

"ငါ ပြန်ရှင်လာပြီ... ဒါပေမဲ့ ဘာလို့လဲ..."

အနီရောင်ဝတ် မိန်းမပျိုက ကောင်းကင်ပေါ်က မဆုံးနိုင်သော တိမ်မည်းကြီးတွေကို ငေးမောကြည့်ရှုရင်း မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်မှုတွေနှင့် အားကိုးရာမဲ့မှုတွေ ပြည့်နှက်နေ၏။ သူမက ဖိနပ်ကို ချွတ်လိုက်ပြီး ခုန်ပျံလိုက်ရာ ခဏအတွင်းမှာပင်၊ မိုးရေစက်တွေကြား ပျောက်ကွယ်သွားလေတော့သည်။

နန်လုတောင်တန်း နက်ရှိုင်းသော နေရာတွင်...၊

ဓာတ်ငါးပါးဝိညာဉ်ပုလဲက ချောမွေ့သော အရောင်အဝါတွေ ထုတ်လွှတ်ပြီး ယဲ့ဖုန်း၏ လက်ဖဝါးပေါ် ပြန်ကျလာတာကို တွေ့လိုက်ရသည်။ ဆန်းကြယ်သော အငွေ့အသက်တစ်ခု သူ့ဆီ စီးဝင်လာပြီး သူ့ခန္ဓာကိုယ်ကြီး ကျယ်ပြန့်သွားသလို ထူးဆန်းသော ခံစားမှုမျိုး ရရှိလိုက်၏။

"အံ့သြစရာကောင်းတဲ့ စွမ်းအားပဲ..."

ယဲ့ဖုန်း စိတ်ထဲကနေ အံ့သြတကြီး ရေရွတ်လိုက်သည်။ လက်ကို ဆန့်ထုတ်လိုက်တော့ စားပွဲပေါ်က လက်ဖက်ရည်ခွက်က မမြင်ရသော စွမ်းအားတစ်ခု၏ မခြင်းကို ခံလိုက်ရပြီး သူ့လက်ဖဝါးပေါ် တည်ငြိမ်စွာ ရောက်ရှိလာသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရသူတိုင်း အံ့သြမှင်သက်သွားကြရ၏။

အရင်က ယဲ့ဖုန်းက ခွန်အားကြီးတာကို ပြသခဲ့သော်လည်း အဲဒါက အကြမ်းစား ကာယခွန်အား သက်သက်ပါပင်။

အခုတော့ သူက ပစ္စည်းတွေကို လေထဲကနေ ရွေ့လျားနိုင်ပြီ။

ဒါက သေချာပေါက် သိုင်းစွမ်းအား နယ်ပယ်ထဲ ရောက်နေပြီလေ။

"ဒါ... ဒါက ရွေးချယ်ခံရသူရဲ့ စွမ်းအားများလား... တကယ် အားကျစရာပဲဗျာ..."

တောင်ပြိုဂိုဏ်း ဂိုဏ်းချုပ်က မနာလိုလွန်းလို့ ရူးမတတ် ဖြစ်သွားကြ၏။

"ဂိုဏ်းချုပ်ဦးလေးက သိုင်းတွေ သုံးနိုင်ပြီလား..." ရှီလေ့က အံ့သြတကြီး အော်ဟစ်လိုက်သည်။

"တခြားသူတွေ ပြောတာ ကြားဖူးတယ်... ဒါက ရွေးချယ်ခံရသူရဲ့ စွမ်းအား ဖြစ်ပုံရတယ်... သာမန်ပုံစံ ပေါက်ပေမယ့် သိုင်းစွမ်းအားတွေကို သုံးနိုင်တယ်တဲ့..." ဟိုယွင်ကျဲက တွေးတောရင်း ပြောလိုက်တယ်။

"မဟုတ်ဘူး... ဒါက 'သူရဲကောင်းဝိညာဉ်စွမ်းအား'လို့ ခေါ်တယ်... ကောင်းကင်နှင့် မြေကြီး စွမ်းအား အမျိုးအစား တစ်ခုပဲ... သိုင်းတွေထက်တောင် ပိုပြီး ဆန်းကြယ်သေးတယ်..."

ဟု မိုယင်က ရှင်းပြလိုက်သည်။

ဘေးကလူတွေ ပြောနေတာကို ကြားတော့ ယဲ့ဖုန်းလည်း ဇဝေဇဝါ ဖြစ်သွားတယ်။ ဒါကြောင့် စိတ်ထဲကနေ မေးလိုက်မိသည်။

"စနစ်ရေ... ဘာဖြစ်သွားတာလဲ..."

[ဒါက သူရဲကောင်းဝိညာဉ်တွေရဲ့ စွမ်းအားပါ... ဓာတ်ငါးပါးဝိညာဉ်ပုလဲအပေါ် အပြည့်အဝ ပေးသနားထားတာပါ... ဂိုဏ်းချုပ်က ဓာတ်ငါးပါးဝိညာဉ်ပုလဲရဲ့ တစ်ဦးတည်းသော သခင် ဖြစ်နေလို့ သူရဲကောင်းဝိညာဉ်စွမ်းအားကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်တာပါ...]

စနစ်က ရှင်းပြလာ၏။

…ဒါဆို ငါက မသိလိုက်ဘဲနဲ့ ရွေးချယ်ခံရသူ ဖြစ်သွားတာပေါ့...

ယဲ့ဖုန်း ကြောင်တောင်တောင် ဖြစ်သွားလေတော့သတည်း။

All Chapters