← Chapters

အခန်း (၄၁-၄၂)

Vol. 3 Ch. 41-42

အခန်း (၄၁-၄၂)

Vol. 3 Ch. 41-42

အပိုင်း (၄၁) တင်းယန်၏ ရင့်ကျက်ပြောင်းလဲမှု

"ဝမ်ယန်မေပဲ..."

လင်းယွမ် ခေါင်းလှည့်ကာ အဒေါ်ကြီးလီကို မေးလိုက်သည်။ "အဒေါ် သူ့ကို သိလို့လား"

"သိတာပေါ့... ဝမ်ယန်မေဆိုတာ ရပ်ကွက်ကော်မတီက ဥက္ကဌလျိုရဲ့ မိန်းမလေ... သူလည်း ရုံးဝန်ထမ်းတစ်ယောက်ပါပဲ... သူ့ဘေးက ကောင်မလေးက သူ့သမီး လျိုချန့်"

"ဘုရား... ဘုရား... မိုက်ရိုင်းလိုက်ကြတာကွယ်"

စကားဆုံးသည်နှင့် တပြိုင်နက် အဒေါ်ကြီးလီမှာ တစ်စုံတစ်ခုကို မြင်လိုက်ရပြီး မျက်လုံးများကို အမြန်လက်ဖြင့် အုပ်ကာ ဆက်မကြည့်ရဲတော့ပေ။

လင်းယွမ် ကြည့်လိုက်သောအခါ လျှိုအားလုံသည် သားအမိနှစ်ယောက်လုံး၏ ခေါင်းကို ဖိချထားပြီး သူ့ရှေ့တွင် ဒူးထောက်ခိုင်းထားသည်ကို တွေ့လိုက်ရသည်။

ထို့နောက် သူက ခါးပတ်ကို ဖြုတ်လိုက်သည်။ ဘာလုပ်တော့မည်ဆိုသည်ကို ပြောပြစရာပင် မလိုတော့ပေ။

လင်းယွမ် မျက်ခုံးလှုပ်သွားပြီး ဒရုန်းကို ချက်ချင်း ရွှေ့လိုက်ကာ ၂၉၊ ၃၀ နှင့် ၃၁ ထပ်ရှိ အခြေအနေများကို ပြောင်းလဲစောင့်ကြည့်လိုက်သည်။

အားလုံးက စောစောက မြင်လိုက်ရသော မဖွယ်မရာ မြင်ကွင်းအကြောင်းကို နားလည်မှုရှိရှိဖြင့် နှုတ်ဆိတ် နေလိုက်ကြသည်။

"၂၉ ထပ်ကလူက မော်ရှောင်ချိုင်ပဲ... အဲ့တိုက်ခန်းက အစက ကျိုးကျားချောင် အပိုင်စီးထားတဲ့ အခန်းလေ... ဟင် ဟိုတစ်ယောက်က ကျိုးကျားချောင်ရဲ့ မိန်းမ မလား... ဘာလို့ မော်ရှောင်ချိုင်နဲ့ အတူ..."

မာကောချိုင်က ၂၉ ထပ်ရှိ အခန်းကို မြင်သောအခါ အံ့သြတကြီး ရေရွတ်လိုက်သည်။

ဒရုန်းကင်မရာ မြင်ကွင်းထဲတွင် မော်ရှောင်ချိုင်သည် သက်လတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အတူရှိနေသည်။ သူက အမျိုးသမီးကို ကိုင်တွယ်ပွတ်သပ်နေပြီး ထိုအမျိုးသမီးမှာ ပြန်လည်ခုခံရဲခြင်း မရှိဘဲ အတင်းဟန်ဆောင် ပြုံးနေရသည်။

တင်းယန်သည် ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ မျက်လုံးထဲတွင် အမုန်းတရားများ ပြည့်နှက်သွားသည်။ သူမ လက်ထဲမှ ဒူးလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အသက်ရှူသံများ မြန်ဆန်လာသည်။

လင်းယွမ်က သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဒရုန်းကို ၃၀ ထပ်သို့ ပြတ်ပြတ်သားသား ရွှေ့လိုက်သည်။

၃၀ ထပ်ရှိ အခန်းများမှာ မှောင်မည်းနေပြီး ဝရန်တာကိုလည်း ပိတ်ကာထားသဖြင့် အတွင်းပိုင်း အခြေအနေကို မမြင်ရပေ။

၃၁ ထပ်မှာလည်း ထိုနည်းလည်းကောင်းပင်။ လိုက်ကာများ ပိတ်ထားသည်။ ထိုအခန်းမှာ ဆုန့်ဝမ်၏ အခန်းဖြစ်သည်။

လင်းယွမ် ခဏမျှ ဆက်လက်စောင့်ကြည့်ပြီးနောက် မည်သည့်အထပ်တွင် မည်သူနေသည်ကို အကြမ်းဖျင်း သိရှိသွားသည်။

"ဝူဟွတို့ ကျန်းလီတို့ အဖွဲ့ကိုတော့ မတွေ့ဘူး... ကြည့်ရတာ သူတို့ လှေကားဘက်မှာ ရှိနေလောက်တယ်" မာကောချိုင်က ပြောသည်။

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ထင်တဲ့အတိုင်းဆိုရင်တော့ အဲ့ဒီလူတွေက လျှိုအားလုံ အခန်းနားမှာပဲ ရှိနေလောက်တယ်... တစ်ယောက်တည်း ကွဲမနေအောင် သူတို့လည်း အုပ်စုဖွဲ့ နေကြမှာပဲ"

လင်းယွမ် ခဏ စဉ်းစားလိုက်ပြီး... "၂၉ ထပ်ကကောင်ကို အရင် ရှင်းကြမယ်"

မာကောချိုင်က ချက်ချင်းမေး၏။ "ဘယ်လိုရှင်းမှာလဲ"

တင်းယန်ကလည်း ချက်ချင်း ခေါင်းမော့လာသည်။ "ကျွန်မလည်း ပါမယ်"

လင်းယွမ် ခေါင်းညိတ်ပြလိုက်သည်။ "မလောနဲ့ဦး... အစ်ကိုချိုင် ပြန်ရောက်လာပါစေဦး... ကျွန်တော်တို့အစီအစဉ် တစ်ခုလောက် အရင်ဆွဲကြတာပေါ့"

မာကောချိုင်က ခေါင်းညိတ်သည်။ "ဒီ မော်ရှောင်ချိုင် ဆိုတဲ့ကောင်က လျှိုအားလုံရဲ့ လူယုံဖြစ်လောက်တယ်... မဟုတ်ရင် ခုနက လျှိုအားလုံ အခန်းထဲကို ဝင်ခွင့်ရမှာ မဟုတ်ဘူး"

တင်းယန်ကလည်း ဝင်ပြောသည်။ "သူ တံခါးဖွင့်လာအောင် တစ်နည်းနည်းနဲ့ လှည့်စားမှ ဖြစ်မယ်"

"ခင်ဗျားတို့မှာ အကြံကောင်းရှိလား" လင်းယွမ်က မေးလိုက်သည်။

မာကောချိုင် တွန့်ဆုတ်သွားပြီး တင်းယန်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

တင်းယန်မှာ မျက်မှောင်ကြုတ်နေပြီး အကြံကောင်း တစ်ခုမှ ထွက်မလာသည့်ပုံပင်။

မာကောချိုင်၏ အမူအရာကို မြင်သောအခါ လင်းယွမ် ချက်ချင်း သဘောပေါက်လိုက်သည်။ မာကောချိုင်တွင် အကြံတစ်ခု ရှိသော်လည်း တင်းယန်ကို အားနာနေ၍ မပြောရဲခြင်း ဖြစ်ပေလိမ့်မည်။

ထို့ကြောင့် သူက မေးလိုက်သည်။ "ဦးလေးမာ... တင်းယန်က ကိုယ့်လူပါပဲဗျာ... ခင်ဗျားမှာ အကြံရှိရင် ပြောသာပြောစမ်းပါ"

တင်းယန် ချက်ချင်း မော့ကြည့်လာသည်။ မာကောချိုင်၏ အမူအရာကို မြင်သောအခါ သူမ ဒေါသထွက်သွားသည်။ "ဦးလေးမာ... ရှင် ဒါကဘာအဓိပ္ပါယ်လဲ"

မာကောချိုင်က လက်ခါပြလိုက်သည်။ "ငါ နင့်ကို မယုံလို့ မဟုတ်ပါဘူး... ငါ့နည်းလမ်းက နင့်အတွက် နည်းနည်းမမျှတသလို ဖြစ်နေလို့... အဲဒါကြောင့်..."

တင်းယန် ကြောင်သွားပြီးနောက် ချက်ချင်း ပြန်ပြောလိုက်သည်။ "ပြောပါ... ဟိုမိန်းမကို သတ်လို့ရမယ့် နည်းလမ်းသာဆိုရင် ကျွန်မ လုပ်နိုင်တယ်"

မာကောချိုင်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။ "ငါ ကြားတာတော့ မင်း အရင်က ကျိုးကျားချောင် ဖမ်းတာ ခံခဲ့ရဖူးပြီး အိမ်က သူ့မိန်းမနဲ့လည်း ပြဿနာ ရှိခဲ့တယ်ဆို"

တင်းယန်၏ မျက်နှာထား ပြောင်းလဲသွားခြင်း မရှိပေ။ မာကောချိုင်နှင့် ချိုင်ကြည်တို့က စင်္ကြံလမ်းတွင် နေထိုင်ကြသူများ ဖြစ်၍ သူမနှင့် ဖန်မေချင်းတို့၏ ကိစ္စကို သိနေသည်မှာ မဆန်းပေ။

သူမ ငြင်းဆိုခြင်း မပြုဘဲ ခေါင်းညိတ်လိုက်သည်။ "ရှင် သိထားတဲ့အတိုင်းပါပဲ"

မာကောချိုင် သက်ပြင်းချလိုက်သည်။ "အဲဒီတုန်းက ငါနဲ့ ချိုင်ကြည်လည်း ကိုယ့်ဖာသာတောင် မနည်း ရပ်တည်နေရတာဆိုတော့ မင်းကို မကူညီနိုင်ခဲ့ဘူး..."

တင်းယန် လက်ကာပြလိုက်သည်။ "ပြီးခဲ့တာတွေ ထားလိုက်ပါတော့... ရှင့်မှာ ဘာနည်းလမ်းရှိလဲ ကျွန်မကိုပြော"

မာကောချိုင်က ဆက်ပြောသည်။ "ငါ စဉ်းစားမိတာက မင်းအနေနဲ့ ရန်သူအထင်သေးအောင် အားနည်းချင်ယောင်ဆောင်ပြီး မော်ရှောင်ချိုင်ဆီမှာ ခိုလှုံခွင့်သွားတောင်းရင် ကောင်းမလားလို့"

"ဒီကောင်က ကျိုးကျားချောင်ရဲ့ သားမယားကိုတောင် သိမ်းပိုက်ထားတာဆိုတော့ သေချာပေါက် ရာဂ ကြီးတဲ့ကောင်ပဲ... မင်းက အလိုတူအလိုပါ ပုံစံမျိုးနဲ့ သွားမယ်ဆိုရင် သူ ယုံပြီး တံခါးဖွင့်ပေးလောက်တယ်"

"ငါတို့တွေ ရှိနေတာကို သူတို့ မသိသေးတာက ငါတို့ရဲ့ အကြီးမားဆုံး ဝှက်ဖဲပဲ"

ထိုစကားကြောင့် လင်းယွမ်နှင့် တင်းယန်တို့ အတွေးကိုယ်စီ ဝင်သွားကြသည်။

မာကောချိုင်က ဆက်ပြောသည်။ "ငါတို့က လှေကားထစ်မှာ ပုန်းနေမယ်... သူ တံခါးဖွင့်လိုက်တာနဲ့ ငါတို့ အားလုံး ရုတ်တရက် ဝင်တိုက်ရင် သူတို့ ဘာမှလုပ်နိုင်မှာ မဟုတ်တော့ဘူး"

ဤနည်းလမ်းက အောင်မြင်နိုင်ချေ မြင့်မားသည်။ သို့သော် အဓိကအချက်မှာ တင်းယန် လက်ခံနိုင်ပါ့မလား ဆိုသည်ပင်။

အဘယ်ကြောင့်ဆိုသော် ဤကိစ္စသည် တင်းယန်၏ ဒဏ်ရာဟောင်းကို ပြန်ဆွပေးသလို ဖြစ်နေပြီး သူမ၏ မလိုလားအပ်သော အတိတ်ကို ပြန်အမှတ်ရစေနိုင်သောကြောင့် ဖြစ်သည်။

လင်းယွမ် နှုတ်ဆိတ်နေပြီး တင်းယန်ကို ကြည့်လိုက်သည်။

ဘေးမှ နားထောင်နေသော အဒေါ်ကြီးလီက ထိုစကားကို ကြားသောအခါ မာကောချိုင်၏ လက်မောင်းကို ရိုက်ချလိုက်ပြီး ဆဲဆိုလေသည်။ "မာကောချိုင်... ရှင်ကိုယ်ချင်းစာစိတ်မရှိဘူးလား... တင်းယန်လေး ဒီလောက် ဒုက္ခခံခဲ့ရတာကို သိရက်နဲ့ ဒီလို စုတ်ပြတ်တဲ့ အကြံဉာဏ်မျိုး ပေးရသလား..."

မာကောချိုင် ခါးသက်သက် ပြုံးလိုက်သည်။ သူ ပြန်မပြောရဲဘဲ ခေါင်းကိုပုကာ နောက်ဆုတ်လိုက်ရသည်။

ရန်မေက ဝင်မပြောဘဲ တင်းယန်ဘေးတွင် ရပ်ကာ လက်မောင်းလေးကို ချိတ်ပေးထားသည်။ ဤသို့လုပ်ပေးခြင်းဖြင့် တင်းယန်ကို နှစ်သိမ့်ပေးလိုပုံ ရသည်။

တင်းယန် ငူငူငိုင်ငိုင် ဖြစ်နေသည်။ နာကျင်စရာကောင်းသော ထိုနေ့ရက်များကို ပြန်စဉ်းစားမိပြီး သူမ၏ ရင်ထဲတွင် အမုန်းတရားများ ပြည့်နှက်လာ၏။

သူမသည် ကျိုးကျားချောင်၏ အနိုင်ကျင့်မှုကို ခံခဲ့ရသည်။ တစ်ချိန်က သူမ စိတ်ပျက်အားငယ်ခဲ့ဖူးပြီး ကံတရားကို အရှုံးပေးခဲ့ဖူးသည်။

ကျိုးကျားချောင်က သူမကို အိမ်ခေါ်သွားပြီး ပေါင်းသင်းမည်ဟု သူမ ထင်ခဲ့ဖူးသည်။

သို့သော် ထိုလူမှာ မိန်းမကြောက်ကြီး ဖြစ်နေခဲ့သည်။

သူမနှင့် ဖန်းမေချင်းကို အိမ်ခေါ်သွားချိန်တွင် ထိုအမျိုးသမီးက သူမကို ပါးရိုက်ခဲ့ရုံသာမက အခြားယောကျာ်းများကို ခေါ်ပြီး သူမကို စော်ကားခိုင်းရန် ပြင်ဆင်ခဲ့သည်။

ဖန်းမေချင်းမှာ ကြောက်လန့်ပြီး အရှုံးပေးလိုက်ကာ တစ်ဖက်လူ စိတ်ကြိုက် ကစားစရာဘဝကို ခံယူလိုက်သည်။

ခွေးတစ်ကောင်လို အမြီးနှံ့ပြီး ထိုအမျိုးသမီးကို သခင်မအဖြစ် အသိအမှတ်ပြုကာ သူမကိုပါ နည်းလမ်းပေါင်းစုံဖြင့် ပြန်လည်အနိုင်ကျင့်ခဲ့သည်။

ကျိုးကျားချောင် ပြန်ရောက်လာသောအခါ အခြားယောကျာ်းများကို မောင်းထုတ်လိုက်သော်လည်း သူ့မယားကြီးကိုတော့ စိတ်ဆိုးရဲခြင်း မရှိပေ။ ထို့ကြောင့် သူမနှင့် ဖန်းမေချင်းကို လှေကားထစ်တွင် ပိတ်လှောင်ခဲ့သည်။

ခွေးနှစ်ကောင် မွေးထားသကဲ့သို့ပင် သူ ပျင်းလာသောအခါ လှေကားထစ်သို့ လာပြီး ကာမဆန္ဒ ဖြေဖျောက်လေ့ရှိသည်။

ထိုအချိန်တွင် သူမ တကယ်ကို စိတ်ပျက်ပြီး ထုံထိုင်းနေခဲ့ပြီ။

လင်းယွမ် လက်နက်အပြည့်အစုံဖြင့် သူမရှေ့သို့ ရောက်လာချိန်ကျမှသာ သူမတွင် အခွင့်အရေး ရှိသေးကြောင်း သိလိုက်ရသည်။

ကျိုးကျားချောင် သေပြီဆိုသည်ကို သိလိုက်ရသော အခိုက်အတန့်တွင် သူမ ဝမ်းမနည်းခဲ့သလို ကြောက်လန့်ခြင်းလည်း မရှိခဲ့ပေ။ စိတ်လှုပ်ရှားမှုနှင့် လွတ်မြောက်ခြင်း၏ ပီတိကိုသာ ခံစားခဲ့ရသည်။

ဖန်းမေချင်း ဆိုသော မိန်းမကတော့ သေမတတ် ကြောက်လန့်နေခဲ့သည်။

ထိုမိန်းမ၏ ပထမဆုံး တုံ့ပြန်မှုမှာ သူမကို ဆွဲခေါ်ပြီး လျှိုအားလုံဆီ သွားကာ ခန္ဓာကိုယ် ပေးဆပ်ပြီး မျက်နှာလိုမျက်နှာရ လုပ်ရန်ဖြစ်သည်။

သူမ တွန့်ဆုတ်ခြင်းမရှိဘဲ ထိုမိန်းမကို သတ်ပစ်လိုက်သည်။ သူမ၏ ကံကြမ္မာကို သူမ လက်ထဲတွင် ကိုယ်တိုင် ဆုပ်ကိုင်ထားမှသာ အသက်ဆက်ရှင်နိုင်မည့် မျှော်လင့်ချက်ရှိမည်ကို သူမ နားလည်သွားပြီ ဖြစ်သည်။

ထို့ကြောင့် သူမသည် ချိုင်ကြည်နှင့် ဦးလေးမာတို့ အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ပြီး လင်းယွမ်ထံ ခိုလှုံရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

သူမ လုပ်နိုင်ခဲ့သည်။ သူမ ပြောင်းလဲသွားခဲ့ပြီ။ ပိုပြီး သန်မာလာပြီ... ပိုပြီး ရက်စက်တတ်လာပြီ... ဤကပ်ဘေးကာလနှင့် ကိုက်ညီအောင် နေတတ်လာပြီ ဖြစ်သည်။

ယခုလည်း သူမ၏ ကံကြမ္မာကို ဆုံးဖြတ်ရမည့် အချိန် ရောက်လာပြန်ချေပြီ။

ထိုသို့ တွေးလိုက်မိပြီး သူမ ရုတ်တရက် ပြုံးလိုက်သည်။ သူမ ခေါင်းမော့ကာ လင်းယွမ်ကို ပြောလိုက်သည်။ "ကျွန်မ လုပ်မယ်"

လင်းယွမ် မျက်မှောင်ကြုတ်လိုက်သည်။ "ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ပါနဲ့... မင်း မသွားချင်ရင်လည်း ငါ့မှာ တခြားနည်းလမ်း ရှိပါသေးတယ်"

သူ့တွင် ခွန်အားများ နှစ်ဆတိုးနေပြီဖြစ်ရာ လှေကားထစ်တွင် ပုန်းအောင်းပြီး မော်ရှောင်ချိုင် အပြင်ထွက်လာချိန်ကို စောင့်ကာ အလွယ်တကူ သတ်ဖြတ်နိုင်သည်။

သို့သော် ထိုနည်းလမ်းတွင် စွန့်စားရမည့် အချက်များ ရှိနေသည်။ မော်ရှောင်ချိုင် မည်သည့်အချိန် အပြင်ထွက်မလဲ မသိနိုင်သလို စောင့်ဆိုင်းနေစဉ် လျှိုအားလုံ၏ လူများနှင့် တိုးကာ အဝိုင်းခံရမည့် အန္တရာယ်လည်း ရှိသည်။

တင်းယန် ပြုံးလိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာ၏။ "အတင်းအကျပ် လုပ်တာ မဟုတ်ဘူး... ဒါ ကျွန်မလုပ်ရမယ့် ကိစ္စမို့လို့ပါ"

"တင်းယန်... နင်"

ရန်မေက ဝင်ပြောပြီး တားဆီးရန် ပြင်လိုက်သည်။

တင်းယန်က လက်ကာပြပြီး သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။

"ရန်မေ... ဒီခေတ်ကြီးက ပျက်စီးနေပြီ... ငါက နင့်လို ကံမကောင်းဘူး... နင့်လို အစကတည်းက လင်းယွမ်နဲ့ အိမ်နီးချင်း ဖြစ်ပြီး သူ့ကို တွေ့ခဲ့ရတာ မဟုတ်ဘူး"

"ငါ့အတွေ့အကြုံတွေအရ ငါကိုယ်တိုင် အစွမ်းထက်မှ... ငါ့ကိုယ်ငါ အားကိုးမှနိုင်မှပဲ တကယ် အသက်ရှင်နိုင်မှာ"

"ငါ နင့်ကို တကယ်အားကျတယ်... နင့်မှာ အားကိုးရမယ့်လူ အဆင်သင့်ရှိတယ်... ငါ့မှာက ဘယ်သူမှ မရှိဘူးလေ... ဒါကြောင့် ငါ အသက်နဲ့ရင်းပြီး ကြိုးစားမှပဲဖြစ်မှာ"

သူမက ရန်မေ၏ လှပသော မျက်နှာလေးကို ကြည့်ပြီး ဆက်ပြောသည်။ "နင် လင်းယွမ်နဲ့ ပတ်သက်ရင် စိတ်ထဲမှာ ရှက်သလိုလို ဖြစ်နေတာကို ငါသိတယ်... ဒါပေမဲ့ ငါ ပြောပြမယ်... အခုက ကပ်ဘေးကာလ ရောက်နေပြီ... ကိုယ်ကျင့်တရားတွေ ပျက်စီးနေတဲ့ခေတ်မှာ သူ့နောက်လိုက်ခွင့်ရတာကိုပဲ ဘေးလူတွေက အားကျနေကြရတာ... နင့်စိတ်ထဲမှာ ရှိနေတဲ့ မလိုလားအပ်တဲ့ အတွေးတွေကို မေ့ပစ်လိုက်တော့"

ထိုစကားများ ပြောပြီးနောက် သူမ လင်းယွမ်ဘက်သို့ လှည့်လိုက်သည်။ "အဲ့လိုပဲလုပ်ကြမယ်... ကျွန်မက သူတံခါးဖွင့်လာအောင် မျှားခေါ်မယ်... ရှင်တို့က ဘေးမှာ ပုန်းနေပြီး အခွင့်အရေးရတာနဲ့ ဝင်စီးကြပေါ့"

"အစ်ကိုချိုင် ပြန်လာတဲ့အထိ စောင့်လိုက်ဦး... ကျွန်မ ပြင်ဆင်စရာလေးတွေ ရှိသေးလို့"

ပြောပြောဆိုဆိုနှင့် သူမသည် စာကြည့်ခန်းဘက်သို့ ဝင်သွားလေသည်။ လက်နက်ကိရိယာ အချို့ သွားလုပ်မည် ထင်သည်။

လင်းယွမ် သူမ၏ ကျောပြင်ကို ကြည့်ပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

ဤသည်မှာ ကပ်ဘေးကာလဖြစ်ပြီး လူတိုင်း ရင့်ကျက်ပြောင်းလဲလာကြရသည်။

သို့သော် ထိုသို့ ရင့်ကျက်လာရန် ပေးဆပ်လိုက်ရသည့် တန်ဖိုးကတော့ လက်ခံရန် ခက်လွန်းလှသည်။

ရန်မေ၏ မျက်ဝန်းအိမ်တွင် မျက်ရည်စများ ဝိုင်းလာပြီး လင်းယွမ်၏ လက်ကို တိတ်တဆိတ် ဆုပ်ကိုင်လိုက်ကာ မော့ကြည့်လိုက်သည်။

လင်းယွမ်လည်း သူမကို ပြန်ကြည့်လိုက်သည်။ သူတို့နှစ်ဦး အကြည့်ချင်း ဆုံရာတွင် ပြောစရာ စကားလုံးပေါင်း မြောက်မြားစွာ ရှိနေသော်လည်း နှုတ်မှ ဖွင့်ဟရန် မလိုအပ်တော့ပေ။

ဆက်ရန်...

အပိုင်း (၄၂) ကျောက်ခိုင်

အခန်းထဲတွင် လူအချို့ အစီအစဉ် အသေးစိတ်ကို တိုင်ပင်ဆွေးနွေးနေကြသည်။

ထိုအချိန်တွင် ဝရံတာဘက်မှ ဘေးခန်းရှိ ဝူချင်း၏ အော်သံ ထွက်ပေါ်လာသည်။

အဒေါ်လီ အပြေးအလွှား သွားကြည့်ပြီး မကြာမီ ပြန်ဝင်လာကာ အော်ပြောသည်။

"အစ်ကိုမာ... ရှောင်ယွမ်... ချိုင်ကြည် ပြန်ရောက်ပြီတဲ့"

လင်းယွမ်နှင့် မာကောချိုင်တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

မာကောချိုင် ထရပ်လိုက်ပြီး "သွားကြည့်ရအောင်" ဟု ပြောသည်။

လင်းယွမ်က "ကျွန်တော် တင်းယန်ကို သွားခေါ်လိုက်မယ်" ဟု ပြောကာ စာကြည့်ခန်းတံခါးကို ခေါက်လိုက်သည်။ "တံခါး မပိတ်ထားဘူး" ဟူသော အသံ ထွက်ပေါ်လာသည်။

လင်းယွမ် ဝင်သွားလိုက်ရာ တင်းယန်လက်ထဲတွင် ဒူးလေးအသစ်တစ်လက် ကိုင်ထားသည်ကို တွေ့ရသည်။ လက်ရာက ပိုမို သေသပ်ကောင်းမွန်လာသည်။

သူမ၏ ဘေးတွင် သစ်သားမြှားတိုအသစ်များလည်း ရှိနေပြီး ထိပ်တွင် သံချောင်းများ တပ်ဆင်ထားသည်။

လင်းယွမ် မြှားတစ်ချောင်းကို ယူကြည့်ပြီး ဆက်ထားသည့်နေရာ ခိုင်မခိုင် စမ်းသပ်ကာ "လက်ရာ မဆိုးဘူး" ဟု ပြောလိုက်သည်။

တင်းယန် အသံတိတ် ပြုံးလိုက်ပြီး စားပွဲဘေးမှ တူရွင်းကို ကမ်းပေးလိုက်သည်။

"ကြည့်ကြည့်ပါဦး"

လင်းယွမ် အံ့ဩသွားပြီး တူရွင်းကို လှမ်းယူကြည့်လိုက်ရာ ထိပ်ဖျားကို သွေးထားသည်ကို တွေ့ရသည်။ ပြားနေသော ထိပ်ဖျားမှာ ဓားသွားကဲ့သို့ ထက်နေသည်။

"ရှင့်ရဲ့ ကျောက်စက်က မဆိုးဘူး... အချိန်မရလို့သာပေါ့... မဟုတ်ရင် လှံသွားလို ချွန်လိုက်ရင် ပိုထိရောက်မှာ"

တင်းယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူမသည် ဓားမြှောင်တစ်လက်ကို အင်္ကျီလက်ကြားထဲ ထိုးထည့်ရင်း ပြောသည်။

"ရှင် ဒီလောက်ထိ လျှပ်စစ်မီး ရနေမယ်လို့ မထင်ထားဘူး... ကမ္ဘာပျက်ပြီးနောက်ပိုင်း ရှင့်အိမ်က အပြည့်စုံဆုံးပဲ"

လင်းယွမ်က သူမကို တစ်လှည့် လက်ထဲက တူရွင်းကို တစ်လှည့် ကြည့်ပြီး ပြန်ဖြေသည်။

"တိုက်ဆိုင်လို့ပါ... အိမ်မှာ မီးစက်တစ်လုံး ရှိနေလို့လေ... ဒါပေမဲ့ အဲဒီမီးစက်က ဆီစားများတော့ ငါလည်း ခဏခဏ မမောင်းနိုင်ဘူး"

တင်းယန် အံ့ဩသွားသည်။ "ရှင့်အိမ်မှာ မီးစက် ရှိတာလား"

သူမသည် စောစောက ကျောက်စက်တိုက်ရာတွင် ခရီးဆောင်ပါဝါစတေရှင် ဘက်ထရီအိုးကို သုံးခဲ့ရသဖြင့် လင်းယွမ်အိမ်တွင် မီးစက်ရှိမှန်း မသိခဲ့ပေ။

လင်းယွမ် ပြုံးလိုက်သော်လည်း ဘာမှ ဆက်မပြောတော့။

တင်းယန်လည်း ဆက်မမေးတော့ပေ။ မီးစက်ဆိုသည့်အရာက အလွန်တန်ဖိုးရှိသဖြင့် ကိုယ်မသိသင့်သည်ကို မစပ်စုသင့်မှန်း သူမ နားလည်သည်။

သို့သော် သူမ မနေနိုင်ဘဲ သတိပေးလိုက်သည်။

"ဓာတ်ဆီကို ချွေတာသုံးနော်... အဲ့ဒါက ပြန်မရနိုင်တဲ့လောင်စာ ဖြစ်သွားပြီ... ရေကြီးနေတဲ့အချိန်မှာ ဓာတ်ဆီထပ်ရှာဖို့ ခက်လိမ့်မယ်"

"ရှင် လူတွေကို ဓာတ်ဆီလောင်းပြီး မီးရှို့တာ ဖြုန်းတီးရာ ကျလွန်းတယ်... ယန်မေ့အိမ်မှာ အရက်ပြင်းတွေ ရှိတဲ့ပုံပဲ... အဲဒါနဲ့ရောပြီး မီးလောင်ဗုံး လုပ်လို့ရတယ်"

လင်းယွမ် အံ့ဩသွားသည်။ "မင်းက ဒါတွေပါ နားလည်တာလား"

တင်းယန် ပြုံးလိုက်သည်။ "ကျွန်မက လင်ကျန်းတက္ကသိုလ် အင်ဂျင်နီယာဌာနက တွဲဖက်ပါမောက္ခလေ... နားလည်လား မလည်လား စဉ်းစား ကြည့်ပေါ့"

လင်းယွမ် တကယ် အံ့ဩမိသွားသည်။ သူမက တက္ကသိုလ် ပါမောက္ခတစ်ဦး ဖြစ်နေလိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ချေ။ လက်မှုပညာ ဘာလို့ ဒီလောက်တော်နေသလဲ ဆိုသည်မှာ မဆန်းတော့ပေ။

သူ နောက်ပြောင်ပြီး မေးလိုက်သည်။

"တက္ကသိုလ် ပါမောက္ခ ဟုတ်လား... အဲဒီရာထူးက အဆက်အသွယ်ရှိမှ ရတာ မဟုတ်ဘူးလား... တကယ်ပဲ ကိုယ့်အရည်အချင်းနဲ့ ရထားတာလား"

တင်းယန် ပြုံးကာ ဖြေသည်။

"ပညာရေးလောကမှာ အဂတိလိုက်စားတာတွေ ရှိတာတော့ မငြင်းပါဘူး... ကျွန်မမိသားစုနဲ့ ကျောင်းမှာ အဆက်အသွယ် ရှိတာ အမှန်ပဲ... ဒါပေမဲ့ ကျွန်မရဲ့ မဟာဘွဲ့ကတော့ တကယ် စာမေးပွဲဖြေပြီး ရထားတာ"

ထို့နောက် သူမ သက်ပြင်းချကာ ဆက်ပြောသည်။

"လင်ကျန်းတက္ကသိုလ်က ဒီကနေ သိပ်မဝေးဘူး... အခုက ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းမှာ ကျောင်းသားတွေ သိပ်မရှိဘူး... ကျောင်းမှာ ကျန်ခဲ့တဲ့သူတွေ ရှိရင်တောင် မိုးစရွာကတည်းက ပြန်လွှတ်လိုက်ကြလောက်ပြီ"

"ကျောင်းမှာက အဆောက်အအုံ မြင့်မြင့်မားမား သိပ်မရှိဘူး... အခုလောက်ဆို ရေအောက် ရောက်လောက်ပြီ"

ပြောရင်းနှင့် သူမ မျက်နှာ ညှိုးငယ်သွားသည်။

လင်းယွမ် နှစ်သိမ့်စကား ပြောချင်သော်လည်း သူမက စိတ်ကို ချက်ချင်း ပြန်ထိန်းလိုက်ပြီး မေးသည်။

"အစ်ကိုချိုင် ပြန်ရောက်ပြီမလား"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "အင်း... ဝူချင်း လှမ်းခေါ်နေတယ်"

တင်းယန် ခေါင်းညိတ်လိုက်ပြီး "ကျွန်မ ရှင့်ကို တစ်ခုလောက် တောင်းဆိုချင်လို့" ဟု ပြောသည်။

"ဘာများလဲ"

"တကယ်လို့ ဒီတစ်ခါ ကျွန်မ တခုခုဖြစ်လို့ ရှင်နောက်ပိုင်း ကယ်ဆယ်ရေးအဖွဲ့နဲ့ တွေ့ခဲ့ရင်... ဟွာမေဥယျာဉ် အမှတ် (၆၆)၊ (၁၆) လွှာက တင်းကျန်တောက်တို့ ဇနီးမောင်နှံအကြောင်း စုံစမ်းပေးလို့ ရမလား"

လင်းယွမ် သူမကို ကြည့်လိုက်သည်။ "မင်းရဲ့မိဘတွေလား"

"အင်း... သူတို့မှာ သမီးဆိုလို့ ကျွန်မ တစ်ယောက်တည်း ရှိတာ... မိုးစရွာတုန်းက သူတို့ဆီ မသွားလိုက်မိတာ နောင်တရတယ်"

"ဟွာမေဥယျာဉ်က ဒီအိမ်ရာနဲ့ ဆို သိပ်မဝေးဘူး... အဲ့ဘက်က ကုန်းပိုမြင့်ပြီး နေမင်းတောင်ဘက်နဲ့ ပိုနီးတယ်"

"သူတို့က (၁၆) လွှာမှာ နေတာဆိုတော့ ရေမမြုပ်လောက်သေးဘူး"

"ကျွန်မအမေက ပစ္စည်းတွေ ဝယ်စုတတ်တော့ ဘာပြဿနာမှ မရှိရင် လဝက်လောက်တော့ စားစရာ ရှိနေဦးမှာပဲ"

"အခွင့်အရေးရရင် ရှင်သူတို့ကို သွားကြည့်ပေးပါလားဟင်"

တင်းယန်၏ အသံမှာ တိုးဝင်သွားပြီး အားငယ်စိတ်တို့ ပါဝင်နေသည်။

လင်းယွမ် သူမ၏ ဤကဲ့သို့ ပုံစံမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် တိတ်ဆိတ်သွားသည်။

ခဏကြာမှ အသက်ပြင်းပြင်း ရှူလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။

"ငါမှာက အလုပ်တွေ များတယ်... လိပ်စာလည်း မှတ်နိုင်မှာ မဟုတ်ဘူး... မင်းဘာသာ သွားကြည့်တာ ပိုကောင်းမယ်"

တင်းယန် ကြောင်သွားသည်။ လင်းယွမ်ကတော့ အခန်းပြင်သို့ ထွက်သွားလေပြီ။

သူမ ခေတ္တမျှ ငေးငိုင်နေပြီးမှ... လှပသော မျက်နှာလေးပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

..................................................................................................................

(၃၂၀၂) ခန်းမထဲသို့ လင်းယွမ်၊ မာကောချိုင်နှင့် တင်းယန်တို့ ဝင်လာသောအခါ ချိုင်ကြည်က ထိုင်ရာမှ ထကာ ပြုံးလိုက်သည်။

"လာ... လင်းယွမ်... အစ်ကိုမာ... တင်းယန်... မိတ်ဆက်ပေးမယ်... ဒါ ရှောင်ကျောက်လေ... နာမည်ကကျောက်ခိုင်တဲ့"

သူ့ဘေးတွင် ထိုင်နေသော ဆံပင်စုတ်ဖွားနှင့် အမျိုးသားတစ်ဦးကို ညွှန်ပြလိုက်သည်။

ထိုအမျိုးသားသည် စုတ်ပြဲဟောင်းနွမ်းနေသော တီရှပ်အင်္ကျီကို ဝတ်ထားပြီး လျှော်ဖွပ်ခြင်း မရှိသည်မှာ ကြာပြီဖြစ်ပုံရသည်။

ရှုပ်ထွေးနေသော ဆံပင်များက မျက်နှာတစ်ခြမ်းလုံးကို ဖုံးအုပ်ထားပြီး မျက်လုံးကိုပင် သေချာ မမြင်ရပေ။

ချိုင်ကြည် မိတ်ဆက်ပေးသောအခါ သူ တိတ်ဆိတ်စွာ ထရပ်လိုက်ပြီး အားလုံးကို ကြည့်လိုက်သည်။

ချိုင်ကြည်က ကျောက်ခိုင်ကို ပြောပြသည်။

"ဒီ ရုပ်ရည်သန့်ပြန့်တဲ့ တစ်ယောက်က လင်းယွမ်တဲ့... မင်းထက်တော့ အသက်နည်းနည်း ကြီးလောက်တယ်... အစ်ကိုယွမ်လို့ ခေါ်ပေါ့... အစ်ကိုမာကိုတော့ မင်းသိပါတယ်... ဒီက အလှလေးကတော့ တင်းယန်တဲ့"

ကျောက်ခိုင် ပါးစပ်ဟကာ ပြောလိုက်သည်။ "မင်္ဂ...လာ... ပါ"

စကားသိပ်မပြောဖြစ်သဖြင့် အသံက အက်ကွဲကာ ခြောက်ကပ်နေသည်။

လင်းယွမ် သူ့ကို အကဲခတ်ကြည့်လိုက်သည်။ ခန္ဓာကိုယ် ပိန်လှီနေပြီး အာဟာရပြတ်နေပုံ ရသည်။

ဆံပင်များ ဖုံးနေသဖြင့် မျက်နှာကို သေချာမမြင်ရ။

အစ်ကိုမာတို့ အရင်က ပြောဖူးသော ပျော်ပျော်နေတတ်သည့် လူငယ်လေးနှင့် လုံးဝ မတူတော့ပေ။

အစ်ကိုမာ သက်ပြင်းချလိုက်သည်။ "ရှောင်ကျောက်... မင်း... မင်း ဒီအတောအတွင်း အဆင်ပြေရဲ့လား"

ကျောက်ခိုင် ခေတ္တ တိတ်ဆိတ်နေပြီးနောက် ခေါင်းညိတ်ကာ "အင်း" ဟုသာ ဖြေသည်။

ထို့နောက် သူချက်ချင်း မေးလိုက်သည်။

"ခင်ဗျားတို့ လျှိုအားလုံကို သတ်ကြမလို့လား"

အစ်ကိုမာက လင်းယွမ်ကို လှမ်းကြည့်သည်။ လင်းယွမ်က တည်ငြိမ်စွာဖြင့် "ဟုတ်တယ်... မင်းပါမှာလား" ဟု မေးလိုက်သည်။

"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်"

ကျောက်ခိုင်က "ကောင်းတယ်" ဆိုသည့် စကားလုံးကို သုံးကြိမ်ဆင့်ပြောလိုက်ပြီး အလွန် စိတ်လှုပ်ရှားနေပုံရသည်။

လက်သီးကို တင်းတင်းဆုပ်ထားပြီး အက်ကွဲသော အသံဖြင့် ပြောသည်။

"ကျွန်တော် ပါမယ်... ကျွန်တော် ဘာလုပ်ပေးရမလဲ"

လင်းယွမ် သူ့အကြောင်းကို သိထားပြီး ဖြစ်သည်။ လျှိုအားလုံနှင့် ရန်ငြိုးကြီးမားသူ ဖြစ်သည်။

ထို့ကြောင့် ဤသို့သော တုံ့ပြန်မှုမှာ မဆန်းပေ။

လင်းယွမ် မေးလိုက်သည်။ "မင်းလူသတ်ရဲလား"

ကျောက်ခိုင် ဘာမှ အပိုမပြောဘဲ တန်းမေးသည်။ "လျှိုအားလုံ လူတွေလား"

"ဟုတ်တယ်"

"သတ်ရဲတာပေါ့... အိပ်မက်ထဲမှာတောင် သတ်ချင်နေတာ"

လင်းယွမ် ခေါင်းညိတ်လိုက်သည်။ "ဟုတ်ပြီ ဒါဆို ခဏနေရင် မင်း လက်စွမ်းပြရမယ်"

ကျောက်ခိုင် ကြောင်သွားပြီး ချက်ချင်း စိတ်လှုပ်ရှားစွာ မေးသည်။ "ခဏနေရင် ဟုတ်လား... ဘယ်သူ့ကို သတ်ရမှာလဲ... လျှိုအားလုံလား"

လင်းယွမ် ဘာမှမပြော။ အစ်ကိုမာက သူတို့၏ အစီအစဉ်ကို ရှင်းပြလိုက်သည်။

ချိုင်ကြည် နားထောင်ပြီးနောက် စဉ်းစားကာ ပြောလိုက်သည်။ "ဒီနည်းလမ်း မဆိုးဘူး... အောင်မြင်နိုင်ချေ များတယ်"

"လျှိုအားလုံ လူတွေက ဗိုလ်ကျနေကျဆိုတော့ သူတို့ကို ပြန်တိုက်မယ့်သူ ရှိမယ်လို့ ထင်မှာ မဟုတ်ဘူး"

"ဒီ မော်ရှောင်ချိုင် ဆိုတဲ့ကောင်က အရင်က ရပ်ကွက်လုံခြုံရေးပဲ... လျှိုအားလုံနဲ့ ပေါင်းပြီးမှ အာဏာရတဲ့ အရသာကို သိသွားပြီး ဘဝင်မြင့်နေတာ... သတိဝီရိယ သိပ်ရှိမှာ မဟုတ်ဘူး"

"ဒါပေမဲ့ တင်းယန်... မင်း တကယ် အဆင်ပြေပါ့မလား"

ချိုင်ကြည် စိုးရိမ်တကြီး တင်းယန်ကို ကြည့်လိုက်သည်။

တင်းယန် ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် ပြတ်သားမှုများ ရှိနေသည်။ "စိတ်ချပါ... ကျွန်မ ဘာလုပ်ရမလဲဆိုတာ သိပါတယ်"

"ဒါဆို ငါလည်း သဘောတူတယ်... ကျောက်ခိုင်... မင်းရော"

ကျောက်ခိုင်သည် အစီအစဉ်ကို နားထောင်ပြီးနောက် ခေါင်းမော့လာသည်။

"မော်ရှောင်ချိုင် ဆိုတာ... မျက်နှာမှာ မှဲ့ရှိတဲ့ လုံခြုံရေးကောင်လား"

"ဟုတ်တယ်... မင်း သိလို့လား" ချိုင်ကြည်က မေးသည်။

ကျောက်ခိုင် မျက်လုံးကို မှိတ်လိုက်ပြီး ရေရွတ်လိုက်သည်။

"သူ့အရိုးပြာ ဖြစ်သွားရင်တောင် ကျွန်တော် မမေ့ဘူး"

ချိုင်ကြည်၊ လင်းယွမ်နှင့် အစ်ကိုမာတို့ အချင်းချင်း ကြည့်လိုက်ကြသည်။

ဤ မော်ရှောင်ချိုင် ဆိုသူသည် ကျောက်ခိုင်၏ ချစ်သူကောင်မလေးကို ဒုက္ခပေးခဲ့သူများထဲမှ တစ်ဦး ဖြစ်ပုံရသည်။

ထို့ကြောင့် ထပ်မမေးတော့ဘဲ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ကဲ... အဆင်သင့်ပြင်ကြတော့... အဟောင်းရော အသစ်ရော ဒီနေ့ အကုန် စာရင်းရှင်းမယ်"

ကျောက်ခိုင် ထရပ်လိုက်သည်။ ဘာမှမပြောသော်လည်း ဆံပင်စုတ်ဖွားကြားမှ မျက်လုံးအစုံသည် သားရဲတစ်ကောင်ကဲ့သို့ အရောင်တောက်နေသည်။

"ကိုယ့်တာဝန်ကိုယ် ပြင်ဆင်ထားကြ... မိုးချုပ်ရင် စလှုပ်ရှားမယ်"

လင်းယွမ် ပြောလိုက်သည်နှင့် အားလုံး လူစုခွဲကာ ပြင်ဆင်ကြလေတော့သည်။

ဆက်ရန်...

All Chapters